YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Love You Give Me E04 (1080p) CM.mp4

537.63 MB N/A video/mp4 270 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mission Kashmir
6.3

ပထမဦးဆုံးအနေနဲ့ ပြောချင်တာက လောကမှာ ဘယ်လူမျိုး ဘယ်ဘာသာရယ်က အကြမ်းဖက်ဘာသာ အစွန်းရောက်လူမျိုးရယ်လို့မရှိပါဘူး..လူက နှစ်မျိုးပဲရှိပါတယ်..အဲ့ဒါကတော့ လူကောင်းနဲ့လူဆိုးပါ.. ဒီဇာတ်ကားလေးမှာ ဘာသာရေးအစွန်းရောက်အယူဝါဒတချို့ပါနေလို့ ဇာတ်ကားကြည့်ရင်း ဗဟုသုတယူရမယ့်အစား အစွန်းရောက်ဝါဒများ စိတ်ထဲမကိန်းအောင်စေဖို့ တိုက်တွန်းလိုက်ပါတယ်... အစွန်းရောက်ဝါဒီတွေရဲ့ ထုံးစံအတိုင်း ရင်ထဲမှာ အမုန်းတရားတွေစွဲကျန်နေတဲ့ တက်သစ်စလူငယ်လေးတွေကို သိမ်းသွင်း...ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး ဘာသာရေးအမည်ခံ အမုန်းတရားတွေဖြန့်...လုပ်ဇာတ်တွေဖန်တီးပြီး ဆော်သြနေကြတဲ့ လူတွေလက်ထဲရောက်သွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကိုလည်း ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်... အဓိကဦးတည်ချင်တာကတော့ မပြီးဆုံးနိုင်တဲ့ အိန္ဒိယ-ပါကစ္စတန်အမွှေဇာတ်ထုပ်ပေါ့... ဒီကားမှာ ဘောလီးဝုဒ်မင်းသားချောလေး ရီသစ်ရိုရှန်းနဲ့ မင်းသားကြီး ဆန်ဂျေးဒသ်တို့ပါဝင်သရုပ်ဆောင်ထားတယ်... မစ်ရှင်ကက်ရှမီးဆိုတဲ့ ကားနာမည်အတိုင်းပဲ ဟင်ဒူ-မွတ်စလင် အမြဲအဓိကရုဏ်းဖြစ်နေတတ်တဲ့ ကက်ရှမီးဒေသကို ဖျက်ဆီးပြီး အမုန်းတရားတွေဖြန့်ကျက်ဖို့ စစ်သွေးကြွအုပ်စုက လျှို့ဝှက်ကြံစည်နေကြတယ် ဒါကိုမှ ရဲအရာရှိက စုံစမ်းဖေါ်ထုတ်မယ့်ဇာတ်လမ်း.... ဒါပေမဲ့ အဲ့ဒီစစ်သွေးကြွအုပ်စုထဲကို မတော်တဆရောက်သွားခဲ့ရတာက ရဲအရာရှိရဲ့မွေးစားသား... နောက်ခံအမုန်းတရားဇာတ်အိမ်နဲ့ သူတို့နှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့တဲ့အခါ.... ဆက်ဖြစ်လာမယ့်ဇာတ်အရှိန်ကိုတော့ တစိမ့်စိမ့်ကြည့်ရှုပေးကြပါလို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(4.2 GB)/(1.4 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:31:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Action • Crime • Drama
6.3 2000 151 mins
Mission Kashmir
Doctor Zhivago
7.5

IMDb (8/10) / Rotten Tomatoes 84% ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့်‌ ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့‌အကြောင်းကို အရင်ပြောပါရ‌စေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ၊ "အလေးနီ"ပြုပါတယ် တို့ စသဖြင့် ကွန်မြူနစ်ဆိုရင် ရဲရဲနီပါပဲ။ အချင်းချင်းပြောဆိုဆက်ဆံတဲ့အခါမှာလည်း နာမည်/ရာထူးရှေ့မှာ Comrade(ရဲဘော်) လို့ ထည့်ခေါ်ကြတာလည်း ကွန်မြူနစ်တွေရဲ့ ဝိသေသပါပဲ။ ဇာတ်ကားထဲမှာ ဇာတ်ကြောင်းပြောနေတဲ့ ဗိုလ်ချုပ်ကြီးကိုတောင် "ရဲဘော်ဗိုလ်ချုပ်ကြီး"လို့ခေါ်တာ ကြည့်ပါတော့။ သူတို့အထာမသိရင် နားလည်ဖို့အခက်သားပါပဲ။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်စာရေးဆရာ ကဗျာဆရာ ဘောရစ်စ် ပက်စတာညက်ဗ် (Boris Pasternak) ရေးသားတဲ့ Doctor Zhivago ဝတ္ထုကို အီတလီနိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုမှာ မထုတ်ဘဲ ဘာလို့ အီတလီမှာထုတ်ဝေခဲ့ရလဲဆိုရင်တော့ ဆိုဗီယက်အာဏာပိုင်တွေက ဒီစာရေးဆရာကို မျက်မုန်းကျိုးနေလို့ပါပဲ။ ကွန်မြူနစ်နိုင်ငံတွေမှာ အနုပညာလွတ်လပ်ခွင့်ဆိုတာ ပါတီက ခွင့်ပြုသလောက်ပဲ လွတ်လပ်နိုင်တာပါ။ ဒီဝတ္ထုမှာက ပထမကမ္ဘာစစ်နဲ့ ရုရှပြည်တွင်းစစ်ကို နောက်ခံထားပြီး ဇာဘုရင်ကျဆုံးချိန်၊ ကွန်မြူနစ်နိုင်ငံစတင်တည်ဆောက်ချိန်တွေမှာ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရပုံတွေကို လူသားဆန်တဲ့ ရှုထောင့်ကနေ ပုံဖော်ရေးသားထားတာကြောင့် အာဏာပိုင်တွေက မကြိုက်ကြတာ မဆန်းပါဘူး။ ဒီစာအုပ်ကို ပြည်တွင်းမှာ ဖတ်ရှုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ ဒီစာအုပ်ဟာ အလွန်အောင်မြင်ခဲ့ပြီး တော်စတွိုင်းရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုရှည်ကြီးနဲ့အတူ ဂန္တဝင်စာပေစာရင်း ဝင်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ၁၉၅၈ နိုဘယ်ဆုရသူတွေစာရင်းမှာ ဘောရစ်စ် ပက်စတာညက်ဗ်ကို စာပေဆိုင်ရာနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် စာရေးသူဟာ အဲဒီဆုကို ငြင်းပယ်ခဲ့ရပါသတဲ့။ (၁၉၈၉ ခုနှစ်ရောက်မှ သူ့သားတစ်ယောက်က သူ့ကိုယ်စား ဆုသွားယူခဲ့ရတယ် လို့ ဆိုပါတယ်) မြန်မာဘာသာပြန်ဝတ္ထု အနေနဲ့ကတော့ စာရေးဆရာ ဘုန်းမြင့်(မန္တလေး)က ဘာသာပြန်ဆိုထုတ်ဝေခဲ့ဖူးတယ် လို့ သိရပါတယ်။ ဒီဇာတ်လမ်းမှာ ကွန်မြူနစ်တပ်နီတော်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သူ့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ နာမည်ကျော်ကဗျာဆရာ ဒေါက်တာဇီဗားဂိုးရဲ့ သမီးကို လိုက်လံရှာဖွေရင်း ဇာတ်ကြောင်းပြောဟန်နဲ့ စဖွင့်ထားပါတယ်။ မိဘမဲ့ကောင်လေးဇီဗားဂိုး ကို သူ့မိဘတွေရဲ့မိတ်ဆွေလင်မယားက မွေးစားခဲ့ပါတယ်။ အဲဒီလင်မယားမှာ သမီးလေး တွန်ညာ ဆိုတာရှိပြီး သူမဟာ နောက်တော့ ဇီဗားဂိုးရဲ့ဇနီးဖြစ်လာမယ့်သူပါပဲ။ ဇီဗားဂိုးဟာ ဆေးပညာသင်ယူနေချိန်မှာပဲ ကဗျာဆရာတစ်ယောက်အဖြစ် ကျော်ကြားလာခဲ့ပါတယ်။ တစ်ညမှာတော့ ဆရာဝန်ဖြစ်ခါစ ဒေါက်တာဇီဗားဂိုးဟာ ခရစ္စမတ်အကြိုညပါတီပွဲတစ်ခုမှာ သေနတ်နဲ့အပစ်ခံလိုက်ရတဲ့ ရှေ့နေတစ်ယောက်ကို ပြုစုကုသပေးခဲ့ရတယ်။ ရှေ့နေကြီးရဲ့နာမည်က "ဗစ်တာ အစ်ပိုလီတိုဗစ်ခ်ျ ကိုမာရော့ဗ်စကီ" ပါတဲ့။ (ရုရှားရုပ်ရှင်၊ဝတ္ထုတွေမှာ အဲလို နာမည်ရှည် နာမည်ရှုပ်ကြီးတွေကိုတော့ သည်းခံပေးရလေ့ရှိပါတယ်။) သေနတ်နဲ့ပစ်သူကတော့ လာရီဆာ အန်တီပိုဗာ (ခေါ်) လာရာ ဆိုတဲ့ မိန်းမချောငယ်လေးတစ်ယောက်ပါပဲ။ သူတို့နှစ်ယောက်ကြားက ဇာတ်လမ်းကတော့ ................. ဇာဘုရင်ရဲ့အုပ်စိုးမှုကို ဆန့်ကျင်လိုတဲ့ ခေတ်ကြီးကိုအတင်းပြောင်းချင်ကြတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှု ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရတာကိုလည်း ဖော်ပြထားတာတွေ့ရမှာပါ။ ပထမကမ္ဘာစစ်ကြီးအတွင်းမှာ စစ်တပ်ဆရာဝန်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဒေါက်တာဇီဗားဂိုးဟာ ကမ္ဘာစစ်ကြီးအပြီးမှာ ဆက်ဖြစ်လာတဲ့ ရုရှပြည်တွင်းစစ်ကြောင့် ဇနီးနဲ့သားရှိရာကို မပြန်နိုင်ဘဲ ဆက်လက်စစ်မှုထမ်းနေခဲ့ရတယ်။ အဲဒီအချိန်မှာ စစ်အတွင်းက ပျောက်ဆုံးသွားတဲ့ ခင်ပွန်းသည်ကိုရှာဖွေဖို့ စေတနာ့ဝန်ထမ်းသူနာပြုအနေနဲ့ စစ်မြေပြင်ကိုရောက်လာတဲ့ "လာရာ" နဲ့ ဆုံမိခဲ့ကြပါတယ်။ အတူအလုပ်လုပ်ရင်း သံယောဇဉ်တွယ်မိခဲ့ကြပေမယ့် မစွန်းထင်းမိအောင် နှစ်ယောက်လုံး ချုပ်တည်းနိုင်ခဲ့ကြတယ်။ တပ်ကထွက်ခွင့်ရလို့ မော်စကိုမြို့တော်ကို ဒေါက်တာဇီဗားဂိုး ပြန်လာတဲ့အခါ ခေတ်ကြီးကပြောင်းနေပါပြီ။ သူတို့မိသားစုနေတဲ့ အိမ်ကြီးဟာ စုပေါင်းအိမ်ယာတစ်ခုအဖြစ် ပုံဖော်ခံခဲ့ရပြီးနောက် တခြားမိသားစုတွေနဲ့အတူ ကျဉ်းကျပ်စွာနေထိုင်ရပြီး ကုန်ဝယ်စာအုပ် ၊ ရိက္ခာလက်မှတ် ၊ ပြည်သူတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့ ရာရှင်စနစ် စသဖြင့် ကွန်မြူနစ်နိုင်ငံတော်ကြီး စတင်တည်ဆောက်တဲ့ကာလမှာ ဒုက္ခများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းရပါတော့တယ်။ ပိုဆိုးတာက သူ့ရဲ့ကဗျာတွေက ခေတ်နောက်ပြန်ဆွဲနေတယ် စိတ်ကူးယဉ်ဆန်တယ် စသဖြင့် ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက သူ့ကိုမကြိုက်ကြတာပါပဲ။ သူက ပါတီကိုလည်းမဝင်ဘူး၊ ပါတီလုပ်သမျှ မျက်စိမှိတ်ထောက်ခံသူလည်း မဟုတ်ဘူးဆိုတော့ ပိုပြီး အညှိုးခံရတာပေါ့။ အဲဒါ‌ကိုသူက သဘောမပေါက်ပေမယ့် သူ့ညီ(ဇာတ်ကြောင်းပြောသူ) သဘောပေါက်တဲ့အတွက်ကြောင့် သူ့ကို မော်စကိုကနေ ဝေးလံတဲ့တနေရာမှာ ဇာတ်မြှုပ်နေထိုင်ဖို့တိုက်တွန်းပါတော့တယ်။ အခုပြောပြီးခဲ့သမျှက ဇာတ်လမ်းတဝက်စာပဲရှိပါသေးတယ်။ ကြည့်ကြတဲ့အခါ ရသမပျက်စေချင်လို့ ဇာတ်လမ်းကို ဒီအထိပဲ ညွှန်းပါရစေ။ ဇာတ်ကားကြာချိန်က (၃)နာရီ နဲ့ (၂၀)မိနစ်ရှိပါတယ်။ ဒါပေမဲ့ ကြည့်တဲ့အခါမှာ ပျင်းတဲ့စိတ်တစ်ကြိမ်မှမပေါ်ဘဲ စီးမျောပါဝင်သွားကြမှာပါ။ အနုပညာအရရော ငွေကြေးအရပါ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါပဲ။ ဘတ်ဂျက် ဒေါ်လာ (၁၁)သန်းနဲ့ရိုက်ကူးခဲ့ပြီး တကမ္ဘာလုံးကဝင်ငွေ ဒေါ်လာ(၂၄၈.၂)သန်း ပြန်ရခဲ့တာကိုသာ ကြည့်ပါတော့။ အကယ်ဒမီဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အော်စကာဆု ငါးဆုနဲ့ အခြားဆုပေါင်း (၁၆)ဆုအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ပွဲနဲ့သမိုင်းနောက်ခံအချစ်ဇာတ်လမ်းမျိုးကို နှစ်ခြိုက်ကြသူတွေရဲ့ အသည်းစွဲဖြစ်မယ့် ဇာတ်ကားပါပဲ။ ကွန်မြူနစ်လောကနိဗ္ဗာန် ဆိုတာကို တမ်းတခဲ့ကြသူတွေ ရှိနေသေးရင်လည်း ဒီကားထဲက ကွန်မြူနစ်အင်တာနေရှင်နယ် သီချင်းသံကြားရရင် အလွမ်းပြေကြမယ် ထင်ပါရဲ့။ အချစ်ဇာတ်လမ်းသက်သက်ကို ရွေးပြီးခံစားလိုသူတွေအတွက်လည်း ကာမဆန္ဒကိုတပ်မက်တဲ့အချစ်၊ လူသားဆန်တဲ့အချစ် ၊ တိုင်းသူပြည်သားတွေကို သနားစာနာတဲ့အချစ် ၊ ဝါဒတစ်ခုကို ကိုးကွယ်တဲ့အချစ် စသဖြင့် အချစ်မျိုးအထွေထွေကို တွေ့မြင်ခံစားရပါလိမ့်မယ်။ ဘယ်ခေတ်ရောက်ရောက် တို့ကတော့ ပန်းပန်လျက်ပါပဲ ဆိုတဲ့ လူစားမျိုးတွေအကြောင်းလည်း တွေ့ရမှာပါ။ ရှေးခေတ်ကဇာတ်လမ်းဖြစ်ပေမယ့် လူ့သဘာဝနဲ့လောကသဘာဝ ကို ပီပြင်အောင်ဖော်ကျူးထားတာဖြစ်လို့ ခေတ်အဆက်ဆက်မှာ ဘယ်တော့မှ မပျောက်ပျက်သွားမယ့် ဂန္တဝင်ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ ခံစားတင်ဆက်ထားပါတယ်။) File size…(3.6 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:20:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Romance • Science Fiction
7.5 1965 200 mins
Doctor Zhivago
Venom: Let There Be Carnage
6.8

Venom 2 WebDL video quality, sound quality ကောင်းကောင်းနဲ့ Digital Released ထွက်လာပြီမို့ . update လုပ်ပြီး တင်ဆက်ပေးလိုက်ပါပြီ။ Venom ဒုတိယကားမှာလည်း အက်ဒီ နဲ့ ဗယ်နွန်က မတည့်အတူနေပါပဲ။ ငြင်းလိုက်ခုန်လို့ ရန်ဖြစ်လိုက်နဲ့ လူဆိုးတွေနဲ့ ချနေဆဲပါပဲ။ ကလိတပ်ဆိုတဲ့ စိတ္တဇလူသတ်သမားဆီကို အနီရောင် ကပ်ပါးကောင် ကာနေ့ဂျ် ရောက်သွားပြီ ထောင်ကနေ လွတ်မြောက်သွားပါတယ်။ ကလိတပ်က သူ့ရဲ့ချစ်သူကိုပါ ထောင်ထဲက ကယ်ထုတ်ပြီး အက်ဒီ နဲ့ဗယ်နွန်ကို ကလဲ့စားချေဖို့ လိုက်လာတဲ့အခါ..... အဆက်အစပ်ရှိချင်ရင်တော့ CM မှာတင်ပေးထားတဲ့ Venom 1 ကိုကြည့်လို့ရပါတယ်။ နောက်ပြီးတော့ Venom-2 ရဲ့ အဆုံးမှာ စပိုက်ဒါမန်း နဲ့ ဆက်စပ်မယ့် တစ်ခန်းပါသေးတာမို့ သေချာလေး ရှာကြည့်လိုက်ပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) File Size - (4.5GB)/(1.8GB)/(930MB)/(500 MB) Quality – WEBDL 4K HEVC/1080p/720p/480p Duration - 1hrs 37min Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Sci-Fi Translator – Mr.Anderson Encoder – SWM,Nyeinsaeya Aung

Drama • Sci-Fi & Fantasy
6.8 2021 97 mins
Venom: Let There Be Carnage
Blood Father
7

Blood Father(2016) ****************** ဂျွန်လင့်ဆိုသူဟာ ထောင်ကထွက်လာပြိး စောင့်ကြည့်ကာလနဲ့နေထိုင်ရင်း အသောက်အစားဖြတ်ကာ ဘဝသစ်ပြန်စ၊ ဆိုးသွမ်းခဲ့တာတွေပြင်ဆင်၊ ဆုံးရှုံးခဲ့တာတွေ ပြန်အဖတ်ဆယ်ရင်းနဲ့၊ ဇနီးဖြစ်သူကလည်းပစ်သွားတဲ့အပြင် တစ်ဦးတည်းသောသမီးကပါ အိမ်ကထွက်ပြေးသွားလို့ ရှာမရဖွေမရဖြစ်ရင်း ပြန်လည်ထူထောင်ရေးစခန်းမှာသောင်တင်နေသူပါ။ သမီးဖြစ်သူ လဒ်ဒီယာဟာဆိုရင် အိမ်ကထွက်ပြေးရင်းမှ လူမိုက်ဂိုဏ်းသားတစ်ယောက်နဲ့ရည်းစားဖြစ်မိကာ အခြေအနေအမျိုးမျိုးကြောင့် ရည်းစားဖြစ်သူကိုသတ်မိသွားပါရော၊ ဆိုးတာက သူ့ကောင်လေးဟာ လူမိုက်ဂိုဏ်းကခေါင်းဆောင်ရဲ့တူဖြစ်နေတဲ့အပြင်၊ သူမကိုပါ ပိုက်ဆံတွေယူသွားတယ်ဆိုပြီး စွဲချက်တွေနဲ့အတူ၊ ရဲဘက်ကလည်း လူသတ်မှုနဲ့လိုက်ရှာပါတော့တယ်။ ကြံရာမရတဲ့အဆုံး ဖခင်ဆီကိုသာပြန်လာခဲ့ပြီး ဖခင်ဖြစ်သူက သမီးရဲ့အရှုပ်တွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို ကြည့်ရှုရမယ့် ဖအေနဲ့ သမီးတို့ရဲ့ စွန့်စားခန်းတစ်သီကြီးနဲ့ အက်ရှင်ကားဖြစ်ပါတယ်… File Size :(1.9GB)(and (718MB) Quality :Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

7 2016 88 mins
Blood Father
Leroy & Stitch
6.1

Leroy & Stitch (2006) ================= IMDb Rating – 6.1/10 ဒီတစ်ခါ Movie လေးမှာတော့ သုတေသန ၆၂၅ ကောင်ကို မရလိုက်ဘဲ ထောင်ကျသွားတဲ့ Dr. Hamsterviel ကို Gantu က ထောင်ဖောက်ပြီး ပြန်ကယ်လိုက်ပါတယ်။ Lilo နဲ့ Stitch ကတော့ အလေအလွင့်ဖြစ်ပြီး ကျွန်းပေါ်ပျံ့ကုန်တဲ့ သုတေသနတွေကို ပြန်စုဆောင်းပေးတဲ့အပြင် အိမ်ပါ ရှာပေးလိုက်နိုင်လို့ ဆုအချီးမြှင့်ခံနေရချိန်ပေါ့။ Stitch, Jumba, Pleakley တို့သုံးယောက်ကို ရာထူးကြီးတွေပေးပြီး ဂြိုလ် ပေါ်ပြန်ခေါ်ဖို့လုပ်ပေမယ့် Lilo မျက်နှာကြောင့် မနေခဲ့ဖြစ်ကြပါဘူး။ ဒါပေ မယ့် ဝါသနာပါတဲ့နေရာအသီးသီးကို ဆုရထားတဲ့ ၃ယောက်ကတော့ လူက ဟာဝိုင်အီ စိတ်က Turo ဂြိုလ်ဖြစ်နေခဲ့ကြတယ်လေ။ ငိုချင်လျက် လက်တို့ ဖြစ်နေသူ ၃ယောက်သားကို မကြည့်ရက်လို့ Lilo ကပဲ ဂြိုလ်ပေါ်သွားနေဖို့ ပြန်ဖျောင်းဖျလိုက်ရပါတယ်။ Jumba တစ်ယောက် ဂြိုလ်ပေါ်ရောက်ပြီး သိပ္ပံပညာရှင်အလုပ်ပြန်ရသွားခြင်းက Hamsterviel အတွက် အကွက်တွေ့ စရာပါပဲ။ ရှိနေပြီးသား သုတေသနတွေအားလုံးက Lilo လက်အောက်ရောက် သွားတာမို့လို့ မျိုးစိတ်အသစ်တစ်မျိုးကို ခြိမ်းခြောက်ထွင်ခိုင်းဖို့လုပ်တော့မှာပါ။ ထောင်ကလွတ်လွတ်ချင်းပဲ စမ်းသပ်ခန်းကိုဝင်စီးပြီး Stitch နဲ့အလားတူ နောက် ထပ်တစ်ကောင်ကို ထွင်ခိုင်းပါတော့တယ်။ ၆၂၅ ကောင်ကိုမရလိုက်တဲ့ အခဲမ ကျေမှုနဲ့ သုတေသနအသစ်ကိုပဲ ကိုယ်ပွားပေါင်းရာကျော်ထုတ်ပြီး Hamsterviel တစ်ယောက် အာဏာလုပါတော့တယ်။ သတိရလို့ Video call ခေါ်လိုက်တဲ့အခါ အရင်နဲ့မတူဘဲ ထူးဆန်းနေတဲ့ Stitch ကို Lilo သတိထားမိသွားပြီးနောက်မှာတော့ …. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.23 GB) / (545 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 13Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator……Hnin Wut Yi Encoder……….Zin Phyo Aung

Comedy • Drama
6.1 2006
Leroy & Stitch
Lady Ballers
6.4

ရောဘတ်ဟာ ဘတ်စကက်ဘော နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သမီးတစ်ယောက်ရှိပြီး မိန်းမနဲ့ ကွဲနေသူလည်း ဖြစ်တဲ့အတွက် တစ်ကိုယ်တည်း အလုပ်လုပ်ရင်းသာ ဖြတ်သန်းနေသူပါ။ နှစ်တွေကြာလာနဲ့အခါ သူ့ရဲ့ အသင်းသားဟောင်းတွေဟာလည်း အားကစားလောကမှထွက်ကာ တစ်ကွဲတစ်ပြားစီ အခြေချနေထိုင်နေကြတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူ့ရဲ့သမီးဖြစ်သူကြောင့် အကြံတစ်ခု ရရှိလာပြီး သတင်းထောက်တစ်ဦးရဲ့ မြှောက်ပင့်ပေးမှုနဲ့အတူ လိင်ပြောင်းအမျိုးသမီးတွေပုံစံနဲ့ အမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက် လွှမ်းမိုးဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ကစားသမားဟောင်းတွေကို လိုက်လံစည်းရုံးပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြုလုပ်မှုတွေက ရေရှည်မှာရော အဆင်ပြေနိုင်ပါ့မလား ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဟာသဆန်ဆန် ဆက်လက် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Viola

Animation • Action • Fantasy
6.4 2023 110 mins
Lady Ballers
Encounter With Fate
5.8

မတူတဲ့လောက၂ခုကလာတဲ့ စာသင်သားလေး ချန်ချိုင်နင်နဲ့ ကြောင်မိစ္ဆာမလေး ချင်းနွီရဲ့ အချစ်ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ A Chinese Ghost Story Remake Version တစ်ခုဖြစ်တဲ့အတွက် CGSကိုကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကိုသိလောက်မယ်ထင်ပါတယ်။ အူတူတူရိုးသားတဲ့စာဂျပိုးလေးတစ်ယောက်က တောနက်ထဲမှာ မိန်းမလှလေးနဲ့တွေဆုံပြီး သံယောဇဉ်ဖြစ်သွားခဲ့တယ်။ ဝိဉာဉ်ဖမ်းသူတစ်ယောက်ဟာ မိစ္ဆာမလေးနောက်လိုက်ရင်း စာဂျပိုးလေးနဲ့ဆုံခဲ့ကြတယ်။ ကြောင်မလေးရဲ့တာဝန်ကသူ့ကိုထိန်းချူပ်ထားတဲ့ မိစ္ဆာမကြီးအတွက်ဝိဉာဉ်စုဆောင်းဖြစ်ရမှာဖြစ်ပေမယ့် သူချစ်မိနေတဲ့စာဂျပိုးလေးရဲ့ ဝိဉာဉ်ကိုတော့ မစုပ်ယူရက်ခဲ့ပါဘူး။ ဆန့်ကျင်ဘက်လောက၂ခုကချစ်သူနှစ်ယောက်ရဲ့ အချစ်အတွက်စွန့်စားခန်းလေးပဲဖြစ်ပါတယ်။ ဝိဉာဉ်ဖမ်းသမားကြီးကတော့ မထင်မှတ်ပဲ Third Wheel ကြီးဖြစ်သွားတာပေါ့။ ပေါ့ပေါ့ပါးပါးနဲ့စိတ်အပန်းဖြေလို့ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

5.8 2023
Encounter With Fate
Boat
7.7

Boat (2024) လှေ IMDb-7.9/10 အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ် ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ….။ ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမ‌ကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်….။ ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်….။ ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်….။ တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့….။ ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

Action • Science Fiction
7.7 2024
Boat
Patch Adams

ဒီရုပ်ရှင်လေးကတော့ အပြင်လောကမှာ တကယ်ရှိတဲ့ လူထူးလူဆန်း ဆရာဝန်ကြီးတစ်ယောက်ရဲ့ အဖြစ်လေးပါ။ သူဟာ ဆရာဝန်၊ လူရွှင်တော၊ ပရဟိတာသမား၊ စာရေးသူ တစ်ဦးဖြစ်ပြီး Gesundheit! Institute ဆိုတဲ့ အခမဲ့ဆေးကုသရေး အဖွဲ့အစည်းကြီးကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ သူနဲ့ ပရဟိတသမားတွေဟာ ကမ္ဘာအနှံ့က ဆေးရုံတွေ မိဘမဲ့ကျောင်းတွေကို လူရွှင်တော်ပုံစံ ဝတ်ဆင်ပြီး ဖျော်ဖြေတတ်ကြပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး အနည်းငယ် ပြောင်းလဲမှုတွေနဲ့ ရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။ ဟန်တာအဒမ်စ်ဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ချင်စိတ်ဖြစ်နေတဲ့အတွက် စိတ်ရောဂါကုဆေးရုံတစ်ခုမှာ ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ တက်ရောက်နေစဉ်အတွင်း စိတ်ရောဂါကုဆရာဝန်တွေရဲ့ လူနာတွေကို တကယ်နားလည်မပေးတာတွေ၊ သူကိုယ်တိုင်လည်း လူနာတွေကို ကူညီရင်းနဲ့ သတ်သေချင်စိတ်တွေ ပျောက်လာတာတွေကို ခံစားမိလာပါတယ်။ ဒါကြောင့် နောက်ဆုံးမှ ဆေးရုံကနေ ဆင်းလာပြီး ဆရာဝန်ဖြစ်လာဖို့ ဆေးကျောင်းတက်ပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဆရာဝန်တွေရဲ့ အမှောင်ခေတ်တစ်ခုကို ထည့်သွင်းရိုက်ကူးထားတာ တွေ့ရမှာပါ။ ဆရာဝန်ဆိုတာ လူနာတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ စွမ်းအားရှင်တွေ အဖြစ် မြင်နေကြပုံတွေ၊ သူနာပြုတွေကို အထင်အမြင်သေးကြတာကြောင့် အထက်အောက်မပြေလည်တာတွေ၊ လူနာတွေအပေါ် ရောဂါကုသဖို့ကလွဲပြီး ကျန်တာတွေ ဂရုမစိုက်ကြသေးတဲ့ ခေတ်တစ်ခုလိုမျိုး ပုံဖော်ပြထားပါတယ်။ အဒမ်စ်ကတော့ ဆရာဝန်ဆိုတာ လူနာရဲ့ရောဂါကိုသာမက ဘဝတစ်ခုလုံးကောင်းမွန်အဆင်ပြေဖို့ပါ ထည့်သွင်းကြိုးစားပေးရမယ်ဆိုတဲ့ အတွေးကို ဆုပ်ကိုင်ထားမိတဲ့ လူထူးဆန်းတစ်ယောက်လို ဖြစ်နေပါတယ်။ လူနာရောဂါတွေအကြောင်းမပြောခင် နာမည်လေးတော့ အရင်မေးလိုက်မယ်၊ ကုစရာဆေးမရှိတော့ရင်တောင် စိတ်ချမ်းသာအောင်လုပ်ပေးလိုက်မယ်ဆိုတဲ့ ဆရာဝန်မျိုးကို ပုံဖော်ထားတာပါ။ ပြီးတော့ ဆေးအာမခံမရှိလို့ မကုသနိုင်တဲ့ လူနာတွေအတွက် အခမဲ့ဆေးကုဆောင်ဖွင့်ဖို့ ကြိုးစားတဲ့အကြောင်းတွေ ပါပါတယ်။ အဆိုပါခေတ်ရဲ့ ဆရာတွေ ကျောင်းနေဖက်တွေနဲ့ ယုံကြည်မှုတွေ အရမ်းကွဲပြားလာတဲ့အခါမှာ နောက်ဆုံးတော့ ကျောင်းအုပ်ကြီးဟာ အဒမ်စ်ကို ကျောင်းထုတ်ဖို့ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားရဲ့ အဓိကနေရာကတော့ အဒမ်စ်နဲ့ ဆေးကောင်စီ ဘုတ်အဖွဲ့တွေရဲ့ အမေးအဖြေတွေလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဘာပဲပြောပြော ကြည့်သင့်တဲ့ ကားဟောင်းကားကောင်းလေးတစ်ခုမို့ ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်ဗျာ။ Littleneo ဘာသာပြန်သည်။ File size…(1.8 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

0 1998
Patch Adams
Love on Retreat
Bangkok Traffic Love Story
6.5

Bangkok Traffic (Love) Story (2009) *********************************** ဘန်ကောက်မြို့ဆိုတာ ထိုင်းနိုင်ငံရဲ့ သိပ်စည်ကားတဲ့မြို့ဖြစ်သလို စည်ကားသလောက် လမ်းလည်းအရမ်းပိတ်လို့ ရုံးတက်ရုံးဆင်းချိန်ဆို ကားလမ်း ရထားလမ်းမှာ လူအပြည့်နဲ့ သိပ်ကိုစိတ်ရှုပ်ရတဲ့မြို့လေးပေါ့…ဒါပေမဲ့ ဒီလိုလမ်းမထက်မှာ သိပ်ကိုရိုးရှင်းပေမဲ့လှပတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့ဖူးပါသတဲ့…အခုတင်ဆက်ပေးမှာကတော့ The root ထဲက နှုတ်ခမ်းနီမလေးတို့အသည်းစွဲ မမChrisနဲ့ မင်းသားကြီး Theeradejတို့ရဲ့ တစ်ချိန်ကအတော်လေးနာမည်ကြီးခဲ့တဲ့ Bangkok Traffic love storyဆိုတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်…ဒီဇာတ်လမ်းလေးရဲ့ သဘောကျစရာကောင်းတဲ့ အချက်ကတော့ ဒရာမာနည်းနည်းနဲ့ လက်တွေ့ဆန်ပြီးတော့ အခွီလေးတွေ အလွဲလေးတွေနဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို အလှဆုံးပုံဖော်ထားတာဖြစ်လို့ မရှုစားရသေးဘူးဆိုရင်တော့ လက်လွတ်မခံဘဲ အခုပဲ ရှုစားလိုက်ကြပါစို့… ဇာတ်လမ်းကျဉ်း ———— အပျိုကြီးလည်းဘာဖြစ်လဲ သူငယ်ချင်းတွေနဲ့ပျော်မယ် တစ်ကိုယ်တည်းတောက်ပမယ်ဆိုပြီး ဇက်ဇက်ကြဲခဲ့တဲ့မေလီတစ်ယောက် အသက် 30 အရောက် သူငယ်ချင်းတွေက ဆိုင်သူကိုယ်စီရှိသူကရှိ ယောက်ျားယူတဲ့သူကယူဖြစ်လာတဲ့ချိန်မှာတော့ မကြီးမငယ် ကြေကွဲမမဘဝရောက်ရပါတော့တယ်…ဒီလိုနဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကနေ အထီးကျန်စိတ်နဲ့ ပျော်တဲ့စိတ်ရောပြီး မူးမူးနဲ့ကားမောင်းပြီးအပြန်မှာ အက်ဆီးဒင့်ဖြစ်ရာကတစ်ဆင့် သူ့ကိုကူညီပေးဖို့ ရောက်လာတဲ့ သူ့ဘဝရဲ့ နတ်သားလေးလုန်နဲ့ ဆုံတွေ့ရဖို့ ဖြစ်လာပါတော့တယ်…ဒါပေမဲ့ ထိုင်းတရုတ်နွယ်ဖွားအိမ်က တစ်ဦးတည်းသောသမီးပီပီ အမေအဖေတွေ အဘွားတွေရဲ့ ဆုံးမမှုတွေကြား ဗိုင်းကောင်းကျောက်ဖိနေခဲ့ရတဲ့သူမလို့ ယောက်ျားလေးကို မိန်းကလေးဖြစ်ပြီး စ’မကြူရဘူးဆိုတာကို အရိုးစွဲနေတဲ့မေလီတစ်ယောက် အမေဖြစ်သူက လွန်ခဲ့တဲ့ ၁၇နှစ်က ဂျင်းထည့်ခဲ့တယ်ဆိုတာ သိသွားပြီး လုန်ကိုရေ‌လာမြောင်းပေးလုပ်ဖို့ အကွက်တွေမျိုးစုံဖန်ပါတော့တယ်…ဒါပေမဲ့ မူခဲ့တာ အသက် 30 ထိတိုင်ခဲ့တာမလို့ အလွဲလွဲအချော်ချော်တွေနဲ့ပဲ စခဲ့ရတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်တစ်ခု ပေါက်ဖွားလာချိန်ဟာ ဘယ်လောက်ထိလှပမလဲ… ညဘက်မှာပဲအလုပ်ဆင်းရတာကြိုက်တဲ့ ရထားအင်ယာ ကိုရေခဲလုန်နဲ့ အမြဲတလွဲလုပ်တတ်တဲ့ ဆိုလာဆဲလ်အရောင်းစာရေးမလေးမေလီတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘယ်လိုလှပစွာ ပုံဖော်ထားလဲဆိုတာ အခုပဲCMနဲ့အတူ ပြန်လည်ခံစားလိုက်ရအောင်ပါ… ဇာတ်လမ်းအကျဉ်းကို Mary မှ ရေးသားပေးထားပါတယ် File Size : 2.67GB / 944MB Quality : WEB-DL 1080p 5.1ch / 720p Duration : 02:06:00 Genres : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Heather Oo

Adventure • Animation • Drama • History
6.5 2009 126 mins
Bangkok Traffic Love Story
Mr. Housekeeping
6.8

Mr. Housekeeping (2025) “အိမ်ဖော်ကိုကို” တမီးလ် အချစ်/ဟာသဇာတ်လမ်းအသစ်လေးကို တင်ဆက်လိုက်ပါတယ် အောနက်စ်က တက္ကသိုလ်နောက်ဆုံးနေ့မှာ သူ့ခရက်ရှ်ကို လူသိရှင်ကြားဖွင့်ပြောခဲ့ပြီး လူသိရှင်ကြား အငြင်းခံလိုက်ရတဲ့အခါမှာ တစ်ချိန်ကျရင် ပိုလှတဲ့မိန်းကလေးနဲ့ တွဲပြမယ်လို့ ကြိမ်းဝါးခဲ့ပေမဲ့ နောက်လေးနှစ်ကြာလို့မှ ရည်းစားလည်းမရှိ၊ အလုပ်လည်းမရှိသေးတဲ့အပြင် ငွေညှစ်ခံရတဲ့ပြဿနာကိုလည်း အဖြေရှာဖို့ အကျပ်ရိုက်နေပြန်ပါတယ် ဒီလိုနဲ့ ငွေရှာဖို့ အိမ်ဖော်သွားလျှောက်ရာမှာ ]ကံဆိုးချင်တော့ အိမ်ရှင်က သူ့ကိုငြင်းခဲ့တဲ့ ကျောင်းတုန်းက crush လေးဖြစ်နေတဲ့အခါ ဘယ်လိုအလွဲလေးတွေ ဆက်ဖြစ်ကြမလဲ ရှုစားအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Horror • Thriller
6.8 2025
Mr. Housekeeping
I Will Never Leave You Alone
5

CM ပရိသတ်ကြီး မိုးအေးအေးနဲ့ စောင်ခြုံအောက်မှာ ကြည့်ဖို့ Horror ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Jump Scare အတော်များများနဲ့ အလင်းအမှောင် ကာလာ ကောင်းတဲ့အပြင် နောက်ခံဇာတ်ကြောင်းကိုလည်း creepy ဖြစ်အောင် ရိုက်ကူးထားတာမို့ ကြည့်ရတာ သိပ်မဆိုးဘူးလို့ ပြောရပါမယ်။ ဇာတ်ကားကို သေချာ တွေးကြည့်ရင် ကြောက်စရာဆိုတာထက် သနားဖို့ကောင်းတဲ့ ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ နောင်တဆိုတဲ့အရာဟာ နောင်မှ ရတဲ့အရာမို့ အရာအားလုံး နောက်ကျသွားပြီးချိန်မှာ ပြင်ဆင်ဖို့ ဘယ်လောက်ပဲ ကြိုးစားနေပါစေ ပြန်လည်ပြင်ဆင်ခွင့် မရှိတော့တဲ့ တချို့သောအရာတွေ ရှိပါတယ်။ ကလေးနဲ့ မိန်းမ မတော်တဆ သေဆုံးပြီးနောက် စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရပြီး စကားမပြောနိုင်တော့တဲ့ ရစ်ချတ်ကို သတ်မှတ်ထောင်ဒဏ် မပြည့်ခင်မှာ ခြေချုပ်နဲ့ နေဖို့အတွက် အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ ပရိုဂရမ်တစ်ခု က ငှားရမ်းခဲ့ပါတယ်။ ရစ်ချတ်လုပ်ရမယ့် အလုပ်က တစ္ဆေခြောက်တယ်လို့ ယုံကြည်ထားကြတဲ့ အဲဒီအိမ်မှာ ခြောက်ညတာ ဘယ်မှမသွားဘဲ အထဲမှာပဲနေပြီး ကြွင်းကျန်ဝိဉာဉ်တွေအတွက် နေဝင်ချိန် ဖယောင်းတိုင်ထွန်း၊ ဆုတောင်းစာ ရွတ် ညတိုင်း လုပ်ပေးရမှာပါ။ ဒီအလုပ်ပြီးရင် ဒေါ်လာ ၅၀၀၀ ရမှာဖြစ်ပြီး ရက်မတိုင်ခင် ထွက်ပြေးခဲ့ရင်တော့ နဂိုသတ်မှတ် ထောင်ဒဏ် နှစ်အပြည့် ကျခံဖို့ ထောင်ကိုပြန်သွားရမှာပါ။ သူ့မတိုင်ခင်က တခြားသူတွေ လာခဲ့ဖူးပေမယ့် ပထမညမှာတင်ပဲ ထွက်ပြေးကုန်ကြတာပါ။ ရစ်ချတ်တစ်ယောက် ဒီအိမ်ကြီးရဲ့ နတ်ဆိုးဝိဉာဉ်တွေကို မောင်းထုတ်နိုင်မလား၊ သူ့ရဲ့ စိတ်ဒဏ်ရာသမိုင်းကြောင်းက ဘယ်လိုအရာတွေကြောင့် ဖြစ်ခဲ့တာလဲဆိုတာကိုတော့ …။ File Size… (963 MB) / (587 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 33m Genre ….Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama
5 2024 93 mins
I Will Never Leave You Alone