YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Duel (2017).EP10.WEB-DL.720P.PP(CM).mp4

392.08 MB N/A video/mp4 138 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spring
6.7

ဒီဇာတ်ကားလေးကတော့ အချစ်ကားတွေ အဖြစ်မှန်လို ထိတ်လန့်စရာတွေကို ကြိုက်တတ်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ အီဗန်ဆိုတဲ့ ကောင်လေးတစ်ယောက်က ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့ အီတလီကို ခရီးနှင်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်မလေး လူးဝစ်နဲ့ တွေ့ဆုံကြတဲ့ သူတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် နယ်မြို့လေးရဲ့ အလှအပလေးတွေ ခံစားရင်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေ ဘယ်လိုဘယ်ပုံဖြစ်လာလည်းဆိုတာကြည့်ရင်းနဲ့ အီဗန်က လူးဝစ်ရဲ့ လျှို့ဝှက်ချက်ကြီးကို သိသွားတဲ့အချိန်မှာ ဘာတွေဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရမှာပဲ ဖြစ်ပါတယ် ရိုက်ချက်အလှတွေနဲ့ တမူထူးခြားတဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ဒီဇာတ်ကားလေးက ကြည့်ပြီးရင် ခေါင်းထဲမှာ စွဲကျန်နိုင်စေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် File size…1.52GB / 560.2MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ..... Horror , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw

Drama • Mystery • Thriller
6.7 2014 109 mins
Spring
End of Days
6

ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။ လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ Y က year၊ 2K က 2000။ အပြည့်အစုံပြောရရင် သက္ကရာဇ် ၂၀၀၀ ပေါ့ဗျာ။ သက္ကရာဇ် ၂၀၀၀ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ကိစ္စက ၂၀၁၂ ကမ္ဘာပျက်မယ့်ကိစ္စထက် ပိုပြီးကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့တယ်။ ပိုပြီး လက်တွေ့ဆန်တဲ့ သီအိုရီတွေရှိခဲ့တယ်။ ဇာတ်ကားအကြောင်းမပြောခင် နည်းနည်းလေပေါဦးမယ်ဗျာ။ သက္ကရာဇ် ၂၀၀၀ ဟာ သိပ္ပံနည်းကျ လက်တွေ့သဘောအရ လူသားတွေ ရင်ဆိုင်ရမယ့် ကပ်ဘေးကြီးနှစ်ခုရှိပါတယ်။ ငွေကြေးဖောင်းပွခြင်းနဲ့ ငွေကြေးတန်ဖိုးမငြိမ်ခြင်း တပြိုင်နက်တည်းဖြစ်ခဲ့တာမလို့ စီးပွားရေးလုပ်ငန်းတွေရဲ့ သင်္ချိုင်းကုန်းကြီးဖြစ်ခဲ့တာပါ။ ကုန်ပစ္စည်းသိုလှောင်ရောင်းချခြင်းနဲ့ လည်ပတ်တဲ့စီးပွားရေးက မတည်ငြိမ်တဲ့ ငွေတန်ဖိုးကြောင့် ဘာမှဆက်လုပ်လို့မရဘဲ ထိုးရပ်သွားတယ်။ နောက်တစ်ခုကတော့ ကွန်ပျူတာတွေပါပဲ။ မောင်းနှင်ထားတဲ့စနစ်က ၁၉၉၉ ခုနှစ်အထိပဲ ကွန်ပျူတာတွေက သိမှာမလို့ သက္ကရာဇ် ၂၀၀၀ အရောက်မှာ ကွန်ပျူတာတွေက ၂၀၀၀ ကိုမသိတော့ဘဲ ၁၉၀၀ ကိုပဲ ဖတ်တော့မှာမလို့ နှစ်တစ်ရာ နောက်ပြန်ရောက်သွားတဲ့အဖြစ်ပေါ့။ အဲဒီအတွက် ပြင်ဆင်နိုင်ဖို့ အသည်းအသန်ကြိုးစားကြပေမဲ့ ၁၉၉၉ နှစ်ကုန်ကာနီးအထိ ဘယ်သူမှ စနစ်သစ်ကို Launch မလုပ်နိုင်သေးလို့ ရုံးသုံးကွန်ပျူတာတွေ ရပ်ဆိုင်းမယ်လို့ သတင်းဌာနတွေကနေ တစ်မိနစ်ကို အကြိမ်တစ်ရာလောက် မြိန်ရေယှက်ရေ ပြောခဲ့ကြချိန်ပေါ့ဗျာ။ ကဲ အဲဒါကတော့ ဝိုင်တူးကေရဲ့ သိပ္ပံနည်းကျ ကမ္ဘာပျက်ခြင်းပေါ့လေ။ အခု ဇာတ်ကားအကြောင်းပြောပါတော့မယ်။ လူစီဖာ ဆိုတဲ့ ဘုရားသခင်ရဲ့ ဒုတိယသားဦး ကောင်းကင်တမန်နတ်က စေတန် ဆိုတဲ့နာမည်နဲ့ အဆိုးဘက်ကို ကူးပြောင်းသွားပြီး ငရဲပြည်မှာ ငရဲမင်းသားအဖြစ် စိုးစံနေတာကို သိကြမှာပါ။ အဲဒီနောက် ကမ္ဘာကိုဖျက်မယ့် အတွေးဆိုးတွေကြောင့် ငရဲရဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံခဲ့ရပါတယ်။ ထောင်စုနှစ်တစ်ခုရဲ့အဆုံးမှာ စေတန်ဟာ အကျဉ်းထောင်ကနေလွတ်မြောက်လာပြီး ကမ္ဘာပေါ်ကိုတက် ကမ္ဘာပျက်နေ့ ကို ယူဆောင်လာမယ်တဲ့။ သမ္မာကျမ်းစာ အခန်း ၂၀ အပိုဒ်ငယ် ၇ မှာ အတိအလင်း ပါပါတယ်။ ကဲ မခက်လားဗျာ။ ကမ္ဘာကိုက ပျက်ချင်နေတာလားမသိပါဘူးနော်။ ဒီတော့ ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးအကြိုည။ ကမ္ဘာပျက်မပျက် ငြင်းခုန်ကြတာတွေ ဘေးဖယ်ထား။ လူတွေစိတ်အဝင်စားဆုံးညမလို့ နယူးယောက်မြို့ရဲ့ ညဘက်လမ်းမတွေပေါ်မှာ ကြက်ပျံမကျ စည်ကားနေချိန်ပေါ့ဗျာ။ လူစီဖာက ကမ္ဘာပေါ်ကိုတက်လာမယ်။ ရွေးချယ်ခံမိန်းကလေးကိုရှာဖွေပြီး ကိုယ်လက်နှီးနှောရမယ်။ သူ့ရဲ့မျိုးစေ့ကို ချန်ခဲ့ရမယ်။ ငရဲတံခါးကိုဖွင့်လို့ ကမ္ဘာပျက်နေ့ကိုယူဆောင်လာရမယ်။ အဲဒီအချိန်မှာပဲ မင်းသားကြီးအာနိုး တာဝန်ယူစောင့်ရှောက်ရမယ့် လုပ်ငန်းရှင်ကိုယ်ထဲကို လူစီဖာ ဝင်ပူးသွားတယ်။ အဖြစ်တွေ ဆင့်ကဲဖြစ်လာရင်းနဲ့ ရွေးချယ်ခံမိန်းကလေးကို မင်းသားကြီးကစောင့်ရှောက်ပေးဖို့လိုအပ်တဲ့အဖြစ်ကိုရောက်လာပြီး မိန်းကလေးအနား လူစီဖာ မရောက်နိုင်ဖို့ ပြေးလွှားရှောင်တိမ်းကြရတဲ့အကြောင်းတွေပါ။ လူသားနဲ့ စေတန် နတ်ဆိုးရဲ့ တိုက်ပွဲကြီးပေါ့။ Oldie but Goodie လေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.3GB, 670MB Quality - 1080p, 720p, 480p IMDb Rating - 5.8/10 Format - mp4 Duration - 2H 2Min Genre - Action, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action
6 1999 121 mins
End of Days
The Weather Man
6.1

ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကို ပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။ တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာ ရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ် မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှ သင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။ လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကို အမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကို လက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကို အကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။ အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့ Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့ တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ) work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝက စာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲ ထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲ သူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာ သူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။ အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်း တလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊ နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာ‌တဲ့ ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့ သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာ မလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကို လူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလို သွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့် မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကို ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲ ဝေဝါးနေဦးမှာလား။ ဘဝရဲ့ပြဿနာတွေကိုရော သူဘယ်လို ဖြေရှင်းသွားမလဲဆိုတာ အတူတူကြည့်ရှုလိုက်ရအောင်ပါ။ Family Dramaပီသစွာနဲ့ လက်တွေ့ဘဝကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ Nicolas Cageရဲ့နာမည်ကျော်ရုပ်ရှင်ကား တစ်ကားဖြစ်သလို လက်တွေ့ဘဝလိုပဲ မထင်မှတ်ထားတာတွေ အလွဲအချော်တွေ အဖုအထစ်တွေရှိလာတဲ့အခါမှာ လူသားတွေ အတွက်လိုအပ်တဲ့ self-acceptance ဆိုတာကို မျက်ဝါးထင်ထင် ရိုက်ကူးပြထားတဲ့ဒရာမာကောင်းတစ်ကားဆိုတာတော့ ငြင်းမရတဲ့ အမှန်တရားပါပဲ။ life lessonက ပြောင်မြောက်သလို ပရိတ်သတ် ရင်ထဲကိုထိသွားစေမဲ့ နောက်ထပ်တစ်ခုကတော့ ဒေ့ဗ်နဲ့ ရောဘတ်တို့ရဲ့ ဖခင်မေတ္တာပါပဲ။ Comedy drama‌ ကောင်းတစ်ခုပီပီ အခွီလေးလည်းပါ Deepသွားမဲ့scene‌‌လေးတွေလည်းပါတာဖြစ်လို့ ဘဝရဲ့အဆင်မပြေမှုတွေကြားက warming vibe‌လေးကို လိုအပ်နေတဲ့ ပရိသတ်တွေအတွက် Healing ဖြစ်စေမယ့် ရုပ်ရှင်ကားအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ File size…1.66GB / 642MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Action • Adventure • Comedy • Romance
6.1 2005 101 mins
The Weather Man
Moonfall
6.4

ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။ လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don't look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။ Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ... (ဇာတ်ကားကို Jim X နဲ့ 666 တို့မှ ပြန်ဆိုပေးထားပါတယ်) Size - 2.01GB, 1GB, 600MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.3/10 Format - mp4 Duration - 2H 10Min Genre - Action, Adventure, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Jim X & 666 Encoded by Y

Drama
6.4 2022 130 mins
Moonfall
The Detective

အခုတင်ဆက်ပေးမယ့်ကားလေးကတော့ The Detective (ခေါ်) <<C+侦探>> ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်း ဒီထဲမှာတော့ တန်(မ်)လို့ခေါ်တဲ့ main cast စုံထောက်တစ်ဦးနဲ့ အစချီထားပါတယ် ငယ်ငယ်တည်းက မိဘတွေရဲ့ ထားခဲ့ခြင်းကို ခံရလို့ မိဘတွေကို လိုက်ရှာရင်း အလွတ်တမ်းစုံထောက်တစ်ယောက် ဖြစ်လာခဲ့တယ် ဇာတ်လမ်းထဲမှာ သူနဲ့သူငယ်ချင်း ဖြစ်သူ ရဲအရာရှိတစ်ဦးတို့ ရာဇဝတ်မှု လူသတ်မှုတွေကို ဖြေရှင်းသွားမှာပါ သူမိဘတွေကို ရှာဖွေနေတဲ့ကြား လူပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်ပြီး လူ၄ယောက် ဆက်တိုက်သေဆုံးမှုတွေလည်း ဖြစ်လာခဲ့တဲ့နောက်... သူတို့တွေ တစ်ချိန်ထဲနီးပါးသေတာကရော တိုက်ဆိုင်မှုလား ဒါမှမဟုတ် ဆက်စပ်မှုတွေရှိနေတာလား ဘယ်လိုစုံစမ်းပြီးဘယ်လိုဖြေရှင်းလဲဆိုတာ ရုပ်ရှင်လေးကို ဆက်ကြည့်လိုက်ရအောင်ပါ ။ File Size__(1.9GB) / (950MB) Quality__1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:49:00 Type__Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yunn Myat Noe Khaing Encoded by Naing Aung Latt

Drama • Horror
null 2007 109 mins
The Detective
Unseen
6.1

IMDb 5.6/10 ထိရရှိထားပြီးHorror & thriller အမျိုးအစားဖြစ်ပါတယ် ရည်းစားနဲ့လမ်းခွဲတဲ့အခါကိုယ့်ရည်းစားကစိတ္တဇဟုတ်မဟုတ်အရင်စစ်ဆေးကြည့်တာမမှားပါဘူး မှန်ကြောင်မလေးအမ်မလီကတော့သူ့ကိုမမေ့နိုင်တဲ့‌စိတ္တဇရည်းစားဟောင်းချာလီပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ် အမ်မလီကချာလီ့လက်ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့မျက်မှန်မရှိတော့လို့ဘာကိုမှကောင်းကောင်းမမြင်ရတော့ပါဘူး အဲဒီအချိန်မှာအမ်မလီတစ်ယောက်ဖုန်းဆက်ရင်းဘယ်သူမှန်းမသိတဲ့သူတစ်ယောက်ကိုအကူအညီလှမ်းတောင်းရပါတော့တယ် မမြင်ရတဲ့အမ်မလီနဲ့အကူအညီပေးတဲ့သူတို့ပူးပေါင်းပြီးချာလီရဲ့လက်ကလွှတ်မြောက်နိုင်မလား၊ သူတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တမမနဲ့စောင့်ကြည့်ရမှာပါ။

Action • Adventure • Science Fiction
6.1 2023 76 mins
Unseen
The Dancer
7.3

The Dancer (2011) aka Sang Penari 1960 ခုနှစ်များဝန်းကျင်က အင်ဒိုနီးရှားနိုင်ငံ၊ ကျေးလက်တောရွာလေးက ရိုးရာကချေသည်တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီးတော့ IMDb 7.3 ရထားတဲ့ ကားလေးပါ။ Nomination 7 ခုနဲ့ ဆု 4 ဆု ရထားတဲ့ ဇာတ်ကားပါ။ ကချေသည်တစ်ယောက်ရဲ့ စွန့်လွှတ်ရပုံ၊ ကျေးလက်ဓလေ့ထုံးတမ်းတွေ၊ ပညာမတတ်၊ စာမဖတ်တတ်တဲ့ ရွာသားတွေရဲ့ မသိနားမလည်ပုံတွေ၊ ရွာသားတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူတတ်တဲ့သူတွေ အကြောင်းကို လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Srintil နဲ့ Rasus က Dukuh Paruk ဆိုတဲ့ရွာလေးမှာ အတူတူကြီးပြင်းလာကြတဲ့ ငယ်ပေါင်းကြီးဖော် ချစ်သူတွေပါ။ Srintil ရဲ့ အဖေရောင်းတဲ့ ပြောင်းဖူးခေါပုတ်ကို စားမိလို့ ရွာကလူတွေနဲ့ ရွာကတန်ဖိုးထားရတဲ့ ကချေသည် သေဆုံးသွားတဲ့အတွက် Srintil ဟာ သူ့မိသားစုအတွက် ပြန်ပေးဆပ်ဖို့ ကချေသည်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ Rasus ကတော့ Sritil ကချေသည်လုပ်တာကို သဘောမတူပါဘူး။ သူ့ချစ်သူ အဲလိုဖြစ်သွားလို့ စိတ်နာပြီး စစ်ထဲဝင်သွားတဲ့အချိန်မှာ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 465MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. August

Comedy • Horror • Science Fiction
7.3 2011 112 mins
The Dancer
Painted Skin: Love is Destroyed
5.8

ဒီဇာတ်ကား‌လေးကတော့ တရုတ် ဒဏ္ဍာရီထဲက ရှေးခေတ်မြေခွေးတွေ နဂါးတွေနဲ့အတူ ခွင်းလွင်တောင်က အမတနတ်မျိုးနွယ်တွေပါဝင်ပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ခန့်က မိစ္ဆာဘုရင်မ‌ရဲ့သောင်းကျန်းမှုကြောင့်သက်ရှိတွေ ထိခိုက်အနာတရတွေအများကြီးဖြစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ အဲဒီမိစ္ဆာဘုရင်မကို ဖိနှိပ်ဖို့အတွက် အရှေ့ပင်လယ်နဂါးမျိုးနွယ်စုနဲ့ခွင်းလွင်တောင်ရဲ့ အမတနတ်မျိုးနွယ်တွေပူးပေါင်းပြီး နှိမ်နင်းရတော့တာပေါ့ ။ အဲဒီအချိန်မှာ မိစ္ဆာဘုရင်မရဲ့နတ်ဆိုးဝိညာဉ်ကို နဂါးမျိုးနွယ်စုရဲ့ တတိယမင်းသမီးရဲ့ကိုယ်ထဲမှာ ချိတ်ပိတ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ အဲဒီနတ်ဆိုးဝိညာဉ်ဟာ ပြန်ပြီးတွန်းကန်လာခဲ့ပါတယ် ။ အဲဒါကိုသိတဲ့ ခွင်းလွင်တောင်ကသခင်လေးက သူ့ကိုယ်သူစတေးပြီး တတိယမင်းသမီးလေးကိုကယ်တင်ခဲ့ပါတယ် ။ အဲဒီလိုနဲ့သူလည်းသေဆုံးသွားပြီးလူ့လောကမှာလူဝင်စားသွားဖြစ်ချိန်မှာတော့… နဂါးမင်းသမီးလေးကလည်း သူ့ကိုလိုက်ရှာ ၊ နောက် နဂါးမင်းသမီးမှာရှိနေတဲ့ ချစ်ရွှမ်းဝိညာဉ်သစ်ရွက်ကိုလည်းလိုက်ရှာနေ‌တဲ့ မိစ္ဆာအုပ်စုတွေကလည်းရှိသေးပြန် ။ ဒီလိုနဲ့သူတို့၂ယောက် အဲဒီမိစ္ဆာတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ ? မိစ္ဆာဘုရင်မကရောပြန်ပေါ်လာမှာလား ? ပေါ်လာရင်ဘယ်လို ဂြိုလ်မွှေအုံးမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစောင့်ကြည့်ပေးကြပါဦး

5.8 2024
Painted Skin: Love is Destroyed
Hard Miles
6.4

၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Hard Miles ရုပ်ရှင်ဟာ စိတ်ဓာတ်ခွန်အားပေး အားကစားဒရမ်မာဖြစ်ပါတယ်။ ကော်လိုရာဒိုက ပြန်လည်ပြုပြင်ရေးလူငယ်သင်တန်းကျောင်းရဲ့ စက်ဘီးအဖွဲ့တစ်ဖွဲ့ဟာ ဂရန်းကန်ညွန်အထိ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ခရီးတစ်ခုကို နည်းပြဂရက်ဂ်တောင်းဆန့်ရဲ့ဦးဆောင်မှုနဲ့ ရောက်အောင်သွားနိုင်ခဲ့ပုံကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပေမယ့် လူငယ်တွေရဲ့အားမာန်၊ စိတ်ဓာတ်လှုံ့ဆော်ပေးတဲ့ဒိုင်ယာလော့တွေ၊ လူဆိုးလေးတွေကို လမ်းမှန်ပြပေးခဲ့တဲ့နည်းပြရဲ့သင်ပြပုံတွေကြောင့် ဝေဖန်သူတွေဆီက Review ကောင်းတွေအများကြီးရထားတာဖြစ်ပါတယ်။ ဂရန်းကန်ညွန်ကိုစက်ဘီးနင်းသွားရမယ့် ၇၆၂ မိုင်ခရီးဟာ ဆယ်ကျော်သက်လူငယ်လေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာစမ်းသပ်မှုတစ်ခု ဖြစ်သလို ဂရက်ဂ်ရဲ့အဆုံးစွန်အထိတွန်းအားပေးမှုတွေက လူငယ်လေးတွေကို ဘဝမှာဘာအခက်အခဲကိုမှမကြောက်ရွံ့ တော့အောင် သင်ကြားပေးနိုင်ခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ File size… 1.72GB / 809MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 48m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.4 2023
Hard Miles
The Assassin Next Door Kirot
5.7

The Assassin Next Door (2009) The Assassin Next Doorဟာ အစ္စရေးလ်ထုတ် အက်ရှင်ကားပါ။ သူတို့အစ္စရေးလ်အနေနဲ့ဆိုရင်တော့ ဒီအက်ရှင်ကားက ကြည့်ကောင်းတဲ့ထဲ ကောင်းတဲ့ထဲပါတယ်ပြောရမယ်။ အစ္စရေးလ်က ဝေဖန်ရေးသမားတွေတော့ ချီးကျူးကြတယ်။ ကမ္ဘာ့ရုပ်ရှင်နဲ့ပြန်ကြည့်ရင်တော့ Heroic Bloodshed ဆန်ဆန် ဒီကားက Heroic Bloddshedကားတွေရဲ့ တန်းကို မှီဖို့ တော်တော်လိုနေသေးတာမို့ Ratingတော့ မကောင်းရှာဘူး။ ဒါပေမဲ့ အမျိုးသမီးဇာတ်ဆောင်တွေကို အဓိကထားပြီး ဒီလိုကားရိုက်ပြထားတာတော့ သိပ်တော့မများလှတော့ အမျိုးသမီးကြေးစားလူသတ်သမားရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားပါပဲ။ သတ်ခန်းဖြတ်ခန်းတွေက သိပ်တော့လည်းမညံ့လှပါဘူး။ ဇာတ်ကတော့ သူ့နာမည်အတိုင်း Leonနဲ့တောင်ခပ်ဆင်ဆင်လို့ပြောရမယ်။ ယောကျာ်းအနိုင်ကျင့်တာခံနေရတဲ့မိန်းမရယ် သူ့အိမ်ဘေးနားက ကြေးစားလူသတ်သမားမရယ် ပေါင်းမိပြီး သံယောဇဉ်တွယ်ရာက ကြေးစားလူသတ်သမားမက သူ့အိမ်နီးချင်းမိန်းမကို အစစအရာရာကူညီပေးမိရင်း သူပါ အန္တရာယ်တွင်းထဲကျသွားတဲ့ ဇာတ်ပါပဲ။ Leonကို Female versionပြောင်းပြီး Pedoဆန်ဆန်အစား Glဆန်ဆန်ပြောင်းလိုက်သလိုလိုပါပဲ ။ အက်ရှင်ပရိသတ်တွေတော့ ကြိုက်ကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.2 GB) / (940 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Thriller Duration….01:48:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

Drama
5.7 2009 102 mins
The Assassin Next Door Kirot
You Are Not Me
7

မိဘအိမ်နဲ့ဝေးရာကိုသွားပြီး အိမ်ပြန်လာတဲ့အချိန်မှာ ကိုယ့်ကိုမကြည်ဖြူတော့ဘဲ ကိုယ့်နေရာမှာလည်း တခြား သူစိမ်းတစ်ယောက်ကိုအစားထိုးထားပြီဆိုရင် ဘယ်လို ခံစားရမလဲလို့စဉ်းစားကြည့်လိုက်ပါ။ ဒါမျိုးကမရှိတာတော့မဟုတ်ပေမဲ့ ထူးထူးခြားခြားဖြစ်တဲ့ အတွက် ဒီအိုင်ဒီယာကိုယူပြီး ဇာတ်ကားတစ်ကားအဖြစ် ဖန်တီးလိုက်တဲ့အခါမှာတော့ အခုတင်ဆက်ပေးမဲ့သည်းထိပ် ရင်ဖိုဇာတ်ကားလေးထွက်လာပါတော့တယ်။ နာမည်ကိုတော့ You Are Not Me(နင်က ငါမဟုတ်ဘူး)လို့ ပေးထားပြီး လက်ရှိ IMDb Rating 7.0 အထိရရှိထားတဲ့ အတွက် သည်းထိပ်ရင်ဖိုပရိသတ်တွေအတွက် ကြည့်လို့ ကောင်းမယ်ဆိုတာကတော့ အသေအချာပါပဲ။ အိုက်တာနာဆိုတဲ့အမျိုးသမီးတစ်ယောက်က သူ့ရဲ့လိင်တူ ချစ်သူဂါဘီနဲ့ သူတို့ရဲ့မွေးစားသားလေး ဂျိုးတို့နဲ့အတူ ခရစ္စမတ် အကြိုနေ့ညမှာ မိဘတွေရှိရာအိမ်ကို ကြိုအသိမပေးဘဲ စပရိုက်စ်ပြန်လာခဲ့ပါတော့တယ်။အိုက်တာနာစိတ်ထဲမှာတော့ မိဘတွေပျော်သွားမယ်လို့ထင်ခဲ့ပေမဲ့ သူတို့ကိုတွေ့လိုက်တဲ့ အခါမှာ မိဘတွေကမျက်စိပျက်မျက်နှာပျက်တွေဖြစ်နေခဲ့ ကြပါတော့တယ်။ဒါနဲ့တင်မပြီးသေးဘဲ သူ့အခန်းထဲမှာလည်း သူစိမ်းအမျိုးသမီးတစ်ယောက်ဝင်အိပ်နေလို့ လန့်တောင်လန့် ခဲ့ရပါသေးတယ်။အဲ့ဒီအမျိုးသမီးကတော့ နာဒီယာဖြစ်ပြီး သူ့မိဘတွေကသနားလို့မွေးစားထားတဲ့ လမ်းဘေးကကောင်မလေး ပဲဖြစ်ပါတယ်။ဒါပေမယ့် သူ့မိဘတွေက သူ့ထက်နာဒီယာကိုပဲ အရေးပေး ဂရုစိုက်နေပြီး သူ့ကိုတော့ရှိလေတယ်လို့တောင်မထင်တဲ့ အတွက် အိုက်တာနာတစ်ယောက် ဒေါသလည်းဖြစ် ရှုပ်လည်း ရှုပ်ထွေးရင်းနဲ့ သူ့အိမ်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က တကယ့်အကြောင်းအရင်းကိုစုံစမ်းတဲ့အခါမှာတော့ ဘယ်လို ထိတ်လန့်စရာတွေကိုသိလာရမယ်ဆိုတာကို ရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (669 MB) / (406 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre …. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Action • Thriller
7 2024 98 mins
You Are Not Me
Orange
6.8

Orange (2015) *************** IMDb….. 6.8 Japan Movieချစ်ပရိသတ်တို့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအကြာက ထွက်ရှိခဲ့တဲ့ ဂျပန်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ Alice in Borderlands ထဲက မင်းသားချော Yamazaki Kento၊ မင်းသမီး Tsuchiya Tao နဲ့ အတူ တခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ တစ်ချိန်က နာမည်ကြီး teen friendship romance ဇာတ်လမ်းကောင်းလေးဆိုတော့ တစ်ချိန်က ငယ်ဘဝကို ပြန်လည်အမှတ်ရရင်း ရှုစားလိုက်ကြရအောင်ပါ။ နာဟိုဆိုတဲ့ကောင်မလေးဟာ သိပ်ကိုစကားနည်းပြီး သူ့ရဲ့သူငယ်ချင်းအနည်းစုကလွဲရင် စကားပြောလေ့မရှိတဲ့ ကြောက်တတ်တဲ့ introvert ကောင်မလေးပေါ့။ ဒီလိုနဲ့ 16 နှစ်ပြည့်တဲ့ နွေရာသီတစ်မနက်မှာ နာဟိုဆီကို ထူးဆန်းတဲ့စာတစ်စောင်ရောက်လာပါတယ်။ လိပ်စာကတော့ သူ့ဆီကို လိပ်မူထားတာပေမဲ့ ပို့လိုက်တဲ့ နာမည်ကလည်း ထူးဆန်းစွာနဲ့ပဲ နာဟိုဖြစ်နေပါသတဲ့။ စာရေးထားသူကတော့ နောင်အနာဂတ် 10 နှစ်က နာဟိုကိုယ်တိုင်ပဲဖြစ်ပြီးတော့ လွန်ခဲ့တဲ့ 10 နှစ်က သူ့ရဲ့နောင်တတွေကို မဖြစ်လာရအောင်ကူညီပေးဖို့ပြောထားတာပါ။ ဒီစာကို နာဟိုတစ်ယောက် မယုံမကြည်ဖြစ်နေပေမဲ့ စာထဲမှာ ပြောထားတဲ့အတိုင်းပဲ ကာခဲရုဆိုတဲ့ ကျောင်းသားလေးက သူတို့အတန်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာကစလို့ ကာခဲရုဆိုတဲ့ကောင်လေးကို သူချစ်မိသွားတာအထိ အရာအားလုံး စာထဲကလို တစ်ခုပြီးတစ်ခုဖြစ်လာချိန်မှာတော့… နာဟိုတစ်ယောက် စာထဲမှာပြောထားတဲ့နောင်တအားလုံးကို ပြင်ဆင်နိုင်မှာလား… သူတို့အားလုံးနောက်ဆယ်နှစ်ကြာတဲ့အချိန်ထိသယ်ပိုးထားရတဲ့နောင်တတွေဆိုတာ ဘာတွေဖြစ်မလဲ.. အနာဂတ်ဆယ်နှစ်ကနာဟိုနဲ့ ကာခဲရုတို့ရဲ့ မဆုံဆည်းဖြစ်ခဲ့တဲ့ချစ်ဇာတ်လမ်းကို အကောင်ထည်ဖော်နိုင်မှာလားဆိုတာ အတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Mary ပဲ ဖြစ်ပါတယ်။) File Size : 2.35GB/ 1.07GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:19:25 Genre : Psychological, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Tiff

Documentary
6.8 2015 139 mins
Orange
A Little Family Drama
7.1

A Little Family Drama (2024) IMDb Rating (7.1) 2024 ခုနှစ်ထွက်တဲ့ အမေရိကန် ဟာသ-ဒရာမာ ရုပ်ရှင်ဖြစ်ပြီး၊ မက္ကဆီကန်-အမေရိကန် မိသားစုတစ်စုရဲ့ ဘဝကို အခြေခံထားပါတယ်။ ဇာတ်လမ်းမှာ Sepulveda မိသားစုဟာ သူတို့ရဲ့ နာမည်ကြီးစားသောက်ဆိုင်ကို စောင့်ရှောက်နေကြပြီး၊ နှစ်စဉ်ကျင်းပတဲ့ မိသားစုပြန်လည်ဆုံဆည်းပွဲအတွက် ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့်၊ သားဖြစ်သူ မာတီးရက်ရဲ့ တလွဲလုပ်ချက်တွေကြောင့် မိသားစုအတွင်းမှာ အငြင်းအခုန်တွေ၊ စိတ်ညစ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဇာတ်လမ်းအကျဉ်း Taco မုန့်ကားအသစ်အဆန်းကြီးကို ကြော်ငြာခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ပျက်သွားစေလောက်အောင်ထိ မအောင်မြင်ခဲ့တဲ့ မာတီးရက် တစ်ယောက် အမေ မသိအောင် အဖွားနဲ့တိုင်ပင်ကာ မိသားစု စားသောက်ဆိုင်ကို ဘဏ်မှာအပေါင်ခံထားတာကြောင့် ဆုံးလုနီးနီးဖြစ်နေပါတယ်။ အဲ့နောက်မှာ မိသားစုညစာစားပွဲကလဲ နီးကပ်နေပြီမို့ အားလုံးလဲပြာယာခက်နေတဲ့ကြားက မတီးရက်တစ်ယောက် အဲ့အကြောင်းကို ဘယ်လိုများဖုံးကွယ်ထားမလဲ? မတီးရက်တစ်ယောက် အခုလက်ရှိဖြစ်နေတဲ့ ပြဿနာကို​ဘယ်လိုပြန်လည်ဖြေရှင်းမလဲဆိုတာနဲ့ မိသားစုအတွင်းမှာဖြစ်လာတဲ့ ငြင်းခုန်မှု၊ စိတ်ပူပန်မှုတွေကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ ကြည့်ရှုရမည့် ဟာသကားလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ဖြစ်ပါတယ်။) File size… (1.4 GB) / (630 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Drama Duration…. 01:30:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by KarmT

Adventure • Romance
7.1 2024 88 mins
A Little Family Drama
The Dream of the Red Chamber
5

CM ချစ်သူတို့ကို ပေါက်စီမြေမှာ ဘလိန်းတစ်သိန်းနဲ့ ပွဲဖြစ်ခဲ့တဲ့ Dream of the Red Chamber ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတော့တယ်… ဇာတ်ကားလေးကတော့ ဗားရှင်းမျိုးစုံနဲ့ကို ထွက်နေတဲ့ 红楼梦 ဆိုတဲ့ ဇာတ်ကားဖြစ်နေလို့ပါပဲ… ဒီကားလေးကလေ ၁၉၈၇ ခုနှစ် စီးရီးဗားရှင်းအပြီးမှာတော့ … ၂၀၁၀ ခုနှစ် yang yang တို့ရိုက်တဲ့ ဗားရှင်းမှာလည်း များစွာ အပြစ်ပြောခံရပြီး… အခု ၂၀၂၄ ရုပ်ရှင်မှာ… သရုပ်ဆောင်တွေရဲ့ ရူပါ၊ သရုပ်ဆောင်မှု၊ ကာရိုက်တာပေါ် သိနားလည်မှုတွေအပြင် ဒါရိုက်တာကြီးရဲ့ ဇာတ်ညွှန်းပြောင်းလဲမှုတွေ ပြောဆိုနေကြပြန်တယ်… ဇာတ်လမ်းအကျဉ်းလေးကတော့…. လင်သိုက်ယွီဆိုတဲ့ မွေးရာပါ ကိုယ်ခံအားနည်းသူ၊ ကံဆိုးသူလေးက သူ့မိဘနှစ်ပါး ဆုံးပါးသွားချိန်မှာတော့ အားကိုးမဲ့စွာနဲ့ ကျာမိသားစုစံအိမ်ကြီးကိုရောက်လာတာပေါ့… 红楼梦ဖတ်ဖူးသူတိုင်း သိပါတယ်… လင်သိုက်ယွီက ကျာပေါင်ယွီကို မျက်ရည်တွေပြန်လာဆပ်ရသူပါ… ဒီဗားရှင်းမှာလဲ မိုးပေါ်ကကျလာတဲ့ လင်ညီမလေး ဆိုပြီး ပေါင်ယွီဟာ အတိတ်ကံကြောင့်လား နတ်ဖူးစာလားတော့မသိ လင်ညီမလေးကို အချစ်ပို မေတ္တာလျှံကာ အလေးပေးနေခဲ့သလို… လင်ညီမလေးကလည်း ပေါင်ကိုကိုအပေါ် အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုသလို သဝန်တိုအူတိုတာလေးတွေကို မြင်တွေ့ရမှာပါ… တစ်ဖက်မှာလည်း ပေါင်ယွီရဲ့ နတ်ရေးတဲ့ဖူးစာရှင် ပေါင်ချိုင်လည်း ပေါ်လာပြန်တယ်… ဗားရှင်းအားလုံးနဲ့ အတူတူနီးပါးမလို့ ထူးထူးထွေထွေမပြောတော့ဘူး… ဒီကားလေးမှာ ထူးခြားတာကတော့ ဒီစံအိမ်ကြီးထဲက အရှုပ်တော်ပုံတွေပါပဲ… လူမှုရေးပတ်သက်ပုံတွေနဲ့ ငွေကြေးရှုပ်ထွေးမှုတွေကြားမှာ ပေါင်ယွီနဲ့ လင်သိုက်ယွီတို့ရဲ့ အချစ်ခရီးလေး ဘယ်လိုတွေ ကြမ်းတမ်းရတယ်ဆိုတာကို ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်

Drama • Romance
5 2024
The Dream of the Red Chamber