YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Recruit.S01E02.720p.NF.WEB-DL[CM].mp4

340.17 MB N/A video/mp4 173 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
Harold & Kumar Go to White Castle
6.5

Harold & Kumar Go to White Castle (2004) Genre - Comedy, Adventure IMDB - 7.0/10 ခင်ဗျားတို့ ဆေးခြောက်/ဝိသောက်ပြီး ဘယ်လောက်ထိ စားသောက်ဖူးကြလဲ စားချင်စိတ်ဖြစ်ကျလဲ (ကျွန်တော်ကတော့ လမ်းဘေးထမင်းကြော်ကို လိုက်ပွဲ ၆ ပွဲနဲ့ ဟင်းအပို ၃ ပွဲထိ စားဖူးတယ် ဤကား စကားချပ်)။ ဒီရုပ်ရှင်ရဲ့ အဓိကအကြောင်းအရာကလည်း အဲဒီလို ဝိကွဲပြီး သွားငတ်ကြီးကျလို့ ဘေးကပ်ပေါင်း ၃၆၅ မျိုးလောက် ကြုံရတဲ့ရုပ်ရှင်။ ဒီကားထဲက ဘဲနှစ်ပွေက တော်တော်စားတယ်၊။ တစ်ယောက်က ကိုရီးယားကကောင် ကင်ချီသား သူကတော့ ဘဝကို ပုံမှန်အလုပ်လုပ်ပြီး ဖြတ်သန်းနေသူတစ်ယောက်။ နောက်တစ်ယောက်ကကျ အိန္ဒိယား အာပနား ပရမ်းပတာကောင် စာတော်ပေမယ့် အလေကောင်ပေါ့ဗျာ။ ဒီနှစ်ယောက်က တိုက်ခန်းမှာ တူတူနေကြတာ အလုပ်ပိတ်ရက်ဆို ဝိလေးကိုင်ပြီး ကွဲပြဲနေကြတဲ့ နှစ်ယောက်ပေါ့ဗျာ။ တစ်ရက်ကျ ကင်ချီသားက သောကြာနေ့လေး အိမ်ပြန်နှပ်မလို့ကို အလုပ်ကကောင်တွေ ဂျင်းထည့်လို့ အိမ်က အာပနားကိုတော်ပြီ အလုပ်ပါလို့ ဆေးခြောက်မသောက်ဘူး တားတာကို အာပနားက ဇွတ်မြူဆွယ်တာနဲ့ နှစ်ကောင်သား ချကြရော။ အဲဒီမှာ ကွဲပြဲလာတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်း ငတ်လာကြရော ငတ်လာတော့ ဒီတစ်ခါ ဒယ်လီနဲ့ မှာမစားချင်ဘူးပေါ့ တကယ်ကို ထိထိမိမိလေး သွားပြီး စားချင်လိုက်တာဆိုပြီး ဖြစ်နေတဲ့အချိန် တီဗီမှာ White Castle ဟမ်ဘာဂါ ကြေငြာလာတော့ နှစ်ကောင်သား ခွေးဘုရားပွဲတွေ့ပြီး အဲဒီဆိုင်ကို ကွဲကွဲနဲ့ သွားကြရော။ ဒါပေမဲ့ အပြဲသမားနှစ်ယောက် ဒီဆိုင်ကို ချောချောမွန်မွန် ရောက်ကြပါ့မလား လမ်းမှာ ဘယ်လိုဒုက္ခပေါင်းစုံ ကြုံပြီးမှ ရောက်ကြမလဲဆိုတာ ခွီနေရမယ့်ကားပါ။ ရွှေရင်နှစ်မွှာတွေ မိမွေးတိုင်း ဖမွေးတိုင်း ပြထားတဲ့အတွက် ကြည့်ဖို့တော့ သတိပြုစေလို (ကျောင်းသားဟာသကားဆိုတော့)။ ငယ်ဘဝက ကျောင်းသားဟာသကားထဲမှာ ဒီ Harold & Kumar လည်း စိုးမိုးခဲ့တဲ့ထဲမှာပါတယ် ဒါပေမဲ့ ကျွန်တော်တို့ သိကြတဲ့ကားက CM က တင်ပြီးသားဖြစ်တဲ့ Escape to Guatanamo Bay ဆိုတဲ့ကား တကယ်တမ်း ဒီ White Castle ကားကြည့်ပြီးမှ အဲဒီကားကို ဆက်ကြည့်သင့်တာ တိုက်ရိုက်ဆက်ထားတာဖြစ်လို့။ နောက်ထွက်လာတဲ့ Christmas ကတော့ သီးခြားသက်သက် ဖြစ်သွားပြီ ။ American Pie စီးရီးတွေလို Euro Trip လိုမျိုး ပေါက်ကရကျောင်းသားဟာသကားခရေဇီအတွက်ကတော့ ဒီကားတွေကတော့ ရွှေပါပဲ။ လူမျိုးရေးခွဲခြားမှု အာရှသားတွေ အနှိမ်ခံရမှု ရဲတွေအနိုင်ကျင့်မှုတွေကိုလည်း ပါးပါးလေး ပုတ်ပြသွားတာလေးတွေလည်း ထည့်ပြီးသရော်ထားပါသေးတယ်။ ကဲ ပြောနေရင် စာရှည်တယ်ဗျာ ပြေးသာ ကြည့်လိုက်ပါတော့။ ကျန်တဲ့ ကားတွေ အောက်က လင့်တွေမှာ ကြည့်ရှုပါ Harold & Kumar Escape from Guantanamo Bay (2008) A Very Harold & Kumar Christmas (2011) File size…   1.5 GB / 716 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 48m Genre .....  Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy • Drama
6.5 2004 88 mins
Harold & Kumar Go to White Castle
Three Thousand Years of Longing
7

ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy နဲ့များ မှားသွားလား ပြန်မေးယူရတာပါပဲ။ ဇာတ်ကတော့ အလစ်သီယာလို့ ခေါ်တဲ့မိန်းမတစ်ယောက်က ဖန်ပုလင်းတစ်ခု ဝယ်တာကနေ စတာပါပဲ။ အထဲက အာလာဒင်ရဲ့ မီးခွက်စောင့် ဘီလူးလို ဂျင်တစ်ကောင် ထွက်လာပြီး သူ့ကိုဆုတောင်း၃ခုဖြည့်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ဆော်လမုန်က ဂျင်ဟာ သူ့ဆန္ဒ ထုတ်ပြမိလို့ ဖန်ပုလင်းထဲ ပိတ်ထားခဲ့တာဆိုတော့ သူဖြည့်ပေးရမယ့်ဆုသုံးခုက ဆုတောင်းတဲ့သူ အသည်းထဲကနေ နှစ်နှစ်ကာကာ တကယ်လိုချင်တဲ့ဆုဖြစ်ရပါမယ်။ အဲဒီလိုဆုမဟုတ်ရင် သူမလွတ်နိုင်ပါဘူး။ ဒီလိုနဲ့ဂျင်နဲ့ အလစ်သီယာဟာ အလစ်သီယာ ဘာလိုချင်တာလဲ သိရဖို့ စကားတွေထိုင်ပြောကြရင်း ဂျင်ကလည်း အလစ်သီယာကို သူ့အခြေအနေကို နားလည်အောင် သူ သုံးကြိမ်သုံးခါပိတ်လှောင်ခံထားခဲ့ရတဲ့ နှစ်ပေါင်းသုံးထောင်အကြောင်း ပြန်ပြောကြရင်း သူတို့၂ယောက်ကြားက ကွက်လပ်ကို အဖြေရှာကြမှာပါ။ ဘယ်လိုဆုမျိုးတောင်းမလဲကတော့ ခင်ဗျားလည်း ထင်မိမှာမဟုတ်ပါဘူး။ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ အလစ်သီယာက ပုံပြင်တွေဇာတ်လမ်းတွေကို လေ့လာတဲ့သူပါ။ သူက ဆုတောင်းတာရဲ့ အန္တရာယ်များတဲ့အကြောင်းတွေ အကုန်လုံးသိထားတယ်။ ဟိုကြားဖူးနေကျ လှေပေါ်သောင်တင်နေရာက ရှေ့ကဆုတောင်းပြီး လစ်သွားတဲ့ ၂ကောင်ကို တတိယကောင်က ကျွန်တော့်သူငယ်ချင်းတွေကို လွမ်းတယ်ဆိုပြီး ပြန်ခေါ်ခိုင်းတဲ့ ဇာတ်လမ်းကိုတောင် ထည့်ပြောထားပါတယ်။ ဆုတောင်းမတော်ရင် ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်ထားတဲ့သူက ဆုကိုသတိထားပြီးတောင်းတာကို ပြထားတာက မိုက်ပါတယ်။ ဒီကားကြည့်ရတာ အာလာဒင်လိုကားမျိုးဖြစ်မလားထင်ခဲ့ပေမဲ့ တက်တက်စင်အောင်လွဲပြီး အနီးစပ်ဆုံးတူတဲ့ ဥပမာပေးရရင် The Man from Earth ကားနဲ့တူပါတယ်။ စကားပဲထိုင်များနေပေမဲ့လည်း သူက သိပ်တော့မပျင်းရအောင် (တကယ်ဆို စကားတွေက ပျင်းစရာလည်းမရှိပါဘူး) ဆော်လမုန်နဲ့ရှီဘာတို့လို စိတ်ဝင်စားစရာ ဒဏ္ဍာရီလာဇာတ်ကြောင်းတွေကို ညှပ်ညှပ်ပြီး စိတ်ကူးယဉ်ဆန်ဆန်လည်း ပြသွားတော့ အပျော်ကြည့်ကားဘက်ကို သိပ်မရောက်ဘဲ ဒိနေပေမဲ့လည်း ကြည့်လည်းပျော်ပါတယ်။ ဒီဇာတ်လမ်းဟာ သူ့နာမည် Three Thousand Years of Longing လို့တဲ့အတိုင်းပဲ ဆန္ဒတွေ အချစ်တွေအကြောင်းကိုပိုဦးတည်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းကို အစအဆုံးကြည့်မိရင် သေချာတာတော့ အဆုံးကျရင် ဒီဇာတ်လမ်းကို ခင်ဗျားချစ်မိမှာပါပဲ။ ကြည့်ဖူးသမျှ မီးခွက်စောင့်ဘီလူးကားထဲတော့ အကောင်းဆုံးကားလို့ပြောလည်း မလွန်တော့မလွန်ပါဘူး။ ကောင်းလည်းကောင်း၊ ဆန်းလည်းဆန်းတဲ့ ကားမျိုးကြည့်ချင်ရင်တော့ ကွက်တိပါပဲ။ ဒီရုပ်ရှင် ဘယ်လိုရုပ်ရှင်မျိုးလဲ ပြောရရင် စိတ်ရောဂါကုဆရာဝန်နဲ့ လူနာစကားပြောနေတာကို ထိုင်ကြည့်နေရသလို ရုပ်ရှင်မျိုးပေါ့။ မတူတာကတော့ အခုဒီမှာ ကျွန်တော်တို့ ကြည့်ရမှာက ရူးနေတဲ့ စိတ်ရောဂါကုဆရာဝန်တွေနှစ်ယောက် စကားထိုင်ပြောတာကို ထိုင်ကြည့်နေရတဲ့ ဖီလင်မျိုးပေးပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 48Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
7 2022 108 mins
Three Thousand Years of Longing
Army Soul of Han Dynasty

ရှေးသမိုင်းတွေစိတ်ဝင်စားတဲ့သူတွေအကြိုက်တွေ့စေမယ့် ဟန်ခေတ်ကနယ်စပ်မြို့လေးမှာအခြေတည်ပြီး ရိုက်ထားတဲ့စစ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဘီစီ၃၀၀ခုနှစ်လောက်မှာ အရှေ့ဥပရောပမှာနေထိုင်တဲ့ရှုံနူလူမျိုးတွေရှိခဲ့ပါတယ်။ သူတို့ဟာရေကြည်ရာမြက်နုရာလှည့်လည်ကျက်စားတတ်ပြီး တရုတ်ပြည်မြောက်ပိုင်းကိုအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့သူတွေလဲဖြစ်တယ်။ ဒီဇာတ်ကားလေးမှာတော့ ဟန်တိုင်းပြည်နယ်စပ်မြို့လေးဖြစ်တဲ့ စူးလော့မြို့လေးကိုစစ်သည်အင်အား၃၀၀နဲ့စစ်သူကြီးတစ်ယောက်ဟာ ရှုံနူတွေရဲ့ရန်ကနေပြီး ဘယ်လိုခုခံကာကွယ်မလဲ..... မြို့လေးကိုသေသည်အထိကာကွယ်မယ်ဆိုပြီးသစ္စာဆိုခဲ့တဲ့ဟန်စစ်သားတွေဟာ သူတို့ရဲ့တာဝန်ကိုဘယ်လိုစိတ်ဓာတ်အားမာန်တွေနဲ့ ဘယ်လိုကျေပွန်အောင်ထမ်းဆောင်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ,War Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
0 2022 102 mins
Army Soul of Han Dynasty
Knocked Up
6.3

IMDb 6.9 Rotten Tomatoes 89% Comedy ဇာတ်ကားတစ်ကား ဒီလောက် Rating မြင့်မားနေရင် မှတ်ထားလိုက်ပါတော့...ရှယ်ကောင်းလို့ပါပဲ။ မင်းသား Seth Rogen ,Paul Rudd,Jonah Hill,Jay Baruchel တို့လို ဟာသသရုပ်ဆောင်တွေမြိုင်ဆိုင်သလို မင်းသမီး Katherine Heigl,Leslie Mann တို့ဆိုတာကလဲ ဒီလိုဇာတ်ကားနဲ့ သိပ်လိုက်ဖက်လှတာပေါ့။ ဇာတ်လမ်းကလဲ R Rated ဆိုတဲ့အတိုင်း တကယ့်ဗရုတ်သုတ်ခပါပဲ... မူးမူးရူးရူးနဲ့ ဖြစ်မိတဲ့ တစ်ညတာ one night stand က မထင်မှတ်ဘဲ ကိုးလလွယ်ဆယ်လအထိကြာ‌အောင်ခံရမယ့် ဒုက္ခအဖြစ်သို့ ပြောင်းလဲသွားသောအခါ..... အယ်လီဆင် စကော့ ဟာ ရုပ်မြင်သံကြားဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ ရည်မှန်းချက်ကြီးကြီး အိပ်မက်လှလှလေးတွေမက်နေတဲ့ မိန်းမပျိုလေးပါ ။ တစ်နေ့မှာတော့ အထက်လူကြီးတွေက သူ့ကို ရာထူးတိုးပေးလိုက်တော့ ပျော်လွန်းလို့ သူ့အစ်မ ဒက်ဘီ နဲ့အတူ ကလပ်တစ်ခုမှာ သွားပြီး အောင်ပွဲခံပါတော့တယ်။ အဲဒီမှာ ဘန် ဆိုတဲ့ကောင်လေးနဲ့ ဆုံမိကြပါတယ်။ ဘန် ကတော့ ဆေးခြောက်ပုံမှန်သုံးစွဲလေ့ရှိတဲ့ သူငယ်ချင်းတစ်စုနဲ့ အတူနေတဲ့ ငပျင်းတစ်ကောင်ပါပဲ။ တကယ်ဆိုရင် သူက အမေရိကန်မဟုတ်ဘူး။ ကနေဒါကနေ တရားမဝင် လာနေနေတာ။ တရားမဝင်နေတော့ အခွန်ဆောင်စရာမလိုတော့ဘူးပေါ့ဗျာ တဲ့။ ဆောင်ရအောင်လည်း သူ့မှာ ပိုက်ဆံမှမရှိဘဲ။ သူ ကျောင်းသားဘဝတုန်းက စာပို့ကားတက်ကြိတ်တာခံရလို့ အစိုးရက သူ့ကို လျော်ကြေး ဒေါ်လာ တစ်သောင်းလေးထောင် ပေးဖူးသတဲ့။ဘာမှမလုပ်ဘဲ အဲဒါကိုထိုင်စားလာတာ ဆယ်နှစ်ကျော်ပြီတဲ့။ ခုတောင် လက်ထဲ ဒေါ်လာကိုးရာလောက် ကျန်သေးတယ်ဆိုပဲ။ သူက ဆေးခြောက်နဲ့ စပါဂက်တီခေါက်ဆွဲဖိုးလောက်ပဲ ကုန်စရာရှိတာကိုး။ သူ့ဘော်ဒါတွေကလည်း သူနဲ့ထူးမခြားနားပါပဲ။ ဒီလောက်ဆိုရင် အယ်လီဆင် နဲ့ ဘန် တို့ဟာ ဘယ်လောက်ခြားနားတဲ့ အနေအထားရှိတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ဆန်းကြယ်တဲ့ကံတရားနဲ့ ဆန်းကြယ်သောစိတ်ကူးရှိသူ ဇာတ်ညွှန်းရေးဆရာကြီးတို့ရဲ့အလိုအရ သူတို့နှစ်ယောက် ဆုံဖြစ်အောင်ဆုံမိသွားကြပါတယ်။ သို့သော်လည်း one night stand က one nightနဲ့ ရပ်လို့မရဘဲ long-standingကိစ္စ ဖြစ်လာတဲ့အခါ နှစ်ယောက်လုံး တိုင်တွေပတ်ကုန်ကြပါတော့တယ်။ ဒီဇာတ်ကားမှာ နာမည်ကျော်ဟာသသရုပ်ဆောင်တွေ တပြုံကြီးပါဝင်ထားသလို ဧည့်သည်သရုပ်ဆောင် နာမည်ကျော်များကလည်း မထင်မှတ်တဲ့နေရာတွေကနေ အကွက်စေ့စေ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Ratingကောင်းတွေ ရရှိခဲ့သလို ဝင်ငွေအရလည်း ဘတ်ဂျက် 25 millionsမှာ ဝင်ငွေ 219 millionsရရှိခဲ့တဲ့အတွက် စီးပွားရေးအရပါ အောင်မြင်တဲ့ကား ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဇာတ်ကောင်တွေပြောတဲ့ ပြောစကားတွေထဲမှာ အမေရိကန်တွေ အနောက်တိုင်းသားတွေသာ ချက်ချင်းနားလည်မယ့် စကားလုံး၊စကားရပ်တွေ အသုံးအနှုန်းတွေအများအပြားပါဝင်နေပါတယ် ။ အထူးသဖြင့်တော့ Hollywood movie quotesတွေပေါ့။ သူတို့ပြောစကားထဲက နာမည်တွေလိုက်ပြီး Googlingလုပ်ရင်တောင် ဗဟုသုတ အတော်ပွားနိုင်စရာ ရှိပါတယ်။ ဇာတ်လမ်းကလည်း ရယ်ရရုံ ပျော်ရရုံသက်သက် မကဘဲ အိမ်ထောင်ရေးပဋိပက္ခတွေဖြစ်ရတဲ့ ဇစ်မြစ်၊ ကိုယ့်အတ္တနဲ့ တဖက်သားကို ဇွတ်ပြောင်းလဲလာအောင် ဖိအားပေးတတ်တဲ့စိတ်မျိုးတွေ ၊ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ဘယ်လောက်အရေးကြီးသလဲဆိုတာတွေကို သင်ခန်းစာယူနိုင်ကြပါလိမ့်မယ်။ ကြည့်ရှုခံစားပျော်ရွှင်နိုင်ကြပါစေ။ Unrated Version နဲ့တင်ဆက်ထားတာမို့ တချို့အခန်းတွေမှာတော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်မှာမဟုတ်ပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။) File size…(2.6 GB)/(1 GB) Quality….BluRay Unrated 1080p / 720p Format…mkv Duration….02:12:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Horror • Thriller
6.3 2007 129 mins
Knocked Up
Children of the Corn
5.4

Children of the Corn (2020) ဒီကားလေးကတော့ ၂၀၂၀ ခုနှစ်တုန်းကထွက်ရှိထားတာဖြစ်ပြီး Horror King လို့တောင်ခေါ်ကြတဲ့ နာမည်ကြီးစာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုတိုလေးတစ်ပုဒ်‌အပေါ် အခြေခံရိုက်ကူးထားတဲ့ Horror ကားလေးတစ်ကားဖြစ်ပါတယ်။ နှစ်၄၀‌လောက်အကြာမှ မူလပထမရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ပြီးထွက်ရှိလာတာဖြစ်ပါတယ်။ ရှပ်ရှင်ထဲမှာတော့ ‌Nebraska ပြည်နယ်၊ Rylstone မြို့လေးက သေခါနီးပြောင်းခင်းတစ်ခုကို လက်လျော့နေကြတဲ့လူကြီးတွေအကြောင်းနဲ့ ပြောင်းခင်းကိုကိုးကွယ်တဲ့ အယူသီးကလေးမ‌လေးတစ်ယောက်ကနေ အပေါင်းအပါတွေနဲ့အုပ်စုလိုက်ဖြစ်လာပြီး ဘယ်လိုယဇ်ပူဇော်မှုတွေကို ရက်ရက်စက်စက်လုပ်ကြမလဲဆိုတာကို စတီဖင်ကင်းဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ကြောက်စရာလန့်စရာအပြည့်၊ ချောက်ချားစရာအပြည့်နဲ့ ကြည့်ရှူရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 720MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

5.4 2020 93 mins
Children of the Corn
Dante’s Inferno: An Animated Epic
6.5

Dante’s Inferno ………………………… ဒီကားမထွက်ခင် ဂိမ်းအရင်ထွက်တာဗျ ဂိမ်းတုန်းကလည်းတော်တော်တော့လို့ကောင်းခဲ့ပါတယ် ဒန်ထေရဲ့ငရဲဆိုတဲ့ဇာတ်လမ်းဟာ တကယ်တော့သမ္မာကျမ်းစာပါဇာတ်လမ်းမဟုတ်ဘူးဗျ ၁၄ရာစု အီတလီကဗျာဆရာကြီး ဒန်ထေ ‌အလီဂေလွိရေးဖွဲ့တဲ့ ကျော်ကြားတဲ့ကဗျာကြီးထဲကဇာတ်လမ်းပါ ဗုဒ္ဓဘာသာဇာတ်ထုတ်မှာဆိုရင် ရင့်မာတကျိပ်ဇာတ်ထုတ်ထဲကနေမိဇာတ်ထုတ်လိုပဲဗျ ဒန်ထေဟာ ခရစ်ယာန်ငရဲကြီးကိုးထပ်ကိုဖြတ်ကျော်ပြီး ချစ်သူကိုပြန်ကယ်တဲ့ဇာတ်လမ်းပါ ဒီကာတွန်းမှာထူးဆန်းတာက ဇာတ်ဝင်ခန်းတခုနဲ့တခုပုံတွေမတူဘူးဗျ အဲ့တချက်တော့ကြည့်ရတာတမျိုးပဲ IMDbမှာ‌တော့ 6.9/10ထိရထားပါတယ် File size… 1.33GB / 781 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr. Nyan

6.5 2010 84 mins
Dante’s Inferno: An Animated Epic
Weekender
5.5

Weekender (2011) 2011 ကထွက်ရှိခဲ့တဲ့ Weekender ဇာတ်ကားလေးကတော့ ၉၀ပြည့်နှစ်အစောပိုင်းကာလ ကို အခြေတည်ပြီးတော့ Rave တွေ ဘယ်လိုစဖြစ်တည်လာတာကို တစေ့တစောင့် ပြထားပါတယ်။ ပါတီနွှဲရတာ၀ါသနာပါကြပြီး ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကြိုက်တဲ့ မက်နဲ့ ဒီလန် တို့ သူငယ်ချင်း နှစ်ယောက်ဟာ လူမနေတော့တဲ့ ဂိုဒေါင်ဟောင်းတွေမှာ အခကြေးပေးရတဲ့ ပါတီ ပဲွတွေ စထောင်ရာကနေ ငွေရပေါက်လမ်းကို တွေ့လာပါတယ်။ ငွေမရှိတုန်းက ပျော်ပျော်နေတတ်ကြတဲ့ သူတို့နှစ်ယောက်နဲ့ တခြားသူငယ်ချင်းတွေဟာ အဆမတန် မြင့်တက်လာတဲ့ ပါတီလာသူတွေနဲ့ မူးယစ်ဆေးသုံးစဲွသူတွေအကြား ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရောက်လာမလဲ ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ UK မှာ ၂၀၁၁ ကထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ drama အမျိုးအစားဖြစ်ပြီး လူငယ်ဆန်တဲ့ စကားပြောတွေ ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ အညွှန်း န့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Music Quality…. 1080p | 720p File size… 1.3GB } 621MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Naung Naung Encoder ….. Aaron

5.5 2011
Weekender
Tekken

ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်​ကျော် Tekkenဂိမ်းကို Live actionအ​ဖြစ် ရိုက်ကူးထားတာပါ။ ဂျပန်ဂိမ်းကို အ​နောက်တိုင်းသရုပ်​ဆောင်​တွေနဲ့ ပြန်ရိုက်ထားတဲ့ Live actionဆို​တော့ ​ထွေ​ထွေထူးထူး​ပြောစရာရယ်​တော့ မရှိပါဘူး။ ကြည့်​ပျော်ရှု​ပျော်​တော့ ရှိပါတယ်။ IMDb rating 4.8ရထားပါတယ်။ တစ်ကမ္ဘာလုံး စစ်ပွဲ​တွေဖြစ်အပြီးမှာ အစိုးရအဖွဲ့​တွေပြိုလဲသွားပြီး ​ကော်ပို​ရေးရှင်းဆိုတဲ့အဖွဲ့​တွေ ကမ္ဘာ့အနှံ့မှာ သူ့​နေရာနဲ့သူ သီးခြား ရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းက​တော့ တက်ခန်မြို့​တော်ဆိုတဲ့ အဖွဲ့အစည်း​ပေါ့။ ဒီ​ကော်ပို​ရေးရှင်း​တွေက တစ်နှစ်တစ်ခါ စုစည်းပြီး “သံမဏိလက်သီး”​ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပ​လေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာ တစ်​ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲ​ပေါ့။ အဲဒီပြိုင်ပွဲကို တက်ခန်မြို့​တော်ရဲ့ အပြင်ဘက် အန်​​ဗေးလ်ဆိုတဲ့ မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ​ကောင်​လေးက ဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က​တော့ သူ့အ​မေကို ​သေ​စေခဲ့တဲ့ တက်ခန်​ကော်ပို​ရေးရှင်းရဲ့ အကြီးပိုင်း​ခေါင်း​ဆောင် ​တွေကို လက်စား​ချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် ​အောင်မြင်နိုင် မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်​အဆင့်ထိရောက်နိုင်မလဲ၊ ဘယ်လိုရန်သူ​တွေကို ​ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက် အထိုးအကြိတ်​တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

TV Movie • Comedy • Romance
0 2010
Tekken
Olivia Rodrigo: GUTS World Tour
7.9

Olivia Rodrigo: GUTS World Tour (2024) တောင်းဆိုထားတဲ့ Olivia Rodrigo ရဲ့ GUTS Tour ကို speech only ဘာသာပြန်နဲ့ အတူလိုက်ဟဲနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါပြီ။ GUTS album ဟာ Olivia Rodrigo ရဲ့ ဒုတိယမြောက် Album ဖြစ်ပြီး လူငယ်တွေကြားမှာ အောင်မြင်မှုရရှိထားတဲ့ Album တစ်ချက်ဖြစ်ပါတယ်။ Olivia ဟာ Tour ရဲ့ နောက်ဆုံးပွဲကို သူ့ရဲ့ မွေးရပ်မြေ LA မှာ ပွဲ ၆ ပွဲ လုပ်ပြီး GUTS Tour ကို ပိတ်ခဲ့ပါတယ်။ Tour မှာ special guest အနေနဲ့ Chappell Roan လည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ အသက် 21 နှစ်အရွယ် Olivia Rodrigo ရဲ့ GUTS Tour က ဘယ်လိုတွေ မိုက်ပြီး အထာကျနေမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။

7.9 2024
Olivia Rodrigo: GUTS World Tour
Despatch
6.1

Despatch (2024) “လျှို့ဝှက်ချက်များ တူးဖော်ခြင်း” သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ မှုခင်းဆိုပေမဲ့ မြင်နေကျ ရဲဇာတ်လမ်း‌တွေထက် မှုခင်းသတင်းထောက်တစ်ယောက်ရဲ့စွန့်စားခန်းကို စာနယ်ဇင်းသမားအမြင်နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အခုလို ပြောင်းလဲလာတဲ့ဒီဂျစ်တယ်ခေတ်ကြီးမှာ အပြောင်းအလဲကြီးတစ်ခုကို မလွဲမသွေခံခဲ့ကြရတာကတော့ စာနယ်ဇင်းသမားတွေပါပဲ။ Print media ခေတ်ကနေ digital media ခေတ်မှာ အသားကျအောင် ကြိုးစားနေရသူတွေထဲမှာ နှစ်‌ဆွေး မှုခင်းသတင်းသမားကြီး ဂျွိုင်းလည်း ပါ၀င်ပါတယ်။ သူတို့သတင်းစာတိုက်မှာ အပြောင်းအလဲတွေဖြစ်နေခိုက်မှာပဲ အုပ်စုဖွဲ့ပစ်ခတ်မှုသတင်းတစ်ခု ပေါ်လာပါတယ်။ အဲ‌ဒါကလည်း သူတို့မြို့က အကြီးစားငွေကြေးမှောင်ခိုသမားတွေနဲ့ ပတ်သက်နေပြီး အန္တရာယ်ကြီးတဲ့ အမှုမျိုးပါ။ အဲဒီအခါမှာ ဂျွိုင်းတစ်ယောက် အပြောင်းအလဲနဲ့စိန်ခေါ်မှုတွေကြား၊ စနစ်ဟောင်းနဲ့စနစ်သစ် လွန်ဆွဲပွဲကြားမှာ ကိုယ်တိုင်စွန့်စားပြီး သတင်းလိုက်ရဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဂျွိုင်းတစ်ယောက် သတင်းကြီးကြီးရဖို့ ဘယ်လိုစွန့်စားရင်ဆိုင်မလဲ၊ အလုပ်နဲ့ လူမှုရေးပြဿနာတွေကြား ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

6.1 2024 151 mins
Despatch
Parents for Christmas

အမ်မာနဲ့ ဘေလီတို့ကတော့ မိဘမဲ့ဂေဟာမှာနေကြရတဲ့ မိဘမဲ့ကောင်မလေးနှစ်ယောက်ပါ။ ခရစ္စမတ်အားလပ်ရက်ရာသီမှာ ဂေဟာက ကလေးအများစုကို မွေးစားသွားကြပေမဲ့ သူတို့ကိုတော့မွေးစားမဲ့မိဘမရှိတာ သုံးနှစ်ကျော်သွားခဲ့ပါပြီ။ ခရစ္စမတ်ကာလလေးကို အိမ်အစစ်မှာဖြတ်သန်းချင်တဲ့ သူတို့ရဲ့အိပ်မက်လေးကလည်း ပျောက်ကွယ်ပြီး စိတ်မပျော်ရွှင်ဖြစ်နေခဲ့ကြပါတယ်။ ခရစ္စမတ်ကာလမရောက်ခင်မှာ ဂေဟာကို အရီဇိုးနားဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတယောက် ရောက်လာပြီး အမ်မာတို့နဲ့ အဖွဲ့ကျသွားခဲ့ပါတယ်။ ဒီလိုနဲ့ မွေးစားမခံရတဲ့ သူတို့သုံးယောက်အတွက် ဂေဟာမှူးပက်ထရစ်က မွေးမြူရေးခြံကိုခေါ်သွားပေးဖို့ ကတိပေးခဲ့တာကနေစပြီး သူတို့သုံးယောက်ရဲ့ အနာဂတ်ကိုပြောင်းလဲပေးမဲ့ ကိစ္စတွေဆက်တိုက်ဖြစ်လာခဲ့ပါတော့တယ်။ အမ်မာ၊ ဘေလီနဲ့ အရီဇိုးနာတို့ရဲ့ ခရစ္စမတ်ဆုတောင်းဖြစ်တဲ့ အိမ်အစစ်လေးမှာ မိသားစုနဲ့အတူဖြတ်ကျော်ဖို့ဆို‌တာရော တကယ်ဖြစ်လာမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(802 MB)/(440 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Family, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by TMMT

0 2024
Parents for Christmas
Mokshapatam
5.7

Mokshapatam (2025) “အိတ်တစ်လုံးဇာတ်လမ်း” မဆလာပရိတ်သတ်တို့အတွက် တေလဂူးသည်းထိပ်ရင်ဖို ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဂါယာထရီဆိုတဲ့ လူလတ်တန်းစား ကလေးအမေတစ်ယောက်ဟာ ဟိုတယ်ဝန်ထမ်းဖြစ်ပြီး ပိုအဆင်ပြေတဲ့ဘဝကို တောင့်တနေသူပါ သူတို့ အနှစ်နှစ်အလလ စုထားတဲ့ပိုက်ဆံက သူ့ယောကျာ်းသူငယ်ချင်းလက်ချက်ကြောင့် ဆုံးသွားတဲ့အတွက်လည်း ယောကျာ်းလုပ်သူကို စိတ်ပျက်လျက်ရှိပါတယ် ကံကောင်းချင်တော့ ဟိုတယ်ခန်းထဲမှာ တည်းခိုသူတစ်ယောက် မတော်တဆကျန်ခဲ့တဲ့ အိတ်တစ်လုံးကိုဖွင့်လိုက်ရာမှာ မမျှော်လင့်ထားတာကို တွေ့လိုက်ရပါတော့တယ် တစ်ဖက်မှာလည်း လူဆိုးတစ်သိုက်က အဲဒီအိတ်နဲ့ ပတ်သက်နေလေတော့ ဘာတွေဆက်ဖြစ်ကြမလဲ မဆလာပရိသတ်တို့ကပဲ ခံစားကြည့်ရှုလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Thriller • Western
5.7 2025 134 mins
Mokshapatam
Lucky Louie
6.7

ဒီဇာတ်ကားမှာ အငြိမ်းစားရဲအရာရှိ ဝီလ်ဘတ်မိုဆာဟာ နှစ် ၅၀ ကြာ မဖြေရှင်းနိုင်ခဲ့တဲ့ ‘ဒေါ်နယ်ဒပ်ခ် ဓားပြမှု’ လို့ နာမည်ကြီးတဲ့ ဘဏ်ဓားပြမှုကို စွဲလမ်းနေသူပါ။ တစ်နေ့မှာ မမျှော်လင့်ဘဲ မှုခင်းစိတ်ပညာကျောင်းသူ အဲလက်စ်နဲ့ သူဖမ်းခဲ့ဖူးတဲ့ ဘုရားကျောင်းက သူငယ်ချင်း လူဆိုးဟောင်းလေးယောက် (တို့နဲ့အတူ ဒီအမှုကို ပြန်လည်ပြသရင်း ဖြေရှင်းဖို့ ကြိုးစားပါတယ်။ ဒီဇာတ်လမ်းဟာ ရယ်မောဖွယ် အလွဲအချော်တွေ၊ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းရဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းထားတယ်။ ဘာသာရေးယုံကြည်မှုကို နူးညံ့စွာ ထည့်သွင်းထားပြီး မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်တဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.41 GB) / ( 805 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 49m Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Drama • Comedy
6.7 2024 108 mins
Lucky Louie
No Escape
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်အက်ရှင်ရုပ်ရှင်အသစ်ကို ဘာသာပြန်တင်ဆက်ပေးလိုင်ပါတယ်။ ဇာတ်လမ်ယအကျဉ်းကတော့- ကွမ်ရှီးဒေသက ဓားပြတစ်ဖွဲ့ဟာ တရုတ်အရှေ့မြောင်ပိုင်းဒေသတွေမှာ သောင်းကျန်းနေပါတယ်။ တရားမဝင်သတ္တုတွင်းတွေကို ဓားပြတိုက်ပြီး လူသတ်မီးရှိူ့ ဒုစရိုက်မှုမှန်သမျှ အကုန်လုပ်တဲ့အဖွဲ့ပေါ့။ အခုတစ်ခေါက်မှာလည ရွှေသတ္တုတွင်းကို ဓားပြတိုက်ပြီးနောက် မွန်ဂိုဘက်မှာ လာပုန်းနေကြပါတယ်။ ကျန်းရှောင်းနဲ့ ရှောင်ထုံတို့ဟာ မွန်ဂိုရဲတပ်ဖွဲ့မှာ လူတိုင်းက အားကျရတဲ့ စုံတွဲဖြစ်ပါတယ်။ ခရိုင်ရဲစခန်းက ပူးတွဲစစ်ဆေးဖို့ တောင်းဆိုချက်ကြောင့် ဓားပြအဖွဲ့ကို လိုက်လံစုံစမ်းခဲ့ပြီး ဓားကြနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ရှောင်ထုံဟာ ကျည်ဆန်မှန်သွားပြီး အောက်ပိုင်းသေခဲ့ပြီး ကျန်းရှောင်းမှာလည်း ညာဘက်လက် ပြတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အရှုံးမပေးတဲ့ ကျန်းရှောင်းဟာ ဓားပြအဖွဲ့ကို အသတ်ပေးပြီး ဖမ်းဆီးနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဓားပြတွေကို သူတို့ဖမ်းဆီးနိုင်ကြမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Crime • Thriller
5.8 2025
No Escape