YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

What Happens To My Family.EP41,(CM).mp4

558.22 MB 720p video/mp4 1012 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
Lionheart
6.5

အာဖရိကမှာ တာဝန်ထမ်းဆောင်နေတဲ့အထူးတပ်သားတစ်ယောက်ရှိတယ်။ လော့အိန်ဂျယ်လိမှာ သူ့ညီဟာ အရှင်လတ်လတ် မီးရှိခံလိုက်ရတဲ့ ရက်စက်တဲ့အဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရပေမဲ့ တပ်က သူ့ကိုအသိမပေးဘဲ ဖုံးထားခဲ့တယ်။ ဒီလိုနဲ့ သူသိသွားတဲ့အခါမှာ တပ်ကနေပြေးပြီး သူ့ညီရှိတဲ့ဆီ အပြေးသွားခဲ့တယ်။ လမ်းမှာ ငွေမရှိတော့ လမ်းဘေးထိုးပွဲတွေမှာ ဝင်ထိုးပြီး ငွေရှာရာကနေ နာမည်ကျော်တစ်ယောက်ဖြစ်လာခဲ့ပြီး ဒီနွံထဲက မရုန်းနိုင်ဘဲ သူ့ညီအတွက် သူ့မိသားစုအတွက် ကြေးမြင့်ထိုးပွဲတွေအထိပါ သူ့ရဲ့ ခြင်္သေ့လို နှလုံးသားနဲ့ ဆက်ထိုးရင်း တပ်ကလိုက်ဖမ်းတာကိုလည်း ရှောင်နေခဲ့ရတယ်။ ချစ်စိတ်လည်းကြီး သတ္တိလည်းကြီးတဲ့ သူ့နှလုံးသားနဲ့ ထိုးတဲ့ လက်သီးချက်တွေက သူ့မိသားစုဆီ ပြန်ရောက်ဖို ခြေတစ်လှမ်းပိုနီးလာစေမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ Lionheart ဟာ ဗန်ဒိန်းရဲ့ အက်ရှင်ခန်း ထိုးခန်း ချခန်း အလန်းစားတွေနဲ့ အက်ရှင်ကားကောင်းတစ်ကားပါ။ နပန်းပွဲတွေ ဆက်တိုက်ထိုးနေတာာကို ကြည့်ရတာမို ချခန်းတွေက တော်တော်လေး ကြည့်ကောင်းသလို မိသားစုအတွက် ဘာမဆိုလုပ်မယ့်လူတစ်ယောက်ရဲ့ ချစ်စိတ်ကိုပါ emotionalဖြစ်ဖြစ် တွဲဖက်မြင်ရမှာမို အက်ရှင်ခန်းလည်းမိုက် မာလှတဲ့အသည်းတွေကိုလည်း ထိခတ်စေမယ့် အက်ရှင်ကားကောင်းတစ်ကားပါပဲ။ ရိတ်တင်လည်း ၆ကျော်တာမို အက်ရှင်ကားအနေနဲ့ ဆို အတော်ကြည့်ကောင်းတယ်ပြောရပါမယ်။ အက်ရှင်ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဗန်ဒိန်းရဲ့ အကြမ်းစား ထိုးခန်းသတ်ခန်းတွေနဲ့ ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားဆိုလည်း မမှားပါဘူး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:42:00 Type__Action , Crime , Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Action • Comedy • Thriller
6.5 1990 105 mins
Lionheart
Falling Down
7.4

နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Action ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်က သူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေက သူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Action • Comedy • Fantasy
7.4 1993 113 mins
Falling Down
I Am Mother
6.7

Netflix က ရိုက်ပြီး IMDb 6.8 ရထားတဲ့ SciFi ကားလေးပါ ကမ္ဘာကြီးပျက်ပြီး လူသားမျိုးနွယ် မျိုးတုန်းလုဖြစ်နေတဲ့ အချိန်မှာ Mother လို့အမည်ရတဲ့ စက်ရုပ်တစ်ရုပ်က လူသားမျိုးစိတ် သန္ဓေသားလောင်းလေးတွေထဲကနေ တစ်ခုကိုယူပြီး သမီးလေးတစ်ယောက်ကို အရာရာတတ်မြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တယ် အပြင်မှာ ရောဂါပိုးတွေ အန္တရာယ်ကြောင့်ဆိုပြီး မိန်းကလေးကို အပြင်ထွက်ခွင့်လုံးဝမပေးခဲ့ဘူး မိန်းကလေးဟာ ဆယ်ကျော်သက်အရွယ်ကောင်မလေးဖြစ်တဲ့အထိ အပြင်ကိုထွက်ခွင့်မရခဲ့သလို တခြားလူသားတစ်ယောက်မှလဲမမြင်ခဲ့ရပါဘူး တစ်နေ့သူတို့ရဲ့ အဆောက်အအုံရှေ့ကို အမျိုးသမီးတစ်ယောက် သေနတ်ဒဏ်ရာနဲ့ အကူအညီလာတောင်းလို့ တံခါးဖွင့်ပေးခဲ့မိတာကစလို့ Mother စက်ရုပ်ပြောတာနဲ့ အမျိုးသမီးပြောတဲ့စကားတွေဟာ မကိုက်ညီဘူးဖြစ်နေတာတွေ့ရတယ် မိန်းကလေးဟာ အမျိုးသမီးစကားကိုယုံပြီး အပြင်ကိုလိုက်သွားခဲ့တဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံမလဲ ဘယ်သူ့စကားဟာ အမှန်ဖြစ်မလဲ အပြင်မှာ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှူရမှာပါ (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ)

Drama • Sci-Fi & Fantasy
6.7 2019 114 mins
I Am Mother
Kisna
4.5

ဤဘဒ္ဒကမ္ဘာလောကမှာ ကမ္ဘာဦးအစကတည်းက ဆင့်ကဲပြောင်းလဲခြင်းတွေ များမြောင်စွာဖြစ်ပေါ်လာခဲ့ပါတယ်.. လူသားတွေ ပြောင်းလဲလာတယ်…မြစ်ချောင်းအင်းအိုင်တွေ ပြောင်းလဲလာခဲ့တယ်..နိုင်ငံတွေ ဖြစ်ပေါ်လာတယ် လူ့စိတ်သဘောထားတွေ ပြောင်းလဲလာတယ်… ဒီထဲမွာမွ မပြောင်းလဲဘဲ တည်မြဲနေတာဆိုလို့ အချစ်စစ်ပဲရှိပါတယ်… ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ကစ္စနဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ အချစ်စစ်တို့သက်သေထူရာကို ဖေါ်ပြထားတဲ့ ကားလေးပါ.. ၁၉၄၇ခုနှစ် အစောပိုင်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးမရခင် ဗြိတိသျှတို့ အိန္ဒိယမြေပေါ် အုပ်စိုးခဲ့စဉ်က…။ ကစ္စန..ကက်သရင်း..လက်ရှမီးဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဖေါ်ကျူးရိုက်ကူးထားပါတယ်… ဒီကားလေးဟာ သိပ်ကိုနူးညံ့လွန်းတယ်.. ရင်ထဲလည်း ပီတိဖြစ်ရပါတယ် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့ ကြေညာလိုက်တော့ နိုင်ငံတွင်း ဗြိတိသျှအရာရှိတွေကို အင်္ဂလန်အမီ ပြန်ခိုင်းတယ်.. ဒီထဲမွာ ကက်သရင်းရဲ့အဖေနဲ့ အေမဟာ အသတ်ခံလိုက်ရပါတယ် တစ်ဦးတည်းကျန်ခဲ့တဲ့ သူငယ်ချင်းမလေး ကက်သရင်းကို အိန္ဒိယသားလေး ကစ္စနက ဘေးမသီရန်မခဘဲ ဘေးကင်းရာကို ပို့ပေးရမှာပါ… ကိုယ့်မိသားစုက သူ့မိဘတွေကို ရန်သူလို့ သတ်မှတ်ပြီး လိုက်သတ်နေတဲ့ကြားထဲက မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ကက်သရင်းကို ကယ်တင်ရင်းနဲ့….။ ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူး ခွဲခွာခြင်းဟာလည်း အချစ်ရဲ့တစ်စိတ်တစ်ဒေသပါပဲ တစ်ခါတလေကျရင် စွန့်လွှတ်ခြင်းက အချစ်ကို ပိုလို့တိုးလာစေပါတယ် အချစ်မှာ ကောင်းခြင်းတွေရတတ်သလို ခွဲခွါခြင်းမှာလည်း ကောင်းခြင်းတွေ ရတတ်ပါတယ် အချစ်ဆိုတာက အတူတူနေရဖို့ပဲမှ မဟုတ်တာ.. ဒီတော့ ရိုချင်သူ FA နဲ့ ဆော်ပစ် ဘဲပစ်များ စောက်ကိုက် တစ်သျှူးဆောင်ပြီး ကြည့်လို့ရပါပြီလို့ ညွှန်းပေးလိုက်ပါတယ်…

Comedy • Romance
4.5 2005
Kisna
Afwaah
5.2

Afwaah (2023) ********************* IMDb-5.2/10 Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီး အမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်။ သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျ ပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာ အရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း ပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့ လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီက မနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့ နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။ အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင် နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့ နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ…..။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Zwe,Moon,BpL,ThaikSanတို့ပဲဖြစ်ပါတယ်)

5.2 2023 126 mins
Afwaah
Shade
6.3

Genre – Crime, Thriller IMDB – 6.3/10 သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာမျိုး ကတုံးပေါ် ထိပ်ကွက်တာမျိုး တစ်ပတ်ရိုက်တာမျိုးတွေ သဘောကျသပါ့ဆိုရင်တော့ ဒီ ပိုကာဖဲကားလေး လာပြီဗျို့။ Ocean Trilogy တို့ 21 တို့ Rounders တို့လို လောင်းကစားကို အခြေခံပြီး စိတ်ဝင်စားဖွယ်ရာ ဇာတ်ကွက်တွေ မထင်ထားရလောက်အောင် ဖြစ်သွားတဲ့ လှည့်ကွက်တွေနဲ့ ဇာတ်ကားမျိုးတွေ ကျွန်တော်တို့ သိပ်သဘောကျခဲ့ကြတာပေါ့။ လူတွေကို အယုံသွင်း အားနည်းချက်ကို အခွင့်ကောင်းကိုယူ လူလိမ်ချင်းတောင် နည်းနည်းလျှော့တွက်မိရင် ခံရတာမျိုးတွေကို အပြင်ကနေကြည့်ရင်း အားကျမိတာမျိုး ရှိသလို လက်တွေ့ဘဝအတွက်လည်း သင်ခန်းစာရတာတွေလည်း ရှိခဲ့ကြပါတယ်။ ကဲ ကြာပါတယ် ဇာတ်ကားအကြောင်း ပြောကြတာပေါ့။ ဇာတ်လမ်းက တိုတိုပြောရရင် ဒါမျိုးကားတွေက အညွန်းရေးရတာ မကောင်းဘူး Spoiler တွေ ပါကုန်မှာစိုးလို့ တကယ်တမ်း ဒီကားဆို နာရီဝက်လောက်ကတည်းက လှည့်ကွက်တွေက စသုံးနေပြီ။ ဒီတော့ ပထမဆုံး ဒီကားအခြေခံထားတာက အယ်အေ ပိုကာဖဲလောကပေါ့နော် အဲဒီမှာ ဘုရင်တစ်ဆူ ရှိတယ် နံပါတ် ၁ ပေါ့ သူ့ကို ဒင်းန်လို့ သမုတ်ကြတယ်။ ပြီးတော့ လူတွေကို ရိုက်စားလုပ်နေတဲ့ ချာလီနဲ့ တွဲဖက်မိန်းကလေး တစ်ဖနီဆိုတာရှိတယ်။ သူတို့က ဖဲဆော့တာ လက်ရည်ကောင်းလို့ဆိုပြီး ပါလာတဲ့ ဂျန်နင်းရှိမယ်။ တတိယလူအဖြစ် ဖဲကိုင်တဲ့နေရာမှာ ဆရာကျပြီး ချာလီနဲ့ အလုပ်တွဲ လုပ်ဖူးတဲ့ ဗာနွန်ပါလာမယ်။ ဒီအုပ်စုကြီးက ဒီ ဒင်းန်ဆိုတဲ့ ဆရာကြီးကို ဝိုင်းဖြုတ်ကြမယ်ပေါ့။ တစ်ဖက်မှာလည်း လူမိုက်ဂိုဏ်းတို့ဘာတို့ကလည်း တစ်ဇာတ်လမ်းပေါ့လေ ကြည့်ရင်းနဲ့တော့ ရှင်းသွားပါလိမ့်မယ် သိပ်အများကြီး ပြောလို့မရဘူး ဖြစ်နေတော့။ သရုပ်ဆောင်တွေကလည်း ဆရာတွေနော် The Usual Suspect ထဲက မင်းသားကြီး Gabriel Byrne တို့ မင်းသား Jamie Foxx တို့ Stallone တို့ MI 2 ထဲက မင်းသမီးတို့ နောက်ပြီး အဲဒီခေတ် Queen of the Damned တို့နဲ့ မိုက်ခဲ့တဲ့ မင်းသား Stuart Townsend တို့ အစုံအလင် ပါဝင်ထားကြတာပါ။ သိပ်လေရှည်လို့ မရတဲ့ကားဆိုတော့ သွားကြည့်တာပဲ ကောင်းပါလိမ့်မယ် မိတ်ဆွေတို့။ File size…1.84GB / 784MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 41m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

6.3 2003
Shade
Cat Person
6.2

ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို thrillerဆန်ဆန်မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ….။ အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Jonesကလည်း ခုမှ အသက် ၂၁နှစ်ပဲရှိသေးတာမို့ ငယ်ရွယ်လှပတဲ့ ဒီဇာတ်ရုပ်နဲ့ ကွက်တိကျနေမှာပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့ မာဂေါ့ဟာ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး၊ ရုပ်ရှင်ရုံမှာ အချိန်ပိုင်းအလုပ်လုပ်တဲ့ အလုပ်သမလေးပေါ့…။ ငယ်ရွယ်သူတိုင်းမှာ အချစ်ဇာတ်လမ်းကိုယ်စီရှိကြသလို မာဂေါ့ဟာလည်း ရုပ်ရှင်လာကြည့်နေကျ လူကြီးတစ်ယောက်ကိုမှ သဘောကျသွားမိပါတယ်….။ ဒီလိုနဲ့ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၃၀ ဝန်းကျင် လူကြီးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးစခဲ့ပါတယ်…။ အစပိုင်းမှာတော့ အချင်းချင်း အချင်းချင်းစာပို့ရင်း ကြည်နူးကြရင်းနဲ့ နောက်ပိုင်းမှာချိန်းတွေ့မိသွားတဲ့အခါ… ဘယ်သူက ဘယ်လို redflagဖြစ်နေမလဲဆိုတာကို Drama၊ thrillerဆန်ဆန် ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်…။ File size…1.08GB / 519MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.2 2023
Cat Person
Inside the Yellow Cocoon Shell
6.7

ဒီဇာတ်ကားက ဗီယက်နမ်​စကား​ပြောရုပ်ရှင်ဖြစ်ပြီး ဗီယက်​နမ်​ဒါရိုက်တာ​ Phạm Thiên Ân ရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ်။ သဘာဝတရား၊ ယုံကြည်ခြင်းနဲ့ စိတ်​ဝိညာဉ်​ကိုပြန်လည်ရှာဖွေခြင်း အငွေ့အသက်​တွေထုံလွှမ်းထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes ရုပ်​ရှင်​ပွဲတော်မှာ Camera d’or ဆုကိုဆွတ်ခူးခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ ဆိုင်းဂုံမြို့ (ဟိုချီမင်းမြို့)​မှာနေတဲ့ Thiên ဆိုတဲ့လူငယ်တစ်ယောက်ဟာ မရီး​ဖြစ်သူ အက်ဆီးဒင့်တစ်ခုမှာသေဆုံးပြီးနောက် ရုပ်အလောင်းကိုမွေးရပ်မြေတောင်တန်းဒေသကို ပြန်ပို့ပေးဖို့အကြောင်းဖန်လာပါတယ်။ Thiên​ ကလေးဘဝမှာနေထိုင်ခဲ့တဲ့တောင်ပေါ်ကျေးလက်ဒေသကို မရီးရဲ့ကျန်ရစ်သူ သားဖြစ်တဲ့ ငါးနှစ်သားကလေးငယ်နဲ့အတူ ပြန်​သွားပြီးခေတ္တနေထိုင်ဖြစ်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ ဒေသခံ​တွေရဲ့ဘာသာရေးယုံကြည်မှုတွေနဲ့သဟဇာတဖြစ်ဖို့ ရုန်းကန်​နေရတဲ့ Thiên​ ရဲ့ အဇ္ဈတ္တ​လွန်​ဆွဲမှုနဲ့အတူ ကွယ်​လွန်သူမရီးရဲ့ ခင်ပွန်းဖြစ်တဲ့ Thiên​ ရဲ့ပျောက်ဆုံးနေတဲ့အစ်ကိုကို စုံစမ်း​ရပုံတို့ကို ရိုး​ရှင်း​စွာတင်ဆက်ထားတာဖြစ်ပါတယ်။ ကြားထဲမှာ အဆက်အစပ်သိပ်မရှိလှတဲ့ အဖြစ်အပျက်တွေနဲ့အတူ အတိတ်​ကိုတူးဆွခြင်း ယုံကြည်​မှုကိုပြန်လည်ရှာဖွေခြင်းသဘောတရားတွေကို ထည့်သွင်း​ပုံဖော်ထားပါတယ်။ ဇာတ်လမ်း​က ရိုးရှင်းပေမဲ့ Cinematography ကတော့ဆန်းပြားလှပပြီး ရုပ်ရှင်​ဝေဖန်​သူတွေ ချီးမွမ်း​ခံရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Cannes အပြင်​ တခြား​သောရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရရှိခဲ့ပါတယ်။ ဇာတ်လမ်း​အမျိုး​အစားက Drama/Narrative ဖြစ်ပါတယ်။ ဒိုင်​ယာလော့ဂ်နည်းပြီး visual ပိုင်းကိုအသားပေးထားတာဖြစ်သလို ရှည်လျား​တဲ့ရိုက်ချက်တွေနဲ့ သမာရိုးကျမဟုတ်တဲ့တင်ပြပုံကြောင့်လည်း ဒီဇာတ်ကားကို ရုပ်ရှင်​ဝေဖန်​သူတွေအကြိုက်တွေ့ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်​တောင်ပေါ်​ကျေးလက်ဒေသရဲ့ လှပတဲ့ရှုခင်းတွေကိုလည်းမြင်တွေ့​ရမှာပါ။ ဇာတ်​လမ်းက တချို့​ပရိသတ်​တွေအတွက် ပျင်း​ရိ​စရာ​ကောင်းနိုင်ပေမဲ့ Cinematography​ နဲ့တင်ကြည့်ရတန်နေပြီလို့ဆိုနိုင်ပါတယ်။ Art​ House ရုပ်ရှင်​တွေကို​နှစ်သက်​သလို အချိန်​လည်းပေးပြီး စိတ်​အေးလက်အေးကြည့်ရှုခံစားနိုင်တဲ့ပရိသတ်တွေ ကြည့်ရှူသင့်တဲ့ဇာတ်ကားပါ။ File size…(3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

6.7 2023 179 mins
Inside the Yellow Cocoon Shell
Project Silence

Project Silence (2024) ********************** Parasite ဇာတ်ကားထဲမှ မင်းသားကြီး Lee Sun-Kyun ကို တမ်းတလွမ်းဆွတ်နေကြတဲ့ ပရိသတ်ကြီးအတွက် ဒီနေ့မှာ မင်းသားကြီးရဲ့ ရုပ်ရှင်ကားတစ်ကား ထွက်ရှိလို့လာခဲ့ပါပြီ။ Lee Sun-Kyun နဲ့အတူ Kingdom ထဲမှ Ju Ji-Hoon, Kim Hee Won နှင့် အတူ အခြား နာမည်ကြီး ဇာတ်ပို့ဇာတ်ရံများလည်း ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအညွှန်း- တစ်နေ့မှာ ကိုးရီးယားနိုင်ငံရဲ့ရုတ်ချည်းရာသီဥတုဆိုးဝါးလာမှုကြောင့် မြူဆိုင်းအန္တရာယ်ကြုံတွေ့နိုင်ရကြောင်း နိုင်ငံတွင်းမှာ အသိပေးစာထုတ်ပြန်ထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ချာဂျောင်းဝန်းလိုခေါ်တဲ့အမျိုးသားဟာ သူ့သမီးလေးကို နိုင်ငံတကာလေဆိပ်ကို လိုက်ပို့ရင်းနဲ့ လေဆိပ်သို့အသွား တံတားပေါ်ကိုရောက်လာတဲ့အခါ မြူဆိုင်းအန္တရာယ်ကြောင့် ယာဉ်တိုက်မှုအကြီးနဲ့ ကြုံတွေ့ရပြီး သားအဖနှစ်ယောက်ပါ တံတားပေါ် ပိတ်မိနေပါတော့တယ်။ ပြည်သူလူထုတွေ ပိတ်မိနေရုံမက စစ်တပ်ဦးဆောင်တဲ့ လျှို့ဝှက်စမ်းသပ်ချက်ရဲ့အစမ်းသပ်ခံတွေကို ပြောင်းရွေ့ရေးအဖွဲ့ဟာလည်း တံတားပေါ် ပိတ်မိနေတဲ့အပြင် ယာဉ်တိုက်မှုကြောင့် အစမ်းသပ်ခံများပါ လွတ်မြောက်သွားပါတယ်။ အစမ်းသပ်ခံများက သားကောင်ကို ပစ်မှတ်ထားတိုက်ခိုက်တတ်ကြတဲ့ ရက်စက်ကြုမ်းကြုပ်တဲ့ ခွေးသတ္တဝါကြီးများဖြစ်နေကြတဲ့အလျောက် ဒီအန္တရာယ်ကနေ ချာဂျောင်းဝန်းသားအဖတို့အပါအဝင် တံတားပေါ်မှာရှိတဲ့လူတွေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပြီး စစ်တပ်ဘက်ကရော သတ္တဝါတွေအပေါ် ဘယ်လိုစမ်းသပ်ချက်တွေကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ စမ်းသပ်လုပ်ဆောင်နေသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ရေးသားထားပါတယ်။) File size…1.23GB / 500MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Action, Thriller, Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Emily Thinn, Phyu Sin, Stary & Treasure Htet

0 2024 96 mins
Project Silence
Holiday Adventure
5.5

ကျောင်းပိတ်ရက်မှာ အဖွားအိမ်ကိုပို့ခံရတဲ့ ကလေး၂ယောက်ရဲ့စွန့်စားခန်းဇာတ်လမ်းဖြစ်ပါတယ်။ ဟောင်ရှောင်ကျင့်နဲ့ ကျော်ထျန်းရီးတိူ့ရဲ့အဖေဟာ နိုင်ငံခြားကိုအလုပ်နဲ့သွားရမှာဖြစ်တဲ့အတွက် သူတို့၂ယောက်ကို အဖွားအိမ်မှာထားခဲ့ရပါတယ်။ ထျန်းရီးကအဖွားအိမ်မှာလုံးဝမနေချင်ပဲ ငြင်းဆန်ပြီးပုန်ကန်နေခဲ့တယ်။ အဖွားအိမ်ကနေထွက်ပြေးသွားလို့လိုက်ရှာရတဲ့အထိဖြစ်ခဲ့တယ်။ သူငယ်ချင်းအသစ်တွေရလာပြီး တဖြည်းဖြည်းနဲ့ အဖွားကိုနားလည်သွားတဲ့အခါမှာတော့ ဒီပတ်ဝန်းကျင်အသစ်မှာပျော်လာပါတယ်။ သူတို့မောင်နှမ၂ယောက်ဟာ အဖွားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ ခရီးစဉ်တစ်ခုကို သူတို့ရဲ့သူငယ်ချင်းအသစ်လေးတွေနဲ့စပြီး အစီအစဉ်ဆွဲပါတယ်။ ကလေးတွေရဲ့ဒီအစီအစဉ်ဟာ တကယ်ဖြစ်လာနိုင်ပါ့မလား။ သူတို့စွန့်စားခန်းရဲ့အဆုံးသတ်ကရော ဘယ်လိုဖြစ်လာမလဲ။

5.5 2024
Holiday Adventure
Maryade Prashne
6.7

Maryade Prashne (2024) “အလွှာ” လူတန်းစားအလွှာကွာခြားမှုကို ပြထားတဲ့ ကန်နားဒါး ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မန်ဂျာ ဆာတစ်ရှ်နဲ့ ဆူရီတို့ အခင်ဆုံးသူငယ်ချင်းသုံးယောက်ဟာ မတူညီတဲ့ အလုပ်သုံးခုကို လုပ်ကိုင်ကြပေမဲ့ တူညီတဲ့အချက်တစ်ခုကတော့ သူတို့သုံးယောက်လုံးဟာ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အခြေခံလူတန်းစားတွေပဲ ဖြစ်ပါတယ် လိုအပ်ရင် တစ်ယောက်ကိုတစ်ယောက် အကူအညီပေးတတ်ကြပြီး အိပ်မက်ကိုယ်စီနဲ့ ရုန်းရင်းကန်ရင်း တစ်ရက်တော့ လူချမ်းသာတစ်စုကြောင့် သူတို့ထဲက သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ သူငယ်ချင်းဖြစ်သူအတွက် အဲဒီသူဌေးသားနဲ့ အပေါင်းအပါတွေကို သူတို့ဘယ်လို လက်တုန့်ပြန်သွားမှာလဲ ခံစားကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

6.7 2024 119 mins
Maryade Prashne