YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Young.Sheldon.S03E21.A.Secret.Letter.and.a.Lowly.Disc.of.Processed.Meat.720p.(CM).mp4

199.59 MB N/A video/mp4 1380 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
TÁR
7.2

ဒီဇာတ်ကားနာမည်က "Tar" "တာ" လစ်ဒီရာတာ လစ်ဒီရာက ဂီတလောကရဲ့အကျော်အမော်တစ်ယောက် ဘာလင်သံစုံတူရိယာဝိုင်းရဲ့ ဂီတမှူးတစ်ယောက်၊ သူ့ကိုလူတွေက"လစ်ဒီရာ" ဒါမှမဟုတ်"တာ" ဆိုတာထက် သူ့ရဲ့ဂုဏ်ပုဒ် "ပါရဂူဂီတမှူး" လို့လေးစားသမှုနဲ့ခေါ်ဆိုကြသူ။ဇာတ်လမ်းအဖွင့်မှာပဲ လစ်ဒီရာတာဖြေပေးတဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အောင်မြင်မှုပေါင်းများစွာအပြင် ကိုယ်ရေးကိုယ်တာရောဂီတပိုင်းဆိုင်ရာရော ထူးချွန်ထက်မြက်မှုတွေကို ငြင်းမရအောင်မြင်ရဦးမှာပါ။ လစ်ဒီရာတာက တစ်ရက်တော့ဂျူလီယာ့ဒ်မှာ ဂီတလက်ချာတစ်ခုပေးခဲ့တယ်။ အဲဒီမှာကျောင်းသားတစ်ယောက်ကို ဘာ့ခ်ရဲ့တေးသွားတွေကိုကြိုက်နှစ်သက်လားမေးတော့ ကျောင်းသားကဘာ့ခ်ကို သူ့ကိုယ်ရေးကိုယ်တာပိုင်းကိုသဘောမကျတာကြောင့် သူ့ဂီတကိုလဲခံစားလို့မရပါဘူးတဲ့။ လစ်ဒီရာကဒီကျောင်းသားကို ဂီတကိုကောင်းမကောင်းစံသတ်မှတ်ချက်မှာ ဂီတဖန်တီးသူရဲ့ဘဝဖြစ်တည်မှု အကောင်းအဆိုးအမှားအပြစ်တွေနဲ့မဝေဖနဘဲ ဂီတအဖြစ်သာခံစားဖို့တိုက်တွန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ လစ်ဒီရာ့အယူအဆက ပိုသင့်လျော်တယ်ထင်ရပေမယ့် ဘယ်အတိုင်းအတာထိလဲ။ ကိုယ်သဘောကျတဲ့ဂီတပညာရှင်တစ်ယောက်က အကျင့်စာရိတ္တတွေသိပ်ပျက်ပြားလွန်းနေရင်ရော ဒါမှမဟုတ်ခွင့်လွှတ်လို့မရနိုင်တဲ့အပြစ်ကိုကျူးလွန်လာရင်ရော ဒီခေတ်မှာသိပ်အားကောင်းတဲ့အရွေ့ဖြစ်တဲ့ Cancel Culture ဝင်လာသင့်လား။ ဒီဇာတ်လမ်းမှာ လစ်ဒီရာတာရဲ့ ပါရမီထူးချွန်မှုတွေနောက်ကို ကိုယ်ကျင့်တရားကအမှီမလိုက်နိုင်တော့တဲ့တစ်ချိန်မှာ သူ့ရဲ့ရုန်းကန်ရမှုတွေကို မှားတယ်မှန်တယ်ဝေဖန်မှုမရှိပဲ အလွှာလွှာအထပ်ထပ်နဲ့ သိမ်မွေ့အားကောင်းစွာပဲဖော်ပြထားလို့ ကိုယ်တိုင်သာကြည့်ပြီးအဖြေရှာရမယ့်ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ လစ်ဒီရာတာကိုအသက်သွင်းထားတဲ့ မင်းသမီး Kate Blanchett ရဲ့ အော်စကာတန်းဝင်လို့ပြောနေကြတဲ့ သရုပ်ဆောင်မှုတွေကြောင့်လဲ "Tar" က လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Drama, Music Quality…. 1080p | 720p | 480p File size… 1.3GB | 732MB | 395MB Format… mp4 Duration…. 2h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Comedy • Romance
7.2 2022 158 mins
TÁR
The Quiet
6.1

--- စံလွဲသူနှစ်ယောက် --- ကိလေသာထောင်ချောက်ရဲ့ အဆွဲဆောင်နိုင်ဆုံး အထိအတွေ့များ၊ တီးတိုးညည်းညူသံ၊ ဖိုလှိုက်တဲ့အသက်ရှုသံများနဲ့ အိပ်ယာပေါ်က ချစ်တလင်းမှာ ဗျူဟာကျင်းလို့ စေတန်နတ်ဆိုးရဲ့ ပန်းသီး (ချဉ်စော်ကားသီး) ကို စားသုံးနေကြလေရဲ့။ ရှူထုတ်လေရဲ့ လေနုငွေ့ငွေ့တိုးခတ်မှုကို အပြန်အလှန်ထိခတ်ရင်း လေပေါ်မှာလွင့်နေသလိုခံစားရရှာတဲ့ လိင်မတူ ချစ်သူနှစ်ဦး။ ရိုးတွင်းခြင်ဆီထဲအထိ တိုးဝင်လာတတ်တဲ့ တဖျင်းဖျင်း ကြက်သီးထဖွယ် အရသာများကို ဆား‌ငံရေလို တစွတ်စွတ်သောက်၊ မောလေ သောက်လေ ငတ်မပြေနိုင်။ သဘဝတရားရဲ့ ရုန်းမထွက်နိုင်တဲ့ ထောင်ချောက်ထဲကို သက်ဆင်း ဝပ်တွားခယရတဲ့ ဟောဒီလူသားနှစ်ယောက်က လောကကြီးကိုမေ့နေပါလေရော။ သူတို့ဟာ လောကကြီးကို မေ့လျှော့နေသလိုပဲ သူတို့ဟာ သွေးရင်းသားရင်း သားအဖ တော်စပ်ပါတယ်ဆိုတာကိုပါ သတိမရ အနက်ဆုံး အမှောင်ဆုံးတွင်းကို အထိန်းမပါဘဲ သက်ဆင်းနေကြပြီ။ ဟုတ်ပါတယ်လေ။ သမီးနဲ့ ဖခင် သွေးရင်းခေါက်ခေါက်ကြီးတွေပါ။ သူတို့ဟာ သားအဖအဖြစ်ကသွေဖည်လို့ လင်မယားဘဝကို အသက်သွင်း၊ ငရဲတွင်းကို ဆင်းချင်တိုင်းဆင်းနေလေရဲ့။ --- ကိုယ်ပျောက်မိန်းကလေး --- လူအဖြစ်မွေးဖွားလာပေမဲ့ လူ့အဖြစ်ကို မတမ်းတတဲ့ မိန်းကလေး။ လူအများကြားမှာ ကိုယ်ပျောက်နေချင်တဲ့ မိန်းကလေး။ သူတကာ သတိမထားမိစေချင်လို့ နှစ်ပေါင်းများစွာ သည်းညည်းခံ၊ မုသားတစ်ထွာကို ခြုံလွှာလို မချွတ်တမ်း သူဝတ်ခဲ့တယ်။ သူဟာ အရာရာကို ဉပေက္ခာပြုသူ၊ ရင်ထဲကို အမှိုက်သရိုက် အဝင်မခံသူ၊ လောကဓံအထုအထောင်းကို သူ့နည်းသူဟန်နဲ့ ဆန္ဒပြ ဆန့်ကျင်သူ။ ပင်လယ်သမုဒ္ဒယာထဲမှာ ရေတစ်စက်အဖြစ် ပျော်ဝင်ပျောက်ကွယ်ခဲ့သူ။ သူဟာ ဆယ်ကျော်သက် မိန်းမငယ်လေးတစ်ယောက်ပါပဲ။ --- The Quiet (2005) --- ဒီဇာတ်လမ်းဟာ အမေရိကန်ရုပ်ရှင် ဝေဖန်ရေးလောကမှာ တစ်ခေတ်ထစေခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ လောကကြီးရဲ့ ကမောက်ကမတွေကို သရော်တဲ့ ရုပ်ရှင်ဆိုပေမဲ့ တင်ပြပုံက သိပ်ကို တည်တံ့လွန်းတဲ့အခါမှာ လွန်ကျူးတဲ့၊ ကြည့်ရှုခံစားဖို့ခက်ခဲတဲ့၊ ပျက်ဆီးနေတဲ့ ရုပ်ရှင်အဖြစ် ဝေဖန်ရေးဆရာအားလုံးက တခဲနက် ဝေဖန်တာကိုခံရပါတယ်။ IMDb 6.2 ရရှိထားပြီး ဝေဖန်ရေး Rotten Tomato မှာတော့ 21% ပဲရခဲ့တာပါ။ ကျွန်တော့်အနေနဲ့ 21% က များနေသေးတယ်တောင်ထင်မိပါတယ်။ ဝေဖန်ရေးအနေနဲ့တော့ ဇာတ်ကားဟာ ဦးတည်ရာကို ရောက်အောင်သွားတဲ့လမ်းက မှားယွင်းတယ် မြင်မိတယ်ဗျ။ ဒါပေမဲ့ မတူကွဲပြားတဲ့ဇာတ်ကားဖြစ်လို့ လူကြီးမင်းတို့အနေနဲ့ မြည်းစမ်းထိုက်တဲ့ ရုပ်ရှင်တစ်ကားပါ။ ကျွန်တော်အကြိုက်နှစ်သက်ဆုံး ဇာတ်ကားတွေထဲမှာ ပါတယ်ဆိုတာ ပြောပါရစေ။ သရုပ်ဆောင်တဲ့နေရာမှာ အားလုံးက ကိုယ်တိုင်ဖြစ်နေသလို အံဝင်ခွင်ကျ စီးမျောတဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ပါ။ ဇာတ်ကွက် ဘာမှမရှိတဲ့ရုပ်ရှင်ကို အဆုံးထိဆွဲဆောင်နိုင်ပုံက မှော်ပညာတစ်ရပ်လိုပါပဲ။ ဇာတ်လမ်းကိုတော့ မိဘနှစ်ပါးလုံး ဆုံးပါးသွားပြီး ဆေးပညာအရ အငုံ့စိတ်ရိုက်ခတ်မှုနဲ့ ဆွံ့အနားမကြားဖြစ်သွားရတဲ့ မိန်းကလေးတစ်ယောက်ကို လူချမ်းသာမိသားစုတစ်ခုက မွေးစားလိုက်တာကနေ စပါတယ်။ သူတို့မိသားစုမှာ ကောင်မလေးနဲ့ သက်တူရွယ်တူ သမီးတစ်ယောက်လည်း ရှိပါတယ်။ အထက်တန်းကျောင်းသူလေးတွေပေါ့။ မိဘချင်းကလည်း ရင်းနီး၊ ငယ်စဉ်ကလည်း သူငယ်ချင်းတွေဖြစ်ခဲ့ဖူးတဲ့သူတွေဆိုပေမဲ့ အစေးတော့ သိပ်မကပ်ကြပါဘူး။ ဒါပေမဲ့ အိမ်ရှင်ရဲ့သမီးငယ်ဟာ သူ့အဖေနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိသူပါ။ လိုချင်တဲ့အရာကို ဖခင်နဲ့အတူအိပ်ပြီး ရအောင်တောင်းဆိုတတ်တဲ့ မိန်းမဆိုးလေးပေါ့။ ဒါပေမဲ့ တဖက်မှာ ဖခင်နဲ့ လိင်ဆက်ဆံရေးကို သွေးသားတက်ကြွမှုနဲ့ သဘောကျနှစ်သက်ပေမဲ့ တဖက်မှာလည်း မသင့်မှန်းသိပြီး အခွင့်အရေးယူတဲ့ ဖခင်ကို မုန်းတီးနေသူပါ။ မိခင်ကလည်း မအောင်မြင်တဲ့ အိမ်တွင်းအလှဆင်ပညာရှင်၊ အရက်စွဲ ဆေးစွဲနဲ့ သူတို့မိသားစုထဲမှာ နေရာမရတဲ့ အပယ်ခံတစ်ယောက်ပေါ့။ သူ့သမီးနဲ့ သူ့ခင်ပွန်း ဖြစ်ချင်တိုင်းဖြစ်နေတာတွေကို သူသိသလား၊ မသိဘူးလားဆိုတာကတော့ ပရိသတ်များ စဉ်းစားဖို့ ဒါရိုက်တာက လက်ဆောင်ထည့်ပေးထားပါတယ်။ အဲဒီနောက် သူတို့မိသားစုထဲကို ဆွံ့အ နားမကြားမိန်းကလေးရောက်လာအပြီးမှာ လျှို့ဝှက်ချက်တွေ ဗူးပေါ်သလိုပေါ်ကုန်ရင်းနဲ့ အဖြစ်ဆိုးကြီးတွေ ပေါ်ပေါက်လာချိန်မှာတော့ ...။ ဒီထဲက မင်းသမီး Elisha Cuthbert ကိုတော့ The Girl Next Door ဇာတ်ကားနဲ့မှတ်မိနေမှာဖြစ်ပြီး နောက်မင်းသမီး Camilla Belle ကိုတော့ စိတ္တဇဆန်တဲ့ဇာတ်ရုပ်နဲ့မြင်ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/(600 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.1 2005 96 mins
The Quiet
Invisible Tattoo
1

Invisible.Tattoo.2022 လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... နိုင်ငံရေးတွေအကြား အသုံးချခံခဲ့ရတဲ့ တက်တူးထိုးဆရာတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးပါ.... သိုင်းလောကသားတွေ သိကြမှာပါ မင်းသားကြီး Vincent Zhaoရဲ့ ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့ သရုပ်ဆောင်ကွက်တွေအပြင် ကိုယ်ခံပညာအသားပေးပြီး ဘယ်လို ပြောင်မြောက်တဲ့တိုက်ကွက်တွေကို တင်ဆက်ထားမယ်ဆိုတာ ခန့်မှန်းနိုင်မှာပါ.... ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ဒေသခံအုပ်စုဖွဲ့လှုပ်ရှားမှုတွေပေါ်လာတဲ့ခေတ်ကိုနောက်ခံထားပြီးရိုက်ထားတာပါ။ ချင်လုံလှုပ်ရှားရေးအဖွဲ့ နာမည်ကြီးလာချိန်မှာ တက်တူးဆရာ အားချန်ကလည်း အဖွဲ့တွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်.... ဒီလိုပဲ လော့အရာရှီကလည် ရဲတပ်ဖွဲ့အရာရှိကျင့်ဝတ်နဲ့ ဆန့်ကျင်ပြီး ချင်လုံ အဖွဲ့ထဲ ပါဝင်နေသူဖြစ်ခဲ့တယ်.... ဒီလို အစိုးရရဲတပ်ဖွဲ့နဲ့ ချန်လုံလှုပ်ရှားမှုအဖွဲ့တွေ ယှဉ်ပြိုင်မှုကြားထဲ ဂျပန်တွေပါ ဝင်ရောက်လာခဲ့တယ်... ဂျပန်သံအမတ် အားချန်ဆီရောက်လာချိန်က စပြီး ချန်လုံအဖွဲ့ဝင်တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့တယ်... သေဆုံးချိန်နဲ့ သေဆုံးတဲ့နေရာတိုင်းကလည်း အားချန်နဲ့ ပတ်သက်နေတာကြောင့် အားချန်သတ်တာလို့ တစ်ဖွဲ့လုံးကတစ်ထစ်ချထင်နေသလို သူမဟုတ်ကြောင်းလည်း သက်သေမပြနိုင်ခဲ့ပါဘူး.... ဇာတ်လမ်းအဆုံးမှာတော့ အားချန်က ဂျပန်သံအမတ်ရဲ့ အသုံးချခံလား ချန်လုံအဖွဲ့ရဲ့ အသုံးချခံဖြစ်ခဲ့တာလားဆိုတာ အံ့အားသင့်စွာ မြင်တွေ့ရမှာမို့ ဒီဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်.... Quality : WEB-DL 1080p Format : mp4 Genres : Drama , Action Duration : 1h 44min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu Encoded by LK

Action • Drama • History • War
1 2022 104 mins
Invisible Tattoo
American Sniper
7.4

IMDb Rating (7.3) / Rotten Tomatoes (72%) အမေရိကန်သမိုင်းတစ်လျှောက် Most Deadliest Sniper အဖြစ်သတ်မှတ်ခံထားရတဲ့ SEAL စနိုက်ပါသမား Chris Kyle အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ Chris Kyle ရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ "American Sniper: The Autobiography of The Most Lethal Sniper in US Military History" စာအုပ်ကိုအခြေခံပြီး မင်းသားကြီး Clint Eastwood က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး Bradly Cooper က အဓိကသရုပ်ဆောင် Chris Kyle အဖြစ်ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်မှာ စစ်ပွဲကြားကအခြေအနေတွေအပြင် အိမ်မှာကျန်ခဲ့တဲ့ စစ်သားမိသားစုတွေရဲ့ ဘဝကိုလည်း ပေါ်လွင်အောင်ထည့်သွင်းရိုက်ကူးထားပါတယ်။ Chris Kyle ဟာ အစကတော့ တက္ကဆက်က သာမန်မြင်းစီးသမားလေးပေါ့။ ဒါပေမယ့် 9/11 ဖြစ်ရပ်ဆိုးကြီးအပြီး အမေရိကန်က အီရတ်ကိုစစ်ကြေငြာတဲ့အခါမှာ မျိုးချစ်ကြီးဖြစ်တဲ့ Chris ကလည်း စစ်တပ်ထဲစဝင်ပါတော့တယ်။ အမေရိကန်နဲ့ အီရတ်စစ်ပွဲဟာ လူတွေကြား ပြောစရာဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော်စစ်အပေါ် ဝေဖန်သံတွေဆူခဲ့ပေမယ့် ဒီဇာတ်ကားက နိုင်ငံရေးကားမဟုတ်တာကြောင့် အဲဒါတွေကိုတော့ ထည့်သွင်းရိုက်ကူးထားတာမျိုးမရှိပါဘူး။ Chris Kyle ဟာ လူများများသတ်ဖို့ထက် သူ့ရဲဘော်တွေကို ပိုများများကာကွယ်ချင်တာကြောင့် တစ်ခါ နှစ်ခါ မကဘဲ လေးကြိမ်တိတိ စစ်ထွက်ခဲ့ပါတယ်။ အဆိုပါလေးကြိမ်အတွင်းမှာ သူသတ်ခဲ့တဲ့ ရန်သူပေါင်း ၁၆၀ ကျော်ရှိပါတယ်။ ဒါကြောင့်လည်း သူဟာ အမေရိကန်သမိုင်းတစ်လျှောက် သတ်အားအကောင်းဆုံး စနိုက်ပါသမားအဖြစ် ဂုဏ်ပြုခံခဲ့ရတာပါ။ စစ်ပွဲအတွင်းမှာတင် အီရတ်ဘက်က သူ့ကိုသတ်နိုင်တဲ့သူကို ဒေါ်လာ ၁သိန်း၈သောင်းပေးမယ်ဆိုပြီး ဝရမ်းထုတ်ရတဲ့အထိ ရန်သူတွေကို ဖိန့်ဖိန့်တုန်စေခဲ့ပါတယ်။ Kyle က သူ့ဘဝမှာ ရန်သူ ၁၆၀ ကျော်သတ်ခဲ့တာ နောင်တမရဘဲ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို မကယ်နိုင်ခဲ့တာပိုနောင်တရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူစစ်ထဲမှာရှိနေရင် သူ့ရဲဘော်ရဲဘက်တွေကို ပိုကယ်နိုင်မယ်ဆိုပြီး စစ်ထဲကို ၄ ကြိမ် တိုင်တိုင် ပြန်သွားခဲ့ပါတယ်။ အဲဒီလိုစစ်ထွက်တိုင်း သူ့အိမ်ကကျန်ခဲ့တဲ့ မိသားစုဝင်တွေဟာ စိတ်အပူကြီးပူကျန်ခဲ့ရပြီး စစ်မထွက်ဖို့တားတဲ့ကြားက အတိုက်အခံလုပ်ပြီး စစ်ပွဲထဲကိုဝင်ခဲ့တဲ့လူမျိုးပါ။ ဒီလို စစ်ထဲပြန်သွားရတဲ့နောက်တစ်ချက်က ပထမဆုံး အကြိမ်မှာထဲက ရန်သူ Sniper တစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီ Sniper က အီရတ်အလ်ကိုင်ဒါတပ်ဖွဲ့ထဲက ဆီးရီးယားလက်ဖြောင့်သမား မူစတာဖာ ပါပဲ။ သူကလည်းခေသူတော့မဟုတ်ဘူး။ အိုလံပစ်ပြိုင်ပွဲမှာပါ စနိုက်ပါဝင်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်စနိုက်ပါသမားတစ်ယောက်ပါ။ ဒီ Sniper က သူ့လူတွေတစ်ယောက်ပြီး တစ်ယောက် သတ်နေပေမယ့် သူ ဒီကောင့်ကို မသတ်နိုင်တာကြောင့်လည်း ပြန်ပြန်သွားနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ရင် စစ်ပွဲအနိ‌ဋ္ဌာရုံတွေကြားထဲ ခဏခဏပြန်သွားတဲ့ Chris Kyle ကိုလည်းစာနာမိလာမယ်။ အိမ်မှာကျန်ခဲ့တဲ့ သူ့ဇနီးနဲ့ သားသမီးတွေကိုလည်းကိုယ်ချင်းစာမိပါလိမ့်မယ်။ စစ်ပွဲကို တစ်ကန့်၊ သူ့ရဲ့ အိမ်ပြန်ချိန်လူနေမှုဘဝကို တစ်ကန့် တစ်လှည့်စီပြထားတာကြောင့် တခြားသောစစ်ကားတွေလို "ငါလည်းစစ်တိုက်ချင်လိုက်တာ" ဆိုတဲ့ ခံစားချက်မျိုးပေးမှာမဟုတ်ဘဲ စစ်ပွဲကို မုန်းသွားစေမယ့် စစ်ကားမျိုးပါ။ ဒီရုပ်ရှင်အတွက် မင်းသားကြီး Bradley Cooper ကလည်း ဝိတ်တင်ခဲ့ပါတယ်။ လက်တွေ့ဘဝက Chris Kyle နဲ့ လေသံကအစ ဆင်တူအောင် သရုပ်ဆောင်ထားနိုင်ပါတယ်။ အဲဒါကြောင့် အော်စကာဆု‌ Nominated ဝင်ခဲ့ပြီး ဒီရုပ်ရှင်ကလည်း ဆုပေးပွဲပေါင်းစုံကနေ ဆုပေါင်းများစွာရရှိခဲ့ပါတယ်။ သေနတ်ပစ်တာတွေ၊ ပေါက်ကွဲတာတွေ စစ်ပွဲမြင်ကွင်းတွေကို ပီပီပြင်ပြင်ရိုက်ကူးထားပြီး သွေးထွက်သံယိုခန်းတွေပါဝင်တာကြောင့် အသည်းနုတဲ့သူတွေ မကြည့်ဖို့ အကြံပေးချင်ပါတယ်။ သူ့ဇာတ်လမ်းကိုမကြားဖူးတဲ့ လူတွေအတွက် ဇာတ်သိမ်းပိုင်းက အံ့အားသင့်စရာတစ်ခုဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်း စ လယ် ဆုံး ပျင်းစရာမကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး အရင်ကကြည့်ဖူးတဲ့လူတွေအနေနဲ့ကော၊ စစ်ကားကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ပါ ကြည့်ရတာတန်မယ့် ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(5.1 GB)/(1.8 GB)/ (1.2 GB) Quality….WEB-DL 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:12:38 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Action • Fantasy
7.4 2014 133 mins
American Sniper
Bakit Di Mo Sabihin
6.7

Bakit Di Mo Sabihin(2023) ************************ မင့်ဂ်နဲ့ နတ်တ်တို့ဟာ နှစ်ယောက်လုံး စကားမပြောတတ်ကြပေမယ့် အသည်းနှလုံးကပြောတဲ့ ဘာသာ စကားကို နားလည်သူတွေဖြစ်တဲ့အတွက် သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ မင့်ဂ်က တောကတက်လာတဲ့သူဖြစ်ပြီး နတ်တ်က လူချမ်းသာမိသားစုကဖြစ်ပေမယ့် ချစ်ခြင်းတရားတဲ့ဖွဲနှောင်ထားတဲ့ ချစ်သူနှစ်ဦးကို ဂုဏ်ဒြပ်တွေက ခွဲခြားပစ်နိုင်စွမ်းမရှိသေးပါဘူး။ စကားမပြောတတ်ကြပေမယ့် ချစ်ခြင်းတရားကြောင့် တစ်ဘဝထူထောင်လိုက်တဲ့ သူတို့နှစ်ယောက်ဆီကို အိမ်သားတွေထပ်မံတိုးပွားလာချိန်မှာတော့ လောကဓံရဲ့ရိုက်ခတ်မှုကို တဖြည်းဖြည်းနဲ့ရော၊ မြန်မြန်ဆန်ဆန်ပါ ခါးစည်းခံလာရပါတယ်။ ဒီလိုလောကဓံတရားတွေကြားမှာ သိပ်ချစ်ရတဲ့ ချစ်သူနှစ်ဦးအတွက် အရင်ကလို ပျော်စရာတွေရှိပါဦးမလား၊ အခက်အခဲတွေကြားမှာ ချစ်ခြင်းနဲ့ နားလည်မှု ဘယ်သင်းက ပိုအရေးပါလဲ ဆိုတာတွေကို ဆွတ်ပျံကြည်နူးဖွယ်ရာ၊ လွမ်းမောဖွယ်ရာ ရိုက်ကူးထားတဲ့ ဖိလစ်ပိုင် အချစ်၊ ဒရာမာ၊ ဘဝသရုပ်ဖော် ဇာတ်ကားလေး ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ အများစုရိုက်ကူးထားတာဖြစ်တာကြောင့် လှပပြီးအရိုင်းဆန်တဲ့ သဘာဝ ရှုခင်းများစွာကို ခံစားကြည့်ရှုရမှာပါ။ စကားမပြောတတ်တဲ့သူများအပေါ် အလေးပေးပြီးနားလည်ပေးတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ File Size :(2.07GB)& (845MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:30:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

6.7 2023 120 mins
Bakit Di Mo Sabihin
Lilo & Stitch 2: Stitch Has a Glitch
6.2

Lilo & Stitch 2: Stitch Has a Glitch (2005) ============================== IMDb Rating – 6.2/10 Lilo and Stitch (2002) ရဲ့ ဇာတ်သိမ်းမှာ Stitch အပါအဝင် Jumba နဲ့ Pleakly တို့ဟာ နယ်နှင်ဒဏ်အနေနဲ့ ကမ္ဘာမြေမှာထားခဲ့ခံရတာကြောင့် Lilo တို့မိသားစုနဲ့အတူနေလာတာ နှစ်အတော်ကြာလာခဲ့ပါပြီ။ Lilo တို့ ညီအစ်မနဲ့အတူ လူတွေကြားမှာ နေသားကျလာတဲ့ Stitch လည်း အရင်လို တာတေလန်အောင် သောင်းကျန်းတတ်တာမျိုး မရှိတော့ပါဘူး။ ဒီလိုနဲ့ Stitch ရဲ့ တည်ငြိမ်မှုက သက်တမ်းကုန်ဆုံးဖို့ဖြစ်လာတော့မှာပါ။ တစ်နေ့ထက်တစ်နေ့ စိတ်ဖောက်သောင်းကျန်းတာတွေများလာပြီး အခြေ အနေပိုပိုဆိုးလာတဲ့ Stitch ကို Lilo တောင် နားမလည်ပေးနိုင်တဲ့အချိန်တွေ ရှိလာပါတော့တယ်။ ပြဿနာအရင်းခံကိုသိနေတဲ့ ဂျမ်ဘာတစ်ယောက် Stitch ကို ပြန်ပြင်နိုင်မယ့်နည်းရှာနေချိန် Lilo နဲ့ Stitch ဆက်ဆံရေးက ပိုပိုဆိုးလာ ပါပြီ။ အကြောင်းမရှိထထဖောက်တဲ့ Stitch ကြောင့် Lilo အရှက်ကွဲပေါင်းများ လာပါတော့တယ်။ ပြဿနာကောင်လို့ အထင်လွဲခံရပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ ပစ်ပယ်မှုကိုပါခံလိုက်ရတဲ့ Stitch ရဲ့ ဇာတ်သိမ်းမှာတော့ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.13 GB) / (457 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 08Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Comedy, Drama Translator……Hnin Wut Yi Encoder……….Zin Phyo Aung

Comedy
6.2 2005
Lilo & Stitch 2: Stitch Has a Glitch
Camp
6.7

မိဘမဲ့ကလေးတွေ စွန့်ပစ်ခံရတဲ့ကလေးတွေ မိဘတွေက ပြစ်မှုကျူးလွန်လို့ ထောင်ကျပြီး ဂရုစိုက်မပေးနိုင်တဲ့ကလေးတွေကို စုပြီး တစ်ပတ်လောက် ပျော်စရာတွေ အားကစားပြိုင်ပွဲတွေနဲ့ အပန်းဖြေကြတဲ့ နွေရာသီစခန်းလေး တစ်ခုအကြောင်းပါ။ အီလိုင့်အမေက ဆေးစွဲနေပြီး အပျော်အပါးတွေ ရည်းစားကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။ အီလိုင့်ကို သူ့အခန်းထဲမှာပဲ ပိတ်ထားပြီး နှိပ်စက်တတ်ပါတယ်။ သူ့အဖေကလည်း လူတွေကို လက်ပါတတ်ပြီး ရိုက်တတ်သူတစ်ယောက်ပါ။ ဒီလိုနဲ့ အီလိုင့်ကို လူမှုလုပ်သားတွေက ထိန်းသိမ်းထားလိုက်ပြီး နွေရာသီစခန်းလေးဆီ ရောက်လာပါတော့တယ်။ ခန်မက်သရူးကတော့ ငွေကြေးအကြံပေးတစ်ယောက်ပါ။ သူ့ဖောက်သည် ဖြစ်လာနိုင်တဲ့ မာဂရက် ဆန်းမားဖီးလ် အထင်ကြီးအောင်လုပ်ဖို့ နွေရာသီစခန်းမှာ လုပ်အားပေးတယ်လို့ ညာလိုက်ပါတယ်။ ဒီလိုနဲ့ စိတ်မပါဘဲ Ken တစ်ယောက် နွေရာသီစခန်းကို ရောက်လာပါတော့တယ်။ မိဘတွေဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် လောကကြီးကို ဘက်တိုက်နေတဲ့ ဂျစ်ကန်ကန်ကောင်လေး အီလိုင်နဲ့ စိတ်မပါဘဲ စခန်းမှာ လုပ်အားလာပေးတဲ့ ခန်တို့ နွေရာသီစခန်းလေးမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ကြပါဦးနော် ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Phu Myat Thwe ပါ File size… 2.1 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 49m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Phu Myat Thwe

6.7 2013
Camp
Gampang Cuan
7.2

GAMPANG CUAN (2023) ==================== IMDb – 7.4/10 ဇာတ်လမ်းအညွှန်း မိသားစုကိုလုပ် ကျွေးဖို ရည်ရွယ်ချက်နဲ့ မြို ပေါ်တက်လာတဲ့ ဆူတန်တစ် ယောက် အလုပ်မရတဲ့အပြင် အ ကြွေး နွံထဲပါ နစ် နေ ပေမယ့်လည်း မိသားစုကို အမှန်အတိုင်းအသိမ ပေးပဲ ကျိတ်ပြီး ဖြေရှင်း နေခဲ့ပါတယ် အဲ့ဒီလို ဖြေရှင်းရာက တစ် နေ့ ညီမဖြစ်သူ အီကစ်ကပါ မြို ပေါ်မှာ အလုပ်ရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တက်လာရင်း အကိုဖြစ်သူက ပြောထားတာနဲ့ လွဲပြီး အလုပ်အကိုင်မရှိဖြစ် နေတာကို သိလိုက်ရပါတယ် တစ်လက်စတည်းမှာပဲ အ မေ့ရဲ့အိမ်ကိုပါ ဘဏ်ကသိမ်း တော့မှာကို သိလိုက်ရတဲ့ မောင်နှမနှစ် ယောက် သူတို အ မေမသိ အောင် အိမ်ကိုပြန် ရွေးဖို ကြိုးစားရပါ တော့တယ် ငွေရှာဖိုကြိုးစားရင်း Stock စျေးကွက်နဲ့ကြီးပွား နေတဲ့သူတစ် ယောက်နဲ့ဆုံပြီး စာ တွေအဂ်လိပ်စာ တွေမတတ် ပေမယ့် Stock ကစားရင်း ကြီးပွား အောင်လုပ်မယ်လိုဆုံးဖြတ်လိုက်ကြပါ တော့တယ် Stock စျေးကွက်ကို အခုမှစကြားဖူးတဲ့ ဆူတန်တို မောင်နှမနှစ် ယောက် ဘယ််လိုအခက်အခဲ တွေကိုကြုံရမလဲ နောက်ဆုံး အ မေ့အိမ်ကို ပြန် ရွေးလိုက်နိုင်လားဆိုတာ တွေကို ရိုက်ပြထားတဲ့ကား လေးပဲဖြစ်ပါတယ် ဒီကား လေးမှာ မောင်နှမကြားသံ ယောဇဥ် မိဘနဲ့သားသမီးကြားက စေတနာ မေတ္တာ တွေကို နွေး ထွေးစွာခံစားရမယ့် ရိုက်ကွက် လေး တွေလည်းပါတာ ကြောင့် ဒရာမ ကြိုက်သူတိုင်းကြည့်သင့်တဲ့ မိသားစုဒရာမာ ကား ကောင်း လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပါ ) File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:59:00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

Comedy • Family • Science Fiction • Drama
7.2 2023
Gampang Cuan
The Great Lillian Hall
7.7

The Great Lillian Hall ဇာတ်ကားဟာ ၂၀၂၄ ခုနှစ် နောက်ဆုံးထွက် အော်စကာတန်းဝင်ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားကို အဓိက သရုပ်ဆောင်ထားတာကလည်း အော်စကာ ၂ ဆုရှင် Jessica Lange ဖြစ်ပြီး ပံပိုးသရုပ်ဆောင် ကလည်း အော်စကာဆုရှင် Kathy Bates တို့ အဓိက သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကို ကြိုသိမှာစိုးလို့ အကုန် မပြောဘူးနော်။ ဇာတ်ကားထဲမှာ Jessica သရုပ်ဆောင်ရတဲ့ Lillian Hall ဇာတ်ကောင်ဟာ နယူးယောက် ဘရော့ဝေးမှာ သရုပ်ဆောင် ရတဲ့ နာမည်ကျော် ပြဇာတ်သရုပ်ဆောင် ဖြစ်ပါတယ်။ သူ့တစ်သက်တာမှာ သူ့အလုပ်သာ အဓိကဆိုတဲ့ စိတ်နဲ့ ကျော်ဖြတ်ကြိုးစားခဲ့သူဖြစ်ပြီး သူ အသက်တစ်ခု ရလာတဲ့ အချိန်မှာ ကြုံတွေ့ရတဲ့ လောကဓံတွေက သူ့ကို ဘယ်လို ရိုက်ချမှာလဲ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကရော ကူညီနိုင် ပါ့မလား သူ့ရဲ့အလုပ်ကို ဘယ်လိုထိခိုက်စေမှာလဲ စတာတွေကို ကြည့်ရှုရင်း တစ်ကားလုံး Jessica Lange ရဲ့ အံ့မခန်း သရုပ်ဆောင်နိုင်စွမ်းတွေကြားမှာ နစ်မျှောပြီး ခံစားရမဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အော်စကားတန်းဝင် ကားတွေကြိုက်တဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်… File size…1.60GB / 708MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.7 2024
The Great Lillian Hall
Buzz House: The Movie

ရိုမေးနီးယား horror-comedy လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လှေနဲ့ပဲသွားလို့‌ရပြီး လူသူအရောက်နည်းတဲ့‌အိမ်ကြီးတစ်ခုမှာ ပြိုင်ပွဲဝင်တွေကိုသွားနေခိုင်းပြီး အဲဒီပြိုင်ပွဲဝင်တွေကို အမွေးပွကောင်ဝတ်စုံနဲ့လူက လိုက်ခြောက်လှန့်ခိုင်းတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒါပေမဲ့ ဘယ်သူမှမမျှော်လင့်ထားတဲ့အရာတစ်ခု ဖြစ်လာတဲ့အချိန်မှာတော့ ဘယ်လိုအလွဲလေးတွေ ဆက်ဖြစ်ကြမလဲဆိုတာ ရှုစားအားပေးကြပါဦး File size…(1.4 GB)/(879 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sike Tan

0 2024
Buzz House: The Movie
The Haunting of the Tower of London
5.2

The Haunting of the Tower of London (2022) အင်္ဂလန်ရဲ့ Tudorအိမ်တော်က ဘုရင်တွေလက်ထပ်က ဇာတ်လမ်းပါ။ အင်္ဂလန်နန်းတွင်းကားကိုမှ Horror vibeနဲ့ ရိုက်ပြထားတဲ့ဇာတ်လမ်းပါ။ အတ်ဒဝတ်ဘုရင် လက်ထပ်မှာ အယ်လီဇဘက်မိဘုရားရဲ့ သားတော်နှစ်ပါးသေဆုံးသွားပါတယ်။ နန်းတော်ထဲက ထွက်ခဲလှတဲ့ သားတော်နှစ်ပါးသေဆုံးသွားတဲ့ တရားခံက နန်းတော်ထဲမှာပဲရှိမယ်ယူဆပြီး ရှာကြပါတယ်။ အတ်ဒဝတ်ရဲ့ ထီးနန်းကို လိုချင်နေတဲ့ ရစ်ချက်ဟာ နာမကျန်းဖြစ်နေတဲ့ အတ်ဒတ်ရဲ့ သားတော်နှစ်ပါးမရှိတော့တဲ့နောက် ထီးနန်းကို သူရမှာသေချာသလောက်ဖြစ်နေတဲ့အတွက် တရားခံကိုရစ်ချက်လို့ အယ်လီဇဘက်ရဲ့ အစေခံက ထင်ထားပါတယ်။ ဒါပေမဲ့ ဘာသက်သေမှမရှိခဲ့ပါဘူး။ ဒီတော့ အယ်လီဇဘက်ရဲ့အစေခံဟာ နန်းတော်ပြင်ပက သရဲတစ္ဆေတွေကို မြင်နိုင်တဲ့ စကားပြောနိုင်တဲ့ သူတစ်ယောက်အကြောင်း သဲ့သဲ့ကြားပြီး အဲဒီလူကို နန်းတော်ကိုခေါ်လာပြီး မင်းသားလေးတွေရဲ့ ဝိညာဉ်နဲ့ စကားပြောခိုင်းပြီး တရားခံဖော်ဖို့လုပ်တဲ့အခါမှာတော့….. သရဲကားလည်းဟုတ်သလို နန်းတွင်းကားလည်းဟုတ်သလို နှိပ်စက်ခန်းတွေလည်း မနည်းပါပါတယ်။ လိင်ဆက်ဆံခန်းတစ်ချို့လည်းပါတာကြောင့် မိသားစုနဲ့ ကြည့်လို့ အဆင်မပြေပါဘူး။ ရှေးခေတ်မှာ ဇာတ်အမ်တည်ထားလို့ ဆန်းပြားသလို ဇာတ်အိမ်ကလည်း အကွက်လေးတွေနဲ့ ကြည့်လှပါတယ်။ သရဲကားကြိုက်တဲ့ လူတွေအတွက်တော့ ကြည့်ကောင်းကြမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.3GB) / (800MB) Quality__1080p, 720p IMDb Rating__5.1/10 Format__mkv/mp4 Duration__01:30:00 Type__History, Horror Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by a hao

Horror • Thriller
5.2 2023 89 mins
The Haunting of the Tower of London
Dragon’s Slash
5.7

ဒီတခါ CM ကနေ ရှေးခေတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Dragon’s splash လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ထန်ခေတ်ပျက်သုဥ်းခါနီးအချိန် တလောကလုံးမအေးချမ်းမငြိမ်သက်ဖြစ်နေတာကို အကြောင်းခံထားပြီး ချန်ထန်မြို့ ပင်လယ်စစ်တပ်ညွှန်ကြားရေးစစ်သူကြီး ချန်လျိုဟာ ချန်ထန်မြို့ရဲ့မြို့စားမင်း တုန်လူကြီးမင်းအမိန့်ဖြစ်တဲ့ ပင်လယ်ဓါးပြကိုချေမှုန်းရန်အမိန့်ကိုတာဝန်ထမ်းဆောင်နေစဥ်မှာပဲ ပင်လယ်ဓါးပြဂူထဲမှာ မူမမှန်တာရှိနေတာကြောင့် ပင်လယ်ဓါးပြအုပ်စုထဲဝင်ရောက်ခဲ့ပါတော့တယ်။ သို့ပေမဲ့မိသွားပြီး တိုက်ခိုက်တဲ့အချိန်မှာ ပင်လယ်ဓါးပြတွေက ဂူထဲမှာပိတ်လှောင်ထားတဲ့ မိစ္ဆာနဂါးကြီးကိုလွှတ်ပေးလိုက်ပြီး ထွက်ပြေးသွားခဲ့တယ်။ မိစ္ဆာနဂါးဟာ မြစ်နတ်ဘုရားလိုလူသားတွေကတင်စားကြပြီး ဒီနဂါးက ချန်ထန်မြို့ကိုအန္တရာယ်ပြုလာတဲ့အချိန် တုန်အမတ်ကြီးရဲ့တာအိုဆရာ ခုန်းသာဆရာက ယွဲ့နာမည်ရှိပြီးမိန်းကလေးလေးယောက်ကို ယစ်ပူဇော်ဖို့ တုန်အမတ်ကြီးကို အကြံပေးခဲ့တယ်။ အကြံပေးလိုက်လို့ရွေးချယ်ခံလိုက်ရတဲ့မိန်းကလေးကဘယ်သူလဲ ဒီကနေတဆင့်ဘယ်တွေဖြစ်ရပ်တွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်

5.7 2024
Dragon’s Slash
Sew Torn
6.1

လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေ အကြောင်းကို သာမန်ရုပ်ရှင်တွေနဲ့မတူဘဲ အပ်ချည်မျှင်တွေကို အဓိကသုံးပြီး ပုံဖော်ထားတဲ့ Sew Torn ဇာတ်ကားဟာ ကြည့်ရတာနဲ့တန်တဲ့ ရသတွေကိုပေးစွမ်းမဲ့ Thriller Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ရရှိခဲ့တဲ့ ဆုများ – 2025 Winner Baia del Silenzio – Redelfi Award. Best Film. Freddy Macdonald (director -2025 Nominee Jury Prize. Best Film. Freddy Macdonald (director) သရုပ်ဆောင်များ – Eve Connolly (Barbara အဖြစ်) – Calum Worthy (Joshua အဖြစ်) – John Lynch (Hudson အဖြစ်) – K. Callan (Ms. Engel အဖြစ်) – Ron Cook (အော်စကာအဖြစ်) ဇာတ်လမ်းအကျဉ်း +++++++++++++ မိခင်ကိုဆုံးရှုံးထားရတဲ့ အပ်ချုပ်သမတစ်ဦးဖြစ်သူ ဘာဘရာ (Barbara) ဟာ အထီးကျန်ဆန်ပြီး ငွေမရှိတာကြောင့် ဘဝကို စုတ်ဖြဲခံထားရတဲ့အဝတ်စတစ်ခုလို ဖြတ်သန်း နေရသူတစ်ယောက်ပါ။ တစ်ရက်မှာတော့ ငွေရချင်ဇောနဲ့ ရာဇဝတ်မှုတစ်ခုမှာ မတော်တဆပါဝင်ပတ်သက်မိရာက 1. ပြီးပြည့်စုံတဲ့ ပြစ်မှုကိုကျူးလွန်မလား 2. ရဲကိုအကြောင်းကြားမလား 3. ဒီတိုင်းပဲ ကားမောင်းထွက်သွားမလားဆိုတဲ့ ရွေးချယ်စရာ ၃ ခုရှိလာပါတယ်။ ထူးခြားချက်ကတော့ ဘယ်လမ်းကိုရွေးရွေး အပ်ချည်မျှင်တွေသုံးပြီး အသက်ဘေးကလွတ်အောင် ကြိုးစားရမှာလည်း ဖြစ်ပါတယ်. ဘယ်လမ်းဟာ သူမအတွက် အသက်ရှင်သန်နိုင်မဲ့ အကောင်းဆုံးရွေးချယ်မှု ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားပေးကြပါဦးနော်။ File Size… (1.27 GB) / ( 770 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vic

Drama • Thriller
6.1 2024 100 mins
Sew Torn
Six Days in August
5.8

ဒီဇာတ်ကားဟာ LDS ဘာသာရဲ့ သမိုင်းဝင် အခိုက်အတန့်တစ်ခုကို အလေးပေးထားပြီး ခရစ္စယာန်ဘာသာ၏ယုံကြည်ခြင်းရဲ့အဓိကအချက်ဖြစ်တဲ့ ဘုရားသခင်ရဲ့လမ်းညွှန်မှုနဲ့ အသိုင်းအဝိုင်းရဲ့စည်းလုံးညီညွတ်မှုကို ပုံဖော်ထားတယ်။ ဘရီဂမ် ယန်းရဲ့ ယုံကြည်ခြင်းနဲ့ ခေါင်းဆောင်မှုဟာ LDS အသင်းတော်ရဲ့ ထူးခြားတဲ့ ခရစ္စယာန်အယူအဆတွေဖြစ်တဲ့ ဗျာဒိတ်ရရှိမှုနဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်နာမှုကို ရောင်ပြန်ဟပ်ထားပါတယ်။ IMDb သုံးသပ်သူတစ်ဦးက “ဧမာ စမစ်ရဲ့ ယုံကြည်ခြင်းနဲ့ စိတ်ခံစားမှုကို ပုံဖော်တဲ့ မြင်ကွင်းတွေဟာ စိတ်ခံစားမှုကို ထိခိုက်စေတယ်” လို့ ဖော်ပြထားပြီး ဒီဇာတ်ကားဟာ ခရစ္စယာန်ဘာသာအသိုင်းအဝိုင်းတွေရဲ့ စိန်ခေါ်မှုတွေကို ဖော်ပြပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်း ++++++++++ ၁၈၄၄ ခုနှစ်မှာ The Church of Jesus Christ of Latter-day Saints (LDS) ရဲ့ တည်ထောင်သူ ဂျိုးဆက် စမစ် လုပ်ကြံခံရပြီးနောက် ဘာသာရေးအသိုင်းအဝိုင်းဟာ ခေါင်းဆောင်မှု အကျပ်အတည်းနဲ့ ရင်ဆိုင်ရတယ်။ ဘရီဂမ် ယန်းဟာ ယုံကြည်ခြင်း၊ ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ LDS အသိုင်းအဝိုင်းရဲ့အနာဂတ်ကို ဦးဆောင်ဖို့ ရှုပ်ထွေးတဲ့ ဘာသာရေးနဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေကို ကျော်လွှားရမှာပါ။ ဒီဇာတ်ကားဟာ ခရစ္စယာန်ဘာသာ၏ယုံကြည်ခြင်း၊ ဘာသာရေးအငြင်းပွားမှုနဲ့ လူမှုရေးတင်းမာမှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ File Size… (1.79 GB) / (949 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…2h Genre …..History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Comedy • Drama
5.8 2024 125 mins
Six Days in August