YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Tanaosri (2023) (Ep3).mp4

567.27 MB 720p video/mp4 619 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tetris
7.8

IMDb Rating - 7.4/10 တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect လို့ နာမည်ပေး ခဲ့တဲ့အထိပါပဲ။ ဒီရုပ်ရှင်ကတော့ စစ်အေးတိုက်ပွဲကာလမှာ တက် ထရစ်ဂိမ်း ကမ္ဘာကျော်လာပုံရဲ့ နောက်ခံဇာတ်လမ်းတွေကို ရိုက် ကူးထားတာပါ။ ဒါပေမဲ့ ပျင်းစရာ ဒရာမဟုတ်ပါဘူး Thriller ပုံစံရိုက်ကူးထားတာဖြစ်လို့ သည်းထိတ်ရင်ဖိုကြည့်ရမှာပါပဲ။ ဒါရိုက်တာ Jon S. Baird ရိုက်ကူးထားပြီး Kingsmen မင်းသား Taron Egerton အဓိကပါဝင်ထားပါတယ်။ အဓိကကတော့ Kingsmen တွေရဲ့ ပရိုဂျူဆာ Matthew Vaughn ကြောင့်ပါပဲ။ တက်ထရစ်ဂိမ်းရဲ့ မူပိုင်ခွင့်ကို ကုမ္ပဏီကြီးတွေ လုကြတဲ့အကြောင်း ဆိုပေမဲ့ ဂိမ်းတီထွင်သူဟာ ရုရှားကဖြစ်ပြီး စစ်အေးတိုက်ပွဲကာလ ဖြစ်နေတာကြောင့် KGB ထောက်လှမ်းရေးတွေပါ ပတ်သတ်နေပြီး မော်စကိုမှာ သူလျိုစစ်ဆင်ရေးလုပ်နေသလိုကို ကြည့်ရမှာပါ။ ရုရှားဟာ ကွန်မြူနစ်နိုင်ငံဖြစ်လို့ ဂိမ်းတီထွင်သူဟာ မူပိုင်ခွင့်မရှိပါဘူး ငွေလည်းမရပါဘူး။ မူပိုင်ခွင့်ငွေကို အစိုးရကပဲ ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီးအချိန် ကွန်မြူနစ်အစိုးရ တစ်ခုလုံး ချစားနေတဲ့အချိန်ဖြစ်တာကြောင့် မရိုးရှင်းခဲ့ပါဘူး။ နိုင်ငံ အတွက်ရမယ့်ငွေကို အိတ်ထဲထည့်ချင်လို့ လာဘ်စားပြီး ဈေးနှိမ်တဲ့ ကုမ္ပဏီကိုပဲ ရောင်းချင်တဲ့ အကျင့်ပျက်နိုင်ငံ့ခေါင်းဆောင်တွေပါမယ် လူလည်စီးပွားရေးသမားတွေပါမယ် အစုံပါပဲ။ ဒီတော့ စပိုင် thriller ကြိုက်တဲ့သူတွေ ဖြစ်ရပ်မှန်ကြိုက်တဲ့သူတွေ အားလုံး ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.38 GB) / (611 MB) / (356 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 58Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, History Translator.......Mr.Anderson Encoder..........Zin Phyo Aung

Horror
7.8 2023 118 mins
Tetris
Captive Files II
6

ကဲ စတော့ဟုမ်းဇာတ်လမ်းလေး အပိုင်းနှစ်လာပါပြီ ဒီဇာတ်ကားက မှုခင်းစိတ်ပညာ လူ့သဘောသဘာဝ introvert တွေရဲ့ စိတ်နေသဘောထားစတဲ့ စိတ်ဝင်စားစရာတွေ အများကြီးပါနေလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ အပိုင်းတစ်ရောအပိုင်းနှစ်ရောစိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်စေချင်ပါတယ် အမှောင်ခန်းတွေပါတာမို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့ ကြည့်ချင်ရင် crush နဲ့အတူကြည့်ပါ ပြန်မကြိုက်ပဲကို မနေရဲပါဘူး ဒီဇာတ်ကားပြပြီး ငါ့ကိုပြန်မကြိုက်ရင် ဒီဇာတ်ကားထဲကလို လုပ်လိုက်မယ်လို့သာပြောလိုက်ပါ ရဲဖမ်းခံရရင်တော့ ကျွန်တော်နဲ့မဆိုင်ပါဘူး File size…326MB Quality…DVD RIP Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Horror
6 2003 98 mins
Captive Files II
Heart of the Matter
5.4

IMDb Rating - 6.7/10 လူနာတွေအပေါ်စိတ်ရောကိုယ်ပါနှစ်ပြီးကုသတတ်တဲ့ နှလုံးကု ဆရာဝန်ပေါက်စမလေး Andie။ ဆရာဝန်ဆိုသဘောမကျတတ် ပေမယ့် သူ့ဆီမှာတော့ကျေကျေနပ်နပ်ကုသမှုခံယူနေတဲ့ မသန်စွမ်း နှလုံးရောဂါလူနာသည်လေး Henry။ ဉာဏ်ရည်ချို့တဲ့တဲ့ရောဂါသည်လေးဖြစ်ပေမယ့် အမေဖြစ်သူရဲ့ စောင့်ရှောက်မှုအောက်ကထွက်ပြီး ကိုယ့်ဘဝကိုလွတ်လပ်စွာထိန်း ကျောင်းဖို့ကြိုးစားနေတဲ့ Henry တစ်ယောက် တစ်နေ့မှာနှလုံးရောဂါ ဖောက်ပြီးရုတ်တရက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့်မသေဆုံးခင်အချိန်မှာ Henry တစ်ယောက် သူ့ရဲ့ဆရာဝန်ဖြစ်တဲ့ Andieဆီဖုန်းဆက်ခဲ့ပြီး ဆေးရုံ ကိုကိုယ်တိုင်ကားမောင်းလာဖို့လုပ်ခဲ့ပါသေးတယ်။ Henry ရဲ့အဲ့ဒီလုပ်ရပ် ကြောင့်ပဲ Andie တစ်ယောက် ကိုယ့်ကိုယ်ကိုအပြစ်တင်ပြီး သူ့ရဲ့သာယာတဲ့ ဘဝလေးကိုပါလက်လွှတ်ခံဖို့ကြိုးစားလာခဲ့ပါတော့တယ်။ အဲ့ဒီတော့ Andie တစ်ယောက် Henryရဲ့သေဆုံးမှုဖြစ်ရပ်ကြီးထဲကနေရုန်းထွက်နိုင် ပါ့မလား။ သူ့ဘဝ သူ့ရဲ့ရည်မှန်းချက်တွေကိုဆုံးရှုံးရမလား စတာတွေကို ကြည့်ရမယ့် Drama / Emotional ရုပ်ရှင်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size..........(1.47 GB) / (637 MB) / (384 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Chit Tee Encoder..........SWM

Horror • Mystery • Thriller
5.4 2022 84 mins
Heart of the Matter
One Million Years B.C.
6

လွန်ခဲ့တဲ့နှစ်တစ်သန်းက ကမ္ဘာဦးလူသားတွေရဲ့ဘဝကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးကတော့ 20ရာစုမှာဆွဲဆောင်မှုအရှိဆုံးသရုပ်ဆောင်တွေထဲကတစ်ယောက်အဖြစ်သတ်မှတ်ခံထားရတဲ့ စွယ်စုံရမင်းသမီး Jo Raquel Welch ဖြစ်ပြီး ဒီဇာတ်ကားက သူ့ရဲ့ပွဲဦးထွက်ဖြစ်တဲ့အပြင် သူ့ကိုနာမည်ကြီးအောင်လုပ်ပေးခဲ့တာဆိုရင်လည်းမမှားပါဘူး Shawshank Redemption ကပိုစတာထဲမှာ ဒီဇာတ်ကားထဲကပုံကိုထည့်ထားတာပါ ရိုးရိုးကျောက်ခေတ်လူသားအကြောင်းချည်းမဟုတ်ဘဲ ဒရမ်မာပုံစံလေးနဲ့ဇာတ်လမ်းတွေပါထည့်ပြီးရိုက်ထားတဲ့အပြင် ကျောက်ခေတ်လူသားဖြစ်နေတာတောင် ဆွဲဆောင်မှုရှိပြီးလှပနေတဲ့ Jo Raquel Welch ကိုမြင်တွေ့ရမှာဖြစ်လို့ ကြည့်သင့်တဲ့ဇာတ်ကားတွေထဲကတစ်ခုပါပဲ

Horror
6 1966 100 mins
One Million Years B.C.
Tyson’s Run
7

Tyson’s Run (2022) Wholesome ဖြစ်တဲ့ Family Friendly ဇာတ်ကားလေးဖြစ်ပါတယ်။ လောကမှာ ကိုယ်ရွေးချယ်လို့ရတဲ့အရာရယ် ကိုယ်ရွေးချယ်လို့မရတဲ့အရာရယ်ဆိုတာ ရှိစမြဲပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ရွေးချယ်လို့မရခဲ့ပေမဲ့ ကိုယ်ရထားတဲ့ဘဝကို ဘယ်လိုရှေ့ဆက်ရှင်သန်မယ်ဆိုတာကတော့ ရွေးချယ်လို့ရရဲ့မဟုတ်လား။ ဘော်ဘီဟိုလာမန်းက စတန်းဘရေ့ချ်မြို့ရဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးပါ။ ဘယ်လိုအထင်ကရဖြစ်တာလဲဆိုတော့ စတန်းဘရေ့ချ်မြို့ ဂရေးဟောင်း အထက်တန်းကျောင်းရဲ့ ဘောလုံးအသင်းနည်းပြအနေနဲ့ ဂရေးဟောင်းအသင်းကို ခုနစ်နှစ်ဆက်တိုက် ရှုံးပွဲမရှိတဲ့အသင်းဖြစ်စေခဲ့ပြီး ပြည်နယ်ကိုယ်စားပြုချန်ပီယံဆုကို ငါးနှစ်ဆက်တိုက် ဆွတ်ခူးစေခဲ့လို့ပါပဲ။ ဒီလိုမြို့ခံလူထုက လေးစားရတဲ့သူ့မှာ တိုင်ဆန်ဆိုတဲ့ ၁၅ နှစ်အရွယ်သားလေးရှိပါတယ်။ ကံဆိုးရှာတာက တိုင်ဆန်ဟာ အော်တစ်ဇင်ဖြစ်နေရှာတာပါပဲ။ ဒါပေမဲ့လည်း တိုင်ဆန်ဟာ ဘောလုံးနည်းပြကြီး သူ့အဖေ ဂုဏ်ယူရတဲ့သူ ဖြစ်အောင် လုပ်ပြချင်ရှာတယ်။ တစ်နေ့ သူတို့မြို့မှာ မာရသွန်အပြေးပြိုင်ပွဲကြီး ကျင်းပမယ်ဆိုတော့ တိုင်ဆန်က သူလည်း ဝင်ပြိုင်ချင်တယ်ဆိုပြီး သူ့မိဘတွေကို ပူဆာရှာတာပေါ့။ ဒါပေမဲ့ စိတ်ပူတတ်တဲ့မိခင်နဲ့ မလုပ်နိုင်ဘူးထင်တဲ့ဖခင်က တားကြလေရဲ့။ ခေါင်းမာတဲ့ တိုင်ဆန်တစ်ယောက် ချန်ပီယံဟောင်းအာခလိလုနဲ့ အမှတ်မထင်ခင်မင်ရင်းနှီးသွားရာက သူ့အိပ်မက်တွေ တကယ်ဖြစ်လာပါ့မလားဆိုတာကတော့ .. ထူးခြားတာက တိုင်ဆန်အဖြစ် သရုပ်ဆောင်တဲ့မင်းသားက အပြင်မှာလည်း အော်တစ်ဇင်ဖြစ်နေတာပါတဲ့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 2.3GB, 982MB & 474MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 43mins Genre : Drama Translated by May Myat Thu Encoded by Kinnov

Animation • Comedy • Family
7 2021
Tyson’s Run
The Lightning Strike
6.2

ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်လေးကတော့ ရူးသွပ်နေတဲ့ ပါမောက္ခလော်ဟုန်ပန်းဟာ မူးယစ်အသစ်တစ်ခုဖြစ်တဲ့ “ဟိုင်းလော့ရှန်” ကို တီထွင်ထုတ်လုပ်ပြီး နိုင်ငံတော်ဥပဒေကို စိန်ခေါ်နေပါသတဲ့ကွယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် နိုင်ငံတော်ရဲ့ အတော်ဆုံးမူးယစ်တပ်ဖွဲဖြစ်တဲ့ “လျှပ်စီးအဖွဲ့”ဟာ ဒုစခန်းမှူးယန်ရဲ့ ညွှန်ကြားမှုအောက်မှာ ဟောင်ကောင်သူလျှိရဲနဲ့ ပူးပေါင်းပြီး အချိန်ကြာ ထောင်ချောက်တစ်ခုကို အကွက်ချခဲ့ပါတယ်။ ပင်လယ်တစ်လျှောက် မူးယစ်လမ်းကြောင်းကိုပိတ်ပြီး မြေအောက်မူးယစ်အပေးအယူလုပ်တဲ့လမ်းကြောင်းတွေကိုရှာဖွေပြီး မူးယစ်အဖွဲထဲကို သူလျှိဝင်ရောင်ခြင်းဖြင့် မူးယစ်ဂိုဏ်းအဖွဲကို တိုက်ခိုက်ခဲ့ပါတယ်။ မူးယစ်ဂိုဏ်းကြီးတစ်ခုလုံးကို အမြစ်ပြတ်တိုက်ခိုက်နိုင်မလား…… ဟိုင်းလော့ရှန်ဆိုတဲ့ မူးယစ်ဆေးက တစ်ကမ္ဘာလုံး မပျံ့ခင်မှာ တားဆီးနိုင်မလား…… ဆိုတာကို ဇာတ်လမ်းထဲမှာ အတူတူ အဖြေရှာကြရအောင်နော်။

Drama
6.2 2022
The Lightning Strike
As I Am
6

ကျောင်းသားဘဝ (၁) ပတ်သာ ကျန်တော့တဲ့ ကိုင် နဲ့ သူငယ်ချင်းတစ်သိုက်တို့ နောက်ဆုံးစာမေးပွဲဖြေဖို့ လုံးပမ်းရင်းနဲ့မှ သူတို့အတွက် ဒဏ္ဍာရီတွင်စရာ ကိစ္စတစ်ခုတော့ ကျန်ခဲ့အောင် ကြိုးစားဖို့ တိုင်ပင်ကြပါတော့တယ်. Coming-of-Age Movie အမျိုးအစားလေးဖြစ်တဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်ကောင် ကိုင်ရဲ့ ဘဝရွေးချယ်မှုတွေ၊ ဘဝတစ်ဆစ်ချိုးအချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဖြတ်သန်းရင်း ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းရပုံတွေကို ပေါ့ပေါ့ပါးပါး အခိုက်အတန့် များ နဲ့ လေးနက်အရေးကြီးတဲ့ ဇာတ်ကွက်များ ပေါင်းစပ်ထားတာကို တွေ့နိုင်ပါတယ်၊ ဇာတ်လမ်းအနေနဲ့ ပြောရရင်လည်း ဇာတ်ရှိန်အတက်နှေးပေမယ့် နောက် ဘာဆက်ဖြစ်မလဲဆိုတာကို မခန့်မှန်းနိုင်တဲ့အချက်ကပဲ ဒီဇာတ်လမ်းလေးကို စီးမျောစေတဲ့အချက်လို့ ဆိုရပါလိမ့်မယ်. အချုပ်အနေနဲ့ ပြောရရင် အင်္ဂလန်ကျေးလက်ဒေသကို အခြေခံထားတဲ့ ဒီဇာတ်လမ်းကတော့ ကျောင်းသားဘဝ အချစ်ရေးကိုလည်း အလှည့်အပြောင်း၊ ရှုပ်ထွေးမှုတွေ နဲ့ တင်ဆက်ထားတဲ့အပြင် ကိုင်ရဲ့ တည်ငြိမ်လေးနက်တဲ့ ဒဿနတွေ နဲ့ တစ်ဖက်ကကျောင်းသားဘဝရဲ့ ပေါ့ပါးမှု၊ လွတ်လပ်မှု၊ အရိုင်းဆန်မှု၊ ဗရုတ်ကျမှုများကိုလည်း အချိုးကျစွာ ဟာသနှောသရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်. File size… 1.74 GB / 752 MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 2h Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6 2019
As I Am
Joji
7.8

ဒီဇာတ်လမ်းကတော့ စိတ်ဝင်စားရတဲ့ India Murder/ Thirller ကားပါ IMDB မှာ 7.8/10 ရထားပါတယ် မိသားစု family ဇာတ်လမ်းကို ဦးတည်ရိုက်ထားပြီးဇာတ်အိမ်ကို covid အတွင်းတည်ဆောက်ထားပါတယ်.. မြို့တစ်မြို့က မျက်နှာဖုံးသူဌေးမိသားစုတခုရဲ့ဘဝအဖြစ်အပျက်ပေါ့ သန်မာပြီးအာဏာရှိတဲ့ အဖေရယ် သား ၃ ယောက်ရယ် ပထမသားရဲ့သား ဆယ်ကျော်သက်အရွယ်တစ်ယောက်ရယ် ဒုတိယသားရဲ့မိန်းမရယ် တစ်အိမ်တည်း အားလုံး၆ယောက်အတူနေကြတယ် အိမ်ထဲ ခြံထဲမှာတော့ အလုပ်သမားတွေအများကြီးရှိကြတယ်. Joji ကတော့ ၃ယောက်တည်းကအငယ်ဆုံးသားပါ သူက ညီအကိုထဲမှာ အိမ်ထောင်မရှိ လူလွတ်တစ်ယောက်။ တစ်အိမ်လုံး သားအားလုံးက အဖေကို အရမ်းကြောက်ရတယ် တနေ့တော့ သူတို့အဖေက အလုပ်တခုလုပ်ရင်း ဦးနှောက်သွေးကြောပေါက်သွားပါတယ် covid အတွင်းဆိုတော့ ဆေးကုရခက်ပေမဲ့ ဆေးရုံအမြန်ပို့ပေမဲ့ လေဖြတ်သွားပါတယ် အဖေဒီလိုဖြစ်ချိန်မှာ Jojiက အခွင့်အရေးတွေ ယူလာတယ် အဖေပိုင်တဲ့အရာတွေကို မျက်စိကျပြီး ရအောင်လုပ်ရာက ဘာဖြစ်မလဲ လူသတ်မှုကရော ဘယ်လိုဖြစ်မလဲကို ကြည့်ရမှာပါ.. File size…1.93 GB / 729MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mal Ei

Family • Drama • Adventure
7.8 2021
Joji
Mr. Pregnant
8.1

Mr.Pregnant IMDb-8/10 အခုတစ်ခါမှာတော့ ၄ရက်အတွင်း‌၄ကုဋေကျော်အမြတ်ပြန်ရခဲ့တဲ့ ရုံတင်ကားအသစ်စက်စက်လေးကို CMပရိသတ်ကြီးအတွက် တင်ဆက် ပေးလိုက်ရပါတယ် ဇာတ်လမ်းအကျဉ်း ဇာတ်လိုက်ကျော်ဂေါ်သမ်ဆိုတဲ့သူက နာမည်ကြီးလူငယ်တက်တူး ပညာရှင်တစ်ယောက်၊ သူ့ကို မဟီဆိုတဲ့ကောင်မလေးက တဖက်သတ်လိုက်ကြိုက်နေတာ ဒီခေတ်စကားအရဆို crush နေတာပေါ့ မဟီက ဂေါ်သမ့်ဆီလာပြီး အမြဲတမ်းချစ်စကားတွေပြောလိုက်၊ကြူးလိုက် မိန်းကလေးဘက်ကနေပဲ လက်ထပ်ခွင့်တောင်းလိုက်နဲ့ပေါ့၊ ဂေါ်သမ်က အစကတော့ မဟီ့ကိုလက်မခံဘဲ အမြဲငြင်းနေရာကနေ နောက်‌တော့ မဟီ့ရဲ့အချစ်တွေကြားမှာကျရှူံးသွားပြီး သူတို့နှစ်ယောက်လက်ထပ်ကြလေသတည်းပေါ့။ ဒီအထိ ဇာတ်လမ်းကရိုးရိုးရှင်းရှင်းပေါ့လေ။ တစ်နေ့ တက်တူးထိုးပြိုင်ပွဲလုပ်ရင်း ဂေါ်သမ်နိုင်သွားတာကို မကျေမနပ်ဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့ တက်တူးထိုးဆရာတစ်ယောက်က ဂေါ့်သမ်ကို ရန်ငြိုးဖွဲ့သွားတယ်။ ဂေါ်သမ်နဲ့မဟီတို့ လက်ထပ်ပြီး မဟီက ကလေးယူချင်ပေမဲ့ ဂေါ်သမ်က မဟီကိုယ်ဝန်ဆောင်ရမှာကို အကြောက်အကန် ငြင်းခဲ့တယ်။ အဲဒီလို မဟီကိုယ်ဝန်ဆောင်မှာကို မလိုလားရတဲ့ ဂေါ်သမ့်ဆီမှာ ကိုယ်ဝန်ဆောင်ရမှာနဲ့ပတ်သက်တဲ့ ဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေရှိနေခဲ့လို့ပါ ။ မဟီကလည်း ကလေးဇွတ်လိုချင်နေတော့ နောက်ဆုံးမှာ ဂေါ်သမ်လည်းကလေးယူဖို့ သဘောတူခဲ့ပေမဲ့ ကလေးရလာချိန်မှာ‌တော့ သန္ဓေသားလေးကို ယောက်ျားကြီးတန်မဲ့ သူကိုယ်တိုင်ပဲလွယ်ထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် လောကကြီးမှာမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေက အိန္ဒိယကားတွေထဲမှာတော့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ဂေါ်သမ်တစ်ယောက် ယောကျာ်းကိုယ်ဝန်သည်ကြီးအဖြစ် ဘယ်လိုမျိုးဂယက်တွေကြုံမလဲ၊ ခုနက သူမသိလိုက်ဘဲ ရန်သူဖြစ်သွားတဲ့ မိုက်ကယ်ဆိုတဲ့သူရဲ့ရန်ငြှိုးဖွဲ့မှုတွေကို ဘယ်လိုမျိုးရင်ဆိုင်သွားရမလဲဆိုတာကိုသိချင်ရင်တော့ အချစ်၊အလွမ်း၊ဟာသ ၊အက်ရှင်စတဲ့ရသစုံပါတဲ့ ဒီဇာတ်ကားလေးကိုCMရုပ်ရှင်ချစ်ပရိသတ်ကြီးကပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးဗျ… (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ YH ~ KKKZ ~ Dee ~ Alex ~ ToMoတို့ပဲဖြစ်ပါတယ်)

Action • Family
8.1 1900 142 mins
Mr. Pregnant
Knuckle Girl
5.2

Knuckle Girl (2023) Alice in Borderland မှာ Ann အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ayaka Miyoshi ရဲ့ကားအသစ်ပါ။ ကိုရီးယားဒါရိုက်တာ ကိုရီးယားဇာတ်ညွှန်းရေးဆရာတွေက ရိုက်ကူးရေးသားထားပြီး ဂျပန်သရုပ်ဆောင်တွေ သုံးထားပါတယ်။ Korea Webtoon ကနေ ကိုရီးယားဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းပြန်ရေးထားတာမို့ ကိုရီးယားအငွေ့အသက်တော့ ရနေဦးမှာပါပဲ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ The Villainess တို့ Carter (2022) တို့လို ကိုရီးယားကားကိုမှ Non-stop Action ဆန်ဆန်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့သူဆိုတော့ ဒီကားမှာလည်း မင်းသမီး ဘယ်လောက်တောင် မနားတမ်းကြုံးရမလဲ မေးနေစရာတောင်မလိုလှဘူး။ ဇာတ်လမ်းကတော့ ဒီလို။ အဖေရော အမေရောမရှိတော့ဘဲ အစ်မနဲ့ညီမပဲ အတူတူရုန်းကန်နေတဲ့ မိသားစုတစ်ခုရှိတယ်။ အမက ဒုစရိုက်နဲ့မကင်းတာတွေလုပ်ပြီး အန္တရာယ်ကြုံနေရတဲ့အချိန် ညီမက သူ့အစ်မကို ဒါတွေမလုပ်ဘဲ ဘောက်ဆင်သမားဖြစ်လာစေချင်ခဲ့တယ်။ သူ့ညီမ ဆန္ဒအတိုင်း သူ့အစ်မက သူ့ညီမကို ဦးလေးနဲ့အဒေါ်အိမ်ထားခဲ့ပြီး ဘောက်ဆင်လောကထဲ ခြေစုံပစ်ဝင်သွားတယ်။ အဲဒီနောက် သူ့ညီမ ကားထဲ မီးလောင်ပြီးသေသွားတဲ့ သတင်းကြားတော့ သူ့ညီမအလောင်းကိုလာကြည့်တယ်။ ရဲတွေက သူ့ညီမပါလို့ အခိုင်အမာပြောနေပေမဲ့ သူကတော့ သူ့ညီမ မဟုတ်တာ သေချာနေခဲ့တယ်။ဒီလိုနဲ့ သူ့ညီမ ဘယ်ရောက်သွားလဲရှာရင်း အကြမ်းစားလူဆိုးဂိုဏ်းတွေနဲ့ ရင်ဆိုင်ရဖို့အကြောင်းဖန်လာတယ်။ ဇာတ်ကလည်း မဆိုးသလို အက်ရှင်ခန်းတွေလည်းများတာမို့ အက်ရှင်ပရိသတ်တွေ ကြိုက်ကြမှာပါ။ ဒီစာရေးဆရာရဲ့ကားတွေနဲ့ပဲ ပြန်ယှဉ်ရရင်‌တော့ Carter ထက်တော့ကောင်းပါတယ်။ The Villainess ရဲ့အရသာကိုတော့ မမီပါဘူး။ ဘာလို့ဆို မသကာ The Villainess ရဲ့ဇာတ်က Carter ထက် စုတ်ခဲ့တယ်ဆိုရင်တောင် Kim Ok-bin နဲ့ Shin Ha-kyun တို့က ကောင်းကောင်းကြီး ကယ်နိုင်မှာမို့ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 910MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 47Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.2 2023
Knuckle Girl
Reporting for Christmas
5.8

ခရစ္စမတ် နီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာလည်း အသစ်ထွက် ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ခရစ္စမတ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ကာလလို့ ဆိုကြပါတယ်။ အားလပ်ရက်ရတဲ့အချိန်မိသားစုဝင်တွေ စုစုစည်းစည်းနဲ့ စားကြသောက်ကြ ပျော်ကြပါးကြ လက်ဆောင်တွေပေးကြနဲ့ပေါ့လေ။ အဲဒီရက်ရဲ့ စိတ်ဝိညာဉ်ကို ကျန်တဲ့ ၃၆၄ ရက်ဆီ သယ်ဆောင်သွားချင်ကြတာမျိုးတဲ့။ အဲဒီလိုထူးခြားတဲ့ခရစ္စမတ်အချိန်လေးကို သတင်းထောက်ဖြစ်သူ မယ်ရီက ပုံမှန်အတိုင်း ဖြတ်သန်းရမယ်လို့ ထင်ခဲ့ပေမဲ့ သူမရဲ့ အထက်လူကြီးက မထင်မှတ်တဲ့ အလုပ်တာဝန်တစ်ခုကို ပေးအပ်ခဲ့ရာမှာတော့.. ခရစ္စမတ်မှာ ဖန်တီးခဲ့တဲ့ မစ်ဆယ်တုတ်စ်ဆိုတဲ့ဖားရုပ်လေးရဲ့ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ သူတို့ရဲ့အဓိကကြော်ငြာရှင်တစ်ဖြစ်လည်း ဂျွန်ဆင်တွိုင်းကုမ္ပဏီအတွက် ဂုဏ်ပြုသတင်း တင်ဆက်ပေးဖို့ပါပဲ။ ဒီလိုနဲ့ပဲ မယ်ရီတစ်ယောက် မလုပ်ချင်လုပ်ချင်နဲ့ ဂျွန်ဆင်တွိုင်းကုမ္ပဏီရှိရာ ဘရွန့်စ်ဝှခ်မြို့ငယ်လေးကို အရောက်သွားရတော့တာပေါ့လေ။ မယ်ရီတစ်ယောက် အထက်လူကြီးဆီကနေ တင်ဆက်မှုကို သူ့စိတ်ကြိုက်ဖန်တီးခွင့်ပြုပါတယ်ဆိုတဲ့ ကတိကိုအရယူပြီး သက်ဆိုင်တဲ့လူတွေကို အင်တာဗျူးဖို့နဲ့ သတင်းအချက်အလက်တွေရရှိဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ အောင်မြင်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ အမွေဆက်ခံရမဲ့ လက်ရှိပိုင်ရှင်ရဲ့ သားဖြစ်သူ ကိုလူချော ဘရိတ်ခ်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ မထင်မှတ်ထားတဲ့ အကြောင်းအရာတစ်ခုကို သိခဲ့ရပါတော့တယ်။ မယ်ရီက သူ သိခဲ့တဲ့အကြောင်းအရာကို တင်ဆက်မှုမှာ ထည့်သွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အထက်လူကြီးက လက်မခံခဲ့တဲ့အခါ မယ်ရီတစ်ယောက် ဘယ်လိုမျိုးကြိုးစားပြီး တင်ဆက်ဖို့လုပ်မလဲ.. သူ သိခဲ့တဲ့အကြောင်းအရာကရော ဘာများလဲ.. နောက်ဆုံးမှာ သူ တင်ဆက်ချင်သလို တင်ဆက်ခွင့်ရနိုင်ပါ့မလား.. သူနဲ့ မြို့ငယ်လေးက ကိုလူချောဘလိတ်ခ်ရဲ့ အနာဂတ်ကရော ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.55 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

5.8 2023 90 mins
Reporting for Christmas
The Last Station
6.9

၁၉၁၀ ခုနှစ်က နာမည်ကျော်စာရေးဆရာကြီး တိုစတွိုင်းနဲ့ သူ့ရဲ့ဇနီး ဆိုဖီယာဆို့ဟာ တိုစတွိုင်းရဲ့ စာပေအမွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှုလွဲခဲ့ကြပါတယ်. ဆိုဖီယာက အဲဒီ့အမွေတွေကို သူ့ကို ပေးခဲ့သင့်တယ်လို့ ယူဆခဲ့ပေမယ့် တိုစတွိုင်းရဲ့ တပည့်ရင်းဖြစ်တဲ့ ချာ့ဖ်ကော့ဗ်ကတော့ ရုရှားပြည်သူတွေအတွက် ဖြစ်ရမယ်လို့ နားချဖို့ ကြိုးစားပါတော့တယ်. နောက်ဆုံးတော့ ချာ့ဖ်ကော့ဗ်က တိုစတွိုင်ရဲ့အိမ်ထဲကို သူလျှို တစ်ယောက်ထည့်ပြီး အဲဒီ့သူလျှိုက စာရေးဆရာကြီးရဲ့ သမီးတစ်ဦးနဲ့ မေတ္တာမျှကြတဲ့အခါ… ဖြစ်ရပ်မှန်အပေါ် အခြေခံထားပြီး နာမည်ကြီး Red Movie တွေမှာ Main role အနေနဲ့ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Helen Mirren အပြင်, X-men Movie တွေရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ James MaAvoy တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Michael Hoffman ရဲ့ လက်ရာဖြစ်ပါတယ်. File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Drama, Biography, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo Joe

6.9 2009
The Last Station
Zodiac
7.7

Zodiac (2007) IMDb Rating (7.7) / Rotten tomatoes (90%) Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ။ ၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။ ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်.. ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်… သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်.. ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ တရားခံမပေါ်သေးတဲ့ လူသတ်မှုတွေဖြစ်နေတယ်… အဲ့ဒီအချိန်ကစပြီး ရဲတွေလည်းခြေရာခံရင်း သတင်းထောက်တွေကလည်းခြေရာခံရင်း လူသတ်သမားကလည်းလူတွေသတ်ရင်း တရားခံကို လက်ပူးလက်ကြပ်မဖမ်းနိုင်လောက်အောင် သက်သေတွေ သဲလွန်စတွေ အမှုကွင်းဆက်တွေ ပျောက်သွားရင်းနဲ့ နှစ်ပေါင်း ၃ဝကျော်ကြာတဲ့အထိ အမှုဟာ သို့လော သို့လောနဲ့ဖြစ်နေခဲ့ပါတယ်.. တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာမလို့ ပိုလို့ကြောက်စရာကောင်းပြီး ပါဝင်တဲ့မင်းသားတွေ နာမည်ကြီးသလောက် ဇာတ်လမ်းဟာလည်း အစကနေအဆုံးတိုင်အောင် ကောင်းမွန် ရှည်လျားလှပါတယ်… ၁၉၇၀ ခုနှစ်ဝန်းကျင် နည်းပညာတွေ သိပ်မဖွံ့ဖြိုးသေးခင် အမေရိက ဆန်ဖရန်စစ္စကိုမှာ ရဲတပ်ဖွဲ့ဘယ်လိုအမှုလိုက်တယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာပါ… Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင်ဗားရှင်းထက် ပိုမိုရှည်လျားပြီး ၃ နာရီနီးပါး အမှုလိုက်ကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကို Zuel Khant Thwin မှတင်ဆက်ထားပါတယ်။)

7.7 2007 157 mins
Zodiac
The 4:30 Movie
6

ငယ်ရွယ်တဲ့အချစ်ရဲ့ ရင်ကိုခုန်စေတဲ့ခံစားချက်၊ လူငယ်ဘဝရဲ့ အပူအပင်ကင်းလွတ်လပ်ပေါ့ပါးမှု၊ ချစ်ရတဲ့သူလေးနဲ့ ချိန်းတွေ့ရတဲ့ အခိုက်အတန့်၊ နွေရာသီတစ်ခုရဲ့ အချစ်ဇာတ်လမ်းလေး။ ဇာတ်လမ်းအညွှန်း *************** ရုပ်ရှင်ဝါသနာအိုး ဘရိုင်ရန်ဒေးဗစ် နဲ့ သူ့သူငယ်ချင်းနှစ်ယောက်တို့က အမေရိကန်က အထက်တန်းကျောင်းသားလေးတွေပါ။ ဘရိုင်ရန်ဒေးဗစ်ကတော့ ရုပ်ရှင်တွေကို အရမ်းဝါသနာပါသူဖြစ်ပြီး သူ့မှာ ကြိတ်သဘောကျရတဲ့ မယ်လိုဒီဘားနီးဂတ် ဆိုတဲ့ ခပ်ချောချော ကောင်မလေးတစ်ယောက်ရှိတယ်။ ဇာတ်လမ်းဇာတ်အိမ်ကိုတော့ နွေရာသီအားလပ်ရက် မြို့ငယ်လေးတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး ပေါ့ပေါ့ပါးပါးလေးပဲ ရိုက်ကူးတင်ဆက်ထားပါတယ်။ ဘရိုင်ရန်ဒေးဗစ်က သူကြိတ်သဘောကျရတဲ့ ‌မယ်လိုဒီဘားနီးဂတ် ကို ရုပ်ရှင်အတူတူကြည့်ရင်း ချိန်းတွေ့ဖို့ ဖိတ်ခေါ်တာကနေ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ လူငယ်ဘဝရဲ့ ပေါ့ပါးတဲ့ခံစားချက်၊ သူငယ်ချင်းဆက်ဆံရေးရဲ့ ပျော်ရွှင်စရာအနှစ်သာရတွေ၊ တိတ်တခိုး သဘောကျရသူလေးကြောင့် ခံစားရတဲ့ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ခံစားသက်ဝင်ရင်း အပူအပင်ကင်းပြီး လွတ်လပ်တဲ့ လူငယ်ဘဝကို တစ်ဖန်ပြန်လည်ခံစားကြရမှာပါ။ File size…2.44GB / 937MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6 2024 88 mins
The 4:30 Movie
Bang Rajan 2
5.7

Bang Rajan 2 (2010) ******************** ဒီတစ်ခေါက်မှာတော့ Bang Rajan 1 ရဲ့ ဇာတ်လမ်းအဆက်ဖြစ်တဲ့ Bang Rajan 2 ဆိုတဲ့ ထိုင်းသမိုင်းအက်ရှင်ဇာတ်လမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…Thanit Jitnukul မှ ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ရှေးဟောင်းအယုဒ္ဓယခေတ်နောက်ပိုင်းမှာ ဗမာတိုရဲ့ ကျူးကျော်မှုကို တိုက်ခိုက်ကာကွယ်နေတဲ့ရွာသား‌တွေရဲ့ သတ္တိနဲ့ စွန့်စားမှုတိုကို ရိုက်ကူးထားတာဖြစ်ပါတယ်… အင်အားနည်းပါးပြီး လက်နက်ပစ္စည်း မလုံလောက်ပေမဲ့ လွတ်လပ်မှုအတွက် တိုင်းပြည်ကို စွန့်စားကာကွယ်ဖို ကြိုးစားခဲ့တဲ့ သူရဲကောင်းတွေရဲ့ လက်ရုံးရည်ကို ကြည့်ရှုရမှာပါ… စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲမြင်ကွင်းများနဲ့ ရိုးရာထိုင်း တိုက်ခိုက်မှုပုံစံ‌တွေလည်း ပါဝင်ပါတယ်… တိုင်းပြည်နှစ်ခု စစ်ပွဲတစ်ပွဲဖြစ်တိုင်းကြုံရတတ်တဲ့ နစ်နာဆုံးရှုံးမှုတွေကို ရိုက်ကူးပြထားပါတယ်… ဒီဇာတ်လမ်းလေးထဲမှာတော့ ဘယ်ဘက်ကနိုင်တယ် ဘယ်ဘက်ကရှုံးတယ်ဆိုတာထက် စစ်ပွဲအတွင်း ကြုံတွေ့ကြရတဲ့ ဖြစ်ရပ်တွေကို အဓိကထားပြီး ရိုက်ကူးပြသထားပါတယ်… ဇာတ်လမ်းအညွှန်းကို Reddy မှရေးသားပေးထားပါတယ်… File Size : 4.09GB / 1.79GB Quality : WEB-DL 1080p / 720p Duration : 2hr 7m Genres : Action, Adventure, War Subtitle : Myanmar Subtitle (Hard Sub) Translated by Reddy Encoded by Heather Oo

5.7 2010 121 mins
Bang Rajan 2