YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Punisher.2017.Se1 Ep6.WEB-DL.720P(CM).mp4

388.84 MB 720p video/mp4 3030 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Me Before You
7.9

Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou နဲ့ အရာရာကို စိတ်အချဉ်ပေါက်ပြီး တစ်ချိန်လုံးဒေါသထွက် လောကကြီးကို မကောင်းမြင်နေတဲ့ Will တို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ သူတို့ထင်ထားတာထက်ပိုပြီး ယှက်နွယ်လာခဲ့ကြပါတယ်။ . --- Review --- . Jojo Moyes ရဲ့ Best seller ဝတ္တုကို ပြန်ရိုက်ထားတဲ့ ဒီကားကို သေချာပေါက် ကြိုက်မယ့်လူ ၂မျိုးရှိပါလိမ့်မယ်။ ၁) The Fault in Our Stars လို မငိုငိုအောင် လုပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေရယ် ၂) British accent ကို ကြိုက်ပြီး အင်္ဂလန်တောတောင်ရေမြေသဘာဝအလှကို ကြိုက်တဲ့သူတွေရယ်။ . ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေးနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ အမျိုးသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားကျနေကြရတာပေါ့။ လူတိုင်းက သူ့ဆို ငပေါ ဉာဏ်ထိုင်းလို သဘောထားတဲ့အပေါ် အသားကျနေတဲ့ Lou ကို အမြဲတမ်းထိပ်ဆုံးမှာပဲ နေချင်တဲ့ Will က အားမရဖြစ်၊ ချမ်းသာပြီး အရာအားလုံးပြည့်စုံ (ကျန်းမာရေးကလွဲ)နေရဲ့သားနဲ့ အားလုံးကလဲ ဝိုင်း ဂရုစိုက်နေရဲ့သားနဲ့ ဂျစ်ကန်ကန်ဖြစ်နေရလားဆိုပြီး Lou က သိပ်သည်းမခံချင်။ ဒါပေမယ့် သံယောဇဉ်တွေ အပြန်အလှန်တွယ်ခဲ့ပြီး Lou ရဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာပြီးမှ ဘာကြောင့် သူ့ကို ခြောက်လပဲ ငှားရမ်းရလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို သိသွားတဲ့အခါမှာ Lou ဘက်ကကော Will Traynor ရဲ့ စိတ်ကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါတော့။ . အင်္ဂလိပ်ကားတို့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေ မြင်ကွင်းလှလှလေးတွေနဲ့ လှတပတလေး ရိုက်ထားတာပါ။ နောက်တစ်ခုက မင်းသားမင်းသမီးတွေက မြင်ဖူးနေကြမျက်နှာတွေပါပဲ။ Louisa Clark အဖြစ် GOT ရဲ့ အသည်းကျော် နဂါးမေမေ Emilia Clarke ဖြစ်ပြီး Will Traynor အဖြစ် hottie လေး Sam Claflin တို့ပါ။ နောက် Harry Potter ထဲက Neville Longbottom ဖြစ်တဲ့ Matthew Lewis၊ နောက် Doctor Who series ထဲက Doctor’s Companion လေး Clara Oswald ဖြစ်တဲ့ Jenna Coleman တို့လဲ ပါဝင်ပါတယ်။ နဂါးမေမေပါတယ်ဆိုပြီး GOT ထဲကလိုတော့ မထင်ထားကြပါနဲ့ဦး။ Emilia Clarke တို့ ဒီကားထဲမှာ လုံခြုံချက်များ ဘာဆို ဘာမှ မပေါ်ပါဘူး။ . အချစ်ဇာတ်လမ်းလို့ပြောပေမယ့် ဖက်ရမ်းနမ်းရှုံ့အခန်းတွေတောင် မပါမဖြစ်နေရာလောက်လေးပဲ ပါတဲ့အတွက် ကလေးတွေကြည့်လို့ရပါတယ်။ တစ်ခုပဲ… British accent နဲ့ဆိုတော့ သူတို့ပြောတာတွေ ဖမ်းမိဖို့ တော်တော်မလွယ်။ စာတန်းထိုးနဲ့ ကြည့်မှပဲ ဇာတ်ကားအရသာကို ကောင်းကောင်း ဖမ်းမိမယ် ထင်ပါတယ်။ . အစမှာ ပြောခဲ့သလိုပဲ ဝမ်းနည်းလာတာ ဝမ်းနည်းလာတာဆိုတာ မျက်ရည် ဘူးသီးလုံးလောက်ကျရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလို့တော့ မဟုတ်လှဘူး။ မင်းသားကော မင်းသမီးကောက ကားစ ကားဆုံး ရုပ်သေနေသလိုပဲ။ မင်းသားကတော့ ထားပါတော့ သူ့ဇာတ်ကောင်ကိုက တစ်ကိုယ်လုံးသေနေတာဆိုတော့။ ဇာတ်လမ်းကပေးချင်တဲ့ message ကိုက ဝမ်းနည်းစရာကောင်းနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငိုရမယ်ဆိုသလိုပါပဲ။ ဒီကားပြီးရင်တော့ စဉ်းစားစရာလေးတွေ ကျန်ခဲ့မှာပါ။ အသက်ရှင်နေထိုင်ဖို့ ဘာလိုလဲ။ ဘဝကို ဘယ်လိုနေမလဲဆိုတာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေမလဲဆိုကော ရွေးချယ်ခွင့် ရှိပါ့မလား။ စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်ရဲ့ အရိပ်ဆိုးတွေကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ Will ပြောသလို “Will you let this moment define you?”.. စသဖြင့် စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးမိမှာပါ။ ဒဿနိကပိုင်းအရ အရမ်းနက်နဲလှတယ် မဆိုနိုင်ပေမယ့် အသက်ရှင်နေရခြင်းကို bite size စဉ်းစားစရာလေးတွေ ပေးမှာပါ။ စာအုပ်ဖတ်ပြီးသားလူတွေကတော့ ဖြစ်နေကြအတိုင်း သိပ် စိတ်တိုင်းကျမယ် မထင်ပါဘူး။ . --- Movie Info --- Director: Thea Sharrock Top-billed Cast: Emilia Clarke, Sam Claflin Runtime: 1 hour 50 min Screenplay: Jojo Moyes, Scott Neustadter, Michael H. Weber Distribution : Warner Bros. Budget : $20 Million Box Office : $157.8 Million --- Ratings --- Datshin: 3.5/5 IMDb: 7.6/10 Rotten Tomatoes: 43% -Jen (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/(1.3 GB)/ (830 MB) Quality….WEB-DL 4K HEVC /1080p HEVC/720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ^May^

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.9 2016 110 mins
Me Before You
Mission: Impossible III
6.7

IMDb Rating 6.9/10 ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့် လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ... ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ... ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon

Action • Adventure • History • Mystery
6.7 2006 126 mins
Mission: Impossible III
RRR (2022) R.R.R
8.4

RRR (2022) IMDb Rating -8.4/10 (ခုဗားရှင်းကတော့ အကြည်ဆုံး WEB DL ဗားရှင်းကို Audio 5.1CHနဲ့ 4k Qualityထိ တင်ဆက်ပေးထားပါတယ်) ဘိုင်ယာဘာမင်းသား Konidela Ram Charan Teja နဲ့ ဂမ်ဂုဘိုင် မင်းသမီး Alia Bhatt တို့ရဲ့ ပါဝင်ထားပြီး မင်းသားကြီးအာဂျေးလို ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်ကြီးကပါ ပါဝင်အားဖြည့်ပေးထားပါတယ်) 1920 ခုနှစ် အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေစဥ်အခါက မြို့စားမင်း စကော့နဲ့ အမျိုးသမီးဖြစ်သူ ကတ်သရင်းတို့ဟာ အာသီလာဘတ်တောအုပ်ထဲကိုသွားရင်း မာလီဆိုတဲ့ ကလေးလေးတစ်ယောက်ကို အဆိုကောင်းတာကြောင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ် မာလီရဲ့ အစ်ကိုဖြစ်တဲ့ ဘင်းတစ်ယောက်ကတော့ သူ့ညီမလေးကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားနေရင်း တစ်နေ့ ရာမာ(ရမ်) နဲ့ ဆုံခဲ့ပါတယ် သူတို့နှစ်ယောက် အလုပ်အတူတူလုပ်ရင်းနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့ သို့သော် ဘင်းမသိခဲ့တဲ့ ရမ်ရဲ့အကြောင်းကတော့ ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့တာပါ ရမ်က ရဲသားတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ ညှာတာခြင်းမရှိ နှိပ်စက်သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ပါ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ် ဘင်းနဲ့ ရမ်ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်မှာလဲ… ရမ်နဲ့ စီသာ (မင်းသမီး Alia Bhatt) ကကော ဘယ်လိုဆက်နွယ်မှုရှိနေတာလဲ…. IMDb 8.4/10 ရရှိထားပြီး ဗြိတိသျှအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ အဖိနှိပ်ခံပြည်သူတွေရဲ့ ဇာတ်ကြောင်းနဲ့ ဘဝတွေကို အကောင်းဆုံးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တာကြောင့် အခုပဲ ကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ (4k Quality ထွက်လာရင်လဲ အမြန်ဆုံး Updateပေးသွားပါမယ်)

Drama • Horror • Mystery
8.4 1900
RRR (2022) R.R.R
Summer Palace
7.1

Summer Palace (2006) ~ IMDb – 7.1/10, Rotten Tomatoes – 72% ~ Directed By “Lou Ye” Summer Palace ဟာ ထူမန်ဆိုတဲ့ တရုတ်နဲ့မြောက်ကိုရီးယားနယ်စပ် နယ်ဘက်ကျေးဘက်က မြို့ကလေးက ယုဟုန်ဆိုတဲ့ ဆယ်ကျော်သက်မကလေးရဲ့ အချစ်နဲ့ဘဝဇာတ်ကြောင်းလို့ ပြောရမလိုလိုပဲ။ ဇာတ်ကို ၁၉၈၀နှောင်းပိုင်းလောက်မှာ စထားတယ်။ အဲဒီကာလမှာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ယုဟုန်ဟာ ပေချင်ကောလိပ်ဝင်ခွင့်ရပြီး နယ်မြို့လေးကနေ ပေကျင်းကို တက်ဖို့အကြောင်းဖန်လာတယ်။ တရုတ်အစိုးရကို ကြောက်လို့ တကယ်မရှိတဲ့ ကောလိပ်နာမည်သုံးထားတာပေမဲ့ ပေကျင်းတက္ကသိုလ်ကိုပဲ ရည်ညွှန်းတယ်ပြောတယ်။ သူ့ရည်းစားကောင်လေးကတော့ နယ်မှာပဲ ကျန်ရစ်ခဲ့တယ်။ ဆယ်ကျော်သက်တွေ သဘာဝအတိုင်း ပေကျင်းကိုမသွားခင် ကောင်မလေးနဲ့ ကောင်လေး လက်တည့်စမ်းကြတယ်။ Lou Ye ဟာ ရှေ့ကရိုက်ခဲ့တဲ့ကားတွေအတိုင်းပဲ ဝတ်လစ်စားလစ်အခန်းတွေ တော်တော်သုံးထားတယ်။ အထူးသဖြင့် ယောက်ျားလေး ဝတ်လစ်စားလစ်တွေဘက် ပိုပြတယ်။ Lou Ye ရဲ့လိင်မှုခန်းတွေဟာ ပီပြင်သမှုနဲ့ နာမည်ကျော်ပြီးသားဆိုတော့ ထွေထွေထူးထူးတော့ ပြောစရာမလိုပါဘူး။ Summer Palace ရဲ့ လိင်မှုခန်းတွေကတော့ ဒီတိုင်းတင်မဟုတ်ဘဲ နိုင်ငံရေးအခြေအနေတွေကိုပါ ပုံဖော်ထားတယ်လည်း ပြောကြတယ်။ ” နွေညနေခင်းမှာတိုက်တဲ့ လေပြေလို ဆိုင်းမဆင့်ဗုံမဆင့်ဆိုက်ရောက်လာတတ်တဲ့ အရာတစ်ခုရှိတယ်။ အဲဒီအရာက လူကို မိုးမမြင်လေမမြင်ဖြစ်အောင်လုပ်နိုင်ပြီး ပူလောင်ခြင်းတွေနဲ့ ထားခဲ့တတ်တယ်။ အဲဒီအရာက ကိုယ့်နောက်ကို အရိပ်လိုလိုက်နေတတ်ပြီး အဲဒီအရာကို ဘယ်လိုမှ ထိန်းချုပ်လို့မရဘူ။း အဲဒီအရာကို ဘာပါလို့တော့ ကျွန်မတပ်အပ်မသိဘူး။ အဲဒီအရာကို ကျွန်မ အချစ်လို့ပဲ အမည်တပ်ပေးနိုင်တယ် “ ကောင်မလေးက စိတ်ကစားတယ်ပဲပြောရမလား သူ့အချစ်ကိုခံယူပုံကပဲ ထူးခြားတယ်ပဲ ပြောရမလားတော့ မသိဘူး။ တက္ကသိုလ်ရောက်တော့လည်း တခြားကောင်လေးတစ်ယောက်နဲ့တွဲတယ်။ ပထမကောင်လေးနဲ့တုန်းက ငယ်သေးလို့လားမသိ ခံစားချက်သိပ်မများဘူးလို့ထင်ရပေမဲ့ ဒီဒုတိယကောင်လေးနဲ့ကျ ကောင်မလေးဟာ တော်တော်လေး ခံစားတတ်လာသလို ကောင်လေးကြောင့် ခံစားရတာတွေလည်းများလာတယ်။ ဒါကို သူ့ Monologue အရှည်ကြီးတွေနဲ့ ပြသွားတယ်။ ထူးတာက ဒီထဲက မိန်းကလေးဇာတ်ကောင်ဟာ ရုပ်ရှင်ဇာတ်ကောင်တစ်ခုဆိုတာထက် ကျွန်တော်တို့ ကြုံနေမြင်နေရတဲ့ မိန်းကလေးတွေနဲ့ စိတ်နေသဘောထား ဘာညာ တော်တော်တူတယ်။ သူ့ Monologue တွေအရဆိုလည်း ဒီအချက်က ပိုသိသာတယ်။ ဒီအတွက် တွဲဖက်အမျိုးသမီးဇာတ်ညွှန်းဆရာမတွေရဲ့ ကျေးဇူးလည်း မကင်းလောက်ဘူး။ ဒီကားရဲ့ ဇာတ်အိမ်ထက် ဇာတ်ကောင်က ပိုအဓိကကျနေတဲ့အတွက် မြင်နေကြုံနေကျ မိန်းကလေးဇာတ်ကောင်မျိုးကို ပေးနိုင်တာကိုက သူ့အရသာဖြစ်နေလိမ့်မယ်။ နောက်ကောလိပ်တက်နေတဲ့ ဇာတ်ကောင်တွေရဲ့ လူငယ်တို့ဘာသာသဘာဝ ကတောက်ကဆတွေ ဝေးကွာခြင်းတွေကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ သူက နိုင်ငံရေးစွတ်လာတယ်။ ၁၉၈၉မှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည်ရဲ့ နာမည်ကျော် ထျန်းအန်းမင် အရေးအခင်း ဖြစ်နေတဲ့ကာလနဲ့ ဆက်စပ်ပြသွားတယ်။ ငါတို့နိုင်ငံမှာ ငါတို့ဟာ အကျဉ်းသားတွေပြန်ဖြစ်နေတာကို ကမ္ဘာကသိစေချင်တယ်ဆိုပြီး ပီကင်းတက္ကသိုလ်က ဆရာမတစ်ယောက်က ဒီအရေးအခင်းမှာ ဟောပြောခဲ့သလို လူ ၃၀၀၀လောက်သေခဲ့တဲ့ အရေးအခင်းကြီးပေါ့။ Lou Ye ဟာ အရေးအခင်းနဲ့ လူငယ်တွေရဲ့ ဘဝရဲ့အပြောင်းအလဲတွေကို ယှဉ်တွဲပြသွားခဲ့သလို ဒီရုပ်ရှင်ကို ဝေဖန်ရေးဆရာတွေကတော့ နိုင်ငံရေးနဲ့ ကိုယ်ရေးကိုယ်တာကို အလှပဆုံးရောစပ်ထားတဲ့ ရုပ်ရှင်လို့လည်း ဆိုကြတယ်။ ဒီရုပ်ရှင်ထဲက ကောလိပ်ကျောင်းသားဘဝတွေဟာ ကြည်နူးစရာတစ်ကွက်မှမမြင်မိပေမဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ အငွေ့အသက်ကို ရနေတယ်ဆိုတာတော့ ငြင်းမရဘူး။ Zhang Yimou တို့၊ Chen Kaige တို့ မျိုးဆက်အလွန် Jia Zhangke တို့၊ Wang Xiaoshuai တို့၊ Lou Ye တို့ရဲ့ ၆ဆက်မြောက်ထဲ Lou Ye ဟာ ဒီမျိုးဆက်ရဲ့အထင်ရှားဆုံးလူတွေထဲ ပါပါတယ်။ Summer Palace ဟာလည်း သူ့ရဲ့အထင်ရှားဆုံးကားတွေထဲပါတယ်။ ထုံးစံအတိုင်း တရုတ်ပြည်မက ကားပေမဲ့ ကားကောင်းမှန်သမျှ လိုက်ဘန်းပြီး ပေါ်လစီကားပဲ ခွင့်ပြုတတ်တဲ့ တရုတ်ကြီးတို့ဟာ ထျန်းအန်းမင်အရေးအခင်းက Footage တွေကို သုံးထားတဲ့အတွက် ဒီကားကိုဘန်းလိုက်ပြန်တာပါပဲ။ ဒါပေမဲ့လည်း ဒီကားထဲက အချက်အလက်တော်တော်များကတော့ လှီးလွဲသုံးထားတာတွေပါ။ အဲဒီခေတ်မှာ တကယ်မရှိသေးတဲ့ အရာတွေလည်းပါသလို တကယ်မရှိတဲ့နေရာတွေလည်း ပါနေပြန်တာပါပဲ။ ဒါတောင် အပိတ်ခံရပါတယ်။ Lou Ye ဟာ တစ်ကားရိုက်တစ်ကားဆိုသလို အကြောင်းမျိုးစုံပြပြီး တရုတ်အစိုးရ ရိုက်ခွင့်ပိတ်နေရတဲ့ ဘဲပါပဲ။ ဒီကားအပြီးလည်း ငါးနှစ်ထပ်အပိတ်ခံခဲ့ရပါတယ်။ မတတ်နိုင်ခြင်းတွေနဲ့ ကြည့်နေရတဲ့ ကျွန်တော်တို့ခေတ်ထဲ ဖောခြင်းသောခြင်း စီးဆင်းနေတဲ့အရာတွေဟာ ဝေးကွာခြင်းတွေပဲဆိုတော့ တချို့အတွက်တော့ ဒီရုပ်ရှင်ဟာ အနည်းနဲ့အများ တိုက်ဆိုင်နေမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 2H 38Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 2006 135 mins
Summer Palace
Uncle Maoshan
6

တရုတ်ခုန်ဆွသရဲကားတွေကြိုက်တဲ့ CM ရဲ့ ပရိတ်သတ်တွေအတွက် Uncle Maoshan ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချင်းခေတ်နှောင်း မင်ကော်ခေတ်အစပိုင်းမှာ သူဌေးကြီး သခင်ကြီးရန်ဟာ မတော်တဆသေဆုံးသွားခဲ့ပါတယ်။ ကောလာဟလတွေအရ သခင်ကြီးရန်ဟာ သရဲကိုက်လို့သေတာလို့ ပြောနေကြသဖြင့် မမလေးရန်ဟာ ဦးလေးကျိုကို သူမအဖေအတွက် အကူအညီတောင်းလာပါတယ်။ အမှန်တရားအတွက် သွားရောက်စုံစမ်းစဉ် အလောင်းရုံထဲ ထားခဲ့တဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့ သခင်ကြီးရန်ဟာ ထူးဆန်းစွာ ပြန်ရှင်လာပြီး သရဲအဖြစ်နဲ့ မြို့ထဲကလူတွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းမှ အဖွဲ့ခေါင်းဆောင်ချောင်ဟာ ဆရာကြီးချန်းဟဲ့ကို ခေါ်ပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းခိုင်းခဲ့ပေမယ့်လဲ ဆရာကြီးချန်းဟဲ့လည်း ဘာမှ မတတ်နိုင်ဖြစ်ခဲ့ရပါတယ်​၏ သရဲတွေကလည်း တဖြည်းဖြည်းနှင့် ပိုဆိုးလာပြီး မြို့ထဲမှ လူအများကလဲ စိုးရိမ်ကြောက်လန့်နေရပါတယ်။ မောင်ရှန်းဘုန်းကြီးဖြစ်သူ ဦးလေးကျိုဟာလည်း သူ့ဘဝမှာ အကြီးဆုံး အခက်အခဲနဲ့ တွေ့နေပါတော့တယ်။ မြို့ထဲက သရဲတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ…… ဦးလေးကျိုနဲ့ သူ့တပည့်တွေကရော ဘယ်လို နှိမ်နင်းကြမလဲ…… ဆိုတာ ရုပ်ရှင်ထဲမှာပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။

Comedy • Romance • Drama
6 2023
Uncle Maoshan
Sushi Girl
6

Sushi Girl (2012) ============== ဖစ်ရှ်တစ်ယောက် ထောင်က လွတ်လာတဲ့နေ့မှာပဲ သူ့ရဲ့ ဘော်ဒါဟောင်း ဒုခ် ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရတယ်။ လွတ်မြောက်မှုအတွက် ဂုဏ်ပြုဖို့ပေါ့။ ဒါပေမဲ့ ဒုခ် လက်စသတ်ချင်နေတဲ့ ကိစ္စတစ်ခုရှိနေတယ်။ ဖစ်ရှ်ဟာ ဓားပြ တိုက်မှုနဲ့ ထောင်ထဲမှာ ၆နှစ်တာ ကုန်ဆုံးခဲ့တယ်။ အပေါင်းအပါတွေကို တစ်ယောက်မှ မဖော်ထုတ်ဘဲ သူတစ်ယောက်တည်း အပြစ်ခံယူခဲ့တယ်။ ဒီ့အတွက် ဒုခ်က စွန့်ပစ်ခံထားရတဲ့ စားသောက်ဆိုင်တစ်ခုမှာ ဖစ်ရှ်အတွက် ဆူရှီကို ခမ်းခမ်းနားနား ထူးထူးခြားခြား ပြင်ဆင်ပေးထားတယ်၊ ဆူရှီအခင်း အကျင်းမှာတော့ ဝတ်လစ်စလစ်နဲ့ မိန်းကလေးတစ်ယောက်ဟာ တည်ခင်း စရာဗန်းအဖြစ် စားပွဲပေါ် လဲလျောင်းနေပေးရတယ်။ သူ့အလုပ်ဟာ သက်မဲ့ ပန်းကန်ဖြစ်ပေးဖို့ ဘာပဲကြားကြား ဘာပဲမြင်မြင် ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့ မိန်းကလေး။ ဒီလို ထူးခြားတဲ့ ဂုဏ်ပြုညစာစားပွဲလေးဟာ ထင်မှတ်မထား တာတွေ ဖြစ်လာတဲ့အခါ ဒီမိန်းကလေး ဘယ်လိုနေမလဲဆိုတာကိုတော့ ကြည့်ရှုခံစားရင်ခုန်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.46 GB) / (538 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Mystery, Thriller Translator…….Mugiwara Ya Encoder……….SWM

6 2012
Sushi Girl
Rise of the Planet of the Apes
7.6

RT 82% နဲ့ IMDb 7.6 ရထားတဲ့ ကြည့်လို့ မရိုးနိုင်တဲ့ ဇာတ်ကားဟောင်းလေးကို CM ကနေ ပြန်တင်ဆက်ပေးလိုက်ပါတယ်။ Andy Serkis နဲ့ James Franco တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Rupert Wyatt ရိုက်ကူးထားတဲ့ သိပ္ပံစိတ်ကူးယဉ် အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲလ်ဇိုင်းမားရောဂါကို ကုသနိုင်မယ့် ဆေးသစ်တစ်ခုကို ထုတ်ဖို့ စမ်းသပ်ရင်းကနေ ဉာဏ်ရည် အလွန်မြင့်တဲ့ ချင်ပန်ဇီတစ်ကောင် မွေးဖွားလာပါတယ်။ လူသားတစ်ယောက်လို တွေးနိုင်၊ လုပ်ကိုင်နိုင်တဲ့ ဒီချင်ပန်ဇီဟာ အကြောင်းမလှစွာဘဲ လူသားတွေရဲ့ ရက်စက်တာကို ခံခဲ့ရတဲ့နောက် မျောက်ဝံတွေ အားလုံးကို စုစည်းပြီး လွတ်မြောက်ရာကို ထွက်ပြေးနိုင်ဖို့ ပုန်ကန်လာပါတော့တယ်။ File size… 6.3 GB / 1.7 GB / 935MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by El’MoH

7.6 2011
Rise of the Planet of the Apes
Badland Hunters

Badland Hunters (2024) အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။ ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။ Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့ နေချင်စဖွယ်‌ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။ Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။ Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံ‌တွေ လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့ ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတာပေါ့။ ဒီဖုန်းဆိုးမြေကြီးလို စားစရာသောက်စရာမရှိတဲ့နေရာမှာ လူတွေအားကိုးအားထားပြုနေရတာကတော့ ဇာတ်လိုက်ကျော်မုဆိုးကြီး နမ်ဆန်းကိုပါပဲ။ ဘယ်လိုအန္တရာယ်ကိုမှမမှုတဲ့ တုံးဆိုတိုက် ကျားဆိုကိုက်မယ့် လူကြမ်းကြီးနမ်ဆန်းရဲ့ ရင်နှစ်သည်းချာလေးကတော့ ငယ်စဉ်က သူကိုယ်တိုင်ကယ်ထားတဲ့ ယန်ဂီဆုဆိုတဲ့ကလေးမလေးရယ် သူ့ရဲ့လက်ထောက်ဂျီဝမ်နဲ့ ဘတ်စ်ကားဝင်းထဲကပြည်သူတွေပါပဲ။ နေစရာစားစရာတောင်မရှိတဲ့ကာလမှာ ဥပဒေဆိုတာ စေ့စေ့တွေးလို့ ရေးရေးတောင်မပေါ်နိုင်တဲ့အရာဖြစ်နေပြီဆိုတော့ သ‌ဘာဝဘေးကတစ်ဖက် လောဘသား လူမိုက်တွေကတစ်ဖက် ဒီကြားထဲက သူအလေးထားတဲ့အရာတွေကို နမ်ဆန်းတစ်ယောက် ကာကွယ်သွားနိုင်မလားဆိုတာ CMနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Milkeux, Mary, Kppks, Shin, Cali တို့ပဲ ဖြစ်ပါတယ်။ Genre….. Action, Adventure, Drama Quality…. 1080p | 720p File size… 2.2GB | 763MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Laii, Milkeux, Mary, Kppks, Shin, Cali Encoder ….. Ka Naung, Aaron

0 2024
Badland Hunters
[18+] Linya
6.5

============== ဂျီယာက နယ်မှာကျန်ခဲ့တဲ့ မိသားစုကိုထောက်ပံ့ဖို့ကြိုးစားနေရတဲ့ ဘားမယ်လေးတစ်ယောက်ပါ။ ဘားမယ်အလုပ်ကရတဲ့ငွေနဲ့မလုံလောက်တဲ့အတွက် ဘေးပေါက်အနေနဲ့ ဩဇာကြီးနိုင်ငံရေးသမားတစ်ယောက်ရဲ့အငယ်အနှောင်းဘ၀ကို ခံယူထားပါသေးတယ်။သူဟာ ငယ်စဉ်ကတည်းက အသုံးမကျတဲ့မိခင်ဖြစ်သူကြောင့် အပျိုစင်ဘ၀ကို အသက်မပြည့်ခင်ထဲကဆုံးရှုံးထားရတဲ့သူလည်းဖြစ်ပါတယ်။လိင်ကိစ္စကို အလိုမတူပဲ၊ ဒါမှမဟုတ် ငွေအတွက်ပဲကြုံဆုံဖူးခဲ့ရတဲ့သူဟာ ဒီကိစ္စကနေ တကယ်တမ်း သူ့အတွက် သာယာမှုပေးနိုင်တဲ့လူတစ်ယောက်ကို ကြုံလာရချိန်မှာတော့.. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(600MB) Quality_Blu-Ray 1080p Format_mp4 Duration_00:48:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.5 2024 48 mins
[18+] Linya
Pretty Woman
7.1

Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်း ပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး သူပြောခဲ့တဲ့စကားတစ်ခုက “ဆိုင်တွေက customers တွေကို ဘယ်တော့မှ ကောင်းကောင်းမဆက်ဆံဘူး၊ သူတို့ ကောင်းကောင်းဆက်ဆံတာ credit card ပဲရှိတယ်။” ကျွန်တော်ကတော့ ကြည့်ရတာ သဘောကျမိတယ်။ 90s vibe ကိုလည်း ကောင်းကောင်းကြီးခံစားရသလို၊ old money အသိုင်းအဝိုင်းကိုလည်း သေချာမြင်ခဲ့ရတယ်။ Romance/Comedy genre ထဲက တကယ်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ AnemoiVerse Rating: 4/5 Author: Anemoi (ရုပ်ရှင်အညွှန်းကို AnemoiVerse FB Page မှ ကူးယူဖော်ပြပါသည်။) မင်းသမီး Julia Roberts နဲ့ မင်းသားကြီး Richard Gere တို့ရဲ့ နာမည်ကျော် ရိုမန့်ဒရမ်မာရုပ်ရှင်ကားလေးဖြစ်ပြီး IMDb Rating (7.1) ထိ ရရှိထားပါတယ်။

7.1 1990
Pretty Woman
Empire Queen: The Golden Age of Magic
5

ဒီဇာတ်ကားက Low Budget ဇာတ်ကားတစ်ကားဆိုပေမဲ့ ကြည့်လို့ အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ မှော်ကား ကောင်းကောင်လေး ကြည့်ချင်နေသူအတွက် ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မှော်ပညာကို အသုံးပြုခွင့်ပိတ်ပင်ခံထားရတဲ့ အင်ပါယာတိုင်းပြည် အကြောင်းကို ရှုခင်းလှလှလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားတာတဲ့ ဖြစ်တဲ့အတွက် မိသားစုနဲ့ ကြည့်တာပဲဖြစ်ဖြစ် .. ဘယ်သူနဲ့ပဲ ကြည့်ကြည့် လုံးဝ အဆင်ပြေပါတယ်။ ဆိုးယုတ်တဲ့ ဘုရင်မ တစ်ယောက်ကို ဖြုတ်ချဖို့အတွက် လူသုံးယောက်က နတ်သိကြားမှော်တုတ်တံကို ရှာကြရင်း ဘယ်လို စွန့်စားခန်းတွေ .. နဂါးတွေ .. ရန်သူတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း ခံစားကြပါတော့။ File size…3.18GB / 1.63GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 28m Genre ….. Adventure , Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Horror
5 2024 148 mins
Empire Queen: The Golden Age of Magic
Boonie Bears: Time Twist

တရုတ်ပြည်တွင်းမှာလူကြိုက်များတဲ့နာမည်ကြီးကာတွန်းစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ ဝက်ဝံကြီးဝက်ဝံလေးနဲ့ သစ်ခုတ်သမားကြီးဖိုးကတုံး(ကွမ်းထိုချန်)တို့ရဲ့ ၂၀၂၄မှာရုံတင်ခဲ့တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဖိုးကတုံးကြီးကွမ်းထိုချန်က အောင်မြင်မှုမရှိ ဝင်ငွေနည်းတဲ့ သူ့ရဲ့တောတောင်ထဲကဘဝကိုစိတ်ကုန်ပြီးတော့ မြို့ပြကြီးမှာ သာမန်လူတွေလို အလုပ်ကြိုးစားရင်းတိုးတက်ရာတိုးတက်ကြောင်းကြိုးစားပြီးနေထိုင်လာခဲ့တယ်။ သူရည်မှန်းထားတဲ့ဘဝ အိပ်မက်တွေအကောင်အထည်ဖော်ဖို့ မျှော်လင့်ချက်တွေပြည့်နေတဲ့အချိန်မှာပဲ သူ့ရဲ့ချစ်ရတဲ့သူငယ်ချင်းတွေဖြစ်တဲ့ ဝက်ဝံကြီးနဲ့ ဝက်ဝံလေးကိုကယ်ဖို့ အချိန်စီးကြောင်းတွေကိုကူးလူးပြီးတော့ အချိန်ခရီးသွားခရီးစဉ်ကြီးကိုစတင်လိုက်ရပါတယ်။ ဒီခရီးမှာ သူအရင်ကတန်ဖိုးမထားခဲ့တဲ့အရာတွေရဲ့ တန်ဖိုးအစစ်အမှန်ကို ပြန်မြင်ခဲ့ပြီး အရာအားလုံးကိုပြောင်းလဲချင်လာတဲ့အခါ အချိန်မီပါဦးမလား။ ကွမ်းထိုချန်တစ်ယောက် မြို့ပြဘဝမှာပဲဆက်နေသွားမလား…… အရင်လိုအေးချမ်းတဲ့တောထဲမှာပဲဘဝကိုကုန်ဆုံးသွားမလား….

Thriller
0 2024
Boonie Bears: Time Twist
Torrente, the Dumb Arm of the Law

“Torrente: El brazo tonto de la ley” ဆိုတာဟာ မြန်မာလိုဆိုရင် “တရားဥပဒေရဲ့အရူးလက်တစ်ဖက်”ဆိုတဲ့ ခေါင်းစဉ်နဲ့ လူမိုက်ရဲဟောင်းတစ်ယောက်ဟာ မူးယစ်ဆေးအမှုတစ်မှုကိုအလွဲအမှားတွေနဲ့စုံစမ်းဖော်ထုတ်ဖို့ကြိုးစားတဲ့ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ သူဟာ ရူးကြောင်ကြောင်အမူအရာတွေလုပ်ပြီး ရဲတပ်ဖွဲ့ရဲ့ အားနည်းချက်တွေနဲ့ လူ့အဖွဲ့အစည်းထဲကအလွဲတွေကို ဟာသနဲ့ဖော်ပြထားပါတယ်။ ဇာတ်ညွှန်းကိုပြောရရင်တော့ တိုရန်တဲလ်ဟာ ရဲတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ရာထူးကျပြီးနောက်မှာ မကောင်းတာမှန်သမျှအကုန်လုပ်ပြီး အရက်စွဲနေတဲ့လူတစ်ယောက်ပါ။ တစ်ရက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်မှာထိုင်နေရင်း ထိုစားသောက်ဆိုင်ကနေ မူးယစ်ဆေးတွေကို တစ်ကမ္ဘာလုံးကိုဖြန့်နေတယ်ဆိုတာ မထင်မှတ်ထားပဲ တွေ့ရှိလိုက်ပါတော့တယ်။ အဲဒါနဲ့သူလဲ အရင်ရာထူးကိုပြန်ရဖို့အတွက် သူ့နဲ့ခင်တာမကြာသေးတဲ့‌တိုက်အောက်ထပ်ကကောင်လေးနဲ့အတူ ထိုအမှုကိုဖော်ဖို့ကြိုးစားရင်း အလွဲလွဲအချော်ချော်တွေဖြစ်ကာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။ File size…(1 GB) Quality….720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

0 1998
Torrente, the Dumb Arm of the Law
Kun in the Distant Ocean
5.6

ပင်လယ်နတ်မင်းသားရဲ့ကြင်ယာတော်ဖြစ်တဲ့ အားလီဟာ သာမန်လူသားဖြစ်ပေမယ့် ထာဝရနုပျိုနေတယ်လို့ ဒဏ္ဍာရီရှိတဲ့အတွက် မိန်းကလေးတွေကကိုယ့်ကိုယ်ကိုစတေးခံပြီး ပင်လယ်နတ်မင်းသားကြင်ယာတော်ဖြစ်ဖို့ ယှဉ်ပြိုင်ကြတယ်။လင်ယွီဆိုတဲ့မိန်းကလေးဟာ သူ့အစ်မနဲ့အတူ ပင်လယ်နတ်မျိုးနွယ်တားမြစ်နယ်မြေကို ရောက်လာကြပြီးအကျည်းတန်ရုပ်ဆိုးတဲ့မင်းသားနဲ့ ချောမောတဲ့မင်းသား မင်းသားနှစ်ယောက်နဲ့ဆုံတွေ့ခဲ့ကြတယ်။ သူတို့ဟာ ပင်လယ်နတ်ဘုရင်မျိုးနွယ်တွေရဲ့အရှုပ်အထွေးတွေကြားကိုရောက်သွားပြီးတော့ အစ်မဖြစ်သူက ရေခဲအခေါင်းထဲမှာပိတ်ထားခံရပြီးတော့ ညီမဖြစ်သူက အိမ်ရှေ့မင်းသားနဲ့အတူ မြွေနက်တောထဲကိုသွားရောက်စွန့်စားဖို့ဖြစ်လာခဲ့တယ်။ကံကြမ္မာရေစက်ရဲ့လှည့်ကွက်ထဲမှာ လင်ယွီနဲ့ အိမ်ရှေ့မင်းသားဟာ အန္တရာယ်ကိုဘယ်လိုကျော်ဖြတ်ပြီး လက်တွဲသွားမလဲဆိုတာကို ပုံဖော်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

5.6 2024
Kun in the Distant Ocean