YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

To.My.Star.1080p.H264.AAC.WEB-DL.CM.mp4

1.87 GB N/A video/mp4 1857 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Belle
7.2

Belle (2013) ~ IMDb - 7.3/10, RT - 85%, Meta - 64% ~ အင်္ဂလန်ရဲ့ Period Movies တွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Belle ရုပ်ရှင်ဟာ လက်တွေ့အပြင်ဘဝက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး။ ဇာတ်ကားထဲမှာပါတဲ့ ပန်းချီကားထဲက မိန်းကလေးဟာ တကယ့်အပြင်ဘဝက ဒိုင်ဒိုဘဲလ်ရဲ့ ပုံအစစ်ဖြစ်ပါတယ်။ လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ စတေးပြီးတော့ အသက်အာမခံ လျော်ကြေးတောင်းတဲ့အမှုကို ဦးရီးတော် တရားသူကြီးချုပ်က ကိုင်တွယ်ရတယ်။ ကျွန်တွေအပေါ် ဇုန်းသင်္ဘောရဲ့ ရက်စက်ယုတ်မာမှုတွေကို သိလိုက်ရတဲ့ ဘဲလ်ဟာ တရားမျှတမှု ပေါ်ပေါက်ရေးအတွက် တက်ကြွလှုပ်ရှားသူ လူငယ်လေး ဒဗီးနီးယားကို ကူညီပေးရင်း ချစ်မိသွားပါတယ်။ ဒါပေမဲ့ မျိုးရိုးအဆင့်အတန်းမြင့်တဲ့သူနဲ့ပဲ လက်ထပ်စေချင်တဲ့ မိသားစုကြောင့် ဘဲလ်ဟာ လူဖြူ မျိုးရိုးနိမ့်လေး ဒဗီးနီးယားအပေါ် ချစ်စိတ်တွေဖုံးကွယ်ထားရတယ်။ ဒါ့အပြင် လူမည်းကျွန်တွေ တရားမျှတမှုရရှိရေးအတွက် ဦးရီးတော်အရင်းနဲ့လဲ ရင်ဆိုင်ဆန့်ကျင်နေရတယ်။ ဒီလို Conflict တွေကြားထဲမှာ ဘဲလ်တစ်ယောက် ဘာကို ဘယ်လို ရွေးချယ်သွားမလဲ... သူချစ်ရတဲ့သူအပြင် လူမည်းတွေအတွက်လည်း သူလိုချင်တဲ့ တရားမျှတမှုကိုရော ရရှိနိုင်ပါ့မလား... ဆိုတာ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1GB, 450MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 40Min Genre - Biography, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Drama
7.2 2013 105 mins
Belle
The Mother
6.8

နက်ဖလစ်နဲ့ ဖန်စီကားလေးတွေမှန်မှန်ရိုက်နေတဲ့ ဂျေလိုတစ်ယောက် ဒီတစ်ခါတော့ အက်ရှင်ကားကိုအတည်ရိုက်လိုက်ပါပြီ။ ဟာသမပါပါဘူး။ အတော်လည်းကောင်းပါတယ်။ ဒါရိုက်တာကတော့ Mulan တို့ Anna with an E တို့ရဲ့ ဒါရိုက်တာ မမကြီး Niki Caro ပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည် The mother ဆိုတဲ့အတိုင်း ဂျေလိုက ကလေးအမေပါ။ ဇာတ်ကားတစ်ကားလုံးမှာ သူ့နာမည်ကို မပြောသွားပါဘူး။ သူဟာ အာဖဂန်နဲ့အီရန်မှာ စနိုက်ပါအဖြစ် စစ်ဆင်ရေးတွေလုပ်ခဲ့သူဖြစ်ပြီး စစ်တပ်ကထွက်ပြီးနောက်ပိုင်းမှာ ကျူးဘားနဲ့မက္ကဆီကို လူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရလာပြီးမှာ သူတို့တွေကို ရဲဆီသတင်းပေးပြီး ဒီလောကထဲကနေ အလွတ်ရုန်းဖို့ ကြိုးစားခဲ့ပေမဲ့ အတိတ်ရဲ့ရန်သူတော်တွေက လျို့ဝှက်ထားတဲ့ သူ့သမီးကို ရန်ပြုလာတဲ့အခါ အမေကလည်း ပုန်းနေရာကနေထွက်လာပြီးတော့ ရန်သူဟောင်းအားလုံးကို ရင်ဆိုင်ရပါတော့တယ်.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 778MB | 380MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron

Action • Drama
6.8 2023 115 mins
The Mother
Mr. Harrigan's Phone
6.5

ဒီဟော်ရာ ရုပ်ရှင်ကတော့ စာရေးဆရာ၊ဒါရိုက်တာ စတီဗန်ကင်းရဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပါ။ သူ့ရဲ့လက်ရာတွေက ဝတ္ထုတိုဝတ္ထုရှည်မရွေး ကျောချမ်းစရာကောင်းတာကိုသိကြမှာပါ။ သူ့ရဲ့လက်ရာတွေထဲက IT, Shinning, Pet Sematary, Green Mile, Misery, 1408, The Mist, Shawshank, Doctor Sleep, The Dark Tower, In the Tall Grass, Lisey Story, Thinner, Dolores Claiborne တို့တွေကို ကြည့်ဖူးကြတဲ့သူများမယ်ထင်ပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ကတော့ နာမည်အတိုင်း မစ္စတာ ဟာရီဂန်ရဲ့ ဖုန်းအကြောင်းပါပဲ။ ဇာတ်လမ်းက တမလွန်ဘဝတွေ၊ သဘာဝလွန်တွေနဲ့ သို့လောသို့လော ကျောချမ်းစရာတွေနဲ့ ဖွဲ့စည်းထားတာမို့ အကျဉ်းပြောမပြတော့ပါဘူး။ ဘာပြီးဘာဖြစ်လာမလဲ ရင်တဖိုဖိုကြည့်လို့ရစေချင်လို့ပါ။ ဆက်ကြည့်လိုက်ပါဦး။ File size…1.1GB / 540MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson

Comedy • Family • Romance
6.5 2022 105 mins
Mr. Harrigan's Phone
Folk Legends: The Water Monkeys

ထျန်းရွှေရွာဟာထျန်းရွှေမြစ်နံဘေးမှာတည်ရှိတဲ့ရွာငယ်လေးဖြစ်ပါတယ်။ တောတောင်တွေနဲ့အေးချမ်းသဖွယ်လို့ထင်စရာရှိပေမယ့် အမှန်တကယ်မှာတော့ ရွာလေးဟာလုံးဝကိုအေးချမ်းမနေခဲ့ပါဘူး။ အကြောင်းရင်းကတော့ ထျန်းရွှေမြစ်ထဲမှာ ရေသရဲရှိနေလို့ပါပဲ။ ရွာမှာ ရေသရဲသတ်လို့သေသွားသူတွေလည်းမနည်း၊ အမြဲတစေ ရွာသားတွေကရေသရဲရန်ကိုထိတ်လန့်နေကြရပါတယ်။ ပိုင်ချိုးရွှေဟာ ထျန်းရွှေရွာဇာတိဖြစ်ပြီး ဖခင်ဖြစ်သူ ရေသရဲအသတ်ခံလိုက်ရအပြီးမှာ ရွာကထွက်သွားခဲ့တယ်။ နှစ်ပေါင်းများစွာကြာမှ ဇာတိရွာလေးကို ဖွံဖြိုးတိုးတက်အောင်လုပ်ပေးချင်လို့ သူဟာရွာလေးဆီကိုပြန်လာခဲ့ပါတယ်။ သူပြန်ရောက်လို့မကြာခင်မှာပဲ ရွာမှာထူးဆန်းတဲ့ ဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါမှာတော့... ရေသရဲဟာထင်ထားတာထက်ပိုပြီး အင်အားကြီးနေ​ကြောင်းသိလိုက်ရတဲ့အခါ... ရေသရဲကိုဘယ်လိုရင်ဆိုင်​ဖြေရှင်းကြလေမလဲဆိုတာကို သည်းထိတ်ရင်ဖိုခံစားကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Fantasy , Thriller Runtime : 1h 11min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Nu Mon , Chu Chu Encoded by LK

Drama • Thriller
0 2022 71 mins
Folk Legends: The Water Monkeys
Teambuilding
6.9

IMDb 6.5 အထိရရှိထားပြီးအသင်းအဖွဲ့နဲ့စည်းလုံးညီညွှတ်တာကိုဦးတည်ရိုက်ကူးထားတဲ့ဟာသကားတစ်ကားဖြစ်ပါတယ် Team building ဆိုတာအဖွဲ့အစည်းစိတ်ဓာတ်မြင့်တက်လာအောင် အဖွဲ့လိုက်လှုပ်ရှားမှုတွေ ပြိုင်ပွဲတွေလုပ်ကြတဲ့ပွဲတစ်ခုပါ ဇာတ်လမ်းထဲမှာတော့ အီမီက FU Global ကုမ္ပဏီကဝန်ထမ်းတစ်ယောက်ဖြစ်ပြီးအလုပ်ကြိုးစားပေမဲ့အသင်းအဖွဲ့စိတ်ဓာတ်မရှိလို့သူ့ဘော့စ်ကသူ့ကိုသိပ်သဘောမကျပါဘူး အီမီတစ်‌ယောက် မလိမ့်တစ်ပတ်နဲ့ရာထူးချခံလိုက်ရပြီးလာမဲ့ Team building မှာပါဝင်ယှဉ်ပြိုင်ဖို့အကြောင်းဖန်လာပါတော့တယ် ပေါက်ကရလူတွေချည်းစုထားတဲ့အီမီတို့အဖွဲ့ပြိုင်ပွဲမှာအခြေအနေကောင်းပါ့မလား ဖလားကိုရောအရယူနိုင်ပါ့မလား သူတို့ team building သွားရင်းဘာတွေတွေ့ကြုံကြရမလဲဆိုတာကိုပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ

Action • Crime • Thriller
6.9 2022 91 mins
Teambuilding
The White Tiger
6.9

Netflix ရဲ့ ရုပ်ရှင်အသစ်လေး ခံစားကြည့်ရအောင်။ မင်းသား မင်းသမီးတွေက နာမည်ကြီးတွေလို့တော့ ပြောကြတယ်ဗျ။ ကျွန်တော်ကတော့ အကြည့်နည်းလို့ သိပ်မသိဘူး။ ဒါပေမယ့် ဇာတ်လမ်းအကြောင်းကိုပဲ ပြောရအောင်။ သိပ်ကောင်းပါတယ်။ အိန္ဒိယရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်က တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်နဲ့ တွေ့ခွင့်ရဖို့ သူ့ဘဝဇာတ်ကြောင်းကို အီးမေးလ် ပို့ရာကနေ စတာပေါ့ဗျာ။ အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်တွေ ဇာတ်မြင့်တွေ အမျိုး ၁၀၀၀ လောက် ရှိခဲ့ပေမယ့် တကယ်တော့ ဇာတ် ၂ မျိုးပဲ ရှိပါတယ်။ ဗိုက်ပူနေတဲ့သူနဲ့ ဗိုက်ပိန်နေတဲ့သူပေါ့။ သခင် နဲ့ အစေခံပေါ့။ အိန္ဒိယနိုင်ငံရဲ့ လူတန်းစား ကွာခြားမှုအမြင်တွေ ရုန်းကန်မှုတွေ အကြောင်း ကောင်းကောင်းကြီး ပုံဖော်ထားတာပါပဲ။ ဇာတ်လိုက်ရဲ့ ဥပမာကတော့ သူတို့လို အစေခံ လူတန်းစားတွေကို ကြက်လှောင်အိမ်ထဲက ကြက်တွေနဲ့ နှိုင်းယှဉ်ပြထားတယ်ဗျာ။ ကြက်လှောင်အိမ်ထဲက ကြက်တွေဟာ သူတို့ရှေ့မှာ ကြက်တွေကို သတ်နေတာတွေ မြင်ရတယ် သွေးနံ့တွေရတယ်။ ဒါပေမယ့် လှောင်အိမ်ထဲက ထွက်ဖို့ မကြိုးစားကြဘူး။ အစေခံတွေအားလုံးဟာလည်း ဒီလိုလူတွေပဲလို့ ဆိုထားတယ်။ ဒီဇာတ်လမ်းကတော့ ကြက်လှောင်အိမ်ထဲကနေ ထွက်ဖို့ ကြိုးစားခဲ့တဲ့ ကြက်တစ်ကောင်အကြောင်းပေါ့ဗျာ။ အားလုံးကြိုက်ကြမှာပါ။ File size…(1.7 GB) and (900 MB) Quality…Blu-Ray Rip 1080p and 720p Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Littleneo

Drama
6.9 2021 125 mins
The White Tiger
Miss Peregrine's Home for Peculiar Children
6.8

2016 စက်တင်ဘာမှာ ရုံတင်သွားတဲ့ ကားကောင်းတစ်ကားကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ စာရေးဆရာ Ransom Riggs ရဲ့ Bestseller စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Harry Potter, Percy Jackson နဲ့ Narnia တို့လို Fantasy တွေ Adventure တွေကို ချစ်သူတွေအတွက်တော့ နောက်ထပ်လှပတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်ရဦးမှာပါပဲ။ IMDb 7.1 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဂျိတ်ခ်ဆိုတဲ့ လူငယ်လေးကို အဖိုးဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆန်းကြယ်တဲ့ အစွမ်းရှိတဲ့ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်သူ ကျောင်းအုပ်ဆရာမကြီး Peregrineအကြောင်းကို ပြောပြလေ့ရှိပေမယ့် ပုံပြင်တွေအဖြစ်သာမှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖိုးဖြစ်သူဟာ ထူးဆန်းတဲ့သေဆုံးမှုနဲ့သေဆုံးသွားပြီး ဂျိတ်ခ်ဟာ အဖိုးဆီကိုလာတဲ့ ပို့စ်ကဒ်လေးမှတဆင့် ဝေလနယ်ရဲ့ ကျွန်းပေါ်က ကလေးထိန်းအိမ်လေးကို သွားရှာမိတဲ့အခါ...လူတွေမသိတဲ့ အချိန်ကာလတွေ..အစွမ်းတွေ..ရန်သူတွေကြားမှာ သူနဲ့သူ့အဖိုးဟာ ဘယ်လိုအစွမ်းရှိတဲ့လူတွေလဲဆိုတာ သိလာပါတော့တယ်။ File Size     :   900/450 Mb Duration   :   2 hr 7 min Quality       :   720 HDrip Format       :   MP4 Translator :   Tariq Khant Min Encoder      :   Littleneo

Action • Drama • War
6.8 2016 127 mins
Miss Peregrine's Home for Peculiar Children
Onde Mande / The Prize
6.9

Onde Mande / The Prize (2023) Drama ချစ်ပရိသတ်တို့ အကြိုက်တွေစေမယ့် အင်ဒိုမိသားစုဟာသရုပ်ရှင်လေးတစ်ကားဖြစ်တဲ့ Onde Mande(ဆုငွေ)ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ တောင်ကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာက ဆုမဲပေါက်သွားတဲ့လူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ မီနန်သားတွေဟာ ကိုယ့်ရဲ့အမိမြေကို သိပ်ချစ်ကြတဲ့သူတွေပေါ့။ ဘယ်သူတွေဘာပြောပြော ဘဝနဲ့ရင်းပြီး ကိုယ့်မြေကိုချစ်တဲ့မီနန်သားတွေက မိုးပြိုရင်တောင်မှ ကိုယ့်ရဲ့နေရပ်ကို စွန့်ခွာကြမယ့်သူတွေမဟုတ်ပါဘူး။ ဒီလူတွေထဲမှာ အန်ကူဝမ်ဆိုတဲ့ အဘိုးကြီးလည်း အပါအဝင်ပေါ့။ အန်ကူဝမ်ဟာ ခေါင်းမာပြီး စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်၊ အငြိမ်းစားကျောင်းဆရာပီပီ အရာရာကို စာအုပ်ကြီးလိုလုပ်တတ်တဲ့သူ့ကို တော်ရုံလူက သည်းမခံနိုင်ပါဘူး။ ငယ်စဉ်ကတည်းက သူ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ အမ်ကလွဲလို့ပေါ့။ အန်ကူဝမ်ဘယ်လောက်ပဲ ခေါင်းမာတယ်ပြောပြော မန်နင်ဂျောရွာလေးကို ချစ်တဲ့နေရာမှာတော့ အန်ကူဝမ်ကို ဘယ်သူမှမမီကြပါဘူး။ မိန်းမနဲ့သားဖြစ်သူက ရွာကိုစွန့်ပြီး ဂျကာတာမြို့ပေါ်ပြောင်းသွားတာတောင် ရွာကိုချစ်လွန်းလို့နေရစ်ခဲ့ပြီး ကျောင်းဆရာဆက်လုပ်ခဲ့တဲ့ အန်ကူဝမ်ရဲ့ ရွာအပေါ်ထားတဲ့အချစ်ကို ဘယ်သူကများ မေးခွန်းထုတ်ရဲမှာလဲ။ မန်နင်ဂျောရွာရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေကန်ကြီးက ၁၅ နှစ်တစ်ခါ ကန်အောက်ခြေက ကန့်တွေတက်လာပြီးတော့ ငါးတွေအဆိပ်သင့်ပြီး တစ်ရွာလုံး ဒုက္ခရောက်တတ်ကြပါသတဲ့။ ဒါကိုမြင်နေတဲ့အန်ကူဝမ်တစ်ယောက် ရွာပြုပြင်ပြောင်းလဲရေးအတွက် ရည်စူးပြီး မဲထည့်နေရင်းကနေ ၂ ဘီလီယံဆုကြီးပေါက်သွားပါတော့တယ်။ တစ်ယောက်တည်း ပီတိဖြာရင်း အစီအစဉ်တွေအကောင်အထည်ဖော်ဖို့ ပြင်ဆင်ထားချိန်မှာ အန်ကူဝမ်တစ်ယောက် ဆုကြေးမထုတ်ရခင် သူသိပ်လုပ်ချင်ခဲ့တဲ့ ရွာပြုပြင်ပြောင်းလဲရေး မန်နင်ဂျောရေကန်ကိုမမှီခိုရတဲ့ စီးပွားရေးလုပ်ငန်းတည်ထောင်ရေးကို လုပ်ခွင့်မကြုံလိုက်ခင် ဆုံးပါးသွားပါတော့တယ်။ ဒီတော့ အန်ကူဝမ်ကို အဖေလိုသဘောထားတဲ့အမ်က ဦးဆောင်လို့ အန်ကူဝမ်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama, Family Quality…. 1080p | 720p File size… 1.7GB | 733MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6.9 2023
Onde Mande / The Prize
The Diamond Heist
5.8

ဒီရုပ်ရှင်လေးကတော့ သိန်း ၂၀၀ တန် စိန်တုံးကို အုပ်စု ၂ စုက ဓားပြတိုက်ခဲ့ပြီး ကမောက်ကမ ဖြစ်သွားခဲ့တာက စပါတယ်။ လူရိုးကြီးတွေ ဖြစ်တဲ့ ကျန်းဟောက်နဲ့ ဝူအာဝေါ့ တို့ဟာ သမီးလေး ခယ်လဲ့ရဲ့ ခွဲစိတ်စရိတ်အတွက် မလုပ်စဖူး ရွှေဆိုင်ကို ဓားပြတိုက်ဖို့ လုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက် တွေဝေနေတဲ့ အချိန်မှာပဲ နောက်ထပ် အဖွဲ့တစ်ဖွဲ့က လက်နက်အပြည့်အစုံနဲ့ ရွှေဆိုင်ကို ဖြတ်သွားတဲ့ ငွေသယ်ကားကို လုယက်ခဲ့ပါတယ်။ ရှုပ်ထွေးနေတဲ့ အချိန်မှာ ဓားပြတွေက ကျန်းဟောက်တို့ကို အဖွဲ့သားတွေလို့ ထင်သွားပြီး တန်ဖိုးကြီးလှတဲ့ စိန်ထုပ်ကို ပစ်ပေးခဲ့ပြီး နှစ်ယောက်သား စိန်လုယက်မှုမှာ ပါဝင်ခဲ့ရပါတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ ပြေးရင်း လွှားရင် စိန်ထုပ်ကြီးက ပျောက်သွားတဲ့အခါ…… ကျန်းဟောက်တို့ တစ်တွေ ခယ်လဲ့လေးအတွက် ခွဲစိတ်စရိတ်ကို ရဖို့ ဘယ်လို ဒုစရိုက်မှုတွေကို လုပ်မလဲ…… တခြားအဖွဲ့က ဓားပြတွေရဲ့ အန္တရာယ်ကိုရော ဘယ်လို ဖြေရှင်းမလဲ…… ဆိုတာကို ဟာသလေးတွေနဲ့ အပန်းဖြေ ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
The Diamond Heist
Dan in Real Life
6.8

ဒီဇာတ်ကားလေးကတော့ ဇာတ်ကားနာမည်မှာပါတဲ့ အတိုင်း Dan ဆိုတဲ့ လူတစ်ယောက် အကြောင်းပါ။ ဇာတ်ကားအမျိုးအစားက အချစ်ဟာသဇာတ်မြူးလေးပါ။ ခွက်ထိုးခွက်လန်ရယ်ရတဲ့ဟာသကားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် အချစ်ကားဆိုတာတော့ တကယ်အဟုတ်ပါ။ Rating တွေကတော့ IMDb – 6.8/10 နဲ့ Rotten Tomato 65% ဆိုတော့ ကြည့်ပျော်ပါတယ်ဆိုတာ ထူးညွှန်းစရာတော့ မလိုသ​လောက်ပါပဲ။ အရမ်းကြီးထူးထွေဆန်းပြားနေတာတွေ မပါဘဲဖြစ်တတ်တာလေးတွေကို ရိုက်ပြသွားတာကိုက တကယ်ဖြစ်ပျက်နေတာကို ကြည့်ရသလိုဖြစ်စေတာမျိုးပါ။ Dan ဆိုတဲ့ သမီး ၃ ယောက်အဖေ မုဆိုးဖိုတစ်ယောက်ရဲ့ အကြောင်းကို Thanks Giving အတွက် မိသားစုတွေဆုံကြတဲ့အချိန် ဆုံကြတဲ့နေရာလေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ။ အချစ်အကြောင်းသိချင်တာဆို ကြည့်ကြည့်ပါလို့ ပြောလို့ရတဲ့ ဇာတ်လမ်းပါ။ အချစ်က ဘယ်လိုဆိုတာ ပြထားတာလေးတွေအပြင် ထူးထူးခြားခြား အချစ်ကဘာဆိုတာ ပြောပြထားတာလေးပါ ပါတယ်။ သိရအောင် ကြည့်ကြည့်လိုက်ပါဦး။ အသက်အရွယ်ကို လိုက်ပြီးတော့ရော အချစ်က မတူကွဲပြားတတ်လားဆိုတာမျိုးကိုလည်း ထည့်ရိုက်ပြထားသေးတယ်။ နောက်ထပ်တစ်ခုက Right Time, Right Person မဖြစ်ရ မကြုံရရင်ရော ဘာတွေများဖြစ်ကုန်တတ်လဲ၊ အဲ့လိုကြုံရတဲ့လူတွေ ဘယ်လိုလုပ်ကြလဲ ဆိုတာလည်း သိရမယ့်ဇာတ်လမ်းလေးပါ။ အချစ်အကြောင်းချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ ဘဝအတွက် အရေးပါတဲ့ သတင်းစကားလေးလည်း ပါတယ်။ ဇာတ်ကားနာမည်မှာ In Real Life ထည့်ထားတာက အဲ့ဒီ့ ဘဝနေနည်းလေးကို သက်သေပြထားတာလို့ ပြောလို့ရတယ်။ စာတွေရေးတဲ့လူက သူ့စာတွေထဲမှာ ရေးထားသလိုနေဖို့ထက် တကယ့်ဘဝမှာ ဘယ်လိုနေရမလဲဆိုတာ သူကိုယ်တိုင်သိလာတာကို ရိုက်ပြထားတာမလို့ပါ။ ပြီးတော့ မိသားစုတွေကြားက ပျော်စရာလေးတွေ၊ ကလေးတွေ အထူးသဖြင့်ဆယ်ကျော်သက်တွေကို ထိန်းကျောင်းသင်ပြပုံ Parentingတွေ၊ မိဘတွေ လုပ်မိတတ်တဲ့ အမှားတွေ အစရှိသဖြင့် စုံစုံစိစိလေး အံဝင်ခွင်ကျ သူ့အကန့်နဲ့သူ ပါပါသေးတယ်။ အဲ့ဒါတွေအကုန်လုံးကို ဒီတိုင်းပေါ့ပေါ့ပါးပါးလေး သိရ ကြည့်ရမယ့် ဇာတ်ကားလေးဆိုတော့ တစ်နာရီခွဲလောက် အချိန်ပေးဖို့ ထိုက်တန်မှာပါ။ အဓိက သရုပ်ဆောင် Steve Carell နဲ့ Juliette Binoche ရယ်၊ တခြားသရုပ်ဆောင်တွေရယ်က သဘာဝကျကျလေး ပါဝင်ထားပါတယ်။ ဒီမိသားစုဇာတ်လမ်းကို ရိုက်ဖို့အတွက် အဲ့ဒီသရုပ်ဆောင်တွေအကုန်လုံးက ဇာတ်ကားမရိုက်ခင်ကတည်းက အဲ့ဒီ့ဇာတ်ကားရိုက်တဲ့အိမ်လေးမှာ မိသားစုဝင်တွေလို ရင်းနှီးနေအောင် တကူးတက သွားနေကြပြီးမှကို ရိုက်ထားတဲ့ ဇာတ်ကားလို့ပြောပါတယ်။ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။ File size… 3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38 Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Myat Thu

6.8 2007
Dan in Real Life
Ghostbusters II

1984 မှာထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်မှာတော့ နယူးယော့မြို့တော်ကြီးကို မာ့ရှ်မယ်လို လူသားကြီးရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့ပေမဲ့ အဆောက်အဦးပျက်စီးမှုတွေအတွက် သရဲဖမ်းသမားအဖွဲ့ကိုဖျက်သိမ်းပြီး သရဲဖမ်းတဲ့အလုပ်တွေလုပ်ခွင့်ရပ်ဆိုင်းထားပါတယ်။ ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်အကြာမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် သရဲဖမ်းသမားဟောင်းတွေ သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုစုံစမ်းကြရင်း နယူးယော့ခ်မြို့အောက်မှု စီးဆင်းနေတဲ့ အကျိအချွဲမြစ်ကြီးကို တွေ့ခဲ့ကြပါတယ်။ ဒီအကျိအချွဲတွေက လူတွေရဲ့ မကောင်းတဲ့စိတ်ကိုတုံ့ပြန်နိုင်ပြီး လူမျိုးစုံရှိနေတဲ့ နယူးယော့ခ်မြို့လည်မှာစီးဆင်းနေတာပါ။ ဒီအကျိအချွဲတွေစီးဆင်းနေကြတာကလည်း မန်ဟက်တန် အနုပညာပြတိုက်မှာရှိနေတဲ့ 17 ရာစုနှစ်က မင်းဆိုးတစ်ပါးဖြစ်တဲ့ ဗီဂိုရဲ့ပုံတူပန်းချီကားဆီဖြစ်ပြီး မြို့ထဲမှာလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမျိုးစုံ ကမောက်ကမဖြစ်လာတာကို သရဲဖမ်းသမားတွေ ဘယ်လိုတားဆီးကြမလဲ၊ ဗီဂိုပုံတူပန်းချီကားမှာရော ဘယ်လိုသဘာဝလွန်အစွမ်းတွေရှိနေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.8 GB)/(994 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 1989
Ghostbusters II
Tutak Tutak Tutiya aka Devi(L)
5.5

Tutak Tutak Tutiya (2016) “ရွာသူမတစ္ဆေ” ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် မဆလာ comedy/horror ရုပ်ရှင်အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် မွန်ဘိုင်းကို နယ်ကနေတက်လာတဲ့ လူတွေအားလုံးမှာ အိပ်မက်ကိုယ်စီရှိကြပေမယ့် ခရစ်ရှ်နားမှာတော့ ခေတ်ဆန်တဲ့ မိန်းကလေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ အိပ်မက်တစ်ခုပဲ ရှိပါတယ် အင်္ဂလိပ်စာ ဂရမ်မာမှန်မှန် ပြောတတ်တဲ့ ခေတ်ဆန်တဲ့ မိန်းကလေးတွေကိုမှ ရွေးလိုက်ပေမယ့် သူ့ကိုဘယ်သူမှ ပြန်မကြိုက်ကြတာမို့ လူပျိုဂုဏ်ကို ဆက်ထိန်းထားနေရင်းမှ မွေးရပ်မြေရွာက အဘွားဆုံးခါနီးလို့ ရွာပြန်ရပြီး လမ်းမှာ နွားကျောင်းနေတဲ့ ရွာသူမနဲ့ ကတောက်ကဆဖြစ်လိုက်ပါသေးတယ် ဖြစ်ချင်တော့ အဘွားမဆုံးခင် နွားကျောင်းသူမရဲ့ လက်ကိုမှ ဆွဲကိုင်သွားတဲ့အတွက် ခရစ်ရှ်နားမိဘတွေက အဲဒီကောင်မလေးနဲ့ အတင်းအကျပ်ပေးစားလိုက်ရာမှာ horror ဇာတ်လမ်းတစ်ပုဒ် ဘယ်သို့ ဘယ်ပုံဖြစ်လာမှာလဲ ဆိုတာကတော့ … ဟုတ်သော်ရှိ မဟုတ်သော်ရှိ ခဏတာတော့ ရယ်မောလို့ရမယ့် ဇာတ်ကားလေးကို အားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

5.5 2016
Tutak Tutak Tutiya aka Devi(L)
Blank
6.1

Blank (2019) “ကွက်လပ်” IMDb – 6.1/10 ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီအက်ရှင်ဇာတ်ကြမ်းကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသာကြီး ဆန်နီဒိုး၊ ငယ်ဘ၀ကတည်း ရုပ်ရှင်တွေ၊ ရှိုးတွေရိုက်ကူးခဲ့တဲ့ မင်းသားကာရန်တို့ အဓိကပါဝင်ထားကြပါတယ်။ မြို့ထဲကို RDXထက် အဆပေါင်းများစွာ ပေါက်ကွဲအားပြင်းတဲ့ ဖောက်ခွဲရေးပစ္စည်း ၂၅ကီလိုကျော်ခိုးသွင်းလာတဲ့ သတင်းကိုသိရပေမဲ့ ဘယ်သူတွေ၊ ဘယ်နှစ်ယောက်၊ ဘယ်ကလာတာလဲ ဘာဆိုဘာမှန်းမသိရဘဲနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ ဗျာများနေရချိန်။ မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်လာတဲ့လူနာက အသေခံဗုံးခွဲတဲ့သူဖြစ်နေပြီး အတိတ်ကလည်း မေ့နေတဲ့အခါ…။ ဖောက်ခွဲရေးပစ္စည်းတွေကို အချိန်မီဖမ်းဆီးနိုင်မှာလား…။ အတိတ်မေ့နေတဲ့ အသေခံဗုံးခွဲသမားရဲ့ တကယ့်အကြောင်းအရင်းမှန်ကရော…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Thura ~ ToMo ~ Alex ~ Zweတို့ပဲဖြစ်ပါတယ်။

6.1 2019 111 mins
Blank
[18+] Emanuelle in Bangkok
4.4

Emanuelle in Bangkok (1976) Black Emanuelle ဇာတ်ကားတွေထဲက နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ အီမန်နျူရယ်ကို သူ့သတင်းစာတိုက်ကနေ ထိုင်းဘုရင်မိသားစုအကြောင်း သတင်းဆောင်းပါးရေးဖို့ ဘန်ကောက်ကိုလွှတ်လိုက်တဲ့ သတင်းထောက်တစ်ဦးအနေနဲ့တွေ့မြင်ရမှာပါ။ ထိုင်းနိုင်ငံအတွေ့အကြုံတွေနဲ့ သွားလေရာ ယောက်ျားမိန်းမ မရွေး လိင်ဆက်ဆံတတ်တဲ့ အီမန်နျူရယ်ရဲ့နောက်ထပ် စွန့်စားခန်းတစ်ခုပါပဲ။ တစ်ချိန်က ကာလသားတွေကြားမှာနာမည်ကျော်ခဲ့တဲ့ ဘန်ကောက်က နိုက်ကလပ်တွေမှာ အမျိုးသမီးတွေစင်ပေါ်တက်ပြီး စမူတစ်ပြားနဲ့ဆပ်ကပ်ပြကြတာတွေကိုလည်း ဒီကားမှာတွေ့မြင်ရပါလိမ့်မယ်။ (Dark Side Production မှ တင်ဆက်သည်။)

Action • Adventure • Science Fiction
4.4 1976 94 mins
[18+] Emanuelle in Bangkok
Chungking Express
8.1

Chungking Express (1994) IMDb Rating (7.9) / Rotten Tomatoes (89%) ဝမ်ကာဝေက သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ Ashes of Time (1994) ရဲ့ နောက်ဆုံးအဆင့် Post Production တွေလုပ်ကိုင်နေဆဲမှာ သူ့ Production အတွက်၊ သူ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး Chungking Express ရုပ်ရှင်ကားကို ၃ လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။ “ကျွန်တော် Ashes of Time ရဲ့ Post Production တွေကနေ ခဏအနားယူချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ဒီ Chungking Express ကိုရိုက်ဖြစ်သွားတာပဲ။ ဒီရုပ်ရှင်မှာ ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ….ရိုက်ကွင်းမစခင်ည ဒါမှမဟုတ် ရိုက်မယ့်မနက်မှ လက်တန်းချရေးပြီး ရိုက်လိုက်တာပဲဗျ။” – ဝမ်ကာဝေ ဒီရုပ်ရှင်ရဲ့ Theme က ပြောရခက်တယ်။ နီယွန်မီးရောင်တွေနဲ့ အတုအယောင်တွေပြည့်နှက်နေတဲ့ ဟောင်ကောင်မြို့ပြညအချိန်တွေကို အခြေခံတဲ့ ပထမဇာတ်လမ်းနဲ့ Chungking Mansion ရဲ့ နေ့ဖက်အချိန် နိစ္စဒူဝအလုပ်လုပ်ကြတဲ့အခိုက်အတန့်တွေကို အခြေခံထားတဲ့ ဒုတိယဇာတ်လမ်းကြားမှာ ဒီရုပ်ရှင်ဟာ လွန်ဆွဲနေတာပါပဲ။ ကိုယ်ချစ်တဲ့သူပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ် မေလ ၁ ရက်နေ့ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေကို တစ်နေ့တစ်ဘူးဝယ်ရင်း မေလ ၁ ရက်နေ့ရောက်လာမှာကို စောင့်မျှော်နေတဲ့ ရဲနံပါတ် ၂၂၃ နဲ့ ချစ်သူပြန်လာတိုင်း အသုပ်စုံဝယ်ဝယေ်ပးတတ်ပြီး ဆိုင်ရှင်မြှောက်ပေးရာကနေ အစားအသောက်ရွေးချယ်စရာတွေကနေ လူရွေးချယ်ခွင့်ပါ ပေးမိသွားခဲ့တဲ့ ရဲနံပါတ် ၆၆၃ တို့ရဲ့ ဘဝထဲကို လူသစ်တစ်ယောက်စီက နည်းတစ်မျိုးစီနဲ့ ရောက်လာကြတဲ့အခါ သူတို့ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ သူတို့ရဲ့အတိတ်ကို ဘယ်လိုမေ့ဖျောက်ကြသလဲ။ အထီးကျန်တဲ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်ကြသလဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီး လူဆိုတာ အသိုင်းအဝိုင်းနဲ့နေထိုင်တဲ့၊ ပေါင်းဆင်းဆက်ဆံရေးလုပ်တဲ့သက်ရှိလို့ဆိုကြပေမယ့် တကယ်တမ်းတော့ လူတွေက လူ့အသိုင်းအဝိုင်းကနေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှောင်ထွက်ကြပြီး အထီးကျန်မှုကို ရွေးချယ်နေကြတယ်ဆိုတာ သိလာတယ်။ လူတစ်ယောက် ပျော်တယ်၊ မပျော်ဘူး၊ အထီးကျန်တယ်၊ မကျန်ဘူးဆိုတာလည်း အဲ့ဒီလူတစ်ယောက်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာသိလာတယ်။ အချစ်ဆိုတာ ချစ်နေရုံနဲ့လည်းမပြီးသွားပြန်ဘူး၊ ချစ်တာကို ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကို Hong Kong ရဲ့ မက်ဒေါနားလေး Faye Wong ကလည်း ပြသွားပြန်တယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင် Faye Wong က စီနီယာကြီးတွေကြားမှာ ထင်ပေါ်သွားခဲ့တယ်။ Hollywood ရဲ့ အကောင်းဆုံးဒါရိုက်တာတစ်ယောက်၊ Pulp Fiction, Inglourious Basterds ရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Quentin Taratino ကတောင် ဒီရုပ်ရှင်ကို ကြည့်ဖို့ ကိုယ်တိုင်ကိုယ်ကျ တိုက်တွန်းခဲ့ဖူးတယ်။ “California Dreaming ကို ကျွန်တော် နောက်တစ်ကြိမ်နားမထောင်ဖြစ်လောက်တော့ဘူးထင်ပါရဲ့…..နားထောင်ဖြစ်ရင်လည်း Faye Wong ရဲ့ မြူးကြွတဲ့ ကကွက်လေးတွေကိုပဲ အမြဲမြင်ယောင်မိနေလိမ့်မယ်ဗျာ” ဟုတ်ပါတယ်၊ ဒီရုပ်ရှင်ရဲ့အလှတရားတွေထဲမှာ Faye Wong ကတော့ ထိပ်ဆုံးကပါ။ California Dreaming သီချင်း အပြင် သူကိုယ်တိုင် cover ပြန်သီဆိုထားတဲ့ The Cranberries အဖွဲ့ရဲ့ Dream သီချင်းလေးက ဒီရုပ်ရှင်ကို ပိုပြီးမြူးကြွချိုမြိန်စေခဲ့ပါတယ်။ ရဲနံပါတ် ၆၆၃ ရဲ့ တိုက်ခန်းထဲမှာ ပျော်မြူးနေတဲ့ Faye Wong ရဲ့ပုံရိပ်တွေက Chungking Express ကြည့်ရှုသူတိုင်းကို ဖမ်းစားနိုင်ခဲ့တာအမှန်ပါပဲ။ ပြီးတော့ ဝမ်ကာဝေရဲ့ ထုံးစံအတိုင်း မတင်မကျဇာတ်သိမ်းလေးက Romance ရုပ်ရှင်မျိုးဆိုတာ ဒီလိုလေးလည်း ကြည့်ကောင်းပါလားလို့တောင် တွေးမိစေခဲ့တယ်။ အချိန်တိုအတွင်းမှာရိုက်ကူးပြီးစီးခဲ့ပေမယ့် ဒီရုပ်ရှင်မှာ ဒါရိုက်တာဝမ်ကာဝေရဲ့ အတွေးအပိုင်းအစတွေအများကြီးပါဝင်ခဲ့ပြီး ချစ်သူရည်းစားတွေ ပြတ်စဲပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာလေးကို အလှပဆုံးပုံဖော်သွားတဲ့ အဖိုးတန် Romance ကားတစ်ကားပါ။ ဝမ်ကာဝေဟာ ဘာမှမဟုတ်ဘူးထင်ရတဲ့ လူ့ဘဝအခိုက်အတန့်လေးတွေကို ရုပ်ရှင်အဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာတော့ ဆရာတစ်ပါးပဲဆိုတာ သေချာပါတယ်။ သူ့ရဲ့လက်ရာအများစုကလည်း လူတွေနဲ့အနီးစပ်ဆုံးကိစ္စတွေဖြစ်လို့ ရင်ထဲရောက်အောင် ဆွဲဆောင်နိုင်တာပါ။ Hong Kong new wave 1st generation ကစလို့ ဟောင်ကောင်ရုပ်ရှင်တွေဟာ သာမန်ဖျော်ဖြေရေးရုပ်ရှင်တွေထက် အိမ်တွင်းရေး၊ လူမှုရေးနဲ့ ပြည်သူတွေ သတိမပြုမိတဲ့အခိုက်အတန့်လေးတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးတဲ့ new wave ရုပ်ရှင်တွေပေါ်ထွက်လာခဲ့တယ်။ ဝမ်ကာဝေတို့ ဂျွန်ဝူးတို့ ခေတ်အရောက်မှာတော့ ဟောင်ကောင်ရုပ်ရှင်တွေဟာ အဆင့်အတန်းတစ်ခုကိုရောက်လာခဲ့ပြီး အာရှရုပ်ရှင်လောကမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဇာတ်လမ်းသွားပုံစံတွေနဲ့ နေရာတစ်နေရာ အခိုင်အမာရရှိခဲ့ပါတယ်။ Chungking Express ကလည်း ဟောင်ကောင်ရုပ်ရှင်လောကမှာ စံထားရတဲ့ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါ။ ရုပ်ရှင်ရဲ့ Color တွေ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ ဟောင်ကောင်က Chungking Mansion ကြီးထဲက လူမျိုးပေါင်းစုံ၊ သာမန်လူတန်းစားအသိုင်းအဝိုင်းကို ထောက်တိုင်ပြုထားတဲ့ ဇာတ်အိမ်နှစ်ခုအပြင် ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံး၊ ချီးကျူးအခံရဆုံးအချက်ဖြစ်တဲ့ Slow Motion, Blur Motion Shot တွေကြောင့် Chungking Express ဟာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့ပြောကြတဲ့ In the Mood for Love ထက်မသာရင်တောင် မလျော့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ Romance Genre မှာ Chungking Express က ချစ်စရာအကောင်းဆုံးနဲ့ သဘာဝအကျဆုံးကားတစ်ကားဖြစ်သွားခဲ့ပါပြီ။ “ဘယ်အချိန်ကစပြီး အရာအားလုံးမှာ သက်တမ်းကုန်ဆုံးရက်တွေ ရှိသွားတာလဲ” “ငါးသေတ္တာဘူးတွေ သက်တမ်းကုန်တယ်၊ ဆော့စ်တွေ သက်တမ်းကုန်တယ်၊ ပလက်စတစ်အိတ်တွေတောင် သက်တမ်းကုန်တယ်။” “ကျွန်တော်တွေးမိတယ်…..ကမ္ဘာပေါ်မှာ သက်တမ်းမကုန်တဲ့အရာရှိသေးရဲ့လား” (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arkar Phyo မှ တင်ဆက်ထားပါတယ်။)

8.1 1994 103 mins
Chungking Express