YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Starry Love E30 (1080p) CM.mp4

529.91 MB N/A video/mp4 203 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Somewhere in Queens
6.8

Somewhere in Queens (2022) ===================== IMDb Rating - 7.0/10 ဒီဇာတ်ကားလေးကတော့ နာမည်ကြီး stand-up comedian တစ်ယောက်ဖြစ်တဲ့ Ray Romano ရိုက်ကူးပြီး ကိုယ်တိုင်သရုပ် ဆောင်ထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လီယို နဲ့ သူ့မိန်းမ အန်ဂျလာရူဆို တို့က အီတလီ-အမေရိကန်မိသားစုတစ်ခုဖြစ်တဲ့ ရူဆိုမိသားစု ကပါ။ လီယို ကတော့ရူဆိုမိသားစုရဲ့ဆောက်လုပ်ရေးလုပ်ငန်း မှာပဲအလုပ်လုပ်ပါတယ်။ လီယို မှာဘတ်စကတ်ဘောကစား တာထူးချွန်တဲ့ စတစ် လို့‌ခေါ်တဲ့သားတစ်ယောက်လည်းရှိပါ တယ်။ တစ်နေ့တော့ လီယို ကကျောင်းကဘတ်စကတ်ဘော ပြိုင်ပွဲအပြီးမှာ ကင်းထောက်တစ်ယောက်နဲ့တွေ့ပြီး သူ့သား အတွက်ဘတ်စကတ်ဘောဆော့ရင်း ကောလိပ်တက်နိုင်မယ့် စကောလားရှစ်အခွင့်အရေးကိုတွေ့ရှိခဲ့ပါတယ်။ လီယို ကတော့အဲဒါကိုအရမ်းစိတ်လှုပ်ရှားနေပြီး သူ့သားကို ဖြစ်မြောက်စေချင်တာပါ။ ရူဆိုမိသားစုကတော့အပျက်ဘက် ကပဲမြင်ပါတယ်။ ဒါပေမယ့် စတစ် ကစကောလားရှစ်အတွက် မလေ့ကျင့်ခင်မှာပဲ သူ့ရဲ့ကောင်မလေးကဖြတ်သွားလို့ depression တွေ၀င်ပြီး မစားနိုင်မသောက်နိုင်ဖြစ်သွားခဲ့ပါတယ်။ အဲဒါကို လီယို ကသိတော့မနေနိုင်တော့ပဲ သူ့သားကိုအစွမ်းကုန်မြေ တောင်မြှောက်ပေးတဲ့အခါမှာတော့ ဆက်ပြီးဘာတွေဖြစ်မလဲ ဆိုတာကိုစိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖခင် တစ်ယောက်က သားတစ်ယောက်အပေါ်မှာထားတဲ့မျှော်လင့် ချက်ကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာဖြစ်တဲ့အတွက် ဒီကား လေးကိုကြည့်ဖို့ recommend ပေးပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size..........(2.11 GB) / (850 MB) / (480 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......Theo Kat Encoder..........SWM

Comedy • Drama
6.8 2023 106 mins
Somewhere in Queens
(18+) A Good Lawyer's Wife
6.1

ဒီကားကို 2010 မှာ The Housemaid နဲ့တစ်‌ခေါက်၊ 2012 မှာ The Taste of Money နဲ့တစ်ခေါက် ကိန်းမှာ ပြိုင်ဖို့ အဖိတ်ခံခဲ့ရတဲ့ Im Sang-soo က ရိုက်ထားတာပါ။ ကိုရီးယားရဲ့ ပါချီပါချက်မဟုတ်တဲ့ A+ မင်းသားစာရင်း၀င် Hwang Jung Min က အဓိက ပါ၀င် သရုပ်ဆောင်ထားပါတယ်။ Hwang ဟာ Ode to My Father, Veteran, New World, Deliver us from Evil စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မင်းသမီးကတော့ တောင်ကိုရီးယားရဲ့ အတော်ဆုံးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ လီချန်းဒုံရဲ့ လက်စွဲတော် မင်းသမီး Moon So Ri ပါ။ ကိုရီးယားမင်းသမီးပေမဲ့ Minari နဲ့ အော်စကာပါရဖူးတဲ့ မင်းသမီးကြီး Youn Yuh-jung ကလည်း အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရှေ့နေနဲ့ သူ့မိန်းမကြားက အိမ်ထောင်ရေး အရှုပ်အရှင်းတွေ၊ ရှေ့နေမိသားစုရဲ့အကြောင်းတွေ၊ သူတို့မွေးစားထားတဲ့ ကလေးရဲ့ အကြောင်းတွေကို ပြသထားတာဖြစ်ပြီး ရှေ့နေကားနဲ့ တိုက်မိတဲ့ စာပို့သမားရဲ့အကြောင်းကိုပါ အရန်အနေနဲ့ ပုံဖော်ထည့်ထားပြီး သူ့အခန်းကတော့ တော်တော်လေး အသက်၀င်လွန်းပါတယ်။ သူ့ဇာတ်ကောင်ဟာ ဘာမှဆုံးရှုံးစရာမကျန်တော့တဲ့ သူတစ်ယောက်က ဘယ်လောက်ထိ လုပ်နိုင်လဲနဲ့ လူတစ်ယောက်ရဲ့ အငုံ့စိတ်က ဘယ်လိုမျိုးလဲ သေချာပုံဖော်သွားတဲ့ ဇာတ်ကောင်ပါပဲ။ Hwang Jung Min ဟာ A+ စာရင်း၀င် မင်းသားပီပီသသ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သလို မင်းသမီးကြီး၂ယောက်ကလည်း ပြောင်မြောက်အောင် ပုံဖော်နိုင်ခဲ့ကြပါတယ်။ ဒီလိုသရုပ်ဆောင်တွေနဲ့တင် ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB Quality - 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 28Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Action • History
6.1 2003 106 mins
(18+) A Good Lawyer's Wife
D Block
5.3

တက္ကသိုလ်ကျောင်း စတက်ခါက ပထမနှစ်ကျောင်းသားဘဝဟာ ကျွန်တော်တို့ဘဝရဲ့ အကောင်းဆုံးအချိန်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဆယ်ကျောက်သက်အရွယ်ဖြစ်တာမို့ အရာရာကို စူးစမ်းချင်စိတ်ကလည်း တဖွားဖွား...။ တက္ကသိုလ်ရဲ့ အနှစ်သာရကို စတင်ခံစားရတဲ့အချိန်ဖြစ်ပြီး ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ရသပေါင်းစုံ ခံစားရတဲ့အပြင် ဘဝဇာတ်ခုံအဖုံဖုံကိုလည်း ကိုယ်တိုင်ရင်ဆိုင်တွေ့ကြုံကြရတာပေါ့။ ဇာတ်လမ်းအကျဉ်း နည်းပညာတက္ကသိုလ်ကျောင်းကို ပထမဆုံးခြေဆန့်ရတဲ့ ကျောင်းသားတွေက တက္ကသိုလ်ရဲ့ အရသာကို ပျော်ရွှင်ခံစားနေကြပါတယ်။ နှစ်ချို့ စီနီယာ ကျောင်းပျော်ကြီးနဲ့အတူ တစ်ခန်းတည်းကျတဲ့ ဘော်ဒါသုံးယောက်ကို မြင်လိုက်ရတော့ Amir Kham ရဲ့ 3 Idiots ကို သတိရစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီကားမှာ 3 Idiots နဲ့ လုံးဝကို ခြားနားပြီး ဇာတ်အိမ်ခိုင်ခိုင်နဲ့အတူ ဇာတ်ကွက် မြှုပ်ကွက်တွေကြား ပရိသတ်တွေကို ရိုလာကိုစတာ စီးသလို ခံစားရစေမှာပါ။ တက္ကသိုလ်ကျောင်းဆိုတဲ့အတိုင်း လျှို့ဝှက်ချက်တွေ ရှိတတ်တာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ကောလိပ်ဂိတ်စောင့်ရဲ့ သမီး ကျားသစ်ကိုက်ခံရာကနေ မသေဘဲ အသက်ဘေးက လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသားဟာ စူးစမ်းတတ်သူပီပီ ကျားသစ်ကိုက်တာ မဟုတ်ကြောင်း ရိပ်မိသွားခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ မင်းသားဟာ ဘယ်သူမှ အဖြေရှာမရနေတဲ့ ကျောင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေရင်း လူသေမှုတွေရဲ့ နောက်ကွယ်ကို သိရှိသွားတဲ့အခါမှာတော့... File size…2.67GB  /  1.2GB Quality… 1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….Yk Translated by  Lwin Htoo Aung & Kevin Ag & Kham Mon

Comedy • Horror
5.3 2022 136 mins
D Block
Aline
6.8

" My Heart Will Go On " ဆိုတဲ့ တိုက်တန်းနစ်သီချင်းလို့ လူသိများတဲ့ ကမ္ဘာကျော်သီချင်းရဲ့ သီချင်းရှင် Celine Dion ကို မိတ်ဆက်ပေးစရာ မလိုလောက်အောင် လူတိုင်းနီးပါး သိကြပြီးသား ဖြစ်မှာပါ။ နှုတ်ခမ်းဖျားလေးနဲ့တင် High Note တွေကို သီဆိုနိုင်တဲ့ ဒီအမျိုးသမီးကို ကျွန်တော်တို့တွေ ချီးကျူးကြတယ်၊ သဘောကျကြတယ်၊ အားကျကြတယ်။ သူ့ရဲ့ သီချင်းတွေကိုလည်း မြတ်နိုးကြတယ်။ အခုတော့ ဒီအမျိုးသမီးဟာ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်တစ်ခုနဲ့ မှတ်တမ်းအတင်ခံရလောက်တဲ့အထိ အောင်မြင်တဲ့ အကျော်ဇေယျတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဇရာအိုပြီဖြစ်တဲ့ မိခင်ကြီးရဲ့ မွေးဖွားဖို့ ချီတုံချတုံ ဖြစ်ခဲ့ရာကနေ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ မွေးချင်း ၁၄ ယောက်မှာ အထွေးဆုံးလေး အယ်လင်းအဖြစ် မွေးဖွားအမည်တွင်လာခဲ့တယ်။ တစ်ခါကြားရုံနဲ့ စွဲမက်စေနိုင်လောက်တဲ့ အသံပါရမီကလည်း ပါလာခဲ့ပြန်တယ်။ " ကလေးမလေး သီချင်းမဆိုရင် ငါတို့ မလာဘူး " လို့ ပြောယူရလောက်တဲ့အထိ ငယ်စဉ်ကတိုင် လူအများရဲ့ အသိအမှတ်ပြုမှု ချီးကျူးမှုတွေကို ခံယူခဲ့ရသူဖြစ်တဲ့ အယ်လင်းဟာ " အဆိုတော်ကောင်း တစ်ယောက် ဖြစ်ချင်တယ် " လို့ မိခင်ဖြစ်သူကို တစ်နေ့တော့ ပြောလာတယ်။ မိခင်ကိုယ်တိုင် အနီရောင် ဖဲကြိုးလေး ချည်ပေးလိုက်တဲ့ မန်နေဂျာ ဂီကလော့ဒ်ကမာဆီ ပို့လိုက်တဲ့ ကတ်ဆက်ခွေလေးဟာ တစ်ချိန်မှာ ကျော်ကြားလာမယ့် ၁၂ နှစ် အရွယ် အယ်လင်းဆိုတဲ့ ကောင်မလေးရဲ့ ပဏာမခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ မန်နေဂျာကြီးရဲ့ လမ်းပြကောင်းမှု၊ ကာယကံရှင်ရဲ့ ပါရမီနဲ့ ကြိုးစားမှုတို့ကြောင့် နိုင်ငံကျော်အဆိုတော်ဘ၀ကနေ နိုင်ငံတကာထိ ထိုးဖောက်ဖို့ အခြေအနေတွေ ဖြစ်လာပါတော့တယ် ကနေဒါ အဆိုရှင် အယ်လင်းကနေ ကမ္ဘာကျော်အဆိုတော် စီလင်း ဖြစ်လာပုံ အဆင့်ဆင့်ကို တွေ့မြင်ရမှာဖြစ်ပြီး သူ့ရဲ့ ငယ်ဘ၀နဲ့ အနုပညာလမ်းကြောင်းတစ်လျှောက် ကြိုးစားခဲ့ပုံတွေ အခက်အခဲတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်လို့ ဒီဇာတ်လမ်းဟာ " Get to know Célin Dion " ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ဝါသနာကြီးသူတို့အတွက်လည်း ခွန်အားပေးမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် အညွှန်းကိုတော့ Yoon Sandi Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Biography, Comedy, Drama Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 700MB and 300MB Format…mp4 Duration….2h 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Action • Adventure
6.8 2020 126 mins
Aline
12 Hours

တရုတ်အက်ရှင်ကားကောင်းလေးတစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ခေတ်လွန်Cyber City မှာ နေ့စဉ်လူပျောက်မှုတွေဆက်တိုက်ဖြစ်နေပါတယ်။ အထူးတပ်သားဟောင်းဖြစ်တဲ့ ကျင်းချန် (Aarif Rahman)ဟာ သမီးလေးခွဲစိတ်ရဖို့အတွက် Credit Bitဆိုတဲ့ ချေးငွေလုပ်ငန်းမှာ ခန္ဓာကိုယ်ကိုအပေါင်ထားချေးငွေယူတဲ့အချိန်ကနေပြဿနာတွေစတော့တာပါပဲ။ ချေးငွေသဘောတူစာချုပ်ချုပ်ပြီးတဲ့အချိန်မှာ ကျင်းချန်ဟာမေ့ဆေးပေးခံရပြီး တစ်ခြားသူတွေနဲ့အတူ ထူးဆန်းတဲ့သစ်တောတစ်ခုကိုရောက်သွားပါတယ်။ နယ်ပယ်အသီးသီးလူတွေစုနေတဲ့သူတို့လူတစ်စုဟာ အဲဒီသစ်တောထဲမှာအသက်ရှင်ဖို့ကြိုးစားကြရပါတယ်။ တကယ်တော့သူတို့ဟာစွမ်းရည်စမ်းသပ်ခံဖို့Survival Gameတစ်ခုကို ကစားနေမှန်းမသိကစားနေကြရတာပါ။ မျိုးရိုးဗီဇအဆင့်မြှင့်သတ္တဝါတွေနဲ့ပါတိုက်ခိုက်ရတဲ့သူတို့ဟာ အသက်ရှင်နိုင်ပါ့မလား ဆိုပြီးရင်တမမနဲ့ကြည့်ရမှာပါ။ Effect တွေကတော်တော်ကောင်းပြီး တိုက်ရိုက်ရေးဒါရိုက်တာကလဲ Jackie Chan ရဲ့ကားတွေရိုက်ခဲ့တဲ့ဒါရိုက်တာဆိုတော့ အတိုင်းထက်အလွန်ပါပဲ။ ဇာတ်သိမ်းမှာ ထင်မထားတဲ့အကွက်နဲ့သိမ်းသွားတာဆိုတော့ ကြည့်ရှုအားပေးကြပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 24 min Genres : Action , Crime , Adventure Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Encoded by LK

Horror
0 2022 83 mins
12 Hours
A Place to Fight For
7.2

A Place to fight for (2023) ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့ လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။ သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။ ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။ အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။ ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။ နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။ မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။ ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ် ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။ ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။ သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲ သူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ သူတို့ရဲ့မိသားစုဘဝလေးဟာ အခက်ခဲတွေနဲ့ကြုံလာရပါတော့တယ်။ ဂရက်ကလဲ သူ့ရဲ့သူလျှိုအလုပ်ကြောင့် သူတို့မိသားစုကိုထိခိုက်မှာစိုးတဲ့အတွက် အချိန်တွေအမျိုးမျိုးဆွဲနေပေမဲ့ နောက်ဆုံးမှာတော့ ရှောင်လွဲလို့မရတော့ပါဘူး။ ဂရက်ရဲ့ အလိမ်ညာတွေပဲပေါ်သွားမလား သူတို့နေတဲ့နေရာလေးကိုပဲ ရေကာတာလုပ်ငန်းကြီး ဆောက်သွားမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး .... အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။

Horror
7.2 2023 103 mins
A Place to Fight For
Three Colors: Red
8

တတိယမြောက်နဲ့ နောက်ဆုံးကားကျ အနီရောင် သူက အသိုင်းအဝန်း သဟာဇာတ စိတ်ဓါတ်လိုမျိုးပေါ့။ ၃ကားထဲမှာ Rating အကြမ်းဆုံး နောက်ဆုံးကား အော်စကာတွေပါ စကာတင်ဝင်ခဲ့တာ။ ဒီမှာကျ မင်းသမီးဇာတ် ပြန်ဖြစ်သွားပြန်ရော တစ်ကားလုံး အနီရောင်ပစ္စည်းတွေ ထည့်သွင်းပြသသွားတာတော့ သဘောကျမိတယ်။ ဗယ်လင်တင်းဆိုတဲ့ မော်ဒယ်မလေး ရှိတယ် ချစ်သူနဲ့ ဖုန်းတပြောပြော ချစ်သူရှိတဲ့ အင်္ဂလန်နောက် လိုက်ချင်နေတဲ့အပျိုမလေးပေါ့။ တစ်ရက်ကျ ခွေးမလေးတစ်ကောင်ကို ကားနဲ့တိုက်မိရာက ခွေးပိုင်ရှင် အငြိမ်းစား တရားသူကြီးဟောင်းကြီးနဲ့ ဆုံပါလေရော။ ဆုံတဲ့အပြင် ဒီလူကြီးရဲ့ ထူးဆန်းတဲ့အကျင့်ကိုပါ တွေ့သွားခဲ့တာ ဘာထူးဆန်းတာလဲဆိုတော့ ဒီဘဲကြီးက ပတ်ဝန်းကျင်နားကလူတွေရဲ့ ဖုန်းလိုင်းကို ကြားကဖြတ်နားထောင် စပိုင်လုပ်နေတာပဲ။ အဲဒီမှာ ဒီလူကြီးနဲ့ တွေ့ပြီး ဘာဆက်ဖြစ်ကြမလဲဆိုပြီး စိတ်ဝင်စားဖွယ် ရိုက်ထားတာ ကြည့်ရမှာ သူကျ။ ဒီကားထဲမှာလည်း ချစ်စရာမော်ဒယ်မလေးအဖြစ် ဆွစ်ဇာလန်မင်းသမီး Irène Jacob က ကောင်းကောင်းသရုပ်ဆောင်ထားပါတယ်။ ဇာတ်သိမ်းမှာလည်း ၃ ကားလုံး ကြည့်ထားတဲ့လူတွေကို စပရိုက်စ် တိုက်သွားပါသေးတယ်လို့ ပြောရင်း ဆွေးမြေ့ဝိုင်ဖြစ်တဲ့ ပြင်သစ်သုံးရောင်ခြယ်လေးကို ခံစားကြည့်လိုက်ရအောင်ဗျာ။

8 1994 100 mins
Three Colors: Red
The Lost Lotteries
5.5

“တေ”ဆိုတဲ့ကောင်လေးနဲ့သူ့အမေဟာ အရမ်းဆင်းရဲကြပါတယ်…တစ်နေ့တစ်နေ့ ထီ ရောင်းရင်းပိုက်ဆံရှာနေရတာပေါ့ “တေ”ဟာ ထီထွက်တဲ့အပတ်တိုင်း ထီတစ်စောင်သိမ်းထားလေ့ရှိပါတယ် တစ်နေ့မှာ “တေ”က သူ့အမေအစား ထီရောင်းရင်း ဖြစ်ချင်တော့ သူOnlineရောင်းလိုက်တဲ့ထီလက်မှတ်တွေထဲမှာ ပထမထီဆုကြီး ၅ စောင်ပါနေပါတယ် ပေါက်သူလေးယောက်နဲ့သူပေါ့ ဒါပေမယ့် ကံဆိုးစွာပဲ သူ့အမေအကြွေးတင်ထားလို့ အကြွေးတောင်းသူတွေပိုက်ဆံလာတောင်းရင်း တန်ဖိုးကြီးပစ္စည်းမရှိတာနဲ့ သူရောင်းတဲ့ထီအိတ်ကိုယူသွားပါတော့တယ် အဲ့ဒီမှာ ထီပေါက်တဲ့သူတွေကရောက်လာပြီး ထီလက်မှတ်မရှိလို့ ပြဿနာဖြစ်ပါလေရော… ထီပေါက်တဲ့သူတွေလည်း သူတို့လုပ်ချင်တဲ့ ကိုယ်စီအိပ်မက်တွေရှိကြတာမို့ ပိုက်ဆံ သန်း ၃၀ မဆုံးရှုံးချင်တာနဲ့ သူတို့တွေပူးပေါင်းပြီး ထီလက်မှတ်ပြန်လုယူဖို့အစီစဉ်ဆွဲပါတော့တယ် သူတို့ရဲ့ထီလက်မှတ်တွေပြန်ယူနိုင့်ပါ့မလား… ဘယ်လိုအခက်ခဲတွေနဲ့ကြုံရမလဲ သူတို့အိပ်မက်လေးတွေရော အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲကြည့်ရှူလိုက်ရအောင်နော် ? ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:46:00 Type__Crime, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Comedy • Drama • Horror
5.5 2022
The Lost Lotteries
Pay or Die
7.4

Pay or Die (2023) “ပိုက်ဆံပေးမလား သေမလား” အဲလိုမျိုး ခက်ခဲတဲ့ ရွေးချယ်မှုလုပ်ရမယ့်အချိန်မှာဆိုရင် သင်ဆိုရင်ရော ဘာကို ရွေးချယ်မလဲ။ အဲလိုမျိုး ရွေးချယ်မှုတွေ လုပ်နေရတဲ့ အမေရိကန်ပြည်ထောင်စုက လူတွေအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ “Pay or Die” ဆိုတဲ့ Documentary film တစ်ခုပါ။ Rotten Tomatoes 91%, IMDb rating 7.4 ရရှိထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်သလောက် ဈေးကြီးတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှင်တွေ အသုံးပြုရတဲ့ အင်ဆူလင်နဲ့ ဆက်စပ်ပစ္စည်းတွေဟာလည်း ဈေးကြီးပါတယ်။ ရောဂါရှင် တစ်ယောက်အတွက် တစ်လကို ဒေါ်လာ ထောင်နဲ့ချီပြီး အကုန်ခံမှသာ အသက်မသေမှာဖြစ်ပါတယ်။ အဲလိုနဲ့ အင်ဆူလင်ဖိုးမတတ်နိုင်ဖို့ သေသွားရတဲ့ လူနာတွေလည်း ထောင်နဲ့ချီပြီး ရှိနေပြန်ပါတယ်။ အဲတော့ ပိုက်ဆံပေးမလား သေမလား ဆိုတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားပါတယ်။ အဲလိုဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီးကို တွန်းလှန်ကြရင်း ဥပဒေပြုဖို့ ကြိုးစားကြတဲ့ လူတစ်စုအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကောင်းလေးပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 991MB | 442MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

7.4 2023 90 mins
Pay or Die
Being John Malkovich
7.7

ဒီတစ်ခါမှာတော့ 1999ခုနစ်က ထွက်ရှိထားပြီး IMDb 7.7 နဲ့ Rotten Tomatoes မှာ 94%ထိ ရရှိထားတဲ့ အပြင် ဆုပေါင်းများစွာ ရရှိထားတဲ့ Comedy/Fantasy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးသွားမှာပါ။ ခရစ်ဟာ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေသူတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ လက်စတာကော့ လို့ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်တစ်ခု ရရှိသွားပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ရုံးခန်းအသစ်မှာ ထူးဆန်းတဲ့ အပေါက်တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲ့ဒီ အပေါက်ကို ဝင်လိုက်တဲ့သူဟာ နာမည်ကြီး ရုပ်ရှင်မင်းသားရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာပါ။ သာမန်လူတွေအတွက်တော့ အပေါက်ထဲကို ဝင်သွားလိုက်ရင် မင်းသားရဲ့ ကိုယ်ထဲကို ၁၅ မိနစ် ရောက်ရှိသွားပြီး သူ့နေရာမှာ ဝင်ပြီးခံစားခွင့်ရပေမဲ့ ရုပ်သေးဆရာ ခရစ်ကတော့ မင်းသားကြီးရဲ့ ခန္ဓာကိုယ်ကို ကြိုက်သလို ထိန်းချုပ်လို့ရပြီး နေချင်သ‌လောက် နေလို့ရတာပါပဲ ဒီလိုနဲ့ ခရစ်ဟာ သူများရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ ကြိုးစားရာက ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာ‌ကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…(1.7 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre…Drama, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Adventure • Romance • Drama
7.7 1999 113 mins
Being John Malkovich
Firefly
7.8

Firefly ( 2023 ) Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။ နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။ အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့ သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးက ထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ သူ့ဇာတ်လမ်းကိုပြောပြခြင်းဟာ စိတ်ဝင်စားစရာကောင်းပေမဲ့ ရိုးစင်းနေခြင်းပါပဲ။ ဒါပေမဲ့ ဖိလစ်ပိုင်ရုပ်ရှင်တွေရဲ့ တန်းနဲ့ပဲ ပြန်ချိန်ညှိရင်တော့ Firefly ဟာ တော်တော်ကြည့်ကောင်းမယ့်ထဲ ပါနေမှာပါ။ ကြည့်လည်းကြည့်ရခဲမယ့် ဖိလစ်ပိုင်ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ အမျိုးသားစာပေဆု ကလေးစာပေဆုရ ပုံပြင်စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ အယ်ဗာရိုဟာ ဆုလက်ခံတော့မယ့်အချိန်မှာ အင်တာဗျူးတစ်ခုလုပ်ခဲ့ပါတယ်။ အင်တာလာဗျူးတဲ့သူကတော့ သူ့ဇာတ်လမ်းကို သူ့ကိုယ်ပိုင်ဇာတ်လမ်းလို့ မထင်ဘဲ တစ်ယောက်ယောက်ဆီက ကူးချထားတယ်လို့ထင်နေခဲ့တယ်။ ဒီလိုနဲ့ အယ်ဗာရိုဟာ သူ့စာအုပ်ရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ တွမ်တွမ်ဆိုတဲ့ ကောင်လေးနဲ့ အဲဒီကောင်လေးရဲ့စွန့်စားခန်းအကြောင်းကို စီကာပတ်ကုံးပြောပြဖို့ ဖြစ်လာတော့တယ်။ တွမ်တွမ်ကတော့ သူ့အမေပြောဖူးတဲ့ ပုံပြင်ထဲက မှော်ဆန်တဲ့နေရာတစ်နေရာကို ခရီးထွက်ခဲ့တဲ့ ကလေးလေးတစ်ယောက်ပါပဲ။ အယ်ဗာရိုပြောပြမယ့် တွမ်တွမ်ရဲ့ မှော်ဆန်တဲ့ဇာတ်လမ်းလေးမှာ ဘာတွေဖြစ်လာမလဲ ဖိလစ်ပိုင်ရဲ့ရှုခင်းတွေနဲ့အတူ စိတ်ဝင်တစားကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ Fireflyဟာ ဘဝမှာ ကျွန်တော်တို့ ကြုံနိုင်မြင်နိုင်တဲ့အထဲက မှော်အဆန်ဆုံးအရာတစ်ခုအကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Fantasy Quality…. 1080p | 720p File size… 1.6GB | 810MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.8 2023
Firefly
Love, Sitara
6.4

Love Sitara (2024) ချစ်ရပါသော စင်တာရာ IMDb 6.5/10 စင်တာရာလို့ခေါ်တဲ့ အသက်နှစ်ဆယ့်ကိုးနှစ်အရွယ်အမျိုးသမီးလေးဟာ ငယ်ရွယ်ပြီးအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ထားပြီးပျော်ရွှင်နေသူတစ်ဦးပါ တစ်ရက်သူမကိုယ်ဝန်ရှိနေတယ်ဆိုတာကိုမသိသေးခင်အထိပေါ့ ကိုယ်ဝန်ရှိလာပြီးနောက်မှာတော့သူမရဲ့ချစ်သူအာဂျွန်နဲ့လက်ထပ်ပွဲကိုအလျင်အမြန်ပဲစီစဉ်ပါတော့တယ် အာဂျွန်ကတော့စားဖိုမှူးတစ်ယောက်ဖြစ်ပြီး သူ့အဖေရဲ့အထင်အမြင်သေးခြင်းကိုအမြဲတမ်းခံနေရသူတစ်ဦးပေါ့ သူတို့နှစ်ဦးရဲ့ချစ်ခြင်းကိုတစ်ဆင့်ရှေ့ဆက်တက်တော့မယ့်အချိန်မှာ နှစ်ဖက်မိသားစုရဲ့ရှုပ်ထွေးတဲ့ အိမ်တွင်းရေးတွေနဲ့ ရင်ဆိုင်လာရပါတော့တယ် စင်တာရာမိသားစုရဲ့လျှို့ဝှက်ချက်ကအရာအားလုံးကို ဖျက်ဆီးဖို့အကြောင်းဖန်လာခဲ့ပြီး ဒါတင်မကနောက်ထပ်လျှို့ဝှက်ချက်တစ်ခုက မိသားစုနှစ်ခုအကြားအငြင်းပွားဖွယ်ဖြစ်လာခဲ့ပြီး‌ေနာက်မှာ‌ မင်္ဂလာပွဲပျက်ဖို့အထိဖြစ်လာခဲ့ပါတော့တယ် (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)

6.4 2024 106 mins
Love, Sitara
78 Days 78 dana
7.4

78 Days (2024) IMDb Rating (7.4) ၁၉၉၉ ကိုဆိုဗိုစစ်ပွဲတွေဖြစ်နေတဲ့ ကာလမှာ ဇာတ်အိမ်တည်ထားတဲ့ ဆာဘီးယားရုပ်ရှင်ပါ။ ဒီဒေသကစစ်ပွဲတွေ အငြင်းပွားမှုတွေဟာ နှစ်တွေတော်တော်ကြာခဲ့သလို ပြီးလည်းမပြီးသေးပါဘူး။ သူ့ဇာတ်အိမ်တည်ထားတဲ့ကာလကတော့ နာမည်အကျော်ခဲ့ဆုံး အရှိန်အကောင်းဆုံးကာလပေါ့။ ရုပ်ရှင်ကတော့ ဒီစစ်ကို နောက်မှာသဲ့သဲ့လေးထားပြီး coming of age ဆန်ဆန် ညီအစ်မသုံးယောက်ရဲ့ ဒီကာလတွင်း အခြေအနေကို ရိုက်ပြထားတာပါ။ ဒိုကူမန်ထရီလို့တောင် ထင်ရအောင်ကို ရိုက်ပြထားတယ်။ စစ်ကြီးက တစ်ဖက်မှာဖြစ်နေတဲ့အချိန် စစ်ကြီးထဲကလူတွေ ဘယ်လိုရှင်သန်ကြလဲဆိုတာ ကြည့်ရမယ့်ရုပ်ရှင်လို့ပဲ ပြောချင်ပါတယ်၊။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.6 GB) / (2.4 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Family • Comedy • Adventure
7.4 2024 82 mins
78 Days 78 dana
Trade Your Love
6.1

Trade Your Love (2019) ********************** CMပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ မင်းသား Kim Dong-wookနှင့်အတူ မင်းသမီး Ko Sung-heeတို့ အဓိက ပါဝင် သရုပ်ဆောင်ထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် .. ဇာတ်လမ်းအညွှန်း ************* လေကြောင်းလိုင်းပိုင်ရှင် သူဌေးကြီးရဲ့ သားဖြစ်သူ ဆောင်းဆော့(Kim Dong-wook)ဟာ ဥစ္စာပေါရုပ်ချောဖြစ်ပေမဲ့လည်း ဖခင်ဖြစ်သူ သဘောမတူတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိပြီး လက်ထပ်ဖို့ အခက်တွေ့နေရသူတစ်ယောက်ပါ။ ဖခင်ဖြစ်သူကလည်း သူသဘောတူတဲ့ မိန်းကလေးနဲ့လက်ထပ်မှ ကုမ္ပဏီကို ဆက်ဆံခွင့်ရရှိမယ်လို့ အမိန့်ထုတ်ထားတဲ့အတွက် ဆောင်းဆော့တစ်ယောက် ကြံရာမရဖြစ်လို့နေခဲ့ပါတယ်။ ဟယ်ဂျူ(Ko Sung-hee)ကတော့ တစ်ချိန်က ပြေးခုန်ပစ်အားကစားလက်ရွေးစင် တစ်ယောက်ဖြစ်ခဲ့ပြီး မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ကစားသမားဘဝမှ အနားယူလိုက်ရကာ ဘဝရဲ့ဦးတည်ချက် ပျောက်ဆုံးနေရတဲ့အချိန်မှာမှ မိသားစုဝင်တွေရဲ့ အတင်းအဓမ္မ လက်ထပ်ဖို့ ဖိအားပေးခြင်းကို ခံနေရသူလေးပါ။ ဒီလိုနဲ့ ဆောင်းဆော့နဲ့ဟယ်ဂျူတို့နှစ်ဦးသား မိသားစုရဲ့စီစဥ်ပေးမှုနဲ့ ကြင်ဖက်တွေ့ရာကနေ ဆုံစည်းခဲ့ပါတော့တယ်။ အဲဒီနောက်မှာ သူတို့နှစ်ဦးဟာ လိုချင်တာကို အသီးသီး ရယူနိုင်ဖို့အတွက် နောက်ဆုံးတော့ ၃နှစ်တာ စာချုပ်ချုပ်ပြီး ဟန်ဆောင်လက်ထပ်ဖို့ သဘောတူခဲ့ကြပါတော့တယ်။ အဲဒီလိုကနေ ဟန်ဆောင်လက်ထပ်ဖို့ ပြင်ဆင်နေတဲ့ အတောအတွင်း သူတို့ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ တွေ့ကြုံလာခဲ့ရတဲ့အခါမှာတော့…. ဘယ်လို အလွဲတွေ ဖြစ်ပြီး ချစ်သွားကြမလဲဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာကြောင့် ဇာတ်ကားလေးထဲမှာ ဆက်လက်ရှုစားပေးကြပါဦးနော်… (အညွှန်းကို Phyo မှ ရေးသားထားပါတယ်) File size…1.81GB / 928MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 27 min. Genre ….. Comedy, Romance, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phyo Encoded by AHtet

Action • Crime • Drama • Mystery
6.1 2019 87 mins
Trade Your Love