YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Yedinci.Kogustaki.Mucize.2019.(Miracle.in.cell.no7).1080p.WEBRip[CM].mp4

2.32 GB 1080p video/mp4 1169 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
When Harry Met Sally...
7.4

ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။ ၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။ ၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။ နောက်ဆုံးအနေနဲ့ ၁၉၈၈ နှစ်သစ်ကူးညမှာ ဟယ်ရီနဲ့ဆယ်လီ ပြန်တွေ့ကြတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်က ဖြစ်ရပ်ပမာဏထက် အချိန်ခြားတဲ့ပမာဏက ပိုများနေတဲ့၊ ကျွန်တော်တို့ကြည့်ဖူးနေကျ အချစ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ အချစ်ဇာတ်လမ်းလို့ပြောလို့ရတယ်။ သူတို့၂ယောက်ရဲ့ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတော့ မဟုတ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူး။ ဒီဇာတ်ကြောင်းကို ဒါရိုက်တာဟာ အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ အတွဲတွေ ဘယ်လိုစတွေ့ကြလဲ အင်တာဗျူးရင်း အဲဒီအင်တာဗျူးတွေကို ပေါင်းစပ်ပြီး ဒီဇာတ်လမ်းကို အသက်သွင်းထားတယ်။ ဇာတ်ရဲ့သက်ဆိုင်ရာ အခန်းမစခင်မှာလည်း အဲဒီအင်တာဗျူးတွေကို အရင်ပြပေးသွားတယ်။ ဆိုတော့ ဒီကားဟာ အဖြစ်မှန်တွေများစွာကို အလှပဆုံးပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရလိမ့်မယ်။ နောက် ဒါရိုက်တာကိုယ်တိုင်ရဲ့ စိတ်ကူးကနေလာတဲ့ Iconic ဖြစ်တဲ့ ဇာတ်ဝင်ခန်းလှလှလေးတွေလည်း တော်တော်များတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရှားပါး A+ ကလပ်စစ်ဖလင်စာရင်းထဲ ထည့်ထားကြတယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ Meg Ryan တို့၊ Carrie Fisher တို့လို တစ်ချိန်က သိပ်လှခဲ့တဲ့ မင်းသမီးကြီးတွေ၊ Billy Crystal လို ဝါရင့်သရုပ်ဆောင်တွေကို သုံးထားတယ်။ ဘာမှထူးထူးခြားခြားမဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့စွန့်လွှတ်မှုကြောင့် စိတ်ထဲနည်းနည်းတော့ အမြစ်တွယ်နေမိမယ့် ဒီလိုနေ့မျိုးမှာ When Harry Met Sally... ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ When Harry Met Sally... ဟာ ရိုမန့်ကားဖြစ်ပေမဲ့ ကျွန်တော်တို့ဘဝတွေကိုကျော်ပြီး အရမ်းခမ်းနားမနေသလို ကျွန်တော်တို့ ဘဝတွေအောက်လည်း မသိမ်နုပ်တဲ့၊ ကျွန်တော်တို့ဘဝတွေကို ပြန်မြင်နေရမယ့် ရုပ်ရှင်မျိုးပါပဲ။ ဟယ်ရီနဲ့ဆယ်လီဟာ ရိုမီရို ဂျူးလိယက်လိုလည်း အသက်ပေးမချစ်ဘူး။ ငြိမ်းချမ်းစွာနဲ့လည်း မပေါင်းဖက်ကြဘူး။ မတူတဲ့အမြင်တွေ မတူတဲ့အတ္တတွေနဲ့ အမြဲတမ်းပြဿနာတက်နေတဲ့ သာမန်လူတွေသက်သက်ပဲ။ ကျွန်တော်တို့တွေလိုပဲ... ဟယ်ရီက ကမ္ဘာကြီးကို ယောက်ျားလေးအမြင်နဲ့ပဲမြင်သလို ဆယ်လီက ကမ္ဘာကြီးကို မိန်းကလေးအမြင်နဲ့ပဲ မြင်တယ်။ ဒါပေမဲ့လည်း ဘာမဆိုပြောပြလို့မရတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်အတွက်တစ်ယောက် ဘာမဆိုပြောပြနိုင်တဲ့တစ်နေရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်က တစ်ယောက်အတွက် လဲပြိုရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်အတွက် တစ်ယောက်က ခြောက်ပြစ်ကင်းနေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားမျိုးကိုလည်း တစ်ယောက်က မမြင်ခဲ့ကြဘူး။ ဟယ်ရီနဲ့ ဆယ်လီမှာ ကျွန်တော်တို့အားလုံးလိုပဲ ပြဿနာတွေရှိတယ်။ ကွာခြားချက်တွေရှိတယ်။ ပြန်ညှိရမယ့်ကာရန်တွေရှိတယ်။ ညှိလို့မရတဲ့ ပုစ္ဆာတွေရှိတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်လမ်းဟာ ကျွန်တော်တို့ အချစ်တွေ ကျွန်တော်တို့ဘဝတွေကို ထောင်ပြထားတဲ့ မှန်တစ်ချပ်လို့ ဆိုလည်းမမှားဘူး။ ကျွန်တော်တို့ အဖြေကိုမတွေ့ခဲ့ကြသလို သူတို့လည်းမတွေ့ခဲ့ကြဘူး။ ဒါမှမဟုတ် အစကတည်းက တွေ့ပြီးသားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဝူဒီအယ်လန်ပြောသလိုပေါ့... " ကဗျာဆရာတွေ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ အချစ်ဟာ တစ်ခုတည်းသောအဖြေ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ " သာမန်နေ့တွေမှာတော့ သာမန်အတိုင်းပဲ ကျွန်တော်တို့ရှင်သန်နေရင်း သတိမရမိတဲ့လူတွေ ရှိကောင်းရှိမှာပါပဲ။ နည်းနည်းထူးခြားသွားတဲ့နေ့တွေမှာတော့ သာမန်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေရင်းတောင် တစ်ကိုယ်ရေတည်းဆို သတိရမိလောက်တဲ့လူတွေ ရှိကောင်းရှိကြမှာပဲ။ ဟယ်ရီဟာ နာတာလူးပွဲတော်နေ့ကို သာမန်နေ့တစ်နေ့လို့ပဲ ကြိုးစားမြင်ရင်း ဆယ်လီ့ကို သတိရလာသလို ချစ်တဲ့လူတွေကို သတိရမိတဲ့ လူတွေ ရှိကောင်းရှိကြမှာပဲ။ ဒီလိုပဲ ဒီမဆန်းပြားနေတဲ့ ရုပ်ရှင်ကိုကြည့်ပြီး ချစ်တဲ့လူတွေကို သတိရမိကောင်း ရမိကြမှာပဲ။ ဒါကြောင့်မို့ပဲ ဒီရုပ်ရှင်ဟာ နှစ်ခြမ်းကွဲနေခဲ့တယ်။ ရုပ်ရှင်ရဲ့ ပထမခြမ်းကတော့ ဒါရိုက်တာနဲ့ အင်တာဗျူးခံရတဲ့ စုံတွဲတွေဆီက လာပြီး ဒုတိယခြမ်းကတော့ ခင်ဗျားဆီကိုယ်တိုင်ဆီက လာပါလိမ့်မယ်။ ရုပ်ရှင်ဆိုတာလည်း အနာအဆာအပြည့်နဲ့ အသည်းတွေကို တစ်စစီခွဲပြီး ပိုချစ်တတ်လာအောင် တစ်စချင်း ပြန်ဆက်ပေးတဲ့အရာမျိုးပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ ဘဝတွေဟာ ရုပ်ရှင်ကို လိုခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 740MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 35Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 1989 96 mins
When Harry Met Sally...
Infidelity Can Be Fatal
3.2

"ဖောက်ပြန်ခြင်းသည် သေစေနိုင်သည်တဲ့" စကားလုံး‌လေးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ အိမ်ထောင်ရေး နဲ့ အချစ်ရေးတွေမှာ သစ္စာရှိမှုနဲ့ တည်ဆောက်မှသာလျှင် ခိုင်မြဲကြသည်မဟုတ်လား။ အိမ်ထောင်ဖက်တွေမှာ တစ်ယောက်ယောက်က သစ္စာဖောက်ပြီး ဖောက်ပြန်ပြီဆိုလျှင် စိတ်ဆင်းရဲစရာတွေ ကြုံရပါတော့တယ်။ ဖောက်ပြန်ခြင်းတိုင်းသည် သေစေသည် မဟုတ်ပေမယ့် ဖောက်ပြန်ခြင်းကြောင့် ဘဝဆုံးသွားတဲ့ လူတွေလည်း အများကြီးရှိပြန်သည်။ ဇာတ်လမ်းအကျဉ်းကတော့ လူစီသွန်မဆင်သည် ကိုယ်ပိုင်စုံစမ်းရေးကုမ္ပဏီတစ်ခုကို ထောင်ထားသည်။ အိမ်ထောင်ရေးဖောက်ပြန်မှုများကို လိုက်လံစုံစမ်းပေးတဲ့ ဝန်ဆောင်မှုမျိုးကို လုပ်ပေးလေ့ရှိသည်။ ငယ်စဉ်ဘဝက ဖခင်ဖြစ်သူသည် အတွင်းရေးမှူးမနှင့် ဖောက်ပြန်ကာ သူ့မိခင်ကို ထားပစ်ကာ ထွက်ပြေးသွားသည့်အတွက် အဆိုပါအလုပ်ကို စပြီးလုပ်ဖြစ်ခြင်း ဖြစ်သည်။ ထိုသို့လုပ်ကိုင်ရင်း သစ္စာမဲ့မှုတွေ ဖောက်လွဲဖောက်ပြန်မှုများကို နေ့စဉ်မြင်တွေ့ရသည့်အတွက် လူစီဟာ ရည်းစားလည်း မထားခဲ့သလို ယုံကြည်မှုကိုလည်း အားနည်းချက်အဖြစ် ရှု့မြင်သည်။ တစ်နေ့မှာ ကလိုက်ကက်ဆယ်ဆိုတဲ့ ယောကျ်ားတစ်ယောက်ဟာ သူ့မိန်းမ ‌ဖောက်ပြန်နေသည်ဟု ထင်သဖြင့် စုံစမ်းပေးရန် လူစီ့ထံ အလုပ်အပ်လာလေသည်။ ထိုအမှုကို လိုက်ရင်း လူစီနဲ့ ကလိုက်တို့ကြား ဖောက်လွဲဖောက်ပြန်တွေ ဖြစ်လာပြီး ဘယ်လို လူသေဆုံးမှုတွေ ကြုံတွေ့လာရမလဲဆိုတာကို ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.3GB | 577MB | 285MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Drama
3.2 2023 85 mins
Infidelity Can Be Fatal
How I Live Now
6.6

မွေးကတည်းက အမေဖြစ်သူဆုံးသွားပြီး အဖေဖြစ်သူကလည်း ဂရုမစိုက်တာကြောင့် အမေ့ရဲ့အမျိုးဖြစ်တဲ့ ဗြိတိန်က အဒေါ်တွေဆီမှာ နွေရာသီပိတ်ရက်အတွင်း လာနေတဲ့ အမေရိကန်လူမျိုး ဒေစီ... ငယ်စဉ်ကတည်းက သူနားကလူတိုင်း သူ့ကြောင့်ဒုက္ခရောက်ရ တယ်ဆိုတဲ့ စိတ်အစွဲနဲ့ ဒေစီက အဒေါ်‌တို့မိသားစုနဲ့လည်း ကင်းကင်းရှင်းရှင်းပဲနေပါတယ်..‌ တစ်နေ့မှာ အဒေါ်ဖြစ်သူက ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ဂျနီဗာမြို့ကို ခရီးထွက်ရမှာမို့လို့ သူငယ်ချင်းဖြစ်သူကို ကိုယ်စား စောင့်ရှောက်ပေးဖို့ အပ်ခဲ့ပါတယ်။ အဒေါ့်သူငယ်ချင်းဖြစ်သူ မရောက်ခင်မှာ ဗုံးပေါက်ကွဲပြီး စစ်စဖြစ်ပါတော့တယ်.. စစ်အတွင်းမှာ ဒေစီတို့ မောင်နှမလေးယောက် ဘယ်လိုတွေဖြစ်မလဲ၊ ဒေစီ တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲလာမလဲ ဆိုတာကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှူလိုက်ကြရအောင်ပါနော်.. ဒီကားထဲမှာ စစ်ဖြစ်တာတွေ ပါတယ်ဆိုပေမယ့် လုံးဝ ပျင်းစရာမကောင်းဘဲ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ကားလေးဖြစ်လို့ မလွတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်.. File size…2.38GB / 1.04GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Benni

Comedy • Romance
6.6 2013 101 mins
How I Live Now
Jeepers Creepers: Reborn
5.7

ဒီတစ်ခါတော့ Horrorကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားလေးတစ်ကားညွှန်းပေးပါရစေ Jeepers Creepersကြိုက်နှစ်သက်သူတွေအတွက် ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူး ဇာတ်လမ်းလေးကိုအမြည်းပေးရရင် ချေ့စ်နဲ့လိန်းတို့က သမီးရည်းစားစုံတွဲတွေပေါ့ ချေ့စ်က ဒီလောကကြီးမှာ ခရီပါရှိတယ်ဆိုတာယုံကြည်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကောင်မလေးလိန်းကတော့ ဒါဟာလူတွေလုပ်ကြံဖန်တီးပြီးပြောကြတာပါလို့ထင်နေသူပါ တစ်နေ့ချေ့စ်က လိန်းကို Horror Houndပွဲတော်ကိုခေါ်သွားခဲ့ရာမှ အဲ့ဒီနေရာမှာလိန်းရဲ့ခေါင်းထဲကိုမျှော်လင့်မထားတဲ့ သေခြင်းတရားအနိဌာရုံတွေရောက်လာပါတော့တယ် ဘာကြောင့်လိန်းရဲ့မှတ်ဉာဏ်ထဲမှာဒီလိုအနိဌာရုံတွေပေါ်လာတာလဲ ခရီပါဆိုတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးနဲ့ရောဘယ်လိုတွေပတ်သက်ဆက်နွယ်နေလဲ ၂၃နှစ်မှာတစ်ကြိမ်ပေါ်လာတတ်ပြီး လူတွေကိုအစုလိုက်အပြုံလိုက်သတ်တတ်တဲ့ခရီပါကရော တကယ်ရှိလားဆိုတာ.. ဒီဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့စောင့်မျှော်ကြည့်ရှုပေးကြပါဦး... File size…1.6GB / 761MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora

Drama
5.7 2022 88 mins
Jeepers Creepers: Reborn
A Monsterous Holiday

A Monsterous Holiday (2013) ===================== IMDb Rating – 6.5/10 Andy ဟာ သိပ္ပံပညာရပ်ကို စိတ်ဝင်စားပြီး တီထွင်ဖန်တီးမှုတွေ လုပ်နေရရင် ထမင်းမေ့ဟင်းမေ့ဖြစ်နေတတ်တဲ့ ကလေးပါ။ ဟောလိုးဝင်းပွဲနေ့မှာ ကျင်းပမယ့် သိပ္ပံပြပွဲမှာ အနိုင်ရဖို့အရေး အတော်ကိုကြိုးစားနေပေမယ့်၊ အိမ်နောက်ဖေးမီးလောင်လိုက် ပေါက်ကွဲလိုက်နဲ့ အဆင်ပြေတဲ့ ဖန်တီးမှုတစ်ခုတောင် မရသေးပါဘူး။ အိမ်တွင်းအောင်း အမှောင်ထဲပဲနေတဲ့ andy ကို သူ့အဖေက သူနည်းပြ လုပ်တဲ့ဘောလုံးအသင်းမှာ အန်ဒီ့ အစ်ကိုနဲ့အတူတူဘောလုံးကစားဖို့ အတင်းဆွဲခေါ်တော့ အန်ဒီ့ခမျာ တီထွင်စမ်းသပ်မှုလုပ်ချင်ပေမယ့် အချိန် ကောင်းကောင်းမရရှာဘူး ဖြစ်နေလေတယ်။ ဒီလိုနဲ့ ဖန်တီးမှုကောင်းကောင်းရဖို့ မြို့ပြင်က နာမည်ကြီး သိပ္ပံပညာရှင် ဒေါက်တာဖရန်ကန်စတိုင်းဆီ သွား တွေ့ပေမယ့် မတွေ့ခဲ့ရဘဲ ဒေါက်တာဖရန်ကန်စတိုင်းဖန်တီးထားတဲ့ အစိမ်း ရောင်မွန်းစတားလေးနဲ့ပဲ သွားတွေ့တယ်။ ဘောလုံးတအားကန်ချင်တဲ့ မွန်းစတားလေး ဖရန့်နဲ့ အန်ဒီတို့ နေရာချင်းလဲပြီး ကိုယ်ကြိုက်တာကိုယ်လုပ် နေကြရင်း မထင်မှတ်ထားတဲ့ မွန်းစတားကြီးတစ်ကောင် အန်ဒီတို့မြို့လေးကို ဝါးမြိုဖို့ ဖြစ်လာတဲ့အခါ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှု ခံစားကြည့်ကြပါဦးနော် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jerrica ဖြစ်ပါတယ်) File Size……….(700 MB) / (300 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 43mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Short, Adventure Translator…….Jerrica Encoder……….SWM

Horror • Mystery • Thriller
0 2013 48 mins
A Monsterous Holiday
Happy Feet Two
5.8

ဒီတစ်ခါမှာတော့ ချစ်စရာပင်ဂွင်းလေးတွေရဲ့ Happy Feet Two ဆိုတဲ့ ၂၀၁၁ ခုနှစ်ထွက် Family/Comedy ကာတွန်းကားလေးကို CM version နဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Feet 1 ရဲ့ Sequel ဖြစ်ပြီး ၁ ကိုမကြည့်ထားရင်တောင်မှ ဒီတိုင်း ၂ ကို စီးမျောကြည့်ရှုလို့ ရနိုင်မှာပါ။ ၁ မှာတုန်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့သလို ၂ မှာတော့ မိသားစု အသင်းအဖွဲ့စိတ်ဓာတ်က ဘယ်လောက်အရေးကြီးပုံနဲ့ အခက်အခဲတွေကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲပစ်တတ်ဖို့ လိုပုံတွေကို တင်ပြထားခဲ့ပါတယ်။ ၂ က ၁ လောက် မအောင်မြင်ခဲ့ပေမဲ့ တခြားသာမန်ကာတွန်းတွေနဲ့ ယှဉ်ရင်တော့ သီချင်းလေးတွေ အကအလှလေးတွေနဲ့ မျက်စိပသာဒဖြစ်စရာမို့ အတော်လေး ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ကာတွန်းကားလေးဖြစ်မှာ။ အသံသရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Elijah Wood (Lord of the ring ထဲက Frodo) က မန်ဘယ်အဖြစ်၊ Robin Williams (JumanJi 1995) က ရေမွန်နဲ့ Lovelace ဂုရုကြီးအဖြစ်၊ အဆိုတော်နဲ့သရုပ်ဆောင် E.G. DAILY က အဲရစ်ခ်အဖြစ်၊ Brad Pitt (World War Z/Bullet Train) က ပုစွန်ဆိတ်ကလေး ဝယ်လ်အဖြစ်၊ အဆိုတော် Pink က ဂလော်ရီယာအဖြစ် အသီးသီး ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့ သီချင်းမဆိုတတ်ပေမဲ့ အကနဲ့တင် အလှတရားလေးဂလော်ရီယာကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်ဘယ်က သူနဲ့တူတဲ့ သားလေးအဲရစ်ခ်အတွက် အဖေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပုံကနေ စခဲ့ပါတယ်။ သွေးကစကားပြောတယ်ဆိုရမလားမသိ၊ သူ့သားလေး အဲရစ်ခ်က တခြားပင်ဂွင်းငယ်လေးတွေလိုမဟုတ်ဘဲ သီချင်းမဆိုတတ်သလို အကမှာလည်း သူ့လိုမျိုး ကျွမ်းကျင်မှုမရှိတာကြောင့် ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့တာပါ။ ဒီလိုနဲ့ အဲရစ်ခ်က မန်ဘယ့်သူငယ်ချင်း ပင်ဂွင်းပုလေး ရေမွန့်နောက်ကိုလိုက်ရင်း အိမ်ပြေးလုပ်ဖို့ကြိုးစားတာမို့ သူက လိုက်ခေါ်ပြီး အပြန်လမ်းမှာတော့ သူတို့ပင်ဂွင်းတွေအတွက် မျိုးတုံးလုနီးနီး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အဲဒါကတော့ ရေခဲတောင်ကြီးတွေ ရွေ့လျားပြိုကျပြီး သူတို့နေတဲ့အင်ပါယာနယ်မြေတစ်ခုလုံးဟာ ရေခဲတောင်တွေကြား လေးဖက်လေးလံလုံးမှာ ပိတ်မိသွားရတာပါပဲ။ သူတို့ အင်ပါယာပင်ဂွင်းတစ်စုလုံး ပိတ်မိနေခဲ့ပြီး လွတ်နေတာဆိုလို့ သူတို့ သားအဖနှစ်ယောက်နဲ့ အဲရစ်ခ်ရဲ့သူငယ်ချင်းလေးတွေပဲရှိချိန်မှာ ဒီဒုက္ခဘေးကနေ လွတ်အောင် သူတို့ဘယ်လိုရုန်းထွက်ကြမလဲ… တကယ်ရော ရုန်းထွက်နိုင်မှာလား… ဘယ်လိုနည်းလမ်းမျိုးနဲ့များ ရေခဲတောင်တွေကြားက လွတ်အောင်ရုန်းထွက်ကြမလဲဆိုတာကိုတော့ လှုပ်လှုပ်ရွရွ ကာတွန်းကာရိုက်တာလေးတွေနဲ့ သာယာဖွယ် သီချင်းလေးတွေကို စီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီကာတွန်းကားလေးရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပါ) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Action • Adventure
5.8 2011
Happy Feet Two
Valhalla Rising

Doctor Strange ဇာတ်ကားထဲက Ancient One ကို Kill ခဲ့တဲ့ ဗီလိန်မင်းသားကြီး Mads Mikkelsen အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama/Adventure ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့ကာလတစ်ခုကို အခြေခံရိုက်ကူးထားပြီး ခရစ်ယန် ဘာသာရေးအထူးစစ်သားအဖွဲ့တစ်ဖွဲ့ဟာ ဂျေရုစလင် ကိုပြန်လည်သိမ်းပိုက်ဖို့အတွက် ချီတက်ရင်း မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုနဲ့ကြုံခဲ့ရပြီး ကျွန်းတစ်ကျွန်းကို ရောက်သွားရာကနေ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတွေအမျိုးမျိုးနဲ့ကြုံတွေရတဲ့အကြောင်းကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Adventure, Drama, Action, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2009
Valhalla Rising
Armored

ကျည်ကာ ကုန်ကားကုမ္ပဏီကို အလုပ်ဝင်ခါစ စစ်သားဟောင်း တိုင် ဟာ မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် တိုင်နဲ့ ညီဖြစ်သူ ဂျင်မီတို့ဟာအကြွေးတွေနဲ့ကျန်ခဲ့ပါတော့တယ်။ မိဘများမှ ဘဏ်တွင်အိမ်ကို အပေါင်ထားထားခဲ့ရာ ဘဏ်မှလည်း အိမ်ကိုသိမ်းမည့်အကြောင်း အကြောင်းကြားစာတွေလည်း အပို့ခံနေရပါတယ်။ ငွေကြေးအကျပ်အတည်း ရင်ဆိုင်နေရတုန်းမှာပဲ ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှ သယ်ယူပို့ဆောင်ပေးရမယ့် ငွေ ၄၂မီလီယံကို ခိုးယူကြဖို့ အကြံပြုလာပါတော့တယ်။ တိုင်တစ်ယောက် ဒုစရိုက်မှုနဲ့ အသိဉာဏ်ကြားလွန်ဆွဲရင်း ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ ဒေါ်လာ ၄၂ မီလီယံခိုးယူမယ့် အစီအစဉ်ရော အောင်မြင်မှာလား။ လောဘဖုံးလွှမ်းသွားရင် လူတွေက ဆင်ခြင်တုံတရားနည်းသွားပုံတို့ကို သည်းထိပ်ရင်ဖိုရိုက်ကူးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(711 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Crime, Drma, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2009
Armored
Following the Sound
6.1

Following The Sound (2023) ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးတို့အတွက် ဂျပန်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဒါရိုက်တာSugita Kyoshi ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဟာရုဆိုတဲ့ကောင်မ‌‌လေးဟာ ယူကီကိုရဲ့ မျက်နှာမှာ ဝမ်းနည်းနေတဲ့ပုံရိပ်တွေကို မြင်ရပြီး လမ်းမေးချင်ယောင်ဟန်ဆောင်ပြီး ယူကီနားအနားကို ချဉ်းကပ်ရင်း သူ့ရဲ့ ဝမ်းနည်းမှုတွေကို ဖြေဖျောက်ပေးဖို့ ကြိုးစားပါတယ်။ ပြီးတော့ ဟာရုတက်နေတဲ့ ရုပ်ရှင်ဖန်တီးရေး သင်တန်းကနေ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ဒါမှမဟုတ် အပေါင်းအသင်းမိတ်ဆွေတွေအပေါ်ကို ပြောချင်တဲ့စကားလေးတွေကို ဇာတ်လမ်းအနေနဲ့ ဖန်တီးခိုင်းပါတယ်။ ဒီတော့ ဟာရုလေးဟာ ယူကီကိုရဲ့ အထီးကျန်ဆန်တဲ့ ဝမ်းနည်းမှု တွေကို ဖြေဖျောက်ပေးရင်း သင်တန်းကနေ လုပ်ခိုင်းလာတဲ့ ဇာတ်လမ်းကို ဘယ်လိုတွေ ပုံဖော်သွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 874MB | 366MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Char Ou Encoder ….. Aaron

6.1 2023 84 mins
Following the Sound
Mischievous Kiss the Movie Part 1: High School
5.7

Mischievous Kiss: Highschool (2016) IMDb – 5.7 My Drama List – 7.4 1990 ခုနှစ် June လကနေ 1999ခုနှစ် March လအထိ ကိုးနှစ်တာ Margaret မဂ္ဂဇင်းမှာ ထည့်သွင်းရေးသားတင်ဆက်ခဲ့တဲ့ Mangaစာရေးဆရာ Kaoru Tada ရဲ့ Mangaအပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ စာညံ့တဲ့အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ အာအိဟာရာခိုတိုခိုက ကျောင်းရဲ့ထိပ်တန်းကျောင်းသား အီရိအဲနာအိုခိကို ပထမဆုံးတွေ့ခဲ့တဲ့အချိန်၊ ပထမနှစ်ကျောင်းဝင်ခွင့်အခမ်းအနားမှာပဲ စတင်ချစ်မိခဲ့ပါတယ်။ ဒီလိုနဲ့ သူ့အချစ်ကိုဖွင့်မပြောဘဲနေလာခဲ့တာ အခုဆို တတိယနှစ်တောင်ရောက်ခဲ့ပါပြီ။ တတိယနှစ်ပထမဆုံးနေ့မှာပဲ ခိုတိုခိုတစ်ယောက် သူ့အချစ်တွေကို ဝန်ခံဖို့အတွက်ဆုံးဖြတ်ပြီး အီရိအဲကိုစာပေးခဲ့ပါတယ်။ ဒါပေမဲ့ အီရိအဲကတော့ စာကိုယူတောင်မယူဘဲ စာညံ့တဲ့မိန်းကလေးတွေကို စိတ်မဝင်စားဘူးလို့ပြောပြီး တစ်ကျောင်းလုံး‌အရှေ့မှာ ငြင်းလိုက်ပါတော့တယ်။ တစ်ရက်မှာတော့ ခိုတိုခိုတို့က အိမ်အသစ်ကိုပြောင်းပြီး ပစ္စည်းတွေနေရာချတုန်းမှာပဲ ဆောက်လုပ်ရေးအဖွဲ့ရဲ့အမှားကြောင့် အိမ်ပြိုကျပြီး သတင်းမှာပါ ပါလာခဲ့တဲ့အတွက် ခိုတိုခိုတစ်ယောက် အရှက်ပေါ်အရှက်ဆင့်နေပါတယ်။ ခိုတိုခိုကိုကြိုက်နေတဲ့ ကင်းနိုဆကဲဆိုတဲ့ကောင်လေးက အီရိအဲကိုရန်သွားရှာတဲ့အခါမှာတော့ အီရိအဲက အလှူငွေထည့်ရင်ရပြီမလားလို့ပြောပြီး ပိုက်ဆံနဲ့ဖြေရှင်းဖို့လုပ်ပါတော့တယ်။ ဒါကို ခိုတိုခိုက အီရိအဲကို သေတောင် နင့်အပေါ်မှာတော့ ကျေးဇူးကြွေးအတင်မခံနိုင်ဘူးလို့ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ခိုတိုခိုရဲ့အဖေက သူ့ရဲ့ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ သွားနေရမယ်လို့ပြောပြီး အဲဒီအိမ်ကိုရောက်သွားတဲ့အခါမှာတော့ အီရိအဲရဲ့အိမ်ဖြစ်နေပါတယ်။ ခိုတိုခိုတစ်ယောက် အီရိအဲနဲ့ တစ်အိမ်တည်း တစ်ကျောင်းတည်းနေရင်း အီရိအဲကိုမေ့ပစ်နိုင်ပါ့မလား၊ အီရိအဲဘက်က ဘယ်လိုတွေဆက်ဆံဦးမလဲ၊ အီရိအဲတို့အိမ်မှာရော ခိုတိုခိုတို့ အဆင်ပြေပါ့မလား စတာတွေကို ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ကြရအောင် File size… 1.7 GB / 820 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

5.7 2016
Mischievous Kiss the Movie Part 1: High School
Archir Gallery
6

Archier Gallery 2023 (အာချီရဲ့ပြခန်း) ဒီတစ်ခေါက်မှာတော့ အရိုအချိုဒရာမာလေးတွေနဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ငယ်ငယ်လေးကတည်းက အမေဆုံးသွားလို့ အဖေနဲ့ပဲအတူတူကြီးပြင်းလာခဲ့ရတဲ့ မိတဆိုးလေးအာချီဟာ သူ့အဖေကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ဂရုစိုက်ပါတယ်။ အင်ဂျင်နီယာကျောင်းဆင်းဖြစ်တဲ့သူဟာ ဘန်ဂလိုမှာ အလုပ်ရခဲ့ပေမယ့် အဖေနဲ့ဝေးရာမှာဖြစ်နေတဲ့အတွက် အဖေ့ကိုစိတ်မချဘဲ အလုပ်ကနေ ၂ပတ်နဲ့ထွက်ခဲ့ပါတော့တယ်။ အဖေဖြစ်သူဟာလည်း သူ့မိန်းမရဲ့ အမှတ်တရတွေပြည့်နေတဲ့အိမ်ကနေ ဘယ်ကိုမှ မသွားဘူးဆိုတာကိုသိနေတဲ့ အာချီတစ်ယောက်ဟာ သူ့အဖေရှိရာမြို့မှာပဲ ပြန်လာနေထိုင်ရင်း အလုပ်ရှာခဲ့ပါတော့တယ်။ ဒီလိုနဲ့ အလုပ်ရပြီးနောက်မှာ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး အဲဒီကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ ဒီလိုနဲ့ သူချစ်မိသွားတဲ့ကောင်မလေးဟာ သူနဲ့တစ်ရုံးတည်းဖြစ်နေတာကို သိလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ ကောင်မလေးကို နည်းအမျိုးမျိုးသုံးပြီးတော့ လိုက်ပါတော့တယ်။ အာချီနဲ့ အဲဒီကောင်မလေးတို့ရဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ရိုရမလဲ ……. အဖေတစ်ခု သားတစ်ခုဘဝလေးထဲကိုရော အဲဒီကောင်မလေးက ဘယ်လိုတွေ ဝင်ရောက်လာမလဲ …. အာချီနဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဇာတ်သိမ်းလေးလှမလား ….. ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ Suri ~ Cyrah တို့ပဲဖြစ်ပါတယ်)

6 2023
Archir Gallery
The Beat Beneath My Feet
6.4

IMDB: 6.4 Rotten Tomatoes: 50% Genre: Comedy/Drama ဒီရုပ်ရှင်လေးကတော့ ၂၀၁၄ မှာထွက်ခဲ့တဲ့ ကြည့်လို့ကောင်းသော ဟာသ/ဒရာမာ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း တွမ်ဟိဆိုတာက အနုပညာပိုးတော်တော်လေးပါပေမယ့် အတော်လေးရှက်တတ်ကြောက်တတ်တဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ပါရမီရှိပေမယ့် တကယ့်တကယ်တမ်းလူတောမတိုးရဲပါဘူး။ အဖေနဲ့အမေကလည်း ငယ်ငယ်ထဲက ကွဲသွားတာကြောင့် Broken Family တစ်ခုကနေ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။ သူတို့အိမ်အောက်ကိုပြောင်းလာတဲ့ လူကလည်း လူမှုရေးနားမလည်၊ နေ့နေ့ညည သီချင်းတွေဖွင့်ပြီး သောင်းကျန်းနေတဲ့လူဖြစ်ပါတယ်။ ဒါပေမယ့် သိလိုက်ရတာက အဲဒီလူဟာ နာမည်ကြီးတီးဝိုင်းတစ်ခုက အခွန်ရှောင်လာတဲ့ ဂစ်တာသမား/အဆိုတော် မက်စ်စတုန်းဖြစ်ပါတယ်။ ဒါကိုသိသွားတဲ့ တွမ် ဟာ မက်စ်စတုန်းကိုဆရာတင်လိုက်ပါတယ်။ ဒီလိုနဲ့ ဆရာသမားနှစ်ယောက် ဘယ်လိုများရှေ့ဆက်ကြမှာလဲ။ File size… 1.7 GB / 766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

6.4 2014
The Beat Beneath My Feet
Twisted Twin
5.9

Twisted Twin (2020) ******************** IMDb… 5.9 ‎Tess ဆိုတဲ့ကောင်မလေးဟာ အမေဖြစ်သူနဲ့ အတူနေပြီး တက္ကသိုလ်တက်ဖို့ပြင်နေတဲ့ကောင်မလေးပေါ့… ‎တစ်နေ့တော့ တက္ကသိုလ်မတက်ခင် အကြိုလေ့လာရီးခရီးမှာ သူနဲ့ရုပ်ချင်းခွဲမရအောင်တူတဲ့ Sammy Crain ဆိုတဲ့ ကောင်မလေးတစ်ဦးဟာ သူ့ဆီ ချဉ်းကပ်လာပါတော့တယ်… Sammy Crain က ဘယ်သူလဲ… ဘာလို့ ရုပ်ချင်းဆင်နေရတာလဲ… သူ့ရဲ့အနားကိုရော ဘာအကြံနဲ့ ရောက်လာရတာလဲ… ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းမဲ့ Thriller/Action ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Eric ပဲ ဖြစ်ပါတယ်။) File Size : 1.50GB/ 690MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:28:24 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Tiff

5.9 2020 88 mins
Twisted Twin
Hidden in the Kunlun
5.8

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့်ရုပ်ရှင်ကားလေးကတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သည်းထိတ်ရင်ဖို သင်္ချိုင်းဂူဖောက်တဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ပါးစပ်ရာဇဝင်တွေအရ ခွမ်းလွန်တောင်ရဲ့ ခွမ်းလွန်ရွှီးလို့ခေါ်တဲ့နေရာမှာ အမြဲနုပျိုပြီးဘယ်တော့မှ မသေနိုင်တဲ့ နည်းလမ်းရှိတယ်ဆိုပြီး ဟန်မင်းကြီးကို အိပ်မက်ပေးခဲ့ပါတယ် အဲ့အခါမှာတော့ ရတနာတူးဖော်ရေး (သင်္ချိုင်းဂူဖောက်ပြီး ရတနာခိုးခြင်း)ခေါင်းဆောင် ဟော့အန်းကို အနောက်ပိုင်းသို့စေလွှတ်ပြီး အနောက်ပိုင်းဘုရင်မဆီမှာရှိတဲ့ ရတနာကို ယူလာဖို့အမိန့်ပေးလိုက်ပါတယ် အဲ့နောက်ပိုင်းအဖြစ်အပျက်တွေကိုတော့ မျိုးစုံပြောကြပေမယ့် တကယ့်ဖြစ်ရပ်မှန်ကိုတော့ ဘယ်သူမှ မသိကြပါဘူး အဲ့လိုနဲ့ နှစ်၂၀၀၀ ကြာပြီးနောက်မှာတော့ ကျန်းရှောင်းဟန်တစ်ယောက် ခွမ်းလွန်ရွှီးရဲ့ သဲလွန်စကိုရှာတွေ့ပြီး အဖြစ်မှန်ဖော်ထုတ်ဖို့သွားတဲ့ အဖေဖြစ်သူ ကျန်းယွီကို လိုက်ရှာခဲ့ရာကနေ ဇာတ်လမ်းလေးကစတင်ပါတော့တယ် တစ်ဖက်မှာလည်း ကျန်းယွီရဲ့သူငယ်ချင်းဖြစ်သူ ဆရာလင်ကလည်း ဟော့အန်းရဲ့ သင်္ချိုင်းဂူကိုရှာတွေ့ခဲ့ပေမယ့် ဂူတံခါးကို ဖွင့်မရဖြစ်နေခဲ့ပါတယ် အဲ့နောက်မှာတော့ ကျန်းရှောင်းဟန်နဲ့ ဝူဟောကါတို့ရောက်လာခဲ့ပြီး တံခါးကိုဖွင့်ဖို့ကြိုးစားရင်း မတော်တဆဖြစ်ပြီး တံခါးပွင့်ရုံတင်မဟုတ်ဘဲနဲ့ သူတို့နဲ့အတူ သူတို့ကိုလာကယ်တဲ့ လင်ကျွမ်းပါ အထဲကိုရောက်သွားခဲ့ပါတယ် အဲ့ထဲမှာ အန္တာရယ်ထောင်ချောက်တွေကိုကျော်လွန်ပြီးတော့ ဟော့အန်းရဲ့ အေးခဲခံထားရတဲ့အလောင်းရယ် နာမည်ကြီး ခွမ်းလွန်ပုလင်းရယ်ကိုရှာတွေ့တဲ့အပြင် သူ့အဖေရဲ့ ဓါးမြှောင်ကိုပါ တွေ့ခဲ့ရတော့ ကျန်းရှောင်းဟန်တစ်ယောက် မျှော်လင့်ချက်မီးစလေးရလာတာပေါ့ ဆရာလင်နဲ့သူ့အဖွဲ့က ခွမ်းလွန်ပုလင်းနဲ့ဟော့အန်းကို ခွဲထုတ်ပြီးနောက်မှာတော့ ခွမ်းလွန်ရွှီးဆီကို ခရီးနှင်ပါတော့တယ် ခွမ်းလွန်ရွှီးဆိုတာက ဘယ်လိုနေရာမျိုးလဲ ဒီကိစ္စရပ်တွေရဲ့ တကယ့်ဖြစ်ရပ်မှန်ကရော ဘာများဖြစ်မှာလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ဖို့ CMကနေအခုပဲ တင်ဆက်ပေးလိုက်ပါတယ်နော်

Documentary
5.8 2025
Hidden in the Kunlun