YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Story of Xing Fu E34 CM.mp4

284.45 MB N/A video/mp4 107 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
It's a Wonderful Life
8.3

~ IMDb - 8.6/10, RT - 93%, Meta - 89% ~ It's a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can't Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး။ ဒီခရစ္စမတ်ကားဟာ ဒါရိုက်တာကိုယ်တိုင်ကလည်း သူရိုက်ခဲ့သမျှကားတွေထဲ အကြိုက်ဆုံးဖြစ်ခဲ့သလို ဒီရုပ်ရှင်ရဲ့မင်းသား James Stewart ရဲ့ အကြိုက်ဆုံးကားလည်းဟုတ်ခဲ့တယ်။ သူတို့လက်ရာတွေထဲ သူတို့အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒီရုပ်ရှင်ကို ခေတ်အဆက်ဆက်ဗားရှင်းပေါင်းစုံအဖြစ် ကာလာသွင်းလိုက် ဘာလုပ်လိုက် ညာလုပ်လိုက်အသက်သွင်းခဲ့ကြသလို ဖိုးကေအထိပြန်လုပ်ခဲ့ကြပြီးပေမဲ့ မူလအရသာအတိုင်းပဲ ရစေချင်တာမို့ အဖြူအမဲဗားရှင်းကိုပဲ ရွေးချယ်ထားပါတယ်။ ထူးတာက It's a Wonderful Life ဟာ ခရစ္စမတ်ကားဆိုပေမဲ့ ဆန်တာကလော့မပါ ဘာမပါ အကျိုးနည်းခရစ္စမတ်ကားပါလို့ ပြောရမယ့် ခရစ်စမတ်ကားပါပဲ။ It's a Wonderful Life ဆိုပြီး စထားပုံကလည်း သတ်သေတော့မယ့် လူတစ်ယောက်နဲ့ စထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို မြို့လေးတစ်မြို့က ဂျော့ဘိုင်လေလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ဘဝသမိုင်းကို ဖန်သားပြင်ထက် တရိပ်ရိပ်ပြတယ်။ အဲဒီလူနာမည်က ဂျော့ဘိုင်လေ။ ဒီလူက သာမန်လူတော့ သာမန်လူပါပဲ။ဒါပေမဲ့ သူ့ဘဝကတော့ သာမန်ဟုတ်မနေခဲ့ဘူး။ သူဟာ ကျွန်တော်တို့အားလုံးလိုပဲ အိပ်မက်တစ်ခုနဲ့လူပေါ့။ အရွယ်ရောက်လာရင် ကမ္ဘာကြီးကိုပတ်မယ် အသစ်အဆန်းတွေကို ရှာဖွေမယ်ဆိုတဲ့ လူမျိုး။ ဒါပေမဲ့ သူ့မိသားစုတွေ မိတ်ဆွေရဲ့ အကျိုးနဲ့ယှဉ်လာရင် သူ့အိပ်မက်တွေကို သူနောက်ဆုတ်ပေးရင်းပေးရင်း အချိန်တွေရယ်ကုန်ဆုံးလို့သာ အရွယ်လွန်လာခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့အဖေရဲ့ပရဟိတလုပ်ငန်းလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အိမ်ရာနဲ့ချေးငွေလုပ်ငန်းကို အမွေဆက်ခံပြီး ဒီလုပ်ငန်းအတွက် ပြဿနာပေါင်းများစွာကို လူတော်တစ်ယောက်အနေနဲ့ ကျော်လွန်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ စုမိဆောင်းမိဆိုလို့ ဒေါ်လာ၅၀၀တန် အသက်အာမခံကလွဲ ဘာမှမရှိခဲ့ဘူး။ တခြားမရှိဆင်းရဲသားတွေအတွက် ချေးငွေနဲ့အိမ်ပေါင်းများစွာကို ဖြစ်အောင် ဆောက်ပေးခဲ့ပေမဲ့ သူ့အပိုင်အိမ်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူဟာ သူ့မိတ်ဆွေတွေအတွက် သူချစ်တဲ့သူတွေအတွက် သူ့ဘဝကို သူကျေနပ်လိုက်ရင်း နေခဲ့တာပါပဲ။ တစ်ခုသော ခရစ္စမတ်အကြိုညမတိုင်ခင်အထိပေါ့။ တစ်ခုသော ခရစ္စမတ်အကြိုညမှာ သူ့ဘဝ ပြောင်းပြန်လန်သွားတဲ့ အဖြစ်မျိုးဖြစ်ခဲ့တယ်။ ဘာနည်းလမ်းမှမရှိတော့တဲ့နောက် ခရစ္စမတ်ညမှာ သတ်သေပစ်ဖို့ရွေးရတဲ့အထိ သူလမ်းဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီညက ခရစ္စမတ်ညပဲလေ။ ခရစ္စမတ်ဟာ နေ့တာအတိုဆုံး အအေးစက်ဆုံးလထဲက ရက်တစ်ရက်မှာ တည်နေတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတွေအရှည်ကြာဆုံး ရက်တစ်ရက်ပဲမလား။ ခရစ္စမတ်ဟာ အားလုံးရဲ့ ရင်ထဲ ချစ်စိတ်တွေဖြည့်ပေးနိုင်တဲ့နေ့ပေါ့။ ခရစ္စမတ်ဟာ အဆိုးဆုံးလို့ခေါ်တဲ့လူတွေကို စိတ်ကောင်းဝင်စေနိုင်တဲ့နေ့။ ခရစ္စမတ်ဟာ အတွန့်တိုဆုံးလူတွေရဲ့နှလုံးသားကို ပြောင်းလဲစေနိုင်တဲ့နေ့လည်း ဟုတ်တယ်။ မပြေလည်ခဲ့သမျှတွေကိုလည်း ခရစ္စမတ်ဟာ သူ့ထဲက ချစ်ခြင်းတွေနဲ့ ခဝါချပေးနိုင်တယ်။ ခရစ္စမတ်ဟာ ဘာမဆိုဖြစ်နိုင်တယ်။ ဘာလို့ဆို ခရစ္စမတ်ဟာ ခရစ္စမတ်ကိုး။ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ဟာ ဆန်တာကလော့ဆီမှာမဟုတ်ဘဲ ကျွန်တော်တို့ကိုချစ်တဲ့လူတွေ ကျွန်တော်တို့ကချစ်တဲ့လူတွေဆီမှာရှိနေတယ်။ ဒီရုပ်ရှင်ဟာ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုအကြောင်းပေါ့။ ဂျော့ဘိုင်လေလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တစ်ပြားမှမရှိပေမဲ့ အဖိုးအတန်ဆုံးဘဝအကြောင်းဆိုလည်း ဟုတ်တယ်။ ဘဝတွေဟာ လှပချင်မှလည်း လှပမယ်။ အကျည်းတန်ခြင်းက ပိုများနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကချစ်တဲ့လူတွေအတွက် ကျွန်တော်တို့ကိုချစ်တဲ့လူတွေအတွက် ကျွန်တော်တို့မသိကြသည်ဖြစ်စေ သူတို့မသိကြသည်ဖြစ်စေ ဘဝတွေဟာ It's a Wonderful Life လို့ ပြောရမယ့် ဘဝတွေချည်းပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားဘဝကို It's a Wonderful Life လို့ ရဲရဲကြီးပြောမိစေနိုင်မယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ခရစ္စမတ်ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုလို့ ပြောလို့မရပေမဲ့ ခရစ္စမတ်ကာတွန်းတွေ ခရစ္စမတ်စာအုပ်တွေ ခရစ္စမတ်ရုပ်ရှင်တွေကို ကျွန်တော်တို့ ဘဝထဲက ပိုင်းခြားပစ်လို့မရတော့ ခရစ္စမတ်ဟာ ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံးသူစိမ်းလိုဖြစ်နေတဲ့အရာပါပဲ။ ဒါပေမဲ့ ခရစ္စမတ်ရောက်လို့ ခရစ္စမတ်ကားတစ်ကားကြည့်လိုက်မိပြီဆိုရင် ခရစ္စမတ်ပီသစွာပဲ ချစ်တဲ့စိတ်တွေနဲ့ ပြည့်လာတတ်တာပါပဲ။ ဒီလောကမှာ မျှဝေဖို့ အကောင်းဆုံးအရာဟာ ချစ်ခြင်းမေတ္တာပဲမလား။ ချစ်ခြင်းတွေလွှမ်းနေတဲ့ ခရစ္စမတ်တွေကိုလည်း မျှဝေယူလိုက်ကြတာပေါ့။ ဒီဇင်ဘာဆိုတဲ့ နေ့တာအတိုဆုံး ဒက္ခိဏယဉ်စွန်းချိန်ရဲ့လမှာ ကမ္ဘာရဲ့ဝင်ရိုးတစ်ဖက်ဟာ နေရဲ့ဟိုးအဝေးဆုံးကို ရောက်ရှိသွားတတ်တယ်။ အအေးစက်အမှောင်မိုက်ဆုံး အချိန်လို့ပဲ ယေဘုယျဆိုလိုက်ကြတာပေါ့။ ဒုက္ခတွင်းထဲက အချိန်တွေဟာ ချစ်ခြင်းတွေရဲ့ အထင်ရှားဆုံး အချိန်ပဲမလား။ ဒီရုပ်ရှင်ဟာလည်း အလားတူအကြောင်းအရာပါပဲ။ နောက် အမှောင်မိုက်ဆုံးအချိန်ကို အလင်းလက်ဆုံးဖြစ်စေမယ့် ညတစ်ညအကြောင်းရောပေါ့။ အဲဒီညဟာ ခရစ္စမတ်ညပါပဲ။ အားလုံးပဲ မယ်ရီခရစ္စမတ်ပါ... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 615MB Quality - 1080p, 720p, 480p IMDb Rating - 8.6/10 Format - mp4 Duration - 2H 10Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Comedy • Romance
8.3 1946 130 mins
It's a Wonderful Life
Harry Potter and the Order of the Phoenix
7.7

Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ... ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ... သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ယောက်နဲ့အတူ ဒီမှော်ဆရာကြီးနဲ့ အချိန်အကြာကြီး ရင်ဆိုင်ခဲ့ပါတယ် ... အဆိုးနဲ့အကောင်း အမှောင်နဲ့အလင်း အမည်းနဲ့အဖြူလို ဆန့်ကျင်နေတဲ့ ဒီ မှော်ဆရာ ၂ ယောက်ရဲ့ တိုက်ပွဲရှည်ကြီးကို ပြန်လှန်လေ့လာလိုက်ကြပါစို့... မြန်မြန်တက်ကြဗျို့ Hogwarts ရထားကြီး ထွက်တော့မယ် !! File size…(3.2 GB) /(1.7 GB)/(1.2 GB) Quality….BluRay 4K HEVC/1080p /720p Format…mkv/mp4 Duration….02:18:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo , Mr.Anderson

Comedy
7.7 2007 138 mins
Harry Potter and the Order of the Phoenix
Zom 100: Bucket List of the Dead
8.5

Zom 100: Bucket List of the Dead (2023) ဘဝမှာလူတိုင်းကတော့ ကိုယ်လုပ်ချင်တဲ့အရာတွေရှိကြမှာပါ။ ဆန္ဒနဲ့လက်တွေ့ထပ်တူမကျဘဲ ပင်ပန်းရုန်းကန်နေရတဲ့သူတွေလည်းရှိကြမှာပါ။ - တနင်္လာနေ့ရုံးမသွားချင်ဘူးဖြစ်နေလား - ဘယ်လောက်ပဲကြိုးစားကြိုးစား အထက်လူကြီးတွေရဲ့ အကောင်းပြောတာမခံရဘူးလား - အချိန်ပိုတွေဆင်းနေရပြီးပင်ပန်းလွန်းနေပြီလား - ကိုယ်တကယ်ဖြစ်ချင်နေတာ ဘာများလဲဆိုတာ ပြန်တွေးနေမိပြီလား - ဒီအချိန်မှာတစ်ကမ္ဘာလုံးဇွန်ဘီ‌တွေဖြစ်သွားရင်ကောင်းမှာပါလို့ တွေးမိတဲ့သူတွေအတွက် တကယ်ပဲဖြစ်သွားတာကိုမြင်တွေ့ရမှာပါ တန်ဒိုအကီရာဆိုတဲ့ကောင်လေးတစ်ယောက် အလုပ်တွေဆက်တိုက်လုပ်၊ ပင်ပန်းနွမ်းနယ်ပြီး အလုပ်မသွားချင်ဖြစ်နေတဲ့ တစ်မနက်ခင်းလေးမှာ တစ်နိုင်ငံလုံးဇွန်ဘီတွေဖြစ်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။ အလုပ်မသွားရလို့ ပျော်နေတဲ့အချိန်မှာ အကြံဉာဏ်တစ်ခုရပြီး စာအုပ်တစ်အုပ်မှာ ဇွန်ဘီမဖြစ်ခင်လုပ်ရမည့်အချက် ၁၀၀ ဆိုပြီးစရေးခဲ့ပါတယ်။ သူ အဲဒီစာအုပ်ထဲကအတိုင်း လုပ်နိုင်ပါ့မလား အချက် ၁၀၀ ပဲ ပြည့်သွားမလား မပြည့်ခင်မှာဘဲ ဇွန်ဘီဖြစ်သွားမလား ရင်တမမနဲ့ကြည့်ရှုလိုက်ပါဦးနော် (ဒီကားက Manga ရော Anime ရော ထွက်နေဆဲဖြစ်ပြီး နိုင်ငံတကာမှာလည်း ပရိသတ်တွေများတဲ့ကားလေးဖြစ်လို့ လက်လွတ်မခံဘဲ ကြည့်ရှူသင့်တဲ့ကားလေးပဲဖြစ်ပါတယ်) အညွှန်း နဲ့ ဘာသာပြန်ကာတော့ Mr.Kaung ပဲ ဖြစ်ပါတယ်။

Drama • Sci-Fi & Fantasy
8.5 2023 129 mins
Zom 100: Bucket List of the Dead
Nuovo Olimpo
7.2

IMDb 7.2/10 Rotten Tomatoes 86% “ ငါတို့ဘယ်ရထားမှာ လွဲခဲ့သလဲ တစ်ခါလွဲရင် နှစ်ပေါင်း ဘယ်လောက်ကြာတတ်သလဲ “ ဆိုတဲ့ဆရာအောင်ချိမ့်ရဲ့ စာအတိုင်းပါပဲ ။ အန်နီယာနဲ့ ပီယက်ထရိုတို့နှစ်ယောက်ကတော့ တစ်ခါလွဲတာ နှစ်ပေါင်း သုံးဆယ်ကြာခဲ့ပါတယ် ။ ဇာတ်လမ်းအကျဥ်းကတော့ 1970 ခုနှစ်ဝန်းကျင် အီတလီနိုင်ငံ ရောမမြို့က ဆေးကျောင်းသားလေးနဲ့ ရုပ်ရှင်ကျောင်းသားလေးရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ ။ ဇာတ်လမ်းကိုတော့ Nuovo Olimpo ဆိုတဲ့ ခေတ်ဟောင်းရုပ်ရှင်ရုံလေး တစ်ခုမှာ အခြေခံထားပါတယ် ။ အီတလီရဲ့ ရှုပ်ထွေးနေတဲ့ ဆန္ဒပြပွဲတွေကြားမှာ လူချင်းကွဲသွားတဲ့ သူတို့နှစ်ယောက် ဘယ်အချိန်မှ ဘယ်လိုပုံစံမျိုးနဲ့ ပြန်တွေ့ကြမလဲ ။ ဇာတ်ဆောင်တွေ အပြင် ဇာတ်ပို့ကာရိုက်တာတွေအထိ ချစ်ခြင်းတရားကို ပုံစံအမျိုးမျိုး ရှုထောင့်အမျိုးမျိုးနဲ့ ဖော်ကျူးထားတဲ့ အီတလီရုပ်ရှင်ကားလေးဖြစ်ပြီး Right Person Wrong Timing ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ ညွှန်းလိုက်ပါရစေ ။ File size…1.12GB / 583MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

Thriller • Drama
7.2 2023 112 mins
Nuovo Olimpo
Pride
6.3

ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ၁၉၇၄ ခုနှစ်နောက်ခံ အားကစားဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဖယ်လာဒဲဖီးယားပြည်နယ်က ရေကူးနည်းပြ ဂျင်မ်အဲလစ်စ်ရဲ့ ဘဝဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ၁၉၇၄ ခုနှစ်မှာ ကောလိပ်ဘွဲ့ရ ဂျင်မ်အဲလစ်အတွက် အလုပ်ရှာရခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဌာနကနေ ဖယ်လာဒဲဖီးယားက ရပ်ကွက်ငယ်လေးတစ်ခုက အပန်းဖြေစင်တာတစ်ခုကို ပိတ်သိမ်းပေးဖို့ ကမ်းလှမ်းတလာတဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ အဆိုပါစင်တာမှာ အလုံးစုံပျက်ဆီးနေတဲ့ ရေကူးကန်တစ်ခုကို ဂျင်မ်အနေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့အထိ ပြင်ဆင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက လူမည်းဆယ်ကျော်သက် ယောကျ်ားလေးတွေကို ရေကူးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာတော့ ရေကူးအသင်းတစ်ခု တည်ထောင်ဖို့အထိ စည်းရုံးနိုင်ခဲ့ပြီး တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေထိပါ ခြေဆန့်နိုင်ဖို့ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ယောကျ်ားလေးတွေပဲ ရှိတဲ့ ရေကူးအသင်းထဲကို ဝီလီဆိုတဲ့ ပါရမီရှင်ရေကူးသမား အမျိုးသမီးငယ်လေး ပါ ပူးပေါင်းလာချိန်မှာတော့ တခြားလူဖြူရေကူးအသင်းတွေတန်းတူ အစွမ်းပြလာနိုင်ခဲ့ပါတယ်။ လူမည်း ရေကူးသမားတွေကို နေရာတိုင်းမှာ နှိမ့်ချဆက်ဆံလူမျိုးရေးခွဲခြားခံနေရတဲ့ အချိန်ကာလကြီးမှာ ဂျင်မ်အဲလစ်စ်က သူ့ရဲ့ရေကူးသမားဘဝက မပြီးဆုံးနိုင်ခဲ့တဲ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပါတယ်။ ရေကူးအသင်းသားတွေရဲ့ ရေကူးကန်အတွင်းနဲ့ အပြင်ဘဝကိုပါ ထိန်းကျောင်းပေးရင်းနဲ့ပဲ ဂျင်မ်အဲလစ်စ်ရဲ့ ရေကူးအသင်းလေးဟာ ဘယ်လ်တီမိုးတက္ကသိုလ် အမျိုးသားရေကူးပြိုင်ပွဲဗိုလ်လုပွဲအထိပါ တက်ရောက်လာနိုင် ခဲ့ပါတယ်။ Pride, Determination, Resilience နဲ့ Philadephia Department of Recreation ကို ကိုယ်စားပြုတဲ့ Team PDR ရဲ့ ကြိုးစားအားထုတ်မှုတွေကို အပြည့်အဝမြင်တွေ့ရမှာဖြစ်ပါတယ်။ ” နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားသူတွေရဲ့ဆီမှာ ဂုဏ်သိက္ခာကတော့ အမြဲတမ်း ရှိနေမှာပါ” ဘဝရဲ့ အနိမ့်အမြင့် အတက်အကျ နဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်မယ့် စိတ်ခွန်အားဆေးကောင်း တစ်ခွက် ဖြစ်နိုင်စေဖို့အတွက် ဒီဇာတ်လမ်းကလေးကို CM ကနေ ပရိသတ်များကြည့်ရှုနိုင်ဖို့ တင်ဆက် ပေးလိုက်ပါတယ်။ File size… 1.3 GB / 852 MB Quality… Web-Rip 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

Family • Animation • Fantasy
6.3 2007 104 mins
Pride
Latency
5.5

အိမ်ထဲကနေအိမ်ပြင်ကိုမထွက်တဲ့ Gamer တွေဆိုတာ အပြင်မှာ တကယ်ကြီးကိုရှိပါတယ်။အခု တင်ဆက်ပေးမဲ့ ဇာတ်ကားထဲမှာလည်း အိမ်ထဲကနေအိမ်ပြင်မထွက်ဘဲ ဂိမ်းတွေ အသားကုန်ဆော့လို့ရူးသွားရတဲ့ Gamer မမ တစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီဇာတ်ကားကိုလူငယ်တွေထက် ကလေးတွေကို ဆုံးမချင်တဲ့ လူကြီးတွေကတော့ပိုကြိုက်မယ်လို့ ထင်ပါတယ်။ဒါပေမယ့်လည်း လူငယ်ဇာတ်ကားဖြစ်တဲ့အတွက် လူငယ်တွေ အကြိုက်တွေကို အဓိကထားရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီး တန်ဆေးလွန်ဘေးဖြစ်တတ်တယ်ဆိုတာကို ကောင်းကောင်းကြီး ကွက်ကွက်ကွင်းကွင်းမြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ Latency ပဲဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ဒီဇာတ်ကားထဲမှာအိမ်ထဲက အိမ်ပြင်မထွက်တဲ့ Gamer ကတော့ဟန်နာဖြစ်ပြီး သူအဲ့လို ဖြစ်နေရတယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။ အဲ့ဒီအကြောင်းအရင်းကတော့ သူ့မှာဟင်းလင်းပြင် ကြောက်တတ်တဲ့ ရောဂါရှိလို့ဖြစ်ပြီး သူနေတဲ့တိုက်ခန်း ထဲကနေအပြင်ကို လုံး၀ခြေတစ်လှမ်းဆို တစ်လှမ်းတောင် မထွက်ရဲတာဖြစ်ပါတယ်။အဲ့လိုအိမ်ထဲမှာပဲ နေရတဲ့အတွက် ဂိမ်းတွေက သူ့အတွက်အဖော်ဖြစ်လာပြီး အခုအချိန်မှာဆိုရင် ဂိမ်းနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေကို စမ်းသုံးပေးရတာတွေ အစမ်းဆော့ကြည့်ပေးရတာတွေလုပ်နေရပါပြီ။အဲ့လိုအပြင် မထွက်ပဲနဲ့ သူဘယ်လိုအသက်ရှင်နေထိုင်လဲလို့ မေးရင်တော့ အပေါ်ထပ်မှာနေတဲ့ သူ့သူငယ်ချင်းဂျန်ကိုအားကိုးပြီးနေနေ ရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့သူ့ဆီကို Omnia လို့ခေါ်တဲ့ထုတ်ကုန် အသစ်တစ်ခုရောက်လာပြီး ပွဲမထုတ်ခင်သူ့ကိုစမ်းသပ်ခိုင်းခဲ့ ပါတော့တယ်။အဲ့ဒီ Omnia လို့ခေါ်တဲ့ပစ္စည်းကအာရုံကြောနဲ့ ဆက်သွယ်ပြီးလျှပ်စစ်ပစ္စည်းတွေ ဂိမ်းတွေ ပရိုဂရမ်တွေကို စိတ်နဲ့စေခိုင်းလို့ရစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဟန်နာ ကလည်းအဲ့ဒီပစ္စည်းကိုအရမ်းကြိုက်သွားပြီးနောက်ပိုင်း အလွန်အကျွံတွေအသုံးပြုလာမိတဲ့အခါမှာတော့ဘယ်လို ဘေးထွက်ဆိုးကျိုးတွေကိုခံစားရပြီး ဘာတွေဆက်ဖြစ်မယ် ဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…993MB / 370MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Latency
Scooped
5.9

ဇာတ်လမ်းအကျဉ်းလေးကတော့ ရပ်ကွက်ထဲက ကလေးတစ်သိုက် နဲ့ ရေခဲမုန့်သည်တို့ရဲ့ အကြောင်းပဲဖြစ်ပါတယ် ကလေးတစ်သိုက်ဟာ ရေခဲမုန့်စားချင်လို့ ရေခဲမုန့်လာဝယ်ရာကနေ ဇာတ်လမ်းစတာပါပဲ ရေခဲမုန့်စားချင်တဲ့ ကလေးတစ်သိုက်ကို ရေခဲမုန့်သည်ကလည်း သဘောကောင်းစွာနဲ့ပဲ သုံးရက်ဆက်တိုက် “ရေခဲမုန့်မရှိတော့ဘူး ရောင်းလို့ကုန်သွားပြီ “ လို့ ပြောပြီး တမင်သက်သက်မရောင်းပေးပါဘူး အဲ့သလိုသုံးရက်ဆက်တိုက် အညစ်ခံရတဲ့အခါမှာ ကလေးတစ်သိုက်ဟာ ရေခဲမုန့်သည်ကို သံသယစဝင်လာပါတော့တယ် သံသယမီးပွားလေးကနေစပြီး တစ်ဖက်ကရေခဲမုန့်သည်တို့ရဲ့ လျှို့ဝှက် အကြံအစည်ကြီးကို ကလေးတို့သဘာဝပီပီ စပ်စုနောက်ယောင်ခံရာကနေစပြီး သိလာတဲ့အခါမှာ ဘယ်လိုမျိုးတားဆီးသွားမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yamone

5.9 2024
Scooped
Cliff Walkers
7

ဂျပန်စစ်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားကြသူတွေဟာ တိုင်းပြည်အတွက် အနစ်နာခံကာ သေပွဲဝင်ဖို့အမြဲတမ်း အသင့်ဖြစ်နေ​ကြတဲ့သူတွေပါ မနက်ဖြန် နေထွက် နေဝင်တာကို မြင်ရ မမြင်ရ မသေချာဘဲနဲ့ ဆက်လက်လျှောက်လှမ်းနေ​ကြတဲ့ ရဲရင့်တဲ့သူရဲ​ကောင်းတွေပဲဖြစ်ကြပါတယ် ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဂျပန်စစ်သားတွေအုပ်စိုးချိန် တရုတ်တော်လှန်ရေးသမားတွေဖြစ်တဲ့ ကွန်မြူနစ်တွေ ဘယ်​လောက် ခက်ခဲကြမ်းတမ်းစွာ စစ်ဆင်ရေးဆင်းရပုံတွေကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းအရာလေးကတော့… တရုတ်ကွန်မြူနစ်ဌာနချုပ်ဟာ အူတာနယာစစ်ဆင်ရေးကို လုပ်ဆောင်ဖို့ သေ​သေချာချာလေ့ကျင့်ရေးဆင်းထားတဲ့ ​လျှို့ဝှက်အေးဂျင့် လေးယောက်ကို ဟာပင်းကို စေလွှတ်လိုက်ပါတယ် ဒါပေမဲ့လည်း သူတို့ရဲ့အတွင်းလူသစ္စာဖောက်ခံရပြီး သရုပ်မှန်ပေါက်ကြားဖို့ဖြစ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက် ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်

Horror • Comedy • Thriller
7 2021 120 mins
Cliff Walkers
Adventures of the Naked Umbrella
5.2

Adventures of the Naked Umbrella (2023) Original ဆန်ပြီးတော့ ဇာတ်ကွက်ပိုင်း သိပ်မနက်နဲ့ဘဲ ပျော်ပျော်ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မီးစိတ္တဇရောဂါသည်တစ်ဦးအကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆမ်ဝတူစကီဆိုတဲ့ သူဟာ မီးမြင်ရင် စိတ်ထဖောက်ပြီး အပြစ်ကျူးလွန်တတ်တာကြောင့် အစိုးရကနေ သုံးကြိမ်တိုင်တိုင် ပစ်ဒဏ်ချတာခံရသူဖြစ်ပါတယ်။ ခံဝန်ကတိနဲ့ လွတ်လာတဲ့ဆမ်ဟာ နောက်ပိုင်းမှာ သူ့အိမ်ထဲမှာပဲနေပြီး အွန်လိုင်ပေါ်က သူ့ရဲ့စကားပြောပွဲကနေတစ်ဆင့် လုပ်ကြံဇာတ်လမ်းတွေ အရေမရမဖတ်မရတွေကို ထိုင်ပြီးပြောလာခဲ့ပါတယ်။ တစ်နေ့မှာ သူလုပ်နေကျ စကားပွဲကိုလုပ်နေတုန်း အိမ်က ရုတ်တရက်မီးပျက်သွားပါတယ်။ သူ့ရဲ့မီးစက်ပျက်လို့ ပြင်ဖို့လုပ်တဲ့အချိန်မှာပဲ သူ့နောက်တွဲအိမ်ထပေါက်သွားပြီး သူ့ရဲ့ကမ္ဘာကြီးပျက်စီးသွားပါတော့တယ်။ ဖြစ်ချင်တော့ သူ့ရဲ့စကားပြောပွဲမှာ ဂြိုဟ်သားတွေအကြောင်း တစ်စွန်းတစ်စထည့်ပြောခဲ့တာပါ။ ဒါကို တိုက်ဆိုင်မှုပေါင်းများစွာကြောင့် သံသယဝင်သွားတဲ့ ဆမ်ဟာ သူ့ရဲ့လုပ်ကြံဇာတ်လမ်းနဲ့ သူထောင်ချောက်ပြန်ဆင်ခံရတာလားဆိုတာကို အဖြေရှာဖို့ ရှာပုံတော်ထွက်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.3 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Science-Fiction Duration….01:41:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

5.2 2023 97 mins
Adventures of the Naked Umbrella
River of Ghosts
5

Horror, Thriller အမျိုးအစားတွေ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ River of ghosts ဆိုတဲ့ movie လေးကို တင်ဆက်လိုက်ပါ တယ်… ဇာတ်လမ်းအညွှန်း +++++++++ Stanford တက္ကသိုလ်ရဲ့ စိတ်ရောဂါအထူးပြု ကျောင်းသားတစ်ယောက် ဖြစ်တဲ့ ရှောန် ဟောလ်တန်က သူ့ရဲ့မွေးရပ်မြေမြိုလေးကို ပြန်ပြီး အိပ်မွေ့ချကုထုံး ဆရာဝန်တစ်ယောက်အနေနဲ့ လူတွေရဲ့နာကျင်မှု တွေကို ကုစားဖို ကူညီပေးနေခဲ့တယ် ကတ်သီကတော့ နှစ်ရှည် လပေါင်းများစွာ ကုသလိုမရနိုင်တဲ့ ခါးနာကျင်တဲ့ဒဏ်ကို ခံစားနေရပြီး သူမရဲ့သူငယ်ချင်းရဲ့ ညွှန်ပေးမှုကြောင့် ဒေါက်တာရှောန် ဟောလ်တန်ဆီ ရောက်လာခဲ့တယ်… ခါးနာတာလိုမျိုး ကိုယ်ခန္ဓာနာကျင်တဲ့ ရောဂါကိုရော အိပ်မွေ့ချ ဆရာဝန်တစ်ယောက်က ကုသပေးနိုင်မှာလား တစ်ဖက်မှာလည်း ဘရိုင်ယန်ကတော့ သူ့ဇနီးဖြစ်သူ ပျောက်နေပြီး မြိုအနှံမှာ လိုက်ရှာနေခဲ့တယ်… ထူးဆန်းတာတစ်ခုကတော့ ဘရိုင်ယန်ရဲ့ အိမ်မှာညတိုင်း သရဲခြောက်တဲ့ ဖြစ်ရပ်တွေကို ကြုံတွေ့နေရတယ်… အဲဒါကြောင့် ဘရိုင်ယန်လည်း ဆွေးနွေးမှုလုပ်ဖို ဒေါက်တာရှောန် ဟောလ်တန်ဆီကို သွားခဲ့တယ် ဘရိုင်ယန်ရဲ့ ဇနီးကရော ဘယ်ကို ရောက်နေတာဖြစ်မလဲ… သရဲခြောက်တဲ့ဖြစ်ရပ်ကရော ဘယ်လိုကြောင့် ဖြစ်နေရတာလဲ… မြိုထဲကလူတွေ အိမ်မွေ့ချဆရာဝန်ဆီမှာ လာရောက်စုံကြပြီး ဘယ်လိုဖြစ်ရပ်တွေဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ ကြည့်လိုက်ကြပါဦးနော်…. ( ဇာတ်လမ်းအညွှန်းကို Vanessa မှ ရေးသားထားပါတယ် ) File size… (1.37GB) / (756MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Vanessa

5 2024 102 mins
River of Ghosts
Bad Tidings
5.5

Bad Tidings (2024) IMDb Rating (5.5) Home Alone လိုမျိုး ခရစ္စမတ် အားလပ်ရက်ကာလမှာ အိမ်ကိုပစ္စည်းဝင်ခိုးမဲ့ သူခိုးဓားပြတွေရန်ကနေ စွန့်စားခန်းဆန်ဆန်ကာကွယ်ရတဲ့ ဟာသဇာတ်မြူး ဇာတ်ကားမျိုးကို နှစ်သက်သဘောကျသူတွေအတွက် 2024 ထွက် Bad Tidings ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နေးလ်ဟာ အိမ်တွင်းလုံခြုံရေးကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ခရစ္စမတ်မီးတွေပို တစ်နှစ်ပတ်လုံး အလှဆင်ထားတဲ့ အိမ်ရှေ့အိမ်က မျက်မမြင် စကော့နဲ့ အမြဲတမ်းကတောက်ကဆဖြစ်နေခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက်လည်းမတည့်ကြတဲ့အပြင် အရွဲ့ပြိုင်တိုက်ကြရင်းနဲ့ ရပ်ကွက်စောင့်ကြည့်ကင်းအဖွဲ့မှာ တွဲဖက်လူကြီးရာထူးကို နှစ်ယောက်သားယူလိုက်ရပါတယ်။ ဒီနှစ်ခရစ္စမတ်မှာတော့ သူတို့တစ်လမ်းလုံး မီးပျက်သွားတဲ့အတွက် အိမ်တွေမှာလူမရှိတာကို အခွင့်ကောင်းယူပြီးဖောက်ထွင်းဖို့လုပ်ကြတဲ့ ဘရန်နန်မိသားစုကို ရပ်ကွက်စောင့်အနေနဲ့ကျန်ခဲ့ကြတဲ့ နေးလ်နဲ့ စကော့တို့ နှစ်ယောက် ဘယ်လို ရင်ဆိုင်ကြမလည်းဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TMMT ဖြစ်ပါတယ်။) File size…(1.1 GB) / (540 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,TV Movie Duration….01:22:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by TMMT

5.5 2024 80 mins
Bad Tidings
Tunnels: Sun in the Dark Địa đạo: Mặt trời trong bóng tối
7.7

Tunnels: Sun in the Dark (2025) IMDb Rating (7.7) ဗီယက်နမ်စစ်နောက်ခံဇာတ်ကားအတော်များများကို ကြည့်ဖူးကြမှာဖြစ်ပေမယ့် အများစုနီးပါးဟာ အမေရိကန်ဘက်ကရိုက်တာဖြစ်ပါတယ်။ အခုတော့ ဗီယက်နမ်ဘက်က ဗီယက်နမ်အမြင်နဲ့ရိုက်တဲ့ စစ်ကားလာပါပြီ။ ငွေအတော်သုံးထားသလို ကြိုးစားအားထုတ်မှုတွေကိုလည်း မြင်သာပါတယ်။ ၂၀၂၅ ဧပရယ် ၄ ရက်နေ့မှာ ဗီယက်နမ်စစ်ပွဲရဲ့ နောက်ဆုံးအောင်ပွဲနှစ်ငါးဆယ်ပြည့်အထိမ်းအမှတ် ရုံတင်ခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ဗီယက်နမ်စစ်ပွဲရဲ့အပြင်းထန်ဆုံးကာလ စီဒါဖောလ်စစ်ဆင်ရေးအပြီးမှာ တည်ဆောက်ထားတာပါ။ ဥမင်လှိုဏ်ခေါင်းတွေထဲကနေ ထောက်လှမ်းရေးသတင်းပို့လွှတ်မှုတွေကို တာဝန်ယူကာကွယ်ခဲ့ကြတဲ့ ဗီယက်ကောင်းတွေရဲ့ ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ကိုအခြေခံထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူတို့တွေရဲ့နာမည်ကျော် ပြောက်ကျားအဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်၊ ခံယူချက်၊ အလုပ်လုပ်ပုံတွေကိုအနီးကပ်မြင်တွေ့ရမှာပါ။ တောအုပ်အစစ် ၇ ဟက်တာကို ငှားရမ်းပြီး ဗုံးဒဏ်သင့်မီးလောင်ခံတောအုပ်အဖြစ်ဖန်တီးခဲ့သလို၊ ကူချီဥမင်လှိုဏ်ခေါင်းတွေကိုပါ ပုံစံတူအသေးစိတ်ပြန်တည်ဆောက်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက အမေရိကန်စစ်တပ်ကအသုံးပြုခဲ့တဲ့ လက်နက်တွေ သံချပ်ကာယာဉ်တွေကိုပါ ပြန်လည်ဖန်တီးထားပါသေးတယ်။ ဒီနှစ်အော်စကာအတွက် ဗီယက်နမ်ရဲ့ submission ဖြစ်ဖို့လည်းနီးစပ်နေပါတယ်။ စစ်ကားကြိုက်ပရိသတ်တွေ၊ သမိုင်းနောက်ခံစိတ်ဝင်စားသူတွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.1 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, History, War Duration…. 02:06:44 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Alias

Drama • Action • War
7.7 2025 128 mins
Tunnels: Sun in the Dark Địa đạo: Mặt trời trong bóng tối
The Light Das Licht
5.8

The Light (2025) IMDb Rating (5.8) / Rotten Tomatoes (14%) ဒါရိုက်တာ Tom Tykwer ရိုက်ကူးထားပြီး Lars Eidinger နဲ့ Nicolette Krebitz. တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဒရမ်မာရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ အလယ်အလတ်တန်းစားမိသားစုတစ်စုရဲ့ နေ့စဉ်ဘဝကို ရိုက်ကူးပုံဖော်ထားပြီး ဘဝအရှုပ်အထွေးတွေကြားက မိသားစုပြဿနာ၊ အလုပ်ပြဿနာ၊ အချစ်ရေး၊ စီးပွားရေး စတဲ့ပြဿနာတွေကို တစ်ခုချင်းစီ ပုံဖော်ရိုက်ကူးထားပါတယ်။ ဘာလင်မြို့မှာ နေထိုင်တဲ့ မိသားစုတစ်စုမှာ မိခင်ဖြစ်သူ Milena က အာဖရိကမှာ ယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းတစ်ခုကို လုပ်ကိုင်နေပြီး ဖခင် Tim က စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဆယ်ကျော်သက်အရွယ် သားဖြစ်သူနဲ့ သမီးဖြစ်သူတို့မှာလည်း ကိုယ်စီပြဿနာတွေနဲ့ ရုန်းကန်လှုပ်ရှားနေကြရတယ်။ သူတို့အိမ်က အလုပ်သမားတစ်ဦး ရုတ်တရက်သေဆုံးပြီးနောက်မှာ အသစ်ရောက်လာတဲ့ ဆီးရီးယား ဒုက္ခသည် အိမ်အကူ Farrah ကြောင့် သူတို့ဘဝတွေ ပြောင်းလဲသွားခဲ့ပါတယ်။ မိသားစုဝင်တွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့ Farrah က ကြိုးစားနေရင်း ပိုမိုရှုပ်ထွေးလာတဲ့ အရှုပ်တော်ပုံတွေကို ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (4.4 GB) / (1.9 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 02:43:08 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Su Mon

Romance • Comedy
5.8 2025 162 mins
The Light Das Licht