YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Love You Give Me E20 (1080p) CM.mp4

506.07 MB N/A video/mp4 180 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dear Zindagi
7.1

Dear Zindagi (or) The Best Bollywood Movie in 2016 နေ့စဉ်ဓူဝ ရုန်းကန်လှုပ်ရှားနေရတဲ့ လူ့ဘဝကြီးထဲမှာ အောင်မြင်သောဘဝကိုရရှိဖို့အခက်အခဲမျိုးစုံကို ဖြတ်သန်းနေရပါတယ်။ မအောင်မြင်ခင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားဖို့ မိဘနဲ့ မိမိရဲ့ အရင်းအနှီးဆုံးသူငယ်ချင်းတွေရဲ့ အားပေးကူညီမှုတွေကိုလိုအပ်ပါတယ်။ သူတို့ရဲ့ ကူညီမှုသာမပါရင် ကျော်ဖြတ်ဖို့ တော်တော်လေးပင်ပန်းခက်ခဲမှာပါ။ မိတ်ဆွေကောင်းတွေရဲ့ အကြံဉာဏ်တွေက ကျွန်တော့်တို့ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝအတွက်တော့ အကောင်းဆုံးခွန်အားပါပဲ။ Kaira (Alia Bhatt) က အရည်အချင်းရှိတဲ့ Cinematographer တစ်ယောက်ဖြစ်ပြီး သူမရဲ့ဘဝကို ဒီထက်အောင်မြင်မှုရဖို့ကြိုးစားနေသူပါ။ ဒါပေမဲ့ နှလုံးသားရေးမှာတော့ ကံမကောင်းသေးပါဘူး။ သူမနဲ့ ကိုက်ညီတဲ့ စစ်မှန်တဲ့ အချစ်စစ်ကိုရှာဖွေနေတုန်းမှာပဲ အသည်းကွဲခံလိုက်ရပါတယ်။ Goa မှာရှိတဲ့ စားသောက်ဆိုင်ကြော်ငြာရိုက်ဖို့အတွက် မွေးရက်မြေကို ပြန်ဖို့ဖြစ်လာသောအခါ စိတ်ဓာတ်ကျပြီး ရည်မှန်းချက်ပျောက်နေတဲ့ Kaira တစ်ယောက် စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်တဲ့ Dr. Jehangir Khan (Shah Rukh Khan) ရဲ့ ဟောပြောမှုကိုနားထောင်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူမရဲ့ဖြစ်ပျက်နေတဲ့ စိတ်ပျက်မှုကိုပပျောက်ဖို့အတွက် Dr.Jug နဲ့တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ ပုံမှန်သမာရိုးကျမဟုတ်တဲ့ ကုသမှုတွေနဲ့ Kiara ရဲ့ အတိတ်ဘဝ၊လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့အခါ Dear Zindagi ဆိုတဲ့ လှပတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ပထမဆုံးချီးကျူးလိုတာကတော့ ဇာတ်ကားကို ရိုက်ကူးတဲ့ အမျိုးသမီး ဒါရိုက်တာဖြစ်တဲ့ Gauri Shinde ရဲ့ ရိုက်ကူးမှုပါပဲ။မြန်မာပရိသတ်တွေတော်တော်သဘောကျတဲ့ ပေါက်ကားဖြစ်တဲ့ အမေရိကန်ရောက် အင်ဒီယန်းအမျိုးသမီးရဲ့ အင်္ဂလိပ်စာသင်ယူမှု အကြောင်းရိုက်ကူးထားတဲ့ English Vinglish ဇာတ်ကားကို ရိုက်ကူးထားတဲ့သူပါ။ဝင်ငွေပိုင်းအရအောင်မြင်သလို အနုပညာအရလည်းဆုပေါင်းများစွာရရှိခဲ့တဲ့ကားကို ရိုက်ကူးခဲ့တဲ့သူမအနေနဲ့ ယခုဇာတ်ကားအပါအဝင် ဇာတ်ကားနှစ်ကားပဲရိုက်ကူးထားရပါသေးတယ်။တကယ်ကိုပဲ ချီးကျူးဖို့ကောင်းသလို ရိုက်ကူးတဲ့ဇာတ်ကားနှစ်ကားလုံးကအရမ်းကိုကောင်းမွန်သလို ဝင်ငွေပိုင်းမှာလည်း အောင်မြင်ခဲ့ပါတယ်။ အမျိုးသမီးဒါရိုက်တာဖြစ်တာနဲ့အညီ သူမရဲ့ဇာတ်ကားတွေမှာ အမျိုးသမီးဇာတ်ကောင်ကို အဓိကထားရိုက်သလို ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်က မင်းသမီး Alia Bhatt ဖြစ်ပါတယ်။ နောက်ပိုင်းတက်သစ်စမင်းသမီးတွေထဲမှာ သရုပ်ဆောင်ကောင်းတဲ့ Alia အတွက်တော့ ဒီဇာတ်ကားက သူမရဲ့သရုပ်ဆောင်ဘဝကို တစ်ဆင့်တက်စေတဲ့ ဇာတ်ကားပါပဲ။ လုပ်ကွက်ရတာနဲ့အညီအကောင်းဆုံးသရုပ်ဆောင်သွားတဲ့ Alia ကတော့ ဒီနှစ်ဆုပေးပွဲတွေရဲ့အဓိကသရုပ်ဆောင်ဆုတွေမှာ ရေပန်းစားနေပါသည်။ မင်းသမီးရဲ့အဓိကဦးဆောင်တဲ့ဇာတ်ဖြစ်ပေမယ့် Dear Zindagi ဆိုတဲ့ ဇာတ်ကားရဲ့ အသက်ကိုသွင်းပေးတဲ့သူကတော့ Dr.Jug အဖြစ်သရုပ်ဆောင်တဲ့ အားလုံးချစ်တဲ့မင်းသားကြီး Shah Rukh Khan(SRK) ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းအသက်ဖြစ်တဲ့ အရမ်းကောင်းမွန်တဲ့ စိတ်ပညာနဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေကို လွယ်ကူစွာနားလည်နိုင်စေရန် ဥပမာပေးပြီး အရေးကြီးတဲ့ ဘဝနဲ့ဆိုင်တဲ့ ဒသနတွေကို ပြောပြခဲ့တဲ့ SRK ရဲ့ဇာတ်ရုပ်က တော်တော်လေးကောင်းမွန်ပါတယ်။ မင်းသားရဲ့ ပြောစရာမလိုတဲ့ သရုပ်ဆောင်မှုတွေပေါင်းစပ်လိုက်တဲ့ အခါမှာတော့ Dr.Jug ဆိုတဲ့ဇာတ်ကောင်က ကျွန်တော်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်လာပါတော့တယ်။ ဒီဘက်နှစ်တွေမှာ Bollywood မဆန်တဲ့ ရုပ်ရှင်ကားတွေရိုက်ကူးလာတဲ့ မင်းသားရဲ့ပြောင်းလဲမှုကို သက်သေပြုတဲ့ ဒီဇာတ်ကားက ပုံမှန် Bollywood ဇာတ်ကားကနေအများကြီးခွဲထွက်ထားပါတယ်။ မြန်မာနိုင်ငံနဲ့ တော်တော်လေးဆင်ပြီး အရမ်းလှတဲ့ ဂိုအာမြို့မှာအခြေပြုရိုက်ကူးထားတဲ့ ဒီဇာတ်ကားက ပုံမှန်ဖြစ်နေတဲ့ အုပ်စုဖွဲ့ဝိုင်းကတဲ့ သီချင်းခန်းတွေမပါသလို ယုတ္ထိမရှိတဲ့ fight scence လည်း မပါဝင်ပါဘူး။ ဇာတ်ကားနဲ့အရမ်းလိုက်ဖက်သလို အရမ်းကို အဓိပ္ပါယ်ရှိပြီးကောင်းလွန်းတဲ့ နောက်ခံဇာတ်ဝင်သီချင်းတွေသာပါဝင်ပါတယ်။ တော်တော်များလည်းအကြိုက်တွေ့မယ် ထင်ပါတယ်။ဒီလိုသီချင်းပုံစံမျိုးသုံးတာကတော့ ဒါရိုက်တာ Gauri Shinde ရဲ့ စတိုင်လို့ပြောရသလို အရမ်းလည်းမိုက်ပါတယ်။ ရိုက်ကူးထားတာကလည်းလှပသလို မင်းသမီးရဲ့ချစ်စဖွယ်အလှလည်းပေါ်လွင်ပါတယ်။ ဘာမှနည်းပညာဆန်းသစ်မှုမပါပဲ ဘတ်ဂျက်အနည်းငယ်သာကုန်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားက ရုံတင်ပြီးသုံးရက်အတွင်းမှာပဲ ရိုက်ကူးစရိတ်ကျေပြီး အခုဆိုရင်အမြတ်များစွားရနေပြီဖြစ်ပါတယ်။ ရုပ်ရှင်ကားတစ်ကားရဲ့ အသက်ဖြစ်တဲ့ ဇာတ်ညွှန်းကောင်းမှုနဲ့ သရုပ်ဆောင်တွေရဲ့ အသက်ဝင်တဲ့သရုပ်ဆောင်မှုတွေက ဒီဇာတ်ကားကို အောင်မြင်မှုကိုတွန်းပို့စေပါတယ်။ဒီနေရာတစ်ခုတွေးမိတာ နည်းပညာမတိုးတက်လို့ ရုပ်ရှင်ကားမကောင်းဘူးပြောနေတဲ့ သူတစ်ချို့ကိုသတိရမိပါသေးတယ်။ သူတို့ကို ဒီဇာတ်ကားလေးကို တစ်ခါလောက်ကြည့်ဖို့တိုက်တွန်းချင်ပါသေးတယ်။ ပထမဆုံးပြောခဲ့သလိုပဲ အခက်အခဲတွေနဲ့ကြုံတဲ့အခါ မိတ်ဆွေကောင်းတွေရဲ့ အားပေးလမ်းညွန်မှုက အရေးပါလှပါတယ်။Kiara ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေကိုပြောခဲ့တဲ့ Dr.Jug ရဲ့ စကားလုံးတိုင်းက အရမ်းကောင်းပါတယ်။ကျွန်တော်ရေးပြရင် ပေါ့သွာသလိုဖြစ်သွားမှာတာကြောင့် သူငယ်ချင်းတွေကိုတိုင် ကြည့်ရှုပြီးခံစားစေချင်ပါတယ်။တကယ်ကို အဖိုးတန်တဲ့စကားတွေဖြစ်သလို ကျွန်တော်တို့အတွက်တွန်းအားတစ်ခုရစေမှာပါ။စိတ်ဓာတ်ကျနေတဲ့သူတွေ၊တွန်းအားတစ်ခုလိုချင်တဲ့သူတွေ၊ မိတ်ဆွေကောင်းတစ်ယောက်လိုချင်တဲ့သူတွေကိုတော့ ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ အချိန် ၂နာရီခွဲအတွင်းမှာပဲ ပေးလိုက်ရတဲ့အချိန်ထက် ပိုတန်တဲ့ ထိုက်တန်မှုကိုရရှိမယ်ဆိုတာကတော့ ရဲရဲကြီးအာမခံပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်ပြီး ကျွန်တော်တို့ရဲ့ ဘဝနေနည်းအတွက် Dr.Jug ရဲ့ အကူအညီကိုယူပြီး အသုံးချလိုက်ရအောင်လားခင်ဗျာ...... (ရုပ်ရှင်အညွှန်းကို MMDB Fb Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/ (1.3 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:30:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Thaik San

Crime • Drama • Mystery
7.1 2016 151 mins
Dear Zindagi
Hello Zindagi

အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ လူငယ်တွေအတွက် ပညာပေးဇာတ်ကားလေးဆိုလည်း မမှားလောက်ပါဘူးနော်။ ဒီဘက်ခေတ်မှာ နည်းပညာတွေမြင့်တက်လာတာနဲ့အမျှ လူငယ်တွေဟာ လောကကြီးရဲ့အလှတရားတွေကို သဘာဝတရားကြီးမှာ ရှာဖွေမနေကြတော့ဘဲ မိုဘိုင်းဖုန်းကမ္ဘာထဲမှာပဲ မိန်းမလှလေးတွေကို ရှာဖွေနေကြပါတယ်။ တချို့မိန်းကလေးတွေဆိုရင် လိုက်ခ်တစ်ခု ကော်မန့်တစ်ခုရဖို့အတွက် အဖေါ်အချွတ်တွေတောင်လုပ်ဖို့ ဝန်မလေးကြပါဘူး။ ဒီဇာတ်လမ်းလေးက ဆိုရှယ်မီဒီယာကို တအားစွဲလမ်းနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ ဒီရှားဟာ သူ့တစ်နေ့တာလုပ်ငန်းစဉ်ဘဝကို ဆိုရှယ်မီဒီယာပေါ် အမြဲတင်လေ့ရှိတော့ ဖခင်ဖြစ်သူဟာ သမီးအတွက် လွန်စွာစိုးရိမ်ပူပန်နေခဲ့ပါတယ်။ ဒီတော့ သူ့သမီးက သူပြောတဲ့အတိုင်းခရီးတစ်ခုကို တစ်ယောက်တည်းထွက်ပေးမယ်ဆိုရင် သမီးဖြစ်သူရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကို လိုက်လျောပေးမယ်ဆိုပြီး စည်းကမ်းချက်တစ်ခုသတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ လမ်းခရီးမှာ စမတ်ဖုန်းလုံးဝ ယူသွားခွင့်မပေးခဲ့ပါဘူး။ ဒီလိုနဲ့ ဒီရှားတစ်ယောက် ခရီးလမ်းမှာ ကြုံတွေ့ရမယ့်ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ...။ လောကရဲ့အလှစစ်ကို ရှာဖွေတွေ့ရှိခဲ့သလား...။ ဘယ်သူတွေနဲ့ ကြုံဆုံရဦးမလဲဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုပေးကြပါဦးနော်။ File size…2.16GB / 971MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama • Thriller
0 2022 114 mins
Hello Zindagi
See How They Run
6.5

ဒီရုပ်ရှင်ကတော့ လူသတ်သမားကိုဖော်ရတဲ့ ပဟေဠိအမျိုးအစားပါပဲ။ ဒါပေမဲ့ ဟာသနဲ့ရောစပ်ထားတာမို့ တစ်မျိုးဆန်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ထုံးစံအတိုင်းပါပဲ အဆောက်အဦတစ်ခုထဲမှာ လူတွေ စုနေတဲ့အချိန် လူတစ်ယောက်အသတ်ခံရမယ်၊ သံသယဖြစ်စရာလူတွေရှိမယ်၊ ဝါရင့်စုံထောက်တစ်ယောက်ပါမယ်၊ နောက်ဆုံးမှာမထင်ရဆုံးတစ်ယောက်က တရားခံဖြစ်နေမယ် ဒါမျိုးပေါ့။ ဒီရုပ်ရှင်ထဲမှာတော့ အဓိကနေရာကလန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုပါပဲ။ အဲဒီမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ ပြဇာတ်ကိုကပြနေပါတယ်။ လူသတ်ပဟေဠိပြဇာတ်အမျိုးအစားဖြစ်ပြီး အရမ်းအောင်မြင်နေတာကြောင့် အခါ ၁၀၀ လောက် ပြန်ကပြနေရပါတယ်။ အဲဒီပြဇာတ်ရုံကိုပဲ ဒီပြဇာတ်ကို ရုပ်ရှင်ရိုက်ချင်လို့ ရောက်လာတဲ့ အမေရိကန် ဒါရိုက်တာနဲ့ပရိုဂျူဆာတစ်ယောက်ရောက်လာပါတယ်။ အဲဒီမှာ ပြဇာတ် စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသား စသည်ဖြင့် လူမျိုးစုံလည်းရှိနေတဲ့အချိန်မှာ အဲဒီအထဲက လူတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုတော့ စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာ တို့က လာပြီးစုံစမ်းကြတဲ့အခါ ဘာတလွဲတွေဖြစ် ဘာအတည်ပေါက်တွေဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ...ဗြိတိန်လေသံနဲ့ ဗြိတိန်ဟာသတွေပါတော့ တမျိုးလည်းခံစားလို့ကောင်းမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ။ ) File Size__(GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__/10 Format__mp4 Duration__01:33:00 Type__Comedy, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing Aung Latt

Action • Fantasy • TV Movie
6.5 2022 98 mins
See How They Run
Golden Spider City

ဒီတစ်ခါစွန့်စားခန်းဖွင့်မယ့်နေရာကတော့ ရွှေပင့်ကူမြို့တော်ပဲဖြစ်ပါတယ်။ ရွှေမြို့တော်ကိုရောက်ရင်ထာဝရအသက်ရှင်နိုင်မယ်ဆိုတဲ့ ယုံတမ်းစကားတစ်ခုရှိပါတယ်။ အဲ့ဒီမြို့ဟာ ကျွန်းတစ်ကျွန်းရဲ့မြေအောက်မှာရှိတာဖြစ်ပြီး ရောက်ဖူးသူတစ်ယောက်မှမရှိသလို ၊ ​ပြန်ထွက်လာနိုင်သူလည်းမရှိပါဘူး။ ဇာတ်လိုက်ကတော့ စစ်မာချုံဆိုတဲ့ကောင်လေးဖြစ်ပြီး အဖေဖြစ်သူ စစ်မာဟွေးကတော့ လွန်ခဲ့တဲ့၂၂နှစ်က ရွှေမြို့တော်ကိုသွားရင်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ တစ်နေ့မှာသူ့ရည်းစား လီဆာတစ်ယောက်ပြန်ပေးဆွဲခံရပြီး ၊ လီဆာရဲ့အသက်နဲ့ခြိမ်း​ခြောက်ကာ မြေအောက်ကမ္ဘာကိုသွားဖို့ အတင်းအကြပ်စေခိုင်းခြင်းခံရပါတော့တယ်။ အဲ့ဒါတင်မကဘဲ ရွှေမြို့တော်ကိုပါသွားဖို့ဖိအားပေးလာတဲ့အခါ... ထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာပြီး အသက်ကလည်းရွယ်တူလောက်ကို သူ့ကိုယ်သူ စစ်မာဟွေး(မင်းသားရဲ့အဖေ) ပါလို့ပြောလာတဲ့အခါ.... သုံးယောက်သားဟာ ရွှေမြို့တော်ရှိရာ ကျွန်းသို့သွားဖို့ဖြစ်လာခဲ့ပါတယ်။ မင်းသားရဲ့အဖေဟာ တကယ်ပဲ ရွှေမြို့တော်ကနေပြန်ထွက်လာနိုင်ခဲ့လား... ရွှေမြို့တော်ရဲ့လျို့ဝှက်ချက်ကရောဘာလဲ။ ဧရာမပင့်ကူကြီးတွေကြား သည်းထိတ်ရင်ဖို စွန့်စားကြမယ့်ခရီးစဥ်ဟာ ဘယ်လိုအဆုံးသတ်လေမလဲ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Thriller Runtime : 1h 27min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Minnie , Shwe Zin Oo Encoded by LK

Horror • Mystery • Science Fiction • Thriller
0 2022 87 mins
Golden Spider City
Mr. King
7

Mr.King (2023) IMDb 9.2/10 (3K) ဘေးအိမ်ကိုအဆင်လေးပြောင်းလာဖို့စိတ်ကူးယဥ်ကြည့်ဖူးတဲ့လူ‌ တွေရှိရင် ဒီကားလေးက Must Watch စာရင်းထဲပါတဲ့ဇာတ်ကားလေးပါ ညိုကီတို့ကြိုက်မင်းသမီးချောလေး Urvi Singh ,Yashvika Nishkala နဲ့ ပျိုမေတို့ကြိုက် မင်းသားချောလေး Sharan Kumar လည်းပါဝင်တယ်ဆိုတော့ပစ်ရက်စရာတစ်ကွက်မှမရှိတော့ဘူးပေါ့ရှင် အူမာဒေဗီနဲ့ ဗယ်နီလာက ညီအစ်မဝမ်းကွဲတွေပါ သူတို့အိမ်ဘေးကိုပြောင်းလာမဲ့အဆင်လေးကတော့ ရှီဗာပေါ့ ရှီဗာ့အကြောင်းပြောရမဲ့ဆိုရင် လူတစ်ရာမှာတစ်ယောက်တောင်မရှိနိုင်တဲ့ဉာဏ်ကြီးရှင်တစ်ယောက်... လေယာဉ်စက်ယန္တရားပရောဂျက်ရေးဆွဲနေပြီးအောင်မြင်အောင်လုပ်မဲ့ရည်ရွယ်ချက်နဲ့ပေါ့ ဒီလိုတော်တဲ့အပြင်ကိုမှ ရုပ်လေးကလည်းခန့်တော့ အူမာနဲ့ဗယ်နီလာတို့၂ယောက်စလုံးသဘောကျမိသွားပါတယ် ဒီလို၃ပွင့်ဆိုင်လာမဲ့အချစ်ရေးထဲဘယ်သူနဲ့ဘဝခရီးဆက်ဖြစ်မလဲ ရှီဗာ့လေယာဉ်ပရောဂျက်ရောအောင်မြင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.97GB / 903MB Quality…1080p WEB DL / 720p Format…mp4 Duration…2h 44mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL

Drama • Romance
7 2023 145 mins
Mr. King
Mrs. Undercover
7.1

Mrs. Undercover 2023 အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောအက်ရှင်၊ ဒရမ်မာ၊ ဟာသကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7.1 အထိရရှိထားပြီး Pad man, Andhadhun စတဲ့ကားတွေမှာ နာမည်ကြီးမင်းသားတွေနဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ မင်းသမီး Radhika Apteဖြစ်ပါတယ်။ ဒီကားမှာတော့သူက အိမ်ထောင်ရှင်မမိခင်တစ်ဖြစ်လဲ လျှို့ဝှက်စုံစမ်းရေးအေးဂျင့်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း Strong ဖြစ်ပြီး independent ဖြစ်တဲ့အမျိုးသမီးကိုမှ ရွေးပြီးသတ်တဲ့လူသတ်သမားတစ်ယောက်ရှိပါတယ်။ အထူးအေးဂျင့်တပ်ဖွဲ့မှာ ဒီလူသတ်သမားကိုစုံစမ်းဖို့ အေးဂျင့်တစ်ယောက်ပြီးတစ်ယောက် လွှတ်ရာမှာ မအောင်မြင်ဘဲ နောက်ဆုံးမစ်ရှင်လွှတ်စရာ အေးဂျင့်မရှိအောင်ဖြစ်သွားတော့တယ်။ ဒီလိုနဲ့ အိမ်ထောင်ရှင်မဖြစ်တဲ့ဒူရ်ဂါဟာ လူသတ်သမားကိုစုံစမ်းဖို့မစ်ရှင်မှာ ဘယ်အစိတ်အပိုင်းကနေ၀င်ပါသွားမလဲ၊ အိမ်ထောင်ရှင်မနောက်ကွယ်မှာ သူ့ဘ၀ဟာဘယ်လို‌တွေဖုံးကွယ်ထားတယ်ဆိုတာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။

Comedy • Action • Drama
7.1 2023
Mrs. Undercover
My Sassy Girl
7.1

My Sassy Girl (2023) အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ ‌အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ “မိထူးဆန်း” လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ “မ”ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ဆစ်စီဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ အချစ်ဇာတ်လမ်းလေးကို ဂီအန့်ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။ IMDb 7.1/10 ဆိုတော့လည်း မူရင်းကိုရီးယားကားကို ရင်ပေါင်တန်းနိုင်တယ်လို့ ပြောရလောက်တဲ့ remake ပါ။ ဘယ်အချိန်ကြည့်ကြည့် ဘယ်တော့မှရိုးမသွားတဲ့ My Sassy Girl。。。 အင်ဒို version မှာရော ဂီအန်တစ်ယောက် အချစ်ဦးကြောင့် ဘယ်လိုမျိုး မရိုးမရွတွေ ခံစားပြီး မေ့မရဖြစ်နေရဦးမလဲဆိုတာတော့。。。အားလုံးပဲ ဂီအန်နဲ့အတူ လိုက်လံခံစားကြည့်ကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 873MB | 428MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

7.1 2023 117 mins
My Sassy Girl
Darkland
6.6

Darkland (2017) ~ IMDb – 6.6/10, Rotten Tomatoes – 56% ~ ဒီကားလေးက ဒိန်းမတ် အက်ရှင်ဒရာမာမှုခင်းကားလေးတစ်ကားဖြစ်ပါတယ်။ ဇိတ်က အောင်မြင်တဲ့နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး စတိိန်းလို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်းရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ “ရာဇင်း” ရောက်လာပြီး အကူအညီလာတောင်းပါတယ်။ ဇိတ်ကငြင်းလိုက်ပြီး နောက်တစ်ရက်မှာတော့ ညီဖြစ်သူက ဆေးရုံရဲ့အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။ အဲဒီနောက်ပိုင်း ဇိတ်ရဲ့ဘ၀က ကမ္ဘာကြီးပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတော့တာပါ။ အမှုကို ရဲတွေလက်အပ်ထားခဲ့ပေမဲ့ ဒီကကိုလှရွှေတွေလိုပဲ သိပ်အကူအညီမဖြစ်တော့ အပြစ်ရှိစိတ်ရှိနေတဲ့ဇိတ်က သူကျင်လည်ခဲ့ဖူးတဲ့ဘ၀ကိုပြန်သွားပြီး ညီဖြစ်သူအတွက် တရားမျှတမှုကို လိုက်ရှာပါတော့တယ်။ ဒီကားရဲ့ဇာတ်ညွှန်းဆရာတစ်ဖြစ်လဲ ဒါရိုက်တာက သူ့ရဲ့ညီ ဂိုဏ်းတစ်ခုနဲ့ပတ်သက်မိပြီး ဒုက္ခရောက်ခဲ့ဖူးတဲ့ လက်တွေ့ဘ၀အတွေ့အကြုံကိုမူတည်ပြီး ရိုက်ခဲ့ပါတယ်လို့ဆိုထားပါတယ်။ ‌ဆုတွေလည်း (၇)ခုလောက် ရထားပြီး Nomi (၁၉)ခုလောက်ရထားတဲ့ ဒီကားလေးကို အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 52Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.6 2017
Darkland
Deep Rising
6.1

Deep Rising (1998) မူလဘူထ Phoenix ဖြစ်ခဲ့တဲ့အပြင် Bond Girl ပါ ဖြစ်ခဲ့ဖူးတဲ့ မမ Famke Janssen ပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာတော့ CGI တွေပီပြင်လွန်းလို့ ကြည့်ရှုသူများကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားဖီနီဂန်ဟာ ပိုက်ဆံရရင်ပြီးရော ဘာမှဂရုမစိုက်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်ပြီး လူတစ်စုကို သူ့စက်လှေပေါ်တင်ဆောင်လာခဲ့တယ်။ ဘယ်ကို မောင်းနေမှန်းမသိ မောင်းပေးရင်း သူ့စက်လှေပေါ်မှာ အဲ့လူတွေက တော်ပီဒိုတွေ တင်ဆောင်လာတာကို သိလိုက်ရတယ်။ သူတို့မောင်းစေချင်တဲ့နေရာ ရောက်ခါနီးမှာတော့ Speed Boat တစ်စင်းကို တိုက်မိသွားတယ်။ အနီးအနားမှာ ဇိမ်ခံသင်္ဘောတစ်စင်းကို တွေ့လိုက်ရတော့ အကူအညီတောင်းဖို့ စဉ်းစားလိုက်ပါတယ်။ ကံဆိုးချင်တော့ သူခေါ်လာပေးတဲ့လူတစ်စုဟာ အဲဒီဇိမ်ခံသင်္ဘောကို အနုကြမ်းစီးမယ့် အုပ်စု ဖြစ်လို့နေပါတယ်။ သူတို့ သင်္ဘောပေါ် ရောက်ချိန်မှာတော့ မျှော်လင့်ထားသလို မဟုတ်ဘဲ လူတွေအားလုံး ပျောက်ဆုံးနေပါတော့တယ်။ အကြောင်းရင်းကိုရှာဖွေကြရင်း သူတို့ချည်းပဲ ရှိနေတာမဟုတ်ဘူးဆိုတာ သိလိုက်ရချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 46Min Genre – Action, Adventure, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

6.1 1998 106 mins
Deep Rising
Love, Divided
6.3

ဒီတစ်ခါ cm ပရိသတ်ကြီးကို netflixက ရိုက်ကူးထားတဲ့ စပိန်ဘာသာစကားပြော အချစ်ဖန်စီ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကို ပူပူနွေးနွေး ဧပြီ ၁၂ ကမှ စပြီးထုတ်လွှင့် ထားတာပါ။ IMDB 7 နီးပါး ရရှိထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်ကြောင်းက ဗလင်တီနာဆိုတဲ့ စန္ဒယားတီးတဲ့ ကောင်မလေး တစ်ယောက် အိပ်ခန်းအသစ်ကို ပြောင်းလာခဲ့ပါတယ်၊ ဖြစ်ချင်တော့ ဘေးအခန်းက နေတဲ့သူက ဆူညံသံတွေကို အရမ်းမုန်းတဲ့ တီထွင်ပညာရှင် ဒေးဗစ်ဆိုတဲ့ ကောင်လေးပါ၊ သူတို့တွေကြားက နံရံက အုတ်တစ်ချပ်သာခြားတဲ့ ပါးလွှာတဲ့ နံရံဖြစ်နေတာပါ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို ဗလင်တီနာ ကြောက်လန့်ပြီး မနေနိုင်အောင် အသံတွေပေးပြီး အနုနည်းနဲ့ မောင်းထုတ်ပါတော့တယ်။ ဗလင်တီနာက ဘယ်လိုမျိုး လက်တုံ့ပြန်မလဲ၊ သူတို့တွေ အချင်းချင်း ဘယ်လိုညှိကြမလဲဆိုတာ ကြည့်ရှုခံစား ကြည့်လိုက်ကြပါဦး။ File size…1.62GB / 703MB Quality…NF , WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.3 2024 98 mins
Love, Divided
Snowman
3.4

Snowman (2024) IMDb Rating (3.4) မိမိတို့ငယ်ဘ၀မှာကြုံတွေ့ခဲ့ရတဲ့အရာတွေဟာ လူသားတစ်ယောက်ဘယ်လိုရှင်သန်ရပ်တည်မလဲဆိုတာကို ပုံသွင်းပေးနိုင်တယ်ဆိုတာကို ယုံပါသလား။ ငယ်စဉ်ကတည်းက ကိုယ့်ရှေ့မှာတင် အမေဖြစ်သူကိုရက်ရက်စက်စက်ရိုက်နှက် ၊ ကိုယ့်ကိုလည်း နေ့စဉ်နေ့တိုင်းအပြစ်လွတ်တယ်မရှိအောင် ဆူပူကျိန်းမောင်းတတ်တဲ့ဖခင်ဆိုးကိုရထားတဲ့ကလေးတစ်ယောက်ဆိုရင်ရော ပုံမှန်လူတစ်ယောက်လိုကြီးပြင်းလာနိုင်ပါမလား။ နှင်းတောကြီးထဲမှာ လူတွေတစ်‌ယောက်ပြီးတစ်ယောက်လိုက်သတ်နေတဲ့နှင်းလူသားလို့ခေါ်ကြတဲ့စိတ္တဇလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့ကိုတစ်နေ့ကျ ကနေဒါရဲတွေကဖမ်းမိလိုက်တယ်။ ဒါပေမယ့် ထိုသူကရောနှင်းလူသားအစစ်ဟုတ်ပါရဲ့လား။ နှင်းလူသားဆီမှာအသတ်ခံလိုက်ရသူတစ်ယောက်ရဲ့ဇနီးဖြစ်သူကရော ပြစ်ဒဏ်ချမှတ်ချက်ကိုပေါ့လျော့ပေးတတ်တဲ့ကနေဒါနိုင်ငံဥပဒေကိုမမျှော်ကိုးတော့ပဲ ခင်ပွန်းဖြစ်သူအတွက်ဘယ်လိုလက်စားချေသွားမလဲ ဒါတွေကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ အချိန်ပေးရတန်တဲ့ကားတစ်ကားဟုတ်သလားဆိုတာ‌တော့ ပရိသတ်ကြီးကိုယ်တိုင်သာစောင့်ကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.7 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Drama Duration….01:17:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin

Comedy • Romance
3.4 2024 78 mins
Snowman
A Copenhagen Love Story
6.3

ဒီတစ်ခေါက်မှာတော့ လက်တွေ့ဘဝနဲ့ တစ်သားတည်းဖြစ်အောင် ရိုက်ကူးတင်ဆက်ပြထားတဲ့ ဒိန်းမက်စ‌ကားပြော ရုပ်ရှင် တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင် မီယာဟာအတော်အသင့် အောင်မြင်နေပြီဖြစ်တဲ့ စာရေးဆရာမတစ်ဦးပါ။ မီယာက ခါတိုင်းဆို မနူးမနပ် တက္ကသိုလ်‌ကျောင်းသားအရွယ် မောင်လေးတွေနဲ့ပဲ တွဲခုတ်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ရဲ့ စာအုပ် မိတ်ဆက်ပွဲနေ့မှာ သူငယ်ချင်းနဲ့အတူပါလာတဲ့ အီမီးဆိုသူနဲ့ ဆုံဖြစ်ပြီး ဒိတ်ကြည့်တဲ့အခါ အဆင်ပြေတဲ့အတွက် တွဲဖြစ် သွားပါတယ်။ ကိုယ့်ထက်အသက်ငယ်တဲ့လူတွေနဲ့ပဲတွဲလေ့ရှိတဲ့ မီယာက သူနဲ့သက်တူရွယ်တူ ကလေး ၂ယောက်အဖေ အီမီးကို အတည်တကျချစ်မိသွားပြီး အီမီးနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာ အီမီးရဲ့ကလေးနှစ်ယောက်ကိုလည်း သူကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးရင်းနဲ့မှ ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးတဲ့ ရင်သွေးလိုချင်လာတဲ့အတွက် အီမီးနဲ့ အတူ ကလေးယူဖို့ ကြိုးစားပါတော့တယ်။ တစ်ချို့သောသူတွေအတွက် သားသမီးရဖို့ဆိုတာ လွယ်ကူတယ် ဆိုပေမဲ့လည်း မီယာနဲ့အီမီးတို့အတွက်ကတော့ မလွယ်ကူခဲ့ပါဘူး။ ဒီလိုနဲ့သူတို့နှစ်ယောက် ရင်သွေးလေးရဖို့အတွက် ဆေးရုံဆေးခန်း တွေပြ ကုထုံးတွေခံယူရင်း အခက်အခဲမျိုးစုံကိုကျော်ဖြတ်ရပုံကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ တကယ့်လက်တွေ့ဘဝမှာလည်း သားသမီးရင်သွေးရရှိဖို့အတွက် ခက်ခဲရုန်းကန်နေတဲ့သူတွေရှိမယ်ဆိုရင် ဒီဇာတ်ကားကတကယ်ကို ဆေးတစ်ခွက်ဖြစ်စေမှာပါ။ ဒီရုပ်ရှင်ဟာ မီယာနဲ့ အီမီးတို့ကြားက စိတ်ခံစားချက် ရသမျိုးစုံအပြင် မျိုးဆက်ပွားကျန်းမာရေးအကြောင်းကိုပါသေချာလေး ‌ရိုက်ကူး ပြထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ်။ File size… (1.37 GB) / (669 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6.3 2025 105 mins
A Copenhagen Love Story
Lesson Learned Fekete pont
7.7

Lesson Learned (2024) IMDb Rating (7.7) ဒီဟန်ဂေရီရုပ်ရှင်ကိုတော့ ဟန်ဂေရီဒါရိုက်တာ bálint szimlerကရိုက်ထားပြီး။ bálint szimlerဟာ Balaton Method (2015)နဲ့ ပွဲဦးထွက်ခဲ့တယ်။Balaton Methodဟာလည်း အရည်အသွေးမီတဲ့ကားဖြစ်သလို ဒီကားကလည်း အရည်အသွေးကောင်းတဲ့ကားပဲဆို‌တော့ ဒါရိုက်တာကောင်းဖြစ်ဖို့ တာစူလာတဲ့လူလို့ ပြောလို့ရပါတယ်။ Lesson Learned ( 2024 )မှာတော့ ကျောင်းသားတွေ ကျောင်းနဲ့ ကျောင်းဆရာတွေကြားက အခြေအနေကို ပြထားတယ်။ ပြောရရင် သူ့တားဂတ်က ပညာရေး ဖြစ်ပါလိမ့်မယ်။ ပုံမှန်ပညာရေးပိုင်းကို ဒါရိုက်တာတွေက ရုပ်ရှင်တွေနဲ့ ထောက်ပြကြတဲ့နေရာမှာ စာသင်နည်းအသစ်တွေ အတွေးအခေါ်အသစ်တွေနဲ့ ထောက်ပြကြတာများပေမဲ့ bálint szimlerထောက်ပြပုံကတော့ ကျွန်တော်တို့ နိုင်ငံနဲ့တောင် အံကိုက်တယ်လို့ပြောလို့ရပါတယ်။ ဘာလို့ဆို သူအဓိက ထောက်ပြတာက စနစ်ကိုလည်းမဟုတ် သင်ကြားပုံကိုလည်းမဟုတ်ဘဲ လူတွေကိုပါပဲ။ ကျောင်းဆရာ ဆရာမတွေကိုပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ပညာရေးစနစ်အသစ်ဘယ်လိုဆွဲဆွဲ , ဘယ်လိုတက္ကနစ်တွေ သင်ထောက်ကူတွေသုံးသုံး, သင်ကြားပေးမယ့်လူတွေ မပြောင်းလဲသရွေ့ သူတို့အတွေးအခေါ်တွေ မပြောင်းလဲသရွေ့တော့ မထူးဘူးလို့ပဲ မြင်တယ်။ bálint szimlerကလည်း ဒါကိုပဲ တစ်ကျောင်းလုံးက ဆရာတွေဆရာမတွေရဲ့သူတို့ဘာသာပြဿနာတွေ သူတို့နဲ့ကလေးတွေကို ဆက်ဆံပုံမှားယွင်းနေတဲ့ ပြဿနာတွေသက်သက်နဲ့ပဲ တင်ဆက်သွားတယ်။ စီမံအုပ်ချုပ်ပုံကအစ သင်ကြားပုံအဆုံး ကျောင်းသားဘက်ကိုမငဲ့ဘဲ သူတို့ဘက်သူတို့ပဲ ကြည့်နေကြမှန်းသိလား မသိပေမဲ့ ကြည့်နေတဲ့ ပုံစံတွေပေါ့။ ကျွန်တော်တို့ဘက်နဲ့လည်း ဆင်တော့ဆင်ပါတယ်။ ဂုဏော အနန္တောတွေ မပါတာပဲ ကွာလိမ့်မယ်။ ဒါပေမဲ့ ငါတို့ကဆရာဆိုတဲ့ ဆိုက်ချင်းတော့ တူကောင်းတူလိမ့်မယ်။ ဝါးလုံးနဲ့ရမ်းသလိုတော့ ဖြစ်နေပေမဲ့ အများစုတော့ ဒီလိုပါပဲ။ ပြောကြသလိုပဲ လူနည်းစုအတွက်ပဲ ကောင်းနေတဲ့အရာက အဖြေရသွားတာမျိုးမဟုတ်ဘူး။ ဒီလိုဆိုလို့ ဒီရုပ်ရှင်မှာ ကောင်းတဲ့ဇာတ်ကောင်မပါတာလားဆို‌တော့ မဟုတ်ဘူး။ တစ်ယောက်တော့ ပါခဲ့တယ်။ ဒါပေမဲ့ ဒါကို တင်ဆက်ပုံကလည်း လက်တွေ့ကျပါတယ်။ ကျွန်တော်ကြည့်ဖူးသမျှကားတွေလိုမဟုတ်ဘဲ သူလည်း မကျေနပ်နေရုံ ကလေးတွေဘက်က မခံချင်နေရုံကလွဲ ဘာမှမတတ်နိုင်ခဲ့ဘူး။ အဆုံးမှာတော့ စနစ်က ဒီလိုဖြစ်နေရင် စနစ်ထဲ အံမကိုက်တဲ့တစ်ယောက်က ထွက်သွားရတဲ့ပုံစံမျိုးနဲ့ ထွက်သွားလိုက်ရတယ်။ တစ်ဘက်က ကြည့်ရင် ဒီကားက ပျင်းစရာတော်တော်ကောင်းတဲ့ကားပါပဲ။ ဘာမှမမပါပါဘူး။ တစ်ဘက်ကကြည့်ရင်လည်း ဒါဟာ ပညာရေးစနစ်တွေကို လက်တွေ့အကျဆုံး တင်ဆက်ထားတဲ့ရုပ်ရှင်ပါပဲ။ စိတ်ဝင်စားရင် ကြည့်ကြည့်ပြီး စိတ်မဝင်စားရင် မကြည့်ဖို့ကလွဲ ဘာမှတော့ ပြောစရာမရှိဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(5.3 GB) / (2.4 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:00:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Romance • Thriller
7.7 2024 119 mins
Lesson Learned Fekete pont