YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Time the Series S01E06 1080p CM.mp4

519.13 MB 1080p video/mp4 25 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Price of Perfection
5.5

ဒီကားလေးကတော့ လူငယ်တွေအတွက် ပညာပေးပုံစံမျိုးနဲ့ အထာကျကျ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးပြထားတာပါ။ ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ K တွေ E တွေနဲ့ ဆင်တူတဲ့ ဆေးတစ်မျိုးကို စမ်းသုံးကြရင်း ပြဿနာတွေ ဖြစ်ကြတာပေါ့။ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်လို့မရတဲ့ရောဂါ ကုသဖို့အတွက် ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်ခွင့်ရှိတဲ့ဆေးကို လူငယ်လေးယောက်က စမ်းသုံးခဲ့ကြပါတယ်။ အဲဒီထဲက အေဗာဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုရဖို့အတွက် အာရုံစူးစိုက်နိုင်အောင် စပြီးသုံးခဲ့တာပါ။ အဲဒီလိုနဲ့ စွဲသွားခဲ့ပါတယ်။ အဲဒီကိစ္စကို အမေဖြစ်သူက မသိဘဲ ဗိုင်းကောင်းကျောက်ပိ သမီးအလိမ္မာလေးအတွက် အမြဲတမ်း ဂုဏ်ယူနေပေမယ့် တစ်နေ့မှာတော့ ရဲစခန်းကနေ သူ့သမီးဟာ သူငယ်ချင်းဖြစ်သူကို ကားနဲ့တိုက်ပြီး ထွက်ပြေးနေကြောင်း သိလိုက်ရပါတယ်။ ဘယ်လိုမှမယုံကြည်နိုင်ဖြစ်နေတဲ့မိခင်အနေနဲ့ သက်သေတွေကို ရဲတွေလက်ထဲ အရင်မရောက်အောင် ကြံဖန်ရင်း အမှုမှန်ပေါ်ဖို့ သူကိုယ်တိုင် ကြိုးပမ်းပါတော့တယ်။ အေဗာရဲ့ကားကလည်း ကားရှေ့ပိုင်းမှာ လူကို တိုက်ထားသလိုမျိုး ရှာဖွေတွေ့ခဲ့ပြီးနောက် ကားတိုက်ပြေးတဲ့သူဟာ အေဗာမှန်း တဖြည်းဖြည်း သေချာလာခဲ့ပါတယ်။ သူ့သမီးဟာ ရာဇဝတ်ကောင်မဟုတ်ဘူးလို့ တထစ်ချယုံကြည်နေတဲ့ မိခင်ဖြစ်သူကတော့ ရဲတွေနဲ့အပြိုင် အမှုကိုလိုက်ရင်း သူ့သမီးကို လိုက်ရှာပါတော့တယ်။ တကယ်ပဲ အေဗာဟာ သူငယ်ချင်းကို ဆေးကြောင်ပြီး ကားနဲ့တိုက်ခဲ့တာလား…? မိခင်ဖြစ်သူထင်သလို နောက်ကွယ်မှာ ဘာတွေရှိဦးမလဲ…? စိတ်ဝင်စားဖွယ် ကြည့်ရမှာဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ File size…(1.16GB)  / (688MB) /343MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Kham Mon

Comedy • Romance
5.5 2022 90 mins
The Price of Perfection
Fall
7.3

အသည်းတအေးအေးနဲ့ကြည့်ရမယ့် ရုပ်ရှင်အသစ်တစ်ကားလာပါပြီ။ ပိုစတာကြည့်ရုံနဲ့တင် ဘယ်လိုကားလဲသိမလားတောင်မသိဘူး။ အမြင့်တက်တဲ့စွန့်စားခန်းကားပါပဲ။ တောင်တက်သမားကောင်မလေးတစ်ယောက်ဟာ အတူတောင်တက်တဲ့ သူ့ယောကျ်ား ပြုတ်ကျပြီး ဆုံးသွားတဲ့နောက်မှာ စိတ်ဓာတ်ကျပြီး အရက်တွေသောက် အခန်းထဲအောင်းတာပဲလုပ်နေပါတော့တယ်။ ဒီတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသူ့ကိုစိတ်ပြေလက်ပျောက်အမြင့်တစ်ခုတက်ဖို့လာခေါ်ပါတော့တယ်။ သူတို့တက်ရမယ့်အရာ အမေရိကရဲ့ စတုတ္ထမြောက်အမြင့်ဆုံး တီဗီတာဝါဖြစ်ပြီး ပေ ၂၀၀၀ လောက်ကိုမြင့်ပါတယ်။ သူက အစပိုင်းမှာ သံဘောင်တွေပါတဲ့အတွင်းလှေကားကနေ လုံလုံခြုံခြုံတက်ရတာဖြစ်ပေမဲ့ ထိပ်တစ်ဆင့်မှာတော့ လှေကားအလွတ်ကြီးပဲ ရှိပါတယ်။ သူတို့တွေ အဲဒီအပေါ်ကို ခက်ခက်ခဲခဲတက် ဓာတ်ပုံတွေရိုက်ပြီး ပြန်အဆင်းမှာတော့ သံလှေကားဟောင်းကြီး ကျွတ်ကျသွားခဲ့ပါတယ်။ အဲဒီတော့ တာဝါအမြင့်ကြီးရဲ့ ထိပ်ဆုံးမှာ သူငယ်ချင်းနှစ်ယောက် ပိတ်မိနေပြီး ကယ်မယ့်သူလည်းမရှိ၊ ဘေးပတ်လည်မှာလူလည်းမရှိ၊ ဖုန်းလိုင်းလည်းမမိတဲ့အချိန်မှာ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်ဖို့ ဘယ်လိုတွေ နည်းမျိုးစုံနဲ့ စွန့်စားရမလဲဆိုတာ ကြည့်ရမှာပါပဲ။ အက်မင်ကတော့ အမြင့်ကြောက်တတ်လို့ ဒီကားကြည့်ရတာ ဟော်ရာကားကြီးတွေထက်တောင် ရင်တုန်ပါသေးတယ်။ အတော်လေးခံစားလို့ကောင်းတဲ့ရုပ်ရှင်ပါပဲ။ File size…(1.93GB)/(1018MB)/(451MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Thriller
7.3 2022 107 mins
Fall
Love Can't Be Said

ကိုယ့်ရဲ့ လူငယ်ဘဝ အချိန်လေးကို တောက်ပပေးစေနိုင်တဲ့လူလို့ ထင်မိစေလောက်တဲ့အထိ သဘောကျခဲ့ရတဲ့ အချစ်ဦးမျိုးရော ရှိခဲ့ဖူးလား? သူများနဲ့ စကားပြောရတာ မကြိုက်တတ်သူ ၊ မိတ်ဆွေဖွဲ့ဖို့ ဝန်လေးနေတတ်သူ ၊ ကိုယ့်ကိုကိုယ်အမြဲသိမ်ငယ်ပြီး နှိမ့်ချနေတတ်သူ တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူလေး - ထုန်ကျစ်းလျောင် ခင်မင်တတ်ပြီး ပျော်ပျော်နေတတ်သူ ၊ အပင်လေးတွေကိုချစ်မြတ်နိုးတဲ့သူ ၊ သူများတကာကို ကူညီစိတ်အပြည့်ရှိသူ စတုတ္ထနှစ်ကျောင်းသားလေး - ကုပင်း ကိုယ့်ကို အမြဲနှိမ့်ချ သိမ်ငယ်နေတတ်တဲ့ ထုန်ကျစ်းလျောင်တစ်ယောက် ထိုင်ပေကနေပြီး ကွမ်ကျိုးကို ကျောင်းလာတတ်တဲ့ ကုပင်းဆိုတဲ့ ကောင်လေးကို လေးနှစ်တိတိ သဘောကျလာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဖွင့်ပြောဖို့အတွက် သူမမှာ သတ္တိမရှိခဲ့ပါဘူး ။ ဖွင့်ပြောမယ် ဆုံးဖြတ်ချက်ချခဲ့တိုင်းလဲ လွဲမှားမှူတွေ အမျိုးမျိုးကြောင့် ဖွင့်ပြောဖို့ အခွင့်မသာခဲ့ပြန်ပါဘူး ။ ❏ သူမရဲ့ ဘဝလေးကို တောက်ပစေခဲ့တဲ့ “သူ” ❏သူမ ငယ်ရွယ်မှုတွေထဲက ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးခဲ့တဲ့ “သူ” ❏ ရှင်သန်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူမကို သိစေခဲ့တဲ့ “သူ” ဘွဲ့ရပြီး နေရပ်ကိုပြန်ချိန် ကုပင်းတစ်ယောက် ထိုင်ပေကို ပြန်တော့မည့် အချိန်အတွင်းမှာမှ ထုန်ကျစ်းလျောင်တစ်ယောက် သတ္တိအပြည့်နဲ့ ဖွင့်ပြောခဲ့ပါတယ် ။ "တစ်ချိန်လုံး အမြဲတမ်း ရှင့်ကိုပဲ သဘောကျနေမိခဲ့တာ "...! ❏ ဒါပေမဲ့ သူမရဲ့ ဖွင့်ပြောမှုက အောင်မြင်နိုင်ပါ့မလား ? ❏ ကုပင်းမှာရော ဖုံးကွယ်ထားတဲ့ အရာတွေများရှိနေမလား ? ❏ ငယ်ရွယ်ချိန်မှာ တွေ့ရှိခဲ့ကြတဲ့ သူတို့နှစ်ယောက် သက်ဆုံးထိတိုင် ပေါင်းဖက်သွားနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ပါရှင် ။ ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတာနဲ့ "ကိုယ်သဘောကျတဲ့သူကို ဖွင့်ပြောလိုက်ပါ ။ မဖွင့်ပြောမိလိုက်တဲ့အတွက် ရလိုက်တဲ့နောင်တက ကိုယ့်ဘဝတစ်လျှောက်လုံး အဖော်ပြုနေပေးသွားမှာ" ဆိုတာ သိရှိလာစေပါလိမ့်မယ် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama
0 2023
Love Can't Be Said
The Invitation
6.3

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Jessica M.Thompson ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် Nathalie Emmanuel, Thomas Doherty, Stephanie Corneliussen, Alan Boden, Hugh Skinner နဲ့ Sean Pertwee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Horror, Mystery အမျိုးအစား ဇာတ်ကားတစ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ဖြစ်သူ အီဗီ(Nathalie Emmanuel)ဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဖေရောအမေရောမရှိတော့ဘဲ တစ်ကောင်ကြွက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့အချိန်မှာ သူ့ရဲ့ဝမ်းကွဲတစ်ယောက်ဖြစ်သူ အော်လီဗာ(Hugh Skinner) နဲ့ Online မှာတွေ့ပြီး သူ့ရဲ့မျိုးရိုးနောက်ခံကို သိရဖို့ အင်္ဂလန်ကို လိုက်လာပါတော့တယ်။ အဲ့ဒီမှာနောက်မှာတော့ သူ့မိသားစုရဲ့နောက်ခံဇာတ်ကြောင်းတွေက ဘယ်လိုရှိမလဲ? ပြီးတော့ သူတို့မိသားစုရဲ့မိတ်ဆွေတွေဖြစ်တဲ့ တခြားမိသားစုတွေရဲ့လျှို့ဝှက်ချက်တွေကရော ဘာတွေလဲ? ဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲအခန်းတွေ၊ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ မဖွယ်မရာအခန်းတချို့ ပါဝင်တာကြောင့် Motion Picture က PG-13 သတ်မှတ်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က APP ပါ။) File Size          : 1.8GB, 582MB, 294MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 45mins Genre              : Horror, Thriller Translated by APP Encoded by Kinnov

Drama • Romance
6.3 2022 105 mins
The Invitation
One Way
6.2

မိဘ ဆိုတာသားသမီးတွေအတွက် ရနိုင်သမျှအကောင်းဆုံး ပေးချင်ကြတာပါ သူတို့အတွက် မဟုတ်ရင်တောင် သားသမီးတွေအတွက်ဆိုရင်တော့ မရှက်မကြောက်ကို လုပ်ပေးတတ်တဲ့ သူမျိုးတွေပေါ့ ဒါပေမဲ့ မိဘတိုင်းတော့ မဟုတ်ပြန်ပါဘူး တချို့သူတွေကတော့ တစ်ကိုယ်ကောင်းဆန်ရင် သားသမီးတွေကိုတောင် ထည့်မတွက်နိုင်တော့လောက်အောင်ကို ဆန်တတ်တဲ့သူမျိုးတွေပါပဲ ဒီကားလေးထဲမှာတော့ အဲဒီလိုမျိုး မိဘနှစ်မျိုးလုံးကို တစ်ခါတည်း တွေ့နိုင်ပါတယ် ဖရက်ဒီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ လူမိုက်ဂိုဏ်းဆီကနေပဲ ပိုက်ဆံတွေနဲ့ ဘိန်းဖြူတွေကိုခိုးပြီး ထွက်ပြေးခဲ့တာပါ ခိုးမဲ့အစီစဉ်ထဲမှာတော့ ၃ယောက်ဆိုပေမဲ့ တစ်ယောက်ကိုဖမ်းမိ သူလည်းသေနတ်ဒဏ်ရာရ သူတို့ကိုစောင့်နေတဲ့ ကားသမားကလည်း သေနတ်သံကြားလို့ထွက်ပြေးရင်း ကိုင်ရို ဆီသွားမဲ့ ဘတ်စ်ကားပေါ် ရောက်ခဲ့တာပါ သေနတ်ဒဏ်ရာနဲ့ ဖရက်ဒီတစ်ယောက် ကားပေါ်မှာ ဘာတွေများဆက်ဖြစ်မလဲ ပိုက်ဆံတွေနဲ့ဘိန်းဖြူတွေကရော ဘယ်သူ့ဆီကနေခိုးလာခဲ့တာလဲ ဘယ်သူ့အတွက်သူဒီလောက်ထိစွန့်စားရတာလဲ သူအားကိုးတဲ့ အဖေကရော ဘယ်လိုဆက်ဆံမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲဗျာ....... File size…(1.54gb)/(724MB)/(331MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Action / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Romance
6.2 2022 96 mins
One Way
The Novelist’s Film
7

The Novelist’s Film (2022) ~ IMDb – 7/10, Rotten Tomatoes – 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist’s Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist’s Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.73GB, 1.13GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Biography • Drama • History
7 2022 92 mins
The Novelist’s Film
Expend4bles
5.2

နာမည်ကျော် အက်ရှင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ The Expendables ရုပ်ရှင် လေးကားမြောက် လာပါပြီ။ အစိုးရအေဂျင်စီတွေ တရားဝင်လုပ်လို့မရတဲ့ စစ်ဆင်ရေးတွေကို လုပ်ပေးရတဲ့ စတေးခံ၊ အသေခံအဖွဲ့ပါပဲ။ တက္ကစီကတုံးမင်းသား၊ ပြား ၅၀၊ မျက်လုံးနဲ့တင်ပြီးနိုင်တဲ့ မီဂန်ဖောက်၊ Raid မင်းသား၊ Ong-bak မင်းသား၊ ဒေါ့ဖ်လန်ဂရင်၊ စတားလုံး အစရှိတဲ့ အားနေချနေတဲ့ကောင်တွေကို ထည့်ထားပါတယ်။ ဒီတော့ ချကြတာ ထိုင်ကြည့်ကြပါ။ ဇာတ်လမ်းအကျဉ်း ထုံးစံအတိုင်း လူဆိုးကြီးတစ်ယောက်က အဏှမြူဗုံးနဲ့ပတ်သတ်တဲ့ အရမ်းဆိုးတာကို လုပ်ပါတယ်။ အဲဒါကို မင်းသားတို့အဖွဲ့က လိုက်ကြိတ်ပါတယ်။ ဒါပါပဲ။ ကြည့်ကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, Thriller Quality…. 4K | 1080p | 720p File size… 4.88GB | 2GB | 881MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. August, Thit San Khant

5.2 2023 103 mins
Expend4bles
Babylon 5: The Road Home
6.7

Babylon 5: The Road Home (2023) ~ IMDb – 6.7/10, Rotten Tomatoes – 83% ~ ဒီတစ်​ခေါက် တင်ဆက်​ပေးမှာက​တော့ Warner Bros. ကုမ္ပဏီက ထုတ်​ဝေထားပြီး နာမည်ကြီး Babylon 5 Franchise ရဲ့ ခုနှစ်ကား​မြောက်ဖြစ်တဲ့ Babylon 5: The Road Home ဆိုတဲ့ Animation ​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဂျွန်ရှရီဒန်တစ်​​ယောက် စကြာဝဠာထဲခရီးသွားရင်း တက်ခီရွန်လှိုင်းနဲ့ထိ​တွေ့ပြီး​​နောက် အချိန်စီး​ကြောင်းထဲမှာ ပိတ်မိသွားရင်း မတူညီတဲ့ အချိန် ဘဝ​တွေထဲကို​ရောက်သွားခဲ့ပါတယ်။ အဲဒီလို​ရောက်သွားရင်းပဲ သူဘာ​တွေရင်ဆိုင်ရမလဲ… ဒီအချိန်ပိတ်မိ​နေတာက​နေ လွတ်​မြောက်ဖို့ ဘယ်လို​တွေကြိုးစားခဲ့ရလဲ… ဆိုတာ​တွေကို အခု တစ်​ခေါက်ထွက်ရှိထားတဲ့ ကား​လေးမှာ ရိုက်ကူးပြထား​​ပေးတာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 750MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 19Min Genre – Animation, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

6.7 2023
Babylon 5: The Road Home
Will
7.1

Will (2024) ~ IMDb – 7.1/10, Rotten Tomatoes – 60% ~ ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများ‌အပြား‌ နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။ သင်တန်းဆင်းခါစရဲတပ်သား “ဝေလ်” နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့… စစ်ပွဲတွေက လူ‌တွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား… အများနည်းတူမိုးခါးရေသောက်မလား… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.05GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 50Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

7.1 2024
Will
The Wings of the Dove
7.1

The Wings of the Dove (1997) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ မီလီ – “ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့” မာတွန် – “ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ” မီလီ – “ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်” “ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။” မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ အကြောင်းပါပြီး ကိတ်လေးကို မွေးခဲ့ကာ ဆင်းရဲရာဘဝမှာ သက်ဆိုးမရှည်နိုင်ခဲ့ရှာပါဘူး။ ဒီလိုနဲ့ ကိတ်လေး အရွယ်ရောက်လာချိန်မှာတော့ သူ့အမေ စွန့်လွှတ်ခဲ့တဲ့ လူကုံထံဘဝကို ပြန်သွားဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အဒေါ်ဖြစ်သူက ကိတ်လေးကို “အားလုံးကို အဆက်ဖြတ်ပစ်ရမယ်” ဆိုတဲ့ ကတိတစ်ခုနဲ့အတူ မိသားစုထဲ ပြန်ခေါ်ပြီး ရှိသင့်တဲ့စည်းစိမ်ဥစ္စာနတွေကို အမွေပြန်ဆက်ခံစေဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ အဆက်ဖြတ်ပစ်ရမယ့်အရာထဲမှာ ဘိန်းစားဖခင်ကြီး ပါသလို အသပြာမဲ့ စာနယ်ဇင်းသမား ချစ်သူလည်းပါနေပါတယ်။ ကျောမွဲ သတင်းသမားတစ်ယောက်ဟာ ဆွေကြီးမျိုးကြီးက မိန်းမငယ်တစ်ယောက်အတွက် ခင်ပွန်းလောင်း ဖြစ်မလာနိုင်ပါဘူး။ ကိတ်ဟာ သူ့အမေလိုပဲ အရာအားလုံး စွန့်လွှတ်ပြီး ချစ်သူဆီ ပြန်သွားရင်သွား၊ မဟုတ်ရင် သူ့ချစ်သူဟာ သူနဲ့အခြေတူအောင် ချမ်းသာလာဖို့ လိုလာတာပါပဲ။ ဒီလိုအကြပ်ရိုက်နေတုန်းမှာပဲ ကိတ်ဟာ မီလီလို့ခေါ်တဲ့ ရောဂါသည် သူကြွယ်မလေးနဲ့ ခင်မင်ခွင့်ရလိုက်ပါတော့တယ်။ မီလီဟာတော့ သူ့ကျန်းမာရေးကလွဲလို့ သူ့ဘဝသူ သေချာပိုင်သူမို့ ချစ်ရသူဟာ အဆင့်မတူလည်း မေတ္တာသာကြည်ဖြူရင် တူ၂ကိုယ်ပေါင်းဖို့ ဝန်မလေးဘူးဆိုတဲ့ အချစ်ကို ရဲရဲဝံ့ဝံ့ရှေ့တန်းတင်တဲ့မိန်းကလေးမျိုးပါ။ လူလည်းလှသလောက် ဦးနှောက်လည်းကြီးတဲ့ ကိတ်ဟာ မီလီ့ရဲ့ချစ်ခြင်းကို အခွင့်ကောင်းယူပြီး သူ့ချစ်သူနဲ့ သူနဲ့ပေါင်းနိုင်ဖို့ ဇာတ်ကွက်တစ်ခုကို စပြီးခင်းပါတော့တယ်။ အော်စကာတို့ ရွှေကမ္ဘာလုံးဆုတို့အတွက် ဆန်ကာတင်ဝင်ခဲ့ဖူးတဲ့ တစ်ခေတ်တစ်ခါက ကားကောင်းတစ်ကားပါ။ နာမည်ကျော် စာရေးဆရာကြီး Henry James ရဲ့ ဝတ္ထုကို ပြန်ရိုက်ထားတာပဲ ဖြစ်ပါတယ်။ ကြေးငွေဓနကလွဲလို့ အားလုံးပြည့်စုံနေတဲ့ စုံတွဲနဲ့မေတ္တာကလွဲလို့ အားလုံးကို ဆက်ခံရရှိထားတဲ့ သူကြွယ်မလေးပေါ့… ကိတ်ကတော့ ပြောပါတယ်… “သူ ပြုံးလိုက်တိုင်းမှာ ကျွန်မက ရှင့်ကို ပိုချစ်မှန်းသာ သတိရပါ” တဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 42Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.1 1997 102 mins
The Wings of the Dove
Fighter
7.9

Fighter 2023 (သွေးမာဖီယားဂိုဏ်းနှင့် ဖိုက်တာ) IMDb- 7.9/10 ယခုတစ်ခါတင်ဆက်ပေးမှာကတော့ မှောင်ခိုလုပ်ငန်းတွေအများကြီးရှိတဲ့အထဲကနေ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို မှောင်ခိုလုပ်တဲ့ သွေးမာဖီးယားဂိုဏ်းကို ဖြိုခွင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းတော်တော်များများ ပါဝင်ထားပြီး သွေးမှောင်ခိုလုပ်တဲ့ မာဖီးယားဂိုဏ်းတစ်ခုအကြောင်းကို ဖိုက်တာဆိုတဲ့ဘလော့ခ်တစ်ခုကနေ မြင်ပြီးတော့ အမှုလိုက်ရာကနေ ဒီကိစ္စဟာ လူသိများလာပါတော့တယ်။ ဒီလို တရားမဝင်အမှုတွေရဲ့အကြောင်းကို ရေးသားတင်ပြနေတဲ့သူကတော့ မိုဟွတ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ပေါ့။ သူ့ရဲ့ထုံးစံအတိုင်း ဒီသွေးမှောင်ခိုကိစ္စကိုလည်း သူဟာ ရေးသားတင်ပြလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့အမေဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်……. သူ့အမေကို ပြန်ပေးဆွဲသွားတဲ့သူတွေနောက်ကို ဘယ်လိုခြေရာခံလိုက်မလဲ ….. သူ့အမေ ပြန်ပေးဆွဲခံရတဲ့နောက်ကွယ်မှာ သွေးမှောင်ခိုဂိုဏ်းက ပါဝင်ပတ်သတ်နေမလား …… တရားမဝင်သွေးမှောင်ခိုဂိုဏ်းကိုရော ဘယ်လိုတွေ နှိမ်နင်းသွားဦးမလဲ ……. ဆိုတာတွေကို ကြည့်ရှုရမယ့် ရှယ်ဖြဲရှယ်ကြမ်းမယ့် အက်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2023
Fighter
Basma
5

အာရပ်က နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့ Fatima AlBanawi ကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းရေးသရုပ်ဆောင်ထားတဲ့ Netflix တန်းဝင် Basma ဆိုတဲ့မိသားစုဒရာမာဇာတ်လမ်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးရဲ့ ပုံစံကတော့အမေရိကန်မှာ ပညာတော်သွားသင်တဲ့ ဘတ်စ်မာဆိုတဲ့ အာရပ်က ကောင်မလေးတစ်ယောက် ကိုဗစ်ရောဂါကြောင့် မိသားစုနဲ့မတွေ့ရဘဲ အမေရိကန်မှာပဲသောင်တင်နေခဲ့ပြီး ဘွဲ့ရပြီး ကိုဗစ်တွေလည်းပြီးတဲ့အခါမှာ အိမ်ကိုပြန်လာ ခဲ့တဲ့ပုံစံလေးနဲ့ အစပျိုးပြီးရိုက်ကူးထားပါတယ်။မိသားစုနဲ့ ၂ နှစ်ကြာခွဲခွာခဲ့ရပြီးပြန်လာတဲ့အခါမှာ ဘတ်စ်မာကို မိသားစုဝင်တွေအကုန်လုံးက နွေးနွေးထွေးထွေး ပြန်လည်ကြိုဆိုခဲ့ကြပါတယ်။ဒါပေမယ့် လာကြိုတဲ့ မိသားစုဝင်တွေထဲမှာ သူ့အဖေတော့ မပါဘူးဖြစ်နေတဲ့ အတွက်မေးမြန်းကြည့်ရာမှာတော့လွန်ခဲ့တဲ့ ၂ လ လောက်ကပဲအမေဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး အရင် အိမ်ဟောင်းကြီးထဲမှာ တစ်ယောက်တည်းသွားနေထိုင် နေမှန်းသိလိုက်ရပါတော့တယ်။သူ့အဖေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအနည်းငယ် ချို့ယွင်းချက်ရှိသူ ဖြစ်ပြီး ဆေးတွေလည်းမသောက် မိသားစုကိုလည်းပြဿနာ ရှာတာတွေများလာတဲ့အခါမှာ နောက်ဆုံး ဘတ်စ်မာရဲ့ အမေက သည်းမခံနိုင်တော့ဘဲ ကွာရှင်းခဲ့တာပါ။အဲ့ဒီ အကြောင်းတွေကို အဝေးမှာစာကြိုးစားနေတဲ့သမီးဖြစ်သူ မသိစေချင်လို့ ဖုံးကွယ်ထားတာတွေကို သိသွားတဲ့အခါမှာတော့ ဘတ်စ်မာလည်း အမေ့အိမ်ပေါ်ကဆင်းပြီး အဖေ့အိမ်ပေါ်မှာ သွားနေခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ သူတို့မိသားစု ကြားမှာတွေ့ရမဲ့ မိသားစုဒရာမာတွေကို ကြည့်ရှုရမဲ့ ပုံမှန်နဲ့ ကွဲထွက်နေတဲ့ တစ်မျိုးတစ်ဖုံ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.58GB / 736MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024
Basma
Oru Kattil Oru Muri

Oru Kattil Oru Muri (2025) အခန်းလေးတစ်ခုက ခုတင်လေးရဲ့ ဒဏ္ဍာရီ “ပုန်းချင်တဲ့နေရာမှာသာပုန်း ငါတို့က မင်းကိုလိုက်ရှာပြီး အမှုန့်ကြိတ်မှာ” ရွတ်မန်ဂါဒန် ဆိုတဲ့ တက္ကစီဒရိုင်ဘာ‌လေးဟာ သူ့ကိုဒီလို အသေရရ အရှင်ရရ လိုက်ဖမ်းနေတဲ့ လူတစ်စုဆီက ထွက်ပြေးနေရပါတယ်။ သူက သူတို့တစ်ဆယ့်တစ်‌ယောက်ရဲ့ပိုက်ဆံနဲ့ ကုမ္ပဏီထောင်ပြီး ထွက်ပြေးနေလို့ပါတဲ့။ တစ်နေ့ကျ သူလည်း ကြံရာမရတာနဲ့ ကားနဲ့တိုက်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ တစ်ဖက်မှာတော့ တိုက်ခန်းပိုင်ရှင်အစ်မကြီးက သူ့ခုတင်လေးပျက်လို့ ပြင်ဆရာဆီသွားပြင်နေတာပါ။ သူ့ခုတင်ကို သူ့ကလေးလေးလို အထိမခံဖြစ်နေလို့ လက်သမားဆရာခမျာလည်း အကြံအိုက်နေရတဲ့အပြင် အိမ်ကိုပြန်သယ်လာတော့လည်း ပစ္စည်းသယ်ပေးရတဲ့သူတွေကို ဖြည်ဖြည်းသယ်ဖို့ပဲအော်နေလေရဲ့။ သူ့မှာ စကားပြောဖော်ဆိုလို့ သူ့တိုက်ခန်းတစ်ခန်းကိုငှားနေတဲ့ မတ်ဒူမီယာဆိုတဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်မလေးပဲရှိတာပါ။ မတ်ဒူမီယာကလည်း နှစ်ဆယ်ကျော်အရွယ်လေးတွေရဲ့ ထုံးစံအတိုင်း မိဘနဲ့ဆက်ဆံရေးမပြေလည်လို့ ထွက်ပြေးလာပြီး ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်‌ရှာနေသူတစ်ဦးပါ။ ပိုင်ရှင်အစ်မကြီးက သူ့ခုတင်ကိုအထိမခံဖြစ်နေပေမဲ့ သူကိုယ်တိုင်ကျ မသုံးဘဲ သူ့ကိုပေးသုံးရတဲ့အကြောင်းရင်းကို မတ်ဒူမီယာကမေးတော့ အစ်မကြီးက သူ့ယောက်ျားနဲ့သူအတူသုံးခဲ့တဲ့ခုတင်လေးမို့ ကလေးလေးလို သူအရမ်းတန်ဖိုးထားရပေမဲ့ သူတစ်‌ယောက်တည်းတော့ ဒီခုတင်မှာ အိပ်မပျော်ပါဘူးတဲ့။ ဒီလိုနဲ့ အမျိုးသမီးနှစ်ယောက်ဟာ ကိုယ့်ဘဝဇာတ်ကြောင်းကိုယ် ရင်ဖွင့်ရင်း ခင်မင်ရင်းနှီးလာပါတော့တယ်။ အဲဒီအချိန်မှာ ရွတ်မန်ဂါဒန်က ပြေးရင်းလွှားရင်း သူတို့တိုက်ခန်းကို ရောက်ရှိလာပြီး ငှားရမ်းနေထိုင်‌ဖို့ဖြစ်လာပါတော့တယ်။ မနက်တစ်နေကုန်အလုပ်သွားပြီး ညမှတိုက်ခန်းပြန်လာတဲ့ မတ်ဒူမီယာ၊ တစ်ညလုံးအလုပ်လုပ်ရပြီး မနက်မှတိုက်ခန်းပြန်ရောက်တဲ့ ရွတ်မန်ဂါဒန်၊ တိုက်ခန်းပိုင်ရှင်အစ်မကြီး၊ သူတို့သုံးယောက် ဘယ်လိုဆက်စပ် သိကျွမ်းလာကြမလဲ၊ သူတို့ရဲ့ ထုတ်မပြောတဲ့ခံစားချက်တွေ၊ ဖုံးကွယ်ထားတဲ့အမှန်တရားတွေနဲ့ လက်ရှိအခြေအနေကိုဖြစ်လာစေတဲ့ သူတို့ရဲ့အတိတ်တွေကို သိရဖို့ရာ ရုပ်ရှင်မှာအဖြေထုတ်ရမှာမို့ ခံစားကြည့်ရှုကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Adventure • Drama • Thriller
0 2024
Oru Kattil Oru Muri
Little Giants
6.5

Little Giants 1994 Genre: Family, Comedy, Sports ဒီ movie လေးက အိုဟိုင်ယိုက မြို့လေးမှာနေထိုင်တဲ့ ညီအစ်ကို နှစ်ယောက်အကြောင်း ရိုက်ထားတာဖြစ်ပါတယ် ။ သူတို့ညီအစ်ကိုနှစ်ယောက်မှာ အကြီးဖြစ်တဲ့ ကယ်ဗင်က ဘောလုံးကစားတာမှာ အရမ်းတော်ပြီး အငယ်ဖြစ်တဲ ဒန်နီကတော့ ဘောလုံးကစားတာ ညံ့ပါတယ်။ အဲလိုနဲ့ ကြီးလာတော့ ကယ်ဗင်က ဘောလုံးနည်းပြဖြစ်သွားပြီး ဒန်နီကတော့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပါတယ်။ ဒန်နီရဲ့ သမီးလေး ဘက်ဂီကလည်း အားကစားဝါသနာပါသူဖြစ်ပြီး ဘောလုံးကစားရမှာလည်း တော်တယ် ။ ကယ်ဗင်က မြို့အတွက် ဘောလုံးအသင်းဖွဲ့တော့ ဘက်ဂီအပါအဝင် တခြားသူတွေလည်းဝင်ပြိုင်ခဲ့တယ်။ ဘက်ဂီဦးလေးကယ်ဗင်က ဘောလုံးအသင်းထဲ သူ့တူမကိုမထည့်တဲ့အပြင် တခြားသိပ်မကစားတတ်သေးတဲ့သူတွေလည်း အသင်းထဲကို ထည့်မပေးခဲ့ဘူး။ အဲ့အချိန်မှာ ဒန်နီကစိတ်တိုသွားပြီး သူ့သမီးအပါအဝင် တခြားသူတွေကို အသင်းတစ်သင်း ထပ်ဖွဲ့ပေးလိုက်ပါတယ်။ အဲလိုနဲ့ ညီကိုနှစ်ယောက်ရဲ့ ‌ကလေးအဖွဲ့‌ တွေကလည်း မြိုတစ်မြို့မှာ ဘောလုံးအသင်းတစ်သင်းပဲရှိရမှာဆိုပြီး တစ်သင်းပဲထားဖို့အတွက် ပြိုင်ပွဲပြိုင်ကြမယ်လို့ရက်သတ်မှတ်လိုက်ကြပါတယ်။ ကယ်ဗင်အဖွဲ့ကကလေးတွေကပဲပိုတော်နေမလား ဒန်နီအဖွဲ့က ကလေးတွေကပိုတော်နေမလား ဘာပြသာနာတွေရှိနိုင်မလဲ‌‌ဆိုတာရယ် ၊ ဘယ်အဖွဲ့ကနိုင်သွားမလဲ‌ဆိုတာ‌တွေကို ဟာသနှောပြီး ကြည့်ရမယ့် အားကစားmovie ကောင်းလေးမို့ ရုပ်ရှင်ချစ်သူတို့ကို ဒီကားလေးကြည့်ဖို့တိုက်တွန်းလိုက်ပါတယ် File size… 3 GB / 1.4 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nway Nway Aung

Thriller • Crime • Mystery
6.5 1994 107 mins
Little Giants
Bystanders
4

Bystanders (2024) အက်ဘီနဲ့ သူ့သူငယ်ချင်းတွေဟာ သူတို့နဲ့သိတဲ့အခြားကောင်လေးတွေလုပ်တဲ့ ပါတီပွဲတစ်ခုကိုသွားဖို့ ဖြစ်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီပွဲက ဟိုးတောနက်တစ်ခုထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အဖေပိုင်တဲ့ အားလပ်ရက်သစ်သားအိမ်လေးမှာဖြစ်ပါတယ်။ အက်ဘီတို့ဟာ ရောက်ရောက်ချင်းမှာတော့ လူငယ်တွေဆိုတဲ့အတိုင်း ပျော်ပါးခဲ့ကြပေမယ့်လည်း ရုတ်ချည်းဆိုသလို မူးလဲသွားကြပါတယ်။ ပြန်နိုးလာတဲ့အချိန်ကျမှ သူတို့ ဆေးခတ်ခံရပြီး အကြမ်းဖက်ခံရတော့မယ်ဆိုတာကို သိသွားပါတယ်။ ပိုဆိုးချင်တော့ ကောင်လေးတွေက သူတို့ကို ဒီတိုင်း မထားဘဲ အသက်အန္တရာယ်ခြိမ်းခြောက်ပြီး စိန်ပြေးလိုက်တမ်း ကစားရင်း လွှတ်အောင်ပြေးနိုင်ရင် လွှတ်ပေးမယ်ဆိုလို့ ညသန်းခေါင်အချိန်လောက်မှာ သူတို့ကို တောထဲပြေးခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဖမ်းမိခံလိုက်ရတဲ့နောက်မှာ အက်ဘီတစ်ယောက်ထဲ လွတ်ကျန်နေခဲ့ပြီး မျှော်လင့်ချက်မဲ့ချင်သလိုဖြစ်တဲ့အချိန်မှာ သူပြေးသွားခဲ့တဲ့ ကားလမ်းမပေါ်ရောက်လာတဲ့ လင်မယားနှစ်ယောက်ရဲ့ကားကို တားလိုက်ပါတယ်။ အစတုန်းကတော့ ထွက်ပြေးဖို့လုပ်နေခဲ့ပေမယ့်လည်း လင်မယားနှစ်ယောက်က အက်ဘီ့ကို လိုက်ဖမ်းနေတဲ့ကောင်တွေထက် ပိုဆိုးတဲ့ စိတ္တဇလူသတ်သမားတွေဖြစ်နေတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.6 GB) / (770 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:21:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

Horror
4 2024 82 mins
Bystanders