YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Great.S03E08.1080p.(CM).mp4

871.44 MB N/A video/mp4 66 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Desert Monster
6

ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာထွက်ရှိခဲ့တဲ့ “desert monster” ဆိုတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ - “အေးချမ်းစွာနေထိုင်လာခဲ့ကြတဲ့သဲကန္တာရ ကျေးရွာလေးတစ်ခုဆီကို ဗီဇပြောင်း သားရဲတွေ ရောက်ရှိလာခြင်းကနေပြီးတော့ အစပြုပါတယ် အဲဒီရွာငယ်လေးမှာနေထိုင်ကြတဲ့ အများစုဟာဆိုရင် မုဆိုးလုပ်ငန်းကို လုပ်ကိုင်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့သူတွေပါ ဗီဇပြောင်းသားရဲတွေ ရောက်ရှိလာပြီးတဲ့နောက်မှာတော့ ကျေးရွာက ရွာသူ ရွာသားတွေဟာ ထူးဆန်းတဲ့ ရောဂါတစ်ခုကို ခံစားရပါတော့တယ် အသက်တွေ တစ်ချောင်းပြီး တစ်ချောင်းဆုံးရှုံးနေစဥ်မှာတော့ “ယင်းဇီ” လို့ခေါ်တဲ့ မိန်းမပျိုလေးဟာ သူ့ရဲ့မုဆိုးအပေါင်းအပါတွေနဲ့ အတူတူ သူတို့ကျေးရွာလေးကိုကယ်တင်ဖို့အတွက် မူလဗီဇပြောင်းဖြေဆေးရည်ကို သွားရှာဖို့ ထွက်လာခဲ့ပါတော့တယ် ​ အဲဒီအချိန်မှာ သူတို့တွေလိုချင်တဲ့ မူလဗီဇပြောင်းဖြေဆေးရည်ကို ရရှိဖို့အတွက် ဗီဇပြောင်းသားရဲတွေရဲ့ခေါင်းဆောင် မိခင်သားရဲကြီးကို ဖမ်းဆီမှ ဖြစ်မဲ့ အခြေအနေနဲ့ ကြုံတွေလာရတဲ့အခါမှာတော့ -” ❐ ဘာတွေဆက်ဖြစ်ကြမှာလဲ ? ❐ အသံကြားနိုင်စွမ်းလဲကောင်း / အနံ့ခံနိုင်စွမ်းအားလဲကောင်းတဲ့ ဗီဇပြောင်းသားရဲတွေကိုရော သူတို့ အဖွဲ့လေးရင်ဆိုင်နိုင်ပါ့မလား ? ❐ ကဒ်ဆိုးကြီးကျရောက်နေတဲ့ သူတို့ကျေးရွာလေးကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ဒီဇာတ်ကားလေးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြပါဦးရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Adventure • Drama • Thriller
6 2022 73 mins
Desert Monster
The Texas Chainsaw Massacre: The Beginning
6.1

အမေရိကန် တက္ကဆက်စ် ပြည်နယ်မှာ ၁၉၆၀ခုနှစ်တွေအတွင်း ချိန်းဆောနဲ့ လူတွေ အစုပြုံလိုက် သတ်ဖြတ်ပြီး စားသောက်ခဲ့ကြတဲ့ မိသားစုတစ်စုရှိခဲ့ပါတယ်။ အမေရိကန်ရဲ့ ခေါင်ခိုက်လှတဲ့ ပြည်နယ်ဖြစ်တဲ့ တက္ကဆက်စ်ဟာ ဒုတိယကမ္ဘာစစ်ပြီးကာလ‌မှာ စီးပွားရေးကျဆင်းမှု၊ ငတ်မွတ်ခေါင်းပါးမှုတွေ ဆိုးဆိုးဝါးဝါး ခံနေရလို့ နေထိုင်သူအများစု ပြောင်းရွှေ့ကုန်ကြပါပြီ။ ဒါပေမယ့် ဘယ်ကိုမှ မပြောင်းရွှေ့ပဲ တင်းခံနေခဲ့တဲ့ မိသားစုက‌တော့ တက္ကဆက်စ်ရဲ့ လူမနီးသူမနီး ကွင်းပြင်ကြီးမှ ာ စိုက်ပျိုးမွေးမြူရေးလုပ်ရင်း နေထိုင်ကြတဲ့ ဟီဝစ်မိသားစုပါ။ စစ်ဒဏ်၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်တွေကို အလူးလဲ ခံစားခဲ့ကြရတဲ့ ဟီဝစ် မိသားစုဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်‌ထားပြီး ပုံမှန် မဟုတ်ကြတော့ပါဘူး။ တစ်နေ့မှာတော့ သူတို့ရဲ့ ညဏ်ရည်မဖွံ့ဖြိုးတဲ့ မွေးစားသား တွမ်မီက သူအလုပ်လုပ်တဲ့ သားသတ်ရုံက ပိုင်ရှင်ဖြစ်သူကို သတ်လိုက်ရာကစလို့ ၊ ဟီဝစ်မိသားစုဟာ အမေရိကန်သမိုင်းမှာ အရက်စက်အကြမ်းကြုတ်ဆုံး ရာဇဝတ်မှု တွေထဲက တစ်ခုဖြစ်တဲ့ တက္ကဆက်စ်ပြည်နယ်မှ ချိန်းဆောဖြင့် အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို စတင် ကျုးလွန်ဖို့ အကြောင်းဖန်လာပါတယ်။ Texas Chainsaw ရုပ်ရှင်တွေဟာ နာမည်ကြားတာနဲ့ကို ကျောချမ်းရတဲ့ ရုပ်ရှင်တွေပါ။ ဟော်ရာရုပ်ရှင်လောကမှာတော့ Texas Chainsaw ကားတွေရဲ့ လွှမ်းမိုးမှု တော်တော်ကြီးပြီး ၊ ကြမ်းတမ်းလွန်းတဲ့ ပြကွက်တွေကြောင့်လဲ တော်ရုံလူ မကြည့်ရဲတဲ့ ကားတွေပါ။ အခု Texas Chainsaw Massacre: The beginning ကတော့ ဟီဝစ်မိသားစုရဲ့ အစပြု orgin ဇာတ်လမ်းကို ရိုက်ထားတာပါ။ ဒီကားမှာဆိုရင် ဟီဝစ် စိတ္တဇလူသတ် မိသားစုဝင် တစ်ယောက်ဖြစ်တဲ့ လူ့အရေပြား မျက်နှာဖုံးကြီးနဲ့ ချိန်းဆောလူသတ်သမား Letharfaceကြီး ဘယ်လို စဖြစ်လာလဲ ဆိုတာနဲ့အတူ ကျန်တဲ့ ဆိုက်ကို မိသားစုဝင်တွေ အကြောင်းပါ မြင်ရမှာပါ။ ဇာတ်လမ်းကတော့ ဗီယက်နမ် စစ်ပွဲကို အလွှတ်ခံရတဲ့ အမေရိကန်စစ်သား ညီအစ်ကိုနဲ့ သူတို့ရဲ့ ကောင်မလေး နှစ်ယောက် ၊ Texasပြည်နယ်ကို ဖြတ်သွားချိန်မှာ ဧည့်ဝတ်ကျေပွန်လှတဲ့ နယ်ခံမိသားစုဖြစ်တဲ့ ဟီဝစ်မိသားစုနဲ့ လမ်းခရီးတစ်ထောက် ကြုံရဆုံရ ကြည်နူးစရာ အမှတ်တရ အခိုက်တန့်လေးတွေကို ကြည့်ရှုခံစား ရမှာပါ။ unratedကားမို့ ပြကွက်တွေ အသေကြမ်းပါတယ်။ underagesတွေ မကြည့်သင့်ပါဘူး။ File size…2.55GB / 1.3GB Quality…1080p Blu Rayx264 AAC 5.1CH / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Kaung Khant Win

Adventure • Science Fiction
6.1 2006 91 mins
The Texas Chainsaw Massacre: The Beginning
Knight of Cups
5.6

Knight of Cups (2015) ================= Terrence Malickကို ကောင်းကောင်းသိတဲ့ လူတွေအတွက်တော့ ဘယ်လိုရုပ်ရှင်ဆိုတာရှင်းပြစရာ မလိုပေမဲ့၊ ဒီရုပ်ရှင်ဟာ Fragmentation ဆန်ဆန် ဒိုင်ယာလော့တွေကို နာရေးတစ်ပြောပြီး ဘာမှမပြနေတာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ Christian Bale , Cate Blanchett, Natalie Portman, Ben Kingsley, Antonio Banderasတို့လို တန်းမြင့် သရုပ် ဆောင်တွေကို သုံးထားပါတယ်။ Terrence Malickဟာ Tree of Lifeနဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပွဲတော် ဖြစ်တဲ့ ကိန်းမှာ Palme d’Orရခဲ့သလို The Thin Redline, A hidden Life, Days oF Heaven လို မာစတာပိစ်ကားတွေလည်း ရိုက်ခဲ့ပါတယ်။ Knight of Cupsမှာတော့ အခန်း၈ခန်းကို နောက်ဆုံးခန်းကလွဲ တားရော့ကတ် (၇)ခုနာမည်သုံး ပုံဖော်သွားခဲ့ပြီး baleကိုတော့ Knight of cupsအနေနဲ့ ပုံဖော် ထားပါတယ်။ ဘေးလ်တစ်ယောက် စိတ်ဓာတ်ကျပြီး ဟိုလျှောက် ဒီလျှောက် လျှောက်နေတာကို အဓိကထားပုံဖော်ထားပြီး၊ ခရစ်ယာန်ဖလော်တွေ ဘာဖလော်တွေ ညာဖလော်တွေပြည့်နေတဲ့ နာရေးတစ်တွေနဲ့ Poetic Cinema ဆန်အောင် ပုံဖော်ထားပါတယ်။ ဒီရုပ်ရှင်ဟာ ဘာမှနားလည်စရာမရှိဘဲ ဒီတိုင်းပဲ ကြည့်ချင်လို့ ကြည့်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ တော်တော်လည်း ကြည့်လို့ကောင်းမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)

Action • Adventure • Fantasy • Horror
5.6 2015
Knight of Cups
The Devil’s Deal
6.7

The Devil’s Deal(2023) ********************* ဂျွန်ဟယ်၀န်းဟာဆိုရင်တော့ ဘူဆန်မှ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး ရွေးကောက်ပွဲမှာ ကိုးရီးယားဒီမိုကရက်တစ်ပါတီကနေတစ်ဆင့် ပါ၀င်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူလည်း ဖြစ်ပါတယ်… ဒါပေမဲ့ ကိုယ်စားလှယ်လောင်းဆန်ကာတင်စာရင်း ကြေညာဖို့ နှစ်ရက်အလိုမှာပဲ ပါတီကနေပြီး ဂျွန်ဟယ်၀န်းကို ဆန်ကာတင်စာရင်းကနေ ဖြုတ်ချလိုက်ပါတယ်… ပါတီရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ ဂျွန်ဟယ်၀န်းတစ်ယောက် လူမိုက်ခေါင်းဆောင် ဂင်ဖီးလ်ဒိုဆီကနေ မဲဆွယ်ရန်ပုံ‌ငွေအတွက် ပိုက်ဆံချေးပြီး တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ၀င်ပြိုင်တဲ့အခါမှာတော့… Cast တွေအနေနဲ့ မင်းသားကြီးတွေဖြစ်ကြတဲ့ Cho Jin Woong , Lee Sung Min , Kim Moo Yul တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားပြီး နိုင်ငံရေးအားပြိုင်ကြပုံ မဲမသမာမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာမို့ နိုင်ငံရေးဇာတ်ကား ကြိုက်သူများအဖို့ must watch ပါလို့ ညွှန်းဆိုချင်ပါတယ်…. File Size :(1.7GB) and (713MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:56:00 Genre : Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri & Hnin Wai Oo Encoded by Phyo Pyae

Drama • Family
6.7 2023 116 mins
The Devil’s Deal
Couples Retreat
5.5

Vince Vaughn အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ပြီး Jason Bateman, Jon Favreau စတဲ့ စတားတွေ ခြံရံထားတဲ့ Couples’ retreat ဆိုတဲ့ အိမ်ထောင်ရေးအချစ်ဟာသဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. အချစ်ရေးဆိုတာကလည်း ဘာပြဿနာမှမရှိနေတာကလည်း ပြဿနာတစ်ခုလို့ ဆိုရမလိုဖြစ်နေပါပြီ။ အိမ်ထောင် တစ်ခု ဖြစ်တည်လာပြီဆိုရင် စုံတွဲတွေအဖို့ အခက်အခဲတွေ ပြဿနာတွေကြားထဲကပဲ အချစ်ကိုတည်ဆောက် ပဲ့ပြင်ကြရစမြဲပါပဲ။ Couples’ retreat ဆိုတာကတော့ စုံတွဲတွေအတွက် အေးစက်နေတဲ့အချစ်ရေးကိုပြန်စတင်ဖို့ အချိန်ကာလတစ်ခု ကိုဆိုလိုတာပါ စုံတွဲတွေအတွက် ခံစားချက်တွေ အေးစက်လာတဲ့အချိန်. ပုံမှန်နေ့စဉ်ဘဝကြီးထဲမှာ စိတ်လှုပ်ရှားစရာတွေကုန်ခမ်း လာတဲ့အချိန်မှာ ခြေတစ်လှမ်းဆုတ်ပြီး ဘဝကိုအနားခဏပေးကာ စိတ်ရောကိုယ်ပါအနားယူပြီး ခံစားချက် တွေကို တည့်မတ်ခွင့်ရတဲ့အတွက်လည်း Couples’ retreat လို့ တင်စားပြောနိုင်ပါတယ် ဒီစိတ်ကူးကို ပထမဆုံးအကြံရပြီး အကောင်အထည်ဖော်ဖို့ တကယ်ကြီးတင်ဆက်လာတာကတော့ ဂျေဆင်နဲ့ စင်သီရာ တို့ အတွဲပါပဲ. သူတို့ရဲ့ ကျွန်းပေါ်ကအပန်းဖြေစခန်းမှာ အနားယူကြမယ့် အိုင်ဒီယာကို ပရိုဂျက်တာနဲ့ ပြပြီး ပါဝါပွိုင့်စလိုက်ရှိုးတွေနဲ့ပါ တင်ဆက်လာခဲ့ပါတော့တယ် ပထမအစမှာတော့ ကျန်တဲ့စုံတွဲ ၃ တွဲက သဘောမတူခဲ့ကြပါဘူး. ဒါပေမယ့် ဂျေဆင်ရဲ့ အထူးကြိုးပမ်းမှုအရ ဒေ့ဗ် နဲ့ ရွန်နီတို့ အတွဲပါ ပါလာခဲ့ပြီးချိန်မှာတော့ ဂျေဆင်ခန့်မှန်းထားတဲ့အတိုင်း စုံတွဲ၄တွဲရဲ့ အပန်းဖြေခရီးစဉ်က ဖြစ်မြောက်လာခဲ့ပါတယ် စလိုက်ရှိုးမှာပြထားတဲ့အတိုင်း စနော်ကယ်နဲ့ရေငုပ်တာတွေ. ဂျက်စကီးစီးတာတွေ. ကနူးလှေလှော်တာတွေစတဲ့ ပျော်စရာလှုပ်ရှားမှုတွေကို မျှော်လင့်ထားပေမယ့် ကျွန်းကို ရောက်သွားချိန်မှာတော့ သူတို့ မမျှော်လင့်ထားတဲ့ Couples’ therapy Session ကို မဖြစ်မနေလုပ်ရမယ့် အခြေအနေကို ရောက်လာခဲ့ပါတော့တယ် မအားလပ်တဲ့နေ့စဉ်ဘဝကနေ ရုန်းထွက်လာခဲ့ပြီးမှ စုံတွဲဆွေးနွေးခန်းဝင်နေရတဲ့သူတို့. ကျွန်းပေါ်မှာ ပျော်စရာ အခိုက်အတန့်လေးတွေကို ဖန်တီးနိုင်မလား. ကိုယ့်ဘဝရဲ့လက်တွဲဖော်အစစ်ကို တွေ့ရှိသွားမလား. စုံတွဲတွေကြားထဲက အေးစက်ပျောက်ဆုံးနေတဲ့ခံစားချက်တွေကို ပြန်လည်ရှာတွေ့နိုင်မလား ဆိုတာကို ဟာသနှောပြီးတင်ဆက်ထားတဲ့ ဇာတ်ကားလေးကို CM ကနေ ပရိသတ်များကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက် ရပါတယ် File size… 3.89 GB / 1.37 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

Horror • Science Fiction • Thriller
5.5 2009 113 mins
Couples Retreat
The Duchess
6.9

Historical film တွေရဲ့ ပင်တိုင်စံ မင်းသမီးလို့တင်စားကြတဲ့ မင်းသမီးချော Keira Knightley ပါဝင်သရုပ်ဆောင်ထားတဲ့ The Duchess ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ဖြစ်တဲ့မြို့စားကတော် Georgiana အဖြစ် Keira Knightley ၊ မြို့စားမင်းအဖြစ် မင်းသားကြီး Ralph Fiennes၊ Lady Elizabeth Foster အဖြစ် အေးဂျင့်Carterလို့ လူသိများတဲ့ မင်းသမီး Hayley Atwell နဲ့ Charles Grey အဖြစ် Dominic Cooper တို့ကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေပဲပါဝင် ထားတာဖြစ်တဲ့အလျောက် Performance တွေဟာအပြစ်ပြောစရာမရှိလောက်တဲ့ အထိကောင်း‌လွန်းနေတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားဟာ 81 ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ Best Costume Design ဆုကို ထိုက်တန်စွာရရှိခဲ့ပါတယ်။ အော်စကာဆုရဆိုတဲ့အတိုင်းပဲ ပါဝင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ ၁၈ရာစုနှောင်းပိုင်းရဲ့ luxury အသွင်အပြင်ကိုအပြည့်အဝဖော်ဆောင်ပေးထားလို့ ဝတ်စုံဒီဇိုင်းတွေကိုကြည့်ရတာနဲ့တင် တန်တယ်ဆိုတဲ့အနေအထားပါပဲ။ ဒီဇာတ်လမ်းဟာ ၁၈ ရာစုနှောင်းပိုင်းတုန်းက အပြင်မှာ တကယ်ရှိခဲ့တဲ့ Devonshire ရဲ့ မြို့စားကတော် Georgiana Spencer ရဲ့ဖြစ်ရပ်မှန်ဘဝအကြောင်းကိုအခြေတည်ပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာအနေနဲ့ပြောပြရမယ်ဆိုရင် Georgiana ဟာ အားလုံးသိတဲ့ မင်းသမီး Diana Spencerနဲ့လည်း ဆွေမျိုးတော်စပ်ပါသတဲ့။ ဇာတ်လမ်းအကျဉ်း‌အနေနဲ့ကတော့ Georgiana Cavendish ဆိုတဲ့အမျိုးသမီးလေးဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ မြို့စားတစ်ဦးနဲ့လက်ထပ်ခဲ့ရပြီး မြို့စားရာထူးကိုဆက်ခံပေးမယ့် သားယောက်ျားလေးတစ်ဦးကို မွေးဖွားပေးရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူတို့အိမ်ထောင်ရေးကြားထဲကို လေဒီအဲလိဇဘတ်ဆိုတဲ့အမျိုးသမီးတစ်ဦးကလည်း ပါဝင်လာခဲ့ပါတယ်။ အခုလိုအိမ်ထောင်ရေးအရှုပ်အရှင်းတွေကြားထဲက ဂျော်ဂျီနာရဲ့ ဘဝဇာတ်ကြောင်းကို လိုက်ပါစီးမျောခံစားနိုင်မယ့် ဇာတ်ကားကောင်း‌တစ်ကားပဲဖြစ်ပါတယ်။ File size…1.52GB / 746MB Quality…Web-Rip 1080p / 720p Format…mp4 Duration….1h 50m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Fantasy • Horror • Comedy
6.9 2008 110 mins
The Duchess
No Pressure
5.1

အိုလီဗီယာဆိုတဲ့ ကောင်မလေးဟာ စိတ်မြန်လက်မြန် ဒေါသအိုးလေးဖြစ်ပြီး အရမ်းတော်တဲ့ စားဖိုမှုးတစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့အဖွားဆုံးသွားတဲ့သတင်းကိုကြားတဲ့အတွက် အဖွားကိုနှုတ်ဆက်ဖို့ ရွာကိုရောက်လာခဲ့ပါတယ်။ ရွာကိုရောက်မှ သူ့အဖွားဟာ စိုက်ခင်းခြံပိုင်ရှင်နဲ့ တရားရင်ဆိုင်နေရကာ ခြံကို ထုတ်ရောင်းရတော့မယ့် အခြေအနေကို ရောက်ရှိနေတယ်ဆိုတာ သိလိုက်တဲ့အခါ အိုလီဗီယာတစ်ယောက် အဖွားကို အမြဲကူညီပေးသူ ဝေါ်ဂျက်ရဲ့အကူအညီကိုယူပြီး အဖွားရဲ့ခြံကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ အဖွားဖြစ်သူကြောင့် မြို့ကနေ ရွာကိုပြန်လာပြီး မိသားစုပိုင်ခြံကို ကာကွယ်ရင်း လျှို့ဝှက်ချက်တွေရှိနေတဲ့ ဝေါ်ဂျက်နဲ့ ချစ်ကျွမ်းဝင်သွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် Romance Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

5.1 2024
No Pressure
Kotee
6.5

Kotee (2024) “ကိုတီ” CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး သည်းထိပ်ရင်ဖို/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ရိုးသားမှုဆိုတာ မနည်းရှာဖွေယူရမယ့် ဂျာနာသာမြို့လို သူခိုးသူဝှက်ပေါများတဲ့နေရာမှာ အလုပ်မျိုးစုံလုပ်ရင်း အမေ၊ ညီလေး၊ ညီမလေးတို့ကို ရိုးရိုးသားသားလုပ်ကျွေးသူ ‘ကိုတီ’ ညီမ မင်္ဂလာဆောင်နိုင်ဖို့၊ ညီဖြစ်သူအတွက် လုပ်ငန်းထောင်ပေးနိုင်ဖို့၊ အိမ်လေးကို ပြုပြင်ဖို့ တစ်ကုဋေကို မခိုးမဝှက်ဘဲ ရှာမယ်လို့ ကြွေးကြော်ထားတဲ့ ကိုတီနဲ့ သူ့အလုပ်ရှင်တို့ ပြဿနာတက်ကြရာ … သူ့ကို ဒေါသထွက်သွာစေတဲ့ စကားတစ်ခွန်းကတော့ “လူတိုင်းရဲ့အတွင်းစိတ်မှာ သူခိုးတစ်ယောက်ကိန်းအောင်းနေတယ်” ဆိုတဲ့ စကားပါပဲ ဒါကို တစ်စက်လေးမှ လက်မခံတဲ့ ကိုတီတစ်ယောက် ပိုက်ဆံချေးဖို့လိုလာတော့ ဂိုဏ်းခေါင်းဆောင်တစ်ဦးနဲ့ ပတ်သက်မိတဲ့အခါမှာ ပင်ကိုရိုးသားမှုကို သူဆက်ထိန်းနိုင်ဦးမလားဆိုတာ ပရိသတ်ကြီး အားပေးကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn Lunn ~ ToMo ~ Alex ~ Yunni တို့ ဖြစ်ပါတယ်

Comedy
6.5 2024 170 mins
Kotee
Jatta Dolie Naa
6.1

Jatta Dolie Naa (2024)”ဓားသွားထက်က ပုံရိပ်” ===================================== ဆစ်ခ်လူမျိုးတွေရဲ့ ရိုးရာသိုင်းပညာကိုအခြေခံဇာတ်လမ်းဆင်ထားတဲ့ ပန်ချာပီစကားပြောရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆစ်ခ်တိုင်းပြည်ရဲ့ ခြောက်ယောက်မြောက်မင်းဆရာကြီးဖြစ်တဲ့ မီရီပီက ဂတ်ကာဆိုတဲ့ လက်နက်တစ်မျိုးကို ပြည်သူတွေအတွက်ဖန်တီးပေးခဲ့ပါတယ်။ နှစ်ကာလ ကြာလာတဲ့အခါ အဲဒီလက်နက်နဲ့ တိုက်ခိုက်ရတဲ့သိုင်းပညာဟာ ဆစ်ခ်ရိုးရာသိုင်းပညာဖြစ်လာခဲ့ပါတယ်။ မျက်လုံးထဲမြင်အောင်ပြောရမယ်ဆိုရင် ဂျက်ကီချန်းရဲ့ The Myth ရုပ်ရှင်ထဲမှာ အိန္ဒိယရောက်တဲ့အချိန် ဥယျာဉ်ထဲမှာ ဂျက်ကီနဲ့ ဓားချင်းယှဉ်ခုတ်ခဲ့တဲ့ သိုင်းသမားရဲ့ ဒိုင်းကာနဲ့ဓား တွဲသုံးတဲ့သိုင်းပညာပေါ့။ အိန္ဒိယမှာ အဲဒီ ဆစ်ခ်ရိုးရာသိုင်းပညာကို နိုင်ငံအဆင့်ပြိုင်ပွဲထိကျင်းပတတ်ပြီး ဒီရုပ်ရှင်ထဲမှာလည်း အဲဒီ ဆစ်ခ်ရိုးရာ ဓားသိုင်းသမားဟောင်းနှစ်ယောက်ရဲ့ ပြိုင်ဆိုင်ပုံတွေ၊ လေလွင့်နေတဲ့လူငယ်လေးတစ်ယောက် အချစ်အတွက်နဲ့ တစ်ခါမှမကိုင်ဖူးတဲ့ဓားကိုကိုင်ပြီး ဓားသိုင်းဝင်ပြိုင်ဖို့ကြိုးပမ်းပုံတွေကို ဇာတ်လမ်းဆန်းဆန်းနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Horror • Drama
6.1 2024 136 mins
Jatta Dolie Naa
[18+] Las Ilusyunadas

Las Ilusyunadas (2025) ၁၉၈၀ ဝန်းကျင်ကာလ မငြိမ်းချမ်းသေးတဲ့ ဖိလစ်ပိုင်နိုင်ငံမှာအခြေတည်ထားပါတယ်။ အမ်မာနဲ့ဆန်ဒရာတို့ဟာ အကြောင်းကိုယ်စီနဲ့မုဆိုးမတွေဖြစ်လာခဲ့ကြပါတယ်။ သင်္ချိုင်းမြေတစ်ခုတည်းမှာ မြုပ်နှံထားတဲ့ သူတို့ခင်ပွန်းတွေရဲ့မြေပုံတွေဆီကို လာလည်ရင်း အချင်းချင်းရင်းနှီးမှုရလာခဲ့ပြီး၊ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း သံယောဇဉ်တွေရင့်သန်လာရင်းနဲ့ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာ မိတ်ဆွေစည်းကိုကျော်စပြုလာပါတယ်။ မပွင့်လင်းသေးတဲ့ခေတ်ကာလဖြစ်တဲ့အတွက် သူတို့အနေအထားကို တစ်ယောက်ယောက်က မဖြစ်သင့်ဘူးဆိုပြီး နောက်ဆုတ်မလား? ဒါမှမဟုတ် ရူးရူးမိုက်မိုက်ရှေ့ဆက်တိုးကြမလား ဆက်လက်ရှူစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (570 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:30:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Action • Adventure • Science Fiction • Family
0 2025 90 mins
[18+] Las Ilusyunadas
After Life
7.6

After Life (1998) ~ IMDb – 7.6/10, RT – 89%, Meta – 91% ~ Hirokazu Kore-eda ရဲ့ ပထမဆုံး Maborosi အပြီးရိုက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ သူ့နာမည်အတိုင်း သေပြီး တမလွန်မှာ စောင့်ဆိုင်းရင်း ရွေးချယ်မှုလုပ်ရတဲ့အကြောင်းပါ။ ဒီလို Theme နဲ့ အင်္ဂလိပ်ကားတချို့လည်းထွက်ပြီးခဲ့သလို မကြာသေးခင်က ထွက်ခဲ့တဲ့ကိုရီးယားဇာတ်လမ်းတွဲ Light Shop မှာတောင် ဒီရုပ်ရှင်ရဲ့ တချို့အငွေ့အသက်တွေမြင်ရပါတယ်။ နာမည်သိပ်မရခဲ့ဘူးထင်ရပေမဲ့လည်း နောက်ထပ်ကိုးကားဖြစ်တည်လာဖို့အတွက် တော်တော်ပေါက်မြောက်ခဲ့တဲ့ ဇာတ်လမ်းပါပဲ။ တမလွန်ကို တင်ဆက်ပုံကလည်း ထူးခြားတယ်။ ဘယ်လိုထူးခြားလဲတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ပါ။ Kore-eda ဟာ ဒီဘက်ခေတ်ရဲ့ Yasujirō Ozu အမွေကိုဆက်ခံတဲ့ ဒါရိုက်တာလို့ တထစ်ချယုံကြည်ထားတာနဲ့အတူပဲ Kore-eda ရဲ့တင်ဆက်ပုံအကြောင်းကို အိုဇုကိုဖယ်ပြီး ပြောဖို့ ကျွန်တော့်အတွက်တော့မဖြစ်နိုင်ပါဘူး။ ပထမဆုံး Maborosi မှာ Hirokazu Kore-eda ဟာ အိုဇုအငွေ့အသက်ကို တော်တော်ဖမ်းယူခဲ့သလို ဒီရုပ်ရှင်မှာလည်း အိုဇုရဲ့ သူတို့ဂျပန်ရိုးရာတွေကို တမြတ်တနိုးတင်ဆက်မှုကို ဖမ်းယူထားသေးတာပါပဲ။ အိုဇုကိုပိုနားလည်လာလေ သူတို့ရဲ့ဆင်တူမှုကို ပိုဖမ်းမိလာလေဖြစ်လာမယ့် အချက်တွေတော့များပါတယ်။ အိုဇုဟာ ဘယ်လိုအကြောင်းအရာတွေပဲ တင်ဆက်တင်ဆက် သူ့ရုပ်ရှင်တွေမှာ ကျွန်တော်တို့ဂျပန်ဆိုတဲ့အငွေ့အသက်အပြည့်ရသလို သူ့ရုပ်ရှင်တစ်ကားလုံးမှာလည်း ဂျပန်ယဉ်ကျေးမှုနဲ့ရိုးရာက ထုံမွှမ်းနေပါတယ်။ သူ့တင်ဆက်ပုံကိုကလည်း ဂျပန်လူနေမှုတစ်ခေတ်ရဲ့မရှိမဖြစ် ဖြစ်ခဲ့တဲ့ အခုထိတန်ဖိုးထားကြဆဲ Tatami Mat တတမိဖျာကို ဂုဏ်ပြုထားတဲ့တင်ဆက်ပုံမျိုးဖြစ်ခဲ့တယ်။ ပြောရရင် အိုဇုရုပ်ရှင်တွေဟာ သူ့ခေတ်သူ့အခါမှာ ဂျပန်အဆန်ဆုံးလို့ ခံစားရတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့တယ်။ Kore-eda ကလည်း ဒီဘက်ခေတ်ရဲ့ အဲဒီလိုလူပါပဲ။ Kore-eda ရဲ့ After Life ကလည်း တမလွန်ကို ပြတဲ့ရုပ်ရှင်ပေမဲ့ အိုဇုနဲ့ထပ်တူ ဒီယဉ်ကျေးမှုအငွေ့အသက်တွေကို ဖမ်းနိုင်သလောက်ဖမ်းထားတဲ့ ရုပ်ရှင်ပါပဲ။ After Life ဟာ ဂျပန်ကားစစ်စစ်တစ်ကား Kore-eda ကား စစ်စစ်တစ်ကားဆိုတာတော့‌ သေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 930MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 59Min Genre – Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
7.6 1998 118 mins
After Life
Thrayam
5.2

Thrayam (2024) “လှုပ်လှုပ်ရှားရှား ညလေးတစ်ည” မလေယာလမ် သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် ညအချိန်မှာ တချို့က အပျော်ရှာကြသလို တချို့က စီးပွားရှာဖို့ရုန်းကန်ရပြီး မဟုတ်တာလုပ်ကြသူတွေလည်း ရှိနေပါတယ် ဒီဇာတ်လမ်းလေးမှာ တစ်ညတာအချိန်က ဇာတ်ကောင်ပေါင်းများစွာရဲ့ အဖြစ်အပျက်တွေ၊ လှုပ်ရှားမှုတွေကို အချိတ်အဆက်တွေနဲ့ ပုံဖော်ထားတာပါ မိန်းမတစ်ယောက်ကိုချစ်မိလို့ သောကများနေတဲ့ လူတစ်ယောက်၊ ကောင်မလေးတစ်ယောက်ကို အပြာဗီဒီယိုနဲ့ ငွေညှစ်ချင်တဲ့ ကလေကဝတစ်သိုက်နဲ့ ဉာဏ်များတဲ့ မဒီလေးတစ်ယောက် တစ်ညဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်တွေကြားမှာ ဘယ်လိုဆက်နွယ်နေမှာလဲ၊ မထင်မှတ်ထားတာတွေပါ ဆက်ဖြစ်လာတဲ့အခါမှာတော့ ….. အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ ToMo မှ ဖြစ်ပါတယ်

Action • History • Drama
5.2 2024 120 mins
Thrayam
Along with the Gods: The Two Worlds
7.2

Along with the Gods: The Two Worlds (2017) ********************************************** IMDb….. 7.2 ကိုရီးယားနိုင်ငံက ဒိတ်ဒိတ်ကြဲ သရုပ်‌ဆောင်တွေ ဖြစ်ကြတဲ့ Ha Jung Woo, Ju Ji Hoon, Cha Tae Hyun, Lee Jung Jae, Ma Dong Seok, Kim Hyang Gi တို့အပြင် သရုပ်ဆောင်များစွာ ပါဝင်တဲ့ ဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ -ဇာတ်လမ်းအညွှန်း- လူသားတွေဟာ သေလွန်ပြီးနောက် တမလွန်ဘဝ ရောက်တဲ့အခါ ၄၉ရက်တာ ကာလအတွင်း တရားခွင် ၇ခု စီရင်ခံရတယ်လို့ ဆိုပါတယ်။ မီးသတ်သမားလေး ဂင်ဂျာဟုန်း (Cha Tae Hyun) ဟာ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရင်းနဲ့ပဲ သူရဲကောင်း ဆန်ဆန် ဘဝကူးပြောင်းသွားခဲ့ပါတယ်။ သေမင်းတမန် ၃ယောက်ရဲ့ အကူအညီနဲ့ အတူ တမလွန်ဘဝကို ရောက်ရှိလာခဲ့တဲ့ ဂင်ဂျာဟုန်းဟာ တရားခွင် ၇ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်တော့ လူဝင်စား ဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။ သက်ရှိ လောကမှာ ကျန်ရစ်ခဲ့တဲ့ မိခင်ဖြစ်သူကို ပြန်လည် တွေ့ရှိနိုင်ဖို့အတွက် ဂင်ဂျာဟုန်းဟာ သူ့ကို ကူညီပေးမဲ့ သေမင်းတမန် ၃ယောက်နဲ့ အတူ တရားခွင် အားလုံးကို ဖြတ်ကျော်နိုင်ပါ့မလား… ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုနိုင်ဖို့ အတွက် ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 2.39GB/ 1.14GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:19:00 Genre : Action, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Theint, Treasure Htet, Hsu Pyae & Kyoun Encoded by Tiff

Crime • Drama
7.2 2017 139 mins
Along with the Gods: The Two Worlds
Yunmeng Romance
5.6

နှုတ်မဆက်ပဲရုတ်တရက်ပျောက်သွားတဲ့အဖေကိုရှာဖွေရင်း တောနက်ထဲမှာထူးဆန်းတဲ့အန္တရာယ်တွေကိုရင်ဆိုင်ရတဲ့ စွန့်စားခန်းဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ကျားကျားဆိုတဲ့ကောင်မလေးဟာ ပျောက်သွားတဲ့အဖေကိုရှာဖွေဖို့ အလွတ်စုံထောက်နှစ်ယောက်ကိုငှားခဲ့ပြီးတော့ သမိုင်းပညာရှင်ပါမောက္ခတစ်ယောက်ဖြစ်တဲ့အဖေဖြစ်သူကိုရှာဖို့ စုန်းတောင်(ဝူးတောင်) ရှိရာကိုခရီးထွက်လာခဲ့ကြပါတယ်။ နယ်ခံရွာသားတွေအတွက်ဒီတောင်ဟာတားမြစ်နယ်မြေဖြစ်ပြီးတော့ ရှေးကတည်းကဝင်သွားတဲ့သူတိုင်းပြန်မထွက်လာနိုင်ဘူး ဆိုတဲ့စကားတွေကြောင့် ဘယ်သူမှမသွားရဲဘူးဖြစ်နေပါတယ်။ ဒါပေမယ့် အဖေကိုရှာချင်ဇောနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို မယုံကြည်တဲ့လူငယ်လေးတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် တောင်ပေါ်ကိုဝင်သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးတော့ အန္တရာယ်တွေအပြည့်နဲ့ သူတို့ရဲ့စွန့်စားခန်းဟာစတင်သွားပါတယ်။

Action • Comedy • Romance
5.6 2025
Yunmeng Romance