YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Outing S01E06 720p CM.mp4

163.77 MB N/A video/mp4 45 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What If
6.7

“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်” ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာက ဒီသီချင်းလေး ဖြစ်နေလို့။ အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကို တွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင် ဘယ်လိုတွေဆက်လုပ်ကြမလဲ... လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား... မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား… ဝေခွဲမရဖြစ်မှာ သေချာပါတယ်။ တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြော တလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့ တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်း ကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ် ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ် ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့ အခက်သားမဟုတ်လား…။ သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့ မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်း ရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ် ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့က မျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ… ဘာဆက်လုပ်ရမလဲ…။ ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့ စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီး ဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲ ခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှ ကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ ဒယ်နီရယ်ရတ်ကလစ်ဖ် သရုပ်ဆောင်ထားတာပါ၊ ဆရာသမားက ဆရာဆိုသလိုပဲ အကောင်းဆုံး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ကောင်မလေးနေရာကတော့ မျက်နှာဝိုင်းဝိုင်း ချစ်စရာသရုပ်ဆောင်တတ်လေ့ရှိတဲ့ ဇိုးကာဇန်ပါ Ruby Spark တို့ Big Sick တို့ ကြည့်ဖူးရင် သိပါလိမ့်မယ်။ ဇာတ်ပို့တွေကလည်း အဒမ်ဒရိုက်ဘာတို့လိုမျိုး မခေသူတွေလည်းပါတဲ့ မော်ဒန်အချစ်ဟာသကားကောင်းလေးပါ၊ ငယ်ငယ်တုန်းက တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့ရေးတဲ့ မော်ဒန်ဝတ္ထုလေးတွေ သဘောကျခဲ့မယ်ဆို အဲဒီလိုမျိုးကိုမှ ရုပ်လုံးကြွလာစေမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွန်းပေးလိုက်ပါရစေဗျာ။ File size…  1.42 GB /  605 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy • Romance
6.7 2013 93 mins
What If
LOLA
6.4

2022 ခုနှစ် အင်္ဂလန်နိုင်ငံ Sussex ပြည်နယ်ရှိ နေအိမ်တစ်လုံးရဲ့ ထပ်ခိုးပေါ်မှာ မှတ်တမ်းရိုက်ကူးထားတဲ့ ဖလင်လိပ် တစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲဒီ ဖလင်လိပ်ထဲပါတဲ့ အကြောင်းအရာ အများစုက ၁၉၄၁ ခုနှစ်တုန်းက Thomasina နဲ့ Martha ဆိုတဲ့ ညီအစ်မ နှစ်ယောက် နဲ့ LOLA လို့ သူတို့ အမည်ပေးထားတဲ့ စက် အကြောင်းတွေ ပါတယ်။ ဖလင်လိပ်ကို ရိုက်ကူးခဲ့တဲ့သူက အဓိက Martha ဖြစ်ပြီး LOLA စက်ကို သူ့အစ်မ Thomasina က ဘယ်လိုထွင်ဖြစ်ခဲ့တဲ့အကြောင်း LOLA စက် နဲ့ သူတို့တွေ အနာဂတ်က ရုပ်သံလိုင်းတွေ သတင်းအချက်အလက်တွေကို ဘယ်လို ကြည့်နိုင်ခဲ့သလဲဆိုတဲ့အကြောင်း သူ့အစ်မ Thom က ဘယ်လိုလူမျိုးလဲဆိုတဲ့ အကြောင်းတွေကို ရိုက်ကူးရင်း Martha က ပြောပြသွားတယ်။ ဖလင်လိပ် ရိုက်ကူးခဲ့ချိန်က ၁၉၄၁ ခုနှစ်ကာလဆိုတော့ ဒုတိယကမ္ဘာစစ် ဖြစ်ခဲ့တဲ့အချိန် Thomasina နဲ့ Martha တို့ ဒီ LOLA စက်ကို စစ်အတွင်း ဘယ်လို အသုံးချခဲ့ကြမလဲ အနာဂတ် သမိုင်းအဖြစ် အပျက်တွေကို ပြောင်းလဲပစ်လို့ ဆိုးကျိုး နဲ့ နောက်ဆက်တွဲတွေရော ဘယ်လို ဖြစ်နိုင်လဲ သူတို့ ဘဝတွေ ရော ဘာတွေ ဖြစ်သွားနိုင်သလဲဆိုတာကိုတော့ Martha ပြောပြသွားတာကို နားထောင်ရင်း ဒီ LOLA-2022 ရုပ်ရှင်ဇာတ်လမ်းကို ကြည့်ရှုဖို့ တိုက်တွန်းပါရစေ။ ဒီကားကို ဒါရိုက်တာ Andrew Legge က ရိုက်ကူးထားတာဖြစ်ပြီး အကောင်းဆုံး ဒါရိုက်တာဆု ကို ဆွတ်ခူးရရှိထားပါတယ်။ သရုပ်ဆောင်တွေကတော့ Thomasina အဖြစ် Emma Appleton Martha အဖြစ် Stefanine Martini တို့ ဖြစ်ပါတယ်။ သရုပ်ဆောင် Emma Appleton ကို Netflix witcher Series ကြည့်ဖူးတဲ့သူတွေဆို ရင်းနှိးပြီးသား ဖြစ်မယ် လို့ ပြောလို့ရတယ်။ The Witcher Series Season 1 Episode 1 မှာ Renfri ဆိုတဲ့ စုန်းမ အနေနဲ့ ပါဝင်ခဲ့တာပါ။

Action • Crime • Mystery • Thriller
6.4 2023 79 mins
LOLA
Zoey 102
7.3

Zoey 102 (2023) ဘဝမှာဖြစ်ချင်တာတွေများပြီး ဟိုဟာလည်းလုပ်ချင် သည်ဟာလည်းလုပ်ချင်နဲ့ အလွဲတွေဖြစ်ကုန်တဲ့ ဇိုအီဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ဟာသ ဒရာမာအရောလေးတွေနဲ့ကြည့်ရှုကြရမှာပါ။ ဇိုအီဆိုတာက ရသစုံတီဗွီရှိုးထုတ်လုပ်ရေးတစ်ခုမှာ အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ ဇိုအီတို့က LOVE:Fully Charged ဆိုတဲ့ ချိန်းတွေ့တဲ့တီဗွီရှိုးတစ်ခုရိုက်နေတာဖြစ်ပြီး အဲဒီရှိုးမှာ ဇိုအီ မရှိလို့မဖြစ်တဲ့ ကလေးပေါက်စလိုဖြစ်နေတဲ့ ပါဝင်သူတစ်ယောက်ရှိနေပါတယ်။ အဲဒါနဲ့ပဲ ဇိုအီလည်းရာထူးတိုးပြီး ရှိုးရဲ့ဇာတ်သိမ်းပိုင်းကို ကိုင်တွယ်ဖို့ တာဝန်ပေးခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့က ဇိုအီ့အချစ်ဆုံးသူငယ်ချင်း မင်္ဂလာဆောင်မယ့်ရက်နဲ့တိုက်နေပါတယ်။ အောင်မြင်မယ့်အခွင့်အရေးနဲ့ သူငယ်ချင်းအရင်းကြီးရဲ့ကြားမှာ နှစ်ခုလုံးကိုဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါအပြင် ရည်းစားဟောင်းနဲ့ပြတ်ပြီးကတည်းက ဘဲမရှိသေးလို့ဆိုပြီး အနှိမ်မခံရအောင် အယောင်ဆောင်ရည်းစားလည်းငှားလိုက်ပါသေးတယ်။ တကယ့်မင်္ဂလာပွဲနေ့နဲ့ ရှိုးပွဲနောက်ဆုံးပိုင်းနေ့ရောက်တဲ့အခါ ဘာတွေဖြစ်မလဲ ဇိုအီတစ်ယောက်ဘယ်လိုအမျိုးစုံကြိုးခုန်မလဲဆိုတာကို ကြည့်ရှုအားပေးနိုင်ပါပြီ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hnin Ei Pai ပဲ ဖြစ်ပါတယ်။

Drama • Romance
7.3 2023 101 mins
Zoey 102
A Wedding to Remember
6.1

A Wedding To Remember (2021) ======================= IMDb Rating – 6.1/10 အချစ်ဆိုသည်မှာ အံ့ဩမှုများနဲ့ ဆန်းကြယ်သောအရာတဲ့။ မြင်မြင်ချင်း ချစ်မိတာက အချစ်စစ်လား၊ ရယူဖန်တီးထားတာကရော အချစ်လား၊ လုပ်ယူမထားဘဲ သဘာဝဆန်ဆန်လေး ချစ်ကြိုက်မိသွား ကြတာကမှ အချစ်စစ်လား။ လူတိုင်းက အချစ်ကို ခံယူချက်အမျိုးမျိုးနဲ့ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆို တတ်ကြပါတယ်။ ဒီဇာတ်ကားလေးကတော့ အချစ်ရဲ့ ချိုချဉ်ငံစပ်သဘော တရားတွေ အားလုံး မြင်တွေ့ရနိုင်မယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ကံကြမ္မာက ဖန်တီးပေးတဲ့ လက်တွဲဖော်ကိုပဲ လိုချင်ကြတဲ့ ဘရိုင်ယန် နဲ့ အိုလစ်ဗီယာ တို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စတွေ့ကတည်းက ပဋိပက္ခတွေ အပြည့်နဲ့ လူနှစ်ယောက်က မင်္ဂလာဆောင်တစ်ခုမှာ သတို့သားအရံနဲ့ သတို့သမီးအရံအဖြစ် ပြန်လည်ဆုံစည်းလာကြတဲ့အခါ ဘာတွေ ဆက်ဖြစ် လာနိုင်မလဲ။ သူတို့ယုံကြည်ထားတဲ့ အချစ်ကရော လက်တွေ့ဘဝမှာ တကယ် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါလို့ပဲ တိုက်တွန်းပါရစေ။ ဘရိုင်ယန် အဖြစ် မင်းသား Greyston Holt နဲ့ အိုလစ်ဗီယာအဖြစ် မင်းသမီး Christina Rosato တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.1 ရရှိထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.64 GB) / (837 MB) / (516 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 25mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….May Thet Khine Soe Encoder……….SWM

Action • Adventure • Science Fiction • Thriller
6.1 2021
A Wedding to Remember
Older Gods
5.1

အမေရိကန် Horror စာရေးဆရာ H.P Lovecraftရဲ့ vibe မျိုးကို ခံစားချင်သူတွေအတွက် ကားကောင်းလေးပါ…။ အကြောင်းအရာကဘယ်လိုလဲဆိုတော့ စကြဝဠာကြီးနဲ့ ချိန်ဆနှိုင်းယှဥ်ကြည့်ရင် လူသားတွေဆိုတာ သိမ်နုပ်သေးငယ်လွန်းလို့ အရာသွင်းစရာတောင်မလိုအပ်ပါဘူး….။ လူသားတွေဆိုတာ အဖိုးမတန်လို့ သေမထူးနေမထူးတွေပေါ့…။ ဒီ့အပြင် လောကကြီးမှာ လက်ရှိဘုရားတွေထက် ရှေးကျတဲ့ Godတွေ၊ Cosmic beingsတွေ၊ တိတ္ထိတွေဆိုတာလည်း ရှိပါသေးတယ်…။ လူသားတွေဆိုတာ သူတို့ဆီက ကောင်းချီးပြုခံရဖို့အတွဥ် ယဇ်ကောင်သက်သက်ပါ….။ ဒီလိုဆိုရင် အသက်ရှင်နေလို့၊ အလုပ်လုပ်နေလို့ ဘာထူးနေဦးမလဲ….။ ကိုယ်ချစ်တဲ့သူတွေနားနေလို့၊ ကြိုးစားရုန်းကန်နေလို့ဘာများ ထူးခြားသွားနေဦးမှာလဲ….။ ဒီလို Horror vibe မျိုးရမယ့်ကားလေးပါ…. ဇာတ်လမ်းအကျဥ်းကတော့ ခရစ်တစ်ယောက် သေဆုံးသွားပြီဖြစ်တဲ့ သူငယ်ချင်းဆီကနေ အထုပ်တစ်ထုပ်ရရှိခဲ့ပါတယ်…။ ထိုအထုပ်ထဲမှာ ဒီတိတ္ထိတွေအကြောင်းလေ့လာထားတာတွေ…၊ သက်သေတွေအစုံပါပဲ….။ ဒါတွေကို ဖြည်ထုတ်ကြည့်ရင်းကနေ ခရစ်တစ်ယောက် သူကိုယ်တိုင် အန္တရာယ်တောထဲ တိုးဝင်မှန်းမသိ တိုးဝင်မိသွားတဲ့အခါမှာတော့….။ File size…950MB / 336MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.1 2023
Older Gods
Babaylan

Babaylan (2023) Babaylan ဆိုတဲ့ဝေါဟာရဟာ ဖိလစ်ပိုင်နတ်ဆရာတွေကိုရည်ညွန်းတဲ့စကားလုံးဖြစ်ပြီး အ‌ဆိုပါနတ်ဆရာတွေဟာသဘာဝတရားကြီးကိုအသုံးချနိုင်စွမ်းရှိတဲ့သူတွေပါ။ ဖိလစ်ပိုင်နိုင်ငံကိုလိုနီခေတ်မှာ နယ်ချဲ့တွေကိုစတင်တော်လှန်ခဲ့ကြသူတွေက Babaylan နတ်တွေပဲဖြစ်ပါတယ်။ ဒီ Babaylan(2023)ကို ဒါရိုက်တာဘိုနာဖာဂျာဒိုကနေရိုက်ကူးတင်ဆက်ထားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ နတ်ဆရာတွေဟာသူတို့အစွမ်းတွေကိုလက်ဆင့်ကမ်းသယ်လာပြီး နယ်ချဲ့တွေကိုတော်လှန်ရာ နတ်ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုဝီဟာ သူချစ်တဲ့သူရဲ့သစ္စာဖောက်တာကိုခံရမှန်းသိလိုက်ရတော့ ဒဏ်ရာတွေနဲ့ထွက်ပြေးရင်း ရန်သူတွေသူ့အလောင်းကိုမရပါစေနဲ့လို့ ဘုရားမှာတိုင်တည်ဆုတောင်းလိုက်တယ်။ အဲ့မှာ ဆန်းကြယ်စွာပဲ သူ့ဟာအစွမ်းတွေရရှိသွားခဲ့တယ် ။ ဒီအစွမ်းတွေကဘာတွေလဲ။လူတွေက ဘာလို့သူ့ကိုလိုချင်ရတာလဲဆိုတာတွေတော့ ဇာတ်လမ်းလေးမှာပဲဆက်ပြီးရှူစားတော်မူကြပါခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre…..Action, Drama, Fantasy Quality…. 1080p | 720p File size… 1.3GB | 663MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

0 2023
Babaylan
Juan of the Dead
6.4

Juan of the Dead ဇာတ်ကားလေးဟာ ၂၀၁၁ တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အမျိူးအစားကတော့ comedy ဆန်ဆန် zombie apocalypse အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ဟွမ်လို့ခေါ်တဲ့ တေလေဂျပိုး တစ်ယောက်ဖြစ်ပြီး သူရဲ့စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည် Cuba မှာပဲ နေထိုင်အလေလိုက်ချင်သူ တစ်ယောက်ပါ။ မိုင်ယာမီရောက်သွားပြီဖြစ်တဲ့ သူ့အရင်မိန်းမနဲ့ ရခဲ့တဲ့ သမီး ကမ်မီလာကတော့ သူ့အဖေကို အရင်အတိုင်း တေလေဂျပိုးလို့ ထင်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းမရှိပါဘူး။ တစ်နေ့တော့ သူတို့နေတဲ့မြို့လေးမှာ zombie ဆန်ဆန် တစ်ယောက်နဲ့တစ်ယောက် ကိုက်ပြီး ရောဂါတွေ ကူးစက်ပြန့်ပွားလာပါတယ်။ ကျူးဘားအစိုးရကတော့ အတိုက်အခံတွေဟာ ပြည်ပနိုင်ငံတွေနဲ့ ပေါင်းပြီး ဒုက္ခပေးနေတာလို့ ပြောပါတယ်။ အဲ့ရောဂါကြောင့် ခေတ်ပျက်သွားတဲ့အခါမှာ ဟွမ်အနေနဲ့ ဘယ်လို အကျိူးရှိအောင် လုပ်မလဲ။ သူ့သမီးကကော ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမှာလဲ။ အချိန်တန်လို့ မနိုင်တော့ခဲ့ရင် ဘယ်လိုလုပ်ဖို့ ကြံစည်ကြမလဲ။ ဟွမ်တစ်ယောက် သူ့သမီးကိုကော ကာကွယ်နိုင်မှာလား စတာတွေကို ရင်ခုန်စွာ ဟာသလေး နှောပြီး ကြည့်ရမှာ ဖြစ်ပါတယ်။ zombie ကား ကြိုက်နှစ်သက်သူတွေ post apocalypse ကြိုက်သူတွေ ဒီစပိန်စကားပြောတဲ့ ရုပ်ရှင်ကားလေးကို ကြည့်သင့်ကြောင်း တိုက်တွန်းပါရစ… File size…1.92GB / 1.01GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.4 2011
Juan of the Dead
Brake
6.1

ကားနောက်ခန်းထဲထည့်ပိတ်ခံရတဲ့ကားတွေအများကြီးထဲမှာ ဒီကားကတော့ Plot Twist ပေါင်းမျိုးစုံနဲ့ကြည့်လို့တော်တော် ကောင်းတဲ့ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Break ဖြစ်ပြီး IMDb Rating 6.2 ရရှိထားပါတယ်။ဒီပုံစံနဲ့ အလားတူတခြားကားတွေလို နောက်ဖုံးထဲမှာပဲ ပျင်းစရာ ကောင်းနေတာမျိုးမဟုတ်ဘဲ စိတ်ဝင်စားစရာတွေအများကြီး ထည့်ထားပေးတဲ့အတွက်ဒီလိုပုံစံဇာတ်ကားမျိုးကို ကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်ပါတယ်။ ဇာတ်ကားအကျဉ်းချုပ်ကတော့ များများစားစားပြောစရာမရှိဘဲ စစချင်းမှာတင်ဂျယ်ရမီဆိုတဲ့ လူတစ်ယောက်ကကားနောက်ဖုံးထဲမှ ာအဖမ်းခံထားရပြီး ဒီအတိုင်းရိုးရိုးတန်းတန်းအထည့်ခံထားရတာမဟုတ်ပဲ အလုံပိတ် သေတ္တာကြီးနဲ့ပါတစ်ဆင့်ထည့်ထားတဲ့အတွက် လွတ်မြောက်ဖို့ဆိုတာက တော့မဖြစ်နိုင်သလောက်ပါပဲ။စစချင်းမှာတော့ သူယူထားတဲ့ လောင်းကစားကြွေးရှင်က လုပ်တယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ Roulette ဆိုတဲ့ နေရာကိုသိချင်လို့ဖမ်းခေါ်လာပြီးမေးမြန်းနေတာပဲ ဖြစ်ပါတယ်။Roulette ဆိုတဲ့နေရာကဘာလဲဆိုတော့သူတို့နိုင်ငံမှာ အရေးအခင်းကြီးတစ်ခုခုဖြစ်ရင် သမ္မတပုန်းခိုလို့ရအောင်လုပ်ထားတဲ့ လုံခြုံတဲ့မြေအောက်အလုံခန်းကြီးပဲဖြစ်ပါတယ်။အဲ့ဒီနေရာကိုဘာလို့ သူ့ကိုမရမကမေးနေရတာလဲ အဲ့ဒီနောက်ဖုံးထဲကရောဂျယ်ရမီ တစ်ယောက်ဘယ်လိုနည်းလမ်းတွေသုံးပြီးလွတ်မြောက်အောင် ကြိုးစားမလဲဆိုတာတွေကိုကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.14GB / 936MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2012
Brake
My Sassy Girl
6.3

ဒီဇာတ်ကားက My Sassy Girl (2001) ကိုရီးယားဇာတ်ကားကို အနောက်တိုင်းပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ဇာတ်ကားလေးပါ။ IMDb RAting (6.3/10) ရရှိထားပါတယ်။ အမေရိကန်မင်းသား Jesse Bradford နဲ့ The Girl Next Door နဲ့ House of Wax ထဲက မင်းသမီးချော Elisha Cuthbert တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ My Sassy Girl ဇာတ်လမ်းအတိုင်းပါပဲ။ မင်းသမီးက နှလုံးသားဒဏ်ရာကြောင့် ဘဝကိုပေပေတေတေဖြတ်သန်းနေပြီး ဘာကိုမှမလိုချင်တော့ဘဲ လူ့ဘဝကိုစိတ်ကုန်နေတဲ့ ကောင်မလေးဖြစ်ပြီး မင်းသားကတော့ ဒီလိုကောင်မလေးကိုမှ ငြိတွယ်မိတဲ့ အူတူတူကောင်လေးဖြစ်ပါတယ်…ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ကြားက အခက်အခဲတွေနဲ့ သံယောဇဉ်တွေအကြောင်းပေါ့။ ရုပ်ရှင်က ဖွင့်ဆိုထားတာကတော့ ကံကြမ္မာဆိုတာ ကြိုးစားမှုပါပဲတဲ့….. အချစ်ကိုရချင်ရင် ကံကောင်းဖို့ ကြိုးစားရမယ် စောင့်စားရမယ် ခက်ခဲမယ်။ ခပ်ဆိုးဆိုးကောင်မလေးကိုမှ ငြိတွယ်မိတဲ့ကောင်လေးခမျာ ကံကောင်းပါ့မလားဆိုတာ…….။

Horror • Mystery • Thriller
6.3 2008
My Sassy Girl
Jungle Chase
5.7

နယ်စပ်မြို့တစ်ခုက ဂိုဒေါင်အပျက်တစ်ခုမှာ စိတ်လှုပ်ရှားစရာ ဖမ်းဆီးမှု အစီအစဉ်ကြီးတစ်ခု စတင်နေပါတယ်။ အထူးရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ယွမ်ဟိုင်ယန်ဟာ အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ချန်စန်းဖူကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နောက်မှာတော့ ယွမ်ဟိုင်ယန်ကို စခန်းမှူးလျိုချန်ကျွင်းက ချန်စန်းဖူအဖြစ် ဟန်ဆောင်ပြီး ပြည်ပမှ ငွေအတုရိုက်နှိပ်ထုတ်ဝေသူတွေနဲ့ ဆက်သွယ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယွမ်ဟိုင်ယန်က သူလျှိုလှုပ်ရှားမှု လုပ်နေစဉ် ယောက္ခမလောင်းဖြစ်သူ ရွှဲယုံနဲ့အတူ ခရီးသွားဘတ်စ်ကား တစ်စီးတည်းမှာ လိုက်ပါလာခဲ့ပါတယ်။ ဒုစရိုက်သမားတွေဟာ ခရီးသည်အပြည့်နဲ့ ဘတ်စ်ကားကို သစ်တောထဲကို ပြန်ပေးဆွဲပြီး မောင်းခိုင်းခဲ့ပါတယ်။ အချင်းချင်း အမြင်မကြည်နေတဲ့ ယောက္ခမလောင်းနဲ့ သမက်လောင်းတို့နှစ်ယောက် အတူတူ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒုစရိုက်သမားတွေရဲ့ လက်ထဲကနေ ယွမ်ဟိုင်ယန်တို့ ထွက်ပြေးလွှတ်မြောက်နိုင်လိမ့်မလား…… သစ်တောထဲမှာရော ဘယ်လို အန္တရာယ်မျိုးတွေနဲ့ ပြည့်နှက်နေမလဲ.

Drama • Music • Romance
5.7 2024
Jungle Chase
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild
7

“ကိတ်မုန့်သုံးလုံးရှိတယ်၊ လူကလေးယောက် ရုတ်တရတ်ကြီး အမေက ပြောတယ် သူကိတ်မုန့်မကြိုက်ဖူး သားတို့ပဲစားလိုက်ပါတဲ့” အမေဆိုတာအဲလိုလူမျိုးပါ။ ဒီကားလေးက အဲဒါကိုအကောင်းဆုံး အမြင်အသစ်နဲ့ဖော်ကြူးသွားတဲ့ ရုပ်ရှင်တစ်ကားပါ။ အရမ်းကိုကောင်းမွန်လှတဲ့ မိခင်မေတ္တာကိုဖော်ကြူးသွားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်သလို လူ့လောကမှာဖြစ်နေတဲ့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးတွေကို ထင်ဟပ်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ “အမြင့်ကိုပျံသန်းလိုက်ပါ အောက်ခြေကနေ ဂုဏ်ယူနေပါ့မယ်” ဆိုတဲ့စိတ်မျိုးက လူတိုင်းမထားနိုင်ပါဘူး။ မိဘမှာပဲရှိတဲ့ စိတ်မျိုးပါ။ ဒီ Leafie, a Hen Into the Wild ဆိုတဲ့ animation ရုပ်ရှင်ဟာ တောင်ကိုရီးယားက နာမည်ကြီး animation ဒါရိုက်တာ Oh Sung-yoon (အို ဆွန်းယွန်း) ရဲ့ ပထမဆုံး full-length Animation လက်ရာဖြစ်ပြီး အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ အို ဆွန်းယွန်းက သဘာ၀ကျတဲ့ လူသားဆန်မှုတွေကို တိရစ္ဆာန်ဇာတ်ကောင်လေးတွေ အသုံးပြုပြီး ဖော်ပြလေ့ရှိပြီး ဒီဇာတ်ကားလေးမှာလည်း လွတ်လပ်မှုလိုချင်တဲ့ ကြက်မလေး Leafie ကို အဓိက ဇာတ်ဆောင်အဖြစ်နဲ့ ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားက တောင်ကိုရီးယားမှာ အကောင်းဆုံး Animation ဆု အပါအဝင် ဆုပေါင်းများစွာ ရရှိထားတာဖြစ်ပြီး မိသားစုတွေအတွက် သင်ခန်းစာကောင်းတွေနဲ့ ကလေးတွေတင်မကပဲ လူကြီးတွေပါ ကြည့်ရှုနိုင်မယ့် အရည်သွေးမြင့် Animation ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဇာတ်ညွှန်း လီဖီဆိုတဲ့ ကြက်မလေးဟာ စိုက်/မွေး ခြံတစ်ခုထဲက ဥစားကြက်မတစ်ကောင်ဖြစ်ပါတယ်။ သူ(မ)ဟာ ခြံဝန်းကြီးထဲကိုစိုက်ကြည့်ပြီး အပြင်ကိုသွားမယ်၊ ကမ္ဘာကြီးကိုထိတွေ့မယ်ဆိုတဲ့ စိတ်ကူးအမြဲရှိတဲ့ ကြက်မလေးတစ်ကောင်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ(မ)တောင်းဆုပြုသလိုမျိုး အပြင်ဖက်ကိုရောက်သွားပါတော့မယ်။ လောကကြီးကို ပထမဦးဆုံးရောက်သွားတဲ့အချိန်မှာ သူ(မ)အသက်ကို အန္တရာယ်ပြုမယ့် အသားစားဖျံကောင်နဲ့ကြုံလိုက်ရပါတယ်။ သို့သော်လည်း ဘဲရိုင်းတစ်ကောင်က သူ(မ)ကိုလာကယ်ခဲ့ပါတယ်။ ဒီလိုနဲ့ လီဖီတစ်ယောက် တောထဲကိုရောက်သွားပြီး လောကကြီးရဲ့ အလှအပကိုတစ်ဝကြီးခံစားနေပါတော့တယ်။ တစ်ဖက်မှာလည်း ဘဲရိုင်းက ဘဲမလေးတစ်ကောင်နဲ့ အကြောင်းပါပြီး ဥလေးတစ်ဥ ဥခဲ့ပါတယ်။ ကံဆိုးချင်တော့ မိဘနှစ်ပါးကွယ်လွန်ခဲ့ပြီး ဘဲလေးဟာ ကြက်မလေးကို အမေလို့မှတ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးစိတ်မတူတဲ့ အကောင်နှစ်ကောင်၊ နေထိုင်မှုပုံစံက လုံးဝမတူတဲ့ သားအမိ နှစ်ယောက်လောကကြီးထဲမှာ ဘယ်လိုများရပ်တည်မှာလဲ လွတ်လပ်မှုအတွက် ဘယ်လိုတွေ ရုန်းကန်သွားမလဲဆိုတာတွေအပြင် မိခင်တစ်ယောက်ရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို လှပတဲ့ Animation တွေနဲ့ ကြည့်ရှု ခံစားနိုင်မှာပါ။ (တစ်ခု ကြိုတင်အသိပေးချင်တာက ဒီဇာတ်လမ်းဟာ Ending နှစ်မျိုးရှိပါတယ် 1080p Version ကတော့ Sad Ending ဖြစ်ပြီး 720p ကတော့ ပုံမှန်အတိုင်းဖြစ်ပါတယ် ကိုယ့်စိတ် အခြေအနေပေါ် မူတည်ပြီး ကြည့်ရှုနိုင်ပါတယ်) File Size : 1.7 GB, 843 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

Comedy
7 2010 93 mins
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild
And Life Goes On
7.9

And Life Goes On (1992) ~ IMDb – 7.9/10, Rotten Tomatoes – 100% ~ ရုပ်ရှင်ရိုက်တာဟာ ကဗျာရေးတာနဲ့ တူနေမလားတော့ ကျွန်တော်မသိဘူး။ တချို့ကဗျာတွေ ခင်ဗျားတို့မြင်ဖူးတယ်မလား။ နိမိတ်ပုံတွေ စကားလုံးအဆန်းအပြားတွေ နိုင်းချင်းထည့်ထားပြီး ဘာခံစားမှုမှမပေးနိုင်တာတွေလည်းရှိတယ်။ ဆရာ့ဆရာကြီးတွေကတော့ ဒီလိုမျိုးတွေကို စကားလုံးနဲ့ မလုံလောက်တဲ့ ခံစားမှုတွေအတွက် သုံးတာလို့တော့ ကျွန်တော်မြင်တယ်။ သူတို့ဆီကနေ သေချာတဲ့ ခံစားချက်တစ်ခု ကျွန်တော်တို့အမြဲရတယ်။ ဒါပေမဲ့ တမင်ကြီးလုပ်ယူရေးထားတာတွေမှာတော့ ကျွန်တော်တို့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး။ ကျွန်တော်တို့သာ လုပ်ယူမခံစားရင်ပေါ့။ ဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ သိပ်ကိုရိုးရှင်းပြီး ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမဲ့ တော်တော်လှနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကဗျာကို မခံစားတတ်ရင်တော့ ကျွန်တော်တို့ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့ ကဗျာတွေရဲ့ရိုးရှင်းမှုနဲ့ ဒီကဗျာတွေရဲ့ ရိုးရှင်းမှုကို ကွဲပြားလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီလိုကဗျာတွေရေးဖို့က ပိုခက်တတ်တယ်။ သီအိုရီနဲ့မှမဟုတ်ပါဘူး ခံစားမှုသက်သက်နဲ့လည်း သိနိုင်တဲ့အရာတွေပဲ။ Abbas ဟာ ရုပ်ရှင်ကို ကဗျာရေးသလိုရိုက်တဲ့လူလို့ပြောရမလားမသိပါဘူး။ သူ့ရုပ်ရှင်တွေကအမြဲ ကျွန်တော်ပြောခဲ့တဲ့ ဒုတိယအမျိုးအစားကဗျာတွေနဲ့ အမြဲတူနေတယ်။ ရုပ်ရှင်နာမည်နဲ့ ရုပ်ရှင် ချိတ်ဆက်ပုံမှာလည်း အမြဲ ကဗျာနဲ့သူ့ခေါင်းစဉ်ကို ပိုင်းခြားမရသလိုဖြစ်အောင် ရုပ်ရှင်နာမည်ကို သူအမြဲပေးနိုင်တယ်။ And Life Goes On (1992) ဟာ Abbas ရဲ့ Koker Trilogy ထဲက ဒုတိယကားဖြစ်သလို တကယ့်ဖြစ်ရပ်မှန်အပေါ်ခြေတည်ပြီး သူတကယ်ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီး ရိုက်ကူးထားတယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် ငလျင်ဒဏ်ခံဒေသမှာရှိနေတဲ့ Where Is the Friend’s House? ကားထဲက ကလေးသရုပ်ဆောင်လေးကို သူသွားရှာတဲ့ခရီးမှာ ကြုံခဲ့ရတာတွေကို အခြေတည်ရိုက်ကူးထားတယ်။ ဒီကားနာမည်က And Life Goes on… And ကတော့ ရှေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ကို ရည်ညွှန်းလိမ့်မယ်။ ဘဝကရှေ့ဆက်နေမှာပဲ ရှေ့ဆက်ရမှာပဲပေါ့။ ဒီအကြောင်းအရာကို Abbas က ခရီးတစ်ခုတည်းနဲ့ပဲ ပီပီပြင်ပြင်ပုံဖော်ထားတာကို ကျွန်တော်တို့မြင်ရမှာပါ။ ဒါကို သူပြထားတာက ငလျင်ကြီးတစ်ခုရဲ့နောက်ဆက်တွဲမှာ ရှင်ကျန်ခဲ့တဲ့လူတွေနဲ့ ပြသထားတယ်။ ဇာတ်ကောင်က ငလျင်ဒဏ်ခံထားရတဲ့နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ကို့ကာကို သွားဖို့လုပ်ခဲ့တယ်။ လမ်းမှာလည်း ငလျင်ဒဏ်ခံထားရတဲ့ နေရာတွေအများကြီးဖြတ်ခဲ့ရတယ်။ ဒီလမ်းမှာ အဆုံးအရှုံးတွေနဲ့လူတွေကို သူတွေ့ခဲ့ရတယ်။ ပျက်စီးသွားတဲ့ကိုယ့်အိမ်ကို မပျက်စီးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး ဆက်ရှင်သန်နေတဲ့လူတွေလည်းရှိတယ်။ အပျက်အစီးတွေကြားမှာ ကျန်တာတွေထက် ရေနွေးအိုးကိုအရပြန်ယူနေတဲ့ လက်ဖက်ရည်မသောက်ဘဲ မနေနိုင်တဲ့ အဘွားတစ်ယောက်လည်းရှိတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တစ်မိသားစုလုံးသေပြီး ကိုယ့်ဘေးကလူတွေအားလုံး ဒုက္ခတွေပတ်လည်ဝိုင်းနေတုန်း သူက ရေနွေးအိုးလေးကို အပျက်အစီးတွေကြားထဲက မရမကကိုပြန်ယူနေတဲ့မြင်ကွင်းကိုပေါ့။ ဇာတ်ကောင်က ဒါကိုတွေ့တော့ မေးကြည့်တယ်။ ဒါပေမဲ့ အဘွားကြီး ပြန်ဖြေတာက လက်ဖက်ရည်မသောက်ဘဲ ငါသုံးရက်ကျော်ပြီးမနေနိုင်ဘူးတဲ့ ဘဝကရှေ့ဆက်ရမှာပဲတဲ့။ သုံးရက်တော့ သူပူဆွေးခဲ့မယ်ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝဟာ ရှေ့ဆက်ရမှာပဲ။ သူ့ဘဝကို သူအရသာရှိရှိနဲ့ပေါ့။ သေခြင်းနဲ့ပက်ပင်းတွေ့ပြီးတဲ့အခါ ရှင်သန်ခြင်းရဲ့အရသာကို ပိုသိသွားကြတယ်လို့ပြောကြတယ်။ သူ့ဘဝဟာ အရသာ ပိုရှိကောင်းရှိသွားလောက်ပါတယ်။ ဒီလမ်းမှာ သူထပ်တွေ့ခဲ့တဲ့ ကျန်တာတွေလည်းများတယ်။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ ဒီလောက်အပျက်အစီးတွေ ဆုံးရှုံးမှုတွေကြား အင်တာနာရအောင်ထောင်ပြီး ဟေးလေးဝါးလားကြည့်နေခဲ့တဲ့သူတွေကိုလည်း သူတွေ့ခဲ့တယ်။ သူတို့စကားကတော့ ကမ္ဘာ့ဖလားက လေးနှစ်မှတစ်ခါလာတာတဲ့… ဒီလိုပါပဲ ဘဝဟာ‌ ရှေ့ဆက်သွားနေတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 840MB Quality – BluRay 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 1H 35Min Genre – Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1992
And Life Goes On
Canola
7.4

Canola (2016) *************** IMDb… 7.4 CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ မြေးအဘွားသံယောဇဥ်ကို လှလှပပလေး ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီးကြီး Youn Yuh-jung နဲ့ Kim Go-eun တို့ အဓိကပါဝင်ထားတဲ့ ကားမို့ ကြည့်ကို ကြည့်ရမဲ့ဇာတ်လမ်းလေးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ဂျယ်ဂျူကျွန်းမှာ ရေငုပ်သမအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အဘွားဂယ်ချွန်းဟာ မိဘတွေမရှိတော့တဲ့ သူ့မြေးမလေးဟယ်ဂျီကို တုန်နေအောင်ချစ်ရှာပါတယ်။ တစ်ကောင်ကြွက်ကလေးမို့ မရှိရှိတာ အကုန်ဖြည့်ဆည်းပေးရင်း တစ်နေ့မှာတော့ ကံဆိုးစွာနဲ့ ဟယ်ဂျီတစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ သိပ်ချစ်ရတဲ့ မြေးမလေးဟယ်ဂျီပြန်အလာကို နှစ်ပေါင်း၂၀ကျော်ကြာအောင် အထီးကျန်စွာ စောင့်ဆိုင်းရင်း ဟယ်ဂျီပြန်ရောက်လာတဲ့အချိန်မှာတော့ အဘွားဂယ်ချွန်းရဲ့ဘဝဟာ အရင်လိုပြန်လည်စိုပြေလာခဲ့တာပေါ့။ ဒါပေမဲ့ ဟယ်ဂျီအဖြစ်ရောက်လာတဲ့ ကလေးမဟာ အဘွားဂယ်ချွန်းမျှော်နေခဲ့တဲ့ မြေးမလေး မဟုတ်မှန်း သိလိုက်ရတဲ့အချိန်မှာတော့ အဘွားရဲ့ဘဝဟာ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ ဒါဆို ဟယ်ဂျီအဖြစ်ဟန်ဆောင်ပြီးရောက်လာတဲ့ ကလေးမက ဘယ်သူဖြစ်မလဲ.. ဘာလို့ဟန်ဆောင်ပြီးရောက်လာရတာလဲ… မြေးအတုနဲ့ အဘွားဂယ်ချွန်းကြား ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ရင်သပ်လှိုက်မောဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေအပြင် ရိုက်ကူးပုံရှုခင်းတွေကအစ အင်မတန်လှတာမို့ ကြည့်မိလို့ နောင်တမရမယ့်ကားလေးဖြစ်ကြောင်း ညွှန်းဆိုပေးချင်ပါတယ်နော်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။) File size… 2.00GB/ 830MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 57m Genre ….. Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hsu Pyae

7.4 2016
Canola
Against the Tide
6.9

Against the Tide (2023) “ဒီရေကို ဆန်၍” ဒီတစ်ခါမှာ နိုင်ငံတကာဆုတချို့ရထားတဲ့ အိန္ဒိယမှတ်တမ်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ရာကတ်ရှ်နဲ့ ဂါနေ့ရှ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်လုံးက တိုင်းရင်းသားငါးဖမ်းသမားတွေဖြစ်ပြီး မိဘဘိုးဘွားလက်ဆင့်ကမ်းလာတဲ့ ငါးဖမ်းပညာကို မြတ်နိုးကြသူတွေပါ အချိန်အခါတွေ ပြောင်းလဲလာတော့ ငါးတွေအရင်လိုမရတော့ဘဲ ရှားပါးမှုတွေ တခြားအခက်အခဲတွေ ရင်ဆိုင်လာရပါတယ် ဒါပေမဲ့ တခြားအလုပ်ကိုမရွေးချယ်ချင်တဲ့ သူတို့တွေ ဘယ်လိုရင်ဆိုင်ကြမလဲ မိသားစုဝမ်းရေးအတွက် ပင်လယ်ပြင်မှာ အခက်အခဲတွေကို ဘယ်လိုအံတုကြမလဲဆိုတာ ကြည့်ရမယ့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Eaindra ~ ToMo ~ Yunni တို့မှ ဖြစ်ပါတယ်

6.9 2023
Against the Tide
Narayaneente Moonnaanmakkal
6

Narayaneente Moonnanmakkal (2025)”လွမ်းငွေ့” ======================================= ဘဝဆိုတာ တသမတ်တည်းမရှိသလို ကြိုတင်ခန့်မှန်းလို့လည်းမရပါဘူး။ လူရယ်လို့ဖြစ်လာရင် ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်တန်ရင်ခွဲခွာကြရမှာ ဓမ္မတာပါ။ ဘဝရဲ့ ပုံမှန်လည်ပတ်နေတဲ့ ပုံသေနည်းတွေအရ မွေးကတည်းက အတူရှိလာတဲ့ မွေးချင်းတွေ၊ မိဘတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိခွင့်ရတဲ့သူတွေဆိုတာလည်း အင်မတန်ရှားပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ငယ်ငယ်ကတည်းက အတူရှိခဲ့ကြတဲ့ ညီအစ်ကိုသုံးယောက်၊ အရွယ်ရောက်လာတဲ့အခါ တစ်ယောက်တစ်နေရာစီ လွင့်သွားကြတယ်။ ကိုယ့်အသိုက်ကိုယ်ဆောက်ကြတယ်။ အဲဒီလိုနဲ့ နှစ်တွေအကြာကြီးကြာတဲ့အချိန်မှာ သူတို့ရဲ့မွေးသမိခင်ကြီးရဲ့ နောက်ဆုံးအချိန်ရောက်လာလို့ ညီအစ်ကိုသုံးယောက်လုံး မိသားစုကိုယ်စီနဲ့ မွေးရပ်မြို့လေးကိုပြန်လာကြတယ်။ စကားတွေပြောကြတယ်။ အရက်အတူတူသောက်ကြတယ်။ သူတို့ရဲ့ သားသမီးတွေ အချင်းချင်း မိတ်ဖွဲ့ကြတယ်။ အဲဒီလိုနဲ့ ကြည့်ရှုခံစားသူတွေက ညီအစ်ကိုသုံးယောက်ရဲ့ဘဝတွေကို တတိယလူရှုထောင့်ကနေ တဖြည်းဖြည်း မြင်လာရတယ်။ ဒီရုပ်ရှင်လေးဟာ ဇာတ်လမ်းဇာတ်အိမ် ရိုးရှင်းတယ်လို့ထင်ရပေမဲ့ အကွေ့အဝိုက်လေးတွေလည်းပါပြီး ပရိသတ်ကို ဖြည်းဖြည်းချင်း ဆွဲခေါ်နိုင်စွမ်းရှိပါတယ်။ ရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့ ရိုက်ထားတဲ့ဒါရိုက်တာကတော့ အင်ဒီးရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေမကြာခဏရတတ်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းကို တင်ဆက်သွားပုံတွေ၊ ရုပ်ရှင်ဓာတ်ပုံတွေတော်တော်လှတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းပြီး အချိန်ပေးရကြိုးနပ်စေမယ့် ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်လို့ မာဆလာရုပ်ရှင်ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်…။

Horror • Comedy
6 2025 111 mins
Narayaneente Moonnaanmakkal