YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Story of Xing Fu E26 CM.mp4

336.25 MB N/A video/mp4 111 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Great Raid
6.6

ဒါကတော့ ၂၀၀၄ ကထွက်တဲ့ဒုတိယကမ္ဘာစစ်ကားလေးပါ။၁၉၄၁ မှာဂျပန်တွေက ပုလဲဆိပ်ကမ်းကိုဗုံးကျဲပြီးနောက် အမေရိကန်ပိုင် ဖိလစ်ပိုင်ကို၀င်သိမ်းတာ အမေရိကန်စစ်သားတစ်သောင်းလက်နက်ချအဖမ်းခံခဲ့ရပါတယ်။ ၁၉၄၄အရောက်မှာတော့အမေရိကန်တွေက စစ်ရေးသာလာပြီး ဖိလစ်ပိုင်ကိုပြန်သိမ်းဖို့တာစူနေပါပြီ။ အဲဒီအချိန်မှာ ရိန်းဂျားတပ်ရင်း(၆)ဟာ ရှေ့တန်း‌ကိုကျော်ပြီး အမေရိကန်စစ်သုံ့ပန်းငါးရာရှိတဲ့စခန်းကို ၀င်စီးပြီး သုံ့ပန်းတွေကိုကယ်ဖို့ တာ၀န်ကျလာပါတယ်။ လမ်းခရီးမှာတွေကြုံရတဲ့အခက်အခဲတွေ၊တိုက်ပွဲ၀င်ပုံတွေ၊ရဲဘော်ရဲဘက်စိတ်ထားပုံတွေကို ပြထားပါတယ်။ သုံးစွဲတဲ့လက်နက်တွေ၊အသုံးအဆောင်တွေ၊လက်နက်တွေကိုလည်း အမှန်အတိုင်းဖြစ်အောင် ဂရုစိုက်ပြီးသုံးပြထားပါတယ်။ Director John Dahl ရိုက်ကူးထားပြီး နာမည်ကျော်မင်းသား James Franco, Benjamin Bratt,Joseph Fiennes တို့ပါ၀င်ထားပါတယ်။ စစ်ကားကြိုက်တတ်သူတွေ အတွက်အကြိုက်တွေ့မယ့်ကားလေးပါ။ File size…(3.24GB)/(1.4GB)/(1014MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:12:00 Genre...Drama /Action/War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Fantasy
6.6 2005 132 mins
The Great Raid
The Extortion
6.6

အခုတင်ဆက်ပေးမဲ့ The Extortion ဆိုတဲ့ဇာတ်ကားကတော့ ဒီနှစ် (၂၀၂၃) အတွင်းမှာမှ ထွက်ရှိထားတာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေ၊ မှုခင်းမှုရာနဲ့ပတ်သက်တာတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့ အကြိုက်တွေ့စေမဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုရဲ့ လေယာဉ်မှူးဖြစ်သူ အလီဟန်ဒရိုဟာ အကြောင်းတစ်ခုကြောင့် သူတို့အမျိုး‌သားထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ ခြိမ်းခြောက်ခြင်းကိုခံရပြီး ဘာမှန်းမသိတဲ့ခရီးဆောင်အိတ်တွေကို စပိန်နိုင်ငံဆီ ပို့ဆောင်ပေးရပါတော့တယ်။ တစ်ဖက်မှာလည်း ဒီလိုမူမမှန်မှုတွေကို သတိထားမိနေတဲ့ လေဆိပ်တာဝန်ရှိရဲဌာနနဲ့ အလီဟန်ဒရိုတို့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဘယ်သူလူကောင်း ဘယ်သူလူဆိုးလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာက မင်းသား၊ မင်းသမီးငယ်ငယ်ချောချော visual လေးတွေမပါဘဲ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ချည်းပဲ ဇာတ်ကားတစ်ကားဖန်တီးထားတာဖြစ်ပေမဲ့ ဒီအဘိုးကြီး၊ အဘွားကြီးတွေပဲ ဇာတ်ရှိန်အမြင့်ဆုံးထိ ဆွဲခေါ်သွားပြီး IMDB rating 6.7 အထိ ရယူပိုင်ဆိုင်ထားတာမို့ တော်တော်လေး impressive ဖြစ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ ဆိုရပါမယ်။ Mystery ဆိုပေမဲ့ အရမ်း dark တဲ့ movie မျိုးမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးပဲရိုက်ထားတာမို့ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ အနားယူအပန်းဖြေရင်း ဇာတ်ကားကြည့်ချင်တဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(800 GB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre…Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by KTTZ

Horror • Comedy
6.6 2023
The Extortion
Vanilla and Chocolate
6.1

Vanilla and Chocolate (2004) ====================== IMDb Rating – 6.1/10 ” ဘီယာဘူးတောင် ကိုယ့်ဘာသာမဖောက်တတ်တဲ့ရှင်….. ကျွန်မ မရှိဘဲဘယ်လိုနေမလဲ ကျွန်မမစဉ်းစားချင်တော့ဘူး “။ မိန်းမကျမ်း ကြေ မိန်းမပွေလွန်းတဲ့ယောက်ျားကို Penelope တစ်​ယောက် မသိ ကျိုးကျွန်ပြုထားရတာ ကြာခဲ့ပါပြီ။ သားသမီး ၃​ယောက်ကိုငဲ့ပြီး သည်းခံလာရသမျှတွေလည်း တစ်နေ့မှာတော့ ရေစီးကမ်းပြိုလိုက် သွားရပါတော့တယ်။ Penelope စိတ်ပျက်ပြီး ထွက်သွားတဲ့အခါမှာတော့ အိမ့်တာဝန် သားသမီးတာဝန်ဆိုလို့ လက်ကလေးတစ်ချောင်းမမဖူးတဲ့ Andrea တစ်ယောက် ရုံးနဲ့အိမ်ကြား တောင်ပြေးမြောက်လိုက်ဖြစ်နေရပါပြီ။ မိသားစုနဲ့ဝေးရာရောက်နေတဲ့ Penelope ဟာလည်း ခင်ပွန်းဖြစ် သူမှားသမျှကို တောင့်ခံလျစ်လျူရှုပေးနိုင်ခဲ့တဲ့ ဝှက်ဖဲလေးအကြောင်း နောက်ကြောင်းပြန်စဉ်းစားမိနေရင်း…… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.7 GB) / (555 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Hnin Wut Yi Encoder……….SWM

6.1 2004
Vanilla and Chocolate
The Story of Qiu Ju
7.6

The Story of Qiu Ju (1992) ~ IMDb – 7.6/10, Rotten Tomatoes – 87% ~ ဒီဇာတ်လမ်းက တော်တော်ရိုးရိုးရှင်းရှင်းပဲ။ ရိုးရှင်းလွန်းလို့ အနိမ့်အမြင့်တောင် ပါလှတယ်မဟုတ်ဘူး။ ဇာတ်အိမ်တည်ရာ ခုနှစ်ကလည်း ၁၉၉၂မှာပဲ တည်ထားတယ်။ ဇာတ်ကရှင်းရှင်းလေး။ ရွာသူကြီး ခေါ် ရွာခေါင်းဆောင်က ရွာကလူတစ်ယောက်ကို ထိုးကြိတ်ပြီး ဂွကြားကို ကန်ထည့်လိုက်တယ်။ အဲဒီလူရဲ့မိန်းမက မကျေမနပ်ဖြစ်ပြီး ရွာသူကြီးကို ပြန်တောင်းပန်ခိုင်းတယ်။ ရွာသူကြီးကလည်း မာနကြီးတဲ့လူဆိုတော့ မတောင်းပန်ဘူး။ အဲဒီမှာ အရာရှိတစ်ယောက်က ဝင်ရှင်းပေးတယ်။ ငွေတော့ရလိုက်တယ်။ တောင်းပန်စကားမရဘူး။ ဒီတော့ ဟိုမိန်းမက မကျေနပ်ဘူး။ ခရိုင်အဆင့် မြို့နယ်အဆင့် ရုံးတွေထိ တက်တိုင်တယ်။ ဒါပေမဲ့ အဖြေက အမြဲအတူတူပဲ။ နောက်ဆုံးကျ တရားခွင်အထိ တက်ပစ်တယ်။ ပြောရရင် အစိုးရအရာရှိတစ်ယောက်နဲ့ အရပ်သားမိန်းမတစ်ယောက် ပြည်မရဲ့ တရားဥပဒေအောက် တရားမျှတမှုအားပြိုင်ကြတဲ့ရုပ်ရှင်ပေါ့။ ဒါပါပဲ။ ဒီထက်ဘာမှမပိုဘူး။ ဒါပေမဲ့လည်း ဆိုခဲ့သလို ဒီရုပ်ရှင်ကို သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်မှာပဲ ဇာတ်အိမ်တည်ထားသလို ဒီရုပ်ရှင်ထဲက လမ်းဘေးခန်းတွေကလည်း လျှို့ဝှက်ကင်မရာနဲ့ ရိုက်ထားတာဆိုတော့ သူ့ဖြစ်ပျက်နေတဲ့ သဘောသဘာဝအတိုင်း ရလိုက်တဲ့ ဇာတ်ဝင်ခန်းတွေဖြစ်ခဲ့တယ်။ ရော်ဂျာအတ်ဘတ်ကြီးကတော့ ဒီရုပ်ရှင်ကို “သူကြည့်ဖူးသမျှ တခြားရုပ်ရှင်တွေထက် တရုတ်ပြည်ရဲ့သာမန်လူတန်းစားတွေရဲ့ နေ့စဉ်ဘဝအကြောင်း အများဆုံး သိရတဲ့ရုပ်ရှင်” လို့တော့ဆိုတယ်။ ကျန်းရိမူကား ပီသစွာပဲ အဲဒီခေတ်နိုင်ငံရေး ဥပဒေ ဘာညာလည်းမြင်ရပေမဲ့ ကျန်းရိမူကားဆိုတော့ ဒါတွေကို မသိမသာပြတတ်တာက ဆန်းတော့မဆန်းတော့ပါဘူး။ ဆန်းတာကတော့ ကျန်းရိမူရဲ့အရိုးရှင်းဆုံး ရုပ်ရှင်ဖြစ်နေတာပါပဲ။ ဒီကားဟာ ကျန်းရိမူ ဂေါင်လီ တွဲရိုက်ထားတဲ့ထဲက စီအမ်မှာမရှိတဲ့ နောက်ဆုံးရုပ်ရှင်‌ပါ။ ဆိုတော့ ကျန်းရိမူဂေါင်လီ Collection ပြည့်ပါပြီ။ သူတို့ရုပ်ရှင်တွေကို အစအဆုံးပြန်ကြည့်ချင်ရင်တော့ Red Sorghum (1987), Ju Dou (1990), Raise the Red Lantern (1991), The Story of Qiu Ju (1992), To Live (1994), Shanghai Triad (1995), Curse of the Golden Flower (2006) တို့ကို ကြည့်ရှုနိုင်ပါတယ်။ ဒီကားတွေအကုန်လုံးက ရိုးရှင်းစွာ လှပနေတဲ့ ရုပ်ရှင်တွေချည်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 795MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1992
The Story of Qiu Ju
Bringing Down the House
5.6

Bringing down the House (2003) Genre – Comedy IMDB – 5.6/10 ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။ မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲ ရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။ American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူ လူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကို ခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက အလုပ်ပဲအရမ်းလုပ်ပြီး ကလေး ၂ ယောက်ကို အချိန်မပေးနိုင်တဲ့အပြင် ဇနီးဖြစ်သူကိုပါ ချစ်ပေမဲ့လည်း ကွာရှင်းခံထားခဲ့ရတဲ့လူပါ။ အဲဒီမှာတင် လိုင်းပေါ်ကနေ ကောင်မလေးတစ်ယောက်နဲ့ ဥပဒေအကြောင်း တိုင်ပင်ဆွေးနွေးကြပြီး အပြင်မှာပါ တွေ့ဖို့ ချိန်းထားတဲ့အထိ အဆင်ပြေ ချောမွေ့နေတာပေါ့။ တစ်ရက်ကျ အလုပ်မှာ အပေါက်ဆိုး ဂုဏ်မောက်တဲ့ဖောက်သည် တစ်ယောက်ကိုလည်း အလုပ်ကိစ္စ စာချုပ်ရအောင် ချုပ်ရမယ့်အချိန် ကလေးနှစ်ယောက်ကိုလည်း အိမ်မှာခေါ်ထားရမယ့်အချိန် မတိုင်ခင်မှာ အွန်လိုင်းပေါ်က လူဖြူကောင်မလေးနဲ့ ညစာဒိတ်ထားလို့ စောင့်နေတာပေါ့။ ဒီမှာတင် ပေါက်ချလာတာက ပုံထဲမှာ ပြထားသလို လူဖြူမချောချောလေး မဟုတ်ပဲ ထောင်ထွက် ရာဇဝတ်သား လူမည်းအမျိုးသမီးကြီး ဖြစ်နေပြီး သူ့ကို တစ်ပတ်ရိုက် ဂျင်းထည့်ပြီး ရောက်လာတာနဲ့ ဖြစ်ပါတယ်။ အဲဒီမှာ ဘယ်လိုမှ နှင်ချမရတဲ့အဆုံး အိမ်ပေါ်ခေါ်တင်ထားပြီး ကလေးနှစ်ယောက်နဲ့ အပြင် ဖောက်သည် စာချုပ်ချုပ်ရမယ့်ကိစ္စတွေကြား ဒီ ဘွားတော်နဲ့ ပြဿနာတွေတက် တလွဲတွေ ဖြစ်ကြပြီး ဘယ်လိုဖြေရှင်းကြမလဲ ရယ်မောပြီး ကြည့်နေရမှာ ဖြစ်ပါတယ်။ File size… 1.73 GB / 833 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Western • Action • Adventure
5.6 2003
Bringing Down the House
The Believer
7.1

The Believer (2001) ~ IMDb – 7.1/10, Rotten Tomatoes – 82% ~ ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။ အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ဒါပေမဲ့ အမှန်တရားဆိုတာ ဘယ်လိုဖုံးကွယ်လို့ရမလဲ။ လူတိုင်းဟာ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေကိုခံစားရတာပဲမလား။ အစကနေ အဆုံးထိ စိတ်ဝင်စားစရာသိပ်ကောင်းပါတယ်။ ဒီရုပ်ရှင်က ကြည့်ရှုတဲ့သူတွေကို ရှုပ်ထွေးတဲ့ယုံကြည်သက်ဝင်ခြင်းတွေအပေါ် ပြန်မေးခွန်းထုတ်စေတယ်။ ဒန်နီရဲ့ ဘဝကို ခြေရာကောက်ရင်း သူ့စိတ်တွင်းပဟေဠိတွေအပေါ် ဘယ်လိုအဖြေထုတ်ကြမလဲ ရွေးချယ်ခွင့်တွေပေးထားတယ်။ အစွန်းရောက်လွန်းနေတဲ့ ဒန်နီရဲ့ အတွေးအခေါ်တွေကို ကြည့်ရှုသူတွေနဲ့ ထိတွေ့ခွင့်ပေးပြီး ဒီလို ဆိုးယုတ်တဲ့လမ်းစဉ်အပေါ် ဘာကြောင့်လျှောက်လှမ်းစေသလဲဆိုတဲ့အဖြေကို ကြည့်ရင်းရှာဖို့ သဲလွန်စလေးတွေ ချန်ပေးခဲ့တယ်။ ရုပ်ရှင်ဇာတ်ကြောကောင်းလွန်းတဲ့အပြင် ရိုက်ကူးထားတဲ့ပုံစံကလည်း နက်နဲပြီး ကဗျာဆန်တယ်။ ဒန်နီရဲ့ စိတ်ကူးတွေကို အဖြူအမည်းနဲ့ အရောင်ခြယ်လိုက်ခြင်းက သူ့ရင်ထဲ စိုက်တဲ့ဓားသွားတွေ ဘယ်လောက်ထက်သလဲဆိုတာကို သွယ်ဝိုက်ဖော်ပြနေခဲ့သလိုပဲ။ အဲဒီလိုနောက်ကြောင်းပြန်တဲ့ပုံစံတွေက ဒန်နီရဲ့ စရိုက်ကို ပါ ထင်းနေအောင် ဖော်ပြတယ်။ ကျွန်တော်တို့ကိုယ်တိုင်ပါ ဒန်နီဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီလားလို့ ထင်ရစေတယ်။ ဒီရုပ်ရှင်ကို အဓိကထူးခြားစေတာက ရုပ်ရှင်ထွက်ပြီး ပေါ်လာတဲ့ဝေဖန်သံတွေပဲ။ လူတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေပိုဖြစ်စေမယ်လို့ ဝိုင်းဝေဖန်ကြတယ်။ ဒါကတော့ ကြည့်ရှုသူနဲ့ပဲဆိုင်ပါလိမ့်မယ်။ လူမျိုးရေး၊ အစွန်းရောက်မှုနဲ့ပတ်သက်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကဆွေးနွေးကြတိုင်း ဒီရုပ်ရှင်အကြောင်းက မပါမဖြစ်ပါခဲ့၊ ပါနေဆဲပဲ။ ဒီရုပ်ရှင်ဟာ လူတွေရဲ့ သက်ဝင်ယုံကြည်မှုတွေအပေါ် မေးခွန်းထုတ်ထားပြီး လူသားတွေရဲ့ စိတ်တွင်းအခြေအနေကိုပါ ထင်ဟပ်ထားတယ်။ စိတ်တွင်း ပဋိပက္ခတွေကနေ အစွန်းရောက်ခြင်းလမ်းမပေါ် ချော်ထွက်သွားဖို့ ဘယ်လောက်လွယ်ကူသလဲ။ ရုပ်ရှင်ပြီးတဲ့အချိန်အထိ မေ့မရမယ့် အတွေးတွေ ချန်ပေးခဲ့မယ့် ရုပ်ရှင်တစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 970MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.1 2001 98 mins
The Believer
Nine Dead

2010 ခုနှစ်ထွက်ရှိခဲ့တဲ့ ဒီ Horror/Thriller ဇာတ်ကားက သရဲကားမဟုတ်ဘဲ အသည်းတအေးအေးနဲ့ ကြည့်ရမယ့် စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းတစ်ခုပါ။ ဇာတ်လမ်းအစကို ပြန်ပေးဆွဲမှုတွေ များစွာနဲ့ စတင်ထားပါတယ်။ ပြန်ပေးဆွဲသမားဟာ သူစိမ်း ၉ယောက်ကို အခန်းတစ်ခုထဲမှာ သံတိုင်တွေနဲ့ လက်ထိပ်တွေခတ်ထားပြီး ဖမ်းဆီးထားပါတယ်။ သူတို့ ၉ယောက်ကို ဘာလို့ ဖမ်းဆီးခဲ့ရသလဲဆိုတဲ့ အဖြေကို ရှာနိုင်ရင် အသက်ရှင်ခွင့်ရှိမှာပါ။ ဒါပေမယ့် ၁၀မိနစ်ပြည့်တိုင်း ပြန်ပေးသမားက ဝင်လာပြီး ဘာလို့ ဒီကိုရောက်နေရသလဲ ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ကြရင် တစ်ယောက်ချင်းစီကို သတ်သွားမှာပါ။ မသိဖူး မဆုံဖူးကြတဲ့ လူ၉ယောက်ဟာ သူတို့တွေ ဘာကြောင့် အဖမ်းခံထားရလဲ သူတို့ဘဝမှာ ဘယ်လိုအမှားကြီးကြီးတွေ ကျူးလွန်မိခဲ့ကြရလဲ အတူတူ အဖြေရှာကြရပါတော့တယ်။ File size…(688 MB) Quality…. 720p Format…mp4 Duration….01:32:00 Genre…Crime, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Drama • Thriller • Horror
0 2009
Nine Dead
Collision
5.9

ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲ ကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ။ စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာ မော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာ ကားမတော်တဆဖြစ်ခဲ့ပါတယ် ။ ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာ သောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်း မဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီး ကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူ သူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါ တော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့ သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။ သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်း ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ… အိုမာဟာ ဘယ်လိုလူလဲ ။ စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့ တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို collision ရုပ်ရှင်မှာ ကြည့်ရှုခံစားလိုက်ရအောင်နော် ။ File size…1.69GB / 858MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

Drama
5.9 2013
Collision
Friday Night Sext Scandal
6.4

အင်တာနက်ပေါ်လာပြီးနောက်ပိုင်းမှာ လူငယ်တွေဟာ လိင်ကိစ္စတွေ အပြာကားတွေကို ဖုန်းထဲမှာ ချက်ချင်းဆိုသလို ပြောဆိုကြည့်ရှုနိုင်လာပါတယ်။ နောက်ပိုင်း သမီးရည်းစားတွေကြားမှာလည်း ကိုယ့်ရဲ့ ဝတ်လစ်စလစ်ပုံတွေ အပြန်အလှန်ပေးပို့ကြတာတွေက မထူးဆန်းတော့ပါဘူး၊ ဒီလိုနဲ့ပဲ ဝက်ဘ်ဆိုဒ်တွေ တယ်လီဂရမ်တွေပေါ် ပျံ့နှံ့သွားကြတာများပါတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုဖြစ်ရပ်မျိုးကြောင့် လူငယ်ဘဝမှာ အပျော်ကနေ အပျက်ဖြစ်သွားကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရှောင်နှင့် လော်ရန်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ သူတို့အမေနှစ်ယောက်ကလည်း ခင်မင်ကြပါတယ်။ ရှောင်ဟာ ကျောင်းအသင်းရဲ့ တက်သစ်စဘောလုံးသမားအဖြစ် နာမည်ရနေပြီးတော့ လော်ရန်ဟာလည်း တီးဝိုင်းအဖွဲ့မှာ တော်တဲ့သူတစ်ဦးပါ။ ရှောင်ဟာ ဘောလုံးအသင်းက စီနီယာတွေက ပါတီကိုဖိတ်တဲ့အတွက် သွားတဲ့အခါမှာ စီနီယာတွေက ကျောင်းက သူတို့ ကြူလို့ရလာတဲ့ ကောင်မလေးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေကို အပြန်အလှန်မျှဝေကြပြီး သူတို့ဖန်တီးထားတဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ စုစည်းပြီး သိမ်းဆည်းထားကြတာကို သိလိုက်ရပါတယ်၊ ဒါပေမဲ့ ရှောင်က အဖွဲ့ထဲမှာ ဝင်ဆံ့ချင်တာကြောင့် သူကပါ ပါဝင်ပြီးတော့ ကျောင်းက ပန်းဖွားအကမယ်လေးရဲ့ ဝတ်လစ်စလစ်ပုံကို အရယူဖို့ ကြိုးစားပါတော့တယ်၊ ဒီလိုနဲ့ နောက်ပိုင်းမှာ စီနီယာတွေက ရှောင်ကို သူ့အခင်ဆုံးသူငယ်ချင်း လော်ရန်ရဲ့ ဝတ်လစ်စလစ်ပုံကိုပါ အရယူဖို့ ခိုင်းစေလာပါတော့တယ်၊ ဒီတော့ ရှောင်တစ်ယောက် လူဝင်ဆံ့ဖို့အတွက် အခင်ဆုံးသူငယ်ချင်းကိုချနင်းမလား၊ ဒါမှမဟုတ် မှန်ကန်ရာကိုလုပ်မလား ဘယ်သူတွေက ထိခိုက်ရမလဲဆိုတာကို လက်ရှိခေတ်နဲ့ ထင်ဟပ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Comedy • Drama
6.4 2024 87 mins
Friday Night Sext Scandal
Danny Collins
7

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Al Pacino ကြီးရဲ့ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အချက်အချို့ပေါ်အခြေခံထားတဲ့ အသက်ကြီးကြီးရော့ခ်စတားတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါ Al Pacino အပြင် အခြားသောနာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါပါတယ် American Beauty, 20th Century Women ထဲက Annette Bening, Christopher Plummer, Jeniffer Garner, Bobby Cannavale တို့ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဒီ ဒန်နီကောလင်း ဆိုတာက အပြင်က Steve Tilston ဆိုတဲ့ အင်္ဂလိပ်Folk သီချင်းတေးရေးတီဆိုသူကို အခြေခံထားတာပါ IMDb rating 7, Rotten Tomatoes 78%ထိရရှိထားတဲ့ comedy/drama ရုပ်ရှင်လေးမို့ ကြည့်မကောင်းမှာတော့မပူရပါဘူး ဇာတ်လမ်းအကြောင်းအရာက ဒန်နီကောလင်းလို့အမည်တွင်တဲ့ အသက်ကြီးကြီးရော့ခ်ကာစူပါစတားကြီးဟာ သူ့ရဲ့မွေးနေ့မှာ ချစ်သူငယ်ချင်းကြီးက မွေးနေ့လက်ဆောင်အဖြစ်ရှာလာပေးတဲ့ နှစ်၄၀ကြာသက်တမ်းရှိနေပြီဖြစ်တဲ့ စာတစ်စောင်ကိုရခဲ့ပါတယ် အဲဒီစာက John Lennon ကြီးက သူ့ဆီ သူတက်သစ်စအချိန်မှာ အကြံပေးစာ၊ အကူအညီကမ်းလှမ်းစာအနေနဲ့ ရေးခဲ့တာပါ ကံမကောင်းစွာနဲ့ သူဒီစာကို ရသင့်တဲ့အချိန်မှာ ချက်ချင်းမရခဲ့ဘဲ မသမာသူတစ်ဦးရဲ့လက်ချက်ကြောင့် နှစ်ပေါင်း ၄၀အကြာမှသာ လက်ခံရရှိခဲ့ပါတယ် သူ့ဘဝကို ပရိသတ်တွေစိတ်တိုင်းကျရင်ပြီး‌ရော ဖြစ်သလိုနေနေတဲ့ ဒန်နီကောလင်းတစ်ယောက် ဒီအသက်အရွယ်မှာ ဒီစာကိုမြင်မှ အသိတရားရပြီး လွဲမှားနေခဲ့တဲ့သူ့ဘဝကို ပြန်ပြင်ဆင်ဖို့ဆိုပြီး စိုင်းပြင်ပါတော့တယ် ခြေလှမ်းအစအနေနဲ့ သူလှမ်းဖို့ပြင်ခဲ့တာက သူတစ်ခါမှမမြင်ဖူးတဲ့ သူ့ရဲ့တရားမဝင်သားဖြစ်သူဆီ သွားတွေ့ဖို့ပါ သွားတွေ့တဲ့အချိန်မှာတော့ သားဖြစ်သူက တစ်သက်လုံးနေလို့တစ်ခါတောင်မလာတဲ့သူ့ကို မကြိုဆိုနေခဲ့ပါဘူး အဖြစ်က ထင်ထားသလိုမလွယ်ကူတဲ့အခါမှာ ဒန်နီကောလင်းတစ်ယောက် သူ့သားနဲ့သင့်မြတ်အောင် ဘယ်လိုကြိုးစားမလဲ သူ့ဘဝကို သူဖြစ်ချင်ခဲ့တဲ့အတိုင်း ရှေ့ဆက်မလားဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားလိုက်ကြပါခင်ဗျာ File size…(1.6 GB)/(700 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Comedy, Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khey Ki

7 2015
Danny Collins
They
4.8

They (2002) ကလေးဘဝ တုန်းက ခြောက်အိပ်မက် မက်ခဲ့ဖူးတဲ့ ကလေးတွေရှိကြမှာပါ။ ဒီရုပ်ရှင်ဟာ ဒီလို ခြောက်အိပ်မက်မက်ခဲ့တဲ့ ကလေးတွေ အသက်ကြီးလာတဲ့ အချိန်မှာ ငယ်ဘဝ ရဲ့ အရိပ်ဆိုးကြီးတွေ ပြန်ခြောက်လှန့်လာတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ အဓိက ဇာတ်ကောင် ဂျူလီယာဆို တဲ့ ကောင်မလေးဟာတစ်နေ့မှာတော့ သူ့လိုပဲ ငယ်ဘဝတုန်းက ခြောက်အိပ်မက်တွေ ခံစားခဲ့ရတဲ့ သူငယ်ချင်းဟောင်း ဘီလီ နဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ ဘီလီ ရဲ့ပြောချက်အရ သူတို့လို ခြောက်အိပ်မက် မက်ခဲ့တဲ့ ကလေးတွေကို အမှတ်အသားလုပ်ပြီး အမှောင်ထဲပြန်ခေါ်သွားချင်နေတဲ့ အရာ တွေရှိတယ်လို့ဆို ပါတယ်။ ဘီလီက အဲဒီအရာတွေဟာ အမှောင်ထဲမှာပဲ နေပြီး အလင်းကို ကြောက်တယ်လို့ ပြောပြပြီး သူ့ကိုယ်သူ သတ်သေသွားပါတယ်။ ဘီလီ သေဆုံးသွားပြီးမကြာခင်မှာပဲ ဂျူလီယာကိုယ်တိုင် ခြောက်အိပ်မက်တွေ ပြန်မက်လာပြီး သူ့လို လူမျိုးတွေနဲ့လည်း မိတ်ဆွေ တွေဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ဘီလီပြောတဲ့ အမှတ်အသားမျိုး ဂျူလီယာဆီမှာလည်း ပေါ်လာပြီး သူ့ကို အမှောင်ထဲ ခေါ်သွားဖို့ကြိုးစားနေတဲ့ အရာတွေနဲ့ ကိုယ်တိုင် ရင်ဆိုင်ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(1.1 GB) / (550 MB) Quality….Bli-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:30:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Marco

4.8 2002 90 mins
They
The Piano Lesson
6.2

August Wilson ရဲ့ The Piano Lesson ပြဇာတ်ကို ပြန်ပြီး မှီငြမ်းရိုက်ကူးထားတဲ့ Netflix ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မိသားစု အမွေအနှစ်နဲ့ ပတ်သတ်ပြီး ဘယ်တွေလုပ်သင့်တယ်။ ဘယ်လိုတွေ အသုံးချသင့်တယ်ဆိုတာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဘွိုင်းဝီလီဆိုတဲ့ အမျိုးသားဟာ တစ်နေ့မှာ သူ့ရဲ့ ဦးလေးနဲ့ ညီမရှိရာ အိမ်ကို ခဏတာ အလည်ပြန်လာခဲ့တယ်။ ဒီလိုလာရခြင်းကလည်း သူ့ဆီမှာ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။ ဘွိုင်းဝီလီ သူ့အဘိုးအဘွားတွေ လက်ထပ် ကျွန်ခေတ်က တစ်မိသားစုလုံး အလုပ်အကျွေးပြုခဲ့ရတဲ့ ဆက်တာဆိုတဲ့ လူရဲ့ မြေကို ဝယ်ချင်တယ်။ မြေရဲ့ တစ်စိတ်တစ်ပိုင်းကိုလည်း သူဝယ်ထားပြီးပြီ။ ဒါပေမဲ့ အကုန်ဝယ်နိုင်ဖို့ရာမှာ သူ့အတွက် ငွေလိုနေတယ်။ ဒါကြောင့်မလို့ သူဟာ မိဘအမွေဖြစ်တဲ့ စန္ဒရားကြီးကို ရောင်းပြီး ရလာတဲ့ငွေနဲ့ ‌မြေဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြဿနာက သူ့ရဲ့ ညီမဖြစ်သူဟာ ဒီစန္ဒရားကို လုံးဝ ရောင်းခွင့်မပေးပါဘူး။ ဒီစန္ဒရားဟာ နယ်နယ်ရရ မဟုတ်ဘဲ မိသားစုသမိုင်ကြောင်း ရှိတဲ့အတွက်ကြောင့်ပါ။ ဒီလိုနဲ့ အစ်ကိုဖြစ်သူက ရောင်းမယ်။ ညီမဖြစ်သူက မရောင်းဘူး ငြင်းခုံကြရင်း စန္ဒရားကြီးရဲ့ အနာဂတ်က ဘာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size… 1.9 GB / 794 MB Quality… Web-DL 1080p / 720p Format… mp4 Audio… AAC Duration…. 2h 5m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by… Act Molemy & Thiha Yan Naing

6.2 2024 127 mins
The Piano Lesson
The Red Virgin
6.7

ဒီတစ်ခါမှာတော့ သမိုင်းထဲမှာတကယ်ရှိခဲ့ပြီး အသက် ၁၈နှစ် အရွယ်မှာတင် ဘဝဇာတ်သိမ်းခဲ့ရတဲ့ လူငယ်ပါရမီရှင် စပိန်သူလေး Hildegart Rodríguez Carballeira အကြောင်း ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီ Hildegart ဆိုတဲ့ကောင်မလေးရဲ့ဘဝဟာ မွေးဖွားလာကတည်းက တော်တော် စိတ်ဝင်စားစရာကောင်းတာပါ။ ဘာလို့စိတ်ဝင်စားစရာကောင်းသလဲဆိုရင် Hildegart ရဲ့ အမေဖြစ်သူ Aurora ကြောင့်ပါပဲ။ Aurora က အများသူငှာလို အိမ်ထောင်ပြု-ယောက်ျားယူ-ကလေးမွေး ဒီလိုနည်းလမ်းမျိုးနဲ့ Hildegartကို မွေးဖွားခဲ့တာမဟုတ်ပါဘူး။ Aurora ဟာ ပိုမိုတိုးတက်တဲ့ လောကကြီးကို သူ့ရင်‌သွေးကနေ စတင်ပြီးတည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ Hildegart ကို ပရောဂျက်တစ်ခုလိုမျိုး တိတိကျကျ‌စီစဥ်ပြီးမွေးဖွားခဲ့တာပါ။ (ဒါကို eugenic အယူဝါဒလို့ခေါ်ပါတယ်။) Aurora ဟာ သူ့သမီးကို သာမန်ထက်ထူးအောင် ထက်အောင် မွေးကတည်းက တိတိကျကျ ကြပ်မတ်လေ့ကျင်သင်ကြားပေးလေတော့ Hildegart ဟာ အသက် ၁၆နဲ့တင် ရှေ့နေဘွဲ့ရပြီး သတင်းစာတွေထဲမှာ လိင်မှုရေးရာနဲ့ဆိုင်တဲ့ ဆောင်းပါးတွေရေးသားလို့နေပါပြီ။ ဒီလိုနဲ့ ဗိုင်းကောင်းကျောက်ဖိ Hildegartဟာ မိခင်ရဲ့အုပ်ထိန်းမှု အောက်ကနေတစ်ဆင့် စပိန်ဆိုရှယ်လစ်ပါတီဝင် တစ်ဦးဖြစ်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူတစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အဘက်ဘက်ကနေ လိုလေသေးမရှိအောင် ပြီးပြည့်စုံထက်မြက် နေပေမဲ့ ကံမကောင်းအကြောင်းမလှတဲ့ Hildegartဟာ အသက် ၁၈နဲ့ တင်သေဆုံးခဲ့ရတာပါ။ ရုပ်ရှင်ထဲမှာလည်း သူသေဆုံးတဲ့အခန်းကနေ စတင်ရိုက်ကူးပြထားတာပါ။ Hildegartဆိုတဲ့ကောင်မလေး ဘယ်လိုသေဆုံးသွားခဲ့ရတာလဲ ဆိုတဲ့မေးခွန်းနဲ့ ဇာတ်လမ်းကိုသယ်လာပြီး စပိန်နိုင်ငံ သက်ဦးဆံပိုင် ဘုရင်စနစ်ကျဆုံးတဲ့ကာလရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ တော်လှန်‌ရေး‌ လှုပ်ရှားမှုတွေကိုပါထင်ဟပ်အောင် မီးမောင်းထိုးပြထားတဲ့အတွက် အချိန်ပေးကြည့်ရတာနဲ့တန်စေမဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။ File size… (1.18GB) / (706MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 54m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Romance • Comedy
6.7 2024 114 mins
The Red Virgin
Another You Baska Bir Sen
7.1

Another You (2025) IMDb Rating (7.1) ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Another You ဆိုတဲ့ အချစ်ဇာတ်လမ်းသိပ်မဆန်တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Death’s Game ကို အခြေခံပြီး ရိုက်ကူးထားတာဆိုပေမဲ့ original script လို့ ပြောရလောက်အောင် တော်တော်ကောင်းတဲ့ တူရကီဟာသဇာတ်လမ်းတစ်ပုဒ်ပါ။ အဓိကဇာတ်ဆောင်မင်းသားကလည်း တူရကီသရုပ်ဆောင်တွေထဲမှာ နာမည်ကြီးတဲ့ ဟာသသရုပ်ဆောင် Giray Altinok ဖြစ်ပါတယ်။ IMDb rating 7.1 နဲ့ letterboxd review 3.3 ရထားတာဖြစ်တဲ့အတွက် ကြည့်မကောင်းမှာတော့ မပူရပါဘူး။ ဇာတ်လမ်းအကျဉ်း ဘဝတစ်လျှောက်လုံး ကံခေမှုတွေ တစ်ခုပြီးတစ်ခု ကြုံလာရတဲ့ လူတစ်ယောက်ဟာ ကံကြမ္မာဖန်တဲ့တစ်နေ့မှာ ကားပျက်ရင်းနဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆုံခဲ့တယ် ကံကဆိုးချင်တော့ နှစ်ဦးသား ဆုံလို့ တစ်နာရီမပြည့်ခင်အချိန်မှာပဲ ကားဝင်တိုက်ခံလိုက်ကြရပါတယ်။ သာမန်ဇာတ်လမ်းမှာဆိုရင်တော့ သေရင်အဆုံးသတ်ပြီဆိုပေမဲ့ ဒီဇာတ်လမ်းမှာတော့ မတူပါဘူး သေမှ အစပြုတယ် ဆိုရမှာပေါ့။ အဲဒီအက်ဆီးဒင့်ဖြစ်သွားပြီးကတည်းနဲ့ သူဟာ နေ့ရက်တိုင်း တစ်နေရာရာက တခြားလူတစ်ယောက်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ နိုးထလာရပြီး အဲဒီလူရဲ့ နောက်ဆုံးအခိုက်အတန့်ကို သူက အစားခံပေးရပါတယ်။ အဲဒီလို နေ့စဉ်ရက်ဆက်ဖြစ်လာတာ ၃ နှစ် လွန်မြောက်ပြီးတဲ့အချိန်မှာတော့ တစ်ရက် သူဟာ ဆေးပညာဆုပေးပွဲတစ်ခုမှာ Mümtaz ဆိုတဲ့ဆရာဝန်တစ်ဦးရဲ့ခန္ဓာထဲ နိုးထလာခဲ့တယ်။ အဲဒီပွဲမှာပဲ Derya ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆုံပြန်တယ် အဲဒီအမျိုးသမီးက တကယ်တော့ သူ့လိုအဖြစ်အပျက်မျိုး တစ်ထပ်တည်းကြုံနေရတဲ့ သူနဲ့ အတူတူကားတိုက်ခံလိုက်ရတဲ့သူ ဖြစ်နေတယ်။ နှစ်ဦးသားက မသိကြဘဲ အစပ်အဟပ်တည့်ကြတဲ့အတွက် တစ်ညတာ အတူတူလွန်မြောက်ပြီးတော့ နောက်နေ့မနက်မှာ ခါတိုင်းလို နေရာနဲ့ ခန္ဓာမပြောင်းသွားဘဲ အဲဒီနေရာ အဲဒီခန္ဓာနဲ့ပဲ နိုးလာခဲ့ကြတဲ့အခါမှာတော့ သူများဘဝမှာ မီးစင်ကြည့်ကကြရင်းနဲ့ ဘယ်လို awkward တွေဖြစ် ဟာသတွေခင်းပြီး သူတို့ရဲ့အချစ်ကို ရှာတွေ့ကြမလဲဆိုတာ ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Khey Ki ဖြစ်ပါတယ်။) File size… (2.1 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:50:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khey Ki

Horror • Mystery
7.1 2025 111 mins
Another You Baska Bir Sen