YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Dog.I.Encountered.S01E01.1080p.WEB-DL.CM.mp4

1.1 GB 1080p video/mp4 97 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Conference
6.5

သမိုင်း​မှာ​ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ​ ဖြစ်ပျက်​ခဲ့တဲ့​ အရေးပါ​ဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး​ ဂျူး​လူမျိုး​ ၆သန်းကျော်ကို လူမျိုး​တုံးသတ်ဖြတ်ခဲ့တဲ့​ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယ​ကမ္ဘာ​စစ်​နဲ့တကွ နောင်​လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ​ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်​က​ နာဇီတွေရဲ့ဂျူး​ပြဿနာ​ကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်​အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်​ရဲ့​ မြစ်ဖျားခံရာ Wannsee Conference​ အကြောင်းကို​ Dokudrama​ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခုလုံး​ဟာ​ Wannsee​ Conference​ ကျင်း​ပနေတဲ့​ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို​ တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီ​အစည်းအဝေး​ကို​ ဘာလင်မြို့ပြင်က Wannsee​ ​ဆိုတဲ့​အရပ်မှာကျင်းပခဲ့ပြီး​ အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်း​အရာရှိ​တွေနဲ့​ SS​ ထိပ်သီးခေါင်းဆောင်​တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေ​ထဲမှာ​ ထိပ်တန်း​ဂျာမနီ​တက္ကသိုလ်​တွေမှာ​ ပညာသင်ကြားခဲ့တဲ့ ပညာရှင်​တွေ​ ခေါင်း​ဆောင်တွေပါဝင်ပြီး ဒီလူတွေ​ကပဲ​ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပ​တိုက်​ကို​ ကျူး​ကျော်မှုစပြီးမကြာမီမှာ ဂျူး​ပြဿနာ​ကိုဖြေရှင်းဖို့ စဥ်းစား​ခဲ့တာဖြစ်ပြီး ပထမဆုံး​အနေနဲ့​ ဂျူး​တွေ​အားလုံးကို​ မာဒါဂါစကားကျွန်းကိုပိုဖို့စီစဥ်ခဲ့ပေမဲ့ စစ်ပွဲအခြေအနေနဲ့ ရေကြောင်း​အင်အားမလုံလောက်မှုကြောင့် အရှေ့ဘက်ဒေသလို့ခေါ်တဲ့ ဂျာမန်အသိမ်းပိုက်ခံ ပိုလန်နိုင်ငံကိုပို့ပြီး​ ဓာတ်ငွေ့ခန်းတွေထဲမှာ စီရင်​ဖို့​ဆုံးဖြတ်​ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်တွေအားလုံးကို ဒီအစည်းအဝေးမှာပဲဆုံးဖြတ်ခဲ့ပါတယ်။ ဒီစီမံကိန်းကို​ အကောင်​အထည်ဖော်ဖို့လိုအပ်တဲ့လုပ်ငန်းစဥ်တွေ၊ အသေး​စိတ်အချက်တွေကို ဆွေးနွေး​ကြတာကို သမိုင်းစိတ်ဝင်စားသူတွေအတွက် စိတ်ဝင်စား​ဖွယ်တွေ့မြင်ရမှာပါ။ ဒီ​ရုပ်ရှင်​က​ ဂျာမန်​တယ်လီဗေးရှင်းဆုများနဲ့​ နိုင်ငံ​တကာဆုများကိုလည်းရရှိထားပါတယ်။ အစည်းအဝေး​အစကနေ​ အဆုံးထိကို ရိုက်ကူး​ထားတာ​ဖြစ်ပြီး ဇာတ်ကား​တစ်လျှောက်​လုံး စကားတွေပဲထိုင်ပြောနေတာဖြစ်တဲ့အတွက် ပရိသတ်​တချို့အတွက်တော့ ပျင်းရိ​စရာကောင်းနေမှာဖြစ်ပေမဲ့ သမိုင်းကိုစိတ်ဝင်စားသူတွေအတွက်တော့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခုဖြစ်မှာပါ။ ဘာသာပြန်သူ​ကတော့​ Wolfenheim​ ဖြစ်​ပါတယ်။ File size…(1.4 GB)/(600 MB)/(340 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...History, War, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemheim

Horror • Thriller
6.5 2022 107 mins
The Conference
Tell It Like a Woman
4.7

Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။ အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။ မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။ အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေ သဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကို ဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့် ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့ "Applause" သီချင်းဟာ အော်စကာမှာ "Best original Song" အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Comeday, Drama Quality…. 1080p | 720p | 480p File size… 2.8GB | 1GB | 513MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Comedy • Romance
4.7 2022 112 mins
Tell It Like a Woman
The Rise of the Beast
10

2022ထွက် horror ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါပြီ ဇာတ်ကားခေါင်းစဉ်ကြည့်ပြီးတော့တော့ transformer ရဲ့နောက်ဆုံးထွက်မဲ့ကားနဲ့တော့မမှားပါနဲ့ဦး ဇာတ်လမ်းအကျဉ်းကတော့ သဘာ၀ပတ်၀န်းကျင်တက်ကြွလှုပ်ရှားသူတစ်စုက company တစ်ခုရဲ့လျှို့ဝှက်စမ်းသပ်ခန်းတစ်ခုကို ခိုး၀င်ပြီး သူတို့ရဲ့တရားမ၀င်စမ်းသပ်ချက်တွေကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ကြတာပါ ဒါပေမဲ့ အဲဒီစခန်းမှာ စမ်းသပ်ခံတိရိစ္ဆာန်ကြီးတစ်ကောင်လွတ်‌နေပြီး သူတို့ထင်ထားတာနဲ့ မတူတဲ့အရာတွေကိုကြုံတွေ့ကြရတဲ့အချိန်မှာတော့...... သူတို့သူငယ်ချင်းတစ်စုဘာတွေတွေ့ကြုံရမလဲ အဲဒီစခန်းထဲကရောလွတ်မြောက်နိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှူရမှာပါ ဒါရိုက်တာ Jack Ayersရိုက်ကူးထားပါတယ်။ File size…(1 GB)/(500 MB)/(230 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:19:00 Genre...Horror, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aung Khant Paing

Comedy • Romance
10 2022
The Rise of the Beast
Kaapa
5.2

ပျိုမေတွေရဲ့အသည်းစွဲ မင်းသားကြီး Prithviraj Sukumaran ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller/Crime အမျိုးအစားဇာတ်ကားကောင်းကိုတင်ဆက်ပေးချင်ပါတယ် အာနန်နဲ့ဘီနူဟာ ချစ်ကြည်နူး တစ်တီတူးလို့မဝသေးတဲ့ကြင်စဦးမောင်နှံလေးပါ သူတို့က ဘန်ဂလောကနေ သီရုဗနသာပူရန်လို့ခေါ်တဲ့မြို့လေးကို ပြောင်းလာခါစရှိပါသေးတယ် အဲ့အချိန်မှာပဲ အာနန်သိလိုက်ရတာက သူ့မဟေသီက မဟာ့မဟာလူဆိုးစာရင်း kaapa ဆိုတဲ့ စာရင်းထဲကို ပါနေတာပါ ပြီးတော့ အဲ့မြို့ကိုကြီးစိုးနေတဲ့ဂိုဏ်းက မာဒူဦးစီးတဲ့ ကိုလ်တာမာဒူဂိုဏ်းပါတဲ့ မာဒူနဲ့သူ့မိန်းမ ဘီနူရဲ့မျိုးနွယ်သီရိဗစ်ကရာမန်နဲ့က ကမ္ဘာမကြေတွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြန်ဘူးဆိုတာလဲ သိလိုက်ရပါတယ် အာနန်တစ်ယောက် ဂိုဏ်းစတားကြီးကိုပဲ ပြေးတောင်းပန်ရမလား ရဲမှတ်တမ်းကပဲ သူ့မိန်းမနာမည်ဖျက်ပေးရမလား စသည်ဖြင့် ဇာတ်ရှုပ်ကြီးထဲဝင်ပါမိရာကနေ အပ်ချည်အစဖြေသလို နောက်ကွယ်ထိ ဘယ်လိုဝင်ပတ်သတ်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး....... File size…2.01GB / 935MB Quality…1080p NF WEB DL /720p Format…mp4 Duration…2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein & OeliuJ & Yunni

5.2 2022 133 mins
Kaapa
Extremely Wicked, Shockingly Evil and Vile
7

အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . . (သို့မဟုတ်) Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . . _________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________ ၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ မရှိပဲကို သတ်တဲ့ စိတ်ရောဂါရှင်ဆန်ဆန် sociopath လူသတ်သမားကြီး။ နောက်တော့ အဖမ်းခံရတယ်။ ရုံးတင် စစ်တာ ခံရတယ်။ Ted Bundy ဟာ ဥပဒေ ကျောင်းသားလည်း ဖြစ်နေပါသေးတယ်။ ဒါကြောင့် သူ့အမှုကို သူကိုယ်တိုင် ရှေ့နေအဖြစ် ကိုင်တွယ်တယ်။ သူ အမှု မကျူးလွန်ကြောင်း ငြင်းဆိုတယ်။ တဖြည်းဖြည်းနဲ့ သူ့ အမှု တွေက နာမည်ကြီးလာပြီး အမေရိက သမိုင်းမှာ ပထမဆုံး ရုပ်သံ Live ထုတ်လွှင့်ခြင်းခံရတဲ့ အမှုသည် ဖြစ်လာတယ်။ သူ့ကို ရုံးထုတ် စစ်ဆေးပြီဆိုရင် ကောင်မလေးတွေ အများကြီး လာ နားထောင်ကြတယ်။ တရားသူကြီးရှေ့မှာ သူ ပြောသမျှ ဟုတ်ဟုတ် မဟုတ်ဟုတ် ယုံကြတယ်။ မင်းသားတစ်ယောက်ရဲ့ ရိုက်ကွင်းကို လာအားပေးသလိုမျိုး သူ့ကို လာအားပေးကြတယ်။ ဒီလိုနဲ့ ငြင်းလိုက်ခုံလိုက် ပယ်ချလိုက် ကာကွယ်လိုက် နဲ့ ဆယ်နှစ်ကျော်ကြာအောင် အမှု ရှည်ကြီးကို Ted Bundy တစ်ယောက် ဖြတ်သန်းပြီးချိန်မှာတော့ . . . . . ____________ Extremely Wicked, Shockingly Evil and Vile IMDB - 6.7/10 Rotten Tomatoes - 56% MKWah - 3.8/5 ____________ ဒီ ရုပ်ရှင်က ကျွန်တော် ပြောခဲ့သလိုပဲ ဖြစ်ရပ်မှန် ပါ။ Ted Bundy ဆိုတဲ့ တစ်ကယ်ရှိခဲ့တဲ့ လူတစ်ယောက် အကြောင်းကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်။ Ted ရဲ့ character ကို ကျွန်တော် documentary တွေ သတင်းဟောင်းတွေ ဓာတ်ပုံတွေကနေတစ်ဆင့် အနည်းငယ် တီးခေါက်ကြည့်လိုက်တော့ ဒီ ရုပ်ရှင်ထဲမှာ ဖော်ပြထားတဲ့ Ted အတိုင်းပါပဲ။ တကယ့်အပြင်က Ted ကလည်း ကိုယ့်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ်။ သူ အပြစ်ကင်းကြောင်းကို ပြုံးပြီး သတ္တိရှိရှိ အမြဲပြောတယ်။ တစ်ခါ နှစ်ခါတည်း စကားပြောကြည့်ရင် အင်မတန် ချစ်တတ်ပြီး နူးညံ့သိမ်မွေ့ပြီး အားကိုးချင်စရာကောင်းတဲ့ ယောကျာ်းကောင်းတစ်ယောက် ရဲ့ အသွင်အပြင်ကို မြင်ရမယ်။ စကားပြောကောင်းတယ်။ အရမ်းတော်တယ်။ အဝတ်အစား ဝတ်စားတာကအစ မင်းသားရှုံးတယ်။ ပျင်းစရာကောင်းတဲ့ တရားခွင်ထဲကို ကောင်မလေး ချောချောလေးတွေ အများကြီး လာထိုင် နားထောင်ရင်း သူ့ကို ငေးကြည့်ရသည်အထိ ဆွဲဆောင်မှု ရှိတယ်။ တစ်ဖက်မှာတော့ အမျိုုးသမီးတွေကို မညာမတာ ရက်ရက်စက်စက် နည်းလမ်းတွေနဲ့ လူမသိ သူမသိ သတ်ဖြတ်လေ့ရှိတဲ့ လူသတ်သမားကြီး။ အဲ့ဒီ ၁၉၇၀ - ၁၉၈၀ ဝန်းကျင်တုန်းက လူသတ်သမားတွေ အများကြီးထဲမှာမှ တော်တော် သောင်းကျန်းပြီး ကြောက်ဖို့ကောင်းတဲ့ လူသတ်သမား။ FBI က အလိုချင်ဆုံး ရာဇဝတ်သား ၁၀ ယောက် ထဲ မှာ ပါတယ်။ တစ်ခုတော့ ရှိတယ်။ Ted ဘဝမှာ ဘယ်တော့မှ မသတ်ရက်ခဲ့တဲ့ သိပ်ချစ်ရတဲ့ အမျိုးသမီး တစ်ယောက် ရှိတယ်။ သူ့နာမည်က Liz တဲ့။ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ အသက်သွေးကြောက Ted ရဲ့ ဘဝ ဆိုရင် Ted နဲ့ Liz ရဲ့ အချစ်ဇာတ်လမ်းဟာ ဒီဇာတ်လမ်းရဲ့ နှလုံးသားပဲ။ သိပ် ရက်စက်တဲ့ လူသတ်သမားကြီးဆီမှာ သိပ်ချစ်ရတဲ့ ချစ်သူ တစ်ယောက် ရှိခဲ့တယ်။ . . . . Ted Bundy အဖြစ် သရုပ်ဆောင်တဲ့သူကတော့ Zac Efron ပါ။ Zac ကို သိတဲ့သူတွေ သိကြပါတယ်။ ဒီ နိုင်ငံက ပရိတ်သတ်တွေနဲ့လည်း သိပ် မစိမ်းပါဘူး။ အထူးသဖြင့် comedy films တွေမှာ တွေ့ရတယ်။ တစ်ခါတစ်လေ romance films တွေမှာ တွေ့ရတယ်။ သူ့ acting က တခြား ဟောလီးဝုတ်မင်းသားတွေနဲ့ယှဉ်ရင် ရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ ရင်ထဲ သိပ်မရောက်ခဲ့ဘူး။ သူ့ character တွေကလည်း သိပ်ပြီး strong မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒီကားမှာတော့ Ted Bundy အဖြစ် Zac ဟာ အပြည့်အဝ စိတ်နှစ်ကိုယ်နှစ် သရုပ်ဆောင်သွားနိုင်ခဲ့ပါပြီ။ Zac ဟာ သူ့ အရည်အချင်းကို အားလုံး အံ့သြသွားတဲ့အထိ ပြနိုင်ခဲ့ပါပြီ။ ဒီကားကို ကြည့်ပြီးချိန်မှာတော့ ရုပ်ရှင်ဝေဖန်ရေးဆရာများ Zac ကို ချီးကျုးကြတယ်။ 2020 ရဲ့ Oscar ဇကာတင်တောင် ဝင်သွားနိုင်ကြောင်း ကောင်းချီးပေးကြတယ်။ တကယ်ပဲ Zac ရဲ့ သရုပ်ဆောင်မှုတွေက အရမ်း ခွန်အားရှိပြီး သူ ဘယ်လောက် ပြင်ဆင်ကြိုးစားထားတယ်ဆိုတာ ရုပ်ရှင်ကြည့်သူတွေ မြင်နိုင်ပါတယ်။ တခြား supporting actors များ ဖြစ်ကြတဲ့ Lily Collins တို့ Kaya Scoelario တို့ Jim Persons တို့လည်း Zac ကို အကောင်းဆုံး ဝိုင်းပံ့ပိုးပေးနိုင်တယ်။ Biopic ဖြစ်တဲ့အလျောက် character များက လက်တွေ့ကျတယ်။ ခိုင်မာတယ်။ Lily Collins က Ted သိပ်ချစ်ရတဲ့ Liz အဖြစ် သရုပ်ဆောင်ထားတယ်။ နောက်တစ်ခု ထပ်ပြီး သဘောကျမိတာက editing ပါ။ တကယ်တော့ Ted Bundy ဆိုတဲ့သူက လူတွေ သတ်တယ်။ နောက်တော့ အဖမ်းခံရတယ်။ တရားရုံး တက်ရတယ်။ ဒီလောက် ဇာတ်လမ်းကတော့ တကယ်ဆို ရိုးပါတယ်။ ဒီထက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိသေးတယ်။ ဒါကို ဘာကြောင့် ကြည့်မှာလဲ ဆိုတဲ့ မေးခွန်းရှိတယ်။ ဒါပေမယ့် ဒီကားကို မျက်လုံးက မဖယ်ခွါနိုင်လောက်အောင် ကြည့်ချင်စရာဖြစ်အောင်ဖြစ်စေတာကတော့ Editing ရဲ့ ပညာကြောင့် အများကြီး ဆိုင်ပါတယ်။ ဇာတ်လမ်း အစ မှာတင် Ted နဲ့ သူ သိပ်ချစ်တဲ့ Liz တို့ စ ပြီး ဆုံတွေ့ကြတဲ့ ညလေး နဲ့ စ တယ်။ အဲ့ဒီ အဖြစ်အပျက်ရယ် Ted အဖမ်းခံရပြီး ၁၉၈၀ ဝန်းကျင် မှာ Liz က Ted ကို ထောင်ဝင်စာ လာတွေ့တဲ့ နေ့ရယ်ကို တစ်လှည့်စီ ပြတယ်။ ဒီကားရဲ့ တည်းဖြတ် (editing) ပညာရှင်များဟာ ကျွန်တော်တို့ ရုပ်ရှင်ကြည့် ပရိတ်သတ်တွေကို Ted ရဲ့ မိန်းမ Liz ရဲ့ အမြင်ကနေ ခံစား စေတယ်။ ဒါကြောင့်လည်း ဒီဇာတ်ကားကို ကြည့်တဲ့တစ်လျှောက်လုံးမှာ Ted က တကယ်ပဲ ဒီ အမှုတွေကို ကျူးလွန်ခဲ့တာလား ဆိုတာကို သံသယ ပါ ဝင်လာတဲ့ အထိပဲ။ အစမှာ သိပ် နူးညံ့သိမ်မွေ့ပြီး သူ့ကို လက်နဲ့တောင် မရွယ်တဲ့ ယောကျာ်းက မိန်းမ ၁၅ ယောက်လောက်ကို ပိုးစိုးပက်စက် သတ်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးမျိုး . . ဇာတ်ကား တစ်ဝက်လောက်မှာတော့ ငါ့ယောကျ်ား သတ်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် မသေချာသေးပါဘူးလေ . . ဆိုတဲ့ အတွေးမျိုး . . . ယောကျာ်းဖြစ်သူကို အပြစ်မမြင်တဲ့ မိန်းမတစ်ယောက်ရဲ့ အတွေးတွေ ကျွန်တော်တို့ ခေါင်းတွေထဲ ကူးစက်လာပါတော့တယ်။ ဒါတွေကို editing ပညာရှင်များက အောင်မြင်စွာ ပြသွားနိုင်ခဲ့တယ်။ နောက်တစ်ချက် သဘောကျသေးတာက cinematographer ကို ပါ။ Birdman တို့ La La Land တို့လို ထူးဆန်းတဲ့ စတိုင်မျိုး မဟုတ်ပဲ ရိုးစင်းပေမယ့် ရုပ်ရှင်နဲ့ လိုက်ဖက်တဲ့ cinematography စတိုင်ကို ဖန်တီးပေးနိုင်တယ်။ ရင်ထဲ ရောက်တယ်။ camera movement တွေ focus in / out တွေကို ကောင်းကောင်းအသုံးပြုပြီး Ted ဘယ်လိုတွေးနေသလဲ Liz ဘယ်လို တွေးနေသလဲ director က ဘာကိုပြချင်သလဲ ဆိုတဲ့ အပြတွေကို ထိ ထိ ရောက် ရောက် ပြ ပေးန်ုင်တယ်။ ဒီဇာတ်ကား အကြောင်းပြောရင် ဇာတ်ညွှန်းကိုလည်း ချန်ခဲ့လို့ မဖြစ်ဘူး။ editing ကောင်းတယ် cinematography ကောင်းတယ်ဆိုတာ ဇာတ်ညွှန်းရဲ့ လမ်းညွှန်မှုတွေနဲ့လည်း ဆိုင်တယ်။ ဇာတ်ညွှန်းကို သက်ဆိုင်ရာ ရုပ်ရှု်ပညာရှင်တွေအားလုံးက သဘောကောင်းကောင်းပေါက် မှလည်း သူတို့ ဖန်တီးမှုတွေ ကောင်းကောင်းလုပ်နိုင်မှာ။ ဒီဇာတ်ညွှန်းရဲ့ အားအကောင်းဆုံးအချက် ကတော့ ဇာတ်လမ်းတစ်ခုလုံးရဲ့ ၉၇% လောက်က Bundy တစ်ယောက် ဒုတ် ဓားတွေနဲ့ သတ်ဖြတ် ပြနေတာတွေ တစ်ခုမှ မပြဘူး။ ဒါပေမယ့် အဲ့ဒါတွေ မပါပဲ ကျောချမ်းစရာကောင်းတဲ့ ဇာတ်ရုပ်ဖြစ်တဲ့အထိ လုပ်ပြသွားတယ်။ ဇာတ်ညွှန်းရှင်ရဲ့ ပညာပေါ့။ နောက်ဆုံး အလေးပြု ရမှာကတော့ ဒါရိုက်တာ ပါပဲ။ ဒါရိုက်တာဖြစ်သူ Joe Burlington ဟာ crime film နဲ့ crime documentary တွေကို စိတ်ဝင်စားတဲ့သူ။ Ted ရဲ့ အမှုကိုလည်း တော်တော် စိတ်ဝင်စားပြီး တော်တော်လေ့လာထားပုံ ရတယ်။ Ted ရဲ့ audio tape တွေကို အခြေခံပြီး " Conversation with a killer: the Ted Bundy tape " ဆိုတဲ့ documentary တစ်ခုကိုလည်း ဖန်တီးထားခဲ့သေးတယ်။ Ted ရဲ့အကြောင်းကို ဒါရိုက်တာတွေ အများကြီး ရိုက်ဖူးတယ်။ ဒီကားက ပထမဆုံး မဟုတ်ဘူး။ ဒါပေမယ့် Joe ရိုက်တဲ့ ဒီကားမှာတော့ Ted နဲ့ Liz ရဲ့ ကြီးမားတဲ့ chemistry ကိုလည်း လှလှပပ ပုံဖော်ပေးနိုင်သလို အမေရိက မှုခင်းသမိုင်းရဲ့ ထူးခြားတဲ့ မှုခင်း ဖြစ်ကြောင်းလည်း artistic ဖြစ်ဖြစ် တင်ပြနိုင်ခဲ့တယ်။ ___________ Ted အမှု နာမည်ကြီးနေချိန်တုန်းက အမေရိက သတင်းစာ ဆရာတွေက သူ့ကို နာမည်အမျိုးမျိုးပေးကြတယ်။ အဲ့ထဲမှာမှ တစ်ယောက်က Ted ကို . . " Handsome Evil " လို့ ခေါ်သတဲ့။ Ted နဲ့ သိပ် လိုက်ဖက်တဲ့ စကားလုံးပေါ့။ Extremely Wicked, Shockingly Evil and Vile ရဲ့ cast & crew တစ်ဖွဲ့လုံးကို ကျေးဇူးတင်ပါတယ်။ ၂၀၁၉ ရဲ့ one of the best films ဖြစ်မယ်လို့လည်း ယုံကြည်တယ်။ နာမည်ကိုက Extremely Wicked, Shockingly Evil and Vile တဲ့ . . . ။ ___________ မောက်ခမ်းဝါ #MKWah_film_review (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(999 MB) Quality….WEB-DL 720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Drama • War & Politics
7 2019 111 mins
Extremely Wicked, Shockingly Evil and Vile
Eileen
6.5

Eileen (2023) ~ IMDb – 6.6/10, RT – 85%, Meta – 71% ~ မမလေး အန်းဟဲသားဝေးရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အချို့အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ကြောက်စရာကောင်းပုံကို ဒီရုပ်ရှင်မှာ တွေ့ရမှာပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေမှာ ကျူးလွန်သူတွေ လွတ်နေတာ၊ ဆက်တိုက်ကျူးလွန်နိုင်တာဟာ သိသိသာသာ၊ မသိမသာ အားပေးကူညီသူတွေရှိနေလို့ပါပဲ။ အားပေးကူညီတဲ့သူတွေဟာလည်း အနိုင်ကျင့်တဲ့သူတွေနဲ့ တန်းတူအပြစ်ရှိပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဘုန်းကြီးမုဒိန်းမှုတွေမှာ ဘုန်းကြီးဘက်က ရပ်တည်တဲ့သူတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေမှာ အနိုင်ကျင့်တဲ့သူဘက်က ထောက်ခံတဲ့သူတွေရဲ့ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အငုံ့စိတ်တွေကို ပြထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ Lady Macbeth ရုပ်ရှင်ရဲ့ဒါရိုက်တာ William Oldroyd ရဲ့ လက်ရာဖြစ်ပြီး အဓိကသရုပ်ဆောင်ကတော့ Last Night in Soho ထဲက မင်းသမီး Thomasin McKenzie ပါပဲ။ ရုပ်ရှင်ကတော့ အစပိုင်းမှာ Family Guy ထဲက ဟာသလိုပဲ “ရုပ်ချောချောလူတွေ ဆေးလိပ်သောက်ပြနေတိုင်း ရုပ်ရှင်မဖြစ်ဘူးလို့ ပြင်သစ်တွေကို ပြောလိုက်” ဆိုသလိုပါပဲ။ ဘဝမှာ စိတ်ဒဏ်ရာတွေနဲ့ ကြေကွဲလူငယ် ကောင်မလေးနှစ်ယောက် ထောင်ထဲကအလုပ်မှာ တွေ့ပြီး ဆေးလိပ်အတူသောက် အရက်အတူသောက်ကြရင်း ရင်းနှီးလာတယ်။ သူတို့နှစ်ယောက် အချင်းချင်း နားလည်သလို ရင်းနှီးမှုကနေ မှုခင်းကြီးတစ်ခုဆီ တစ်ဆစ်ချိုးပြောင်းသွားပြီး ဒရာမာကနေ သည်းထိပ်ရင်ဖိုဖြစ်သွားတဲ့ဇာတ်ကြောင်းကိုကြည့်ရမှာပါ။ ဒီရုပ်ရှင်မျိုးကြည့်ပြီး ကြိုက်တတ်ရင်တော့ ဒီလောက် စိတ်ဒဏ်ရာမကြမ်းတမ်းပေမဲ့ ရုတ်တရက်ကြီးဒုက္ခမျိုးစုံတွေ့တဲ့ အမျိုးသမီးနှစ်ယောက်အကြောင်းကို အကောင်းဆုံးရိုက်ထားတဲ့ Thelma & Louise (1991) ကိုလည်း ကြည့်ဖို့ ညွှန်းချင်ပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5GB, 2.65GB, 720MB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 37Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y, Ka Naung

6.5 2023
Eileen
Justice League: Crisis on Infinite Earths Part One

DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။ အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(3 GB)/(1.7 GB)/(866 Mb) Quality….Webrip 4K/1080p/720p Format…mp4 Duration….01:33:00 Genre…Animation, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

0 2024
Justice League: Crisis on Infinite Earths Part One
Zero to Hero
6.1

ဂီတအမျိုးအစားတွေထဲမှာ Rock(ရော့ခ်) Country(ကန်းထရီး) Pop(ပေါ့ပ်) အစရှိသဖြင့်အများကြီးရှိသလို လူတိုင်းကလည်း ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ပြီးတော့ အဲ့လို ဂီတတွေကိုကြိုက်တဲ့ လူတွေထဲမှာလည်း တစ်ချိန်ချိန်မှာအောင်မြင်ပြီးတော့ နာမည်ကြီး ကျော်ကြားချင်တဲ့အိပ်မက်ရှိကြသူတွေလည်း ရှိကြမှာပါ။ ဒါပေမယ့် ဘ၀ပေးအခြေအနေနဲ့ ကံတရားရဲ့မျက်နှာသာ မပေးမှုတွေကြောင့် အိပ်မက်တွေကိုချောင်ထိုးထားရတဲ့ လူတွေအတွက်အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးက စိတ်ခွန်အားတက်ကြွစရာဖြစ်မှာပါ။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Zero To Hero ဖြစ်ပြီး IMDb Rating 6.1 ရရှိထားပါတယ်။ ဇာတ်ကြောင်းလေးကတော့ ဟီးရိုးဆိုတဲ့ ရော့ခ်ကာကြီး အပေါ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့မှာအရမ်း ချစ်ရတဲ့ နယ်လ်ဆန်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ဟီးရိုးက အောင်မြင်ကျော်ကြားတဲ့ ရော့ခ်ကာကြီးတစ်ယောက် အရမ်းဖြစ်ချင်နေသူဖြစ်ပြီး လက်ရှိမှာတော့ ထမင်းမငတ်အောင် တူရိယာအရောင်းဆိုင်လေးတစ်ဆိုင်မှာပဲ အလုပ်လုပ်ရင်း ကျေနပ်နေရပါတယ်။ ဒါပေမယ့် လူကပဲအငြိမ်နေမယ် ပညာက အငြိမ်မနေဘူးဆိုတဲ့အတိုင်း ဆရာကြီးလုပ်မိလို့ အလုပ်ပြုတ်သွားပါတော့တယ်။သူတို့မသိတဲ့ တခြားဖက်ခြမ်း မှာလည်း သူနဲ့ရုပ်ချင်းချွတ်စွပ်ဆင်တူတဲ့ သူတို့နိုင်ငံရဲ့ အကောင်းဆုံး လူကြိုက်အများဆုံး အဆို‌တော်က အလှအပအတွက်နဲ့ ဆေးမှားထိုးမိပြီး ကိုမာဝင်သလိုပါဖြစ်သွားပါတော့တယ်။ အဲ့ဒီ အဆိုတော်ရဲ့ နိုင်ငံလှည့်ဖျော်ဖြေပွဲကလည်း ရှိနေခဲ့ပြီး ပွဲစီစဉ်သူတွေက ပွဲကိုမဖျက်ချင်တဲ့အတွက် ကြံရာမရဖြစ် နေတုန်း ရုပ်ချင်းချွတ်စွပ်တူတဲ့ ဟီးရိုးကိုတွေ့ပြီးနိုင်ငံရဲ့နာမည် အကြီးဆုံး အဆိုတော်တစ်ယောက်နေရာက နေသရုပ်ဆောင်ပြီး ဖျော်ဖြေပေးရမယ်ဆိုတဲ့ အခွင့်အရေးကိုကမ်းလှမ်းလာတဲ့ အခါမှာ ဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်လာမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။လူကြီးမင်းတို့ရော ကိုယ့်ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာနိုင်မဲ့ အခွင့်အရေးတစ်ခု ကိုယ့်ရှေ့ကိုရောက်လာရင် ဆုပ်ကိုင်မှာလား လက်လွှတ်လိုက်မှာလားဆိုတာကို ဇာတ်ကားလေးကိုကြည့်ရင်းဖြေပေးသွားကြပါဦး။ File size…2.14GB / 1.02GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 27m Genre ….. Comedy , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2023
Zero to Hero
[18+] Himas
7.6

Himas (2024) ========== ဒါနာဟာ တစ်ချိန်က ပြည့်တန်ဆာတစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိကာလမှာတော့ ငယ်သူငယ်ချင်း မီးသတ်သမားဟောင်းတစ်ယောက်နဲ့အိမ်ထောင်ကျပြီး ရိုးရှင်းတဲ့ဘ၀ကိုတည်ဆောက်ဖိုကြိုးစားနေပါတယ်။ သူ့ခင်ပွန်းဖြစ်သူ အက်ဒ် ဟာ ဖာတန်းမီးလောင်တုန်း သူ့အသက်ကိုကယ်တင်ခဲ့ရာက ရခဲ့တဲ့ဒဏ်ရာနဲ့မျက်စိကွယ်နေသလို အဲ့ဒီစိတ်ဒဏ်ရာတွေကြောင့် ယောက်ျားကိစ္စစွမ်းဆောင်ရည်မှာပါ ချိုယွင်းစပြုနေပါပြီ။ အဲ့ဒါကြောင့်ပဲ ဒါနာစာကြည့်တိုက်တစ်ခုမှာ အလုပ်ရသွားတဲ့နောက် အက်ဒ်အတွက် သူဖွင့်ထားတဲ့ Spa မှာကူဖော်လောင်ဖက်ရဖိုအဖော်တစ်ယောက်လိုအပ်လာပါတယ်။ အဲ့ဒီလိုအဖော်အဖြစ် အက်ဒ်ရွေးချယ်လိုက်တဲ့သူကတော့ သူတိုရွာမှာ ကြုံရာကျပမ်းလုပ်နေတဲ့ ကိုကွိင်းဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။ သူ့ရဲ့စွမ်းဆောင်ရည်လိုအပ်ချက်ကြောင့် ဟာစလာဖြစ်နေတဲ့ ဇနီးဖြစ်သူနဲ့သန်သန်မြန်မြန်သွေးသားဆန္ဒတက်ကြွတဲ့ လူငယ်လေးတိုနှစ်ဦးကိုအနေနိးစပ်အောင်ဖန်တီးပေးလိုက်တာဟာ သူ့အတွက်အမှားတစ်ခုဖြစ်လာမလား? ဒါမှမဟုတ် သူ့ဇနီးဟာ တကယ်ပဲအရင်လိုအကျင့်စရိုက်တွေကိုမေ့ပစ်ပြီးသူ့အပေါ်သစ္စာစောင့်ထိန်းသူတစ်ယောက်ဖြစ်နေပြီလား? ဆက်လက်ရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.4GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:48:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Drama • Romance
7.6 2024
[18+] Himas
Horror in the High Desert 3: Firewatch

Found Footage ရုပ်ရှင်​အမျိုးအစား​ဖြစ်​တဲ့ ဒီဇာတ်လမ်းက ၂၀၂၁ ခုနစ်​မှာ ထွက်​ရှိ​ခဲ့တာ​ဖြစ်​ပြီး Horror​/ Suspense အမျိုး​အစား​ဖြစ်​ပါတယ်။ နာမည်ကြီး​ The Blairwitch Project လို အငွေ့အသက်​မျိုး​ကို ခံစားရ​မှာ​ဖြစ်ပါတယ်။ Indie ဇာတ်ကား​ဖြစ်​တာနဲ့အညီ ဇာတ်​လမ်း​တည်ဆောက်​ပုံ​က အနည်းငယ်​ထူး​ခြား​ပြီး ရုပ်​သံအင်တာဗျူးတွေနဲ့ ဇာတ်လမ်း​ကို​ပုံဖော်​ပြီးမှ footage တွေ​ကို အလျဥ်းသင့်သလို ထည့်သွင်း​ရိုက်ကူး​ထားခြင်းဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ နီဗားဒါးပြည်နယ် ကန္တာရ​ထူထပ်​တဲ့ဒေသတစ်ခုမှာ လူပျောက်မှုတွေ ဖြစ်​ပေါ်​နေပါတယ်။ ဒီအကြောင်း​ကို ကမ္ဘာတစ်လွှားက စူး​စမ်း​ရှာဖွေ​ရေး​သမား​တွေ စိတ်​ဝင်​စား​လာကြပြီး နယ်​မြေ​တစ်​ဝိုက်​ကို ခြေလျင်ခရီးနှင်ပြီး အဖြေ​ရှာကြဖို့ ကြိုး​စား​ကြပါတယ်။ အဲဒီ​အထဲမှာ​ Gary ဆိုတဲ့​ စူးစမ်း​ရေး​သမား​တစ်ယောက်​လည်း​ ပါဝင်​ပြီး တစ်နေ့​ Gary တစ်ယောက်​ ပျောက်​ချင်း​မလှ ပျောက်​သွား​ချိန်​မှာ အခြေအနေ​တွေ ပို​လို့​ရှုပ်ထွေး​လာ​ပါတော့​တယ်။ ဇာတ်လမ်း​က Found Footage​ အမျိုး​အစား​ကိုမှ Documentary ပုံစံ​ ရော​သမမွှေထားတာဖြစ်လို့ ပုံမှန်​ Horror​ ရုပ်ရှင်​တွေ​ကို နှစ်​သက်သူတွေအတွက်တော့ အကြို​က်တွေနိုင်မှာ မဟုတ်​ပေမဲ့ Found​ Footage​ ဇာတ်ကား​တွေ​ကို​ နှစ်​ခြိုက်​သူတွေ​အတွက်​တော့ ကြည့်ရှု​သင့်ပါတယ်။ File size…(1.8 GB)/(957 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2024
Horror in the High Desert 3: Firewatch
Blood and Chocolate
5.3

Blood and Chocolate (2007) သမန်းဝံပုလွေအမဖြစ်တဲ့ Vivian က သူတိုဝံပုလွေရိုးရာအရ မကြာခင်မှာ ဝံပုလွေခေါင်းဆောင်ရဲ့ ဇနီးအသစ်အဖြစ် အရွေးခံရမဲ့ ဆယ်ကျော်သက်ကောင်မလေးဖြစ်တယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒဏ္ဍာရီဝတ္ထုတွေကိုရေးတဲ့ ခပ်ချောချော ပန်းချီဆရာ လူသားကောင်လေး Aiden နဲ့ ဘုရားကျောင်းမှာ ဆုံတွေ့ခဲ့တယ်။ ဝံပုလွေဒဏ္ဍာရီတွေကို စိတ်ဝင်စားတဲ့ Aiden က ဝံပုလွေတွေအကြောင်း ကျွမ်းကျွမ်းကျင်ကျင်သိနေတဲ့ Vivian ကို ​သာမန်လူလိုပဲထင်ပြီး ချစ်မိသွားချိန်မှာတော့ Vivian တစ်ယောက် အချစ်နဲ့ သူ့မိသားစုကိုကာကွယ်ဖိုကြား ဘယ်လိုအခက်အခဲတွေကြုံရမလဲ ၊ Aiden နဲ့ Vivian တိုရဲ့ မဖြစ်နိုင်တဲ့အချစ်ခရီးလမ်းကြောင်းက ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမဲ့ လူသားနဲ့ ဝံပုလွေကောင်မလေးတိုရဲ့ Romance ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.6GB)/(730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5.3 2007 98 mins
Blood and Chocolate