YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Starry Love E04 CM.mp4

291.5 MB N/A video/mp4 649 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cassiopeia
7.2

ဟိုးအရင်တုန်းက ညဘက်မှာ လမ်းပျောက်ရင် ဓူဝံကြယ်ကိုကြည့်ပြီး လမ်းရှာခဲ့ကြပါတယ် ဓူဝံကြယ်ကိုရော ဘယ်လိုရှာသလဲ... အတောက်ပဆုံးဆိုတဲ့ "ကယ်ဆီယိုးပီးယား" ဆိုတဲ့ ကြယ်စုတန်းကို ရှာတွေ့ရင် ဓူဝံကြယ်ကို ရှာတွေ့ပါသတဲ့လေ... ဒါဆိုရင် ညဘက်မှာလမ်းပျောက်ရင် ကြယ်ကိုကြည့်ပြီး လမ်းရှာနိုင်ပေမဲ့ နေ့ခင်းဘက်မှာ လမ်းပျောက်ရင်ရော... တကယ်တမ်း နေ့ခင်းမှာလမ်းပျောက်ခဲ့သူကတော့ ဘတ်ဆူဂျင်းပါပဲ ဘတ်ဆူဂျင်းဟာ သမီးနဲ့ နှစ်ယောက်တည်းနေရင်း တစ်ခုခုဆို အဖေဖြစ်သူကိုပါ အကူအညီတောင်းနေရသူ တစ်ယောက်ပါ ဖြစ်ချင်တော့ အသက် ၃၀ ကျော်ပဲရှိသေးတဲ့ ဘတ်ဆူဂျင်းဆီကို မထင်မှတ်ထားတဲ့၊ အဲဒီအသက်အရွယ်မှာ ဖြစ်ခဲလှတဲ့ Dementia လို့ ခေါ်တဲ့ သတိမေ့တတ်တဲ့ ရောဂါကြီး ရောက်လာခဲ့ပါတော့တယ်။ တကယ်တမ်း အရေးကြုံလာရင် ဘေးနားမှာရှိပေးတာက မိဘပါပဲ၊ ဘတ်ဆူဂျင်းရဲ့အဖေကတော့ သမီးဖြစ်သူရဲ့ ဘေးမှာ စောင့်ရှောက်ပေးရင်း အရာရာကို အတူတူရင်ဆိုင်ပေးခဲ့တာပါ ဘတ်ဆူဂျင်းအဖြစ် သရုပ်ဆောင်ထားတာကတော့ Why Her? ကရှေ့နေမမ အိုဆူဂျယ် (Seo Hyun Jin) ပဲဖြစ်ပါတယ်၊ ရှေ့နေဆိုတဲ့ ဇာတ်ကောင်တူနေပေမဲ့ လုံးဝကွဲပြားနေတာကတော့ သတိမေ့တတ်တဲ့ ပုံစံနဲ့ သရုပ်ဆောင်ရတဲ့ဇာတ်ကောင်စရိုက် ပါပဲ ဒီရုပ်ရှင်ကတော့ Seo Hyun Jin ရဲ့ next level ရောက်နေတဲ့ သရုပ်ဆောင်ချက်တွေနဲ့တင် ကြည့်ရတာ အရမ်းကိုတန်နေပါပြီ နောက်ဆုံးမှာ လမ်းပျောက်နေတဲ့ ဆူဂျင်းတစ်ယောက် ရှာတွေ့သွားနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…  931MB | 534MB | 238MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Crime • Drama
7.2 2022 101 mins
Cassiopeia
Minority Report
7.3

တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။ precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ အထူးတာဝန်နဲ့ရောက်လာတဲ့ ဖယ်ဒရယ်အေးဂျင့် ဒန်နီဝစ်တ်ဝါကလည်း အထက်ဌာနတို့ထုံးစံအတိုင်း မာန်တကြွကြွနဲ့ဖြစ်တာကြောင့် ရဲအဖွဲ့မှူး အန်ဒါတန်တို့နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ တစ်နေ့မှာတော့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လူသတ်မှုတားဆီးဖို့ precogs တွေခန့်မှန်းပေးတဲ့ လူသတ်သမားနာမည်ပါတဲ့ ဘောလုံးအနီကို အန်ဒါတန်တစ်ယောက် ကြည့်မိချိန်မှာ လူသတ်သမားနာမည်ဟာ သူကိုယ်တိုင်ဖြစ်နေတာ တွေ့လိုက်ရပါတော့တယ်။ အန်ဒါတန်အနေနဲ့ ဒါဟာ Precrime စနစ်ရဲ့ဟာကွက်ကို ‌မျက်စိဒေါက်ထောက်ကြည့်နေပြီး သူ့ကိုလည်းမကြည်တဲ့ ဖယ်ဒရယ်အေးဂျင့် ဝစ်တ်ဝါရဲ့ ထောင်ချောက်ဆင်မှုဖြစ်ကြောင်း သံသယဖြစ်မိပြီး ထွက်ပြေးဖို့ကြံပါတော့တယ်။ အန်ဒါတန်အနေနဲ့ precogs တွေခန့်မှန်းသလို တကယ်ပဲ လူသတ်မိမှာလား၊ ပြီးပြည့်စုံတယ်လို့ထင်ရတဲ့ Precrime စနစ်ရဲ့အားနည်းချက်တွေက ဘာတွေဖြစ်မလဲဆိုတာနဲ့ အန်ဒါတန်ကို တကယ်ပဲ ဝစ်တ်ဝါကထောင်ချောက်ဆင်ခဲ့သလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရှုစားကြည့်ကြပါ။ အခြား sci-fi တွေလို ဂြိုဟ်သားတွေ၊ လက်နက်ဆန်းတွေ၊ သတ္တဝါကြီးတွေ မပါပေမယ့် စိတ်ကူးစိတ်သန်းဆန်းသစ်စွာနဲ့ သာမန်မှုခင်းဇာတ်အိမ်မျိုးကို ပုံစံတစ်မျိုးနဲ့ရိုက်ကူးပြထားတာဖြစ်လို့ ဇာတ်လမ်းအဆုံးထိ ရင်တမမနဲ့ကြည့်သွားရမယ်လို့ ရဲရဲကြီးအာမခံပါတယ်။ ဇာတ်လမ်းမှာပါတဲ့ လှည့်ကွက်လေးတွေ၊ အချိတ်အဆက်တွေကလည်း ဇာတ်အီမသွားအောင် သေသေသပ်သပ်ထည့်ထားတာဖြစ်လို့ ဘောလိဝုဒ်၊ တောလိဝုဒ်ကားတွေလို expected twist မျိုးဖြစ်မသွားပါဘူး။ File size…(4.4 GB)/(1.5 GB) Quality…BluRay 1080p / 720p Format…mp4 Duration….02:25:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ninja

Drama
7.3 2002 145 mins
Minority Report
Sync
7

Sync (2023) IMDb - 7.3/10 အခုတစ်ခါမှာတော့ Rating ကောင်းပြီး ဇာတ်လမ်းတင်ဆက်ပုံ ထူးထူးခြားခြားနဲ့ကြည့်ရမဲ့ Horror/ thriller ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း အလုပ်မှာ အဆင်မပြေတာတွေအမြဲကြုံနေကြတော့ သူငယ်ချင်းလေးယောက် စိတ်လွတ်ကိုယ်လွတ်ပျော်ဖို့ နေ့ချင်းပြန်ခရီးတစ်ခု စီစဉ်ခဲ့ကြပါတယ်။ သို့ပေမဲ့ လမ်းခရီးမှာ ကားချို့ယွင်းချက်ကြောင့် လူတစ်ယောက်ကို မတော်တဆတိုက်မိပြီး ထွက်ပြေးခဲ့ကြတဲ့အချိန်မှာတော့ ... အပြစ်ရှိတဲ့သူတွေဟာ အပ်ကျရင်တောင်ကြောက်တတ်ကြတာမလို့ သူတို့လေးယောက်ကို ဘယ်လိုအရာတွေကခြောက်လှန့်နေမှာလဲ အရင်နဲ့မတူ တမူထူးတဲ့ ခြောက်နည်းခြောက်ဟန်တွေကြား သူတို့ကိုယ်လွတ်ရုန်းဖို့ ဘယ်လိုတွေချောက်တွန်းကြမလဲဆိုတာ ထင်မှတ်မထားတဲ့ Plot twist နဲ့ စိတ်ခြောက်ခြားဖွယ် ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ BpL~ Yunni ~ Aditi ~ Cherry ~ V တို့ပဲဖြစ်ပါတယ်) File size…875MB / 389MB Quality…1080p WEB DL/ 720p Format…mp4 Duration….1h 17mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Moon ~ BpL~ Yunni ~ Aditi ~ Cherry ~ V

Drama • History • Thriller
7 2023 77 mins
Sync
Collateral Beauty
7.2

ဒီရုပ်ရှင်ကားမှာ ဝီလ်စမစ် ကို အကြမ်းအရမ်း အနေနဲ့ တွေ့မြင်ရမှာမဟုတ်ပဲ ပုံစံတစ်မျိုး ထူးခြားစွာ မြင်တွေ့ရမှာပါ... ဟောင်းဝါ့ဒ် (ဝီလ်စမစ်) ဟာ စီးပွားရေး နယ်ပယ်မှာ အချိန် ၊ အချစ် ၊ သေခြင်းတရား ဆိုတဲ့ စကားလုံး သုံးခု နှင့် လူတွေ ရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ စီးပွားရေး ပညာရှင် တစ်ယောက်ဖြစ်ပါတယ်... ဟောင်းဝါ့ဒ် နှင့် သူငယ်ချင်း ၃ ယောက်ဖြစ်သော ဝှစ် ၊ ကလဲယား ၊ ဆိုင်မွန် တို့ အတူ တကွ အောင်မြင်အောင် စီးပွားရေး လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်.... သို့ပေမယ့်.... ၃ နှစ်ကြာပြီးနောက် ဟောင်းဝါဒ် ဟာ သူ့ရဲ့ သမီးငယ်လေး သေဆုံးသွားတဲ့ အချိန်ကစပြီး တစ်ယောက်ထဲ ငူငူ ငိုင်ငိုင် ဖြစ်ကာ အလုပ်ကိုလဲ စိတ်မဝင်စား မိမိကိုယ်ကိုယ်လဲ ဂရုမစိုက်ပဲ နေချင်သလိုနေခဲ့ပါတယ်... အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ ရုတ်တရက် ဆိုသလို ရပ်တန့်လိုက်တဲ့ အခါ စီးပွားရေးလုပ်ငန်းမှာလဲ အရှုံးပေါ် ရလဒ်တွေပဲ ဖြစ်ပေါ်လာခဲ့ပါတယ်... ဒါကြောင့် သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ဟောင်းဝါဒ် ကို အဲ့ဒီ စိတ်ဒဏ်ရာတွေကနေ ဆွဲထုတ်ဖို့အတွက် ဟောင်းဝါဒ် ရဲ့ သူငယ်ချင်းတွေက အချိန် ၊ အချစ် ၊ သေခြင်းတရား တို့ကို အပြင်မှာ စပြီး အကောင်အထည်ဖော်ကာ အသက်သွင်းပြီး သူတို့ သူငယ်ချင်း ဟောင်းဝဒ် ကို ကယ်တင်ဖို့ ကြိုးစားပါတော့တယ်.... Thit San Khant

Action • Adventure • Fantasy
7.2 2016 97 mins
Collateral Beauty
Dying for a Daughter
5.6

Dying for a Daughter (2021) ==================== ဒီတစ်ခေါက်မှာတော့ မိုးအေးအေးမှာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် Thriller,Dramma အမျိုးအစား မူဗီလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ ရုပ်ရှင်ရဲ့ နာမည်က Dying For a Daughter ဇြစ်ပေမယ့် A Mother’s Secret လို့လည်း အမည်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း… ကားတာယာပွင့်ထွက်မှုကြောင့် ထိုင်ခုံခါးပတ် မပတ်ထားတဲ့ဆယ်နှစ်အရွယ် သမီးလေး ဒဏ်ရာများစွာရခဲ့ပါတယ်။ အဲ့ဒီကလေးကို မြင်လိုက်တဲ့အချိန်မှာ ဆေးရုံက သူနာပြု စမစ်ဆိုတဲ့အမျိုးသမီးဟာ တစ်စုံတစ်ခုကို ခံစားလိုက် ရပါတယ်။ ဒီလိုနဲ့ ကလေးလေးဆေးရုံက ဆင်းပြီး ကလေးကိုဆက်လက်ပြုစုဖို့ သူနာပြုလိုအပ်နေချိန်မှာ သူနာပြုစမစ်ကလည်း သူခံစားရတဲ့ ခံစားချက်ကို အဖြေရှာဖို့ ကြိုးစားရာကဒီရုပ်ရှင်ဖြစ်လာခဲ့တာပါ။ ဒီကားက Thriller လို့ ပြောပေမယ့် Soft Thriller အမျိုးအစားဖြစ်ပြီး အိမ်တွင်းရေးနဲ့ လူ့သဘာ၀တွေပါ ထည့်ထားတာမို့ မိသားစုနဲ့အတူကြည့်လို့ရတဲ့ ရုပ်ရှင်လေးဖြစ်ပါကြောင်းလည်း ထည့်သွင်းပြောပြချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်) File Size……….(1.32 GB) / (580 MB) Quality…………WebRip 1080p / 720p Duration………1Hr 30mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Lwin Htoo Aung Encoder……….SWM

Action • Crime • Thriller
5.6 2021 90 mins
Dying for a Daughter
You’re Not Supposed to Be Here

ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Thriller ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီး Chrishell Stause (A Rose for Her Grave: The Randy Roth Story)နဲ့ Diora Baird (Hot Tamale), မင်းသား Curtis Hamilton (In Broad Daylight) တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ လိင်တူချစ်သူနှစ်ဦးဖြစ်တဲ့ ကန်နဒီနဲ့ ဇိုဝီတို့ နှစ်ဦးက တစ်ဦးနဲ့ တစ်ဦး သစ္စာရှိစွာ ချစ်ခင်ကြသူတွေဖြစ်ပြီး ကံဆိုးစွာနဲ့ ပထမကလေး ပျက်ကျသွားခဲ့တဲ့အဖြစ်ဆိုးကို ရင်ဆိုင်ထားရသူတွေပါ။ သို့ပေမဲ့လည်း ကလေးလိုချင်ကြသူ သူတို့နှစ်ဦးက ဇိုဝီ့သူငယ်ချင်းကောင်လေး အက်ဒမ့်ဆီကနေ သုတ်ပိုးအလှူခံပြီး နောက်တစ်ကြိမ်ကြိုးစားခဲ့ရာကနေ ဇိုဝီက မကြာခင်မွေးဖွားခါနီး နေ့စေ့လစေ့ အခြေအနေကို ရောက်ရှိနေချိန်မှာ သူတို့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ အဲဒါကတော့ ပထမကလေး ပျက်ကျထားမှုရဲ့စိတ်ဒဏ်ရာကြောင့် ဇိုဝီတစ်ယောက် မကြာခဏ သံသယစိတ်တွေနဲ့ ကလေးအတွက် စိုးရိမ်ပူပန်မှုတွေ ကြီးထွားလာတာပါပဲ။ ဇိုဝီ့ရဲ့ကလေးနဲ့ ပတ်သက်တဲ့ ပူပန်မှုတွေက ငါးစက္ကန့်တစ်ကြိမ်လောက် ဖြစ်နေတာမို့ ကန်နဒီတစ်ယောက် အလုပ်ဖြောင့်ဖြောင့် မလုပ်နိုင်ဘဲ အာရုံထွေပြားနေခဲ့တာကြောင့် ကန်နဒီ့ရဲ့သူဌေးက တခြားမြို့တစ်မြို့မှာရှိတဲ့ သူ့ရဲ့တောအုပ်ထဲက အပန်းဖြေအိမ်လေးကို အားလပ်ရက် ခရီးထွက်ဖို့ အကြုံပြုခဲ့ပါတော့တယ်။ သူဌေးရဲ့အကြံပြုချက်အတိုင်း နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ပြေလက်ပျောက် ခရီးတိုလေးထွက်လာကြပေမယ့် သူတို့ရောက်သွားတဲ့မြို့လေးမှာ မထင်မှတ်ထားတဲ့ အန္တရာယ်တွေက စောင့်ကြိုနေခဲ့ချိန်မှာတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

0 2023 88 mins
You’re Not Supposed to Be Here
Adalynn

” Adalynn ” ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိထားပြီး Horror mystery အမျိုးအစားဖြစ်ပါတယ်။ ကိုယ်ဝန်တစ်ခေါက်ပျက်ကျခဲ့ဖူးတဲ့စိတ်ဒဏ်ရာရှိတဲ့မိခင်တစ်ယောက်ဟာ သူမရဲ့ဒုတိယကလေးနဲ့သူမကိုယ်တိုင်အသက်ရှင်နိုင်ဖို့အတွက် စိတ်ကျရောဂါတွေ ပူဆွေးသောကတွေနဲ့ အတွင်းစိတ်တစ္ဆေ ဘယ်လိုပြန်လည်တိုက်ခိုက်မလဲ။ သူမယောကျာ်းအလုပ်ခရီးသွားပြီး သူမနဲ့မွေးကင်းစကလေးငယ်လေးနှစ်‌ယောက်ထဲ အိမ်ထဲမှာကျန်ခဲ့တုန်း သူမကိုစိတ္တဇဖြစ်အောင်လုပ်နေတဲ့အရာဆီကနေ အနိုင်ရနိုင်ဖို့မိခင်တစ်ယောက်ဟာသူမရဲ့ကလေးဖြစ်သူနဲ့ဘယ်လို ရုန်းကန်မလဲဆိုတာကြည့်ရမယ့် Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(514 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Horror Mystery, Drama. Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2023
Adalynn
Imaginary

လူကြီးမင်းတို့ရဲ့ အားလပ်ချိန်မှာ စိတ်အပန်းဖြေစရာ ဟော်ရာရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ ဝေဖန်ရေးဆရာကြီးတွေ ဝေဖန်လေကန်ကြပေမဲ့လည်း ငွေကြေးအရ အတော်လေး အောင်မြင်ခဲ့ပြီး ပရိသတ်လက်ခံနိုင်လောက်တဲ့ ဟော်ရာကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဂျက်စီကာဆိုတဲ့ ကလေးမလေးက ဖြစ်ရပ်တစ်ခုကို မေ့ဖျောက်ပစ်ဖို့ ငါးနှစ်သမီးလောက်မှာ အိမ်ပြောင်းခဲ့ရတယ်။ အရွယ်ရောက်လာချိန် အိမ်ထောင်ဖက်မှာ သမီးနှစ်ယောက်ပါလာခဲ့တဲ့အတွက် ကလေးတွေနဲ့ အဆင်ပြေဖို့အရေး ရုန်းကန်ကြိုးစားရင်း ကလေးဘ၀ကအိမ်ဆီကို ပြန်သွားဖို့ အကြောင်းဖန်လာပါတော့တယ်။ ဂျက်စီကာရဲ့အိမ်ကို ရောက်ချိန်မှာတော့ လင်ပါသမီးထဲက အငယ်မလေးအက်လက်စ်ဟာ မြေအောက်ခန်းကနေ ဝက်ဝံရုပ်ကလေးတစ်ရုပ်ကို တွေ့လာခဲ့ပါတယ်။ အဲဒီဝက်ဝံရုပ်ကလေးကတော့ ဂျက်စီကာရဲ့ ကလေးဘ၀က စိတ်ကူးယဉ်သူငယ်ချင်းဖြစ်ခဲ့ပြီး အချိန်အကြာကြီး သူ့ကို ပစ်ထားခဲ့တဲ့အတွက် ဒေါသတကြီးနဲ့ ရန်ပြုဖို့ ကြိုးစားလာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.3 GB)/(674 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Mystery, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Action • Comedy • Crime
0 2024
Imaginary
A Chinese Ghost Story 3
6.7

Chinese Ghost Story Trilogy အတွက် နောက်ဆုံးကားဖြစ်ပါတယ် သုံးကားလုံးကို ဒီလင့်မှာရှာနိုင်ပါတယ် A Chinese Ghost Story 1 မှာတုန်းက အထိနာခဲ့တဲ့ နှစ်တစ်ထောင်သစ်ပင်မိစ္ဆာကြီး ပြန်အားပြည့်လာပြီးတော့ လန်လော့ဘုရားကျောင်းမှာ အရင်လိုပဲ တစ္ဆေမလေးတွေကိုအသုံးချပြီး ထကြွသောင်းကျန်းနေပါပြီ။ အဲဒီအချိန်မှာ ရွှေဆင်းတုတော်ကိုသယ်လာတဲ့ ဘုန်းတော်ကြီးတို့ဆရာတပည့်နှစ်ယောက်က လူတွေရဲ့ရန်ကနေရှောင်ဖို့အတွက်တစ္ဆေခြောက်တာ အရမ်းကြမ်းတယ်လို့နာမည်ကြီးတဲ့ လန်လော့ဘုရားကျောင်းမှာ တည်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီလိုနဲ့ တစ္ဆေမလေးနဲ့ ကိုရင်လေးရဲ့အချစ်ဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ ဘဝခြားတဲ့သူတို့ရဲ့အချစ်မှာ အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ပြီးတော့ ရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေးတွေစွက်ပြီးတော့ ကြည့်ရမှာဖြစ်ပါတယ်။ A Chinese Ghost Story 1 က တစ္ဆေမလေးနဲ့ မင်းသမီးအတူတူပဲဆိုပေမယ့် ဇာတ်ရုပ်ချင်းမတူပါဘူး။ ကိုရင်လေးနေရာမှာတော့ Tony Leung သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Action • War • Thriller
6.7 1991
A Chinese Ghost Story 3
Home Sweet Home
6

Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့… ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်း ယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့ အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့ အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရ အပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်း ဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့် ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့် မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်က ကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင် အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး အတူပုံဆွဲလေ့ရှိတယ်။ ဒီလိုသာမန်မဟုတ်တဲ့ မိသားစု မရိုးရှင်းတဲ့ အိမ်မှာ မူမမှန်တဲ့ကိစ္စတွေတစ်ခုပြီးတစ်ခုဖြစ်လာခဲ့တယ်။ နောက်ပြီး ဝမ်ကတော်ကလည်း တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီးရတဲ့ ကိုယ်ဝန်ကိစ္စလည်းပေါ်လာပြန်တယ်။ ဒါကြောင့် ဦးနှောက်စားရတာကြိုက်တဲ့ပရိသတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ

6 2021
Home Sweet Home
Return to Me
7

Return to Me (2000) IMDb Rating (7.0) / Rotten Tomatoes (62%) ဒါရိုက်တာ Bonnie Hunt ၏ ပထမဆုံးဇာတ်ကားအဖြစ် ရိုက်ကူးထားပြီး၊ David Duchovny နှင့် Minnie Driver တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘော့ဘ် (David Duchovny) သည် ဇနီးဖြစ်သူ အဲလိဇဘတ် (Joely Richardson) ကို မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးရပြီးနောက် စိတ်ဒဏ်ရာရနေချိန်တွင် ဂရေ့စ် (Minnie Driver) နှင့် ချစ်ကျွမ်း၀င်သွားခဲ့ပြီး ဂရေ့စ် က အဲလိဇဘတ်ရဲ့ နှလုံးကို အစားထိုးကုသခံယူထားသူဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိလိုက်ရတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ရှုပ်ထွေးလာပါတယ်။ ဒီဇာတ်လမ်းလေးက ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပြီး အစပိုင်းတွင် ကြည်နူးဖွယ်ဇနီးမောင်နှံ၏ ဘဝကို ပြသထားပါတယ်။ နောက်ပိုင်းမှာတော့ ဇာတ်လမ်းရဲ့ သိမြင်မှုအသစ်များကို တဖြည်းဖြည်းချင်း ဖော်ပြထားပါတယ်။ “Return to Me” သည် စိတ်ကျေနပ်ဖွယ်ကောင်းသော ဇာတ်ကားလေးဖြစ်ပြီး၊ ဘ၀ရဲ့အရှုံးနှင့် အနိုင်ကို နက်နက်ရှိုင်းရှိုင်း ခံစားရစေပါတယ်။ ဇာတ်ကောင်များရဲ့ စစ်မှန်မှု၊ သဘာဝကျသော ဟာသများနဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်အိမ်တို့က ရုပ်ရှင်ကြည့်ပရိတ်သတ်ကို အကောင်းဆုံး ဆွဲဆောင်နိူင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(3.7 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:56:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

7 2000 115 mins
Return to Me
Acoustic
6.9

Acoustic (2010) ***************** ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ High Kick ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရလာခဲ့ကြတဲ့ မင်းသမီး Shin Se Kyung, Baek Jin Hee အပါအဝင် နာမည်ကြီး အဆိုတော်အဖွဲ့ 2 AM အဖွဲ့ဝင် Im Seul Ong ၊ CN Blue အဖွဲ့ဝင် Kang Min Hyuk နဲ့ အဖွဲ့ဝင်ဟောင်း Lee Jong Hyun တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဆယ်ဂယောင်းလို့ ခေါ်တဲ့ မိန်းကလေးဟာ အလွန်ရှားပါးတဲ့ ရောဂါဝေဒနာကို ခံစားနေရပြီး ခေါက်ဆွဲပြုတ်တစ်မျိုးတည်းကိုသာ စားလို့ရတဲ့သူဖြစ်ပါတယ်။ သူ့အတွက် နောက်ဆုံးလို့ဆိုရမယ့် သီချင်းတစ်ပုဒ်ကို လူတွေဆီ ချပြချင်တဲ့စိတ်နဲ့ ဆေးရုံကထွက်ပြေးလာတဲ့သူပါ။ ဆောင်းဝန်းနဲ့ ဟယ်ဝန်းတို့ ၂ ယောက်ဟာ ဂီတသမားတွေဖြစ်ကြပေမဲ့ စားဝတ်နေရေးခက်ခဲ လာတဲ့အတွက် သူတို့ရဲ့ဂီတာကို ရောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သတိမေ့တတ်တဲ့ ဟယ်ဝန်းကြောင့် ဂီတာသွားရောင်းတဲ့လမ်းမှာပဲ ဂီတာပျောက်ခဲ့ပါတော့တယ်။ ဂျင်ဟီးဆိုတဲ့ မိန်းကလေးကတော့ အမှတ်တရသီချင်းတစ်ပုဒ်ကို ထိန်းသိမ်းထားချင်ပြီး ဂျီဟူကတော့ ဂျင်ဟီးကို သဘောကျနေတာပဲဖြစ်ပါတယ်။ အပိုင်း ၃ ပိုင်းပါဝင်တဲ့ ဒီဇာတ်ကားလေးကတော့ အချစ်၊ မျှော်လင့်ချက်နဲ့ ဂီတကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းပေါင်းချုပ်ပုံစံ ရိုက်ကူးထားတာမျိုးလေးပါ .. စိတ်ဝင်စားစရာ ဇာတ်လမ်းတွေနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ .. သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို .. ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်းကို Nyein Sandi မှ ရေးသားထားပါတယ်) File size…1.82GB / 739MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Music, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Nyein Sandi Encoded by AHtet

Action • Crime
6.9 2010 88 mins
Acoustic
The Old Way
6

ကွန်ဖူးပရိသတ်တွေအတွက် ရှယ်ချမယ့် ကွန်ဖူးကားကောင်းလေးကို Channel Myanmar မှတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တရုတ်နိုင်ငံတော်လှန်ရေးခေတ်ကိုအခြေခံထားတာဖြစ်ပါတယ်။ စစ်ဘုရင်တွေဟာ နယ်မြေအသီးသီးမှာအုပ်စိုးနေပြီးတော့ နိုင်ငံရေးရှုပ်ထွေးနေတဲ့အချိန်ဖြစ်မှာ ဓားပြတွေဟာသောင်းကျန်းနေပါတယ်။ ဖြောင့်မတ်တဲ့လူတစ်ယောက်ဟာ ပြည်သူတွေအားလုံးဘက်မှာရပ်တည်ပြီးတော့ ဆန့်ကျင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဓားပြတွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။ တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်ဟာသူ့ရဲ့မင်္ဂလာဦးညမှာ သူ့ကိုသတ်ပေးဖို့ သိုင်းလောကသားတစ်ယောက်ကိုအလုပ်အပ်ခဲ့ပါတယ်။ ဒီမိန်းကလေးလက်ထပ်ရမယ့်သူဟာ ဓားပြခေါင်းဆောင်ကြီးရဲ့ သားဖြစ်နေတဲ့အခါ ငြိမ်သက်နေခဲ့တဲ့အတိတ်ကအရိပ်တွေဟာ ပြန်လည်ပေါ်လာပြီးတော့ လက်စားချေဖို့အခွင့်အရေးပေါ်လာပါတယ်။ မိဘနဲ့မိသားစုအတွက် လက်စားချေဖို့ခရီးစဉ်ကိုစတင်လိုက်ပါတော့တယ်

Drama • History
6 2025
The Old Way
Floating Weeds Ukigusa
7.9

Floating Weeds (1959) IMDb Rating (7.9) / Rotten Tomatoes (96%) ဒါရိုက်တာတိုင်းမှာ သေချာတဲ့ဟန်တစ်ခု ရှိဖို့တော့ မလွယ်ပေမဲ့ ဖလင်မိတ်ကာတိုင်းမှာတော့ ဟန်တစ်ခုက သိသိသာသာကို ရှိတယ်။ အိုဇုတို့ ခေတ်နဲ့ မရှေးမနှောင်းထဲတော့ ဟန်တစ်ခုလည်းရှိသလို ဂျပန်ရုပ်ရှင်ဆန်တယ်ဆိုတဲ့ ခံစားချက်ပါ တွဲပေးနိုင်တာ အိုဇုပဲ ရှိတယ်လို့ ကျွန်တော်တော့ မြင်တယ်။ ကူရိုဆာဝါကျ အိုဇုလောက် ဂျပန်ဟန် သိပ်အားမကောင်းလှဘူး။ ဒါက ဆန်းတော့လည်း မဆန်းလှပါဘူး။ အိုဇုရုပ်ရှင်တွေဟာ ဂျပန်လူနေမှု ဂျပန်ဘဝမှာပဲ အခြေခံပြီး ဂျပန်ရိုးရာယဉ်ကျေးမှုနဲ့ ဂျပန်အတွေးအခေါ်အပြည့်နဲ့ ရုပ်ရှင်တွေကိုပဲကိုး။ ကင်မရာအယူအဆကအစ တတမိဗျူးနဲ့ရိုက်တဲ့ အထိ သူ့ယဉ်ကျေးမှုကို သူ့ရုပ်ရှင်ထဲ သွတ်သွင်းနိုင်စွမ်းက အားကောင်းခဲ့တယ်။ တင်ဆက်ပုံပိုင်းမှာလည်း အိုဇုက ထူးတာတစ်ခုတော့ရှိတယ်။ တစ်ခါတလေကျ သူက ဇာတ်ရဲ့အရေးအပါဆုံးလို့ ထင်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို မပြတော့ဘူး။ အဲဒီနောက်မှာပဲ အရှေ့က မပြထားတဲ့အခန်းကို စကားနည်းနည်းနဲ့ သရုပ်ပြန်ဖော်တတ်တယ်။ အိုဇုလွှမ်းမိုးမှုအားကောင်းခဲ့တဲ့ Koreedaရဲ့ Still Walkingတို့ ဘာတို့မှာလည်း ဒီဟန်ကို သုံးထားခဲ့ပါသေးတယ်။ ဒီဟန်ကို ကျွန်တော်က စစက ဟဲမင်းဝေးရဲ့ စာရေးဟန်လိုမျိုး ထင်ခဲ့ပေမဲ့ ဒီနောက်မှသိလိုက်ရတာက တကယ်တမ်း ဒါကိုကလည်း ဂျပန်ယဉ်ကျေးမှုထဲ ရှိနေတဲ့အရာပါပဲ။ ဂျပန်လိုဆို (မ)လို့ခေါ်တယ်။ ဗမာဆိုလို ကွက်လပ်ပေါ့။ ဗလာတစ်နေရာပေါ့။ ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ ဂျပန်မှုတစ်ရာထဲ မနဲ့ပတ်သက်ပြီး ဒီလိုရေးထားတယ်။ မ (MA) – နေရာကွက်လပ် , စပ်ကြား , ခေတ္တရပ်ဆိုင်းခြင်း ဂျပန်တွေဟာ မိတ်ဆွေတွေနဲ့ ဆူဆူညံညံ စကားပြောရင်း တွေ့ဆုံသလို ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ရင်းလည်း တွေ့ဆုံလေ့ရှိတယ်။ စကားမပြောဘဲနဲ့ ငုတ်တုတ်ထိုင်နေရင် ပိုပြီးပြည့်စုံအောင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရတယ်လို့လည်း ယုံကြည်တယ်။ ဒီလိုတွေ့ဆုံပြီး စကားမပြောဘဲ နေတဲ့သဘောကတော့ ဘေးလူကြားမှာ စိုးရတဲ့ လျှို့ဝှက်ကိစ္စကို အစပျိုးပြီး ကျန်တာ ဆက်စဉ်းစားပေတော့ဆိုတဲ့ သဘော။ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းဆိုတဲ့ သိပ်စိတ်လှုပ်ရှားစရာကိစ္စကို ဆက်ပြောရင် ပေါက်ကွဲသွားမှာစိုးလို့ဆိုတဲ့ သဘောတွေ ပါတယ်။ ဂျပန်လူမှုဆက်ဆံရေး ဒဿနိကမှာ ဒီလိုပြုမူပုံမျိုးကို “လှိုင်းမထစေနဲ့”လို့ တင်စားပြီး ပြောလေ့ရှိပါတယ်။ ဘာမှဝန်မခံဘဲ အဖြေကို သူ့ဘက်ကိုယ့်ဘက်မျှပြီး စဉ်းစားယူပါတော့လို့ ဆိုရာလည်းရောက်တယ်။ အပြတ်ငြင်းရတယ်ဆိုတာ သိပ်မဟန်ဘူး။ ရုပ်မပျက်ဘူး။ ကျွန်တော် တစ်ခါက ကြုံဖူးတာက အတိအကျ ရှင်းရှင်းငြင်းမိပြီးမှ တစ်ဖက်က ဆိုလိုတာကို သဘောမပေါက်ဘဲ ခါးခါးသီးသီး ငြင်းမိတာပဲ အဖတ်တင်ပြီး ခိုးလုခိုးလု ဖြစ်ကျန်ရစ်တယ်။ တိုကျိုမှာ ကျွန်တော် စာသင်တုန်းက နှစ်နှစ်ကြာတော့ ကျွန်တော် အလုပ်ထွက်ချင်တယ်။ ဘယ်လိုပြောလို့မှ သဘောမပေါက်တဲ့အပြင် လခဆက်ပေးနေတာနဲ့ လေးနှစ်ဖြစ်သွားတယ်။ ဘာမှမပြောဘဲ အတန်းလည်းမယူ, စာလည်း မစစ်ပေးတော့မှ တက္ကသိုလ်အာဏာပိုင်တွေက ထွက်စာ ပို့ပါတယ်။ အဲဒါက အထက်က ပြောပြီးတာတွေအတွက် ဥဒါဟရုဏ်ပါပဲ။ သူတို့ဘာသာစကားကို လေ့လာလေ, သူတို့နဲ့ အတူနေတာကြာလေ, သူတို့ဓလေ့ကို ကြုံတွေ့ပါများလေ , သူတို့စကားလည်လည်ပတ်ပတ် တတ်ရုံနဲ့ မပြီးဘူးဆိုတာ သိလာလေပါပဲ။ သူတို့ဓလေ့မှာ တုံဏှိဘာဝေနေဖို့ စည်းချက်ညှိတတ်ရမှာပါကလားလို့ သိလာတယ်။ ဒီစည်းချက်ကို သိဖို့ ကိုယ်လိုသလို အသုံးချတတ်ဖို့ဟာ မဆိုတဲ့ တုံဏှိဘာဝေမှာ အလိုလားအပ်ဆုံး အခြင်းအရာဖြစ်ပါတယ်။။ ဒေါန်ကေနန်နီ အိုဇု ဒီဟန်ကို ယူရာမှာတော့ ပြလိုက်ရင် ပေါ့သွားမှာစိုးလို့ဆိုတဲ့ သဘောလည်းပါမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ အဲဒီသဘောဆိုရင်တောင် အပေါ်က မရဲ့ လက္ခဏာတွေ အကျုံးဝင်နေသေးတာပါပဲ။ ဆိုတော့ အိုဇုရဲ့ ရုပ်ရှင်တွေမှာ ဟန်, ကင်မရာအယူအဆ, ဇာတ်အိမ်, ဇာတ်အဖြည့်ပစ္စည်း, သရုပ်ဆောင်တွေကအစ ဂျပန်ဆန်နေတယ်လို့ပြောရမယ်။ ဒီဓာတ်ကို ကားတိုင်းမှာရနေဖို့က ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေနဲ့ ရိုက်ပြနိုင်ဖို့ထက် ခက်လိမ့်မယ်။ ကျွန်တော့်အမြင်အရပေါ့။ အနုပညာဟာ ယဉ်ကျေးမှုကနေတစ်ဆင့်ပဲ နိုင်ငံတစ်ခုရဲ့ သီခြားဟန်ကို ပေါ်လွင်လာစေနိုင်တယ်။ လာခဲ့တဲ့လမ်းကို မမေ့ခြင်းပေါ့။ အိုဇုဟာ သူ့မြစ်ဖျားကို သူ သိပ်တွယ်တာတဲ့ ဖလင်မိတ်ကာတစ်ယောက်လို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း သူ့ရုပ်ရှင်ဟူသမျှဟာ ရိုးရှင်းစွာနဲ့ အားကောင်းနေတာပါပဲ။ အိုဇုဟာ စစ်ကြိုခေတ်က ရိုက်ထားတဲ့ အသံတိတ်အဖြူအမဲကားတွေကို စစ်ပြီးခေတ်မှာ အသံတွေ အရောင်တွေနဲ့ ပြန်ရိုက်တာတွေ ပမာဏတစ်ခုအထိ လုပ်ခဲ့ပါတယ်။ Floating Weeds ( 1959 )ကလည်း အဲဒီလိုပြန်ရိုက်ခဲ့တဲ့ထဲက တစ်ကားပါပဲ။ ဒီဇာတ်လမ်းကိုပဲ နည်းနည်းကွဲလွဲပြီး ၁၉၃၄မှာ Story of Floating Weedsဆိုပြီး ရိုက်ခဲ့ဖူးတယ်။ ဒီမှာ တစ်ခုရှိတာက စုဗူးနဲ့ကလေး အခန်းကြည့်ချင်ရင်တော့ မူရင်း အသံတိတ်ကားကို ကြည့်ရမှာပါ။ ဒီကားကိုကြည့်ပြီး ၁၉၃၄ကားကို ကြည့်ရင်တော့ ဇာတ်လမ်းနားမလည်မှာ ပူစရာမလိုပါဘူး။ Youtubeနဲ့ တောရန့်ဆိုက်တွေမှာ အလွယ်တွေ့နိုင်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကိုက ရေယူရာမျောနေရတဲ့ပေါင်းမြက်ပင်တွေဆိုတဲ့ သဘောပါပဲ။ တင်ချင်လည်း တင်မယ်ပေါ့။ ဆိုတော့ နာမည်ကို ဘာသာပြန်ဖို့လိုလာရင်တော့ ဒီတိုင်းပြန်ဖို့ကလည်း မချောနေတော့ သူ့သဘောကလည်း ” ကမ်းကွေ့မှခွေ၊ ကမ်းပြေတော့စင်း” “လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း” “ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ” ” ဒီချောင်း‌ရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့” စသဖြင့် ဗေဒါလမ်းရဲ့ Conceptတွေနဲ့လည်း တော်တော်တူနေတော့ ဗေဒါလမ်းလို့ ချရင်ချလို့ရတယ်။ ဇာတ်ကြောင်းကတော့ ဒီဗေဒါတွေလိုဖြစ်နေတဲ့ ဇာတ်သမားတွေရဲ့ ဘဝဇာတ်ကြောင်း ဘဝဇာတ်နာပေါ့။ ပြောရရင် အဲဒီဇာတ်ကြောင်းကိုကလည်း ယဉ်ကျေးမှုပဲဆိုတော့ အိုဇုက သူ့ဖရိန်ထဲ အပြည့်အဝင်တယ်။ ဇာတ်သမားဆိုတာ နယ်လှည့်က, ပွဲသာရာရွေ့ ဗေဒါတွေလိုမျောရင်း , အခါမကောင်းလို့ ဇာတ်ခေါင်းကွဲရင် ဗေဒါတွေ ကမ်းဆိပ်မှနေအိပ်သလို အိပ်ရတဲ့လူတွေပေါ့။ ကျားမ အလီလီနဲ့ နယ်လှည့်နေတဲ့နောက် ဘယ်အဖွဲ့အစည်းမှာမဆို အကောင်းရော အဆိုးရောရှိနေမှာဖြစ်တဲ့နောက် မကောင်းတဲ့လူတွေလည်း ရှိကြတော့ ဒါကိုပဲ မြင်ပြီး ဇာတ်သမား ဇာတ်သမဆိုတာ မကောင်းဘူးလို့ ရှက်စရာလို့ သတ်မှတ်ကြတဲ့ စံနှုန်းတွေရဲ့ ဒဏ်ကိုပါ ခံနေရတဲ့လူတွေလို့ပြောလို့ရတယ်။ ဒါက ဒီဘက်မှာလည်း တင့်တယ်ရဲ့ ချစ်မိသည့်ဝန်တို့, မောင်ဝဏ္ဏရဲ့ ခြေဖဝါးတော်နုနုတို့ ဘုန်းနိုင်ရဲ့ မိုးညအိပ်မက်မြူတို့, နောက် တွတ်ပီစာအုပ်တွေမှာပါ ပုံဖော်တတ်ကြပါတယ်။ အာရှနိုင်ငံတွေရဲ့ တစ်ချို့ ယဉ်ကျေးမှုတွေက သိပ်မကွာလှဘူးဆိုတော့ အခြေအနေတွေက တစ်ပုံစံတည်းနီးပါးလို့တောင် ပြောလို့ရတယ်။ ပြတဲ့ ဇာတ်တွေတော့ ကွာတာပေါ့။ ဂျပန်တွေရဲ့ ပြဇာတ်တွေက ၄၇ရိုနင်ဇာတ် ဝါ ချူရှင်ဂူရပြဇာတ်လို ဇာတ်တွေလို အမြင့်တွေဆို စံတစ်မျိုး တခြားဆို စံတစ်မျိုး Nohတို့ Kabukiတို့ Bunrakuတို့ ခွဲထားတာတွေရှိတယ်။ ဒီထဲတော့ ခါဘုခိပဲ ပြသွားတယ်။ ဇာတ်ကတာတောင် သိပ်မပြပါဘူး။ ဇာတ်သမားတွေရဲ့ လူနေမှုနဲ့ လူမှုဒဏ်ကို အဓိကပြထားတယ်။ ဇာတ်သမားဘဝရဲ့ အဆိုးဆုံးအဖြစ်လို့ ပြောရမယ့် ဇာတ်ခေါင်းကွဲတဲ့ အဆင့်အထိ ပြထားတယ်။ အိုဇုရဲ့ ထုံးစံအတိုင်း အဖေနဲ့သားကြားက ပဋိပက္ခနဲ့ မိသားစုရဲ့ထရာဂျဒီတွေနဲ့တော့ ဇာကွပ်ထားတယ်။ ကွဲပြားအောင် ပြောရရင်တော့ ဒီဇာတ်လမ်းဟာ ရေယူရာမျောရင်း ပွဲရှိရာ ခြေဦးလှည့်ရတဲ့, ဇာတ်ခေါင်းကွဲတဲ့အခါ ရေမျောရာကမ်းတင်ရတဲ့ ဗေဒါတွေလို ဇာတ်သမားတွေရဲ့ ဘဝအကြောင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:59:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Action • Drama • Thriller
7.9 1959 115 mins
Floating Weeds Ukigusa