YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Unpredictable Family (2023)EP69.WEB-DL1080P(CM).mp4

424.56 MB N/A video/mp4 33 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Emily
7.1

~ IMDb - 6.9/10, Rotten Tomatoes - 86% ~ "လေထန်ကုန်း" ဆိုတဲ့ စကားလုံးက မြန်မာစာဖတ်ပရိသတ်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ စကားလုံးပေါ့။ အဲဒီ လေထန်ကုန်းဆိုတဲ့ စကားလုံးကိုမြင်ရင် ခင်ဗျား ဘာကိုအရင်ပြေးမြင်မလဲတော့မသိဘူး။ အမ်မလီဘရွန်တီရဲ့ ဂန္ထဝင်၀တ္တု Wuthering Heights ကိုလား၊ ဒါမှမဟုတ် လေထန်ကုန်းလို့ခေါ်တဲ့ မြန်မာစာရေးဆရာတွေ ကြုံကြဆုံကြတဲ့ လက်ဖက်ရည်ဆိုင်ကလေးကိုလား။ ဒုတိယဟာက ဒီမှာ ပို Iconic ဖြစ်ပေမဲ့ ဒုတိယဟာကိုသိတဲ့ ဒီကလူတွေဟာ ပထမဟာကိုလည်း ကောင်းကောင်းသိကြမှာပါပဲ။ ၁၈၄၇မှာ ပုံနှိပ်ခဲ့တဲ့ အမ်မလီဘရွန်တီရဲ့ Wuthering Heights ကို ကျော်လှိုင်ဦးက "လေထန်ကုန်း"လို့ တိုက်ရိုက်ပဲ နာမည်ပေးပြီး ပြန်ဆိုရေးသားခဲ့ဖူးပါတယ်။ သူ့ရှေ့မှာတော့ ‌ဒဂုန်ခင်ခင်လေးက ဂုဏ်မြင့်သူဆိုပြီး တစ်စိတ်တစ်ဒေသမှီငြမ်း ရေးသားဖူးပြီး ၁၉၆၀လောက်မှာ သိပ္ပံစိုးလှက ငွေတာရီမဂ္ဂဇင်းမှာ ပင်မြင့်မာလာဆိုပြီး ဘာသာပြန်ဖူးတယ်ဆိုပါတယ်။ ဂန္ထ၀င်ဖြစ်လာတာတောင် နှစ်ပေါင်းရာချီနေတဲ့ ၀တ္တုပါပဲ။ အမ်မလီဘရွန်တီကို မြန်မာစာဖတ်ပရိတ်သတ်တွေအနေနဲ့ ဒီ၀တ္တုနဲ့တင် မဟုတ်ဘဲ Rememberance ဆိုတဲ့ အမ်မလီဘရွန်တီရဲ့ ကဗျာကို တက္ကသိုလ်ဘုန်းနိုင်ကလည်း တမ်းတမိခြင်းဆိုပြီး ပြန်ဖူးတာကို သိကောင်း‌သိကြပါလိမ့်မယ်။ အခုဇာတ်ကားကတော့ အမ်မလီရဲ့ ငယ်ဘ၀ကနေ သူ့ဇာတ်ကြောင်းကို ရိုက်ပြထားတာပါ။ အားလုံးသိပြီးသလိုပဲ၊ သူတို့ညီအစ်မသုံးယောက်စလုံးကလည်း အနုပညာသမားတွေဖြစ်သလို သူတို့အောက်က မောင်ကလည်း Wuthering Heights မှာ သူ့ကို ကိုယ်စားပြုထားတယ်ပြောလို့ရတဲ့ ဇာတ်ကောင်ပါဖူးတဲ့သူပါ။ ဒီတော့ ကလပ်စစ်စာပေ ပရိသတ်တွေအတွက် သူ့ငယ်ဘ၀ကနေ ရိုက်ပြမှာက သူ့အကြောင်းဆိုတာကို ကျော်လွန်ပြီး စိတ်၀င်စားစရာကောင်းမှာပါပဲ။ အမ်မလီရဲ့ဘ၀အစစ်အမှန်အတိုင်း အတိအကျကြီး မရိုက်ကူး‌ထားပေမဲ့ ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်ရဲ့ဘ၀အကြောင်းကို ပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အမ်မလီရဲ့ငယ်ဘ၀အကြောင်းတွေ သာမန်စိတ်ကူးယဉ်ဆန်ပြီး ဇာတ်လမ်းတွေထိုင်ရေးတတ်တဲ့ကောင်မလေးအဖြစ်ကနေ ကျော်ကြားတဲ့စာရေးဆရာတစ်ယောက်အဖြစ်ကို ရရှိသွားတဲ့ပုံတွေအပြင် သူရဲ့ရင်နင့်စရာအချစ်ဇာတ်လမ်းလေးကိုပါ စိတ်၀င်စားဖွယ့် ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.42GB, 990MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 10Min Genre - Biography, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Crime • Drama • Mystery • Thriller
7.1 2022 130 mins
Emily
Beetlejuice
7.4

~ IMDb - 7.5/10, Rotten Tomatoes - 85% ~ Beetlejuice ဟာ Gothic ဟန်နဲ့ နာမည်ကြီးတဲ့ Tim Burton ကြီးရဲ့ ကနဦးကားတွေထဲက တစ်ကားဖြစ်ပြီး Johhny Depp နဲ့ Winona Ryder တို့ Edward Scissorhands မှာ မတွေ့ကြခင် Winona နဲ့ ဘာတန်တွဲရိုက်ခဲ့တဲ့ကားဖြစ်သလို Beetlejuice 2 သာ ထွက်ဖို့သေချာရင် မူလ Actor, Actress တွေဖြစ်တဲ့ Michael Keaton တို့ Winona တို့အပြင် Johnny Depp လည်း ပါလာမယ်ဆိုပါတယ်။ Beetlejuice ဟာ Rating တွေမြင့်သလို Classic စာရင်း၀င်တဲ့ ဘာတန်ဆန်ဆန်၊ Gothic ဆန်ဆန် Comedy ကားလည်းဟုတ်ပါတယ်။ ဘာတန်ဟာ Beetlejuice ကို Hero တစ်ဖြစ်လည်း မြင်ရမယ်လို့ပြောကြတဲ့ Beetlejuice Goes Hawaiian ကို 1990 ကတည်းက ရိုက်ဖို့လုပ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ပျက်ခဲ့ပါတယ်။ သို့ပေမဲ့ Winona ကတော့ ဘာတန်နဲ့ Keaton သာ ပါရင် သူလည်း ပါမယ်ပြောခဲ့သလို Keaton ကလည်း Burton ရိုက်မှ သူရိုက်မယ်ပြောခဲ့တဲ့ အချင်းချင်းသစ္စာရှိကြတဲ့လူတွေချည်းပါပဲ။ ဒီလိုနဲ့ ၂၇နှစ်ကျော်မှာ ရိုက်ဖို့အကြောင်းတစ်ခါဖန်လာခဲ့သလို အခု ၃၄နှစ်ကျော်မှာတော့ ဘာတန်နဲ့ သိပ်လိုက်တဲ့ Johnny Depp ပါ cast စာရင်းထဲ ပါလာတယ်လို့ ကောလဟာလတွေ ဆိုလာကြပါတယ်။ ဇာတ်လမ်းကတော့ မတော်တဆမှုနဲ့ တစ္ဆေဖြစ်သွားတဲ့ လင်မယားဟာ သူတို့အိမ်ကို ပြောင်းလာတဲ့ လူတွေကို ကိုယ်တိုင်ခြောက်ထုတ်မရတာကြောင့် လူအပနှင်ဖို့ဆိုပြီး လူအပနှင်ကျွမ်းကျင် တစ္ဆေကြီး Beetlejuice ကို အကူအညီတောင်းခဲ့ပါတယ်။ သို့ပေမဲ့ အဲဒီမိသားစုထဲက သူတို့နဲ့ ရင်းနှီးသွားတဲ့ ကောင်မလေးကိုပါ Beetlejuice က ထိပါးလာတဲ့နောက် Beetlejuice ကို တားဖို့လုပ်ရတဲ့ သရဲဟာသ ဇာတ်လမ်း ခပ်ကြောင်ကြောင်ပါပဲ။ တမလွန်ကို ခပ်ကြောင်ကြောင်ဗားရှင်းနဲ့ပြထားသလို Supernatural ထဲက ခရောင်လီကြီးရဲ့ ငရဲစနစ်သစ်ဆိုပြီး တန်းစီပြီး အကြာကြီးစောင့်ရတဲ့စနစ်ထက် Beetlejuice ကားက တမလွန်ရဲ့တန်းစီစနစ်က ပိုဆိုးပါတယ်။ Beetlejuice ဟာ Makeup Oscar ဆုရခဲ့သလို တခြားဆုပေးပွဲတွေမှာ Best Horror Film ဆုကိုပါ ရထားပါတယ်။ ဘာတန်ကြီးရဲ့ သရဲဟာသကားကို ဘာတန်ဖန်တွေအတွက် Winona လေးရဲ့ တော်တော်ငယ်သေးတဲ့ ချစ်စရာမျက်နှာလေးနဲ့ တွဲဖက်ခံစားလို့ရစေမယ့် ရှားပါးရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 32Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Horror • Thriller
7.4 1988 92 mins
Beetlejuice
Jockey
6

~ IMDb - 6.5/10, Rotten Tomatoes - 93% ~ Jockey ဆိုတာကတော့ သိတဲ့လူလည်းသိကြမှာပါ။ အကြမ်းဖျဥ်းပြောရရင် မြင်းစီးသမားပဲဆိုပါစို့။ ဒါပေမဲ့ မြင်းစီးတဲ့လူတိုင်းကို ဂျော်ကီလို့မခေါ်ပါဘူး။ ကျွန်တော်တို့တချို့ရုပ်ရှင်တွေမှာ သူဌေးကြီးတွေမြင်းပွဲလောင်းတဲ့အခန်းမျိုး မကြာခဏမြင်ဖူးပါလိမ့်မယ်။ အဲဒီပြိုင်ပွဲဝင်မြင်းတွေရဲ့ ကျောပေါ်ကနေစီးနင်းပေးရတဲ့ကစားသမားကို ဂျော်ကီလို့ခေါ်တာပါ။ လူအများစုကတော့ မြင်းပွဲတစ်ပွဲမှာ အမြန်ဆုံးမြင်းကနိုင်တာပဲလို့ အကြမ်းဖျဥ်းသိထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲတစ်ပွဲမှာအနိုင်ရဖို့ ဂျော်ကီတစ်ယောက်ရဲ့အရည်အချင်းနဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါသလဲဆိုတာအပြင် တကယ့်လက်တွေ့မှာဂျော်ကီတွေရဲ့ဘဝကဘယ်လိုအနိမ့်အမြင့်တွေရှိမယ်၊ စွန့်စားရမှုတွေ၊ ဝါသနာအတွက်ပေးဆပ်ရမှုတွေကို ရုပ်ရှင်တစ်ကားဆိုတာထက် Documentary ဆန်ဆန်တင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားပါ။ အားကစားနောက်ခံဇာတ်ကားလို့လည်း ခေါ်နိုင်ပေမဲ့ အားကစားနောက်ခံကားတွေမှာ မြင်ရနေကျ ဒရာမာချိုးတဲ့အကွက်ကြီးတွေမပါပါဘူး။ အဓိကဇာတ်ဆောင်မင်းသားဟာ ကစားသမားဘဝရဲ့နေဝင်ချိန်ကိုနီးကပ်နေပြီဖြစ်တဲ့ ဝါရင့်ဂျော်ကီကြီးတစ်ယောက်ဖြစ်ပါတယ်။ ခုနကပြောခဲ့သလိုပဲ ဒီဇာတ်ကားဟာ သူ့ကိုတည်ပြီးတော့ သူ့ကစားသမားဘဝနေဝင်ချိန် အစိတ်အပိုင်းလေးတစ်ခုကို Documentary ဆန်ဆန်ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီဇာတ်ကားကို ကြည့်ပြီးရင် သင်ခန်းစာတို့ဘာတို့တော့မရနိုင်ပေမဲ့ ကိုယ်မသိခဲ့တဲ့နယ်ပယ်တစ်ခုအကြောင်းကိုတော့ အလုံးစုံမဟုတ်တောင် ထဲထဲဝင်ဝင်သိသွားမှာပါ။ အဓိကဇာတ်ဆောင်နေရာက မင်းသားကြီးရဲ့သရုပ်ဆောင်ချက်တွေကအပိုအလိုမရှိတဲ့အပြင် Drama တွေကလည်း Over acting တွေ ပေါကွက်တွေမပါပါဘူး။ ဒိုင်ယာလော့ဂ်တွေဆိုရင်လည်းမဆိုးဘူးဆိုတာထက်ကိုပိုပါတယ်။ နည်းနည်းတော့ပျင်းစရာကောင်းမယ်ထင်ရပေမယ့် ကြည့်ရကျိုးနပ်တဲ့ဇာတ်ကားတစ်ကားဖြစ်မယ်လို့အာမခံကြောင်းပါခင်ဗျား... (ဒီဇာတ်ကားနဲ့အညွှန်းကို Min Khant Bo မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.2GB, 550MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 34Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Khant Bo Encoded by Y

Drama • Horror
6 2021 94 mins
Jockey
Jumanji: The Next Level
6.9

အကုန်လုံးစောင့်နေတဲ့ Jumanji တော့လာပါပြီ IMDb 7 နဲ့ toamtoes မှာ 71 ရထားပါတယ် ပထမကထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ ဟာသတွေပိုပါဝင်လာမှာပါ စပန်ဆာတစ်ယောက်နေရင်းထိုင်ရင်း Jumanji ထဲပြန်ဝင်သွားရာကနေ ဇာတ်ရှုပ်ပါတော့တယ် အဲဒီမှာပဲသူ့ကောင်မလေးနဲ့ကျန်ခဲ့တဲ့သူငယ်ချင်းတွေကပြန်လိုက်ခေါ်ဖို့လုပ်ပါတော့တယ် ဒါပေမယ့်ဂိမ်းထဲကိုပြန်ဝင်လာတာသူတို့အုပ်စုတင်မဟုတ်ပဲ စပန်ဆာရဲ့အဖိုးနဲ့သူငယ်ချင်းဖြစ်သူတို့ပါပါလာတဲ့အခါမှာတော့ ဇာတ်လမ်းကပိုပြီးအရှိန်တက်လာပါတော့တယ် ဂိမ်းထဲကိုရောက်တဲ့အခါမှာလည်း ပထမတစ်ကားတုန်းကဇာတ်ကောင်တွေမဟုတ်တော့ပဲ ဇာတ်ကောင်အပြောင်းအလဲတွေဖြစ်သွားတဲ့အခါမှာ ဘယ်လိုတွေတိုင်ပတ်ကြမလဲ အခက်အခဲတွေကိုထုံးစံအတိုင်းဘယ်လိုကျော်ပြီး အပြင်ကိုဘယ်လိုပြန်ထွက်မလဲ သူတို့ကိုလုပ်ခိုင်းတဲ့ missionကိုရောပြီးမြောက်အောင်လုပ်နိုင်မလားဆိုတာ...။ File Size : (4.6 GB)/(2.2 GB)/(1.2 GB) Quality : BluRay 4K HEVC / 1080p /720p Running Time : 2 hr 03 min Format : mkv/mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin,Nyeinsaeya Aung

Comedy • Drama • Romance
6.9 2019 123 mins
Jumanji: The Next Level
Dark Phoenix
6

Xmen တွေရဲ့ နောက်ဆုံးထွက် ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်း ချားစ်ရဲ့ အိတ်စ်မန်းတွေ ဖြစ်တဲ့ ဟန့်ခ် ကာ့ထ် ရေဗင် စကော့ ဂျင်းဂရေးတို့ဟာ အာကာသယာဉ်မှူးတွေကို ကယ်တင်ဖို် အာကာသထဲကို သွားရင် အပူလှိုင်းကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အဲဒီ အပူစွမ်းအင်တွေကို တားဖို့ကြိုးစားရင်းနဲ့ ဂျင်းဂရေးကိုယ်ထဲကို စွမ်းအင်တွေ အကုန် ဝင်သွားခဲ့တယ်။ သူတို့ ကမ္ဘာပေါ်ကို ပြန်ရောက်ချိန်မှာ ဂျင်းဂရေးဟာ စိတ်ဖောက်ပြန်ပြီး ထိန်းမရဖြစ်လာပါတော့တယ်။ လူသားတွေနဲ့ ငြိမ်းချမ်းရေး မပျက်စီးအောင် ဂျင်းဂရေးကိုလည်း ပြန်ကောင်းလာအောင်ကြိုးစားဖို့ အိတ်စ်မန်းတွေဟာ ဒီစွမ်းအင်တွေနောက်ကိုလိုက်လာတဲ့ ရန်သူတွေက်ုရော ဂျင်းကိုရော ပြန်ရင်ဆိုင်ရပါတော့တယ်။

Drama
6 2019 114 mins
Dark Phoenix
Hostiles
6.9

အခုတစ်ခါမှာတော့ ကမ္ဘာကျော်မင်းသားကြီး Christian Bale ရဲ့ Western Film တစ်ကားတင်ဆက်ပေးပါမယ်။ Western ဇာတ်ကားအမျိုးအစားကိုတော့ မြန်မာမှာ ကောင်းဘွိုင်ဇာတ်ကားအမျိုးအစားအဖြစ် လူသိများပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Scott Copper ကရိုက်ကူးထားပါတယ်။ ခေါင်းဆောင်မင်းသားကတော့ American Psycho, The Machinist, Batman Trilogy ဇာတ်ကားတွေနဲ့အတူနာမည်ကျော်ကြားလာတဲ့ မင်းသား Christian Bale ဖြစ်ပြီးတော့ဇာတ်ဆောင်မင်းသမီးနေရာမှာ 2002 ခုနှစ်ထွက် James Bond ဇာတ်ကားတစ်ကားဖြစ်တဲ့ Die Another Day မှာ Bond Girl အဖြစ်သရုပ်ဆောင်ခဲ့ပြီးတော့ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ Gone Girl မှာခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချောကြီး Rosamund Pike ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအရတော့ ဂျိုးဘလော့ကာဟာစစ်တပ်မှာ ကပ္ပတိန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူတစ်ဦးဖြစ်ပြီးတော့အင်ဒီယန်းတွေကို လွန်စွာမုန်းတီးသူဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို သတ်ဖြတ်ခဲ့တဲ့ သူမုန်းတီးရတဲ့ ရှိုင်ယန်းအကြီးအကဲတစ်ဦးကို မွေးရပ်မြေအရောက်ပြန်ပို့ပေးဖို့အတွက်သမ္မတကိုယ်တိုင်ကခိုင်းစေလာတာကြောင့် အဆိုပါတာဝန်ကိုမဖြစ်မနေထမ်းဆောင်ရမယ့် အခြေအနေကိုကျရောက်လာပါတော့တယ်။ သူမုန်းတီးတဲ့အင်ဒီးယန်းလူမျိုးကြီးကို နေရပ်ဆီအရောက်ပို့ပေးနိုင်မလား။ လမ်းခရီးမှာရော ဘယ်လိုအခက်အခဲတွေကြုံတွေ့ရဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ပါ။ နာမည်ကျော်မင်းသားကြီးနဲ့ မင်းသမီးကြီးပါဝင်ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုရီးမျိုးသန့်ကျော်ပါ) File Size : (950 MB) Quality : WEB-DL 720p Running Time : 2hr 14min Format : Mp4 Genre : Adventure, Drama, Western Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.H264.AC3-EVO Translated by Myo Thant Kyaw Encoded by Thanhtike Zaw

Horror • Science Fiction • Thriller
6.9 2017 134 mins
Hostiles
Bennett’s War
6

အကျိတ်အနယ်ယှဥ်ပြိုင်ကြတဲ့ ဆိုင်ကယ်ပြိုင်ပွဲတွေကို ခုန်ပျံကျော်လွှားကြည့်ရှုရမယ့်ဇာတ်ကားလေးပါ…။ ဆိုင်ကယ်ပြိုင်ပွဲတွေကို ရင်တမမ လိုက်ကြည့်ရတာနဲ့တင် ကြည့်ရကျိုးနပ်မယ့် Sports ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့…ဘန်းနက်ဟာ ဆိုင်ကယ်စီးပြီး တိုက်ပွဲဝင်တဲ့ ရိန်းဂျားစစ်သည်တစ်ယောက်ပါ။ သို့ပေမဲ့ စစ်မြေပြင်မှာ မိုင်းထိသွားပြီး ခြေထောက်ဒဏ်ရာကြောင့် စစ်တပ်ကထွက်ခဲ့ရပါတယ်….။ ခြေထောက်ဒဏ်ရာကြောင့် ဘာမှမလုပ်နိုင်လို့ စိတ်ဓာတ်ကျနေရ တဲ့အပြင် အဖေဖြစ်သူက အိမ်ကိုအပေါင်ဆုံးတော့မှာမို့ ငွေကြေး အကြပ်အတည်းနဲ့ပါရင်ဆိုင်လာရပါပြီ။ သိတာတတ်တာဆိုလို့ ဆိုင်ကယ်မောင်း၊ ဆိုင်ကယ်ပြင်တာပဲသိတဲ့ ဆိုင်ကယ်ချန်ပီယံဟောင်း ဘန်းနက်ဟာ ငွေရှာဖို့အတွက် ပြိုင်ကွင်းထဲပြန်ဝင်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ ဘန်းနက်တစ်ယောက် ခြေထောက်က ဒဏ်ရာနဲ့ ပြိုင်ပွဲဘယ်လိုဝင်ပြီး ဘာတွေအစွမ်းပြမလဲဆိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.54GB / 809MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6 2019 94 mins
Bennett’s War
Spartan
6.5

စကော့ဟာ ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ တပ်သားအသစ်တွေကို လေ့ကျင့်ပေးတဲ့ စစ်ရေးနည်းပြတစ်ယောက်ပါ…။ တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်ပြန်ပေးဆွဲခံရတဲ့ အမှုမှာ သူလည်းပါဝင်စုံစမ်းပေးဖို့ အမိန့်ကျလာပါတယ်…။ ပြန်ပေးဆွဲသွားတဲ့အကြောင်းအရင်းက လူကုန်ကူးဖို့၊လိင်လုပ်သားအဖြစ် အတင်းအကြပ်စေခိုင်းဖို့ပါ…။ ဒါပေမဲ့ ပြန်ပေးသမားတွေမသိတာ ဒီကောင်မလေးဟာ အစိုးရအရာရှိကြီး တစ်ယောက်ရဲ့သမီးဖြစ်နေရော….။ ဒီတော့ ပြန်ပေးသမားတွေ မသိခင် ကောင်မလေးကို ပြန်ကယ်မယ့်တာဝန်ဟာ စကော့ခေါင်းပေါ်ကျရောက်လာပြီး… စကော့တစ်ယောက် ဘယ်လိုစုံစမ်းထောက်လှမ်းကယ်ထုတ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ….။ File size…1.86GB / 655MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 46m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama
6.5 2004
Spartan
Summer Hours
7.2

Rotten Tomatoes 94% IMDb 7.2အထိရရှိခဲ့ပြီး ဆု ၈ ခုနဲ့ ဆန်ကာတင် ၂၃ ခုကိုဆွတ်ခူးခဲ့တဲ့ ၂၀၀၈ ခုနှစ်ထွက် အနုပညာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပြင်သစ်မိသားစု ဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ထဲမှာ အထင်ကရ ပြင်သစ်ပန်းချီပညာရှင်၊ လက်မှုပညာရှင်တွေနဲ့ နာမည်ကျော်အနုပညာလက်တွေအကြောင်းကို အလျှံပယ်တွေ့ရှိရမှာပါ။ ဟယ်လင် ဟာ နာမည်ကြီး ပြင်သစ်ပန်းချီဆရာ အနုပညာစုဆောင်းသူတစ်ဦးဖြစ်တဲ့ Paul Berthier ရဲ့တူမဖြစ်ပြီး Paul Berthier ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ဦးလေးဖြစ်သူရဲ့ အိမ်ခြံနဲ့ တန်ဖိုးကြီးအနုပညာပစ္စည်းတွေကို ဆက်လက်ထိန်းသိမ်းပေးနေတဲ့ ၇၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်ပါ။ ဟယ်လင်ရဲ့ သားသမီးသုံးယောက်ဖြစ်သူ ဖရက်ဒရစ်၊ ယေဟေမိနဲ့ ‌‌အေဒရီယန်တို့ဟာ ၎င်းတို့ရဲ့မိသားစုတွေနဲ့အတူ မိခင်ကြီးရဲ့ ၇၅နှစ်ပြည့်မွေးနေ့မှာ တွေ့ဆုံကြဖို့အတွက် ငယ်ဘ၀ကအိမ်လေးဆီ အရောက်ပြန်လာခဲ့ကြပါတယ်။ ထို့နောက် ဟယ်လင်ဟာ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာတော့ ဖရက်ဒရစ်၊ ယေဟေမိနဲ့ အေဒရီယန်တို့သုံးဦးဟာ အမေဖြစ်သူဟယ်လင် ဘ၀တလျှောက်လုံးထိန်းသိမ်း‌‌စောင့်ရှောက်လာခဲ့တဲ့ Paul Berthier ရဲ့အိမ်တော်ကြီးနဲ့ အမွေပစ္စည်းတွေကို စီမံခန့်ခွဲကြဖို့ရာ အကြောင်းဖန်လာတော့တဲ့အခါမှာတော့… Paul Berthier နဲ့ ဟယ်လင်ရဲ့အကြားက ဆက်ဆံရေး၊ သားသမီးသုံးဦးရဲ့ အနုပညာပစ္စည်းတွေအပေါ်အမြင်၊ ရှေးပဝေသဏီကတည်းက မိသားစုရဲ့ ထမင်းချက်အိမ်ထိန်းဖြစ်ခဲ့တဲ့ အယ်လူဝိစ်ရဲ့ ခံယူချက်တွေကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ရဲ့ဖန်တီးသူ စာရေးဆရာ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Oliva Assayas ဟာ Summer Hours ရဲ့ခံစားချက်ကိုဆွဲဆောင်စေတဲ့ခံစားချက်ရရှိအောင် ဇာတ်ဆန်ဆန်မရိုက်ကူးထားဘဲ အရွယ်ရောက်ပြီးသား သားသမီးသုံးယောက်ရဲ့ သဘာ၀အတိုင်း တိုင်ပင်ဆွေးနွေးငြင်းခုန်ကြပုံတွေ ရိုက်ကူးထားတယ်လို့ဆိုပါတယ်။ File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

7.2 2008 103 mins
Summer Hours
Dr. Qin : Deadly Novel
5.9

မှုခင်းရုပ်ရှင်တွေကို ကြိုက်တဲ့ပရိသတ်တွေကတော့ ဒီရုပ်ရှင်လေးကို သဲထိတ်ရင်ဖိုနဲ့ သဘောကျမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- လုံဖန်းမြို့တွင် ဖြစ်ခဲ့တဲ့ လူသတ်မှုတွေဟာ အင်တာနက်ပေါ်က မှုခင်းဝတ္ထုထဲကလူသတ်ပုံအတိုင်း တစ်ပုံစံတည်းဖြစ်နေပါတယ်။ မှုခင်းဆရာဝန် ချင်မင်ဟာ ဝတ္ထုဟာ “စိတ်အဆိပ် ၅ ပါး” ဖြစ်တဲ့ လောဘ၊ ဒေါသ၊ တုံးအ၊ မာန၊ သံသယ တို့ကို အခြေခံပြီး အမှုလုပ်နေတာဖြစ်ကြောင်း သတိထားမိသွားပါတယ်။ ဒါ့အပြင် ဝတ္ထုရဲ့ စာအရေးအသားပုံစံကလဲ ချင်မင်တို့ အထက်တန်းကျောင်းတက်နေချိန်တုန်းက ကျောင်းမဂ္ဂဇင်းမှာ ထည့်သွင်းခဲ့တဲ့ ဆောင်းပါးများရဲ့အရေးအသားနဲ့ အတော်ကိုတူနေပါတယ်။ သဲလွန်စအားလုံးဟာ ချင်မင်ရဲ့ အထက်တန်းကျောင်းမှ သူငယ်ချင်းဖြစ်သူ ဖန်းချီကို ညွှန်ပြနေတဲ့အချိန်မှာ ချင်မင်ရဲ့ အချစ်ဦးဟန်ယွဲ့မှာလည်း အန္တရာယ်ရှိနေသလို ဖြစ်နေပါတယ်။ ချင်မင်နဲ့ ဖန်းချီတို့နှစ်ယောက် တွေ့ဆုံပြီး အချင်းချင်း သံသယမကင်းဖြစ်နေတဲ့အကြောင်းကိုသိရသောအခါမှာတော့ အဖြစ်အပျက်တွေက မရိုးရှင်းတော့မှန်း သတိထားမိသွားပါတယ်။ တရားခံ အစစ်က ဘယ်သူဖြစ်မလဲ…… ကွင်းဆက်လူသတ်သမားဟာ ဘာကြောင့် လူတွေကို လိုက်လံသတ်ဖြတ်နေရတာလဲ…… ချင်မင်တို့ ရဲတပ်ဖွဲ့ကရော တရားခံကို အချိန်မီ ဖမ်းဆီးနိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.9 2023
Dr. Qin : Deadly Novel
Once Upon a Lifetime
7.4

ဒီဇာတ်လမ်းလေးကတော့ Once upon a lifetime ဆိုတဲ့အတိုင်း ချစ်ခြင်းမေတ္တာတွေ ခွင့်လွှတ်ပေးမှုတွေနဲ့ healing ဖြစ်စေတဲ့ခံစားချက်တွေကို joy ဆိုတဲ့ ထူးခြားဆန်းကြယ်လွန်းတဲ့ကောင်မလေးတစ်ယေက်နဲ့ပုံဖော်ပြီး ရောထွေးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့… လူကောင်သေးသေးလေးဖြစ်တဲ့ သောမတ်စ်တစ်ယောက် ပန်းခြံထဲမှာတစ်ယောက်တည်း ထိုင်ကစားနေတဲ့အချိန်မှာ သူ့အတန်းထဲကလူကောင်ကြီးကြီးတစ်ယောက်ရောက်လာပြီး သူ့ကိုလာအနိုင်ကျင့်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အာရုံကတော့သစ်ပင်လေးတွေကိုပဲ စိုက်ကြည့်နေတဲ့ကောင်မလေးဆီမှာပဲ ရှိနေခဲ့တာပေါ့ ဒီလိုနဲ့ကောင်မလေးကိုသွားစကားပြောရင်းနဲ့ ကောင်မလေးကသောမတ်စ်ကို မျက်စိကျသွားပြီး အိမ်အထိလိုက်လာတဲ့အထိဖြစ်သွားပါတယ်။ ထူးဆန်းတာက ကောင်မလေးမှာမျိုးရိုးနာမည်ရော ဘယ်သူဘယ်ဝါလဲဆိုတာကို အဲဒီကောင်မလေးကိုယ်တိုင်မသိခဲ့တာပါ။ ဒီလိုကနေ သောမတ်စ်ရဲ့အမေက သူတို့အိမ်မှာတစ်ညအိပ်ခိုင်းလိုက်ပြီး နောက်တစ်နေ့ရောက်တဲ့အချိန်မှာ တစ်ညတွင်းအချင်း ကောင်မလေးက ၉ နှစ်အရွယ်ကနေ အသက် ၁၅ နှစ်အရွယ်ကိုပြောင်းသွားတာကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားပေးကြပါဦး။ File size…(1.3 GB)/(623 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee

7.4 2021 85 mins
Once Upon a Lifetime
Sometimes I Think About Dying
6.6

ဇာတ်ကားခေါင်းစဥ်လေးအတိုင်းပဲ တစ်ခါတလေကျ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တည်ရှိမနေချင်တော့ လောက်အောင် ပျောက်ဆုံးသွားသလို၊ သေဆုံးသွားသလို စိတ်ကူးမိတဲ့အတွေးလေးကို ရိုက်ကူးပြထားတဲ့ကားလေးပါပဲ။ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း Star Wars ရုပ်ရှင်တွေထဲက’ရေး’အဖြစ်သရုပ်‌ဆောင်တဲ့ မင်းသမီး Daisy Ridleyဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သူဟာ တစ်နေ့တစ်နေ့ လူမှု အသိုင်းအဝိုင်းမှာ ‌ဘောင်မဝင်တဲ့ ရုံးဝန်ထမ်းလေး ဖရန်အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်အိမ်မျိုးက Introvertတစ်ယောက်ကို ရိုက်ကူးပြသ ထားတာနဲ့ပိုတူတယ်ဗျ။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများအကြီး၊ စကားတွေပြောနေ၊ မိတ်ဖွဲ့နေပေမယ့် ကိုယ်ကတော့ ချောင်လေးမှာတစ်ယောက်တည်း တွေးရင်းငေးရင်း လောကကြီးမှာ သေဆုံးသွားဖို့သာတွေးမိ ကြတဲ့အဖြစ်မျိုးပေါ့….။ ဒီလိုမျိုးပတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့ ဖရန့်တစ်ယောက်ဟာ အလုပ်ကိုရောက်လာတဲ့ လူသစ်လေးနဲ့ကျတော့ ဇာတ်လမ်းလေးတွေ စဖြစ်ခဲ့ပါတယ်…။ သို့ပေမယ့် သူ့လို introvertတစ်ယောက်အတွက် အချစ်ဆိုတာ ခံစားခွင့်ရှိပါ့မလား၊ လူတွေနဲ့ရော ဝင်ဆံ့နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးထဲပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…900MB / 454MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.6 2023
Sometimes I Think About Dying
Look Back
8.1

Look Back (2024) ~ IMDb – 8.1/10, RT – 100%, MyAnimeList – 8.8/10, Meta – 87% ~ “Chainsaw Man” ရဲ့ Manga Artist ဖြစ်သူ Tatsuki Fujimoto ရေးဆွဲထားပြီး Anime Movie အဖြစ် ထွက်လာခဲ့တဲ့ “Look Back” ကို တင်ဆက်ပေးလိုက်ပါတယ်။ မူလတန်းကျောင်းသူ အာယူမူဖူဂျီနို (Ayumu Fujino) ဟာ ကျောင်းတွင်းသတင်းစာမှာ တစ်မျက်နှာလေးကွက်မန်းဂလို့ခေါ်တဲ့ Yonkoma ကိုရေးဆွဲလေ့ရှိသူပါ။ သူ့သူငယ်ချင်းတွေကလည်း သူ့လက်ရာတွေကိုချီးကျူးကြပြီး မန်းဂဆရာ (Manga Artist) လုပ်သင့်တယ်လို့အကြံပေးကြတယ်။ တစ်နေ့ ကျောင်းလာမတက်ဘဲ အိမ်တွင်းပုန်းဖြစ်သူ ကရိုမိုတို (Kyomoto) ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ Yonkoma က သူ့ Yonkoma နဲ့ယှဉ်ပြီးပါလာလို့ ကရိုမိုတိုရဲ့လက်ရာကအများကြီးပိုသာနေတာကို တွေ့လိုက်ရတယ်။ ဖူဂျီနိုလည်း မနာလိုစိတ်ဝင်သွားပြီး သူ့ထက်သာအောင်လုပ်မယ်ဆိုပြီး မန်းဂဆွဲတဲ့ဘက်ကို ဇောက်ချလုပ်ပေမဲ့လည်း မူလတန်းဆဋ္ဌမနှစ်ရောက်တဲ့အထိ သူဘယ်လိုပဲကြိုးစားကြိုးစား ကရိုမိုတိုရဲ့လက်ရာကို မမီမှန်းသိလိုက်ရတော့ လမ်းခုလပ်မှာ မန်းဂဆွဲတာကိုရပ်လိုက်တော့တယ်။ အဲဒီလိုနဲ့ မူလတန်းကျောင်းပြီးသွားတဲ့အချိန်ရောက်တော့ ဖူဂျီနိုတစ်ယောက် ကရိုမိုတိုရဲ့မူလတန်းအောင်လက်မှတ်ကို ဆရာဖြစ်သူခိုင်းလို့ သွားပေးရတဲ့နေ့ကစပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်သွားမလား ဆိုးဝါးတဲ့ဆက်ဆံရေးဖြစ်သွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ပါခင်ဗျာ။ “Look Back” Manga ကို ၂၀၂၁ ခုနှစ်မှာ Tatsuki Fujimoto က ရေးဆွဲပြီး Shuheisha ရဲ့ Shonen Jump+ မှာ One-Shot Manga (တစ်ထိုင်တည်းဖတ် သို့ တစ်အုပ်တည်းအပြီးမန်းဂ) အဖြစ်ထုတ်ဝေခဲ့ပါတယ်။ Studio Durian ကနေထုတ်လုပ်ပြီး Kiyotaka Oshiyama (Chainsaw Man, Devilman Crybaby) တာဝန်ယူရိုက်ကူးထားတဲ့ “Look Back” Anime Movie ကိုတော့ ဒီနှစ် ဇွန်လမှာရုံတင်ခဲ့ပြီးနောက် ဒီလအတွင်းမှာ Amazon Prime Video ကနေ ပြသခဲ့ပါတယ်။ Look Back ကို Manga ရော Movie ရော ဖတ်ပြီး ကြည့်ပြီးသူအနေနဲ့ အမြင်ကိုပြောပြပါဆိုရင်တော့… Fujimoto-sensei ရဲ့လက်ရာကို ဖတ်ဖူးသူတွေ သိကြမှာပါ။ အပြောထက် အပြကိုဉီးစားပေးလေ့ရှိပါတယ်။ ဒီ Look Back မှာလည်း အပြောနည်းနည်း အပြများများနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ အဲဒါကို ဒါရိုက်တာက Manga ထဲက Panel တွေအတိုင်း တစ်ကွက်ချင်းစီ ပိုင်ပိုင်နိုင်နိုင် လှလှပပ Adapt လုပ်ပြသွားတာက ချီးကျူးစရာကောင်းပါတယ်။ နောက်ပြီး တစ်ကားလုံးမှာ ရုပ်ရှင်အနုပညာ (Hollywood, Manga, Anime) နဲ့ဆိုင်တဲ့ Reference တွေကို မသိမသာရော သိသိသာသာရော ဖော်ပြထားတာမို့လို့ Easter Egg ရှာသလို ရှာကြည့်လိုက်ပါ။ ဒီ Look Back ထဲက Shark Kick ဆိုတာ Chainsaw Man ကို အစအဆုံး Reference လုပ်ထားတာပါ (ကြည့်ရင်သိပါလိမ့်မယ်)။ Look Back ဇာတ်လမ်းတည်ထားတဲ့ခုနှစ်က Movie ထဲမှာမပါပေမဲ့ Manga ထဲမှာတော့ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် ဆိုပြီး ဖော်ပြထားပါတယ်။ Look Back က စာရေးသူအတွက်တော့ မျှော်လင့်ထားတာနဲ့ကွက်တိဖြစ်သွားပြီး အကြိုက်တွေ့မိခဲ့လို့ Fujimoto-sensei ရဲ့ နောက်ထပ် One-Shot Manga တွေဖြစ်တဲ့ Goodbye, Eri (2022) နဲ့ Just Listen to the Song (2022) ကို Anime Movie အဖြစ် ကြည့်ချင်သွားပါပြီ။ Anime ကို ခဏလေးနဲ့လည်းမကြည့်ချင်ဘူး၊ အကြာကြီးလည်းမကြည့်ချင်ဘူး၊ စိတ်ဝင်စားစရာလည်းကောင်းရမယ်၊ ခေါင်းမစားတစားလည်းဖြစ်ချင်တယ်၊ ခံစားချက်တစ်ခုခုလည်းရသွားချင်တယ်ဆိုရင် ဒီ ၅၈ မိနစ်စာရှိတဲ့ Look Back ကကွက်တိပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 830MB, 400MB Quality -1080p, 720p IMDb Rating – 8.1/10 Format – mp4 Duration – 58Min Genre – Anime, Coming-of-Age, Hand-Drawn Animation, Shōnen, Animation, Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Animation • Adventure • Family • Fantasy
8.1 2024 58 mins
Look Back
Pizza Boy Rick
5

ရစ်ခ် ဟာ အဖွားဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ စိတ်ထင်ရာတွေကို လျှောက်လုပ်ရင်း ဘဝကြီးရဲ့ အဓိပ္ပါယ်ကိုရှာဖွေနေသူပါ။ စိတ်ပိုင်းဆိုင်ရာလည်း ဆိုးဆိုးရွားရွားထိခိုက်ထားတာကြောင့် ခံစားချက်တွေကို ပြန်လည် ဆက်စပ်ဖို့ကြိုးစားရင်း ရုပ်ရှင်အတန်း တစ်ခုကို တက်လိုက်မိပါတယ်။ ရုပ်ရှင်အတန်းရဲ့ အိမ်စာအဖြစ် ကိုယ့်ကိုယ်ကို ပြန်လည် ရှာဖွေဖို့ ပီဇာပို့သမားလေးအဖြစ် ယာယီလုပ်ကိုင် ရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ရစ်ခ်တစ်ယောက်လည်း ပီဇာဆိုင်လေးတစ်ခုမှာ ပီဇာပို့သမားလေးဖြစ်လာ ပါတော့တယ်။ စစလုပ်တဲ့ညမှာပဲ ပီဇာလိုက်ပို့နေရင်းနဲ့ အိမ်တစ်အိမ်အရောက်မှာ လဲကျနေတဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။ သူ ဟာ ထူးဆန်းစွာနဲ့ ရစ်ခ်ကို လိပ်စာတစ်ခုပေးပြီး သူ့အသက်ကိုကယ်ချင်ရင် အဲဒီနေရာကို သွားပေးဖို့ ပြောလာတဲ့အခါမှာတော့ …. ဒီထူးဆန်းတဲ့လူဟာ ဘယ်သူလဲ…… ရစ်ခ်ကိုသွားခိုင်းတဲ့နေရာကရော ဘယ်နေရာလဲ….. ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size… (885 MB) / ( 451 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 21m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Action • Crime • Drama
5 2024 80 mins
Pizza Boy Rick