YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Brave Yong Soo Jung(2024) EP17 WEB-DL 1080P[CM].mp4

537.52 MB 1080p video/mp4 85 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Jersey
7

ဒီကားလေးက ယင်​ကောင်မင်းသား နာနီရဲ့ Jersey 2019 ကို ပြန် Hindi Remake ထားတယ်ဆိုပေမယ့် ဇာတ်လိုက် မင်းသားက Kabir Singh ဇာတ်ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ မင်းသားချောလေး ရှာဟစ်ဒ်ကပူရ်ဆိုတော့ ကြည့်ရကျိုးနပ်ပါတယ်.... ဇာတ်လမ်းကြောရိုးကတော့ နိုင်ငံတော်ခရစ်ကတ်အသင်းထဲဝင်ခွင့်မရခဲ့တဲ့ အရည်အချင်းရှိ ခရစ်ကတ်ကစားသမားတစ်ဦးဟာ သူဘယ်လောက်ပဲ ကြိုးစားစား အခွင့်အရေးမရခဲ့တဲ့အတွက် ခရစ်ကတ်အားကစားကို လက်လျှော့ပြီး သာမန်ဘဝတစ်ခုမှာပဲ စိတ်နာနာနဲ့ နေထိုင်သွားခဲ့တယ်.... ခရစ်ကတ်ဝါသနာအိုးဖြစ်တ​ဲ့ သားဖြစ်သူရဲ့မွေးနေ့လက်ဆောင်အတွက် သူပူဆာတဲ့ Jersey (အိန္ဒိယခရစ်ကတ်အသင်းဝတ်စုံ) ​လေး ကို ဝယ်ပေးချင်တဲ့စိတ်နဲ့ မထင်မှတ်ဘဲ ခရစ်ကတ်လောကထဲကို သူပြန်ရောက်သွားတဲ့အခါမှာတော့.... ပတ္တမြားမှန်ရင် နွံမှာမနစ်ဘူးဆိုတဲ့အတိုင်း သူ့ရဲ့တိမ်ဝှက်နေတဲ့ အရည်အချင်းတွေကို ထုတ်ဖော်ခွင့်ရပါ့မလား.... သူ့သားလေးတကယ်လိုချင်​နေတဲ့ မွေးနေ့လက်ဆောင်ကို ပေးနိုင်ပါ့လား.... သူဖြစ်ချင်နေတဲ့ အိပ်မက်ကော အကောင်အထည်ပေါ်လာပါ့မလား... ဒီဇာတ်ကားလေးက အားကစားသမားတစ်ဦးရဲ့စိတ်ဓါတ်နဲ့ ခွန်အားကို ရုပ်လုံးဖေါ်ပြပြီး အပိုထပ်ဆောင်းအနေနဲ့ သားသမီးအပေါ်ထားတဲ့ မိဘရဲ့မေတ္တာကိုလည်း အရိပ်အမြွက်လေးဖေါ်ပြထားလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ရှင့်.... File size…2.76GB / 1.16GB Quality…1080p WEB RIP AAC5.1CH / 720p WEB RIP Format…mp4 Duration….2h 5omins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Poe , Shwe Pyae Sone & Oeliu J

Action • Crime
7 2022 175 mins
Jersey
Indiana Jones and the Dial of Destiny
6.8

Indiana Jones and the Dial of Destiny (2023) ~ IMDb – 6.8/10, Rotten Tomatoes – 69% ~ ဂန္ထဝင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင် အသစ်ထွက်ပါပြီ။ ဒါက ၅ ကားမြောက်ရုပ်ရှင်ပါ။ ပထမလေးကားကိုတော့ ဒါရိုက်တာ စတီဗင်စပီးဘတ်ရိုက်ကူးခဲ့ပြီး အခုရုပ်ရှင်ကိုတော့ James Mangold က ရိုက်ကူးထားတာပါ။ ဒါပေမဲ့လည်း Executive Producer အဖြစ် စပီးဘတ်နဲ့ လူးကပ်စ်တို့ ပြန်ပါဝင်ခဲ့ပါတယ်။ မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ်ပဲ ပြန်ပါဝင်ထားပြီး Phoebe Waller-Bridge ကတော့ အင်ဒီရဲ့မိတ်ဆွေ ဘာဆယ်ရဲ့သမီး ဟယ်လင်နာအဖြစ် ပါဝင်ထားပါတယ်။ ဗီလိန်နေရာမှာတော့ ဗီလိန် ဆရာကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်အစမှာ ဟယ်ရစ်ဆန်ဖို့ ငယ်ငယ်တုန်းကပုံကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားပါတယ်။ AI နည်းပညာကိုသုံးပြီး ဟယ်ရစ်ဆန်ဖို့ငယ်ငယ်က ရုပ်ရှင်ဟောင်းအားလုံးထဲကနေ လိုအပ်တဲ့ မျက်နှာထား ခံစားချက်နဲ့လိုက်တာတွေကို ရွေးထုတ်ပြီးပေါင်းစပ်သွားတဲ့နည်းပညာမို့ ဟယ်ရစ်ဆန်ဖို့ရဲ့ ငယ်ငယ်ကမျက်နှာအစစ်ကို မြင်နေရတာပါပဲ။ ဒါရိုက်တာ စပီးဘတ်ကိုယ်တိုင်ဒီရုပ်ရှင်ကိုကြည့်ပြီး သဘောကျခဲ့တာပါ။ “အင်ဒီယာနာဂျုန်းကို ငါတစ်ယောက်တည်း ရိုက်တတ်တယ်ထင်တာ၊ အခြားရိုက်တတ်တဲ့သူ ရှိသေးသားပဲဟ” လို့တောင် မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဘတ်ဂျက် သန်း ၃၀၀ သုံးခဲ့ပြီး သန်း ၃၈၀ လောက်ပဲ ပြန်ရတာမို့ ငွေကြေးအရအောင်မြင်မှု နည်းခဲ့ပေမဲ့ အင်ဒီယာနာဂျုန်းပီသတဲ့အခိုက်အတန့်လေးတွေ ဖျော်ဖြေမှုပေးနိုင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာကြောင့် IMDb မှာတော့ 6.8/10 ထိ ရလိုက်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရှေးဟောင်းသုတေသီ ဒေါက်တာ အင်ဒီယာနာဂျုန်းဟာ တက္ကသိုလ်ပါမောက္ခအဖြစ်ကနေ အငြိမ်းစားယူလိုက်ပါပြီ။ ယူပြီးမကြာခင်မှာပဲ သူ့မိတ်ဆွေရဲ့ သမီး၊ သူ့ရဲ့ခေါင်းကိုင်သမီး ဟယ်လင်နာက သူ့ကိုလာရှာပြီး အင်ဒီနဲ့သူ့အဖေတို့ ဒုတိယကမ္ဘာစစ်အတွင်း စွန့်စားပြီး ရယူပြီးမှ ပျောက်ဆုံးသွားတဲ့ အာခီမီးဒီးစ်ရဲ့ ဒိုင်ခွက် အန်တာကသီးရာ အကြောင်းကို လာစုံစမ်းပါတော့တယ်။ အဲဒီဒိုင်ခွက်နောက်ကို လိုက်နေတဲ့ အခြားသူကလည်း နာဇီဟောင်း ရူပဗေဒပညာရှင် ဒေါက်တာရှမစ် ဖြစ်နေပါတယ်။ သူကတော့ ဒီဒိုင်ခွက်ကို အသုံးချနိုင်တဲ့သူဟာ နတ်ဘုရားလို ဩဇာအာဏာကြီးလာမယ်လို့ ယုံကြည်နေတဲ့သူပါပဲ။ အင်ဒီနဲ့ ဟယ်လင်နာတို့တစ်ဖက် ဒေါက်တာရှမစ်တို့အဖွဲ့ကတစ်ဖက် ပြိုင်လုကြရင်း စွန့်စားခန်းကြီးတွေ ဖွင့်ကြပါတော့တယ်။ အင်ဒီယာနာဂျုန်းရဲ့ ဝိသေသဖြစ်တဲ့ ရှေးဟောင်းပဟေဠိတွေ၊ တကယ်ရှိခဲ့တဲ့ သမိုင်းတွေနဲ့ ရောစပ်ထားတဲ့ စိတ်ကူးယဉ်တွေ၊ ရှေးဂူသင်္ချိုင်းတွေထဲက စွန့်စားခန်းတွေ ဝေဝေဆာဆာနဲ့မို့ ကြည့်လို့ကောင်းမယ့် နောက်ဆုံးရုပ်ရှင်ပါပဲ။ Indiana Jones ဇာတ်ကားများကို https://channelmyanmar.to/?s=indiana+jones မှာကြည့်လို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 9GB ,3GB, 1.4GB Quality – WEB-DL4K.HEVC.5.1Ch,1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 2H 34Min Genre – Action, Adventure Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း အိုနေပြီဖြစ်သလို ဂျုံးစ်လည်း အိုနေပြီ၊ စပီးဘာ့ဂ်နဲ့ လူးကပ်စ်ရောပေါ့။ ဒါပေမဲ့ The Kingdom of the Crystal Skull (2008) ဟာ ပရိသတ်အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ မာရီယွန်ရေဗန်ဝုဒ်တို့ကို ပြန်ပေါင်းစည်းစေပြီး ခုခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေသုံးပြီး အရင်ကားတွေရဲ့ အရသာ ပြန်ရစေ‌ဖို့ အတတ်နိုင်ဆုံးကြိုးစားထားတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဇရာထောင်းလာပြီဖြစ်တဲ့ ဟယ်ရီဆင်ဖို့ဒ်အတွက် ဂျုံးစ်ဇာတ်ကောင်ကနေ အနားယူနိုင်အောင်လို့ လှလှပပသိမ်းထားတဲ့ ဇာတ်သိမ်းခန်းလေးနဲ့ပေါ့။ ဒါပေမဲ့ Shia LaBeouf ကြောင့် ဒီပလန် အလုပ်ဖြစ်မသွားဘူး။ 2012 မှာ Lucasfilm ကို ဒစ်စနေးက ဝယ်လိုက်လို့ Star Wars နဲ့ Indiana Jones ဟာ ဒစ်စနေးပိုင်ဆိုင်မှုအောက် ရောက်သွားတယ်။ အဲဒီနောက်မှာတော့ Star Wars တွေပဲ ပေါပေါလောလောထွက်လာပေမဲ့ အင်ဒီယာနာအတွက်တော့ ဇာတ်လမ်းရှာနေတာနဲ့တင် ဆယ်နှစ်ကြာသွားတယ်။ ကားအသစ်မှာသုံးဖို့ ဇာတ်ချိတ်ပစ္စည်း MacGuffin ကို လူးကပ်က စဉ်းစားထားပြီးပေမဲ့ ဇာတ်လမ်းကိုတော့ သူမရေးတော့ဘူး။ စပီးဘာ့ဂ်ကလည်း Kingdom of Crystal Skull အလွန်မှာ လူသစ်ဒါရိုက်တာတစ်ယောက်ယောက် ပြောင်းကိုင်စေချင်တယ်။ ဒီလိုနဲ့ပဲ အင်ဒီယာနာ ကားသစ်ဟာ Walk the Line, Logan နဲ့ Ford v Ferrari စတဲ့ ကားကောင်းတွေရိုက်ခဲ့တဲ့ James Mangold လက် ရောက်သွားတယ်။ The Dial of Destiny (2023) ဟာ Indiana Jones Franchise ကြီးအတွက် နောက်ဆုံးပိတ်ကားဖြစ်လာတယ်။ ပါရာမောင့်နဲ့ ငါးကား စာချုပ်ကလည်း ပြည့်ပြီကိုး။ Disney က လူပြောင်းပြီး ထပ်ညှစ်ထုတ်ရင် ထုတ်နိုင်လောက်သေးပေမဲ့ ဒီကားက Harrison Ford ရဲ့ Indiana Jones အတွက် ဇာတ်သိမ်းခန်းတစ်ခုခုကို ယူဆောင်ပေးရတော့မယ့်ကားတစ်ကားပါပဲ။ မထွက်သေးခင် Trailer အနေနဲ့ရော၊ ထွက်တဲ့အချိန်မှာရော Mixed Reviews တွေ အများကြီးရှိခဲ့တဲ့ နောက်ဆုံးကားဟာ ကောင်းမကောင်းဆိုတာ ကြည့်တဲ့သူအပေါ်အများကြီး မူတည်သွားပါလိမ့်မယ်။ သမိုင်းကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ဒီအတိုင်းပဲ ဖြစ်သင့်လား ဆိုတာက ကြည့်ပြီးရင်ဖြစ်လာမယ့် မေးခွန်းတစ်ခု‌ပေါ့။ ဘယ်လိုပဲဆိုဆိုပါ George Lucas, Steven Spielberg, John Williams နဲ့ Harrison Ford တို့ ဖန်တီးခဲ့ကြတဲ့ Indiana Jones Franchise ကြီးဟာ နှစ်ပေါင်း 40 ကျော်အကြာမှာ ရုပ်ရှင်ငါးကား စီးရီးတစ်ခုနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့ အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေကတော့ ဘယ်တော့မှ တိမ်ကော‌ပျောက်ပျက်မသွားမယ့် သမိုင်းတစ်ပုဒ်ပါပဲ။ “I am like a bad penny, I always turn up.” – Indiana Jones (Harrison Ford) #Y

Drama • Music
6.8 2023 155 mins
Indiana Jones and the Dial of Destiny
The Occupant
6.4

လူတစ်ယောက်ဟာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ရောက်နိုင်ဖို့ ဘယ်လောက်ထိ လုပ်မယ်လို့ စဉ်းစားတွေးကြည့်ဖူးလဲ…? အိမ်ထောင်ဦးစီးတစ်ယောက် ဇနီးရှိတယ် သားရှိတယ် ဒါပေမဲ့ အလုပ်အကိုင် အဆင်မပြေတော့ နေနေတဲ့ တိုက်ခန်းအကောင်းကို ရောင်းပြီး သာမန်တိုက်ခန်းလေးကို ပြောင်းခဲ့ရပြီး အလုပ်ပေါင်းစုံ ပြန်လျှောက်နေရတယ်။ အရင်တုန်းက နေခဲ့တဲ့ တိုက်ခန်း အပိုသော့လေးက အိမ်အကူဆီကနေ ရထားတော့ အလွမ်းပြေအနေနဲ့ လက်ရှိနေထိုင်သူတွေ မရှိတော့တဲ့အချိန်ဆို သော့ပိုလေးနဲ့ သွားပြီး ပြန်နေကြည့်တယ် ပြီးရင် ပြန်လာတယ် ဒီလိုနဲ့ပဲ… သူ အရင်တုန်းက ဆုံးရှုံးခဲ့ရတဲ့ ဒီတိုက်ခန်းလေးနဲ့ အဆင်ပြေကြောင့်ကြတဲ့ဘဝကို ပြန်ရဖို့အတွက် ကိုယ်ကျင့်တရားတွေ အမှန်အမှားတွေ အားလုံးကို ခဝါချ လွှင့်ပစ်လိုက်ပြီး လက်ရှိနေထိုင်နေတဲ့ မိသားစုကမ္ဘာထဲကို မုသာဝါဒတွေ ဥပါယ်တံမျဉ်တွေ သုံးပြီး ချည်းနင်း ဝင်ရောက်ခဲ့တဲ့ အခါမှာတော့…..။ လူသားတွေ လောဘဇော တက်လာတဲ့အခါ ဘာကိုမှ မမြင်နိုင်အောင် မျက်လုံးစုံကန်းမှုကို နှလုံးသွင်းစရာအနေနဲ့ ရိုက်ပြထားတဲ့ စပိန်စကားပြော စိတ်လှုပ်ရှားဖွယ် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Rotten Tomatoes 61% နဲ့ IMDB 6.4 ရရှိထားပါတယ်။ File size…1.04GB / 442MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

TV Movie • Comedy • Romance
6.4 2020
The Occupant
There’s Something in the Barn

ဇာတ်လမ်းအကျဥ်းလေးကတော့ ဘေလ်တို့မိသားစုက အမေရိကားကနေ နော်ဝေးကိုအိမ်ပြောင်းလာခဲ့ကြတယ်။ ဘေလ်ရဲ့ဇနီး ကယ်ရိုလ်က ကလေးတွေရဲ့မိထွေးပါ။ အဲဒါကြောင့် ဘေလ်က မိသားစုဘဝသစ်တစ်ခုဖြစ်လာအောင် ဆုံးသွားတဲ့ဦးလေးဆီက အမွေရခဲ့တဲ့ နော်ဝေးကခြံကြီးဆီကို ပြောင်းလာခဲ့တာပေါ့။ ဒါပေမဲ့ ခြံကြီးမှာက ထူးခြားတဲ့တင်းကုပ်ကြီးတစ်ခုရှိနေတယ်။ အဲဒါကတော့ တင်းကုပ်ကြီးမှာ နတ်သူငယ်တွေရှိနေတာပါပဲ။ တင်းကုပ်နဲ့ပက်သက်ရင် စည်းကမ်းတင်းကျပ်တဲ့နတ်သူငယ်တွေဖြစ်လို့ သူတို့နဲ့အန္တရာယ်ကင်းကင်းနေချင်ရင် လိုက်နာရမယ့်အချက်တွေရှိတယ်။ အဲဒါတွေကတော့ တင်းကုပ်မှာဆူညံသံတွေမဖွင့်ဖို့၊ အလင်းရောင်စူးစူးတွေမထွန်းဖို့ပါပဲ။ ဒါပေမဲ့ စည်းမျဥ်းတွေအားလုံးကို ဘေလ်တို့မိသားစုကချိုးဖောက်မိတဲ့အခါ…။ File size…(1.5 GB)/(832 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy, Horror, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Comedy • Crime • Romance
0 2023
There’s Something in the Barn
Breaking Point

ဒီဇာတ်ကားလေးကတော့ BreakDanceကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာယှဥ်ပြိုင်ရဖို့အတွက်ကြိုးစားခဲ့ရတဲ့”ထရေးနဲ့ဘန်ဂျီ”တို့ညီအစ်ကိုနှစ်ယောက်အကြောင်းကိုအဓိကထားရိုက်ကူးထားတာပါ ဒီဇာတ်ကားမှာ Hannah John Kamen နဲ့ Emily Carey တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ငယ်စဥ်ကတည်းက Breakdanceအကကို ဝါသနာရော ပါရမီပါ,ပါတဲ့ ထရေးနဲ့ဘန်ဂျီတို့ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့အမေသေဆုံးသွားပြီး​နောက်ပိုင်းမှာ မသင့်မမြတ်ဖြစ်ခဲ့ကြပါတယ် တစ်နေ့မှာ သူတို့နှစ်ယောက်လုံးဆီကို ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာ ဗြိတိန်ကိုယ်စားပြုယှဥ်ပြိုင်သူတွေကိုရွေးချယ်ဖို့ လူရွေးပွဲလာပြိုင်ခိုင်းတဲ့ကမ်းလှမ်းမှုကိုရရှိခဲ့ပါတယ် သူတို့နှစ်ယောက်လူရွေးပွဲမှာအရွေးခံရပြီး ဗြိတိန်ကိုယ်စားပြုတွေအနေနဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာ အခြားနိုင်ငံတွေနဲ့ယှဥ်ပြိုင်ရတဲ့အခါ…… မသင့်မမြတ်ဖြစ်နေကြတဲ့ညီအစ်ကိုနှစ်ယောက်ပြန်လည်းသင့်မြတ်သွားပါ့မလား သူတို့ရောအဖွဲ့ရော ပြိုင်ပွဲမှာအနိုင်ရနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Horror
0 2023
Breaking Point
Parijatha Parvam
7.5

Parijatha Parvam (2024) မင်းသားတစ်ယောက် ဖြစ်ဖို့အရေး ဒီတစ်ခါမှာတော့ Comedy, Thriller အမျိုးအစား အိန္ဒိယဇာတ်လမ်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ နယ်မြို့လေးတစ်မြို့က သာမညကောင်လေးနှစ်ယောက် တစ်ယောက်က ဒါရိုက်တာ တစ်ယောက်က မင်းသားဖြစ်ဖို့အတွက် ပရိုဂျူဆာတွေကို ကပ်ရင်း ဇာတ်ကားထွက်ရှိဖို့ ကြိုးစားတဲ့အခါ တိုက်ခိုက်ခြင်းမျိုးစုံကို ကြုံရပါတော့တယ် အဲဒီအချိန်မှာ ပရိုဂျူဆာတစ်ယောက်က သူတို့ကို နှိမ့်ချဆက်ဆံတဲ့အတွက် နှစ်ယောက်သား အဲဒီပရိုဂျူဆာရဲ့ မိန်းမကို ပြန်ပေးဆွဲဖို့ စီစဉ်ပါတော့တယ် ဒါပေမဲ့ ပြန်ပေးဆွဲရတဲ့တကယ့်နောက်ကွယ်က အကြောင်းအရင်းက နှိမ့်ချဆက်ဆံတာကြောင့်တင် ဟုတ်ပါ့မလား ဘာလို့များ တကူးတကကြီး ပြန်ပေးဆွဲတာလဲက တွေးစရာဖြစ်လာပါတယ် ဒီတော့ ဘာတွေဆက်ဖြစ်မလဲ…. ဘယ်လိုတိုက်ခိုက်ခံရလို့ ပြန်ပေးဆွဲတာအထိပါ လုပ်ဖို့ ကြံစည်ရတာလဲ…. နောက်ကွယ်မှာ တခြားအကြောင်းအရင်း ရှိနေမလား…သိချင်ရင် ဇာတ်လမ်းလေးကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood team က ဖြစ်ပါတယ်)

7.5 2024 133 mins
Parijatha Parvam
Hold Your Breath

၁၉၃၀ ခေတ်ဟောင်း ဒရာမာ ဟော်ရာအမျိုးအစား ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ဒါရိုက်တာကလည်း Westworld စီးရီးထဲက ဇာတ်ညွှန်းဆရာတွေဖြစ်တဲ့ William Joines, Karrie Crouse အတွဲပါပဲ။ မင်းသမီးကတော့ 12 years a slave တို့ Run တို့ ရိုက်ခဲ့တဲ့ Sarah Paulson ပါပဲ။ ဇာတ်လမ်းအကျဉ်း သဲမုန်တိုင်းတွေ ဆက်တိုက်ကျနေပြီ အစာရေစာရှားပါးတဲ့၊ ရောဂါထူပြောတဲ့ ကပ်ဘေးကြုံနေရတဲ့ မြို့လေးတစ်မြို့အကြောင်းကို ရိုက်ပြထားတာပါ။ အဲဒီမြို့ရဲ့ ဒေသပုံပြင်ထဲမှာ မီးခိုးရောင်လူကြီးဆိုတာရှိပါတယ်။ အဲဒီလူကြီးက သဲမှုန်တွေနဲ့အတူ ရောပါလာနိုင်တဲ့အစွမ်းရှိပြီး သူ့ကိုရှုမိတဲ့သူတွေက သူခိုင်းတဲ့ မကောင်းတာတွေအကုန်လုပ်မိတတ်ပါတယ်တဲ့။ အဲဒီ မြို့လေးမှာပဲ ယောကျ်ားဖြစ်သူက ခရီးသွားနေပြီး သမီးနှစ်ယောက်ကို စောင့်ရှောက်ရင်း ကျန်နေခဲ့တဲ့ အမေတစ်ယောက်ရှိတယ်။ အဲဒီမြို့ထဲက ထူးဆန်းတဲ့ ကြောက်စရာလူသေမှုတွေအပြီးမှာ သူတို့ရဲ့အိမ်ကိုလည်း လူစိမ်းတစ်ယောက်ရောက်လာပါတယ်။ အဲဒီလူက လူကောင်းလား လူဆိုးလား၊ ဒါမှမဟုတ် မိစ္ဆာအစစ်လားဆိုတာကို ပဟေဠိတွေကြားထဲကနေ ဝေခွဲရင်း အသက်ရှင်ဖို့ ကြိုးစားရတဲ့ ဟော်ရာအမျိုးအစားပါပဲ။ File size…(1 GB)/(572 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Horror, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

0 2024
Hold Your Breath
The Mehta Boys
6.7

The Mehta Boys (2025) သွေးသည်ရေထက်ပျစ်သည် 3 idiots လို မသိသူမရှိလောက်အောင် ကျော်ကြားခဲ့တဲ့ရုပ်ရှင်မှာ တက္ကသိုလ်က‌ ပါမောက္ခကျောင်းအုပ်နေရာကနေ ဗီရူအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Boman Irani က ဒီရုပ်ရှင်ထဲမှာ ကိုယ်တိုင် ဒါရိုက်တာရော မင်းသားအနေနဲ့ပါ ပါဝင်ထားပါတယ်။ လူသား‌တွေအနေနဲ့ မွေးကတည်းက စတင်ထိတွေ့ ရင်းနှီးရတာ ကိုယ့်မိခင်နဲ့ဖခင်ပါ။ သူတို့ရဲ့မေတ္တာတရားတွေ စောင့်ရှောက် ဆုံးမမှုတွေနဲ့ ကြီးပြင်းလာရပြီး လူလားမြောက် အရွယ်ရောက်လာတဲ့အချိန်မှာတော့ ကတောက်ကဆ ဖြစ်လာတတ်ကြပါတယ်။ ဒီဇာတ်ကားလေးမှာလည်း အာမေဆိုတဲ့ ဗိသုကာပညာရှင်လေးဟာ သူ့မိခင်ဆုံးပါးသွားချိန်ကစလို့ သူနဲ့စကားကြောမတည့် မျက်နှာကြောမတည့်ဖြစ်နေရတဲ့ဖခင်နဲ့ အတူနေရပါတော့တယ်။ သူ့ဖခင်အနေနဲ့လည်း ဇနီးဖြစ်သူက ဆုံးပါးသွားလို့ စိတ်ထိခိုက်နေရတဲ့အပြင် သူတစ်သက်လုံးနေထိုင်ကြီးပြင်းခဲ့ရတဲ့ နေရပ်ဒေသကိုစွန့်လွှတ်လို့ တစ်ခြားဒေသမှာနေရဖို့ဖြစ်လာတဲ့အခါမှာတော့ သားဖြစ်သူနဲ့ ပိုလို့မတည့်တော့ပါဘူး။ ဒီလို ဆက်ဆံရေးမပြေလည်ရာကနေ အေးစက်မလိုဖြစ်နေတဲ့ ယောက်ျားသားနှစ်ဦးကို ကြားထဲကညှိနှိုင်းပေးနေရတာကတော့ အာမေရဲ့အစ်မဖြစ်သူ အာနူပါ။ ဘယ်လိုပဲစကားများရန်ဖြစ်ကြတယ်ဆိုဆို မိသားစုဆိုတာ အချိန်တန် အရေးကြုံရင် ပြန်လည်စည်းလုံးပေါင်းစည်းကြရ‌တာမို့ သူတို့သားအဖ ဘယ်လိုပြေလည်ကြမလဲ၊ အာနူကဘယ်လိုညှိနှိုင်းပေးရမလဲ၊ သူတို့ရဲ့ဖခင်ကရော ပြောင်းသွားတဲ့နေရာမှာ အဆင်ပြေသွားလား ဆက်လက်နေထိုင်ဖြစ်သွားလားဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

6.7 2024 116 mins
The Mehta Boys
One Last Thing
5.6

ချစ်ခြင်းမေတ္တာဆိုတာ တစ်ဦးနဲ့တစ်ဦး နည်းမျိုးစုံနဲ့ပေါက်ဖွားနိုင်ပါတယ် ဖြစ်ပေါ်လာတဲ့ မေတ္တတရားကိုလည်း ဖော်ပြပေးရမယ့် စကားလုံးလေးတွေလုပ်ရပ်လေးတွေလည်း အမျိုးမျိုးရှိတာပေါ့နော် ဒီဇာတ်ကားလေးထဲမှာ ဆိုးသွမ်းတဲ့ဇနီးနဲ့ သားလားသမီးလားမသိတဲ့ကလေးကို၂၅ နှစ်လောက် ရှာဖွေနေတဲ့ အထီးကျန်လှတဲ့ သွားဆရာဝန်ကြီး တစ်ယောက်အကြောင်းကနေ စတင်ပါတယ် မိသားစုကို ပြန်ဆုံချင်လို့ လိုက်ရှာပေမယ့် ကံဆိုးကံကောင်းစွာနဲ့ သမီးလေး ရှိနေသေးတယ်ဆိုတာကိုသိလိုက်ရလို့ သမီးဖြစ်သူနဲ့ဆုံဖို့သွားတော့ ကျောက်ကပ်မကောင်းတဲ့ဝေဒနာကို ခံစားနေရတဲ့သမီးဖြစ်သူနဲ့ဆုံခဲ့ရပါတယ် သမီးဖြစ်သူကလည်း ကိုယ့်အဖေဖြစ်တာကိုမယုံရဲယုံရဲလက်ခံပြီး သားအဖနှစ်ယောက်ကြားမှာရှိတဲ့ ၂၅ နှစ်တာ ဝေးကွာထားတဲ့စိမ်းကားမှုတွေကိုကြိုးစားဖြေဖျောက်ကြရင်း ကိုယ့်ကိုယ်ကိုဝေဒနာနဲ့သေဆုံးတော့မယ်ဆိုတာ လက်ခံထားတဲ့ သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒ …. သမီးဖြစ်သူကို ကျောက်ကပ်အစားထိုးကုသပြီး အရာအားလုံးပေးထားခဲ့ချင်တဲ့ အဖေတစ်ယောက်ရဲ့ ဆန္ဒ တွေကို နှစ်ယောက်စာ ခံစားရင်း စီးမျောရမယ့် ဇာတ်ကားကောင်းလေးပါ… File size… 1.4 GB / 611 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htoo Htoo Ka Joe

Drama • Fantasy
5.6 2018 91 mins
One Last Thing
The Gingerbread Man

IMDb – 5.7/10 RT – 60% ဇ ာတ်လမ်းအကျဉ်းကို ပြောပြရရင် အောင်မြင်နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ရစ်ခ် မက်ဂရူဒါ (Kenneth Branagh) ဟာ ဇနီးသည် လီယန် (Famke Janssen)နဲ့ ကွာရှင်းထားရသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါမကျန် ဇာတ်ရှုပ်ချင်သူဖြစ်ပါတယ်။ တစ်ညမှာတော့ စားပွဲထိုးမလေး မယ်လိုရီ (Embeth Davidtz) ကို အိမ်ပြန်လိုက်ပို့ပေးရင်း ငြိသွားကြပါတယ်။ နောက်ပိုင်းမှာတော့ မယ်လိုရီကို သူမရဲ့အဖေ ဒစ်ဆင် (Robert Duvall)က လိုက်နှောက်ယှက်ပြီး စိတ်ဒုက္ခပေးနေတာကို သိရတော့ ဒစ်ဆင်ကို စိတ်ကျန်းမာရေးဆေးရုံရောက်အောင် သူတတ်နိုင်တဲ့နည်းနဲ့ လုပ်လိုက်ပါတယ်။ ဒါပေမယ့် ခေသူမဟုတ်တဲ့ ဒစ်ဆင်ကလည်း ဆေးရုံကနေ ထွက်ပြေးလာပြီး ရစ်ခ်နဲ့ သူနဲ့ပတ်သတ်သူတွေကို အန္တရာယ်ပြုပါတော့တယ်။ သူခေတ်သူ့အခါက နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ ဆာဘွဲ့ရ Kenneth Branagh ၊ စနိုက်ပါ မင်းသားကြီး Tom Berenger ၊ Daryl Hannah ၊ Embeth Davidtz ၊ Robert Duvall တို့အပြင် MCU ရဲ့ သခင်ကြီး RDJ ရဲ့ ငယ်နုစဉ်က သရုပ်ဆောင်ပုံတွေကိုပါ ရှုစားရမှာပါ။ အဖော်အချွတ်အချို့ပါလို့ R-rated ပါ။ ဇာတ်ညွှန်း‌ရေးသားသူ John Grisham နဲ့ Clyde Hayes ဖြစ်ပြီး ဒါရိုက်တာ Robert Altman ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူ Thompson ဖြစ်ပါတယ်။ File size…(2.8 GB)/(1.5 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

TV Movie • Drama • Thriller
0 1998
The Gingerbread Man
Time to Be Strong
6.5

Time to Be Strong (2025) *********************** IMDb… 6.5 Beyond Evil , The Sound of Magic တို့ထဲက မင်းသမီး Choi Sung-Eun၊ Cheer Up ထဲက မင်းသား Hyun Woo Seok နဲ့ Family By Choice ထဲက မင်းသမီး Ha Seo-Yoon တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Healing ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – ကိုယ့်ရဲ့ ငယ်ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံပြီး အိုင်ဒေါအဖြစ် ပွဲဦးထွက်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း ၏ အများစိတ်ဝင်စားမှုကို မရလိုက်ဘဲ အဖွဲ့ဖျက်သိမ်းလိုက်ရတဲ့ Love&Liz အဖွဲ့ဝင်ဟောင်း ဆူမင် (Choi Sung-Eun) နဲ့ အီဆာရန်း (Ha Seo-Yoon) ၊ Five God Child အဖွဲ့ဝင်ဟောင်း ထယ်ဟီး (Hyun Woo Seok)… အမြဲ အေဂျင်စီက ခိုင်းသလိုပဲ လုပ်လာခဲ့ရတဲ့ သူတို့သုံးဦးဟာ အနားယူပြီးနောက်မှာ ဘာလုပ်ဘာကိုင်ရမလဲမသိဘဲ လမ်းပျောက်နေပေမဲ့လည်း အားလပ်ချိန်ရှိသွားပြီဖြစ်တဲ့အတွက် ကျောင်းနေအရွယ်တုန်းက မသွားဖြစ်ခဲ့တဲ့ လေ့လာရေးခရီးသွားဖို့ သုံးယောက်သား အစီအစဉ်ချဖြစ်သွားတဲ့အခါမှာတော့… သူတို့ရဲ့ ဂျယ်ဂျူကျွန်း ခရီးစဉ်လေးမှာ ဘယ်လိုတွေ အချိန်ကုန်ဆုံးကြမလဲ… ဘယ်လိုအမှတ်တရ‌လေးတွေ ဖန်တီးကြမလဲဆိုတာကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ စိတ်အပန်းပြေဖွယ် ရိုက်ကူးပြထားတာမို့လို့ ဆူမင်၊ ဆာရန်း၊ ထယ်ဟီးတို့ သုံးဦးနဲ့အတူ လိုက်ပါစိတ်အပန်းဖြေရင်း ရုပ်ရှင်လေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size : 1.81GB/ 900MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…1hr40m Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Su Sandi, Hsu Pyae & Hnin Wai Oo Encoded by Tiff

6.5 2025 99 mins
Time to Be Strong
Henry Johnson
5.6

Henry Johnson (2025) Transformers ရုပ်ရှင် ပထမဆုံးသုံးကားက ပင်တိုင်ဇာတ်ကောင် Shia LaBeouf ရဲ့ ရုပ်ရှင်သစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဟင်နရီဂျွန်ဆန်ဆိုတဲ့ ဇာတ်ကောင်၊ သူ့ကုမ္ပဏီပိုင်ရှင်သူဌေး၊ ထောင်ထဲက အခန်းဖော်၊ ထောင်စောင့်။ ဒီလေးယောက်စကားပြောနေရင်းနဲ့ပဲ ဇာတ်လမ်းကို ပုံဖော်သွားခဲ့တာပါ။ ဟင်နရီက ထောင်ထဲကသူငယ်ချင်းဖြစ်သူ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အရေး သူ့သူဌေးဆီကနေ အလုပ်ကမ်းလှမ်းပေးဖို့တောင်းဆိုရာက သူကိုယ်တိုင် ဂျေးအောင်းလိုက်ရတယ်။ ဒီမှာပဲ ထောင်ထဲကအခန်းဖော်ဆီက စနစ်ကြီးနဲ့ မိန်းမတွေဆိုတာ ဘယ်လောက်မယုံကြည်ရကြောင်း ဩဝါဒအကြီးကြီးတွေမှာ မှိုင်းမိပြီး ဦးနှောက်ဆေးခံလိုက်ရတာကနေစလို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size… (1.2 GB) / (500 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime Drama Duration…. 01:25:39 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Pyae Phyo

Adventure • Fantasy • Animation • Science Fiction • Family
5.6 2025 85 mins
Henry Johnson