YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Unforgotten Night EP.6 [CM] New.mp4

625.49 MB N/A video/mp4 446 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hit the Road
7

~ IMDb - 7.3/10, Rotten Tomatoes - 95% ~ IMDb 7.3/10 ရထားတယ်၊ Rotten Tomatoes က 95 % ရထားတယ်၊ BFI London နဲ့ Singapore International ဆုတွေ ရထားတယ်ဗျာ... ၉၃ မိနစ်ကြာ ဇာတ်လမ်းတစ်ပုဒ်ကို လူဇာတ်ကောင် လေးယောက် တိဇာတ်ကောင် တစ်ကောင်တည်းနဲ့ စိတ်ဝင်စားဖွယ်ရိုက်ပြထားတယ်... ဒီဇာတ်လမ်းက ခင်ဗျားတို့ကို ကြည်နူးရင်ခုန်စရာတွေတော့ ပေးနေမှာ မဟုတ်ဘူးဗျ။ မရေရာမှုတွေပြည့်နေတဲ့ ဒီဇာတ်လမ်းရဲ့ ပထမဆုံးသော ဒိုင်ယာလော့ကိုက... " ဘယ်ရောက်ပြီလဲ " တဲ့။ အဖေ အမေ သားနှစ်ယောက် ခွေးတစ်ကောင် အငှားကားတစ်စီးနဲ့ ထွက်လာတဲ့ ဒီခရီးဟာ ပျော်ပွဲစားခရီးတော့ ဟုတ်မနေခဲ့ပါ။ နိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် လမ်းဆုံးရောက်သွားတဲ့ မိသားစုတစ်စုရဲ့ နောက်ဆုံးအနေနဲ့ အရာရာပုံအောပြီး သားအကြီးဖြစ်သူကို တိုင်းတစ်ပါးကို မှောင်ခိုလွှတ်ဖို့ နယ်စပ်ကို ထွက်လာခဲ့ကြခြင်းပါ။ တရားမဝင်တဲ့ အလုပ်ဖြစ်လို့ လမ်းခရီးမှာ စိုးရိမ်ပူပန်ရတဲ့အပြင် သားအငယ်က တစ်ပူပူ ခွေးက တစ်ဆူဆူနဲ့ ဒုက္ခတွေကြားမှာ အားတင်းရင်း ပန်းတိုင်ရောက်ဖို့ ကြိုးစားနေရှာရတဲ့ မိသားစုတစ်စုကို ခင်ဗျားတို့မြင်ရပါလိမ့်မယ်... တီးမိခေါက်မိသလောက်တော့ ဒီဇာတ်လမ်းက အီရန်နိုင်ငံရဲ့ ခေတ်အခြေအနေတစ်ခုကို ဒါရိုက်တာက မီးမောင်းထိုးပြချင်လို့ ရိုက်ပြထားတာပါ... ဇာတ်အေးအေးနဲ့ ဒီလောက် Rating တွေ ရထားတာပဲ ကြည့်ပေါ့။ ဒီတော့ ခေတ်ရဲ့ရိုက်ခတ်မှုနောက်ကွယ်က ဒုက္ခသားတွေရဲ့ အဖြစ်ကို ရိုက်ပြထားတဲ့ ဒီကားကြည့်ရင်း ခင်ဗျားတို့အတွက်လည်း တစ်ခုခုတော့ အတွေးမရတောင် ကိုယ့်နိုင်ငံအတွက် သံဝေဂရစေချင်လို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 810MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Act Molemy Encoded by Y

Comedy • Crime • Drama • Thriller
7 2021 94 mins
Hit the Road
DOA: Dead or Alive
5.2

၂၀၀၆ခုနှစ် အင်တာနက်တွေ သိပ်ခေတ်မထခင်တည်းက ကျွန်တော်တို့ စီဒီတွေ ဒီဗီဒီခွေတွေနဲ့ ကြည့်ခဲ့တဲ့ရတဲ့ ဖိုက်တာဇာတ်လမ်းလေးပါပဲ. အတော်များများလဲ မှတ်မိကြမယ်ထင်ပါတယ်.. မင်းသမီးဖိုက်တာဆိုတာ ဒါမျိုးလို့ဆိုရလောက်အောင် အသေဖိုက် အသေလန်းခဲ့တာပေါ့ဗျာ... ဒီကားထဲမှာ မင်းသမီးကို ရဲတွေဝင်ဖမ်းတော့ ပင်တီဝတ်ပြရင်း လျှပ်တပြက်ဖိုက်ပြလိုက်တာ နောက်ဆုံး သေနတ်နဲ့ပေါင်ကြားချိန်ပြီး ဘော်လီဇစ်တပ်ခိုင်းလိုက်တဲ့ အက်ရှင်ခန်းဆို မျက်လုံးထဲက မထွက်တော့တာမျိုးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့.. တကမ္ဘာလုံးက အတော်ဆုံးကိုယ်ခံပညာရှင်တွေကို DOAလို့အမည်ရတဲ့ သိုင်းပြိုင်ပွဲတခုကနေ ဖိတ်ခေါ်ခဲ့ပါတယ်. တကမ္ဘာလုံးကို ကိုယ်ခံပညာရှင်ပေါင်းစုံကလဲ ဒီပြိုင်ပွဲကို စိတ်ဝင်စားကြတယ်. အဲ့ဒီတော့ လာရောက် ယှဉ်ပြိုင်ကြတာပေါ့. ဒါပေမယ့် အဲ့ဒီပြိုင်ပွဲရဲ့ မူမမှန်မှုတွေကိုတော့ လာရောက်ယှဉ်ပြိုင်တဲ့ထဲက အချောအလှဖိုက်တာမလေး လေးယောက်က သတိထားမိပြီး ဖော်ထုတ်လိုက်တဲ့အခါမှာတော့...........။ File size…(2.1 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Blake

Comedy • Drama • Romance
5.2 2006 87 mins
DOA: Dead or Alive
Bigbug
5.2

ဒီတစ်ခါမှာတော့ Netflix က ထွက်ရှိထားတဲ့ Sci Fi Comedy ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် နည်းပညာတိုးတက်လာတာနဲ့အမျှ ဟင်းချက် သန့်ရှင်း ရေးလုပ်တာကအစ အိမ်တံခါးဖွင့်ပေးတာ အိမ်ထဲပစ္စည်းပျောက်ရှာတာအဆုံး လူတွေဟာ ကိုယ့်ကိုကိုယ်အားမကိုးတော့ဘဲ စက်ရုပ်တွေကို အသုံးချလာကြပါတယ်။ စက်ရုပ်မရှိတဲ့အိမ်ဆိုတာ မရှိသလောက်ပါပဲ။ ဒီလိုနဲ့ တနေ့မှာ အဲလစ်တို့အိမ်မှာရှိတဲ့ စက်ရုပ်တွေက ရုတ်တရက်အပြင်မှာ ဘေးအန္တရာယ်ရှိပါတယ်ဆိုပြီး အဲလစ်တို့ကို အပြင်ထွက်ခွင့် ပိတ်လိုက်ပါတော့တယ်။ စက်ရုပ်တွေကတော့ သူတို့ဘေးကင်းဖို့အတွက်ကြောင့် ပိတ်ချလိုက်တာဖြစ်ပေမဲ့ လူသားတွေရဲ့အတွေးက သူတို့နဲ့ မတူဘဲ တစ်မျိုးဖြစ်တဲ့အခါ.... ဒီအထင်လွဲမှုကို ​ လူသားတွေက နားလည်နိုင်မှာလား သူတို့ကိုစောင့်ကြိုနေတဲ့ အန္တရာယ်ကကော ဘာဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size - (1.98 GB) /(940 MB) / (580 MB) Quality – WebDL 1080p / 720p/480p Duration - 1h 51mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Sci-Fi Translator – CM Team Encoder – SWM

Drama • Thriller
5.2 2022 111 mins
Bigbug
Road To High & Low
6.4

High & Low ဂျပန်ရုပ်ရှင်နဲ့ စီးရီးတွေဆိုတာကတော့ Gangster လူမိုက်တွေ ဂိုဏ်းတွေ အုပ်လိုက်ချကြတာတွေ ကြိုက်တဲ့လူတွေအတွက်တော့ ရှယ်ပါပဲ။ သူကတော့ စီးရီးကို Season 1 & 2 ရှိထားပြီး ရုပ်ရှင်ဆိုလည်း ၆ ကားထိ ထွက်ရှိရတဲ့ထိ အောင်မြင်မှုရထားပါတယ်။ (၆ ကားလုံးလည်း တင်ဆက်ပေးမှာပါ)။ High & Low ကြည့်ဖို့ အတွက် အကျဉ်းချုံး ဒါလေးကို ရှင်းပြထားချင်ပါတယ်။ ပထမဆုံး SWORD ဆိုပြီး နယ်မြေကြီးတစ်ခု ရှိပါတယ်၊ ဒီနယ်မြေထဲမှာ လူမိုက်ဂိုဏ်း ၅ ဂိုဏ်းက အချင်းချင်း သိပ်မတည့်ကြပဲ ကိုယ်စီအုပ်ချုပ်လျက်ရှိပါတယ်။ 1. ဆန်းနိုးလူမိုက်ဂိုဏ်း (SWORD ထဲက S) ဒီရုပ်ရှင်ရဲ့ဇာတ်ဆောင်လို့ပြောရမယ့် မင်းသားတို့ရဲ့အဖွဲ့ပါ ခေါင်းဆောင်ကော်ဘရာနဲ့အတူ ယာမာတိုတို့က ဖွဲ့စည်းထားတာပါ။ 2. ဝှိုက်ရတ်စကဲလ်ဂိုဏ်း- အဖြူရောင်လူပေလူတေများ (SWORD ထဲက W) ယောက်ျားသားတွေရဲ့နှိပ်စက်ရမ်းကားတဲ့ဒဏ်ကိုခံရတဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့ဆိုပြီး ကလပ်ထောင် ဖွဲ့စည်းထားတဲ့ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ ရော့ကီဖြစ်ပါတယ်။ 3. အိုယာအထက်တန်းကျောင်းဂိုဏ်း (SWORD ထဲက O) အချိန်ပိုင်းကျောင်းသား၊ အချိန်ပြည့်ကျောင်းသားတွေနဲ့ ဖိုက်ကလပ်လုပ်ပြီး ဖွဲ့စည်းထားတဲ့ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ မူရာယာမဖြစ်ပါတယ်။ 4. ရူဒီဘွိုင်းစ်ဂိုဏ်း – လူရိုင်းလေးများ (SWORD ထဲက R) မိဘကစွန့်ပစ်ထားသူတွေ၊ ခိုလှုံရာမဲ့သူတွေ လာစုဝေးကြတဲ့ အမည်မရှိဆိုတဲ့ ဥပဒေမဲ့မြို့လေးကို စောင့်ရှောက်ပေးနေတဲ့ဂိုဏ်းဖြစ်ပါတယ်၊ ခေါင်းဆောင်ကတော့ စမုတ်ကီဖြစ်ပါတယ်။ 5. ဒါရူးမားဂိုဏ်း (SWORD ထဲက D) SWORD နယ်မြေရဲ့ ပွဲတော်တွေကို ထိန်းချုပ်ကိုင်တွယ်ထားတဲ့ ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ ဟျူဂါဖြစ်ပါတယ်။ တစ်ဖက်မှာ ဒီ SWORD တွေကို ကြည့်မရဖြစ်နေပြီး အဲဒီနယ်မြေကို အသစ်ပြန်တည်ဆောက်မယ့်စီမံကိန်းတွေကို လုပ်ချင်နေတဲ့ ငွေကြေးဓနရှင် ခူရူးယုအဖွဲ့ လူမိုက်ဂိုဏ်းအကြီးစားကြီး ရှိပါတယ်။ ဒီဇာတ်လမ်းလေးရဲ့အကြောင်းကတော့ ကော်ဘရာ၊ ယာမာတိုနဲ့ နိုဘိုရုဆိုပြီး ကလေးဘဝကတည်းက သူငယ်ချင်းသုံးယောက်ရှိကြပါတယ်။ သူတို့ထဲကမှ နိုဘိုရုကတော့ အားနည်းသူတွေကို ကာကွယ်ဖို့ဆိုပြီး ရှေ့နေဖြစ်ချင်တဲ့လူတစ်ယောက်ပါ (ကျန်တဲ့နှစ်ယောက်က လေးစားအားကျရတဲ့ စတားတစ်ယောက်ပေါ့)။ အသက်တွေကြီးလာတော့ ကော်ဘရာနဲ့ ယာမာတိုက မူဂန်ဂိုဏ်းမှာ လူမိုက်တွေဖြစ်နေတာပေါ့၊ နိုဘိုရုကလည်း သူ့အိပ်မက်ဖြစ်တဲ့ ရှေ့နေဖြစ်ဖို့ ကြိုးစားကျောင်းတက်နေရင်းပေါ့။ ဒါပေမဲ့ ကြမ္မာဆိုးတစ်ခုကြောင့် နိုဘိုရု ထောင်ကျသွားပါတော့တယ် အဲဒီမှာ သူတို့ ၃ ယောက်လည်း ကွဲခဲ့ရပါတယ်။ အဲဒါပြီးတော့ အချိန်ကြာလာတဲ့အခါ ကော်ဘရာနဲ့ ယာမာတိုက ဆန်းနိုးဂိုဏ်းကို တည်ထောင်ထားပြီး ပြဿနာလေးတွေ ဖြေရှင်းနေရင်း ရှင်သန်နေကြပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့ SWORD ၅ ဂိုဏ်းလုံးကို ခူရူးယုအဖွဲ့ခွဲဖြစ်တဲ့ အဲအိမုရမိသားစုဆိုတဲ့ ဂိုဏ်းကြီးက သူတို့အဖွဲ့အစည်းထဲ လာပေါင်းဖို့ လာစည်းရုံးပါတယ်၊ လက်မခံရင်လည်း ချေမှုန်းခံရမယ်ဆိုပြီး ချိန်းခြောက်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီလိုလာပြောတဲ့လူဟာ သူတို့လေးစားအားကျခဲ့ရတဲ့ ငယ်သူငယ်ချင်းနိုဘိုရုတစ်ယောက် ဖြစ်နေပြီး ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဘာဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ ကြားထဲမှာလည်း ဂိုဏ်းအချင်းချင်းကြားက ပြဿနာတွေ အရှုပ်တော်ပုံတွေနဲ့အတူ လှည့်ကွက်တွေနဲ့ ခပ်မိုက်မိုက်အက်ရှင်တွေကို ခံစားရမှာပါ။ ဇာတ်ကားကလည်း ၆ ကားလုံး တင်ဆက်ပေးသွားမှာဆိုတော့ လူမိုက်တွေ အုပ်လိုက်ဖိုက်တင်းချကြတဲ့ ပရိသတ်တွေအဖို့ အကြိုက်တွေ့မှာသေချာပါတယ်၊ မိန်းကလေးပရိတ်သတ်တွေအတွက်လည်း ဂျပန်လူမိုက်အဆင်လေးတွေဖြစ်လို့ ငမ်းရဖို့သာ ပြင်ထားပါ။ File size…1.51GB / 768.3MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Thura Aung

6.4 2016
Road To High & Low
Francesca Quinn, PI
6

မှုခင်းစုံထောက် ဇာတ်လမ်းကောင်းလေးကို ရှာနေတဲ့ သူတွေအတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် စိန့်ဘန်းဆိုတဲ့ မြို့လေးတစ်မြို့မှာ လူသတ်မှုလို့ မထင်ရဘဲနဲ့ နှလုံးဖောက်တာ ကားမတော်တဆဖြစ်တာ စတဲ့အမှုတွေနဲ့ လူတွေသေဆုံးခဲ့ကြပါတယ် ဒါပေမဲ့ လူတစ်ယောက် ရေနစ်သေဆုံးတာကို စစ်ဆေးတဲ့အခါမှာတော့ ဒါတွေဟာ လူသတ်မှုဖြစ်တယ်ဆိုတာကို သိလာကြပါတယ် ဒီလိုနဲ့ တရားခံကိုရှာကြတဲ့အခါ တရားခံဟာ ရဲမှုးကြီးဂျက်ရဲ့ ဇနီး မှုခင်းသိပ္ပံစုံထောက် ဖရန်ကီရဲ့ မိထွေး မက်ဂန်‌ဆိုတဲ့ သူဖြစ်နေပါတယ် မက်ဂန်တစ်ယောက် ထောင်ကျသွားပြီးတဲ့နောက် အားလုံးအဆင်ပြေခဲ့ပြီ ထင်ခဲ့ပေမယ့် တစ်ရက်မှာတော့ ဖရန်ကီရဲ့ သတို့သားလောင်းဖြစ်သူ ကားလ်တစ်ယောက် အသတ်ခံလိုက်ရ‌ပါတော့တယ် ဒီလိုနဲ့ အမှုကို စစ်ဆေးကြတဲ့အခါမှာတော့ ဘာတွေများ တွေ့ရှိလာကြမလဲ ထောင်ထဲရောက်နေတဲ့ မက်ဂန်ကရော ဒီအမှုနဲ့ သက်ဆိုင်ရဲ့လား အကွက်ကျကျစီစဉ်ထားတဲ့ အမှုကနေ လူသတ်သမားအစစ်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါဦးဗျာ Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Tv Movie, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

6 2022
Francesca Quinn, PI
American Outlaws
5.5

American Outlaws ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားထဲမှာတော့လီဂရေ့စ် ဒေလန် ရိုင်ယန်လို့ခေါ်တဲ့ ဒိုဟာတီမိသားစုဝင် မောင်နှမသုံးယောက်ရဲ့ ဝရမ်းပြေးဘဝကို အသေးစိတ်ရိုက်ကူးပြသထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။သူတို့မောင်နှမ သုံးယောက်ဘယ်လိုဝရမ်းပြေးတွေဖြစ်လာသလဲဆိုတာကိုပြောရရင် ရိုင်ယန်ကခံဝန်နဲ့လွတ်ထားတာမကြာသေးပဲ စောင့်ကြည့်ခံထားရတဲ့အပြင် မှတ်ပုံတင်ပါမရှိတဲ့အတွက် နှစ်ရက်နေရင်အဖမ်းခံရတော့မှာပဲဖြစ်ပါတယ်။ သူတို့မောင်နှမသုံးယောက်ကလည်း အရမ်းဆင်းရဲတဲ့အတွက် ကျရာအလုပ် လုပ်ကိုင်နေရတဲ့သူတွေဖြစ်ပါတယ်။ဒီလိုနဲ့ အစ်ကိုအကြီးဆုံးဖြစ်တဲ့ ဒေလန်က သုံးယောက်သား တခြားနိုင်ငံကိုထွက်ပြေးနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ သူတို့မောင်နှမသုံးယောက်လည်း သေချာစဉ်းစားဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့ နယ်စပ်ကိုခိုးဖြတ်ဝင်ဖို့အတွက် သဘောတူခဲ့ကြပါတော့တယ်။ရိုင်ယန်လည်း သူ့ရဲ့မွေးဖွားခါနီးကောင်မလေးကိုထားခဲ့ရပြီး ထွက်လာခဲ့ပါတော့တယ်။ဒါပေမယ့် လမ်းမှာကားကို အရှိန်တင်မောင်းလို့ ရဲကားအလိုက်ခံရတဲ့အချိန်မှာသေနတ်နဲ့ ပြန်ပစ်လို့ အမှုပတ်သွားပါတော့တယ်။ဒီလိုနဲ့သူတို့လည်းဆက်ထွက်ပြေးရင်းနဲ့ ပိုက်ဆံလိုအပ်လာတဲ့အတွက်ဘဏ်ကိုပါဓားပြဝင်တိုက်ခဲ့ပါတော့တယ်။ဒီလိုနဲ့ တစ်မှုကနေနှစ်မှုဆင့်လာပြီး နောက်မှာတော့ သတင်းတွေထဲမှာရောရေဒီယို တွေထဲမှာပါနာမည်ကြီးလာတဲ့ ဝရမ်းပြေးတွေဖြစ်လာခဲ့ပါတယ်။တခြားနိုင်ငံကို ကူးဖို့နယ်စပ်တောင်မရောက်သေးပဲ နဲ့ဒီလောက်အမှုတွေကြီးနေတဲ့ ဝရမ်းပြေး မောင်နှမသုံးယောက်ထွက်ပြေးဖို့ဆိုတာဖြစ်နိုင်ဦးပါ့မလား။သူတို့ရဲ့ဝရမ်းပြေး ဘဝတွေမှာဘယ်လိုနေထိုင်ရလဲ သူတို့ရဲ့ငယ်ဘဝတွေကရောဘယ်လိုတွေဖြစ်ခဲ့လို့ ဒီလောက်ဆိုးသွမ်းနေတဲ့လူတွေဖြစ်ရတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.73 GB / 730 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Crime • Thriller • Drama
5.5 2023 99 mins
American Outlaws
Thunder Rescue
5.7

ဒီဇာတ်ကားလေးကတော့ မိုးကြိုးစစ်ဆင်ရေးဆိုတဲ့ မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးအကြောင်းတစ်ခုကိုရိုက်ထားတာပဲဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကသာမူးယစ်ဂိုဏ်းမှာသူလျှိုလုပ်ပြီး မူးယစ်ရာဇာကိုဖမ်းတဲ့အကြောင်းကိုအဓိကထားတာမဟုတ်ပဲ။ မူးယစ်ရာဇာတစ်ယောက်ကိုဖမ်းဆီးလိုက်ပြီး နောက်ပိုင်းမှ မူးယစ်ရာဇာရဲ့ညီတွေက လက်စားချေဖို့ ရဲအရာရှိတစ်ယောက်ရဲ့သမီးလေးကိုဖမ်းပြီးတော့ သူတို့အစ်ကိုကိုလွှတ်ပေးဖို့ အကြပ်ကိုင်လာတယ်။ အဆင့်ဆင့် ကလေးမလေးကိုကယ်တင်ဖို့ဘယ်လိုကြိုးစားရင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့အဖွဲ့ကို ဘယ်လိုအမြစ်ကနေရှင်းပစ်လဲဆိုတာရိုက်ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Drama
5.7 2023
Thunder Rescue
The Inheritance
5

ဒီဇာတ်လမ်းလေးမှာတော့ Shawshank Redemption မှာ ထောင်မှူးNorton အဖြစ် ကျွန်တော်တိုသိကြတဲ့ Bob Guntun က အဗနာသီ မိသားစုရဲ့ဖခင်ကြီးအဖြစ်သရုပ်ဆောင်ထားပြီး character အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ်ဖွဲစည်းထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း *************** အဗနာသီမိသားစုဟာ ကျိကျိတက်ချမ်းသာတဲ့ ဘီလျံနာ မိသားစုပါ။ ကျိကျိတက်ချမ်းသာကြတဲ့အလျောက် မိသားစုဝင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းပါပဲ။ တစ်နေ့မှာတော့ အဗနာသီ မိသားစုရဲ့ ဖခင်ကြီး ချားလ်စ် က သူ့ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့အတွက် သူ့သားသမီး ၄ယောက် ကို ဖိတ်ခေါ်ခဲ့တယ်။ သားသမီးတွေ အိမ်ကြီးဆီရောက်လာတဲ့အခါမှာတော့ ထင်ထားသလို မွေးနေ့ပွဲ မဟုတ်နေပဲ သူတိုဖခင်ကြီးချားလ်စ် ကို လာသတ်မဲ့ တစ်စုံတစ်ယောက်ရဲ့ ရန်ကနေ ကာကွယ်ပေးဖိုဖြစ်နေခဲ့တယ်။ ဖခင်ကြီးရဲ့ အမွေတွေကိုလည်း ဖခင်ကြီးအသက်မသေမှ ရရှိမှာဖြစ်တဲ့အတွက် သားသမီး ၄ယောက်တိုက ဖခင်ကြီးကို ကာကွယ်ဖိုဖြစ်လာခဲ့တယ်။ ဖခင်ကြီးကို လာသတ်မဲ့တစ်‌စုံ တစ်ယောက်က ဘယ်သူလဲ၊ ဘာအတွက်ကြောင့် ကာကွယ်ဖို သားသမီးတွေကိုပဲ ခေါ်ရတာလဲ၊ ဒီပဟေဠိနောက်ကွယ်က ထူးဆန်းတဲ့ အဖြစ်အပျက်တွေက ဘာတွေလဲဆိုတာကို စိတ်၀င်တစား ရင်တမမ နဲ့ရှုစားကြရမှာပါ။ အိမ်ကြီးတစ်လုံးအတွင်းမှာပဲ ဇာတ်အိမ်တည်ထားပြီး အဗနာသီမိသားစုက ဒီတစ်ညတာကို ဘယ်လို‌ဖြတ်ကျော်ကြမလဲ ဆိုတာကို ကြည့်ရှုကြရမှာပါ။ Plot ကောင်းကောင်းတွေလည်းပါ၀င်ပြီး စိတ်လှုပ်ရှားစရာ ပဟေဠိဆန်ဆန် ရုပ်ရှင်တစ်ကားဖြစ်တာမို ထူးခြားဆန်းပြားရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ အလွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း….. File size…857MB / 361MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5 2024 84 mins
The Inheritance
3 Days 2 Nights in Poblacion

3 days 2 nights in Poblacion (2024) ကောင်မလေးတွေရဲ့ဘဝမှာ သူတို့ဘော်ဒါကောင်မလေးတွေနဲ့ အတူတူခရီးတွေထွက် ဘားတွေသွား စားချင်ရာတွေစား လုပ်ချင်တာတွေလုပ် စသည်ဖြင့် အတူတူပျော်ရွှင်ကြဖို့ တစ်ခါလောက်တော့ စိတ်ကူးယဉ်ဖူးမှာပါ Girls Night တို့ Girls Trip တို့ပေါ့ ယောကျာ်းလေးတွေက အဲ့လိုမလုပ်ချင်ဘူးလားဆိုတော့ မဟုတ်ပါဘူး လုပ်လွန်းလို့ခက်နေတာပါ အဲ့တော့ အခုတစ်ခါပရိသတ်ကြီးကို တင်ဆင်ပေးမယ့်ကားလေးက စိတ်ကူးယဉ်ရုံတင်မကပဲ နှစ်ယောက်ထဲအပြတ်ကဲတဲ့ကောင်မလေးနှစ်ယောက်အကြောင်း ဖြစ်ပါတယ် ဖိလစ်ပိုင်ရဲ့ Night Life တွေမှာ အသဲကွဲနေတဲ့သူငယ်ချင်းကို ကုစားပေးရင်း အချစ်သစ်ကိုရှာဖွေပေးရင်း ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေကြတဲ့အခါ မီးရောင်စုံ တေးသံစုံတွေအောက်မှာ ဘာတွေဆက်ဖြစ်မလဲကတော့ ပရိသတ်ကြီးကပဲ ကြည့်ရှုအားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Drama Quality…. 1080p | 720p File size… 1.5GB | 789MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

Drama
0 2024
3 Days 2 Nights in Poblacion
Songs of Earth
7.1

Songs of Earth (2023) IMDb Rating (7.1) / Rotten Tomatoes (100%) “Song of the Earth” (2023, Norway) Documentary ဟောဒီ ရုပ်သံမှတ်တမ်းက နော်ဝေရဲ့ အံ့ချီးလောက်စရာ အလွန်ထူးခြားတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုအကြောင်းပါပဲ။ လွန်လွန်ကျူးကျူးပြောရရင် အိပ်မက်မြေလို့ခေါ်နိုင်မယ့် သဘာဝအလှတွေ ပတ်ဝန်းကျင်တွေနဲ့ လူသားတို့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ အနက်ရှိုင်းဆုံးသရုပ်ဖော်ထားတဲ့ မှတ်တမ်းတစ်ခုပါ။ ဒီမှတ်တမ်းရုပ်ရှင်မှာ ကျောက်တုံးထူထပ်တဲ့ တောင်တန်းများကနေ ရေခဲတောင်တွေဖြစ်လာပုံတွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝတရားရဲ့ ကောင်းကျိုးဆိုးကျိုးများကိုပါ ပြသပေးထားတာမလို့ သဘာဝရဲ့ လှပမှုနဲ့ တန်ဖိုးကို လူတွေစိတ်ဝင်စားအောင် သွေးဆောင်နိုင်တဲ့မှတ်တမ်းရုပ်ရှင်ဆိုလည်း မမှားပါဘူး။ သဘာဝအပေါ်ကို လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ဘယ်လိုသက်ရောက်မှုတွေရှိလာတယ်ဆိုတာရယ်၊ ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး သဘောထားတစ်ရပ် လူကြီးမင်းရင်မှာ အမြစ်တွယ်စေမှာလည်း ဖြစ်ပါတယ်။ ဒီမှတ်တမ်းကို ဘာလို့ကြည့်သင့်လဲလို့ မေးလာရင်တော့ နော်ဝေနိုင်ငံရဲ့ သဘာဝတရားအပေါ် ဘယ်လိုထိန်းသိမ်းထားသလဲဆိုတဲ့ မူဝါဒကိုမြင်နိုင်မယ်။ သဘာဝပတ်ဝန်းကျင်ထဲမှာ ရာသီဥတုပြောင်းလဲမှုအပေါ် လူသားတို့လုပ်ရပ်‌တွေက ဘယ်လို သက်ရောက်မှုမျိုးဖြစ်‌စေတယ်ဆိုတာ လေ့လာနိုင်ပြီး ကမ္ဘာ့အနာဂတ်အပေါ်မှာ အာရုံစိုက်မှုတစ်ခုကို ဖော်ကျူးနိုင်လို့ပါ။ ဆွစ်ဇာလန်ကိုပဲ လှတယ်လို့သက်မှတ်ထားရင် ဒီမှတ်တမ်းရုပ်ရှင်ထဲက နော်ဝေရဲ့ တောင်တန်းတွေ ရေခဲ‌တောင်တွေ၊ သိပ်ကိုပြေပြစ်အချိုးကျတဲ့ မြက်ခင်း‌တွေရဲ့အလှတရားကို ခံစားကြည့်လိုက်ပါဦးနော်။ ဒီမှတ်တမ်းထဲမှာတော့ သမီးနဲ့ အဖေတို့နှစ်ယောက်သား တစ်နှစ်တာ အတူစကားပြော၊ အတိတ်တွေဖလှယ်ပြီး နေထိုင်ရာမြေသမိုင်း၊ မိသားစုနောက်ခံသမိုင်းတွေ ပြန်လှန်ပြောပြသွားတာ တွေ့ရမှာပါ။ လှပတဲ့ရှုခင်း‌များနဲ့ ဗဟုသုတများ ပေးစွမ်းနိုင်တဲ့မှတ်တမ်းရုပ်ရှင်မလို့ ရွေးချယ်ကြည့်ရှုသင့်ပါကြောင်း။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ပဲဖြစ်ပါတယ်။) File size…(2.4 GB) / (1 GB) Quality….BLU-RAY 1080p HEVC / 720p Format…. mkv/mp4 Duration….01:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

Action • Thriller • Mystery
7.1 2023
Songs of Earth
The Love of Han River
5.6

ဒီတစ်ခါ CM ကနေတောပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ မြစ်ရေအသွင်သွင်စီးဆင်းနေတဲ့ဟန့်မြစ်ဘေးမှာ စစ်ပွဲကြောင့်ထွက်သွားပြီး ဘယ်တော့မှပြန်မလာတော့တဲ့အဖေကို လွမ်းဆွေးနေတဲ့ဟယ်မောက်ချွမ်းဆိုတဲ့ ကောင်လေး။သူကတော့ စာပေပညာမှာထူးချွန်ပြီးတော့ စာရေးဆရာဖြစ်ချင်တဲ့အိပ်မက်တစ်ခုရှိခဲ့တယ်။ သို့ပေမဲ့လည်းမဖွံ့ဖြိုးတဲ့ကျေးလက်ဒေသကသူမို့လို့ တက္ကသိုလ်ပညာသင်ကြားရေးအထိမရရှိခဲ့ရတဲ့ လူတစ်ယောက်ပေါ့။ ရွာအဖွဲ့အစည်းရဲ့ စာရင်းကိုင် စာရေးသမား အမေကိုပြုစုပေးနေတဲ့သားလိမ္မာ ဟယ်မောက်ချွမ်းအပြင် အမေ့ရဲ့နောက်အိမ်ထောင်ယောကျ်ားကနေပါလာတဲ့ သမီးလေးချင်းချင်းဆိုတဲ့မိန်းကလေးကလည်း အစ်ကိုဖြစ်သူမောက်ချွမ်းနဲ့အတူ ပညာအရာမှာထူးချွန်ထက်မြတ်လှတယ်။ နှစ်ယောက်လုံးရဲ့အိပ်မက်က မြို့ကြီးပြကြီးမှာပညာသွားသင်ချင်တာကြောင့် အစ်ကိုဖြစ်သူမောက်ချွမ်းက ညီမလေးချင်းချင်းအတွက်အနစ်နာခံပြီး ရွာမှာရှာဖွေစားသောက်ဖို့ဆုံးဖြတ်ခဲ့တယ်။ နှစ်ယောက်သားက အဖေမတူအမေမတူပေမဲ့ ခံစားချက်အရမ်းနီးကပ်ကြတာကြောင့် လူတိုင်းအားကျရတဲ့ မောင်နှမမျိုးဖြစ်နေခဲ့တာပေါ့။ တနေ့မှာတော့ မောက်ချွမ်းကိုတဖက်သတ်ကြိုက်နေတဲ့ လျိုရိူ့ကျူးက လက်ထပ်ခွင့်တောင်းရမ်းခဲ့တဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးကျေးလက်တောရွာ မိသားစုပုံစံလေးကိုဖော်ကျူးထားတာကြောင့်မို့လို့ ဒီဇာတ်လမ်းလေးကိုစောင့်မျှော်ကြည့်ရူလိုက်ရအောင် ~

Animation • Family • Mystery • Comedy • Science Fiction
5.6 2025
The Love of Han River
My Fault: London
6.2

My Fault: London (2025) IMDb Rating (6.2) ဒီရုပ်ရှင်ကတော့ အလန်းစားလူငယ် Cast တွေနဲ့ ရိုက်ကူးထားတဲ့အချစ်အနမ်းခပ်ကြမ်းကြမ်း ဒရမ်မာကားကောင်းဖြစ်ပါတယ်။ ငယ်ငယ်ထဲက ကွဲသွားပြီး အင်္ဂလန်မှာ နောက်အိမ်ထောင်ကျသွားတဲ့ မိခင်ရဲ့လှမ်းခေါ်မှုကြောင့်အမေရိကန် ဖလော်ရီဒါကနေ အင်္ဂလန်က အမေနောက်ကို လိုက်သွားဖို့ နိုအာဆိုတဲ့ ကောင်မလေးမှာ ကံပါလာပါတယ်။ သူနေရာမယ့် အိမ်မှာ သူ့ပထွေးနဲ့ သူ့ရဲ့သားဖြစ်သူ နစ်ခ်တို့နဲ့ အတူနေဖို့ရှိလာတယ်။ နစ်ခ်က မြေအောက်လက်ဝှေ့ဝိုင်းတွေထိုး ကားတွေပြိုင်မောင်းတတ်တဲ့ RK Bad Boy လေးပေါ့ရောက်ခါစတော့ နိုအာနဲ့ နစ်ခ်တို့ ဘယ်လိုမှ အစေးမတည့်ပေမဲ့ နောက်ပိုင်းအနေနီးလို့ ကိစ္စတစ်ခုကနေတစ်ခု တစ်ခုသံယောဇဉ်တွေတွယ်ပြီးအကြောင်းတိုက်ဆိုင်လာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ ကြည့်ရှုရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(7.6 GB) / (2 GB) / (1 GB) Quality….Web-Dl 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo, Thiha Yan Naing

Comedy • Drama
6.2 2025
My Fault: London
Harriet the Spy
6

ဒီဇာတ်ကားလေးကတော့ ဟဲရီရက်ဆိုတဲ့ ခြောက်တန်းအရွယ်ကောင်မလေးတစ်ယောက်ရဲ့ စပိုင်လုပ်ပြီးတော့ စာရေးဆရာဖြစ်ချင်စိတ်ပြင်းပြမှုကို ပေါ့ပေါ့ပါးပါး ရိုက်ပြထားတာပါ။ ၁၁ နှစ်ပဲ ရှိသေးတဲ့ ဟဲရီရက် ဟာ တွေ့သမျှကို မှတ်စုစာအုပ်လေးထဲမှာ ချရေးပြီးတော့ သူ့ရဲ့ စာရေးဆရာမ ဖြစ်ချင်စိတ်ကို မြင့်တင်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ကို ကလေးထိန်းပေးတဲ့ ဂေါ်လီဟာ အကြောင်းတခုခုကြောင့် အလုပ်ထွက်သွားတဲ့ အခါမှာတော့ ဟဲရီရက်တစ်ယောက် လောကဓံကို တခုပြီးတခု စတင်ခံစားရပါတော့တယ်။ ဒီဇာတ်လမ်းလေးက ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်သင့်လဲဆိုတာကို သေချာပြသနိုင်တဲ့ ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ ဒီထဲမှာ ဟဲရိရက်ရဲ့ မိဘတွေက သားသမီးကို မအားတဲ့အခါ ပစ်ထားပေမယ့် တကယ်လိုအပ်တဲ့ အခါမှာ သားသမီးတစ်ယောက်ကို ဘယ်လိုကောင်းကောင်း ကိုယ်တွယ်နိုင်တယ်ဆိုတာကို ပြသပေးနိုင်ပါတယ်။ မိသားစု သားသားမီးမီးလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ဆုံးမစကားလေးတွေ ပြောပြီး ကြည့်နိုင်တဲ့ကားလေးဖြစ်လို့ လက်မလွှတ်သင့်ပါဘူး။ File size… 3.7 GB / 1.13 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 40m Genre ….. Comedy/Drama/ Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nikobaby

6 1996 100 mins
Harriet the Spy
Black Eyed Susan
5

Black Eyed Susan (2024) IMDb Rating (5.0) / Rotten Tomatoes (100%) ဒဲရတ်ခ်က ကိုယ်မောင်းတဲ့ကားကိုအိမ်လုပ်နေပြီး ကားဆွဲလို့ရတဲ့ငွေနဲ့ဇနီးနဲ့သမီးဖြစ်သူကိုထောက်ပံ့နေရတဲ့အိမ်ခြေယာမဲ့တစ်ယောက်ပါ။ ဒီလိုအခြေအနေမျိုးမှာ သူ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ဈာပနမှာ သိကျွမ်းခဲ့ဖူးတဲ့သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဂီလ်ဘတ်နဲ့ပြန်ဆုံမိပြီး စကားစပ်မိရာကနေ သူ့အတွက်အတည်တကျအလုပ်ရဖို့ဖြစ်လာခဲ့ပါတယ်။ သူလုပ်ရမယ့်အလုပ်ကတော့ ဆူဇန်လို့အမည်ပေးထားတဲ့ လူတစ်ယောက်နဲ့အနီးစပ်ဆုံးဖန်တီးထားတဲ့ အဆင့်မြင့်ဉာဏ်ရည်တုလိင်ကျွန်စက်ရုပ်တစ်ရုပ်ကိုစမ်းသပ်ဖို့ပါပဲ။ တစ်ခုရှိတာက ဒီလိင်အရုပ်ဟာလိင်ဆက်ဆံဖို့အဓိကထက် အမျိုးသမီးတွေကိုအကြမ်းဖက်လိုတဲ့ Fetish ပိုင်ရှင်တွေအတွက်အထူးပုံစံထုတ်ထားတာဖြစ်ပြီး ကိုယ်ထိလက်ရောက်ပြုမူတဲ့အခါ သွေးထွက်တာ ပွန်းပဲ့တာ မျက်ရည်ကျတာအစရှိတဲ့ တုန့်ပြန်မှုမျိုးတွေကိုပါအနီးစပ်ဆုံးတုန့်ပြန်နိုင်တာပါပဲ။ သူ့အတွက် နစ်နာထိခိုက်စရာ ဘာမှမရှိဘူးလို့ထင်စရာဖြစ်တဲ့ ဒီအလုပ်ကို ဒဲရတ်ခ် လက်ခံလိုက်ပြီးနောက်ပိုင်းမှာသူမမျှော်လင့်ထားတဲ့ အမှောင်လျှို့ဝှက်ချက်တွေက သူ့ကိုစောင့်ကြိုနေမယ်ဆိုတာ သူမသိခဲ့ရပါဘူး။ စိတ်မသက်သာစရာမြင်ကွင်းတွေ၊ စကားပြောခန်းတွေ၊ စည်းဘောင်တွေကိုကျော်လွန်ပြထားတဲ့ ဇာတ်ကားဖြစ်ပြီးလိင်အင်္ဂါတွေကို ကွက်ကွက်ကွင်းကွင်းပြသမှုတွေနဲ့ကြမ်းတမ်းတဲ့စကားပြောတွေကြောင့် မိသားစုနဲ့ကြည့်လို့အဆင်မပြေတဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.8 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Science Fiction Duration…. 01:25:57 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Alias

Horror • Thriller • Mystery
5 2024 85 mins
Black Eyed Susan