YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

What Happens To My Family.EP23.(CM).mp4

555.58 MB N/A video/mp4 1056 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and The Burning Sky
4

ဒီတစ်ခါ CM ကနေမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ detective Dee ရှေးဟောင်းစုံထောက် movie လေးဖြစ်ပါတယ် အေဒီ ၆၉၆ခုနှစ် ဝူကျယ်ထျန်းအုပ်စိုးစဉ်ကာလမှာ လူရိုင်းတပ်သားတွေက ဝေ့ကျိုးမြို့ကိုတိုက်ခိုက်စဥ် အဲ့ဒီမြို့ဟာ စစ်ဘေးနှင့် ရောဂါကပ်ဘေးကိုကြုံတွေ့ရတယ်။ ဒီးရန်ကျယ်ဟာ မင်းအမိန့်ဖြင့် ဝေ့ကျိုးမြို့ကို အုပ်ချုပ်ရေးမှူးအဖြစ် ရောက်လာတုန်းအခိုက်မှာ လူသတ်သမားတိုက်ခိုက်ခံရတယ်။ ဝေ့ကျိုးမြို့ရဲ့အရင်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ တူကူစစ်ကျွမ်းဟာ အံ့ဩဖွယ် အဆိပ်သင့်ပြီးသေဆုံးနေပြီး ယင်းအမှုဟာ ဒီး‌ရန်ကျယ် ရောက်ရှိလာမှုနဲ့ ပတ်သက်နေမလား။ တပ်သား၅၀၀ သေဆုံးမှုနှင့် ငွေစ၅သိန်းပျောက်ဆုံးတဲ့ ထူးဆန်တဲ့ဖြစ်ရပ်ကို ဒီးရန်ကျယ်ကဘယ်လို ပြောင်မြောက်တဲ့နည်းလမ်းနဲ့ဖြေရှင်းမလဲ။ ဒီးရန်ကျယ်ဟာ ဤပဟေဠိဆန်တဲ့ဖြစ်ရပ်တွေကြား အမှန်တရားတွေဖော်ထုတ်နိုင်မလားဆိုတာ CMက‌နေ အားပေးစောင့်မျှော်ကြည့်ရှုကြပါရှင့် [ Reviewed By Mei Mei ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Mystery Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Drama • Fantasy
4 2020 80 mins
Detective Dee and The Burning Sky
The Big Wedding
5.9

ဒွန်နဲ့ အယ်လီဟာ တစ်ခါက လက်ထပ်ခဲ့ကြတဲ့ စုံတွဲတစ်တွဲပါ။ ချစ်စရာအိမ်လေးမှာ အတူနေခဲ့ကြပြီး သားသမီး သုံးယောက်ရှိပါတယ်။ သား ဂျဲရက်ဒ် သမီး လိုင်လာနဲ့ မွေးစားသား အယ်လ်ဟန်ဒရိုပါ။ လက်ရှိမှာတော့ အကြောင်းကြောင်းကြောင့် ကွာရှင်းလိုက်ကြပြီး ကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ အယ်လီကတော့ အိမ်ကနေ ထွက်သွားပြီး အပြင်မှာ သီးသန့်နေပါတယ်။ ဒွန်ကတော့ အရင်အိမ်မှာပဲ အယ်လီရဲ့ အချစ်ဆုံး သူငယ်ချင်း ဘီဘီနဲ့ တွဲခုတ်နေပါတယ်။ ဒွန်နဲ့ အယ်လီရဲ့ မွေးစားသား အယ်လ်ဟန်ဒရိုက သူတို့သူငယ်ချင်းတွေဖြစ်တဲ့ ဘယ်ရီနဲ့ မက်ဖင်တို့ရဲ့ သမီး မယ်လီဆာနဲ့ လက်ထပ်ပါတော့မယ်။ လက်ထပ်ပွဲကို အယ်လ်ဟန်ဒရိုရဲ့ အမေရင်း မက်ဒေါနားလည်း ကိုလမ်ဘီယာ ကနေလာမှာပါ။ ပြဿနာက အဲဒီမှာ စတာပါတယ်။ အယ်လ်ဟန်ဒရိုရဲ့ အမေရင်း မက်ဒေါနားက ကတ်သလစ်ဘာသာကို နက်နက်ရှိုင်းရှိုင်း ယုံကြည်သက်ဝင်သူပါ။ ကွာရှင်းတာကိုလည်း ပြစ်မှုကြီးလို့ ယုံကြည့် လက်ခံထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသော သားလေး အယ်လ်ဟန်ဒရိုကို အပြစ်ကျူးလွန်တဲ့ အယ်လီနဲ့ ဒွန်က (၁၅) နှစ်ကြ ာ ပျိုးထောင်ပေးထားတယ်ဆိုတာ သိသွားရင် တုန်လှုပ်သွားမှာစိုးလို့ ဒွန်နဲ့ အယ်လီ ကွာရှင်းထားတာကို မပြောဘဲ လိမ်ထားလိုက်ပါတယ်။ မင်္ဂလာပွဲ မပြီးခင်အထိ ဒွန်နဲ့ အယ်လီတို့ လက်ထပ်ထားတဲ့ စုံတွဲအဖြစ် ဟန်ဆောင်ရပါတော့မယ်။ ဒွန်နဲ့ အယ်လီတို့ အောင်အောင်မြင်မြင် ဟန်ဆောင်နိုင်ပါ့မလား ဒွန်နဲ့တွဲ ခုတ်နေတဲ့ ဘီဘီကရော လက်ခံပါ့မလား တလွဲတွေလုပ်ပြီး ဘယ်လို တွေခွီရဦးမလဲ။ ကြည့်နေတဲ့အချိန်မှာ အပျော်တွေကူးစက်စေမယ့် မိသားစုဇာတ်လမ်း ပေါ့ပေါ့ပါးပါးလေးဖြစ်တာမို့ ခံစားကြည့်လိုက်ကြပါဦးနော်။ (ဘာသာပြန်နဲ့ အညွှန်းကို Phu Myat Thwe ရေးသားထားပါတယ်) File size…1.29GB / 570MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 29m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Action • Drama
5.9 2013 90 mins
The Big Wedding
From Fanfic to Love

စိတ်ကူးယဉ်ပြီး fanfic ရေးတဲ့နေရာမှာတော့ ဆရာကြီးပဲ ဒါပေမဲ့ အတွေ့အကြုံကမရှိ၊ မရှိတာမှ ရည်းစားကိုမထားဖူးတဲ့ FA မမ ယွန်းဟီး အချစ်ဝတ္ထုတွေကိုတောင် အတွေ့အကြုံမရှိဘဲနေရေးနေရပါတယ်ဆို အယ်ဒီတာက R-rated လူကြီးဇာတ်လမ်းကိုပါ ရေးခိုင်းတော့ အခက်တွေ့ရော စိတ်ကူးနဲ့လက်တွေ့နဲ့က တခြားစီဆိုသလိုပဲ စိတ်ကူးနဲ့ ရေးနေတော့ ခရီးကမပေါက်... အတွေ့အကြုံကလည်းမရှိဆိုတော့ ပထမဆုံးအတွေ့အကြုံရှာရပါတော့တယ် တစ်ဖက်မှာလည်း စိတ်ထဲမှာကြိတ် crush နေတဲ့ အစ်ကိုကြီးကိုလည်း လက်မလွှတ်ချင်... ယွန်းဟီးတစ်ယောက် ဘယ်လိုတွေ ရွေးချယ်မလဲ အတွေ့အကြုံ ဘယ်လိုရှာမလဲဆိုတာ အတူကြည့်လိုက်ရအောင်ပါနော် Romance Comedy အမျိုးအစားလေးဖြစ်ပြီးတော့ Friendship ကိုပါ မြင်ရမယ့်ဇာတ်လမ်းလေးပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Romance Quality…. 1080p | 720p | 480p File size… 1GB | 518MB | 257MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Action • Comedy • Drama • History • War
0 2022 89 mins
From Fanfic to Love
In His Shadow
6.4

In His Shadow(2023) ******************** Ibrahim ဆိုတဲ့ကောင်လေးဟာ တစ်ဦးတည်းသောသားလေးမို့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေရတဲ့ ကလေးတစ်ယောက်ပေါ့... ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့အပျော်တွေအားလုံး ပျောက်ဆုံးရမယ့်နေ့ ရောက်ရှိလာပါတယ် ... Osumane ဆိုတဲ့ သူ့ရဲ့အဖေဟာ ခရီးတစ်ခုထွက်သွားရာကနေ ပြန်အလာမှာ မိန်းမမတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်... အဲ့ဒီမိန်းမဟာ သူ့ရဲ့မိထွေး သူ့အဖေရဲ့ နောက်မိန်းမပေါ့... အဲ့ဒီကတည်းက ပြဿနာတွေတက်နေခဲ့ပေမယ့် သူ့ရဲ့မိထွေးက ကလေးမွေးလာတဲ့ အခါမှတော့ သူဟာ ဖခင်မေတ္တာကို ရသင့်သလောက်မရနိုင်တော့ပါဘူး... အဲ့ဒီလိုပြဿနာတွေကြောင့် လုပ်မိလုပ်ရာ လုပ်ရာကနေ လူမိုက်နီးပါးကိုဖြစ်လာပါတော့တယ်.. ဒါကိုသိသွားတဲ့ သူ့အဖေက သူ့ကို အိမ်ပေါ်ကနေဆင်းခိုင်းလိုက်ပါတယ်... အိမ်ပေါ်ကနေ ဆင်းသွားပြီးတော့ သူဘာတွေဆက်လုပ်မလဲ.. သူ့မိထွေးကမွေးတဲ့ သူ့အဖေတူအမေကွဲညီလေးနဲ့ရော ဘယ်လိုဆက်ဆံရေးတွေ ရှိမလဲဆိုတာကိုတော့... File Size :(1.2GB) and (553MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Horror • Mystery • Thriller
6.4 2023 89 mins
In His Shadow
Stuber
6.7

မျက်လုံးခွဲစိတ်ထားရတဲ့ စိတ်မြန်လက်မြန်သမားရဲတစ်ယောက်နဲ့ အိစိစိနဲ့ စိတ်ပျော့လွယ်တဲ့ အူဘာတက္ကစီသမားတို့ ဘိန်းဖြူရောင်းဝယ်ရေးဂိုဏ်းကိုစုံစမ်းထောက်လှမ်းဖို့ အကြောင်းဖန်လာပါတယ် ဘယ်လိုမှကိုမကိုက်ညီကျတဲ့ သူတို့နှစ်ယောက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လူဆိုးတွေ ကြားထဲမှာ သတ်လိုက်ဖြတ်လိုက် ပြေးလိုက်လွှားလိုက်နဲ့ပဲ ဘိန်းမှောင်ခိုသမားကိုဖမ်းမိနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ကြယ်၅ပွင့်လေးလိုချင်လွန်းလို့ သူမှာ သေရေးရှင်ရေးကြားထဲအထိကို ရောက်သွားတဲ့ အူဘာသမားလေးရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျ။ တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ရီနေရတဲ့ဇာတ်ကားလေးပါ။ File size…(1.3 GB) and (670 MB) Quality…1080p WEB_DL.DD.5.1 H264 FGT Format…mp4 Duration…1h33min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm,Dolly and August

Comedy
6.7 2019 93 mins
Stuber
The Ugly Truth
6.4

The Ugly Truth ( 2009 ) ================== IMDb Rating – 6.4/10 တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ညစာစားပွဲမှာ ဗိုင်ဘရေတာအတွင်းခံဝတ်ထားပြီး တိုင်ပတ်နေတဲ့ စကီရဲ့ ဗီဒီယိုအတိုလေးကို တော်တော်များများကြည့်ဖူးကြမှာပါ။ အဲဒီရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ ရုပ်လေးလှပေမဲ့ အကွက်မတတ်လို့ ဘဲမရ ဖြစ်နေတဲ့ ပရိုဂျူဆာမမကို ရှိုးမှာ ယောက်ျား မိန်းမ ဆက်ဆံရေးတွေ အကြောင်း ညစ်တီးညစ်ပတ်တွေသိပ်ပြောတတ်တဲ့ မိန်းမကျမ်းကြေ ယောက်ျားကျမ်းကြေတဲ့ ငရှုပ်က ဘဲစားခံရဖို့ ဆောင်ရန်ရှောင်ရန်များ သင်ပေးတဲ့အကြောင်းပါပဲ။ Romance/Comedy တွေ သိပ်မရိုက်ပေမဲ့ ရိုက်လိုက်ရင်လည်း တစ်ကားဆို တစ်ကားဆိုသလို တော်တော်ထိတတ်တဲ့ လူမိုက်ရုပ်နဲ့ ထထပြောင်တတ်တဲ့ Gerard Butlerရဲ့ Romance/Comedyကား ကောင်းပေါ့။ နောက် အလှလေး Katherine Heiglကလည်း ပါထား ပါသေးတယ်။ ရယ်ရင်းမောရင်း မိန်းမတွေအကြောင်း ယောက်ျားတွေ အကြောင်း အထာတွေ အကွက်တွေ သင်ယူချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်) File Size……….(1.8 GB) / (721 MB) / (410 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 36mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….W Encoder……….SWM

Action • Adventure • Crime
6.4 2009 96 mins
The Ugly Truth
A Compassionate Spy
6.6

A Compassionate Spy (2022) ~ IMDb – 6.6/10, Rotten Tomatoes – 84% ~ ဒုတိယကမ္ဘာစစ်ကာလဟာ လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ စစ်ကြီးတစ်ခုပါပဲ။ အဆိုးဆုံးကတော့ ဟီရိုရှီးမားနဲ့ နာကာဆာကီးကို ကြဲချလိုက်တဲ့ နျူကလီးယားဗုံးနှစ်လုံးဟာ စစ်ပွဲရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်ရုံမက အရပ်သူအရပ်သားသေဆုံးမှုတွေကိုပါ စစ်ရဲ့အနိဌာရုံအဖြစ် မြင်လိုက်ရတာပေါ့။ ဒါ့အပြင် ဖျက်အားပြင်း လက်နက်ဆန်းက ပေါက်ကွဲမှုမှာ မသေခဲ့တဲ့ ရှင်ကျန်သူတွေကိုပါ အကြောင်းရင်းမသိရဘဲ တဖြုတ်ဖြုတ်သေကုန်အောင် စွမ်းပါသေးသတဲ့။ ဒီလောက်အားကောင်းတဲ့ လက်နက်ဆန်းကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်နိုင်ငံက ဖက်ဆစ်ဂျာမန်၊ အီတလီနဲ့ ဂျပန်တို့ကို အပြတ်အသက် အနိုင်ယူနိုင်ခဲ့တာပေါ့။ ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း ဒီလိုဝရဇိန်လက်နက်ကို တစ်နိုင်ငံတည်းက ပိုင်ထားရင် Power Play မဖြစ်တော့ဘူးပေါ့။ အနိုင်ကျင့်မယ်။ ထစ်ခနဲရှိရင် ဗုံးကြဲချမယ်။ တစ်ကမ္ဘာလုံးက သူ့ကို တုန်နေအောင် ကြောက်ရမယ်။ ဒီလိုနဲ့ ကမ္ဘာကြီးမှာ အသေအပျောက်တွေများလာပြီး ဒုက္ခကပ်ဆိုးကြီးအဖြစ် ပြောင်းလဲသွားမှာပါပဲ။ မိသားစုတစ်ခုရှိတယ်ဗျ။ သိပ်တော်တဲ့ သိပ္ပံပညာ‌ရှင်တွေ စုဝေးရာပေါ့။ သူတို့ထဲက ညီအစ်ကိုနှစ်ယောက်အကြောင်း ပြောရအောင်… အစ်ကိုလုပ်တဲ့သူက နျူကလီးယားထိပ်ဖူးကိုတင်ဆောင်ပြီး ကမ္ဘာ့တိုက်ကြီးတစ်ခုအတွင်း ကြိုက်တဲ့နေရာကို တိုက်ရိုက်ရောက်အောင်ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို တီထွင်တဲ့သူတွေထဲကတစ်ယောက်။ သူ့ရဲ့ညီက ဟီရိုရှိးမားနဲ့ နာကာဆာကီးကို ကြဲချခဲ့တဲ့ နျူကလီးယား ပထမမျိုးဆက်ဗုံးကို တည်ဆောက်တဲ့နေရာက ပညာရှင်တစ်ဦး။ အနုမြူဗုံးတစ်လုံးမှာ အရေးကြီးတဲ့ ပေါက်ကွဲအားလောင်စာ ယူရေနီယံသတ္ထုသန့်စင်ရေးဖြစ်စဉ်၊ ပိုအားကောင်းတဲ့ ပေါက်ကွဲမှုဖြစ်ရအောင် အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲရတဲ့ဖြစ်စဉ်တွေရှိတယ်။ အဲဒီအထဲကမှ အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲခဲ့တဲ့ ပညာရှင်လေး။ သူတို့အဖွဲ့ ဗုံးစမ်းသပ်မှုလုပ်ပြီး အောင်မြင်ခဲ့ချိန်မှာ လူအများပျော်နေချိန် အခန်းပြန်ပြီး တိတ်တဆိတ်ထိုင်နေတဲ့သူ။ ဒီလိုလက်နက်ဟာ တစ်ဦးတည်းပိုင်ထားရင် ကမ္ဘာအတွက် ကပ်ဆိုးတွေယူလာမယ်ဆိုတာ သူသိခဲ့တယ်။ သူထင်တဲ့အတိုင်းပဲ ဟီရိုရှီးမားနဲ့ နာကာဆာကီကို ဗုံးနှစ်လုံးကြဲချလိုက်တဲ့ အမေရိကန်ဟာ သူ့ရဲ့စစ်ဦးကို ဖက်ဆစ်တွေကနေ ဆိုဗီယက်ပြည်ထောင်စုကို လှည့်သွားခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုတစ်ခုလုံး ပျက်သုဉ်းအောင် ဗုံးပေါင်းများစွာ ကြဲချတော့မယ့် အစီအစဉ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေတယ်။ နျူကလီးယားဗုံးတစ်လုံး ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ စာရွက်စာတန်းနဲ့ နည်းပညာတွေကို ဆိုဗီယက်ပြည်ထောင်စုဆီ လျှို့ဝှက် ပေးပို့လိုက်ပါသတဲ့။ ဒီလိုနဲ့ အမေရိကန်စစ်သားလေးဟာ နျူကလီးယား အက်တမ်နည်းပညာတွေ ကဲ့ထုတ်လိုက်တဲ့ ဆိုဗီယက်သူလျှိုလေး ဖြစ်သွားပါလေရော။ ဒီရုပ်သံမှတ်တမ်းက လူတော်တော်များများ မသိရသေးတဲ့အချက်ကြီးကို ဖွင့်ချထားတာပါ။ ရုပဗေဒပညာရှင်လေး သီအိုဒေါ အယ်လ်ဗင် ဟော ရဲ့ သူလျှိုမှတ်တမ်းတစ်ခုဖြစ်ပါတယ်။ အဖျားဆွတ်ခေါ်တော့ တက် သို့မဟုတ် တက်ဒီ လေးပေါ့ဗျာ။ နျူကလီးယားဗုံးနည်းပညာကို ရုရှားတွေ ရှာဖွေတွေ့ရှိတီထွင်ခဲ့တာမဟုတ်ဘဲ အမေရိကန်တွေဆီက စိမ့်ထွက်လာတယ်ဆိုတာကို အထိတ်တလန့်သိလိုက်ရမယ့် ရုပ်သံမှတ်တမ်းပါ။ ဘယ်လိုပဲပြောပြော တက်ရဲ့ဆုံးဖြတ်ချက် မှန်လို့ ဒီအချိန်အထိ တတိယကမ္ဘာစစ်မဖြစ်သေးတာလား။ သူ့ဆုံးဖြတ်ချက်မှားခဲ့လို့ နျူကလီးယားနည်းပညာကို ပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံအထိရှိသွားပြီး မီးပွားတစ်ခုကျလိုက်တာနဲ့ နျူကလီးယားစစ်ပွဲဖြစ်လို့ ကမ္ဘာကြီး တစ်ရက်တည်းပျက်သွားမယ်လို့ အပြစ်တင်မလားဆိုတာကတော့ လူကြီးမင်းရဲ့ ပုဂ္ဂိုလ်ရေးအတွေးအမြင်သာ ဖြစ်ကြောင်းပါခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 800MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 41Min Genre – Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.6 2022
A Compassionate Spy
Indiana Jones and Raiders of the Lost Ark
8.4

Indiana Jones and Raiders of the Lost Ark (1981) IMDb Rating (8.4) / Rotten Tomatoes (93%) ++++++++++++++++++++++++ Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း အိုနေပြီဖြစ်သလို ဂျုံးစ်လည်း အိုနေပြီ၊ စပီးဘာ့ဂ်နဲ့ လူးကပ်စ်ရောပေါ့။ ဒါပေမဲ့ The Kingdom of the Crystal Skull (2008) ဟာ ပရိသတ်အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ မာရီယွန်ရေဗန်ဝုဒ်တို့ကို ပြန်ပေါင်းစည်းစေပြီး ခုခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေသုံးပြီး အရင်ကားတွေရဲ့ အရသာ ပြန်ရစေ‌ဖို့ အတတ်နိုင်ဆုံးကြိုးစားထားတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဇရာထောင်းလာပြီဖြစ်တဲ့ ဟယ်ရီဆင်ဖို့ဒ်အတွက် ဂျုံးစ်ဇာတ်ကောင်ကနေ အနားယူနိုင်အောင်လို့ လှလှပပသိမ်းထားတဲ့ ဇာတ်သိမ်းခန်းလေးနဲ့ပေါ့။ ဒါပေမဲ့ Shia LaBeouf ကြောင့် ဒီပလန် အလုပ်ဖြစ်မသွားဘူး။ 2012 မှာ Lucasfilm ကို ဒစ်စနေးက ဝယ်လိုက်လို့ Star Wars နဲ့ Indiana Jones ဟာ ဒစ်စနေးပိုင်ဆိုင်မှုအောက် ရောက်သွားတယ်။ အဲဒီနောက်မှာတော့ Star Wars တွေပဲ ပေါပေါလောလောထွက်လာပေမဲ့ အင်ဒီယာနာအတွက်တော့ ဇာတ်လမ်းရှာနေတာနဲ့တင် ဆယ်နှစ်ကြာသွားတယ်။ ကားအသစ်မှာသုံးဖို့ ဇာတ်ချိတ်ပစ္စည်း MacGuffin ကို လူးကပ်က စဉ်းစားထားပြီးပေမဲ့ ဇာတ်လမ်းကိုတော့ သူမရေးတော့ဘူး။ စပီးဘာ့ဂ်ကလည်း Kingdom of Crystal Skull အလွန်မှာ လူသစ်ဒါရိုက်တာတစ်ယောက်ယောက် ပြောင်းကိုင်စေချင်တယ်။ ဒီလိုနဲ့ပဲ အင်ဒီယာနာ ကားသစ်ဟာ Walk the Line, Logan နဲ့ Ford v Ferrari စတဲ့ ကားကောင်းတွေရိုက်ခဲ့တဲ့ James Mangold လက် ရောက်သွားတယ်။ The Dial of Destiny (2023) ဟာ Indiana Jones Franchise ကြီးအတွက် နောက်ဆုံးပိတ်ကားဖြစ်လာတယ်။ ပါရာမောင့်နဲ့ ငါးကား စာချုပ်ကလည်း ပြည့်ပြီကိုး။ Disney က လူပြောင်းပြီး ထပ်ညှစ်ထုတ်ရင် ထုတ်နိုင်လောက်သေးပေမဲ့ ဒီကားက Harrison Ford ရဲ့ Indiana Jones အတွက် ဇာတ်သိမ်းခန်းတစ်ခုခုကို ယူဆောင်ပေးရတော့မယ့်ကားတစ်ကားပါပဲ။ မထွက်သေးခင် Trailer အနေနဲ့ရော၊ ထွက်တဲ့အချိန်မှာရော Mixed Reviews တွေ အများကြီးရှိခဲ့တဲ့ နောက်ဆုံးကားဟာ ကောင်းမကောင်းဆိုတာ ကြည့်တဲ့သူအပေါ်အများကြီး မူတည်သွားပါလိမ့်မယ်။ သမိုင်းကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ဒီအတိုင်းပဲ ဖြစ်သင့်လား ဆိုတာက ကြည့်ပြီးရင်ဖြစ်လာမယ့် မေးခွန်းတစ်ခု‌ပေါ့။ ဘယ်လိုပဲဆိုဆိုပါ George Lucas, Steven Spielberg, John Williams နဲ့ Harrison Ford တို့ ဖန်တီးခဲ့ကြတဲ့ Indiana Jones Franchise ကြီးဟာ နှစ်ပေါင်း 40 ကျော်အကြာမှာ ရုပ်ရှင်ငါးကား စီးရီးတစ်ခုနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့ အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေကတော့ ဘယ်တော့မှ တိမ်ကော‌ပျောက်ပျက်မသွားမယ့် သမိုင်းတစ်ပုဒ်ပါပဲ။ “I am like a bad penny, I always turn up.” – Indiana Jones (Harrison Ford) ~ Y ~ Indiana Jones ဇာတ်ကားများကို https://channelmyanmar.to/?s=indiana+jones မှာကြည့်လို့ရပါတယ်။

8.4 1981 115 mins
Indiana Jones and Raiders of the Lost Ark
Model House
4.8

Model House (2024) ================ Social Media မှာ ဖော်လိုဝါတွေများအောင် ကြိုးစားနေကြတဲ့ ခေတ်ကြီးထဲ အဲဒါဖော်လိုဝါတွေကြောင့်ပဲ ဘယ်လိုဒုက္ခအန္တရာယ် တွေ ကျလာလဲဆိုတာကို ဒီဇာတ်လမ်းက ရုပ်လုံးဖော်ပြသထား ပါတယ်။ ဖော်လိုဝါအများကြီးရှိတဲ့ နာမည်ကြီးမော်ဒယ်လ်တွေ အလုပ်ကိစ္စနဲ့ အိမ်တစ်အိမ်မှာ တစ်ညနားပြီးတည်းကြတယ်။ မော်ဒယ်ကောင်မ လေးတွေ အပန်းဖြေအိမ်မှာ ပျော်ပါးနေကြတုန်းမှာပဲ အိမ်ဖောက်ပြီး ဓားပြတိုက်တဲ့သူတွေ ရောက်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုးတွေ ဓားပြ တိုက်တာက မော်ဒယ်လ်တွေဆီကမဟုတ်ဘဲ မော်ဒယ်လ်​တွေကိုအ သုံးချပြီး သူတို့ရဲ့ဖော်လိုဝါတွေကို ငွေပို့ခိုင်းတာပဲဖြစ်ပါတယ်။ စစချင်း မှာတော့ ထိခိုက်မှုမရှိတဲ့ ငွေလိမ်လည်မှုသက်သက်ဆိုပေမဲ့ နောက်ပိုင်း မှာ ဘယ်လိုသွေးသံရဲရဲနဲ့ ကပ်ဆိုက်ပြီး မော်ဒယ်လ်တွေရော လွတ်မြောက် နိုင်ပါ့မလားဆိုတာကို သဲထိတ်ရင်ဖို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.17 GB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Thwal Htoo Zin Encoder……….SWM

4.8 2024
Model House
Brotherhood
6

ဆမ်ဟာ အလွတ်တမ်း အလုပ်တွေကြိုးစားလုပ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ။ သူအလုပ်တွေအများကြီးလုပ်နေတာ‌ကြောင့် ကလေးတွေကို အချိန်မပေးနိုင်တဲ့အတွက် မိန်းမနဲ့လည်း ကတောက်ကဆလေးတွေခဏခဏဖြစ်လေ့ရှိပါတယ်။ တစ်ဖက်မှာလည်း ဆမ်ရဲ့ အမေနဲ့ ညီတစ်ယောက်လည်း ရှိပါသေးတယ်။ တစ်နေ့မှာ ဆမ်ရဲ့ညီကို လူတစ်စုက သေနတ်နဲ့ပစ်သွားကြလို သေကံမရောက်ပေမဲ့ ဆေးရုံတက်လိုက်ရပါတယ်။ ဒါကိုမသင်္ကာတဲ့ ဆမ်တစ်ယောက် လိုက်စုံစမ်းကြည့်တဲ့အခါမှာ သူအရင်က ပတ်သတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့ လက်ချက်ဖြစ်ပြီး ဆမ်ကိုလက်စားချေချင်လို ဒီလိုတွေ လုပ်နေတယ်ဆိုတာကို သိလိုက်ရပါတော့တယ်။ လက်စားချေတာ ရိုးရိုးတန်းတန်းမဟုတ်ဘဲ ဆမ်ရဲ့ မိသားစုဝင်တွေအထိပါ သတ်ပစ်မယ်လို ခြိမ်းခြောက် လာတဲ့အခါ ဆမ်တစ်ယောက်ဘယ်လိုရင်ဆိုင်သွားမှာလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.40GB / 675MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Thriller , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6 2016
Brotherhood
Space Command Redemption
5

အာကာသ သိပ္ပံ sci-fi ရုပ်ရှင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် 2024 ခုနှစ်အသစ်စက်စက်ထွက်ထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း မကောင်းသူပယ် ကောင်းသူကယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အာကာသယာဉ်ပိုင်းလော့ တစ်ဦးဖြစ်တဲ့ ဂျက်ခမ်မာဟာ နယ်မြေစူးစမ်းလေ့လာရေး ထွက်ရင်း စက်ချို့ယွင်းပြီး မီးလောင်ပျက်ကျတော့မယ် ယာဉ်ငယ်တစ်စင်းကို သူလက်ထောက်ယာဉ်မှူးဘဝမှာ ယာဉ်မှူးအမိန့်ကို ဖီဆန်ပြီး ကယ်ဆယ်ရင်း ပိုင်းလော့ ယာဉ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့နေတဲ့ဂြိုဟ်ပေါ်မှာ စက်ရုပ်လူသားတွေဟာ တဟုန်ထိုး နာမည်တွင်လာပြီး နေရာအသီးသီးမှာ နေရာယူနေတာဖြစ်ပါတယ်။ လူတွေကို လုံးဝအာဏာဖီဆန် ဆန့်ကျင်တာမျိုးမလုပ်ဘူးလို့ အာမခံပြီးတော့ပေါ့။ ဒါပေမဲ့ မိုင်းတွင်းလုပ်သားအနေနဲ့ အလုပ်လုပ်နေတဲ့ စက်ရုပ်လူသားတစ်ယောက်ဟာ မတော်တဆမှုတစ်ခုထဲမှာပါသွားပြီး သူ့ကိုထိန်းချုပ်ထားတဲ့ ချစ်ပ် ဆားကစ်လေး ပျက်သွားပြီး မူမမှန်တဲ့အပြူအမူတွေ လုပ်လာပါတော့တယ်။ ယာဉ်မှူးဖြစ်လာတဲ့အချိန်မှာ ဂျက်ခမ်မာဟာ သူကယ်ခဲ့တဲ့ အမျိုးသမီးက သူ့ကို သူတို့လုပ်နေတဲ့ မိုင်းတွင်းအောက်က တူးဖော်လေ့လာရေးအကြောင်းတွေကို ပြောပြပြီး ဂြိုဟ်သားတွေနဲ့ပတ်သက်တာ တစ်ခုခုတွေ့နိုင်တယ်လို့ တစ်ထစ်ချယုံကြည်နေပါတယ်။ ဆိုတော့ တကယ်ပဲဂြိုဟ်သားတွေနဲ့ ပတ်သက်တာလား စက်ရုပ်လူသားတွေရဲ့ စနက်လားဆိုတာကို စိတ်ဝင်တစားနဲ့ အပန်းဖြေကြည့်ရှူလေ့လာနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျား။ File size…(2.4 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:02:00 Genre… Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ko Wunna

5 2024
Space Command Redemption
Beating Hearts
7.2

Beating Hearts (2024) IMDb Rating (7.2) လမ်းမှားပေါ်လျှောက်နေတဲ့ လူမိုက်ကောင်လေးနဲ့ သူချစ်ရတဲ့အရိုင်းဆန်သူကောင်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေးပါ ။ ငယ်ရွယ်တဲ့အရွယ်မှာဆုံခဲ့ကြပေမယ့် မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့် ဘ၀တစ်ခုလုံးပျက်ခဲ့ရတဲ့ကောင်လေးက အချိန်တစ်ခုအလွန်မှာ သူ့ဘ၀လေးနဲ့သူဖြစ်သွားပြီဖြစ်တဲ့ ချစ်သူကောင်မလေးကိုပြန်ရနိုင်မလား ကောင်မလေးကရော ရင့်ကျက်သင့်တဲ့အရွယ်ရောက်နေပေမယ့် ငယ်ချစ်ဦးဖြစ်ခဲ့တဲ့ကောင်လေးကိုမေ့နိုင်သွားပြီလား ‌မေ့ရောမေ့နိုင်ခဲ့သလား ဒါတွေကိုကြည့်ရမှာဖြစ်ပါတယ် ။ လူငယ်ဆန်ဆန်အချစ်ကားလေးတွေကြိုက်သူဆိုရင်‌တော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါနော် ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(9.4 GB) / (2.7 GB) / (1.4GB) Quality….Blu-Ray 4K HEVC /Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance , Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

7.2 2024
Beating Hearts
The Ash Lad: In Search of the Golden Castle Askeladden i Soria Moria slott
6.3

The Ash Lad: In Search of the Golden Castle (2019) Askeladden i Soria Moria slott IMDb Rating (6.3) ဒါကတော့ Lord of the ring တို့ Hobbit တို့လို စိတ်ကူးယဉ် Fantasy အမျိုးအစားကိုမှ နော်ဝေးရုပ်ရှင်ကားလေးပါ။ ဒီထဲမှာ မျှင်စာတွေ မှော်တွေ ဘုရင်နိုင်ငံတွေနဲ့စိတ်ကူးယဉ်ဆန်ဆန်လေး ရိုက်ထားပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားက မင်းသမီးကို မျှင်စာလက်ကနေကယ်ဖူးတဲ့အတွက် အစေခံ မင်းသားညီအကိုတွေကို ဘုရင့်မင်းသမီးက သူ့ရဲ့ ၁၉ နှစ်မွေးနေ့မှာ နန်းတော်ကိုဖိတ်လိုက်ပါတယ်။က ကံဆိုးစွာနဲ့ပဲ အဲ့နေ့မှာပဲ ဘုရင်ကြီးက အဆိပ်ခပ်ခံလိုက်ရပြီး မနိုးသောအိပ်ခြင်းနဲ့ အိပ်စက်သွားပါတယ်။ မင်းသားရဲ့ ညီအစ်ကိုတွေကလည်း ဘုရင်ကြီးကို အဆိပ်ခပ်မှုနဲ့ စွပ်စွဲခံရပြီး ဒီဟာကိုဖြေရှင်းဖို့ ဆော်ရီယာမော်ရီယာဆိုတဲ့ စိတ်ကူးယဉ်နန်းတော်ကြီး ထဲက အသက်ရေစင်ကိုသွားယူပါတယ်။ ဒီလမ်းကိုသွားတဲ့ စွန့်စားခန်းတွေကို ရင်တမမနဲ့ ကြည့်ရှူရမှာပါ။ ဒီကားက ဒုတိယမြောက်ကားဖြစ်ပြီး ပထမကားကို ဒီမှာ https://www.channelmyanmar.to/the-ash-lad-in-the-hall-of-the-mountain-king2017/ ကြည့်လို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Linn Myat မှ တင်ဆက်ထားပါတယ်။)

6.3 2019 99 mins
The Ash Lad: In Search of the Golden Castle Askeladden i Soria Moria slott