YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Flash.2014.S08E18.1080p.(CM).mp4

906.55 MB N/A video/mp4 256 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Billiards King
4

ရုပ်ရှင်အမျိုးအစားအတိုင်း ဟာသ‌နှောပြီး ဘိလိယက်အားကစားလောကရဲ့ အခြေခံသဘောတရားတွေကို တစ်ဝကြီးကြည့်ရှုရမဲ့ - Billiard's King_ဘိလိယက်ဘုရင်မဏ္ဍိုင်(东北球王) ရွာတစ်ရွာက အခြေခံလူတန်းစားတစ်ယောက်ဖြစ်ပြီး ဝါသနာတစ်ခုနဲ့ ဘိလိယက်ကိုခုံမင်တဲ့ -ကျိုးသာ့ဖား သူ့ရဲ့အိမ်မက်ကတော့ မြို့ကိုတက်ပြီး "တရုတ်ဘိလိယက် ကမ္ဘာ့အဆင့်မြင့်စိန်ခေါ်ပွဲစဉ်"မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး ချန်ပီယံဖြစ်‌ဖို့ပဲ ဖြစ်ပါတယ် ဒါပေမဲ့မိခင်ဖြစ်သူဟာ ကျိုးသာ့ဖားကို အတင်းလက်ထပ်ပေးဖို့ စီစဉ်ပါတော့တယ်၊ ဒီလိုနဲ့ ကျိုးသာ့ဖားဟာ ရွာကနေထွက်သွားပြီး အိမ်မက်တွေဆီကိုအရောက်လှမ်းဖို့လုပ်တဲ့အခါ。。。 ∆ရွာမှာရိုးရှင်းစွာဘဝကိုဖြတ်သန်းနေတဲ့သူတစ်ယောက် ရပ်ခြားမြေခြားမှာ ဘယ်လို စိန်ခေါ်မှာတွေကိုရင်ဆိုင်ရမလဲ ဝါသနာနဲ့အလုပ်မှာရော ဘယ်လိုကွဲပြားမှုတွေရှိတာကို သူသိလိုက်ရမလဲ ? ပြိုင်ပွဲအတွက်ကြိုးစားရင်း သိကျွမ်းရတဲ့မိန်းမလှလေးဟောင်ယွင်နဲ့သူ့ကြားက အဆုံးသတ်ဟာရော ဘယ်လိုဇာတ်လမ်းမျိုးနဲ့ ဇာတ်သိမ်းလိမ့်မလဲ...? ∆ချန်ပီယံဆုကိုရော အနိုင်ယူနိုင်ပါ့မလား? ဒီလိုဟာသနှောပြီးပေါ့ပေါ့ပါးပါးရုပ်ရှင်လေးဖြစ်တာမို့ ပိတ်ရက်မှာအနားယူရင်း ကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK

Action • Crime • Drama • Thriller
4 2023 84 mins
Billiards King
Stranger Than Fiction
7.3

လူတိုင်း ဘဝမှာ ကြိုးစားနေကြတာ ရုန်းကန်လှုပ်ရှားနေကြတာက နောက်တော့ ပိုကောင်းတဲ့ ဘဝမှာနေနိုင်မှာပါ ဒီနေ့ သိပ်အဆင်မပြေပေမဲ့ မနက်ဖြန်တော့ ပိုကောင်းလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဘဝက အဆုံးသတ်ကို ကြိုရေးထားပြီးသား ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်ဆို ဘယ်လို အသက်ဆက်ရှင်ကြမလဲ ဟာရိုးခရစ်ခ်က IRS က စာရင်းစစ်တစ်ဦးပါ။ သူ့ဘဝက တစ်‌နေ့တစ်နေ့ ဘာထူးခြားမှုမှမရှိဘဲ ပုံသေကားချပ်ကြီးအတိုင်းပါပဲ။ တစ်နေ့မှာတော့ သူ့လုပ်တဲ့အပြုအမူတိုင်းကို ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ အသံတစ်ခုကို သတိထားလိုက်မိပါတယ်။ တုန်လှုပ်စရာကောင်းတာက သူ မကြာခင် သေရတော့မယ်လို့ ဇာတ်ကြောင်းပြန်နေတဲ့အသံက ပြောလိုက်ပါတယ်။ ဇာတ်လမ်းတစ်ခုထဲကို ရောက်နေပြီဆိုတာ သူသိလိုက်ပါတယ်။ သူရောက်နေတဲ့ ဇာတ်လမ်းက ဟာသဇာတ်မြူလား အလွမ်းဇာတ်လား။ ဘာပဲဖြစ်ဖြစ် စာရေးဆရာကို ရှာပြီး မကြာခင်သေရတော့မယ်ဆိုတဲ့ ဇာတ်သိမ်းကို ပြောင်းဖို့ ကြိုးစားမှဖြစ်မယ်။ ဒါပေမဲ့ သူ့အကြောင်း ဝတ္ထုရေးနေတဲ့ စာရေးဆရာက အဓိကဇာတ်ကောင်တိုင်းက သေပြီး အဆုံးသတ်တတ်တဲ့ ကာရန်အိုက်ဖယ်လ်ပါ။ သူ့ဘဝက အလွမ်းဇာတ်ဖြစ်မှာ သေချာသလောက်ပါပဲ။ ဒီတော့ သေရမယ်ဆိုတာ အသေအချာသိနေတဲ့ ဟာရိုးတစ်ယောက် သူ့ဘဝကို အတတ်နိုင်ဆုံး သူ ရှင်သန်ချင်တဲ့အတိုင်း ရှင်သန်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဟာရိုး သေရတော့မှာလား စာရေးဆရာ စိတ်ပြောင်းပြီး ဟာရိုးကို အသက်ရှင်ခွင့်ပေးမလား နောက်ဆုံး ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါဦးနော် File size…(1.9 GB)/(1 GB)/(540 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Drama, Comedy, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phy Myat Thwe

Fantasy • Horror • Thriller
7.3 2006 113 mins
Stranger Than Fiction
Arjun Patiala
3.5

ဒိဇာတ်ကားလေးကတော့ IMDb rating 4.3ရရှိထားတဲ့ Comedy/Actionအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး အာရ်ဂျွန်ပါတိယာလာအဖြစ် ဒိလ်ဂျီးတ် ဒိုဆာန့်ခ်ျနဲ့ ရီတူးရန်ဒါဝါအဖြစ် ကရီသီးဆနွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။အချစ် ဟာသနဲ့ အက်ရှင်တွေ စုံစုံလင်လင်ပါဝင်ပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အာရ်ဂျွန်ပါတယာလာလို့ခေါ်တဲ့ရဲအရာရှိနဲ့ သူ့ရဲ့လက်ထောက်အိုနီဒါတို့ဟာဆိုရင် သူတို့ရဲ့မြို့ထဲမှာရမ်းကားနေတဲ့ လူမိုက်တွေကို ရှင်းထုတ်ပစ်ဖို့ အကြံထုတ်ကြပါတယ်။ အဲဒီအချိန် အာရ်ဂျွန်တစ်ယောက်ဟာ ရီတူဆိုတဲ့အလုပ်မှာစိတ်အားထက်သန်တဲ့ သတင်းထောက်မ‌ချောချောလေးနဲ့ ‌ ဆုံတွေ့ကာ သူမကို မြင်မြင်ချင်းသဘောကျ နှစ်ခြိုက်မိသွားပါတယ်။ အာရ်ဂျွန်တစ်ယောက်မြို့ထဲက လူမိုက်တွေကိုရှင်းထုတ်ပစ်ပြီး သူ့ရဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်မှာလား... ရီတူကရော အာရ်ဂျွန်ကိုလက်ခံပါ့မလား.... အာရ်ဂျွန်ရဲ့အကြံအစည်ကို‌ရော လူမိုက်တွေက ရိပ်မိသွားမလား.... ဘယ်လို အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူ ပေးကြပါလို့ .... ဘာသာပြန်တွေကတော့ Intelligenceနဲ့ Soe Kalayarတို့ဖြစ်ပြီး ဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ File size…1.97GB / 968MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Intelligence & Soe Kalayar

Action • Adventure • History
3.5 2019 107 mins
Arjun Patiala
Over the Sky
6.8

ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2020ကထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Yoshinobu Senaရဲ့ လက်ရာလေးပါပဲ။ (၃)ပွင့်ဆိုင်အချစ်ဇာတ်လမ်းဆိုတာမျိုး တော်တော်များများကြုံဖူး ကြားဖူးကြမှာပါ။ ဒီanime လေးမှာတော့ မီအို အာရာတာနဲ့ မာဒိုကာတို့ သူငယ်ချင်း(၃)ဦးမှာ အာရာတာကို ၂ယောက်လုံးက ကြိတ်ကြွေနေကြပါ တယ်။ မင်းသမီး မီအိုကတော့ go with the flow type မို့ အရာရာကို လွယ်လွယ်နဲ့ အရှုံးပေးတတ်တယ်။ မီအိုနဲ့ အာရာတာကတော့ ငယ်သူငယ်ချင်းတွေမို့ ပိုရင်းနှီးကြတယ်။ ဒါကို မခံစားနိုင်တဲ့ မာဒိုကာက တစ်နေ့မှာ မီအိုကို သူအာရာတာကို စိတ်ဝင်စား နေကြောင်း ဖွင့်ဟလာတဲ့အခါ မီအိုက အားပေးအားမြှောက်လုပ်လိုက်ပါ သေးတယ်။ တစ်နေ့ မီအိုနဲ့ အာရာတာတို့ လျှောက်လည်ရင်း စကားများ ကြတယ် စကားလွန်မိတယ်။ ဒါကိုပြန်တောင်းပန်ဖို့ မီအိုခမျာ အပြေးသွားတဲ့ လမ်းမှာတင် accident တစ်ခုကို ကြုံလိုက်ရပြီး ဝိဉာဉ်လွင့်သွားပါတော့တယ်။ သူ့ခံစားချက်အစစ်အမှန်တွေကို မပြောလိုက်ရတာမို့ မီအိုကတော့ ဘဝမကူးဘဲ ကြားကမ္ဘာမှာတင် လူ့လောကကို ပြန်သွားနိုင်ဖို့ အစွမ်းကုန် ကြိုးစားရပါတော့တယ်။ အဆုံးမှာ သူလူ့လောကကို ပြန်သွားနိုင်ပါ့မလား အာရာတာဘက်ကရော ဘယ်လို သဘောထားလဲ ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို ငြိမ့်ငြိမ့်လေး ကြည့်ရှု ရမယ့် anime ကားကောင်းလေးတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size..........(1.0 GB) / (518 MB) / (337 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 35mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Drama, Fantasy Translator.......Mugiwara Ya Encoder..........SWM

Drama
6.8 2020 95 mins
Over the Sky
Tankhouse
5.6

Tankhouse (2022) ============== IMDb Rating – 5.6/10 ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး IMDb 5.7 ရရှိထားတဲ့ ဇာတ်ပို့ဇာတ်ရံပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်း‌လေးကတော့ တက်ခ်ကာ နဲ့ ဆန်ဒရင်း တို့က ပြဇာတ်တွေ လှည့်လည် ကပြကြရင်း အပြန်အလှန်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ပေါ့။ တစ်နေ့ သူတို့နှစ်ယောက်ရဲ့ နစ်မြုပ်နေတဲ့ ပြဇာတ်ရုံ ထိုးနှက်မှု ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ပြဇာတ်တစ်ပုဒ် ကပြဖျော်ဖြေနေစဉ်မှာပဲ မတော်တဆမှုတစ်ခုဖြစ်ပွား သွားခဲ့ပြီး ထုတ်လုပ်ရေးကနေ နှစ်ယောက်လုံး အလုပ်ဖြုတ်ခံလိုက်ရတယ်။ အဲဒီဖြစ်ရပ်ကြောင့်ပဲ မိဘတွေဆီက အထောက်အပံ့တွေလည်း ဖြတ်ခံရ၊ နယူးယောက် ပြဇာတ်ထုတ်လုပ်ရေးတွေကနေပါ လက်သင့်မခံကြ ဖြစ်လာတော့တယ်။ ဒီလိုနဲ့ပဲ ဆန်ဒရင်းရဲ့ မွေးရပ် ဖာဂိုမြို့လေးကို ပြောင်းရွှေ့လာကြပြီး မြို့ရဲ့ ပြဇာတ်ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးပမ်းကြတော့တာပေါ့။ စစ်မှန်တဲ့အနုပညာကို ဦးစားပေးလွန်းပြီး အရမ်း သဝန်တိုတတ်တဲ့ တက်ခ်ကာ နဲ့ ချောမော လှပပြီး သရုပ်ဆောင်တော်လွန်းတဲ့ ဆန်ဒရင်း တို့ကြား ဘယ်လို ပြဿနာတွေ ရှိလာနိုင်မလဲ။ တက်ခ်ကာ လိုချင်တဲ့ အနုပညာမြောက်လွန်းတဲ့ ပြဇာတ်အဖွဲ့ကြီး ဖွဲ့စည်းနိုင်ပါ့မလား။ တကယ်ပဲ စစ်မှန်တဲ့ အနုပညာတွေ ရှာတွေ့နိုင်ပါ့မလား ဆိုတာကတော့ ဇာတ်ကားထဲမှာ မကြာမီ လာမည် မျှော်…ပေါ့ဗျာ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Noam Tomaschoff က ရိုက်ကူးထားပြီး တက်ခ်ကာ အဖြစ် မင်းသား Stephen Friedrich နဲ့ ဆန်ဒရင်း အဖြစ် မင်းသမီး Tara Holt တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.5 GB) / (830 MB) / (530 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 34mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….May Thet Khine Soe Encoder……….SWM

Action • Adventure • Science Fiction
5.6 2022
Tankhouse
Paranormal Activity 3
5.8

IMDb rating – 5.8/10 သရဲကားကြိုက်တဲ့ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ Paranormal Activity ရဲ့ တတိယမြောက်တင်ဆက်မှုဖြစ်ပါတယ်။ ဒီဇာတ်ကားတွေရဲ့ထုံးစံအတိုင်း အိမ်ထဲမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားရာကနေ ထင်မှတ်မထားတဲ့ ခြောက်လှန့်မှုပုံရိပ်တွေ၊ ခြောက်ခြားဖွယ်အသံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Paranormal Activity 3 မှာတော့ ရိုက်ကူးရေးလုပ်ရတာကို ဝါသနာပါတဲ့ ဒန်းနစ် က သူတို့အိမ်ထဲမှာ ကင်မရာထောင်ပြီး မှတ်တမ်းသဘောမျိုးနဲ့ရိုက်ကူးခဲ့ပါတော့တယ်။ အဲဒီမှတ်တမ်းအခွေထဲမှာ ထူးဆန်းတဲ့အရာတွေကို မြင်တွေ့ခဲ့ရတာကြောင့် သူ့ရဲ့ဇနီးသည်ကိုပြောပြပေမဲ့ အယုံအကြည်မရှိခဲ့ဘူး။ သမီးအငယ်လေးဖြစ်တဲ့ ခရစ်တီကလည်း တိုဘီဆိုတဲ့အရုပ်လေးကိုစွဲလမ်းနေတယ်။ အဲဒီအရုပ်လေးက တကယ်ရှိတယ်ဆိုပြီး အမြဲတမ်းပြောလေ့ရှိတယ်။ ညသန်းခေါင်အချိန်တွေမှာလည်း အိပ်ရာထဲကနေ ထသွားလေ့ရှိတယ်။ တစ်နေ့မှာ ကလေးတွေရဲ့အဘွားဖြစ်သူရောက်လာပြီးနောက် အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတော့တယ်။ မြန်ဆန်လှတဲ့အဖြစ်အပျက်တွေကြားမှာ ဒန်းနစ် ဘယ်လိုတွေရင်ဆိုင်သွားရမလဲ။ သူ့ရဲ့မှတ်တမ်းအခွေထဲမှာ တွေ့မြင်ခဲ့ရတဲ့အရာတွေက တကယ်လက်တွေ့ဖြစ်လာတဲ့အခါမှာတော့ သူတို့မိသားစုရဲ့အဆုံးသတ်ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာ ဒီဇာတ်လမ်းရဲ့အဆုံးသတ်မှာ တွေ့မြင်ရပါလိမ့်မယ်။ Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

5.8 2011
Paranormal Activity 3
Fight Through The Yin-Yang House
5.7

ဒီတခေါက်မှာတော့ CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်မှာ သင်္ချိုင်းဖုန်းရွှေကြည့်တဲ့ အယူတွေကို အလေးထားကြပါတယ်။ “ချမ်းသာဖို့နေအိမ်ကြည့်၊ ရာထူးတိုးဖို့ သင်္ချိုင်းကြည့်” ဆိုပြီး ပြောနေကြပါတယ်။ ဆရာယင်းယန်ရဲ့ တာဝန်ကတော့ နဂါးဂူတည်ရာကိုရှာပြီး နေအိမ်နဲ့ သင်္ချိုင်းအတွက် နေရာကောင်းတွေကို ရှာဖွေပေးဖို့ဖြစ်ပြီးတော့ လူအများရဲ့ လက်ခံခြင်းကို ခံရပါတယ်။ မြေနတ်အမည်ရတဲ့ ကောယင်းယန်ဟာ လင်ရှန်းမြို့မှာ ကျေးဇူးရှင်ကျန့်ဝုန်းကို လာရောက်ရှာဖွေချိန်မှာပဲ လင်ရှန်းမြို့မှာ ဆန်းကြယ်တဲ့ ကြွက်အိမ်ထောင်ပြုပွဲတစ်ခု ရှိတာတွေ ဖုန်းရွှေနေရာကောင်းမှာရှိတဲ့ မိသားစုတစ်စု သေဆုံးရခြင်းအကြောင်းတွေကို ကြားသိခဲ့ရပါတယ်။ ဖုန်းရွှေခိုးပြီး ချမ်းသာလာတဲ့ ညီအစ်ကို ၂ ယောက်ဟာ ၃ နှစ်တိတိ မိခင်အတွက် ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။ ဒါတွေက အစစ်တွေလား အတုအယောင်တွေလား…… သဲလွန်စအားလုံးဟာ ပုံပြင် ၃ ခုနဲ့ ဆက်နွယ်နေပါတယ်။ အကျိုးနဲ့အကြောင်းဟာ သံသရာလည်နေပြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတယ်။ သရဲတစ္ဆေထက် ကြောက်ဖို့ကောင်းတဲ့ လူ့စိတ်ဆိုတဲ့အရာကို ဘယ်လို ဖော်ထုတ်ကြမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်ပြီး ကြည့်ရှုခံစားလိုက်ပါဦးနော်။

5.7 2023
Fight Through The Yin-Yang House
Chronicle of a Blood Merchant
6.4

Chronicle of a Blood Merchant (2015) ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့ မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး တစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ် နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့ အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ် ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ ဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးက မင်းသား Ha Jung Woo ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့ Ha Ji Won တို့ပါဝင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.7GB | 876MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

Drama
6.4 2015
Chronicle of a Blood Merchant
Fierce Hunt
6

စိတ်လှုပ်ရှားစရာ မှုခင်းရုပ်ရှင်တွေကို ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် Fierce Hunt ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရဲတပ်ဖွဲ့တွေကို တမင်အနိုင်ယူချင်နေတဲ့ ဒုစရိုက်အဖွဲ့တစ်ဖွဲ့က ထျန်းဟိုင်မြို့က စိန်ရွှေရတနာဆိုင်တွေကိုပဲ ဆက်တိုက် ဓားပြတိုက်နေတာ ဖြစ်ပါတယ်။ ဓားပြတိုက်တိုင်းမှာလည်း မျက်နှာဖုံးတပ်ထားကြတဲ့အတွက် သဲလွန်စ ရှာမရဖြစ်နေပါတယ်။ ပြီးတော့ ဓားပြတွေက ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုအဆင့်ဆင့်ကအစ တွေးခေါ်မှုတွေအထိ ကြိုတင် ခန့်မှန်းနိုင်ခဲ့ပြီး အမြဲတမ်း လွှတ်မြောက်နေခဲ့ပါတယ်။ မှုခင်းရဲတပ်ဖွဲ့က ဆရာတပည့်နှစ်ယောက်ဖြစ်တဲ့ ဝမ်ကျန်းနဲ့ ချန်မော့တို့ကို ဒီအမှုကို စုံစမ်းဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ တိုက်ဆိုင်စွာနဲ့ သူတို့နှစ်ယောက် ရွှေဆိုင်တစ်ဆိုင်မှာ ဆရာကတော်အတွက် လက်ဆောင်ရွေးနေတုန်း ဓားပြအဖွဲ့နဲ့ တည့်တိုးတွေ့ခဲ့ပါတယ်။ အရပ်ဝတ်နဲ့ လက်နက်မပါတဲ့ သူတို့ကလည်း ဓားပြတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရုံကလွှဲပြီး ဘာမှ မတတ်နိုင် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဓားပြခေါင်းဆောင်က ဆိုင်ထဲက လူတွေထဲမှာ ရဲ ၂ ယောက်ရှိနေမှန်း သိလိုက်တဲ့အခါ…… ရဲ ၂ ယောက်ကို ရှာဖို့အတွက် ပြည်သူတွေကို အသက်အန္တရာယ်ပေးလာတဲ့အခါ…… ရဲတွေက ပြည်သူတွေကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားကြမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama • History
6 2024
Fierce Hunt
Shorts
4.7

Spy Kids ဇာတ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ ၂၀၀၈ ခုနှစ်က စွန့်စားခန်း ကလေးကား တစ်ကားဖြစ်ပါတယ်။ Black Box ဆိုပြီး အမည်းရောင်အတုံးလေးနဲ့ ဘာမဆို လုပ်နိုင်စွမ်းရှိတဲ့ အရာကို တီထွင်ထားတဲ့ Black Inc ကုမ္ပဏီဟာ သူတို့ ရုံးစိုက်ရာ အနားတဝိုက်မှာပဲ သူတို့ဝန်ထမ်းတွေကို အိမ်ရာလေးတွေနဲ့ အတူ ထားထားတဲ့ Black Fall အသိုင်းအဝိုင်းဆိုတာလေး ရှိပါတယ်။ အဲဒီ Black Fall ရပ်ကွက်လေးထဲကို သက်တန့်ရောင်ပုံစံရှိတဲ့ ကျောက်တုံးလေးတစ်ခု ရောက်လာတဲ့အချိန် အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ လင်မယားနှစ်ယောက် တစ်ကုမ္ပဏီတည်းဆိုပေမဲ့ အသင်းကွဲလို့ ရန်မတည့် သတ်ရတာတွေ၊ ပိုးမွှားကြောက်လို့ တစ်အိမ်လုံး ပလပ်စတစ်အုပ်ပြီး နေတဲ့ သားအဖတွေ၊ ကျောင်းမှာ ကောင်မလေးအနိုင်ကျင့်တာကို ခံရတဲ့ တိုဘီဆိုတဲ့ကောင်လေး၊ စွန့်စားခန်းတွေမှ ထွက်ချင်ပါတယ်ဆိုတဲ့ ညီအစ်ကိုတသိုက်၊ ဘဲနဲ့ အမြဲအဆင်မပြေဖြစ်နေတဲ့ ကောင်မလေးတစ်ယောက် စသဖြင့် လူပေါင်းစုံဟာ ဒီ ဆုတောင်းပြည့် ကျောက်တုံးလေးကို ဗဟိုပြုပြီး ပြဿနာတွေတက် ပေါက်ကရတွေ ဖြစ်ကြမှာပဲ ဖြစ်ပါတယ်။ File Size : 1.9 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 29min Format : Mp4 Genre : Adventure, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

4.7 2008 89 mins
Shorts
Idiot Girls and School Ghost: School Anniversary
6.5

Idiot Girls and School Ghost: School Anniversary (2024) ******************************************************* I.O.Iရဲ့ Kim Do Yeon, WJSNရဲ့ Eunseoတို့ ပါဝင်ထားတဲ့ ကျောင်းတွင်း သရဲ ဟာသ ဇာတ်ကား အသစ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။ စီနီယာ ကျောင်းသူတွေ ဖြစ်ကြတဲ့ ဂျီယွန်း အွန်းဗြောနဲ့ ဟျွန်းဂျောင်းတို့ သူငယ်ချင်း ၃ယောက်ဟာ ကျောင်းတွင်း သရဲဇာတ်လမ်း တစ်ပုဒ်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ကျောင်းရဲ့ နှစ်ပတ်လည်နေ့မှာ သရဲနဲ့ တူတူပုန်းတမ်း ကစားရင်း အနိုင်ရရှိခဲ့မယ်ဆိုရင် သူတို့ဟာ တက္ကသိုလ်ဝင် စာမေးပွဲကို အမှတ်ပြည့်နဲ့‌ အောင်မြင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူတို့ ၃ယောက်ဟာ ဂျပန် နတ်ဘုရားကို မြင်ဖူးတဲ့ ဂျူနီယာမလေး မင်ဂျူရဲ့ အကူအညီကို ရယူပြီး ကျောင်းထဲက သရဲနဲ့ တူတူပုန်းတမ်း ကစားကြပါတော့တယ်။ ကျောင်းနှစ်ပတ်လည်နေ့မှာ သရဲနဲ့ တူတူပုန်းတမ်း ကစားရင်း ကောင်မလေးတွေ အနိုင်ရရှိသွားမှာလား..။ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.03GB/ 450MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:30:00 Genre : Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Treasure Htet, Stary Encoded by Tiff

6.5 2024
Idiot Girls and School Ghost: School Anniversary
STRAW
6.7

Tyler Perry ရိုက်ကူးတဲ့ Straw ရုပ်ရှင်ကတော့ စိတ်ခံစားမှုပြင်းထန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး လူမှုရေး မညီမျှမှုတွေ ၊ ဆင်းရဲမွဲတေမှုရဲ့ ဖိစီးနှိပ်စက်မှုတွေနဲ့ လူမည်းအမျိုးသမီးတစ်ဦးရဲ့စိတ်ပိုင်းဆိုင်ရာ ပြိုကွဲမှုကို ရိုက်ခတ်စေတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ Janiyah ဟာ ကျန်းမာရေးပြဿနာရှိတဲ့ သမီးဖြစ်သူ Aria နဲ့ အတူ နေထိုင်တဲ့ တစ်ကိုယ်တည်းမိခင်တစ်ဦးဖြစ်ပါတယ်။ Janiyah ဟာ အလုပ်နှစ်ခုမှာကြိုးစားလုပ်ကိုင်နေပေမယ့်လည်း အိမ်ငှားခ၊ ဆေးဖိုးနဲ့ ကလေးစောင့်ရှောက်ရေး ကုန်ကျစရိတ်တွေကြောင့် နေ့စဉ် ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ တစ်နေ့မှာတော့ ကားတိုက်မှု၊ အလုပ်ဖြုတ်ခံရတာ ၊ အိမ်ကနှင်ထုတ်ခံရတာနဲ့ သမီးဖြစ်သူကို လူမှုဝန်ထမ်းတွေက ခေါ်ဆောင်သွားတာတွေကြောင့် သူ့ရဲ့ စိတ်ဖိစီးမှုဟာ အကြမ်းဖက်မှုတစ်ခုဆီကို ဦးတည်သွားပါတော့တယ်။ နောက်ဆုံးတော့ ဘဏ်လုယက်မှုတစ်ခုမှာ ဓားစားခံတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဝိုင်းဝန်းကူညီမှုတွေကြားမှာ Janiyah ရဲ့ အခြေအနေဟာ လူမှုရေးဆိုင်ရာ စကားဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံကို ဇာတ်ကွက်အလှည့်အပြောင်းတစ်ခုနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.43 GB) / ( 752 MB) Quality… NF WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 45m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.7 2025 105 mins
STRAW
Café 404
5.9

Café 404 (2024) ဂျင်မီဆိုတဲ့ကောင်လေးက ငယ်စဥ်ကတည်းက မိဘတွေကိုဆုံးရှုံးလိုက်ရပြီး အဘိုးဖြစ်သူလက်ထပ်ကတည်းက”Cafe’404″ဆိုတဲ့ စားသောက်ဆိုင်လေးကို အမွေဆက်ခံကာ ဦးစီးလုပ်ကိုင်လျက်ရှိပါတယ်။ ဒါပေမဲ့ သူတို့စားသောက်ဆိုင်အနီးကအဝေးပြေးလမ်းမကြီးဟာ ဟောင်းနွမ်းပျက်စီးလာတာကြောင့် လူသူသိပ်မလာတော့ဘဲ သူ့ဆိုင်ဟာလည်းအရောင်းပါးလာပါတော့တယ်။ ဒီလိုနဲ့အကြွေးတွေထူပြီး ဘဏ်ကိုပြန်မဆပ်နိုင်တာကြောင့် သူ့ရဲ့ဆိုင်လေးကို ထိုးအပ်ရမယ့်အနေအထားဖြစ်နေပါတယ်။ တစ်ညမှာတော့ သူတို့ရဲ့ဆိုင်ထဲကို အဘိုးအိုကြီးတစ်ယောက်ဟာ အိတ်တစ်လုံးကိုင်ကာဝင်လာပြီး ဆိုင်ထဲရောက်တဲ့အခါလဲကျသေဆုံးသွားပါတယ်။ အဲ့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ပိုက်ဆံတွေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ငွေအရမ်းလိုနေပြီး သူ့အဘိုးလက်ထပ်ကဆိုင်လေးကိုကယ်တင်ချင်နေတဲ့ ဂျင်မီတစ်ယောက်လောဘတက်လာကာ အပိုင်သိမ်းဖို့ကြံပါတယ်။ ပဟေဠိဆန်ဆန်ရောက်လာတဲ့ အိတ်နဲ့အတူ နောက်ဆက်တွဲအန္တရာယ်တွေပါ ပါလာတဲ့အခါ ဂျင်မီနဲ့သူ့ရဲ့ဝန်ထမ်းတွေဘယ်လိုဖြေရှင်းကြမလဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size… (810 MB) / (440 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime Duration…. 01:35:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Rubyjane

Thriller • Science Fiction
5.9 2024 94 mins
Café 404
Wife peke Husband Theke

Wife peke Husband Theke (2025) “လင်နဲ့မယား လျှာနဲ့သွား” ဒီတစ်ခါမှာတော့ CM ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ရယ်ရယ်မောမောကြည့်ရမဲ့ ပန်ချာပီဟာသဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဆိုပေမဲ့ အဓိကကအိမ်ထောင်းရေးနဲ့ ဘ၀မှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကိုပါ ဟာသနှောတင်ဆက်ထားတာပါ။ ဟာဂျိဟာ အာမခံကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ပါ။ အိမ်မှာလည်း မိန်းမနဲ့တကျက်ကျက်၊ ရုံးမှာလည်း အထက်လူကြီး အထုအထောင်းခံနေရသူပေါ့။ တစ်ဖက်မှာတော့ ရာမန်ဆိုတဲ့ကောင်မလေးဟာ ပညာကိုအရမ်းကြိုးစားတဲ့ ကောလိပ်ကျောင်းသူလေးပါ။ သူ့အဘွားဖြစ်သူကတော့ မိန်းကလေးတစ်ယောက်အတွက် ပညာတတ်ဖို့မလို၊ ယောက်ျားကောင်းရဖို့သာ အဓိကဆိုတဲ့ ရှေးရိုးစွဲဝါဒကို လက်ကိုင်ထားသူမို့ အိမ်ထောင်ပြုဖို့ အမြဲဖိအားပေးတတ်ပါတယ်။ အဲဒီလိုနဲ့ မိန်းမတွေကို ပညာဘယ်လောက်တတ်တတ် အချိန်တန်ရင် ကလေးဒိုင်ပါလဲရမှာဆိုတဲ့ အတွေးအခေါ်တွေနဲ့ ကျား/မ ခွဲခြားလွန်းတဲ့ သူတို့အသိုင်းအဝိုင်းရဲ့အိမ်ထောင်ရေးကိစ္စတွေမှာ ဘာတွေဘယ်ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ရယ်ရယ်မောမောဆက်လက်ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Animation • Comedy • Family
0 2025
Wife peke Husband Theke