YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Unexpected.Business.S03E04.1080p.CM.mp4

1.52 GB N/A video/mp4 79 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Honor Society
7.8

IMDb Rating - 6.5/10 လူကြီးတွေရော ကလေးတွေပါ ကြည့်လို့ရတဲ့ ပေါ့ပေါ့ပါးပါး ကျောင်းဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ 2022 က ထွက်ရှိထားပြီး ကြည့်ရှုနှုန်း rating တွေ မြင့်ခဲ့တဲ့ ဒါရိုက်တာ Oran Zagman ရဲ့ masterpiece လေးဖြစ်ပြီး Angourie Rice,Gaten Matarazzo(stranger things ထဲက ဒတ်စတင်) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အော်နာ(Angourie Rice) ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မ လေးဟာ သူ့ရဲ့အောင်မြင်မှုအတွက်ဆို ဘာမဆိုလုပ်မယ့် high archeiver, စီနီယာအထက်တန်းကျောင်းသူလေးပါ။ ဘယ်သူ့ရဲ့ ဖိအားပေးမှုကြောင့်မှ မဟုတ်ဘဲ သူကိုယ်တိုင်က နေရာတိုင်းမှာ အဆင့် ၁ ဖြစ်ချင်နေတဲ့ သူပေါ့။ သူ့ရဲ့ ရည်မှန်းချက်ကတော့ အမေရိကန်ရဲ့ အကြီးမားဆုံး တက္ကသိုလ်ဖြစ်တဲ့ ဟားဗတ်တက္ကသိုလ်ကို သူ့အရည်အချင်းနဲ့သူ တက်ရောက်နိုင်ဖို့ပါ။ သူ့ရဲ့ ဆွေးနွေးအတိုင်ပင်ခံ ဖြစ်တဲ့ မစ္စတာကာဗင် (Christopher Mintz-Plasse) က ဟားဗတ်တက္ကသိုလ်နဲ့ အဆက်အသွယ်ရှိပြီး ပြောရေးဆိုခွင့်ရှိတဲ့သူပေါ့။ သူက အော်နာ တို့အတန်းထဲက ထိပ်တန်း ၄ ယောက်ထဲက ထိပ်ဆုံးတစ်ယောက် ကို ဟားဗတ်မှာတက်နိုင်ဖို့ ထောက်ခံပေးမယ်လို့ ပြောပါတယ်။ မစ္စတာကာဗင်ရဲ့ ထောက်ခံပေးတာကို လိုချင်တဲ့ အော်နာ တစ်ယောက် အဆင့်၄ ဖြစ်နေတဲ့အခါမှာ သူ့အထက်က သုံးယောက်ကို ဖြုတ်ချဖို့ ကြံစည်ပါတော့တယ်။ ပြိုင်ဘက်တွေကို ယုံကြည်ချက်အပြည့်နဲ့ တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်ရင်း မထင်မှတ်ဘဲ အကြီးမားဆုံးပြိုင်ဘက်ဖြစ်တဲ့ ကောင်လေး မိုက်ကယ်(ဒတ်စတင်)ကိုချစ်မိသွားတဲ့ အခါ..... Comedy ဆိုပေမဲ့ ပေါတောတောကြီးမဟုတ်ဘဲ ငြိမ့်ငြိမ့်လေးနဲ့ ချက်ကျလက်ကျ ခွီပြီးကြည့်ရမှာပါ။ လူငယ်တွေအတွက် အတုယူသင့်တာယူ ရှောင်သင့်တာရှောင်ဖို့ သင်ခန်းစာပေးထားတာတွေလည်း ပါတာမို့ ရည်မှန်းချက်ကိုယ်စီရှိကြတဲ့ ဆယ်ကျော် သက်လူငယ်လေးတွေ ဒီကားကနေ အထောက်အကူတစ်ခုခုရလိမ့်မယ်လို့ ယုံကြည် ပါတယ်...ကြည့်ကိုကြည့်သင့်တယ်နော်!!! (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size..........(1.6 GB) / (685 MB) / (400 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Khaing Khin Encoder..........Zin Phyo Aung

Drama
7.8 2022 97 mins
Honor Society
Bull Demon King Rise Again

ကောင်းကင် နဲ့ မြေကြီး နယ်ပယ်တွေ ဖန်ဆင်းပြီးတဲ့နောက်မှာ ကောင်းကင်ဘုံ မသေမျိုးနတ်မင်းတွေနဲ့ နတ်ဆိုးနယ်မြေက နတ်ဆိုးမျိုးနွယ်စုတို့ဟာ အေးချမ်းစွာနဲ့ပဲ အတူတူ နေထိုင်လာခဲ့ကြပါတယ် ။ ဒါပေမဲ့ တစ်နေ့မှာတော့ နတ်မျိုးနွယ်တွေဟာ နတ်ဆိုး ၊ မိစ္ဆာ မျိုးနွယ်စုတွေကို အထင်သေးပြီး အသက်တစ်ချောင်းကိုလဲ ပဓာဏ မထားပဲ သတ်ပစ်လာခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့် နတ်ဆိုးမျိုးနွယ်တွေရဲ့ ခေါင်းဆောင် နွားနတ်ဆိုးလို့ခေါ်တဲ့ အားနျိုဟာ နတ်မျိုးနွယ်တွေကို ရုတ်တရက်ဆိုသလို တိုက်ခိုက်ခဲ့ပါတယ် ။ ဒါပေမဲ့ အင်အားချင်းမမျှတာကြောင့် နတ်မင်းတွေရဲ့ အပြစ်ပေးချင်းကိုခံရပြီး သူလေ့ကျင့်ထားသမျှ စွမ်းအားတွေဟာလဲ ပျက်ဆီးသွားခဲ့ပါတော့တယ် ။ ဒီလိုနဲ့ အားနျိုတစ်ယောက် သာမန်လူလိုပဲ လူ့ပြည်မှာသွားလာကျက်စားနေရင်း ယဲ့ရှောင်းရှောင်းဆိုတဲ့ မိန်းမပျိုလေးနဲ့ တွေ့ဆုံကြုံကြိုက်ခဲ့ပါတယ် ။ တွေ့ဆုံမှုကနေတစ်ဆင့် ကံကြမ္မာဖန်လာပြန်တော့ နှစ်ဦးသား အတူတူ ခွင်းလွင်တောင်မှာ ရှိတဲ့ ရတနာကို ဖေးယွင်ရန်းကိုယူဆောင်ဖို့ အတွက်ခရီးဆက်ခဲ့ကြတဲ့အခါ မှာတော့...? သူတို့ ဖြတ်သန်းရာ ခရီးလမ်းကြောင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ဆုံကြမှာလဲ ? သူတို့နှစ်ဦး ခွင်းလွင်တောင်ရတနာဖြစ်တဲ့ ဖေယွင်းရှန်းကို ယူဆောင်ရတဲ့ အကြောင်းအရင်းကရော ဘာဖြစ်မှာလဲ ? နွားနတ်ဆိုးဖြစ်တဲ့ အားနျိုကရော စွမ်းအားတွေပြန်လည်ရရှိပြီး သူ့ရဲ့နတ်ဆိုးမျိုးနွယ်အတွက် တရားမျှတမှုကို ပြန်လည်ယူဆောင်ပေးမလားဆိုတာ? ဒီဇာတ်ကားလေးကို အခုပဲကြည့်ရှုရအောင်ပါ ။ [Reviwed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action & Adventure • Drama
0 2023 87 mins
Bull Demon King Rise Again
Memory Box
6.8

IMDb Rating ~ 6.8/10 Rotten Tomatoes ~ 93% 7 nominations လစ်ဘနွန် ပြည်တွင်းစစ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ကနေဒီယန်-ပြင်သစ် ဒရာမာဇာတ်လမ်းလေးပါ။ စစ်ကြီးအတွင်းက ဓာတ်ပုံအစစ်တွေ တိပ်ခွေအစစ်တွေကို ဇာတ်ကားထဲမှာ အချိတ် အဆက်မိမိနဲ့ တင်ဆက်ထားတာကြောင့် စိတ်ကူးယဉ်ဇာတ်လမ်းကို လက်တွေ့ကမ္ဘာနဲ့ အချိုးညီညီပေါင်းစပ်ပြထားတဲ့ ဇာတ်ကားဆိုပြီး ဝေဖန်သူတွေကြားထဲမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပါ။ နှင်းတွေ ထူထပ်နေတဲ့ မွန်ထရယ်မြို့ရဲ့ ခရစ်စမတ်နေ့တစ်နေ့မှာ အဲလက်စ်၊အမေဖြစ်သူ မိုင်ရာနဲ့ အဘွားဖြစ်သူ တီတာတို့ဆီ ပါဆယ်ပုံး တစ်ပုံး ရောက်လာပါတယ်။ ပါဆယ်ပုံးထဲမှာတော့ မိုင်ရာ ငယ်ငယ်က သူ့သူငယ်ချင်း လီဇာ ဟာဘားဆီပို့ခဲ့တဲ့ စာတွေ၊ မှတ်စုစာအုပ်တွေ၊ တိပ်ခွေတွေနဲ့ ဓာတ်ပုံတွေ ရှိနေခဲ့ပါတယ်။ မိုင်ရာနဲ့တီတာတို့က ပါဆယ် ပုံးကို ဖွင့်မကြည့်ဖို့ ပြောပေမဲ့ အဲလက်စ်က သိချင်စိတ်အပြည့်နဲ့ စူးစမ်း ကြည့်တဲ့အခါမှာတော့... လစ်ဘနွန် ပြည်တွင်းစစ်ကြီးအတွင်းက မြီးကောင်ပေါက်မလေး တစ် ယောက်ရဲ့ ဇာတ်လမ်းကိုလွမ်းမောဖွယ်ရာ ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size..........(1.3 GB) / (479 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Roman Nox Encoder..........SWM

Crime • Drama
6.8 2021 100 mins
Memory Box
Open The Coffin
4.5

ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ "Open The Coffin" ဆိုတဲ့နာမည်အတိုင်း အခေါင်းဖွင့်ရာကနေ စဖြစ်တည်လာတဲ့ ဇာတ်လမ်းလေးပါ ဇာတ်ကြောင်းလေးကတော့... သင်္ချိုင်းဂူဖောက်တဲ့ လူတစ်စု ထန်မင်းဆက်က သင်္ချိုင်းကို ဖောက်ထွင်းရာမှာ မဖွင့်သင့်တဲ့ အခေါင်းတစ်ခုကို ဖွင့်မိပြီး သင်္ချိုင်းက အလောင်းအားလုံး အသက်ဝင်လာခဲ့တယ် သူတို့တွေ ​ကံကောင်းထောက်မလို့ သင်္ချိုင်းကနေ ပြန်ထွက်လာနိုင်ခဲ့ပေမဲ့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းတဲ့ပုံစံအမျိုးမျိုးနဲ့ သေကုန်ကြပါတယ် ရှန်ချွင်ဟယ်ဆိုတဲ့ ရဲအုပ်ရှန်ဟာ သူ့ဆရာ သေဆုံးမှုအတွက် တစ္ဆေလက်ဆိုတဲ့သင်္ချိုင်းဖောက်ထွင်းသူကို ၃နှစ်ကြာစုံစမ်းနေတာပါ တစ်နေ့မှာတော့ ဆန်းကြယ်မှုအမျိုးမျိုးနဲ့ သင်္ချိုင်းဖောက်ထွင်းသူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေတဲ့အမှုကို စုံစမ်းရဖို့ ဖြစ်လာပါတယ် ဒီအမှုဟာ တစ္ဆေလက်နဲ့ ဆက်နွယ်နေတာကို သိလိုက်ရချိန်မှာတော့ ရှန်ချွင်ဟယ်တစ်ယောက် အမှုကို တစ်စ,တစ်စ ဘယ်လိုမျိုးဖော်ထုတ်ဖြေရှင်းသွားမလဲဆိုတာ စိတ်လှုပ်ရှားကြောက်မက်ဖွယ် ဆက်ကြည့်ကြရမှာပါ ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:32:00 Type__Thriller, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt

Drama
4.5 2022 92 mins
Open The Coffin
My Worst Neighbor
5

My Worst Neighbour (2023) ဒီတစ်ခါမှာ ချိုချိုချဉ်ချဉ်လေးခံစားရစေမယ့် Romance ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးပါမယ် ဇာတ်လမ်းအကျဉ်းကတော့ အဆိုတော်အဖြစ် လူရွေးပွဲဝင်ချင်တဲ့ အီဆွန်းဂျင်းဟာ လွတ်လွတ်လပ်လပ်နဲ့ လေ့ကျင့်ချင်တဲ့အတွက် အိမ်ငှားရပါတယ်... အိမ်ရှာတဲ့နေရာမှာလည်း ပေါချောင်ကောင်းလိုချင်တဲ့ သူ့အဖြစ်က ငိုရခက်ရယ်ရခက်ပါပဲ ဘာလို့လဲဆိုတော့ ငှားလိုက်တဲ့အိမ်က ဟိုဘက်တိုက်နဲ့ ဖုန်းဆက်စရာတောင်မလိုဘဲ စကားပြောလို့တောင်ရတဲ့အထိ အသံက ထိုးချင်းပေါက် ကြားနေရတာပါ အဲတော့ အဆိုလေ့ကျင့်ချင်တဲ့သူနဲ့ ဟိုဘက်အိမ်က ကောင်မလေးတို့ရဲ့ ရန်ပွဲစပါတော့တယ်.. အဲလိုရန်ဖြစ်ရင်းနဲ့ပဲ သံယောဇဉ်တွေဖြစ်လာပြီး နောက်ပိုင်း မျက်နှာတောင်မမြင်ဖူးသေးဘဲ တွဲတဲ့အဆင့်ထိရောက်လာပါလေရော မျက်နှာတောင်မမြင်ဖူးဘဲ သံယောဇဉ်တွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ရှေ့ဆက်လို့အဆင်ပြေပါ့မလား.. ဖြစ်လာတဲ့ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်

Crime • Thriller
5 2023 112 mins
My Worst Neighbor
Chhichhore
7.7

အတိတ်ရထားကို စီးခွင့်သာ ရမယ်ဆိုရင် ကျောင်းသားဘဝဟာ လူတိုင်းရဲ့ ဘူတာ ဖြစ်မှာပါ။ ဘဝရဲ့ အကောင်းဆုံး အမှတ်တရတွေဟာ ကျောင်းသားဘဝမှာပဲ ဖြစ်တည်ကြတာမလား။ မိသားစုလို ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ရှိမယ်။ ဘဝရဲ့ လက်တွဲဖော်ကို စပြီး ရှာတွေ့ခဲ့တယ်။ အားကစားပွဲတွေမှာ အတူယှဉ်ပြိုင်ခဲ့ကြတယ်။ ကျောင်းအနုပညာပွဲတွေမှာ အတူပါဝင်ခဲ့ကြဖူးတယ်။ ကျောင်းသားဘဝ အတိတ်မှတ်တမ်းဟာ ပြန်ဖတ်လို့ မရိုးအီနိုင်တဲ့ စာအုပ်တစ်အုပ်ပဲ။ ----------------------------------------------- ဒီဇာတ်ကားထဲမှာတော့ အဓိကဇာတ်ကောင်တွေကို Engineering College ကျောင်းသားတွေ အဖြစ် မြင်ရမယ်။ အရှုံးသမားအမည်ခံ ၊ တစ်ကျောင်းလုံးရဲ့ အဆိုးဆုံး အဆောင် H4 လေးရဲ့ ချစ်ခင်မှု၊ပျော်ရွှင်ကြမှု၊ စည်းလုံးမှု ဒါတွေကို မြင်ရမယ်။ အရက်သမားရယ်၊ အချိန်ပြည့် အပြာစာအုပ်တွေ ထိုင်ဖတ်နေတဲ့ကောင်ရယ်၊ အရှုံးသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သုံးနှစ်လုံး စီနီယာလုပ်နေတဲ့သူရယ်၊ အမြဲလိုလို ငိုငိုပြီး ရိုးအ,လွန်းတဲ့ ကောင်ရယ်၊ အနိုင်ကျင့်ဗိုလ်ကျလွန်းတဲ့ကောင်ရယ်၊ H4ကို စိတ်ကုန်ရင်း H4ကို ချစ်တတ်သွားတဲ့ကောင်ရယ်၊ ဒါဟာ အရှုံးသမား ၆ယောက်၊ H4ရဲ့ အာဏာရှိတွေ။ သူတို့ဟာ အရှုံးသမားလို့ အခေါ်ခံနေရတာကို ခံပြင်းနေကြသူပါ။ ဘက်စုံထူးချွန်ပြိုင်ပွဲမှာ အနိုင်ရရင်တော့ ဒီနာမည်ဆိုးကို ဖျောက်ဖျက်နိုင်ကြလိမ့်မယ်လို့ သူတို့ ယုံထားတယ်။ ဒါပေမဲ့ အနိုင်ရဖို့ မပြောနဲ့ဦး၊ အားကစားနဲ့ ပတ်သက်ပြီး အရည်အချင်း ရှိသူတွေက နည်းနေသေးတယ်။ ဒီလိုနဲ့ ပြိုင်ပွဲနီးကပ်လာရာမှာတော့.... ---------------------------------------------------- ဒီဇာတ်ကားကို နောက်ကြောင်းပြန်ပြီး ဖော်ပြထားပါတယ်။ ဒါကလည်း အရှုံးသမားလို့ အခေါ်ခံရမှာကို ကြောက်နေတဲ့ ကလေးတစ်ယောက်ကို အားပေးစကားပြောပုံနဲ့ တင်ဆက်ထားတာပါ။ ကျောင်းသားဘဝရဲ့ ပျော်ရွှင်မှုတွေကို ဖော်ပြရမှာ ရယ်စရာလေးတွေပါမယ်။ သို့ပေမယ့် အပေါစားဆန်တဲ့ ဟာသတွေ တော့ မဟုတ်ပါဘူး။ ကဲ... ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေ ကျေနပ်စေနိုင်တဲ့ ဇာတ်ကားတစ်ကားဆိုတာ ယုံကြည်ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါပြီ။ (အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။)

Comedy
7.7 2019 146 mins
Chhichhore
[18+] Hawas Ki Inteha
6.2

Hawas Ki Inteha (2016) လင်ရယ် မယားရယ်လို့ ဖြစ်လာကြပြီဆိုရင် ဆိုးတူကောင်းဖက်အတူလက်တွဲသွားကြပြီး ဘဝသက်ဆုံးတိုင် နားလည်မှုတွေနဲ့ ဘဝကို တည်ဆောက်ကြရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ထိုအိမ်ထောင်..ထိုလင်မယားဟာ ရှားစောင်းနဲ့မျက်ချေးလို တစ်မိုးအောက်ထဲက ရန်သူတွေလိုပါပဲ။ အိမ်ထောင်တစ်ခုမှာ အချစ်က အခရာကျသလို လိင်မှုကိစ္စဟာလည်း အဓိကကျပါတယ်။ မှားတဲ့လူရှိရင် ခွင့်လွှတ်ပေးနိုင်တဲ့သူ ရှိရမှာဖြစ်သလို မှားတဲ့သူဟာလည်း အဲ့ဒီအမှားမျိုးကို နောက်ထပ်မကျူးလွန်သင့်ပါဘူး။ အမှားတွေကို မလွန်ဆန်နိုင်တော့တဲ့အထိဖြစ်လာတဲ့အခါမှာတော့ အိမ်ထောင်တစ်ခုဟာ ပျက်တော့မှာပဲမဟုတ်လား။ ဒီဇာတ်ကားမှာလည်း ရာဂစိတ်ကြောင့် အမှားနွံထဲနစ်ပြီး ဘဝပျက်ခဲ့ရတဲ့ လင်မယားအကြောင်းကို ပညာပေးရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ၁၈အပေါင်းအခန်းလေးတွေလည်း ပါတာမို့ ၁၈ယောက်စုကြည့်ကြပါနော်။

6.2 2016
[18+] Hawas Ki Inteha
Rustin
6.6

Rustin (2023) ~ IMDb – 6.6/10, Rotten Tomatoes – 85% ~ Bayard Rustin… အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုကြီးရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တယောက်… Martin Luther King Jr. ရဲ့ အကြံပေးပုဂ္ဂိုလ်… သမိုင်းဝင် ဝါရှင်တန်ချီတက်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်… အမေရိကန်သမိုင်းတလျှောက် လူ့အခွင့်အရေးလှုပ်ရှားသူတွေအများကြီးထွက်ပေါ်ခဲ့တယ်။ သက်ရောက်မှုအကြီးဆုံးဖြစ်ခဲ့တာကတော့ ပြီးပြည့်စုံတဲ့ ဆန့်ကျင်ဘက်လို့ဆိုကြတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်သမား Martin Luther King နဲ့ တိုက်ယူမယ်ဆိုတဲ့ Malcolm X တို့ပေါ့။ သူတို့ ၂ ယောက်ကလည်းခေတ်ပြိုင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်က ပံ့ပိုးခဲ့တဲ့လူတွေကတော့ သိပ်ပြီးနာမည်ထွက်လေ့မရှိဘူး။ အဲဒီလိုလူတွေထဲ မာတင် လူသာကင်းရဲ့ မိတ်ဆွေ၊ အကြံပေး၊ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ Bayard Rustin လည်းပါဝင်တယ်။ Rustin ဘဝကတော့ အတော်ကို ခက်ခဲကြမ်းတမ်းတယ်။ Quaker (ကွိတ်ကာ) ဆိုတာကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့ပေါ့။ ရိုးရိုးပြောရရင် “မိတ်ဆွေများအသင်း” လို့အဓိပ္ပာယ်ရတယ်။ ပရိုတက်တင့် ခရစ်ယာန်လိုင်းခွဲတစ်ခုပေါ့။ အဲဒီလိုနေရာကနေ ကြီးပြင်းလာတဲ့ လူမည်းတယောက်အနေနဲ့ လူမျိုးရေးခွဲခြားမှုပေါင်းမနည်း ခံစားခဲ့ရတယ်။ အဲဒီအချိန်ကစလို့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မယ်လို့ သူဆုံးဖြတ်ခဲ့တယ်။ သူက လူမျိုးရေးခွဲခြားကြတဲ့ခေတ်မှာ လူမည်းဖြစ်ရုံတင်မကဘဲ လိင်ခွဲခြားမှုများနေတဲ့အချိန်မှာ ဂေးနေတဲ့အပြင် စစ်အေးကာလမှာလည်း ကွန်မြူနစ်ဟောင်းဆိုတဲ့နာမည်ရှိနေပြန်တယ်။ သူ့အတွက် လုပ်ရကိုင်ရတာ သိပ်ကျပ်စေမယ့်အခြေအနေတွေ စုပြုံခဲ့တာပဲ။ ဒါပေမဲ့ သူနောက်ဆုတ်သလား၊ နောက်မဆုတ်ခဲ့ဘူး။ လူသားအားလုံးအတွက် တန်းတူတရားမျှတမှုအတွက် ကြုံလာသမျှရင်ဆိုင်ခဲ့တယ်။ သူ့ကို အပုပ်ချတာတွေ၊ နှိပ်ကွပ်တာတွေ ခွဲခြားတာတွေ အများကြီးရှိခဲ့တယ်။ သူ့ရဲ့ဖြစ်တည်မှုက လှုပ်ရှားမှုကြီးမှာ အနှောက်အယှက်ဖြစ်မှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တော်ရုံကိစ္စတွေမှာတောင် သူ ‌လူရှေ့မထွက်ခဲ့ဘူး။ တနည်းအားဖြင့် နာမည်ဝင်ယူတဲ့အလုပ်မျိုး မလုပ်ခဲ့ဘူးပေါ့။ ဝါရှင်တန်ချီတက်ပွဲကြီးအပြီးမှာလည်း လိင်တန်းတူညီမျှရေးအတွက် ဆက်ပြီးတိုက်ပွဲဝင်ခဲ့တယ်။ သူက ဂန္ဓီရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း သက်ဝင်ယုံကြည်တဲ့လူတယောက်။ “ဂန္ဓီကြီးက အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ အင်ပါယာကြီးကို ဒူးထောက်စေခဲ့တယ်” လို့သူမကြာခဏပြောလေ့ရှိတယ်။ မာတင်လူသာကင်းရဲ့ ငြိမ်းချမ်းရေးဝါဒဟာလည်း သူ့ဆီကနေ တစိတ်တပိုင်း‌မြစ်ဖျားခံခဲ့တယ်။ မာတင်လူသာကင်းရဲ့ “ကျုပ်မှာ အိပ်မက်တစ်ခုရှိတယ်” ဆိုတဲ့ သမိုင်းဝင်မိန့်ခွန်းကြီးကလည်း Rustin ကြောင့်သာမဟုတ်ရင် ရှိလာမှာမဟုတ်ဘူးလို့ မာတင်လူသာကင်းက ပြောခဲ့တယ်။ ဒီလိုလူတယောက်အနေနဲ့ အမေရိကန်သမိုင်းမှာ အချိုးအကွေ့ကြီးတခုဖြစ်စေမယ့် ဝါရှင်တန်ချီတက်ပွဲကြီးကို ပဲ့ကိုင်ခဲ့တယ်။ ဒီချီတက်ပွဲအပြီးမှာ သမ္မတကနေဒီရဲ့ လူ့အခွင့်အရေးမူကြမ်းကို တင်သွင်းနိုင်ခဲ့ပြီး လူမျိုးရေးတန်းတူညီမျှမှုတိုက်ပွဲမှာ ခြေလှမ်းကျယ်ကျယ်လှမ်းနိုင်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ Rustin လို့ပေးထားပေမဲ့ သူ့ရဲ့ ဘဝတလျှောက်လုံးကို ချပြထားတာမဟုတ်ဘဲ ဝါရှင်တန်ချီတက်ပွဲကို ကြိုးစားကြတဲ့ ဘဝတစိတ်တပိုင်းကို ချပြထားတယ်။ အခက်အခဲပေါင်းစုံကြုံရတဲ့အပြင် စိတ်သဘောထားမတိုက်ဆိုင်မှုပေါင်းစုံနဲ့ အောင်မြင်ပါ့မလားမသေချာတဲ့ ပွဲကြီးကို မျှော်လင့်ချက်တခုတည်းကိုင်ပြီး အကောင်အထည်ဖော်ခဲ့ကြပုံကို ရိုက်ကူးထားတာပါ။ Cast တွေအနေနဲ့ Rustin နေရာက Coleman Domingo နဲ့ NAACP ရဲ့ ဥက္ကဋ္ဌ Roy Wilson နေရာမှာ Chris Rock အပြင် တခြား Cast တွေကလည်း လက်တွေ့ဘဝကလူတွေနဲ့ အနီးစပ်ဆုံးတူညီအောင် ရှာသုံးထားတာတွေ့ရတယ်။ Coleman Domingo ကတော့ မျှော်လင့်ထားသလိုပါပဲ၊ သူ့ရဲ့အကောင်းဆုံးမဟုတ်ရင်တောင် ဒီရုပ်ရှင်ကို အတော်လေး ဆွဲခေါ်သွားနိုင်တာတွေ့ရတယ်။ Chris Rock ကိုတော့ ဘုကလန့်လုပ်တဲ့ ဘိုးတော်ကြီးအနေနဲ့ မြင်ရတာ ရယ်ချင်သလိုလိုဖြစ်နေတာတော့ရှိတာပေါ့လေ။ ခြုံပြောရရင်တော့ Cast တွေရွေးထားတာ အတော်အဆင်ပြေပါတယ်။ ဒီထဲမှာ အရေးပါတဲ့အဖွဲ့အစည်းတွေအနေနဲ့ NAACP ဆိုတာကတော့ လူမည်းအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတစ်ခု၊ ဩဇာအကြီးဆုံးဆိုရင်လည်းမှန်တယ်။ SNCC ကတော့ ကျောင်းသားများ အကြမ်းမဖက် ညှိနှိုင်းရေးအဖွဲ့ဖြစ်ပြီး ၂၀ ရာစုအလယ်ပိုင်းက လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်။ UAW ကတော့ ကားလုပ်သားများ ယူနီယံပါ။ ဝါရှင်တန်ချီတက်ပွဲမပြောပါနဲ့၊ အဲဒီခေတ်တုန်းကဖြစ်သမျှ လူ့အခွင့်အရေးလှုပ်ရှားမှုအားလုံးလိုလိုမှာ သူတို့တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ဒီရုပ်ရှင်က မပျင်းရဘဲဆွဲခေါ်သွားနိုင်တဲ့အပြင် တကယ်ပြောခဲ့တဲ့ စကားတွေကိုပါ ထည့်သုံးထားတယ်ဆိုတော့ ကြည့်လို့လည်းကောင်း ဗဟုသုတလည်းရ ဆိုတဲ့ သမိုင်းရုပ်ရှင်မျိုးပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 575MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Horror • Fantasy • Mystery
6.6 2023
Rustin
From the Shadows

Hidden Wisdom လို့အမည်ရတဲ့ သဘာ၀လွန် အစွန်းရောက်ဂိုဏ်းတစ်ခုဟာ မီးလောင်မှုကြီးတစ်ခုနဲ့ကြုံတွေ့လိုက်ရပြီး အသက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ခဲ့တဲ့ ဂိုဏ်းသား လူငယ်ငါးယောက်နဲ့ ဒေါက်တာရို၀မ်လို့အမည်ရတဲ့ စိတ်ပညာပါမောက္ခတစ်ဦးက မှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးဖို့အတွက် Zoom meeting နဲ့တွေ့ကြပါတယ်။ ဒီလိုနဲ့ ဒေါက်တာရို၀မ်နဲ့ ဂိုဏ်းသားလူငယ်ငါးယောက်တို့ဟာ Hidden Wisdom မီးလောင်မှုကြီးနဲ့ လူသေမှုတွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆွေးနွေးရင်းကနေ အားလုံးရဲ့မျက်စိရှေ့မှာတင် ဒီကျန်ရစ်သူငါးယောက်ဟာ မမျှော်လင့်ထားတဲ့အသက်ဘေးတွေနဲ့ကြုံတွေ့ရပါတော့တယ်။ ဒါကတော့ ဘယ်ကနေ ဘယ်လိုရောက်လာလဲဆိုတာမသိတဲ့လူတစ်ယောက်ဟာ Zoom Meeting ခေါ်ဆိုနေချိန်အတွင်းမှာပဲ ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါ။ ဒီလိုနဲ့ Hidden Wisdom ဂိုဏ်းရဲ့နောက်ကွယ်က အဖြစ်မှန်ကဘာလဲ၊ ဂိုဏ်းသားတွေကိုလိုက်သတ်နေတဲ့ သဘာ၀လွန်ပုဂ္ဂိုလ်ကရော ဘယ်သူလဲ၊ ဒေါက်တာရို၀မ်ကရော ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းပေးဖို့ရာ ကြိုးစားရမလဲ၊ နောက်ဆုံးမှာရော ဒီပဟေဠိတွေကို ဖြေရှင်းနိုင်သွားပြီး အသက်ဘေးကလွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(932 MB)/(532 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Thriller, Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
From the Shadows
The Traveller
6

I Am Nobody (2023) ဒရာမာစီးရီးမှာ တစ်ခေါက် အောင်မြင်မှုတွေဆွတ်ခူးခဲ့တဲ့ စာရေးဆရာ မီအာရေးသားထားတဲ့ ဤဇဗ္ဗူမှာ ပြိုင်စံရှားတဲ့လူ ( ယိရန်ကျစ်ရှ) အွန်လိုင်းဝတ္ထုကို အခု Under One Person (2024)ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်ကားအဖြစ် ရိုက်ကူးတင်ဆက်ထားတာလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… Painted Skin: The Resurrection (2012)၊ Creation of the Gods Ⅰ: Kingdom of Storms (2023) တို့ရဲ့ ဖန်တီးရှင် ခေါင်းကိုင်ဖခင်ကြီး ဒါရိုက်တာကြီး ဝူအာ့ရှန်ရဲ့ နောက်ထပ် လက်ရာတစ်ခုဖြစ်တာမို့… သဘာဝလွန်ကို ပြန်ရိုက်ရင် ဘာလိုနေမှန်းမသိဘူးဆိုတဲ့သူတွေ ရင်ခုန်စွာ စောင့်ကြည့်နိုင်မယ့်ကားကောင်းလေးပါလို့ ထပ်ဆင့် ညွှန်းလိုက်ပါတယ်… သရုပ်ဆောင်တွေကလည်း အလန်းလွန် အလွန်လန်းနဲ့ မျက်နှာသစ်တွေကစပြီး ဟိုတစ်ချိန်က မြဝတီရုပ်မြင်သံကြားခေတ်က ကြွေခဲ့ရတဲ့ အချစ်ဦးတွေပါ ပြန်ပါလာတာမို့ ရူပါဒါနလည်း ရက်ရက်ရောရော လှူဒါန်းထားတဲ့ကားကြီးပါ… ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆို… ပေါပေါတောတောနေတတ်တဲ့ ကျန်းချူရန်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးက တကယ်တော့ သူလိုကိုယ်လိုပါပဲ… အနိုင်ကျင့်ခံရရင် ထွက်ပြေးတတ်တယ်…စာသင်ချိန်မှာ အတန်းလစ်တတ်တယ်… ဒါပေမယ့် တစ်နေ့မှာ သူ့အဖိုးအခေါင်းဖောက်ခံရတဲ့အချိန်ကစပြီး… သူ့ဘဝလေးက အဖိုးတစ်ခု သူတစ်ခုဆိုတော့လည်း အဖိုးအုတ်ဂူဆီ သွားတာပေါ့ သူ့အဖိုးအခေါင်းဖောက်တဲ့သူကို လက်ပူးလက်ကြပ်မိရာကနေ… သူ့ဘဝထဲမှာ ဖုန်းပေါင်ပေါင်ဆိုတဲ့ အရူးမတစ်ယောက်ပေါ်လာတော့တာပဲ… နောက်တော့ သူကပျောက်ဆုံးနေတဲ့ ရှားပါးအစွမ်းတစ်ခုရဲ့ အမွေဆက်ခံသူဖြစ်နေပါတယ်တဲ့…. ဒါ့အပြင် ဒီလောကမှာ သူများနဲ့မတူထူးခြား သဘာဝလွန်အစွမ်းတွေပိုင်ဆိုင်ထားတဲ့သူတွေက အများကြီးရှိသေးတယ်တဲ့… ဒီတော့ ကျန်းချူရန်က သူတို့ပြောသလို ဆက်ခံသူပဲ… တကယ်ဆက်ခံသူဆို ရန်သူပင်လယ်ဝိုင်းနေတဲ့လောကအလယ်မှာ သူတစ်ယောက်တည်း ဘယ်လိုကျော်ဖြတ်သွားမှာလဲ… ဖုန်းပေါင်ပေါင်ကရော သူနဲ့ ဘယ်လိုပတ်သက်နေတာလဲ… ဖုန်းပေါင်ပေါင်က ဘယ်သူလဲ…. ဇာတ်လမ်း မသိသေးတဲ့သူတွေလည်းကြည့်ကြပါ… သိပြီးသားသူတွေလည်း ပုံစံတစ်မျိုးပြောင်းတင်ဆက်ထားတာကို ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်…

Drama • War
6 2024
The Traveller
Bila Esok Ibu Tiada
5.7

Bila Esok Ibu Tiada (2024) “တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ…” ဒီတစ်ခါ‌တော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ‘ခလုတ်ထိမှအမိတ’ ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ…။ ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။)

Thriller • Crime
5.7 2024 104 mins
Bila Esok Ibu Tiada