YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The Boy Next Door [2015] (MM Sub).mp4

626.72 MB N/A video/mp4 2212 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lover of the Last Empress
6.4

Chingmy Yau ကို တော်တော်များများ နာမည်နဲ့တွဲမသိကြရင်တောင် လူကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ သူဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ကာလ ဟောင်ကောင်ရုပ်ရှင်ရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဂီချောင်တို့ ဘရစ်ဂစ်တီလင်းတို့ကိုတော့မမီပေမဲ့ သူတို့လောက်နီးနီးနာမည်ကြီးခဲ့တဲ့သူပါပဲ။ ဟောင်ကောင်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns, စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp I & II, ဂျက်ကီချမ်းရဲ့ City Hunter, ဂျက်လီရဲ့ Kung Fu Cult Master, အန်ဒီလောင်ရဲ့ Casino Tycoon, အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့လိုကားတွေလည်းရိုက်ခဲ့သလို Naked Killer တို့လို Category III ဖလင်ပေါင်းများစွာမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အခု Lover of the Last Empress ကားကလည်း Category III films အမျိုးအစားထဲပါပြီး မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်တဲ့ အခန်းတွေလည်း မနည်းပါဝင်ပါတယ်။ သူရိုက်ဖူးသမျှကားတွေထဲ အကြမ်းဆုံးလို့တောင်ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ တရုတ်ပြည်ရဲ့နောက်ဆုံးဧကရီဘုရင်မအကြောင်းပါပဲ။ ဘာလဲဟဆိုပြီးဖြစ်ချင်စရာပဲမလား။ တရုတ်ပြည်ရဲ့ နောက်ဆုံးဧကရာဇ်ဟာ ပုရီဖြစ်ကြာင်း တော်တော်များများ သိပြီးသားပဲကိုး။ တကယ်တမ်း ပုရီအပါအဝင် သူ့ရှေ့ကမင်းနှစ်ဆက်လောက်ဟာ ရုပ်သေးဘုရင်တွေသာဖြစ်ပြီး တကယ်တမ်းအုပ်စိုးခဲ့တဲ့သူက ရှီစီလို့ခေါ်တဲ့ ဧကရီမကြီးလို့ ဆိုကြပါတယ်။ သူ ဧကရီမကြီးဖြစ်မလာခင် သာမန်မိန်းကလေးဘဝကနေ ရက်စက်ပြီး ဘယ်သူမှမငဲ့တဲ့ ဧကရီမကြီး ဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာကို ရိုက်ပြထားပြီး တစ်ဖက်မှာလည်း မနူးမနပ်ကလေးမလေးဘဝကနေ မင်းကြီးစွဲနေအောင် လုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို သင်ယူခဲ့တာတွေကိုလည်းပြထားတယ်။ Category III ကားအနေနဲ့လည်း ကြည့်ကောင်းသလို ဒီတိုင်းလည်း ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ CateIII ကားပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Infernal Affairs ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Andrew Lau ဖြစ်ပြီး ဇာတ်လမ်းကိုရေးသားတဲ့သူကတော့ ချောင်ကား တော်တော်များများရိုက်ဖူးသလို တွဲဖက်ပါသရုပ်ဆောင်ဖူးတဲ့ ဝမ်ကျင်းပါပဲ။ ဟောင်ကောင်စီနီမာအကြောင်းပြောရင် တစ်ထောင့်တစ်နေရာက ပါနေမယ့်လူပဲပေါ့။ ရိုက်တာတို့ ရေးတာတို့ကတော့ ဆရာကြီးတွေချည်းပါပဲ။ မင်းသားတွေကတော့ ဘစ်တိုနီလို့သိကြတဲ့ တိုနီလျောင်ခဖိုင်နဲ့ ဂျက်ကီချမ်းရဲ့ Shanghai Noon ထဲပါဖူးတဲ့ Rongguang Yu တို့တွေပါ။ CateIII ကားပေမဲ့ အဘက်ဘက်က တော်တော်လေး လန်ထွက်နေသလို Chingmy Yau ရဲ့ ကိုယ်ကာယအလှတွေကိုလည်း တဝကြီးရှုစားရမယ့် ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ နာမည်ကြီးမင်းသမီးဖြစ်ပြီး ဘာလို့ ဒီလိုရိုက်လဲတော့ မမေးကြပါနဲ့။ ဂျက်ကီချမ်းတောင် CateIII ကားတွေ ရိုက်တဲ့ဘဝကနေ ဒီအထိတက်လာခဲ့တာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 880MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 40Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Mystery • Thriller
6.4 1995 100 mins
Lover of the Last Empress
Home Coming
6.6

ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ Numedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ် အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ------------ ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁.၅ ဘီလီယံ​ကျော်ရရှိခဲ့သည့်အပြင် နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ကျန်းယိ ဝမ်ကျွင့်ခိုင်(TFBOYS အဖွဲ့ခေါင်းဆောင်) နဲ့ ယင်းထောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးဖြစ်တာမို့ လုံးဝကို လက်မလွှတ်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်နော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Thriller Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Animation • Science Fiction • Thriller
6.6 2022 137 mins
Home Coming
Oligosaccharide The Movie
5.6

အခုတစ်ခေါက်က ဟာသဆန်ဆန် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် လူငယ်ဇာတ်ကားလေးပါ သာမန်ရုံးသမားလူငယ်တစ်‌ယောက်ရဲ့ ဘဝမှာ တွေ့ဖူးခဲ့တဲ့ မိန်းမတွေအကြောင်း ဇာတ်လမ်းအတိုလေး ငါးခုကို ဇာတ်ကားအဖြစ်ပေါင်းထားတဲ့ ဇာတ်ကားလေးပါ ညီကိုတို့လို လိင်စိတ်ဆန္ဒ ပြင်းပြတဲ့ လူငယ်တွေ " ဆေးလိပ်နဲ့အရက်သာ မ‌ေသာက်ဘဲနေနိုင်မယ် ဆန္ဒကိုတော့ သိက္ခာနဲ့ မထိန်းနိုင်ဘူး " ဆိုတဲ့ ယောက်ျားလေးတွေအတွက် ကောင်မလေးက အရမ်းတင်းကြပ်တဲ့ အခါ နေရထိုင်ရခက်တဲ့ အကြောင်းကို ဟာသနှော ရိုက်ကူးထားတဲ့ အချစ်ကားလေး ဖြစ်ပါတယ် လူငယ်တွေ အထူးသဖြင့် အိမ်ထောင်ပြုခါနီး စုံတွဲတွေ တစ်ညတာ ပျော်ပျော်ပါးပါးနဲ့ ရယ်မောရင်း ဖြတ်သန်းချင်ရင်တော့ ဒီကားလေးကြည့်ဖို့ အကြံပေးချင်ပါတယ်နော် အညျွန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။ Genre..... Adult, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 608MB | 257MB Format… mp4 Duration….  1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rookie Encoder ..... Blank

Crime • Mystery • Thriller
5.6 2017 103 mins
Oligosaccharide The Movie
Anek
6.2

ခုတစ်ခါထွက်ရှိလာတဲ့ မင်းသားချော အရွရ်ှမန်းရဲ့ဇာတ်ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းသလို ဗဟုသုတတွေလည်း အများကြီးရပါတယ် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေနဲ့အကြမ်းဖက်မှုတွေ ဒေသခံပြည်သူတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရရဲ့ကြား မြေစာပင်ဖြစ်ရမှုတွေကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ မှတ်သားလောက်ပါပေတယ်.. ထောက်လှမ်းရေးအရာရှိလေး အမန်းက အငြင်းပွားဖွယ်ဖြစ်နေတဲ့ နယ်စပ်ဒေသတစ်ခုရဲ့ အကြမ်းဖက်မှုတွေ ပြေငြိမ်းဖို့ အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုတဲ့ နေရာမှာ ကူညီပေးဖို့ တာဝန်ကျလာတယ်... သူ အဲ့ဒီဒေသကို ရောက်သွားတဲ့အခါ ဒေသခံတွေ ညှင်းပန်းနှိပ်စက်ခံရမှုတွေ မစွမ်းသာတဲ့အဆုံး လူငယ်လေးတွေ ကြမ္မာနွံထဲ နစ်ခဲ့ရပုံတွေကို မြင်တွေ့ခဲ့ရပါတယ်... တကယ်တော့ ငြိမ်းချမ်းရေးဆိုတာကို လူတိုင်းက မလိုလားကြပါဘူး... တချို့လူတွေက သူတို့ကိုယ်ကျိုးအတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်သယောင်နဲ့ အကြမ်းဖက်နေတာတွေကို မြင်တွေ့လာရတဲ့အခါ... မှန်တယ်ထင်တာကို လုပ်မယ့် ဒီအရာရှိလေးရဲ့ စစ်ဆင်ရေးခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာတော့...။ အစိုးရတစ်ရပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကြား တကယ်တမ်း အေးချမ်းမှုလိုအပ်နေသူနဲ့ ပြေလည်မှုလိုလားသူကြား ကွာဟချက်ကိုလည်း ဒီဇာတ်ကားမှာ ကောင်းကောင်းကြီး မြင်တွေ့ရမှာဖြစ်လို့ ရှုစားပေးကြပါဦးရှင့်... File size…3.05GB / 1.38GB Quality…720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R

Action • Science Fiction • Thriller
6.2 2022 146 mins
Anek
Lakeview Terrace
5.9

မေနိုးဆရာကြီး Samuel L.Jackson နဲ့ သရဲနှင်ဆရာကြီး Patrick Wilson အပြိုင်ကြဲထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အေဘယ်က လူမည်းရဲအရာရှိပါ။ သမီးတစ်ယောက် သားတစ်ယောက်နဲ့ single father ပေါ့။ လက်ပေါက်ကပ်ပြီး စည်းကမ်းတွေများလွန်းလို့ သားနဲ့သမီးကပါ ချဉ်နေတဲ့သူပါ။ သူတို့အိမ်ဘေးကခြံကို လူဖြူအမျိုးသား ခရစ်နဲ့ လူမည်းအမျိုးသမီ း လီဆာဆိုတဲ့ လင်မယားနှစ်ယောက် ပြောင်းလာပြီးတည်းက အေဘယ် ပုံစံတွေပြောင်းသွားပါတယ်။ သူ့မှာ ရှိတဲ့ toxic mindset က လူမည်းလူဖြူ စုံတွဲဆက်ဆံရေးကို ခါးခါးသီးသီး မုန်းတီးနေတာပါပဲ။ အဲဒီတော့ ခရစ်နဲ့ လီဆာ ပြောင်းသွားအောင် နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးရာက သူ့ racist အတွေးအခေါ်တွေက ထိန်းမနိုင် သိမ်းမရဖြစ်လာတဲ့အခါ…. File Size :(1.9GB)(792 MB) and (228 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:58:00 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Comedy • Romance
5.9 2008 110 mins
Lakeview Terrace
Once Upon a Time in the West
8.3

~ IMDb - 8.5/10, RT - 95%, Meta - 80% ~ Directed By Sergio Leone ရုပ်ရှင်သမိုင်းထဲက အပြောင်မြောက်ဆုံး ဒါရိုက်တာတွေအကြောင်းပြောရင် Sergio Leone ကို ချန်ခဲ့လို့မရလောက်ပါဘူး။ Sergio Leone ဆိုတဲ့ နာမည်ကို သိပ်မရင်းနှီးရင်တောင် Dollars Trilogy တို့ Once Upon A Time In America တို့ကို ရင်းနှီးကြမှာပါပဲ။ Sergio ဟာ တစ်သက်လုံးမှာမှ ၇ကားပဲ ရိုက်ခဲ့ပြီး ၆ကားက အနုပညာအရ ၀က်၀က်ကွဲ အောင်မြင်ခဲ့တဲ့ကားတွေပါ။ သူရိုက်ခဲ့တဲ့ Dollar သုံးကားကိုတော့ Dollars Trilogy အဖြစ် သတ်မှတ်ထားပြီး Once Upon A Time In America, Once Upon A Time In The West နဲ့ Duck, You Sucker! တို့ကိုတော့ Once Upon A Time Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ဒီ Trilogy ၂ခုစလုံးဟာ အကောင်းဆုံး Trilogyတွေ စာရင်းတွေရဲ့ ထိပ်နားတွေမှာ ပါနေကျပါပဲ။ ဒီ၆ကားလုံးမှာ Once Upon A Time In America ကလွဲ ကျန်တဲ့၅ကားက Spaghetti Western ကားတွေပါပဲ။ ၆ကားလုံးဟာ သူ့မာစတာပိစ်‌တွေလို့ ပြောလို့ရပါတယ်။ Sergio ကို Spaghetti Western ရဲ့ Creator လို့ ဆိုကြပါတယ်။ Spaghetti Western ဆိုတာက Western ကားတွေရဲ့ genre အခွဲတစ်ခုဖြစ်ပြီး ‌အီတလီသားတွေရိုက်တဲ့ Western ကားတွေကို ဝေဖန်ရေးသမားတွေပေးထားတဲ့နာမည်လို့ အကြမ်းဖျင်းဆိုလို့ရပါတယ်။  Sergioဟာ အနီးကပ်ရိုက်ချက်တွေ Long Takeတွေ လှိုင်လှိုင်သုံးပြီး ရိုးရိုးရှင်းရှင်း ဇာတ်လမ်းကိုတောင် အစကြည့်မိတာနဲ့ ဘာဆက်ဖြစ်မလဲသိချင်ပြီး ဆုံးတဲ့ထိကြည့်မိအောင် ဆွဲ‌ဆောင်မှုရှိတဲ့ Storytelling မျိုးကို သုံးတတ်တဲ့သူပါ။ သူရိုက်တဲ့ Westernကားတွေမှာ သေနတ်မပစ်ခင်ကို အချိန်အတော်ယူပြီး ကာရိုက်တာတွေရဲ့ အနေအထားကို ပြတတ်ပြီး ‌ချွေးတွေမျက်နှာမဲကြီးတွေ မမှိတ်မသုန်အကြည့်တွေကို အနီးကပ်ရိုက်ပြ ပုံဖော်တတ်ပါတယ်။ အသေးစိတ်ကို ပုံဖော်တတ်တဲ့ Perfectionist လို့ ဆိုလို့ရပါတယ်။  Once Upon A Time In The West ဟာ Sergio ရဲ့ ပုံစံအတိုင်းပဲ ပဟေဠိဆန်တဲ့ ကောင်းဘွိုင်သေနတ်သမားတစ်ယောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားပြီး ပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။ 12 Angry Men က Henry Fonda, The Magnificent Seven က Charles Bronso nနဲ့ Claudia Cardinaleတို့က အဓိကသရုပ်ဆောင်ထားသလို Sergio ရုပ်ရှင်ပီပီသသ စီနီမာတိုလည်း လန်းပါတယ်။  ထူးခြားတာကတော့ မကြည့်ခင်က အဓိကဇာတ်ကောင်က Henry Fonda ဖြစ်မယ်ထင်ခဲ့ပေမဲ့ တကယ်တမ်း သူက ဗီလိန်နေရာက သရုပ်ဆောင်ထားတာပါ။ Henry Fonda ရဲ့ တစ်ခုတည်းသော ဗီလန်ဇာတ်ကောင်ဖြစ်ပြီး တခြားသရုပ်ဆောင်တွေကိုလည်း သူတို့သရုပ်ဆောင်နေကျနဲ့ ကွဲပြားတဲ့ ပုံစံတွေမှာ သုံးသွားတယ်ဆိုပါတယ်။ ပသို့ပဲဆိုဆို Henry Fonda ကတော့ သရုပ်ဆောင်ကောင်းမြဲပါပဲ။  Featured Song ဖြစ်တဲ့ Once Upon A Time In The West ကို Ennio Morricone က ရေးသားထားတာဖြစ်ပြီး သူဟာ Academy Honorary Award ရထားတဲ့ နှစ်ယောက်တည်းသော Composer တွေထဲက တစ်ယောက်ပါ။ Sergio ရဲ့ ကားတိုင်းမှာ သူပါပါတယ်။ ဒီသီချင်းကြောင့်လည်း ရုပ်ရှင်ဟာ Once Upon A Time ဆိုတဲ့ စကားလုံးနဲ့ ပိုပြီးလိုက်ဖက်သွားခဲ့တာပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.9GB, 1.53GB Quality - Blu-ray 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 2H 45Min Genre - Western Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller
8.3 1968 166 mins
Once Upon a Time in the West
Kajillionaire
6.3

IMDb Rating - 6.4/10 ဒီဇာတ်ကားလေးဟာ IMDb Rating 6.4/10 ရရှိထားပြီး ကြည့်လို့ကောင်းတဲ့ Crime, Drama ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ◌်းကိုပြောပြရရင် ရောဘတ်နဲ့ ထရီဇာဆိုတဲ့ စုံတွဲဟာ လူတွေကို လှည့်ပတ်လိမ်လည်နေတဲ့ ဂျင်ပေါ်ကထုံး လမ်းဘေးကြွက် Con Artist နှစ်ယောက်ပါ၊ ရတဲ့ဝေစုကို အမြဲတမ်း ၂ ယောက်ခွဲယူတယ် ဒီလိုနဲ့ သူတို့ ဘဝကို လည်ပတ်ဖြတ်သန်းနေတာပါ။ နောက်ပြီး သူတို့မှာ သမီးလေး တစ်ယောက်ရလာတော့လည်း ပညာအမွေပေးတဲ့အနေနဲ့ အဲ့ဒီ သမီးကို ၂၆ နှစ်လုံးလုံး သူတို့လိုလူလိမ်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ (စေတနာတွေနော်) ရောဘတ်ပြောတဲ့ စကားအရဆို ငါ့သမီးက စာမရေးတတ်ခင် အရွယ်ကထဲက လူတွေကို ဘယ်လိုလှည့်ပတ်ရမလဲ သိနေပြီတဲ့.... အဲ့ဒီလိုနဲ့ သူတို့ ၃ ယောက်အဖွဲ့ထဲကို မယ်လီနာဆိုတဲ့ ကောင်မလေး တစ်ယောက်ရောက်လာပြီး ဓားပြမှုတစ်ခုကို စီစဉ်ကြတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုဆက်လက်ကြည့်ရှုပေးပါ ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 44min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama Source : 1080p.WebRip Translator – Thiha Yan Naing Encoder – SWM

Reality
6.3 2020 105 mins
Kajillionaire
Sound of My Voice
6.6

Psychological thriller ကြိုက်သူတွေအတွက် Sound Of My Voice ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ပီတာနဲ့လော်နာတို့ချစ်သူစုံတွဲက လျှို့ဝှက်ဘာသာရေးကျင့်စဥ်အဖွဲ့တစ်ခုအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ဖို့အတွက် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး သက်ဝင်ယုံကြည်သူတွေအဖြစ်ဟန်ဆောင်နေခဲ့ကြတယ် အဲ့အဖွဲ့ရဲ့ခေါင်းဆောင်က​တော့ မက်ဂီဆိုတဲ့အမျိုးသမီးပါ သူမက သူမကိုယ်သူမ 2054 ကနေလာတဲ့အချိန်ခရီးသွားသူလို့ဆိုပြီး အဖွဲ့ဝင်တွေစုဆောင်းတယ် အနာဂတ်ကအကြောင်းတွေကိုပြောပြတယ် နောက်ပြီး သူမရဲ့အဖွဲ့ဝင်တွေကိုဘေးကင်းလုံခြုံတဲ့နေရာကိုခေါ်သွားပေးမှာဖြစ်ကြောင်းလည်းပြောဆိုစည်းရုံးထားတယ် ပီတာဟာ ငယ်ဘဝကအဖြစ်အပျက်တစ်ခုကြောင့် ဘာသာရေးကျင့်ထုံးတွေကိုမုန်းတီးနေသူတစ်ယောက်ပါ မှတ်တမ်းရုပ်ရှင်ရိုက်ပြီး ဒီလိုအဖွဲ့တွေရဲ့ရူးကြောင်ကြောင်နိုင်တာတွေကိုဖော်ထုတ်ချင်နေတာပါ အဲ့လိုမုန်းတီးနေသူတစ်ယောက်က ဒီဘာသာရေးကျင့်စဥ်အဖွဲ့ဝင်အဖြစ်ဟန်ဆောင်နေရတဲ့အခါ အဆင်ပြေပါ့မလား မက်ဂီရဲ့သရုပ်မှန်ကရောဘာဖြစ်မလဲ ပီတာကလည်းမှတ်တမ်းရုပ်ရှင်ကိုအောင်မြင်အောင်ရိုက်နိုင်ပါ့မလား ဒီဇာတ်ကားလေးဟာ တစ်ကားလုံး အေးအေးငြိမ်ငြိမ်လေးဆိုပေမယ့် အသည်းတယားယားနဲ့ကြည့်ရမယ်ကားကောင်းလေးပါ File size…(1.4 GB)/(693 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Mystery, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

6.6 2011
Sound of My Voice
A Wonderful Cloud
5.8

A Wonderful Cloud 2015 IMDB 5.8/10 ကိတ်နဲ့ ယူဂျင်းဆိုတာက အကွဲကွဲအပြဲပြဲနဲ့ ပြတ်သွားခဲ့ကြတဲ့ရည်းစားဟောင်းနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကိတ်တယောက် ရည်းစားဘ၀တုံးက အတူထောင်ခဲ့တဲ့ ကုမ္ပဏီကိုလက်လွှဲယူဖို့အတွက် ယူဂျင်းရှိရာ လော့စ် အိန်ဂျလိစ်မြို့ကို အလည်ခရီးလာဖို့အကြောင်းဖန်လာပါတော့တယ်။ ကိတ်ကို မပြတ်နိုင်သေးတဲ့ ယူဂျင်းရဲ့ ပြန်သိမ်းသွင်းမယ့် ဉာဏ်နီဉာဏ်နက် အစီအစဉ်တွေကို ကိတ်တယောက်ရိပ်မိသွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဘ၀အနာဂတ်တခု တကယ်ရှိနိုင်ပါ့မလားဆိုတာ 72နာရီအတွင်းအဖြေရှာဖို့ဖြစ်လာပါတော့တယ်။ ယူဂျင်းတယောက် ကိတ်ကို ပြန်စည်းရုံးနိုင်ပါမလား။ ကိတ်ကလည်း ဘာကိုရွေးချယ်သွားမလဲ။ ဒီအလည်ခရီးရဲ့ အဆုံးမှာ သူတို့နှစ်ယောက်ရဲ့ ထူးထူးခြားခြား ဇာတ်လမ်းလေးက ဘယ်လိုမျိုးနိဂုံးချုပ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒီ အချစ်ဒရာမာ ဇာတ်ကားရဲ့ထူးခြားချက်အနေနဲ့ကတော့ မင်းသား/ ဒါရိုက်တာ ယူဂျင်းကိုယ်တိုင်က တကယ့်ရည်းစားဟောင်းဖြစ်တဲ့ ကိတ်နဲ့ပဲ ဇာတ်လမ်းကို အမည်နာမပြောင်းလဲခြင်းမရှိ ရေးသားရိုက်ကူးထားတာဖြစ်ပါတယ်။ File size… 1.7 GB / 790 MB Quality… Webrip 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Romance • Comedy
5.8 2015 80 mins
A Wonderful Cloud
Jism
5.3

Jism (2003) “ညှို့ယူဖမ်းစားတတ်သော” IMDb – 5.3/10 စူးရှတဲ့အကြည့်တွေနဲ့ မင်းသားကြီး ဂျွန်အဘရာဟမ်၊ Dhoom 2(2006)ထဲမှာပါခဲ့တဲ့ ညှို့အားပြင်းပြင်းနဲ့မင်းသမီးချော ဘီပါရှာဘာဆူးတို့နှစ်ယောက် ပတ်ညှို့နေကြတဲ့ ဒရာမာရုပ်ရှင်ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကဘီးရ်က လမ်းပျောက်နေတဲ့ ရှေ့နေတစ်ယောက်။ ဘာပြဿနာရယ်လို့ မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေတဲ့ဘဲ။ တစ်ရက် ဘားတစ်ခုမှာ အချောလေးတွေ့လို့ တစ်ညတာပျော်ရွှင်မှုအတွက်ဝင်လုံးရင်း စွဲလန်းသွားခဲ့မိသူ။ သူသွားပြီး ပတ်သက်စွဲလန်းမိတာက အသိုင်းကြီးအဝိုင်းကြီးက သူဌေးတစ်ယောက်ရဲ့ဇနီးသည်။ ဘယ်လောက်ပဲစိတ်ထိန်းထိန်း စွဲလန်းသွားမိသူလေးဆီကိုပဲသွားချင်စိတ်က ထိန်းချုပ်မရ။ အမျိုးသမီးလေးဆီမှာက သူမသိရသေးတဲ့ အရှုပ်ထုပ်တွေနဲ့။ ဒီမှာပဲ ပြဿနာရယ်မယ်မယ်ရရမရှိဘဲ ပြဿနာတက်နေသူ မောင်ကဘီးရ်တစ်ယောက် ပြဿနာတောထဲကို တိုးဝင်သွားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Documentary • Music
5.3 2003
Jism
Glengarry Glen Ross
7.7

IMDb – 7.7/10 နဲ့ Rotten Tomatoes – 95% အထိ ရရှိထားတဲ့ Old but Gold လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ “ပူလစ်ဇာ” ဆုရ ပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ရုပ်ရှင်မှာလည်း Oscar nomination တစ်ခု အပါအဝင် ဆုပေါင်း ၈ ဆု ရရှိခဲ့ပြီး ၁၄ ဆု ဇကာတင်ချိတ်ခဲ့တာမို့ ၁၉၉၀ ခုနှစ်တစ်ဝိုက် အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ Cast မှာလည်း Godfather ကြီး Al Pacino, Horrible Boss ကြီး Kevin Spacey, The Rock ရုပ်ရှင်ထဲက နှလုံးလှလူမိုက်ကြီး Ed Harris တို့အပါအဝင် ဟောလိဝုဒ်ရဲ့ထိပ်တန်းမင်းသား/ဇာတ်ပို့ သရုပ်ဆောင်တွေချည်း အသုံးပြုထားတာမို့ ကြည့်ရတာ အင်မတန်မှ စီးစီးပိုင်ပိုင်ရှိလှမှာပါ။ • ဇာတ်လမ်းအကျဉ်း • ဇာတ်လမ်းကတော့ အိမ်ခြံမြေအရောင်းကိုယ်စားလှယ် လေးယောက်ရဲ့ဘဝထဲက နှစ်ရက်တာအတွင်း ဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေပါ။ ပြောရရင် သူတို့ရဲ့အေဂျင်စီက လတ်တလော အင်မတန်အရောင်းထိုင်းနေပါတယ်။ မြေကွက်တွေက ဘယ်လိုရောင်းရောင်း မထွက်တာမို့ အကြံအိုက်နေကြတုန်းမှာ၊ အေဂျင်စီပိုင်ရှင်တွေဆီကနေ တစ်ပါတ်အတွင်း ရောင်းအားအကောင်းဆုံးကိုယ်စားလှယ် နှစ်ယောက်ကလွဲလို့ ကျန်တဲ့လူတွေ အကုန်အလုပ်ဖြုတ်မယ်ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကျလာတဲ့အခါ… ထမင်းအိုးမကွဲဖို့အရေး ဒီလေးယောက် ဘယ်လိုတွေရုန်းကန်ရမလဲ၊ ဉာဏ်နီ ဉာဏ်ဝါ ဉာဏ်ရောင်စုံဖြာပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လို‌တွေကျော်ကြ ခွကြမလဲဆိုတာကို Al Pacino တို့တစ်သိုက်ရဲ့ သဘာဝကျလှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားပေးကြပါဦးခင်ဗျာ။ File size…(2.1 GB)/(951 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Workplace drama, Crime, Drama, Mystery, Financial drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Random Guy

7.7 1992 100 mins
Glengarry Glen Ross
Godday Godday Chaa
7.1

Godday Godday Chaa (2023) “ပန်ချာပီမင်္ဂလာဆောင်” ၁၉၉၀ ကာလက ပန်ချာပီလူမျိုးတွေရဲ့ ပေါ့ပေါ့းပါးပါး ဘဝနေထိုင်မှုနဲ့ ဓလေ့ထုံးတမ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ပန်ဂျာဘီဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ် သူတို့ရွာမှာ ပညာသင်ဖို့ထက် ယောကျ်ားလေးဆိုရင် အိမ်ထောင်ပြုပြီး လယ်ယာလုပ်ဖို့ရယ် မိန်းကလေးဆိုရင်လည်း အိမ်ထောင်ပြုပြီး အိမ်မှုကိစ္စလုပ်ဖို့ရယ်ပဲ အားပေးတဲ့ကာလ ဘက်ဂါက လူကြီးဆုံရာတွေ့တဲ့အချိန်မှာ ထွက်ပြေးသွားတဲ့ ညီဖြစ်သူကြောင့် အစားထိုးမင်္ဂလာဆောင်ရမယ့်လူ ရာနီကလည်း ဘွဲ့တစ်ဘွဲ့ရပြီး မဟာဆက်တက်ချင်ပေမယ့်လို့ အိမ်ကယောကျ်ားအတင်းပေးစားတာခံရတဲ့ မိန်းကလေး သူတို့မင်္ဂလာဆောင်အတွက် ဘယ်လိုတွေပြင်ဆင်ကြမလဲ နောက်ပြီးထိုခေတ်က မင်္ဂလာစီတန်းလှည့်လည်ပွဲမျိုးမှာ မိန်းမတွေလိုက်ပါခွင့်မရှိတဲ့ ဓလေ့ကို ဘယ်လိုဘယ်ပုံ ဆန့်ကျင်သွားကြမလဲဆိုတာ ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.1 2023
Godday Godday Chaa
Bhairathi Ranagal
8

Bhairathi Ranagal (2024) “ရှာမှရှားတဲ့ သူလိုလူ” ဇာတ်အိမ်ကောင်းကောင်းကောင်းကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဘောလိဝုဒ် အက်ရှင်-ဒရာမာဇာတ်လမ်းတစ်ပု‌ဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ တရားဥပဒေဘက်ကကြည့် လူဆိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အများပြည်သူအတွက် သူရဲကောင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ဘ၀ဇာတ်ကြောင်းကို အလှည့်အပြောင်းများစွာနဲ့ တင်ဆက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူဆိုးတစ်‌ယောက်အဖြစ် တရားဥပဒေက တံဆိပ်တပ်ခံထားတဲ့ ဘဟိုင်ရာသီရာနဂယ်ဟာ ငယ်စဉ်ကတည်းက ထောင်ထဲမှာ ကြီးပြင်းခဲ့ရသူပါ။ သူ့ရွာအကျိုးအတွက် အကြမ်းဖက်သလိုဖြစ်ခဲ့ရာက ထောင်းနန်းစံခဲ့ရတဲ့ ရာဂနယ်ဟာ ထောင်ထဲမှာ အလကားမနေဘဲ ဥပဒေပညာကို ကြိုးစားသသင်ယူခဲ့ပါတယ်။ ထောင်ကထွက်လာချိန်မှာလည်း ရှေ့နေအဖြစ် သူ့ရပ်ရွာအကျိုးကို ဆောင်ရွက်ခဲ့ပါတယ်။ သူ့ရပ်ရွာက ပြည်သူတွေအတွက်တော့ သူဟာ နတ်ဘုရားတစ်ပါးလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင်ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက ဘ၀မလှခဲ့တဲ့ ရာနဂယ်တစ်ယောက် ရှေ့နေဘ၀မှာလည်း အ‌လှည့်အပြောင်းများစွာ ကြုံတွေ့လာရပါတယ်။ အစကတည်းက ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းကို မခံရတဲ့ ရာနဂယ်ကို ကံတရားက ဘယ်လိုကျီစားဦးမှာလဲ… တရားမျှတမှုနဲ့ မတရားမှုတွေကြားမှာ ဘယ်လိုဓားစာခံဖြစ်ဦးမှာလဲ… ရှေ့ဆက်ပြီး သူ ဘယ်လို ကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Thriller • Action
8 2024
Bhairathi Ranagal
Blood and Blades in the Snow
5.9

သစ္စာစောင့်အမတ်ကြီးတစ်ယောက် အကွက်ချပြီး အနိုင်ကျင့်စွပ်စွဲခံရပြီး တစ်မိသားစု သေဒဏ်အပေးခံလိုက်ရပါတယ်…. ဒီမှာမှ လွတ်မြောက်သွားတဲ့ တစ်ဦးတည်းသောသား ကျန့်ဟုန်က ကာလအတော်ကြာ သတိမေ့နေခဲ့ပြီး… သူဘယ်သူလဲ ဘာလို့ ဒီကိုရောက်နေတာလဲ… ဒီအဖြေတွေကို ရှာရင်းနဲ့ ရှယင်းဆိုတဲ့ မိန်းကလေးက သူ့ကိုကယ်ခဲ့တာကိုသိခဲ့ရတယ်… ဒီလိုနဲ့ ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲ…သူနဲ့ ဒီမိန်းကလေးက မင်္ဂလာဆောင်တဲ့အချိန်အထိ သူ့အဖေအတွက် လက်စားချေမယ့်ကိစ္စကို သတိမရခဲ့သေးပါဘူး… ဒါကို သတိရသွားတဲ့အချိန်မှာတော့ ရှယင်းအဖေက သူ့အဖေကို တစ်ချက်တည်းသတ်ခဲ့တဲ့ ရှဟုတ်စစ်သူကြီးက ဇာတ်မြှုပ်နေတာ ဖြစ်နေတယ်တဲ့… ကဲ …ကျန့်ဟုန်တစ်ယောက်ကတော့ ဘယ်လိုမျိုး ရွေးချယ်မှာလဲ… တကယ်ပဲ သူ့အဖေရဲ့ ရန်သူသမီးနဲ့ အိမ်ထောင်ကျသွားတာလား… ဒါမှမဟုတ် တခြားဘာလျို့ဝှက်ချက်ရှိနေတာလဲ…. ထုံးစံအတိုင်း CM မှာ ဇာတ်ကားလေး ဒေါင်းကြည့်လိုက်တော့နော်…

Adventure • Fantasy • Family • Drama
5.9 2025
Blood and Blades in the Snow
Detective Dee: The Celestial Mystery
5.9

စုံထောက်ကြီးဒီးရန်ကျယ်ရဲ့ အမှုသစ်ဇာတ်ကားသစ်လာပါပြီ။ ယန်ကျိုးမြို့မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်နေတဲ့အတွက် စုံထောက်ကြီးဒီးကို စုံစမ်းပေးဖို့ခေါ်လိုက်ကြပါတယ်။ အလောင်း(၇)လောင်းဟာ ယဇ်ပူဇော်တဲ့ အခမ်းအနားဆန်ဆန်ရက်ရက်စက်စက် သတ်ဖြတ်ပြင်ဆင်ခံထားရတာဖြစ်ပြီးတော့ သဲလွန်စတွေဟာရှုပ်ထွေးနေတဲ့အတွက် ကန့်သတ်အချိန်အတွင်း အမှုကိုဖော်နိုင်ဖို့ ဒီးရန်ကျယ်ဟာအကြပ်ရိုက်နေပါတယ်။ သဲလွန်စတွေက အလောင်းတစ်ခုချင်းဆီရဲ့ဖော်ဆောင်တဲ့ အဓိပ္ပါယ်တွေကြားမှာရှိနေတဲ့အတွက် သဲလွန်စတွေနောက်ကိုလိုက်ရင်း လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အမှုဟောင်းတစ်ခုဆီကိုဦးတည်နေပါတယ်။ လျှို့ဝှက်ချက်တွေကို တစ်ခုချင်းစိတ်ဝင်စားစရာကောင်းအောင်ဖော်ထုတ်သွားပြီးတော့ လှည့်ကွက်တွေအပြည့်နဲ့ စုံထောက်ကြီးဒီးရဲ့အမှုလိုက်စွမ်းရည်တွေကိုရှုစားလိုက်ပါဦးနော်…… 4K & 1080p Quality >> Only On CM App ( www.cmapp.tv )

Action • Crime • Drama
5.9 2025
Detective Dee: The Celestial Mystery