YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

White.Rabbit.2013.1080p.BluRay.(CM).mp4

1.87 GB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Praise This
7.2

Praise This IMDb 5.7 ဒီဇာတ်ကားကတော့ ခရစ်ယာန်ဓမ္မတေးအဖွဲ့တွေအကြားက ပြိုင်ပွဲအကြောင်း ရိုက်ပြထားတာပါ... ဆမ်ဆိုတဲ့ ကောင်မလေးဟာ မိခင်ဆုံးသွားကတည်းက ဖအေဖြစ်သူနဲ့နေရင်း LAမြို့မှာ ငဆိုးငပေလေးအဖြစ် ကြီးပြင်းလာခဲ့သူပါ... ဆမ်တစ်ယောက် ရုံးရောက်ဂတ်ရောက်ဖြစ်တာတဲ့အခါ LAမှာ ဆက်ထားဖို့ မသင့်တော့တာမို့ ဦးလေးလင်မယားရှိရာ အတ္တလန္တာကို ပို့လိုက်ပါတော့တယ်... ဘာသာတရားကိုင်းရှိုင်းတဲ့ ဦးလေးတို့လင်မယားမှာ ဆမ်ရဲ့ ညီမဝမ်းကွဲတော်စပ်သူ ဂျက်စ်ဆိုတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်... လူဆိုးနဲ့ လူကောင်း အတူယှဉ်တွဲနေထိုင်တဲ့အခါ တံငါနားနီး တံငါဆိုသလို ဆမ်လည်း ပြောင်းလဲလာပါတော့တယ်... ဒီဇာတ်လမ်းဟာ ဆမ်ဆိုတာထက် ဓမ္မတေးအဖွဲ့တွေအကြောင်း ချာ့ချ်တွေအကြောင်း တစ်ကျောင်း တစ်ဖွဲ့ချင်းစီရဲ့ ပုံစံလက္ခဏာ စည်းမျည်းစည်းကမ်းတွေနဲ့ အဆိုအကတွေကြောင့် ခပ်မြူးမြူးလေး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.3GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:50:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Crime • Mystery
7.2 2023 111 mins
Praise This
Innocent Vengeance
5

ဂျာကာတာမြို့က ဗိသုကာပညာရှင်တစ်ယောက်ရဲ့ တစ်ခုသောမွေးနေ့ကို ဇနီးနဲ့သားနဲ့အတူတူ ကြည်ကြည်နူးနူး ဖြတ်သန်းနေတဲ့ တစ်ညမှာပေါ့။ အိမ်ရှေ့ကတံခါးခေါက်သံကြားလိုက်ရလို့ ဗိသုကာပညာရှင်ဟာ ဒယ်လီသမားလာတယ်ထင်ပြီး တံခါးသွားဖွင့်ပေးလိုက်တယ်။ မထင်မှတ်ထားတဲ့ လူသုံးယောက်ကို တွေ့လိုက်ရလို့ တံခါးကိုပိတ်လိုက်ပေမဲ့ နောက်ကျသွားခဲ့ပြီ... တံခါးကိုအတင်းတွန်းဝင်လာပြီး အဆိုပါလူ၃ယောက်ဟာ သူ့မိန်းမနဲ့ကလေးကို သတ်သွားကြတယ်။ ဒီလိုအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် ရှင်ကျန်ခဲ့တဲ့သူဟာ အသက်ရှင်တယ်လို့ကို မခံစားရတော့ဘဲ ခေါက်ဆွဲပြုတ်ပဲစားရင်း အလုပ်ပဲလုပ်နေရင်း ထရော်မာအပြည့်နဲ့ရှင်သန်လာခဲ့တယ်။ ဒီလိုနဲ့ စိတ်ရောဂါကုဆရာဝန်မလေးတစ်‌ယောက်ဆီသွားဖို့ မိတ်ဆွေတစ်ယောက်က အကြံပေးလို့ သွားခဲ့တဲ့နောက် ဆရာဝန်မလှလှလေးကို တွေ့လိုက်ရတဲ့အခါမှာတော့... လူသတ်ခန်းတွေပါသလို Sex Scenes တွေပါ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 870MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 49Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy • Drama
5 2023 109 mins
Innocent Vengeance
Bellflower
6

အေဒင်နဲ့ဝုဒ်ရိုးဆိုတာ ကမ္ဘာပျက်မဲ့အချိန်ကိုစိတ်ကူးယဉ်ရင်းနဲ့ မီးသေနတ်တွေဖန်တီး ကားအလန်းစားတွေတည်ဆောက်ရင်း ဘဝကိုပေါ့ပေါ့လေးဖြတ်သန်းနေတဲ့သူငယ်ချင်းနှစ်ယောက်. တစ်ည ဘားမှာ မိုင်လီဆိုတဲ့စော်လေးကို ဝုဒ်ရိုးကကြွေသွားရင်း ဒိတ်ဖို့အထိပြောရာကနေ ရည်းစားတွေဖြစ်သွားခဲ့ပါတယ်။ နှစ်ယောက်စလုံးက ဘဝတွေကိုယ်စီနဲ့မလို့ အဆင်ပြေဖို့ခက်တာမလို့ အဆုံးသတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ရုပ်ရှင်အဆုံးသတ်မှာ ရှာဖွေရမှာပါ. ၂၀၁၁ကထွက်တာတဲ့ဇာတ်ကားဖြစ်ပြီးတော့ Indie စတိုင်ဇာတ်ကားဖြစ်ပြီး ဘဝမှာရှင်သန်ဖို့အတွက် ဘာတွေကိုရွေးချယ်ပြီး ဘာကိုပစ်ချထားခဲ့ရမယ် ဆိုတာကို စဉ်းစားစရာထွက်လာတာပါပဲ။ ထပ်ပြောရရင် ဘဲထားမယ်ဆိုလဲ မီးဟုန်းဟုန်းတောက်စေတဲ့သေနတ်မရှိတဲ့ ဘဲမျိုးကို ရွေးဖို့လိုမယ်ဆိုတာပါပဲ။ File size…1.35GB / 941MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 46m Genre ..... Action , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

TV Movie • Thriller
6 2011 106 mins
Bellflower
A Conspiracy of Faith
7

IMDB – 7.0/10 Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံး အထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူး ခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက် ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီ တောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာ နေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမား မိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့ လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ် အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကို ဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရော ဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင် နွဲရတဲ့အမှု ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ ကျွန်တော်တို့ စုံထောက်ကြီးကားလ်က ခါတိုင်းထက် အခြေအနေဆိုးနေတဲ့ပုံစံပါ ဘာယုံကြည်မှုမှ မရှိတဲ့ စုံထောက်တစ်ယောက် အာဆတ်နဲ့ ယုံကြည်မှုကိစ္စတွေ ရိုးရာမပြတ် ရန်သတ်ပြီး ဘယ်လိုဖော်ထုတ် ကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာပါဝင်လာတဲ့ အဓိကနောက် ဇာတ်ကောင်ကတော့ ကျွန်တော် CM မှာ ပြန်ဆိုထားတဲ့ ပင်လယ်ထဲကို ဖောင်နဲ့ စွန့်စွန့်စားစား အပြင်မှာ တကယ်သွားခဲ့တဲ့ Kon Tiki ရုပ်ရှင်ထဲ သော်ရ်နေရာ သရုပ်ဆောင်ထားတဲ့ မင်းသားလည်း အထူးသရုပ်ဆောင်ထားပါသေးတယ်။ File size…1.74GB / 674.8MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 52m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Comedy
7 2016 108 mins
A Conspiracy of Faith
Johnny English Reborn
6.2

IMDb Rating (6.3) ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။ Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo

Horror • Mystery • Thriller
6.2 2011 101 mins
Johnny English Reborn
The House That Never Dies II
3.7

သရဲကားကြိုက်သူများအတွက် Horror /Thriller ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ၁ ထွက်ရှိခဲ့ပြီး ၂၀၁၇ မှာတော့ ၂ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ အိမ်နံပါတ် ၈၁ မှာပဲစတာဖြစ်ပါတယ်။ အဲ့ဒီအိမ်ကြီးက ကိုလိုနီခေတ်က ဂုဏ်သတင်းကြီးတဲ့ ဗိုလ်မှူးတစ်​ယောက်ရဲ့အိမ်တော်ကြီးဖြစ်ခဲ့တာပေါ့။ အခုအချိန်မှာတော့ အပျက်အစီးတွေနဲ့ ပုံစံကိုကခြောက်ခြားစရာကောင်းလှတဲ့ သရဲအိမ်ကြီးဖြစ်လို့နေပါပြီ။ အိမ်ကြီးကိုပြုပြင်ဖို့အတွက်အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ဟာ ခြံဝန်းကိုရှင်းလင်းရင်းနဲ့အရိုးစုတစ်စုထွက်လာတာကနေစပါတယ်။ အိ မ်ကြီးရဲ့ရာဇဝင်ကိုသိထားကြတဲ့အလုပ်သမားတွေက အလုပ်ထွက်သွားကြတဲ့အခါ၊ ခေါင်းဆောင်တစ်ယောက်ပဲကျန်ရစ်ခဲ့ပါတော့တယ်။ ခေါင်းဆောင်ဟာအိမ်ကြီးမှာနေပြီး လုပ်ငန်းဆက်လုပ်ဖို့ပြင်တဲ့အခါ... အဲ့ဒီနောက်ပိုင်းကျောချမ်းစရာအဖြစ်အပျက်တွေဆက်တိုက်ဖြစ်လာရင်း... အိမ်ကြီးမှာကပ်တွယ်နေတဲ့ မကျွတ်မလွတ်တဲ့သရဲက ဘယ်လိုတွေခြောက်ခြားဖွယ်အရိပ်အယောင်တွေပြပြီး၊ ဘယ်လိုတွေခြောက်လှန့်မလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်းကိုယ်တိုင်သာကြောက်လိုက်ကြပါတော့။ Quality : WEB-DL 1080p , 480p Format: mp4 Genres : Drama , Horror , Mystery Runtime : 1h 37min Subtitle : Myanmar Subtitle ( hardsub ) Translated by Ann Chi , Nu Mon , Yin Wai Phyo Encoded By LK

Action • Adventure • Horror • Science Fiction • Thriller
3.7 2017 97 mins
The House That Never Dies II
Idol Recipe

ဒီတစ်ခါတော့ idol မူဗွီလေးပါ။ ဘယ်လာ ဆိုတဲ့ မကျော်ကြားသေးတဲ့ idol အဖွဲ့လေးတစ်ဖွဲ့ဟာ သူတို့ အေဂျင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် ကမောက်ကမတွေ ဖြစ်ပြီး အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလို အခက်အခဲတွေကို ဘယ်လာ အဖွဲ့ဝင်တွေက ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲ? စိန်ခေါ်မှုတွေကို အံတုနိုင်ပါ့မလား သူတို့ရည်မှန်းချက် အောင်မြင်မှုကို ရတဲ့ထိ ဆက်လှမ်းးနိုင်ပါ့မလား? အောင်မြင်ဖို့မပြောနဲ့ idol အဖွဲ့တစ်ဖွဲ့ဖြစ်လာဖို့ဆိုတာ ဘယ်လောက်တောင်မှ ခဲယဉ်းလဲ? ဒီလိုအခက်အခဲတွေကြားမှာမှ ဝေဖန်ခံရတဲ့အခါ idol အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဘယ်လို ခံစားရလဲ ဆိုတာ ဒီဇာတ်ကားလေးကြည့်ပြီး လေ့လာခံစားကြရအောင်ပါ။ File Size          :  1.8GB, 860MB & 428MB Quality            : 1080p WEB-DL, 720p WEB-DL & 480p Format            : mp4 Duration         : 1hr & 42mins Genre              : Comedy, Music Translated by  Song Song & Win Encoded by Kinnov

Action • Comedy
0 2022 102 mins
Idol Recipe
The Great Gatsby
7.4

(၁) တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။ (၂) ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။ (၃) ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။ (၄) မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ သူမျှော်လင့်တဲ့အနာဂတ်တစ်ဖြစ်လဲ သူ့အိပ်မက်တစ်ဖြစ်လဲ ဒီအလင်းပွင့်စိမ်းကလေးဆီ ဂတ်စ်ဘီ ခရီးရှည်ကြီးကိုဖြတ်သန်းပြီး လာခဲ့တယ်။ သူဟာ မျှော်လင့်ချက်တစ်ခု အချစ်တစ်ခုနဲ့ ဒါကိုတာက တဲကုပ်ကလေးကနေ ကျွန်တော်ကျောခိုင်းထားတဲ့ စံအိမ်ကြီးဆီအထိ အရောက်လှမ်းခဲ့တယ်။ ကျွန်တော့်ရောင်းရင်းကြီး ဂတ်စ်ဘီဟာ ဒီလောက်ထိမျှော်လင့်ချက်ကြီးခဲ့ အချစ်ကြီးခဲ့ ဝဋ်ကြီးခဲ့တဲ့သူပါ။ ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှလူတွေထဲ ဂတ်စ်ဘီဟာ မျှော်လင့်ချက်အကြီးဆုံးလူလို့ ကျွန်တော်ပြောရဲတယ်။ (၅) ဂတ်စ်ဘီရဲ့ ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်ညီမဝမ်းကွဲ ဒေစီလို့ပြောရင်လည်း မမှားဘူးပေါ့။ ကျွန်တော် ဂတ်စ်ဘီကို ပထမဆုံးတွေ့တာက နယူးယောက်က ပါတီတစ်ခုမှာပါ။ နယူးယောက်ဆိုတာထက် ဝက်စ်အက်ဂ်ပေါ့ဗျာ။ ဒေစီကတော့ ဝက်စ်အက်ဂ်နဲ့ ပင်လယ်အော်ကြီးခြားထားတဲ့ တစ်ဖက်ကမ်းက အိစ်အက်ဂ်မှာနေတယ်။ ဘယ်လောက်ပဲချမ်းသာပါစေ ခေတ်ပျက်သူဌေးတွေဟာ မျိုးနဲ့ရိုးနဲ့ချမ်းသာတဲ့ လူကုံထံတွေနေတဲ့ အိစ်အက်ဂ်ကို မကပ်နိုင်ခဲ့တာများလားပါပဲ။ ကျွန်တော့်ရောင်းရင်းကြီး ဂတ်စ်ဘီဟာ ဒေစီနဲ့နီးချင်လို့ ဒေစီ့အိမ်တစ်ဖက်ကမ်းက အိမ်ကိုဝယ်ခဲ့တယ်။ တစ်နေ့နေ့မှာ ဒေစီများ ရောက်လာမလားဆိုပြီး ခြိမ့်ခြိမ့်သဲစည်ကားတဲ့ ပါတီကြီးတွေပေးခဲ့တယ်။ သူငါးနှစ်လုံး အရိပ်မှမမြင်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီလောက်ထိလုပ်ခဲ့တဲ့သူပါ။ ဒေစီ့ကိုချစ်မိခဲ့တဲ့ လွန်ခဲ့တဲ့ငါးနှစ်ကစပြီး ဂတ်စ်ဘီဟာ သူ့ဘဝတစ်ခုလုံးကို ဒေစီ့ပေါ်ပုံအောလိုက်တဲ့အထိ အချစ်ကြီးခဲ့တဲ့သူပါပဲ။ (၆) နယူးယောက်က Queensboro တံတားကြီးကို ဖြတ်လိုက်ပြီးတာနဲ့ ဘာမဆိုဖြစ်လာနိုင်မယ်လို့ ကျွန်တော်ထင်မှတ်မှားခဲ့သလို ဂတ်စ်ဘီလည်း သူဘာမဆိုဖြစ်လာနိုင်မယ်လို့ ထင်မှတ်မှားခဲ့ပုံပါပဲ။ ဘယ်လိုပဲ အတိတ်ကံမကောင်းခဲ့ပါစေ ဒေစီနဲ့အတူ အတောက်ပဆုံးအနာဂတ်လေးကို ဖန်တီးနိုင်လိမ့်မယ်လို့ ဂတ်စ်ဘီ ထင်မှတ်ခဲ့တယ်။ တစ်ချိန်က တိမ်လိုလေလို လွင့်သွားခဲ့တဲ့ သူတို့ရဲ့ ချစ်ကမ္ဘာကြီးကို ပြန်တည်ဆောက်နိုင်မယ်လို့ ဂတ်စ်ဘီ ယုံကြည်ခဲ့တယ်။ ဒီလောကကြီးဟာ ကျွန်တော်တို့ထင်သလို လည်ပတ်နေတာ မဟုတ်ခဲ့တာကိုတော့ ဂတ်စ်ဘီရော ကျွန်တော်ရော မသိခဲ့ကြဘူးပေါ့။ ဒီမြက်ခင်းလဲ့ပြာတွေဆီအထိ ခရီးရှည်ကြီးလာခဲ့ရတဲ့ ဂတ်စ်ဘီဟာ ဝက်စ်အက်ဂ်နဲ့ အိစ်အက်ဂ်ကြားက ပင်လယ်အော်လေးကိုတော့ ဘယ်လိုမှ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ သူ ဘယ်လိုပဲကြိုးစားပြေးလည်း ဒေစီဆိုတဲ့ မီးပွင့်စိမ်းလေးဟာ သူ့အနောက်မှာ ကျန်ရစ်ခဲ့ပြီးသားဖြစ်နေလေတော့ သူ ဘယ်လိုမှ လက်လှမ်းမမီနိုင်ခဲ့ဘူးပေါ့။ (၇) သူမမီနိုင်ပါတဲ့ အိပ်မက်ကလေးနောက် ဂတ်စ်ဘီလိုက်ခဲ့တယ်။ သူ့အိပ်မက်ကလေးဟာ သူ့မျက်စိရှေ့တင်ရောက်နေပြီလို့ သူထင်ခဲ့တယ်။ ကျိန်းသေပေါက်ဖမ်းဆုပ်နိုင်ပြီလို့ ထင်မှတ်မှားခဲ့တယ်။ စစကတည်းကိုက သူ့အိပ်မက်ကလေးဟာ သူ့နောက်မှာ ကျန်ရစ်ခဲ့ပြီးသားဖြစ်နေတာကိုတော့ သူမသိခဲ့ပုံပါပဲ။ အလင်းပွင့်စိမ်းကလေးကို ဂတ်စ်ဘီ ယုံကြည်မျှော်လင့်ခဲ့ဖူးတယ်။ အလင်းပွင့်စိမ်းကလေးဟာ ကျွန်တော်တို့မျက်စိရှေ့တင်ပဲ တစ်စထက်တစ်စ မှေးမှိန်လာရင်း အဆုံးကျ ဂတ်စ်ဘီ လက်လွှတ်လိုက်ရတာပါပဲ။ ပသို့ပဲဆိုဆို ဂတ်စ်ဘီဟာ အရင်လိုဘ၀အစမှာ ပြန်ပြီးနေခွင့်ရခဲ့လည်း ဒေစီ့အတွက် အပြန်တစ်ရာမိုက်ဦး အဖန်တစ်ရာမှားဦးမယ့် သူဆိုတာ ကျွန်တော်သေချာနေတယ်။ (၈) ခင်ဗျားကို ကျွန်တော် "အတိတ်ကို ပြန်ပြင်လို့မရဘူး"လို့ ပြောတုန်းက "အတိတ်ကို ပြန်ပြင်လို့မရဘူးဆိုတဲ့ ခင်ဗျားအယူအဆမှားတယ်ဗျ"လို့ ခင်ဗျား ကျွန်တော့်ကို ပြန်ပြောခဲ့တာ မှတ်မိသေးလား ဂတ်စ်ဘီ။ ခင်ဗျားပြောသလို ကျွန်တော် မှားလိုက်ချင်ပါတယ်။ ခင်ဗျားရဲ့ အလင်းပွင့်စိမ်းကလေးကို ခင်ဗျား လက်လွတ်လိုက်ရတာကို ကျွန်တော်မမြင်ချင်ပါဘူး။ ဘယ်သူတစ်ဦးတစ်‌ယောက်ကမှ ဖျက်ဆီးမပစ်နိုင်တဲ့ အိပ်မက်တစ်ခုကို ဖုံးကွယ်ရင်း ကျွန်တော်တို့ရှေ့ ခင်ဗျားရပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ခင်ဗျား ဘယ်သူဆိုတာကို မှန်းဆခဲ့ကြဖူးတယ်။ ခင်ဗျားဘဝကို နားမလည်ပါဘဲ ခင်ဗျားကို အထင်မှားဖူးကြတယ်။ ကျွန်တော်လည်း ဒီအတိတ်ကို ပြန်ပြင်ချင်မိတယ်။ ပြန်ပြင်လို့ရမှာမဟုတ်တာတော့ သေချာသလောက်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နောက်နေ့တွေမှာ ကျွန်တော်တို့ ပိုကြိုးစားပြေးပြီး ကျွန်တော်တို့လက်တွေကို ပိုဝေးဝေး ဆန့်ထုတ်ကြမယ်။   တစ်နေ့နေ့မှာတော့...    ရေစီးလားရာကို စုန်ကန်ပြီး     အတိတ်နေ့တွေဆီ လမ်းမသွေဖီ,      လည်ပြန်ခေါ်ကာသွားမယ့်       လှေတွေကို        ကျွန်တော်တို့အတူ လှော်ခတ်ကြတာပေါ့။                                              - နစ်ကာရာဝေး ------ (၉) F. Scott Fitzgerald ရဲ့ The Great Gatsby ဝတ္တုဟာ သူ့ကို ပြန်ရိုက်ခဲ့ကြတဲ့ ရုပ်ရှင်များစွာထက် ပိုကျော်ကြားတဲ့ ဂန္တဝင်ဝတ္တုကြီးပါ။ ဇာတ်လမ်းသက်သက်ကြည့်ရင် အချစ်ကြီးတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲလို့ ယူဆလို့ရပေမဲ့ ထိုခေတ်ထိုအခါက အမေရိကန်အိပ်မက်တွေအကြောင်းကို သူ့အရေးအသားပညာနဲ့ metaphor တွေကို သုံးပြီး သရော်ထားတယ်လို့ ဆိုကြပါတယ်။ ရှာဖတ်ကြည့်သလောက်တော့ နောက်ဆုံးအပိတ်စာသားဆို နိမိတ်ပုံခေါ်ရမလားတော့မသိတဲ့ဟန်တွေရော တင်စားရေးသားမှုတွေရောသမထားတဲ့ ကဗျာစာကြောင်းဆန်ဆန်ဖြစ်နေတာကြောင့် ပရိသတ်တွေကြား အဓိပ္ပာယ်နည်းနည်းစီ ကွဲနေကြအထိပါပဲ။ အကောင်းမြင်တဲ့ဘက် ရောက်တဲ့စာကြောင်းပေမဲ့ b တွေအများကြီးသုံးထားတာက အတိတ်ရဲ့အလဲထိုးခံရတဲ့ ဂတ်စ်ဘီ့အဖြစ်ရဲ့ အငွေ့ပါအောင် B, beat down နဲ့ P, past ရဲ့ အငွေ့ပါအောင်သုံးထားတယ်လည်း ဆိုကြပါတယ်။ သို့ပေမဲ့ ဒီလိုစကားလုံးတွေက ကဗျာလို စကားလုံးတွေထက် ကျော်လွန်တဲ့ခံစားမှုကို ပေးချင်တဲ့အခါ သုံးကြတယ်လို့ ကျွန်တော်တော့မှတ်ယူပါတယ်။ ပြောရရင် ခံစားသူပေါ် ပိုမူတည်တယ်ထင်ပါတယ်။ ဒါရိုက်တာကလည်း ရှေ့စကားလုံးတွေမှာ စာအုပ်အတိုင်းအတိအကျယူတာနည်းပေမဲ့ ဒီအပိတ်ကိုတော့ အတိအကျကိုထည့်သုံးထားပါတယ်။ ဒါရိုက်တာဟာ စာအုပ်ကို သစ္စာမဖောက်ခဲ့ပါဘူး။ (၁၀) သရုပ်ဆောင်တွေမှာလည်း တိုဘီမက်ဂွိုင်းရားရဲ့ ဆွေးမြေ့မြေ့အသံဟာ စိတ်ကိုအတော်ဖမ်းစားနိုင်သလို လီယိုနာဒိုဆို ဂတ်စ်ဘီဇာတ်ရုပ်နဲ့ သူ့ထက်လိုက်မယ့်သူရှိမယ်မထင်လို့ ရှေ့ကားတွေကို ခုထိမကြည့်ဖြစ်တဲ့အထိပါပဲ။ ကျန်တဲ့သရုပ်ဆောင်တွေလည်း သူ့နည်းသူ့ဟန်ပီပြင်ကြသလို ဆုတွေလည်းရခဲ့ကြပါတယ်။ အော်စကာမှာ Best Production Design ဆုနဲ့ Costume Design ဆုရခဲ့သလို Cinematography ဆု, Editing ဆု၊ Original Score ဆုနဲ့ သရုပ်ဆောင်ဆုတွေကိုလည်း တခြားပွဲတွေက ရထားပါတယ်။ ရလည်းရသင့်ပါတယ်။ စီနီမာတို အသံ အခန်းအကူးတွေအကုန်လှပနေတဲ့ ဇာတ်လမ်းအရသာမက အမြင်ပိုင်း အသံပိုင်းအရပါ ဖမ်းစားနိုင်တဲ့ ရုပ်ရှင်ပါပဲ။ (၁၁) ဒါရိုက်တာ Baz Luhrmann ဟာ လီယိုနဲ့ရှေ့မှာ ရိုမီယိုဂျူးလီယက်ကားရိုက်ဖူးသလို Moulin Rouge တို့ Australia တို့လို အလှပဆုံးကားတွေကို ရိုက်ခဲ့တဲ့သူပါပဲ။ မဝေဖန်တတ်ပေမဲ့ တော်တော်လှလှပပပြတတ်တဲ့ ဒါရိုက်တာဆိုတာတော့ သေချာပါတယ်။ (၁၂) ပရိသတ်အတွက် ကားကောင်းဖြစ်သည့်တိုင်အောင်ပဲ ဝေဖန်ရေးသမားတွေကြားတော့ နှစ်ခြမ်းကွဲခဲ့ကြတဲ့ ရုပ်ရှင်ပါပဲ။ ရှေ့ကားတွေရော မူရင်းစာအုပ်ကြောင့်ရောကြောင့် ဖြစ်နိုင်ပေမဲ့ ကျွန်တော်တော့ တင်ဘာတန် ချာလီနဲ့ ချောကလက်စက်ရုံရဲ့ အရသာကို မူလကားက မီမယ်မထင်သလို ‌ဒါကိုလည်းမထင်ပါဘူး။ ကိုယ့်ရဲ့ပထမဆုံးအရသာတွေဟာ အကောင်းဆုံးဖြစ်သွားတတ်တာပဲမို့လား။ ဝေဖန်ရေးသမားတွေနှစ်ခြမ်းကွဲခဲ့ကြပေမဲ့ စာရေးဆရာရဲ့ မြေးမကတော့ ဒီရုပ်ရှင်ကို ချီးကျူးခဲ့ပြီး "Scott would have been proud"လို့ ထောပနာပြုခဲ့ပါတယ်။ (၁၃) The Great Gatsby ဟာ ကျွန်တော့်အတွက်တော့ ခဏခဏ သတိအရမိဆုံး ရုပ်ရှင်ပါပဲ။ စိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်ဆီကထွက်တဲ့ သီချင်းတွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ "အချစ်ဆိုတဲ့အရသာ" သီချင်းကို နားထောင်တိုင်း သတိရမိနေကျ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အချစ်ဆိုတဲ့အရသာဟာ ကျွန်တော်ရံဖန်ရံခါနား‌ထောင်ဖြစ်တဲ့ သီချင်းဖြစ်သလို ဒုတိယပိုဒ် "အရင်လို ဘ၀အစမှာ ပြန်ပြီးနေခွင့်ရတောင် အပြန်တစ်ရာမိုက်ဦးမှာ အဖန်တစ်ရာမှားဦးမှာ" နားရောက်တိုင်း ဂတ်စ်ဘီကို ပြေးမြင်မိစေတဲ့ သီချင်းလည်းဟုတ်ပါတယ်။ ဂတ်စ်ဘီဟာ ကျွန်တော့်အတွက် ခဏခဏ အမှတ်ရမိနေလောက်အောင် စွဲစေတဲ့ ရုပ်ရှင်ပါပဲ။ The Great Gatsby (2013) ဟာ မော်ဒန်ကလပ်စစ်ရုပ်ရှင်အဖြစ် သတ်မှတ်ခံရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.5GB, 1.36GB, 652MB Quality - Blu-ray 1080p, 720p, 360p IMDb Rating - 7.2/10 Format - mp4 Duration - 2H 23Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2013 143 mins
The Great Gatsby
Lady of the Dynasty

တကယ့်အဖြစ်အပျက်တွေက ပုံပြင်တွေထက် ဆန်းကြယ်တာမျိုးပဲထင်တယ်… ၇ ရာစုခန့်က တရုတ်ပြည် ထန်မင်းဆက်ခေတ်မှာ ရွှမ်ကျုံးဆိုတဲ့ ထန်ဧကရာဇ် စိုးစံတယ်…. သူဟာ ထန်ခေတ်ရဲ့အချောဆုံးအလှဆုံးဆိုနိုင်တဲ့ ရန်ယုဟွမ်ဆိုတဲ့ မိန်းကလေးကို တွေ့ပြီး မြင်မြင်ချင်း အရည်ပျော်သွားတာကြောင့် တော်ကောက်ဖို့လုပ်ပါတယ်… ပြသနာက အဲ့မိန်းကလေးဟာ သူ့ရဲ့သားနဲ့လက်ထပ်ထားသူဖြစ်ပြီး တနည်းအားဖြင့် သူ့ချွေးမဖြစ်နေပါတယ်…. ဒါပေမယ့်သူဟာ ရှင်ဘုရင်ဖြစ်ပြီး လိုချင်တာကိုရအောင်ယူနိုင်တဲ့လူဖြစ်နေတာကြောင့် အချစ်ရဲ့စေစားရာအတိုင်း ရန်ယုဟွမ်ကို မိဖုရားတင်မြှောက်ဖို့ မကြံကောင်းမစည်ရာတွေ ကြံစည်ပါတော့တယ်… ဒီလို အဆိပ်ပန်းသီးစားရတဲ့ချစ်ခြင်းတစ်ခုဟာ ဘယ်လိုဆက်သွားပြီး ရာဇဝင်မှာဘယ်လိုအဆုံးသတ်ရတယ်ဆိုတာ ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ကြာချိန်တိုတိုလေးအတွင်းမှာ ရှည်လျားထွေပြားပြီး သပွတ်အူလိုရှုပ်နေတဲ့ရာဇဝင်ကို ပြည့်စုံအောင်မရိုက်ကူးနိုင်တာကြောင့် ရာဇဝင်အပြည့်အစုံကို ဒီ Post https://www.facebook.com/tianxiadiyi888888/posts မှာ ဖတ်ကြည့်လို့ရပါတယ်။ ရုပ်ရှင်ကိုတော့ ရာဇဝင်နောက်ခံ ရသမြောက်အောင် ဖန်တီးတင်ဆက်ထားတာဖြစ်ပြီး အချောဆုံးအလှဆုံးမိဖုရားနေရာကနေ တရုတ်မင်းသမီးချော ဖန်ပင်းပင်းက တကယ့်ကိုလိုက်ဖက်စွာ သရုပ်ဆောင်ထားပါတယ်။

0 2015
Lady of the Dynasty
Love’s Greek to Me
5.9

Loves.Greek.To.Me 2023 ယခုတစ်ခါအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ IMDb 6.1/10 အထိရရှိထားတဲ့အချစ်ရိုမန့်ဒရာမာဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ် ဘဝမှာ အချစ်ပြီးရင် အချစ်လာဖို့အတွက်ဘာတွေလိုအပ်လဲ သူ့မိသားစု ကိုယ့်မိသားစုဆိုတာရော အိမ်ထောင်ရေးမှာ ဘယ်လောက်အရေးပါလဲ ချစ်သူနှစ်ဦးလက်တွဲဖို့ဆိုတာ အချိန်နေရာ ယဉ်ကျေးမှုစတဲ့အရာတွေကရော ဘယ်လောက်အရေးပါနေလဲ…. စတဲ့အကြောင်းအရာတွေကို ပြည့်စုံနေအောင် ရိုက်ကူးတင်ပြထားတဲ့ ဒီဇာတ်ကားလေးမှာ အီလာနာလို့ခေါ်တဲ့ အမေရိကန်သူတစ်ယောက် သူ့ရည်းစား ဂရိနိုင်ငံသားလေး မိုက်ခ်ဆီကို လက်ထပ်ပွဲတစ်ခုအတွက် သွားတဲ့အချိန်မှာ ကြုံတွေ့ရမဲ့ မိသားစုဆိုင်ရာ အခက်အခဲတွေ မတူညီတဲ့ရိုးရာတွေ စသည်ဖြင့် အချစ်နဲ့ဘဝကြား ဗျာများနေရပုံတွေကို အေးအေးဆေးဆေးကြည့်ရှုရမဲ့ ရိုမန့်ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ် ဂရိနိုင်ငံရဲ့အလှအပတွေကို ဖောဖောသီသီပါဝင်တာမို့ လှပတဲ့ရှုခင်းလေးတွေကို ခံစားကြည့်ရှုရင်း ပရိသတ်တို့ကိုယ်တိုင်လည်း မိုက်ခ်နဲ့အီလာနာတို့နေရာဝင်ခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် အချစ်ဆိုတာ အချိန်တွေနေရာတွေကို ဖြတ်သန်းသွားနိုင်တဲ့ အရာတစ်ခုပါ…. ဘာသာပြန်နဲ့အညွှန်းကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Comedy, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 791MB | 374MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

5.9 2023
Love’s Greek to Me
An Unfinished Life
7

An Unfinished Life (2005) ~ IMDb – 7/10, Rotten Tomatoes – 52% ~ ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။ Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။ အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ… ဂျင်းနဲ့ အိုင်နာတို့ ဆက်ဆံရေးကရော ဘာတွေဆက်ဖြစ်မလဲ… ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shein Waiyan မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 48Min Genre – Drama, Family, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shein Waiyan Encoded by Y

7 2005 108 mins
An Unfinished Life
Run Sweetheart Run
5.5

Run Sweetheart Run (2022) ===================== လော့အိန်ဂျလိစ်မြို့ရဲ့ မှောင်မိုက်တဲ့ လမ်းမတွေပေါ်မှာ ကောင်မလေး တစ်ယောက် ပြေးလွှားနေရတယ်။ သူ့စိတ်ထဲမှာကတော့ ဒါတွေ ဘယ် လိုလုပ်ပြီး ဒီအခြေအနေဖြစ်လာခဲ့သလဲဆိုတာပဲ တွေးမိနေတယ်။ ချယ် ရီလို့ ခေါ်တဲ့ ဒီ ကောင်မလေးက သူ့သူဌေးရဲ့ မိတ်ဆွေတစ်ယောက်နဲ့ ညစာစားဖို့ ထွက်လာခဲ့တာ။ အခုလိုမျိုး ကိုယ့်အသက်ကိုဖက်နဲ့ထုပ်ပြီး ဒီ မိတ်ဆွေဆိုတဲ့လူဆီကနေ တစ်ညလုံး ပြေးနေရလိမ့်လို့ မထင်ထားခဲ့ဘူး။ သူ့ကို အသည်းလေးဆိုတာ ပါးစပ်ကမချတဲ့ ဒီလူက ဘယ်လိုလူမျိုးလဲ။ ဘာဖြစ်လို့ သူ့နောက်ကနေ လိုက်နေရတာလဲ။ သူ့ကိုဘာဖြစ်လို့ လူတိုင်းက ကြောက်ကြတာလဲ။ သူ့သူဌေးနဲ့ ဒီလူတို့ကြား ဆက်ဆံရေးက ဘာတွေလဲ။ သူ့ရဲ့ ကြောင်နဲ့ကြွက်လို ကစားပွဲမှာရော ချယ်ရီတစ်ယောက် အသက်ရှင် နိုင်ပါ့မလား။ ဒါတွေတော့ ချယ်ရီ မသိဘူး သူသိတာကတော့ ဒီလူ ဖမ်းမိဖို့ နီးကပ်လာတိုင်း “ပြေးထား အသည်းလေး ပြေးထား”ဆိုတာပဲ ကြားနေမိ တယ်။ ချယ်ရီ တစ်ယောက် မနက်မိုးသောက်တဲ့အထိ ဒီလူရဲ့လက်ကနေ ပြေးနိုင်ပါ့မလားဆိုတာကိုတော့…..ဒီဇာတ်ကားလေးမှာ အဖြေရှာကြည့် ပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်) File Size……….(1.3 GB) / (538 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Brackman Encoder……….SWM

Horror
5.5 2022
Run Sweetheart Run
Raising Helen

၂၀၀၀ ခုနှစ်​ကျော်​ကာလတွေမှာ ခေတ်​စားခဲ့တဲ့ အမေရိကန်​ဟာသရုပ်ရှင်ကားတွေထဲက တစ်ကားနဲ့ မိတ်ဆက်​ပေးပါရစေ။ Family/Drama နဲ့ Comedy​ အမျိုး​အစား​ရုပ်ရှင်​ဖြစ်​ပြီး ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Helen Harris က နာမည်ကြီး​ ဖက်​ရှင်အေဂျင်စီတစ်ခုမှာ အလုပ်​လုပ်​တဲ့ ခေတ်​ဆန်​ဆန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့​မှာ သူ့အစ်မအကြီးဆုံး Lindsay တို့​ဇနီး​မောင်နှံ​ ကား​မှောက်​ပြီး ကွယ်​လွန်​သွား​ကြပါတယ်။ Lindsay က သေတမ်းစာ​မှာ သူ့ရဲ့​သားသမီးသုံးယောက်ကို ညီမအလတ်ဖြစ်တဲ့ မိခင်​အဖြစ်​ အတွေ့အကြုံ​ရှိပြီးသား Jenny လက်​ထဲမအပ်ခဲ့ဘဲ ထူးဆန်း​စွာနဲ့ ညီမ​အငယ်ဆုံး Helen လက်​ထဲအပ်ခဲ့ပါတယ်။ ဒီလို​နဲ့ မိခင်​တစ်​ဦး​ဖြစ်ဖို့ အသင့်မဖြစ်သေးတဲ့ Helen နဲ့ ကလေး​သုံး​ဦး​တို့​ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမှာပါ။ ဟာသ​ရုပ်ရှင်​ဆို​ပေမဲ့​ မိသားစု၊ ချစ်​ခြင်း​မေတ္တာ​နဲ့ ကိုယ့်ကိုယ်ကို ပြန်​လည်ရှာဖွေခြင်း စတဲ့ theme တွေ ထိတွေ့​ထားတဲ့​ လေးနက်​ကြည်နူးဖွယ် Drama​ အငွေ့အသက်များလည်း ပါဝင်​ပါတယ်။ Lindsay​ က သူ့ကလေးတွေ အုပ်​ထိန်း​ခွင့်​ကို Helen လက်​ထဲ ဘာလို့​ထည့်ပေးခဲ့တာလဲ ဆိုတဲ့အဖြေကိုလည်း ဇာတ်လမ်း​အဆုံး​မှာ တွေ့မြင်​ရမှာဖြစ်ပါတယ်။ ၂၁ ရာစုအစပိုင်းက ဇာတ်ကား​ကောင်းလေးကို တစ်ဖန်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2004
Raising Helen
My Dad is an Alien
6

သမီးအတွက် အဖေကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတဲ့ လောင်ကျင်းဟာ သမီးလေးကိုတစ်ယောက်ထဲပျိုးထောင်လာခဲ့တယ်။ သမီးလေးမူလတန်းကျောင်းကောင်းကောင်းမှာတက်ရဖို့အတွက် ထမင်းကြော်ရောင်းရင် အဆင့်မြင့်ကွန်ဒိုအတွက်စရံငွေပေးနိုင်အောင်ကြိုးစားခဲ့တယ်။ အရာအားလုံးအဆင်ပြေလို့ထင်ရတဲ့အချိန်မှာ ဦးနှောက်မှာကင်ဆာကြိတ်ရှိနေမှန်းသိလိုက်ရတဲ့အခါ…… အာကာသယာဉ်အရမ်းကြိုက်တဲ့သမီးလေးကို သူဟာဂြိုလ်သားပါ ကမ္ဘာကြီးကို ကယ်တင်ဖို့ ထွက်သွားရတော့မယ်ဆိုပြီး လိမ်ညာခဲ့တယ်။ သမီးလေးစိတ်မထိခိုက်ရအောင်ပြောခဲ့တဲ့ အဖြူရောင်မုသာဝါဒတွေကို ထိန်းဖို့ကြိုးစားရင်း သူ့ရဲ့နောက်ဆုံးအချိန်တွေကို သမီးလေးနဲ့အတူဖြတ်သန်းတဲ့ ရင်နင့်စရာကောင်းတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

6 2024
My Dad is an Alien
The Universal Theory
6.1

The Universal Theory (2024) IMDb Rating (6.1) / Rotten Tomatoes (70%) ဒီဇာတ်လမ်းကတော့ ၁၉၆၂ ခုနှစ်တုန်းက ဆွဇ်ဇာလန်နဲ့ ဂျာမနီနိုင်ငံတို့က သိပ္ပံပညာရှင်ကြီးတွေစုစည်းဦးဆောင်ပြီး အက်ပ်မြို့မှာပြုလုပ်ခဲ့တဲ့ ညီလာခံအကြောင်းကို မှီငြမ်းပြီးတော့ စိတ်ကူးယာဉ်ဆန်ဆန်ရိုက်ကားထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက quantum mechanics အဏုမြူနဲ့ပတ်သက်တဲ့ သီအိုရီတွေက ယနေ့ခေတ်လူတွေ သိမြင်လက်ခံထားတဲ့အဆင့်လိုမျိုးရောက်ခဲ့တာမဟုတ်ဘဲ ပညာရှင်တွေအချင်းချင်း သီအိုရီဖြစ်မဖြစ်ကို စမ်းသပ်အတည်ပြုနေဆဲကာလတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျိုဟန်ဆိုတဲ့ ၂၀ ကျော်ကောင်လေးတစ်ယောက်ဟာ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်သည့်တိုင်အောင် ဘယ်အရာကိုမှလက်ပွန်းတတီးလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကို နားလည်နေတဲ့မိခင်ဟာ မိသားစုဂုဏ်ကျပြီး ဘိုးဘွားတွေဆီကနေ အမ​ွေမရမှာစိုးရိမ်ပြီး သူ့ကို ပညာနယ်ပယ်မှာနာမည်ခံရှိတဲ့ သိပ္ပံပညာရှင်တစ်ယောက်လက်ထဲကိုထည့်ပေးခဲ့ပါတယ်။ ဘွဲ့လွန် ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ့ ဂျိုဟန်ဟာ သူ့ရဲ့ကြီးကြပ်သူပါမောက္ခစထရာတန်နဲ့အတူ ညီလာခံတစ်ခုကိုတက်ဖို့ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ ပြုစုနေတဲ့စာတမ်းက quantum mechanics ပေါ် အခြေခံထားတဲ့ အရာအားလုံးရဲ့ သီအိုရီ “The Theory of Everything” အကြောင်းပဲဖြစ်ပါတယ်။ Quantum Mechanics တောင်မှ မတွင်ကျယ်သေးတဲ့အချိန် ခိုင်မာမှုမရှိတဲ့အဲဒီဘာသာရပ်ကိုအခြေခံပြီး ထပ်ပြီးချဲ့ထွင်ရေးသားထားတာကိုမြင်လိုက်ရတဲ့အခါမှာ ငြင်းခုန်မှုတွေအကြီးအကျယ်စဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ ဆရာတပည့်နှစ်ယောက် ညီလာခံကိုရောက်သွားတဲ့အခါမှာ နောက်ထပ်ပါမောက္ခတစ်ယောက်ဖြစ်တဲ့ ဘလွန်းဘတ်ဆိုသူတွေ့ခဲ့ပါတယ်။ ပါမောက္ခဘလွန်းဘတ်က ဂျိုဟန်ရဲ့စာတမ်းကိုသဘောကျသွားပြီး အားပေးနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့ကျ ပါမောက္ခဘလွန်းဘတ်တစ်ယောက် ညီလာခံမဖြစ်မြောက်သွားလို့ ပြန်တော့မယ့်ဆဲဆဲ ပျောက်သွားပြီး သူ့ရဲ့အလောင်းလို့ယူဆရတဲ့ အလောင်းတစ်လောင်းပေါ်လာတဲ့အချိန်မှာတော့ ဖြစ်စဉ်တွေအားလုံး ဇောက်ထိုးမိုးမျှော်တွေဖြစ်သွားခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.2 GB) / (590 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….01:54:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Animation • Fantasy • Adventure • Action
6.1 2024 118 mins
The Universal Theory