YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Twist of Fate S01E33 1080p CM.mp4

542.19 MB N/A video/mp4 24 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ride Along
6.2

ကယ်လ်ဗင်ဟာ့တ် လို့ပြောလိုက်တာနဲ့ မသိတဲ့သူတော့ ရှားမယ်ထင်ပါတယ်။ ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် တကယ်ခွီရမယ့် 2014မှာ ထွက်ရှိခဲ့တဲ့ ရဲ အက်ရှင် ဟာသဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ် ဘန်ဟာ စာသင်ကျောင်းတစ်ခုမှာ လုံခြုံရေးအဖြစ် အလုပ်လုပ်ပြီး သူ့ရဲ့ အားလပ်ချိန်တွေမှာတော့ ဂိမ်းတွေဆော့ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်း တတ်သူတစ်ယောက်ပါ။ ဘန်မှာ သိပ်ချစ်ရတဲ့အန်ဂျလာလို့ခေါ်တဲ့ ကောင်မလေး တစ်ယောက်လည်းရှိပါသေးတယ်။ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ အဆင်သင့်ဖြစ် နေကြတဲ့ စုံတွဲဖြစ်ပါတယ် ဒါပေမယ့် ပြသနာကတော့ အန်ဂျလာရဲ့ အကို ဂျိမ်းစ်ပါ။ ဂျိမ်းစ်ဟာ ရဲတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလုပ်ကို တာဝန်ကျေအောင်လုပ်သူ တစ်ယောက်ပါ။ အမှုတစ်ခုကို နှစ်နဲ့ချီပြီး လိုက်တဲ့အထိ ဂျိမ်းစ်ဟာ ဇွဲရှိသူ တစ်ယောက်ပါ။ ဂျိမ်းစ်က သူ့ညီမဖြစ်သူ အန်ဂျလာကို အရမ်းချစ်ပြီး ယောက်ဖလောင်း ဖြစ်သူ ဘန်ကိုတော့ ကြည့်မရလို သဘောလည်းမတူပါဘူး တစ်နေ့တော့ ဘန်တစ်ယောက် အတ္တလန်တာ ရဲသင်တန်းကျောင်းကို ဝင်ခွင့်ရသွားခဲ့ပါတယ်။ ဒီအကြောင်းကို ဂျိမ်းစ်ကို ပြောပြလိုက်တဲ့အခါမှာတော့ ဂျိမ်းစ်ဟာ ဘန်ကို ရဲတစ်ယောက်ဖြစ်ရန် ထိုက်တန်သလားဆိုတာ ဆုံးဖြတ်ဖို့ သူကင်းလှည့်စဉ်မှာ အကူအဖြစ်နဲ့ ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ယောက်ဖလောင်းနှစ်ယောက် ကင်းလှည့်ကြရင်း ဘာတွေများ တလွဲတွေဖြစ်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဟာသကားကြိုက်တတ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Spencer Potato ပဲ ဖြစ်ပါတယ်) File size…1.49GB / 606MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 39m Genre .....  Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato

Horror • Mystery • Thriller
6.2 2014 99 mins
Ride Along
(21+)Mary! Mary!

လိင်ကိစ္စဆိုတာ ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးမှ မလိုလားအပ်တဲ့ နောင်တရစရာတွေ ရှိမလာမှာဖြစ်ပါတယ် အိမ်ထောင်ရှင်တွေ ကြားထဲ ချစ်သူရည်းစားတွေကြားထဲ ပွင့်ပွင့်လင်းလင်းရှိဖို့ ပညာယူရမဲ့ ဆင်ဆာ ဖြတ်မထားပဲ ပြူးပြူးပြဲပြဲ ပြထားတဲ့ ဇာတ်လမ်းလေး မေရီ မေရီ နာမည်လေးလှသလို အချိုးစားကလည်းပြေပြစ်တယ် ခက်တာက သူ့အိပ်ထောင်ဖက်မှာ အားနည်းချက်ရှိနေပါတယ် အဲဒါကတော့ သူက Premature Ejaculation လို့ခေါ်တဲ့ သုတ်စောလွှတ်တဲ့ ပြဿနာတက်နေတာပါ အဲဒါကို သူတို့ နှစ်ယောက်အဖြေရှာရင်း မှော်ဆန်စွာပဲ စီစဉ်သူဆိုတဲ့ စွမ်းအားရှင်တစ်ယောက်နဲ့ အပေးအယူ လုပ်ပြီးလိုက်ချိန်မှာတော့ အရမ်းကို ရင်ခုန်ချင်စရာ မမကြီးတွေ တင်းပြည့်ကျပ်ပြည့်ကြီးတွေ ကြည့်ရမှာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…1.8GB / 915MB Quality…1080p  / 720p Format…mp4 Duration….1h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi

Comedy • Thriller
null 1977
(21+)Mary! Mary!
Boy Erased
7

IMDb.....7.0,,,Rotten.....81% "ဟဲလို" "မစ္စနန်စီအီမန်လားခင်ဗျ" "ဟုတ်ပါတယ်" "'ကျွန်တော်က ဒန်နင်ကော်လိပ်က တာဝန်ရှိသူပါ..ခင်ဗျားတို့သားနဲ့ပတ်သက်ပြီးကျောင်းမှာ သတင်းဆိုးတွေပြန့်နေလို့ပါ" "ရှင် ဘာများဖြစ်လို့လဲ" "အဲ့ဒါက...." ဒီဖုန်းလေးတစ်ချက်ကြောင့် နန်စီတို့မိသားစု ကမ္ဘာပျက်သလိုဖြစ်သွားရတယ်... သူတို့မိသားစု(၃)ဦးရှိတယ်..ယောက်ျားဖြစ်သူနာမည်က မာရှယ်ဖြစ်ပြီး သင်းအုပ်ဆရာတစ်ဦးလည်းဖြစ်တယ်... သားရဲ့နာမည်ကတော့ ဂျဲရက်... ဖုန်းဆက်ပြီးပြောသွားတဲ့ကိစ္စကတော့ ဂျဲရက်ဟာ လိင်တူစိတ်ဝင်စားသူဖြစ်တဲ့အကြောင်းပြောတာပါ... မိဘ(၂)ပါးဖြစ်သူဟာ LGBTကိစ္စကိုလုံးဝရှုံချသူတွေပီပီ ဒီသတင်းကိုကြားတော့ ယူကျုံးမရဖြစ်နေတယ်...ဒီလိုနဲ့ သားကို မျက်နှာချင်းဆိုင်မေးတဲ့အခါမှာတော့ ဂျဲရက်ကိုယ်တိုင်က "သားတကယ်လိင်တူစိတ်ဝင်စားမိပြီထင်တယ် အဖေနဲ့အမေ..ဘာကြောင့်မှန်းမသိဘူး...သားတောင်းပန်ပါတယ်"တဲ့... ဒီကားကတော့ LGBT တွေကို ရှုတ်ချပြီး အသွင်ပြန်ပြောင်းပေးဖို့ ကြိုးစားကြတဲ့အဖွဲ့နဲ့  LGBT ဖြစ်နေတဲ့သူတွေအကြောင်းကိုရိုက်ထားတာပါ... မိဘတွေကိုယ်တိုင်က လက်မခံတဲ့အပြင် အသိုင်းအဝန်းတစ်ခုလုံးကလည်း ကဲ့ရဲ့စရာဖြစ်နေတော့ ဂျဲရက်ခဗျာ ယောက်ျားစိတ်စင်စစ်ဖြစ်အောင်ကြိုးစားဖို့ ကတိပေးလိုက်ရတယ်... ကျွန်တော်တို့မြန်မာကားတွေထဲမှာတော့ LGBTကို ဟာသ အဖြစ်သရုပ်ဖော်ရုံမက စရိုက်ခပ်ကျကျပုံမျိုးတွေ သရုပ်ဖော်ထားတာများသောအားဖြင့်တွေ့ရတယ်... ..သူတို့ရဲ့ပုံဖော်မှုအကျိုးဆက်ကတော့လူအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ဖို့ ဆိုတာမျိုးကြီးပဲကျန်နေခဲ့တယ်.... ကျွန်တော်ဟာ ဒီကားနဲ့ပတ်သက်လို့ ထွေထွေထူးထူးမညွှန်းလိုဘူး.... နောက်ဆုံးပြောချင်တာက လိင်တူချစ်သူဆိုတိုင်း ဟာသတစ်ခုလို၊ ကဲ့ရဲ့စရာ၊ လှောင်ပြောင်စရာ၊ နှိမ့်ချစရာလို မမြင်ပါနဲ့... အဆင့်အတန်းရှိပြီး လေးစားလောက်စရာ လိင်တူချစ်သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးရှိပါတယ်.. မြန်မာဇာတ်ကားအချို့ကိုကြည့်ပြီး လမ်းမဆုံးကြပါနဲ့လို့ ပြောချင်ပါတယ်။ ဒါကိုလည်း ဒီဘက်ခေတ်မှာ အတေ်ာများများသိပြီးသားထင်ပါတယ်... မှတ်ချက်....((မြန်မာဇတ်ကားဆိုသည်မှာ LGBTများကို ဟာသ သဖွယ်ရိုက်ပြထားသည့် ဇာတ်ကားများကိုသာဆိုလိုသည်...)) File Size : (900 MB) and (367MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre :  Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Action • Comedy • Horror
7 2018 115 mins
Boy Erased
Spider-Man 2
7.3

Spider Man 2 က ပထမဇာတ်ကားရဲ့ အဆက်အနေနဲ့ ထွက်ရှိခဲ့တာပါ။ ဒီဇာတ်လမ်းမှာတော့ စမိုက်ဒါမန်းဟာ မပျော်မရွင်ဖြစ်နေရပါတယ်... သူချစ်ရတဲ့ကောင်မလေး မေရီဂျိန်းဝမ်ဆန်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ဘဝကို ရာဇဝတ်မှုတွေကိုတိုက်ဖျက်နေရင်းနဲ့ဖြတ်သန်း နေရပါတယ်.. မေရီဂျိန်းဟာလည်း သူဌေးတစ်ယောက်နဲ့စေ့စပ်ထားလိုက်ပါပြီ ... သူ့သူငယ်ချင်း ဟယ်ရီကလည်း သူ့အဖေကိုသတ်သွားတဲ့စပိုက်ဒါမန်းကို ပြန်သတ်ချင်လို့ အသည်းအသန်စုံစမ်းနေပါ သလို မြို့ကိုဒုက္ခပေးမယ့် အန္တရာယ်တွေလည်းတိုးလာပါတယ်.. ဒီလိုပြသနာတွေကြားမှာ ပီတာပါကားတစ်ယောက် ဘယ်လိုခွန်အားနဲ့ ဆက်လက်အသက်ရှင်ပြီး ပြသနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ...။ မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.3 GB)/(1 GB) Quality….BluRay DS4K HEVC 1080p / 720p Format…mkv/mp4 Duration….02:07:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Comedy • Drama
7.3 2004 127 mins
Spider-Man 2
Fast Five
7.3

ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ လူငယ်တွေကို ပြိုင်ကားတွေနဲ့ ရင်းနှီးစေခဲ့တဲ့ Fast & Furious ဇာတ်လမ်းတွဲတွေထဲက အကောင်းဆုံးလို့ ပြောလို့ရတဲ့ Fast Five နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီတစ်ခါ Review ကတော့ ထူးထူးခြားခြား ပရိတ်သတ်အားလုံးကို အမှတ်တရဖြစ်နေမှာပါ။ Fast & Furious ဇာတ်ကားတွေရဲ့ အဓိကမင်းသားအဖြစ် Vin Diesel နဲ့အတူ တွဲဖက်သရုပ်ဆောင် ခဲ့တဲ့ Paul Walker (Brian O'Conner) က နိုဝင်ဘာလ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်မှာ Santa Clarita, California မှာ ကား အက်ဆီးဒင့် ဖြစ်ပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ သူ သေဆုံးချိန်မှာ အသက် ၄၀ ပဲရှိသေးပြီး သူငယ်ချင်းနဲ့ အတူ ဖီလစ်ပိုင်မုန်တိုင်း အတွက် Charity Event ကနေပြန်အလာမှာ ကားအက်ဆီးဒင့် ဖြစ်တာဖြစ်ပါတယ်။ ကားက သူနဲ့အတူ သွားတဲ့ သူ့သူငယ်ချင်း ကမောင်းတာဖြစ်ပြီး ဖြစ်တဲ့နေရာက Valencia ရပ်ကွက်ရဲ့ Street Race လုပ်တာများတဲ့ လမ်းပေါ်မှာဖြစ်ပါတယ်။ Fast Five အကြောင်းကိုပြောရရင် ဒီကားက Fast & Furious လို့ခေါ်တဲ့ စတုတ္ထမြောက်ကားရဲ့ အဆက် ဖြစ်ပြီး O'Conner နဲ့ Dominic တို့ ဘရာဇီးနိုင်ငံ Rio De Jeneiro မှာ အဲ့ဒီမြို့က လူဆိုး ခေါင်းဆောင် Hernan Reyes နဲ့ပြသ၁နာဖြစ်ကြ သလို၊ လူဆိုးအဖွဲ့နဲ့ အလုပ်တူတူ လုပ်နေတုန်း လူဆိုးတွေက DEA အေးဂျင့်တွေကို သတ်လိုက်တာကိုလည်း သူတို့နှစ်ယောက်အပေါ်ပုံချခံရပါတယ်။ ဒါနဲ့ပဲ DEA က The Rock နဲ့အဖွဲကို လွှတ်ပြီး ဖမ်းခိုင်းပါခဲ့တယ်။ အဲ့ဒီမှာ Dominic နဲ့ Brian က Reyes က ဘိန်းအရောင်းအဝယ်နဲ့ ချမ်းသာနေတာဖြစ်ပြီး ဒေါ်လာသန်း ၁၀၀ ကျော် ရှိတယ်ဆိုတာ သိသွားတဲ့နောက် Reyes ကို ဓါးပြတိုက်ဖို့ ကြံစည်ကြပါတယ်။ ဒီလို အစီအစဉ်ဆွဲ ရာမှာ သူတို့ ရဲ့ မိတ်ဆွေတွေကို သူတို့နဲ့အတူ ပါဝင်စေခဲ့ပါတယ်။ Brian က 2 Fast 2Furious ထဲက Roman Pearce (Tyrese Gibson, Paul Walker ရဲ့ အမှတ်တရ ပွဲကို မျက်ရည်စက်လက်နဲ့ တက်ရောက်ခဲ့ပါတယ်) နဲ့ Tej တို့ကို ခေါ်ခဲ့ပြီး Dominic က Fast & Furious ကားထဲက Han (Sung Kang), Gisele, Tego နဲ့ Don Omar တို့ပြန်ခေါ်ခဲ့ပါတယ်။ ဒီကားမှာ ရှေ့ ထွက်ပြီးသမျှ Fast & Furious ကားတွေထဲက သရုပ်ဆောင်တွေ အကုန် လုံးနီးပါပြန်ပါ ခဲ့ပါတယ်။ (Tokyo Drift က Fast & Furious 7 မတိုင်ခင်ထိ ဇာတ်လမ်းတွေရဲ့နောက်ဆုံးကားဖြစ်ပြီး အစဉ်လိုက် စီရရင် The Fast and the Furious, 2 Fast 2 Furious, Fast & Furious, Fast Five, Fast & Furious 6, Tokyo Drift and Fast & Furious 7 ဖြစ်ပါတယ်။) ဇာတ်လမ်းတစ်ဝက်လောက်က အစီအစဉ်ချတာနဲ့တင် အချိန်ကုန်နေပြီး ဇာတ်လမ်း တစ်ဝက်လောက်မှာစပြီး ဇာတ်ရှိန်တက်လာတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည် မှု အပြည့်အဝနဲ့ သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်သလို ထူးထူးခြားခြား ဓါးပြတိုက်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ပြိုင်ကားနဲ့ ဇာတ်လမ်းကောင်း မျိုး မရှိနိုင်ဘူးလို့ ပြောနေတဲ့ သူတွေကို ပါးစပ်ပိတ် သွားစေတဲ့ကားဖြစ်ပါတယ်။ ပြိုင်ကား ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားပါ။ မိသားစု တူတူကြည့်သင့်တဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ No Nudity ပေမယ့် Street Race ဇာတ်လမ်းဖြစ်လို့ Half Naked, Bikini ဝတ် မော်ဒယ်တွေ အများပြား ပါဝင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီကားက ကလေးတွေမကြည့်သင့်သလို လူငယ်တွေ အနေနဲ့ မိဘတွေကို ပေးမကြည့်သင့်တဲ့ကားပါ။ :D ဘာလို့လည်းဆိုတာတော့ လူငယ်တွေပဲသိပါတယ်။ #Sololay (အညွှန်းကိုရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြပါသည်။) File Size : (2.4 GB) / (1.3 GB) Quality : BluRay 1080p / 720p 5.1 CH Running Time : 2hr 10min Format : MKV Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Zan Aung Encoded by Nyeinsaeya Aung

Comedy • Drama
7.3 2011 130 mins
Fast Five
Alibi.com 2
6.5

Alibi.com ဆိုတာဘာလဲသိပါသလား။Alibi.com ဆိုတာ သင့်ရဲ့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းပေးနိုင်တဲ့ကုမ္ပဏီတစ်ခုပါ။ ကိုယ့်မှာဘယ်လိုပြဿနာမျိုးတွေရှိရှိ အလီဘိုင် အတုလုပ်ပြီး လိမ်ညာပေးပြီးတော့ အကုန်လုံးကိုဖြေရှင်းပေးနိုင်ပါတယ်။ အဲ့ဒီ အလီဘိုင်ကုမ္ပဏီရဲ့ပထမဆုံးဇာတ်ကားကိုတော့ ၂၀၁၇ မှာထွက်ရှိခဲ့ပြီး အခု ၂၀၁၃ မှာတော့ဒုတိယမြောက်ကားထွက်လာခဲ့ပါပြီ။ ပထမကားကတည်းကဝက်ဝက်ကွဲရယ်ရလို့ Rating ကောင်းကောင်းနဲ့ အားပေးမှုတွေအများကြီးရခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အခုဒုတိယမြောက်ကားမှာလည်း IMDb Rating 6.5 နဲ့ပွဲထွက်လာပြီး အရင်ဇာတ်ရှိန်ကိုမကျအောင်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ဒုတိယကားလေးမှာတော့ Alibi.com ကြောင့်ရည်းစားဖြစ်သူနဲ့ ဆက်ဆံရေးပြတ်ဆဲတော့မလိုဖြစ်သွားခဲ့တဲ့ တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂရက်ကကုမ္ပဏီကိုပိတ်သိမ်းပြီးတော့ ချစ်ရသူနဲ့ပဲအတူတူနေနေပါတော့တယ်။ဒါပေမယ့် သူတို့နှစ်ယောက်လက်ထပ် တော့မဲ့အခါမှာတော့ အလီဘိုင်မဖြစ်မနေလုပ်ရမဲ့ ကိစ္စတွေပေါ်ပေါက်လာပြီး အရင်လိုအလီဘိုင်တွေ ပြန်လုပ်တဲ့အခါမှာတော့ဘယ်လိုအခွီတွေထပ်တွေ့ရဦးမလဲ ဆိုတာတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြဖို့ Recommend ပေးလိုက်ပါတယ်။ File size…1.73GB / 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2023 88 mins
Alibi.com 2
Dominion: Prequel to The Exorcist
5.2

Exorcist : The beginning ရဲ့ prequel ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Beginning မှာတော့ မိစ္ဆာကို ကောင်းမှုကုသိုလ်က အနိုင်ယူအောင်ပွဲခံတာကို ရိုက်ကူးပုံဖော်ထားပြီး ဒီ prequelမှာတော့ မိစ္ဆာရဲ့ လှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခ၊ ဆင်းရဲခြင်းအကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Dune, Andor, Chernobyl, Good Will Hunting, Pirates of the Caribbean 1နဲ့ 2, Thor, အစရှိသဖြင့် ပြောလို့တောင် မကုန်နိုင်တဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာရဲ့ သရုပ်ဆောင် မင်းသားကြီး Stellan Skarsgårdနဲ့ Rush Hour , Bat woman, Mad man , Damnation အစရှိတဲ့ ရုပ်ရှင်ကားကောင်းတွေပါ သရုပ်ဆောင်ဖူးတဲ့ မင်းသားGabriel Mannတို့က ဒီရုပ်ရှင်ကို ဦးဆောင်ပုံဖော်ထားတဲ့ Warner Bros. Picturesရဲ့လက်ရာစစ်စစ်ဖြစ်ပါတယ်။ ဖာသာ မယ်ရင်းက ဒုတိယကမ္ဘာစစ်မှာ နာဇီတွေရဲ့ရက်စက်မှုကြောင့် ဘုရားပေါ် သက်ဝင်ယုံကြည်မှုကို စွန့်လွှတ်ပြီး ရှေ့ဟောင်းသုတေသနပညာရှင်အဖြစ် လူဝတ်လဲသွားခဲ့ပါတယ်။ စစ်ပွဲပြီးကာလမှာ မယ်ရင်းတစ်ယောက် Turkana ခရိုင်၊ Rudolf ရေကန်ရဲ့ အနောက်ဘက်မှာ တည်ရှိတဲ့ ဘုရားကျောင်း တစ်ကျောင်းကို ရှာဖွေစူးစမ်းဖို့အတွက် ဘုန်းတော်ကြီး အသိုင်းဝိုင်းဘက်က မယ်ရင်းကို ကူညီဖို့နဲ့ သာသနာပြုဖို့အတွက် ဖာသာ ဖရန်စစ်ကို အကူညီအနေနဲ့ မယ်ရင်းနဲ့အတူတူ ထည့်ပေးလိုက်ပါတယ်။ မယ်ရင်း တူးဖော်တွေ့ရှိတဲ့ ဘုရားကျောင်းက ဘုရားကို ရည်စူးပြီးဆောက်လုပ်ထားတဲ့ ဘုရားကျောင်း ဟုတ်မနေတဲ့အခါမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်လာပါတယ်။ နွားတွေကို ဝင်တိုက်ခိုက်တဲ့ ခွေးအ,တွေကို နွားတွေက သတ်ပြီး၊ ခွေးအ,တွေရဲ့ အသားကို နွားတွေက စားသုံးကြတာမျိုး။ လူတွေ၊ နွားတွေ တိရစ္ဆာန်တွေ အကြောင်းမရှိ သေဆုံးလာကြတာမျိုး အစရှိသဖြင့်ပေါ့။ ဒါပေမယ့် အခြေနေတွေက ဒီထက်ဆိုးလာတဲ့အခါ ….. အခြေနေတွေကို ထိန်းချုပ်လို့ မရလာတော့တဲ့အခါမှာ ….. မကောင်းမှုတွေကို ဖြစ်အောင်လုပ်နေတာက ဘယ်သူလဲ ….. မကောင်းမှုတွေကြောင့် ခွန်အားတွေ တိုးပွားလာတာ ဘယ်သူလဲ …. အဲဒီမကောင်းဆိုးဝါးကို ဖာသာ ဖရန်စစ်နဲ့ ဖာသာ မယ်ရင်းတို့ တန်ခိုးရှင်ဘက်ကနေ ဘယ်လိုတိုက်ခိုက်သွားမလဲ ….. မကောင်းတဲ့မိစ္ဆာဘက်က နိုင်သွားမလား ….. ကောင်းတဲ့ ကုသိုလ်ဘက်က နိုင်သွားမလား ….. Plot နိုင်နိုင်နင်းနင်းနဲ့ ကြမ်းကြမ်းတမ်းတမ်း ကြည့်ရတာကို ကြိုက်တဲ့လူတွေအတွက် ဒီကားက A+ ပါပဲ။ အဆိုပါရုပ်ရှင်က ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်တွေ အတူတကွ ပုံဖော်ထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size… 1.87 GB / 1.32 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Minn Khant Kyi Win

5.2 2005
Dominion: Prequel to The Exorcist
The Soul Reaper
6.2

The Soul Reaper (2023) IMDb – 6.2/10 နာမည်ကြီးနေတဲ့ ဗီယက်နမ် Horror ကားလေးကို စီအမ်ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဓားပြလူနည်းစုအုပ်စုတစ်စုဟာ နေရာရွှေ့ပြောင်းရင်း တစ်နှစ်ပတ်လုံးနှင်းတွေကျနေတဲ့ တောင်ပေါ်လေးတစ်နေရာမှာ အခြေချနေထိုင်ခဲ့ပါတယ်။ အဲဒီရွာလေးမှာ ထူးဆန်းတာကတော့ ရွာလူကြီးမိသားစုကလွဲပြီး ကျန်ရွာသားတွေက တောင်အောက်ကို မဆင်းနိုင်ပါဘူး။ သူတို့ရွာရဲ့ ထူးခြားမှုနောက်တစ်ခုကတော့ မှောင်လာရင် နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ ထကြွတယ်လို့ သတ်မှတ်ထားပေမဲ့ ရွာရဲ့ပွဲတစ်ခုခုလုပ်စရာရှိရင် ညဘက်မှာပဲ ကြွက်မျက်နှာဖုံးတွေတတ်ပြီး လုပ်ကြတာပါပဲ။ ဒီလိုနဲ့ ရွာလူကြီးသမီးဖြစ်သူ ဖုန်ရဲ့ မင်္ဂလာပွဲကိုလည်း ရွာရဲ့အစဉ်အလာအတိုင်း ညဘက်မှာကျင်းပတာပေါ့။ အဲဒီမှာပဲ ငယ်ငယ်ကတည်းက ဝိညာဉ်တွေကို မြင်နိုင်တဲ့ ဖုန် ဟာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ပေမဲ့ ကျန်တဲ့သူတွေကတော့ မမြင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ နေလာရင်း သူတိုရွာမှာ ထူးဆန်းစွာနဲ့ လူတွေ တစ်ယောက်က နှစ်ယောက် သေဆုံးလာခဲ့တဲ့နောက်မှာတော့ ရွာသားတွေဟာ ရွာမှာမနေရဲဘဲ တောင်အောက်ဆင်းဖို့ လမ်းရှာရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲ….. လူတွေကို သတ်နေတဲ့သူကရော ဘယ်သူဖြစ်မလဲ….. ဖုန်မြင်လိုက်တဲ့ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးကရော ဘယ်သူများလဲ ….. ဆိုတာတွေကို ဂမ္ဘီရဆန်ဆန်နဲ့ စိတ်ဝင်တစားကြည်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou နဲ့ Mary ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.4GB | 722MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CharOu and Mary Encoder ….. Aaron

6.2 2023
The Soul Reaper
Catch That Kid

ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။ တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို အသုံးချပြီး သူ့အမေ ဒီဇိုင်းဆွဲပေးနေတဲ့ ဘဏ်ကို ဖောက်ထွင်းဖို့ စီစဉ်ပါတော့တယ်။ ဒီတော့ သူတို့ ကလေးသုံးယောက် ဘဏ်ဖောက်ထွင်းမဲ့အစီအစဉ်က အောင်မြင်နိုင်ပါ့မလား သူ့အဖေကိုရော ခွဲစိတ်ပေးနိုင်ပါမလား ဆိုတာကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော သင်ခန်းစာရဖွယ် ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Family, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Drama • History
0 2004
Catch That Kid
Bookworm

Imdb 6.2 RT 90% Lord of the Rings ရုပ်ရှင်မှာ Frodo အဖြစ် လူသိများတဲ့ မင်းသား Elijah Wood ရဲ့၂၀၂၃ ထွက် ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မီးလ်ဒရစ်ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် တော်တဲ့ ၁၁ နှစ်အရွယ် စာကြမ်းပိုးမလေးဟာ သူ့အမေ မမျှော်လင့်ဘဲ ကိုမာဝင်သွားပြီးနောက် သူတစ်ခါမှ မတွေ့ဖူးတဲ့ အဖေ ဆိုသူနဲ့ တွေ့ကြပါတယ်။ သူ့အဖေဆိုသူက မအောင်မြင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး မီးလ်ဒရစ်နဲ့လည်း ဘာဆိုဘာမှ မတူဘဲ သားအဖနှစ်ယောက် တွေ့တွေ့ချင်း အစေးမကပ်ဖြစ်ကြပါတယ်။ ဒါပေမဲ့ မီးလ်ဒရစ်မှာ သူ့အမေရဲ့ ဆေးရုံစားရိတ်အတွက် ပိုက်ဆံ ၅၀၀၀၀ တန်အကြံတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူတို့နယ်တစ်ဝိုက်မှာ နာမည်ကြီးနေတဲ့ ကျားသစ်နက်ကြီးရဲ့ ဓာတ်ပုံမှတ်တမ်းကို အရယူပေးနိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ခုမှ စတွေ့ရတဲ့ သူ့အဖေရဲ့ အကူအညီနဲ့ သားအဖနှစ်ယောက် တောနက်ထဲကိုကျားသစ်နက်ရှာပုံတော် ထွက်လာပါတော့တယ်။ သားအဖ နှစ်ယောက်ကြားက ကြည်နူးဖွယ် မေတ္တာဖွဲ့ ဇာတ်လမ်းလေးကို တောနက် စွန့်စားခန်းတွေနဲ့ ရောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(918 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… family, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Marco

Drama
0 2024
Bookworm
To Be Continued
6

ဒီတစ်ခါ CM ကနေ တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့နာမည်ကြီးချင်ကြတဲ့ vloggers သူငယ်ချင်း၃ယောက်အကြောင်းကို အဓိထားရိုက်ကူးထားတာပဲဖြစ်ပါတယ် ပေါက်ကျီ ဟိုကျီနဲ့ကိုကျီဆိုတဲ့ သူငယ်ချင်း၃ယောက်က prank တွေရိုက်ကူးရင်း ပိုက်ဆံရှာနေကြတဲ့သူတွေပါ တစ်နေ့သူတို့က ဆိုင်တစ်ဆိုင်မှာ သရဲခြောက်တဲ့ပုံစံ prank ကိုရိုက်ကူးရာကနေ အမှတ်မထင်ဘဲ လျော်ကြေးပေးရတော့မယ့်အနေအထားနဲ့ကြုံလာပါတော့တယ် သူတို့ကုမ္ပဏီကလည်း အခြေအနေမကောင်းဘဲ ဒေဝါလီခံရတော့မှာပါ အဲ့အချိန်မှာ သူငယ်ချင်းတွေက မသင့်မြတ်တော့ဘဲ လမ်းခွဲကြဖို့စကားစလာတဲ့အချိန်မှာတော့ သူတို့ထဲက အကြီးဆုံးဖြစ်တဲ့ပေါက်ကျီက ပရောဂျက်အကြီးကြီးတစ်ခုကို လက်ခံပြီး ရလာတဲ့ငွေတွေကိုခွဲယူပြီးမှ လမ်းခွဲဖို့ ပြောရာမှာတော့ ကျန်တဲ့နှစ်ယောက်ကလည်း သဘောတူလိုက်ပြီးတော့ လက်ခံခဲ့ကြပါတယ် သူတို့ရဲ ပရောဂျက်ကြီးကတော့ မိဖုရားလိသေဆုံးပြီး ခြောက်လှန့်တဲ့သရဲကားပဲဖြစ်ပါတယ် အဲ့ဒါကိုငှားတဲ့သူကတော့ မျက်နှာသစ်သရုပ်ဆောင် မင်းသားရူးနေတဲ့ရှောင်ရှန်းပဲ အဲ့ရိုက်ကွင်းနောက်ကွယ်ကို လိုက်လံရိုက်ကူးရင်း မိဖုရားလိနေရာက မင်းသမီးငယ်လေးရဲ့ရိုက်ကူးရေးမှာ လည်ပင်းကြိုးအစ်ပြီးဆေးရုံ ရောက်သွားရတဲ့ မတော်တဆမှုကိုပါ ရိုက်ကူးမိသွားပါတယ် အဲ့နောက်မှာတော့ ရိုက်ကူးရေးကိုဆက်လက်လုပ်ခဲ့ပြီး မိဖုရားလိက လိုက်လံခြောက်လှန့်ပါတော့တယ် အရမ်းရယ်ရတဲ့ဟာသကားလေးဖြစ်ဝာာမို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေချင်တဲ့သူတွေ ကြည့်ရှုဖို့သင့်တဲ့ Comedy အမျိုးစား တရုတ်ဇာတ်ကားလေးကိုCMက တင်ဆက်ပေးလိုက်ပါတယ်နော်

Drama
6 2023
To Be Continued
The Glassworker
7.5

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုပေမဲ့ အချစ်နဲ့ စစ်နဲ့ရောလာတဲ့အခါမှာတော့ ချစ်ရသူနဲ့ ကွေကွင်းရဖိုက သေချာလာပါတော့တယ်။ စစ်ပွဲတွေကဘယ်တော့မှမကောင်းဘူးဆိုတဲ့ စစ်ဆန့်ကျင့်ရေးဝါဒကြောင့် မြိုထဲက အတော်ဆုံး ဖန်လုပ်သမား သားအဖဖြစ်တဲ့ ဗင်းဆင့်တို သားအဖဟာ လူတိုင်းဖယ်ကျဉ်တာကို ခံရတဲ့ မိသားစုဖြစ်နေပါတယ်။ ဒီဇာတ်လမ်းက ထူးထူးခြားခြား ပါကစ္စတန် အန်နီမေးရှင်းဇာတ်ကားလေးပါ။ ဝေဖန်သူတွေကြားမှာလည်း အန်နီမေးရှင်းစတိုင်ကောင်းတာရယ် ဇာတ်လမ်းအသွားအလာရယ်ကြောင့် နာမည်ကောင်းတော်တော်လေး ရထားပါတယ်။ စစ်ကာလအတွင်းမှာဗိုလ်ချုပ်ကြီး ရဲ့သမီးလေးတစ်ယောက်ကို မှ ချစ်ကျွမ်းဝင်မိတဲ့ စစ်ဆန့်ကျင်ရေး ဝါဒီ တစ်ယောက်ရဲ့ သားကတော့ စစ်ထောက်ခံတဲ့လူတွေကြားမှာ မျက်နှာပန်းမလှခဲ့ပါဘူး။ ဒီဇာတ်လမ်းက တစ်နည်းနည်းတဖုံဖုံနဲ့ Anti – War ဖြစ်နေပြီးတော့ တစ်နည်းနည်းနဲ့ပဲ အချစ်ဇာတ်လမ်းလည်း ဖြစ်နေပါတယ်။ စစ်ကာလမှာ ဖန်လုပ်သားဖြစ်တဲ့ ဗင်းဆင့်တိုသားအဖကဘယ်လိုရုန်းကန်ရမလဲ ဘယ်လို ကံကြမ္မာဆိုး‌တွေဝင်လာပြီးတော့ ဗင်းဆန့်ရဲ့ အချစ်ရေးကရော စစ်ကြီးအတွင်းမှာ သူကိုယ်တိုင်လုပ်ထားတဲ့ ဖန်ထည်တွေလို လှပ ပါ့မလားဆိုတာကို ဒီ ဇာတ်လမ်းလေးထဲမှာ ကြည့်စေချင်ပါတယ်။

7.5 2024 98 mins
The Glassworker
Echo 8
3.9

Echo 8 (2024) IMDb Rating (3.9) အထူးအေးဂျင့်တွေ လုပ်ကြံရေးသမားတွေ လျှို့ဝှက်အဖွဲ့တွေ ဘာတွေပါတဲ့ အက်ရှင်ကားတွေ ကြိုက်တဲ့လူတွေ ကြိုက်ချင်ကြိုက်ကြမယ့် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးကတော့ နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးပိုင်းကလူတွေကိုပါ လွှမ်းမိုးထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ခုရှိပါတယ်။ အဲဒီအဖွဲ့က မိဘမဲ့ကလေးတွေ အိမ်ပြေးတွေကို ငယ်ငယ်လေးကတည်းက သတ်ဖြတ်ရေးအတွက် လေ့ကျင့်ပေးပြီး အေးဂျင့်တွေအဖြစ် တာဝန်ထမ်းဆောင်စေခဲ့တယ်။ အဲဒီထဲ အန်နာခေါ် Echo 8 ဆိုတဲ့ ကောင်မလေးလည်းအပါအဝင်ပေါ့။ သူတို့ဆရာကတော့ သူတို့ကို အတိတ်ကို မတွေးနဲ့။ အနာဂတ်ကိုအိပ်မက်မမက်နဲ့ လက်ရှိက လက်ဆောင်ပဲပြောပြီး သူတို့အတိတ်တွေကို မေ့ခိုင်းပေမဲ့ အတိတ်ကလူကိုသတ်ဖို့အကြောင်းဖန်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ozymandias ဖြစ်ပါတယ်။) File size…(1.4 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Thriller Duration….01:36:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ozymandias

3.9 2024 96 mins
Echo 8
Preying Enemies
5

Preying Enemies (2025) IMDb Rating (5.0) မြို့ရဲ့ထိပ်တန်းနာမည်ကျော် အိမ်တွင်းအလှဆင်ပညာရှင် ကင်ဘာလေဟိုက်တာဝါတစ်ယောက် သူငယ်ချင်းတွေနဲ့အတူ အားလပ်ရက်ခရီးထွက်ကြရင်း တစ်နေ့မှာတော့ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ် မြို့ရဲ့ထိပ်တန်းဖြစ်သော်ငြားလည်း ရသမျှပိုက်ဆံတွေအကုန်လုံးသာမက အဖေဖြစ်သူ သမီးအတွက်ဆိုပြီးထားခဲ့တဲ့ပိုက်ဆံတွေကိုလည်း ယောင်္ကျားဖြစ်သူက အကုန်လောင်းကစားလုပ်လို့ စုန်းစုန်းမြှုပ်သွားခဲ့ရပါတယ် ဘဝကြီးကိုစိတ်ကုန်နေသူ ကင်ဘာလေတစ်ယောက်ရဲ့ ထူးဆန်းစွာ ပျောက်ဆုံးမှုကနေတစ်ဆင့် ကင်မ်ဘာလေရဲ့နီးစပ်သူ သူငယ်ချင်းများအကြား ကင်မ်ဘာလေနဲ့ဆက်စပ်ပြီးတော့ ရှုပ်ထွေးတဲ့ဆက်ဆံရေးများကိုပါ plot twistများစွာနဲ့ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။) File size…(2 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:32:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Ya Mone

Comedy • Drama • Romance
5 2025 92 mins
Preying Enemies
The Huntresses
6.8

The Huntresses (2014) ********************* အားလုံးရဲ့ အချစ်တော် မမ Ha Ji-Won အဓိက ပါဝင်ထားပြီး ၃ ယောက်ပေါင်းလောင်းကျော် ဝက်ဝက်ကွဲ ရယ်နေရတဲ့ The Huntress ဆိုတဲ့ နန်းတွင်းဟာသကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ******************** စုံစမ်းစစ်ဆေးရေး အရာရှိဟောင်းတစ်ယောက်ဖြစ်တဲ့ မူမြောင် နဲ့ သူ့တပည့်မလေး သုံးယောက်တို့ ဆုကြေးထုတ်ခံထားရတဲ့ အပြစ်သားတွေကို လိုက်ဖမ်းကြတဲ့ ဇာတ်လမ်းလေးပါပဲ ။ ဂျင်းအို့ ( Ha Jiwon ) ကတော့ တီထွင်ဖန်တီးဉာဏ်လည်း ကောင်းသလို ဇွတ်တရွတ်လုပ်တတ်တဲ့ စိတ်ကြောင့် မကြာခဏဆိုသလို ပြဿနာတွေ ယူဆောင်လာတတ်တဲ့ အမွှေစိန်လေးလည်း ဖြစ်ပါတယ် ။ နောက်တစ်ယောက် ဟုန်းဒန်ကတော့ သုံးယောက်ထဲမှာ အသက်အကြီးဆုံးဖြစ်သလို ရှေးရိုးစွဲ ယောက္ခမဆီက ခဏခဏ နားပူခံရသူတစ်ဦးဖြစ်ပါတယ် ။ အငယ်ဆုံးလေး ဂါဘီကတော့ ယောကျ်ားလေးဆန်ဆန် နေတတ်သူဖြစ်ပြီး တစ်ခုခုဆို စကားထက် လက်သီးနဲ့ အရင် ဖြေရှင်းတတ်တဲ့သူလေးတစ်ဦးပါ ။ တစ်ရက်မှာတော့ ဂုံဂူလို့ ခေါ်တဲ့သူကို ရှာပေးနိုင်ရင် ဆုကြေးငွေ ညန်း ၁၀၀၀၀ ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်က သူတို့ ဆရာတပည့်တွေဆီကို ရောက်လာခဲ့ပါတော့တယ်။ တကယ်တမ်းတော့ ဂုံဂူက ဂျိုဆွန်းဘုရင်အတွက် အရေးကြီးတဲ့ ပစ္စည်းကို သယ်ဆောင်လာတဲ့သူ ဖြစ်တဲ့အပြင် ဂုံဂူကို သတ်ချင်နေတဲ့ တစ်ဖက်အဖွဲ့ကလည်း ရှိနေတဲ့အခါ မူမြောင်တို့ ဆရာတပည့်တွေ ဘယ်လို ရင်ဆိုင်ကြမလဲ ။ ပြဿနာအရှုပ်အထွေးထဲမှာမှ ဂျင်းအို့ရဲ့ အတိတ်က ပြန်ပေါ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့ The Huntresses ရုပ်ရှင်ဇာတ်ကားမှာ အတူတူ ကြည့်ရှုခံစားလိုက်ရအောင်နော် ။ (အညွှန်းကို Hazelle မှ ရေးသားထားပါတယ်) File size…1.69GB / 826MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 47 min. Genre ….. Action, Adventure, Historical, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by AHtet

6.8 2014 107 mins
The Huntresses