YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Taken.In.Montana.2023.720p.(CM).mp4

711.93 MB N/A video/mp4 68 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The First Time
7

ဆယ်ကျော်‌သက်ကျောင်းသားအချစ်ဇာတ်မြူးကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် (၂၀၁၂) ထွက် The First Time ဆိုတဲ့ ကျောင်းသားကား‌လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါတီပွဲတစ်ပွဲမှာ ထူးဆန်းစွာတွေ့ဆုံကြရင်း ပေါက်ဖွားလာတဲ့ခံစားချက်တွေကြားက ဒေးဗစ်ဆိုတဲ့စီနီယာအထက်တန်းကျောင်းသားလေးနဲ့ အော်ဘရီဆိုတဲ့ ဂျူနီယာအထက်တန်းကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကိုချစ်သွားဖို့အတွက် အချိန် (၂) စက္ကန့်ပဲလိုပါတယ်လို့ ဖတ်ဖူးပါတယ်။ ဒေးဗစ်နဲ့အော်ဘရီကြားမှာ ပေါက်ဖွားလာတဲ့သံယောဇဉ်ကြိုးဟာလည်း အချိန်တိုတွင်းနှစ်ယောက်သားကို ချည်နှောင်လိုက်တာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်မြူးကားလေးပဲဖြစ်တာမို့ ထူးထူးခြားခြားဇာတ်လမ်းအတက်အကျတွေ သိပ်မပါဘဲ ခပ်အေးအေးလေးပဲသွားမဲ့ ဇာတ်လမ်းသွားမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျင်းစရာကြီးနေမှာပါလို့ ထင်ကြမဲ့ပရိသတ်ကြီးအတွက်လည်း IMDB rating က 6.8 ထိရရှိထားတဲ့ သေချာပေါက်ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပြရစေခင်ဗျာ။ အဓိကဇာတ်ဆောင်တွေအနေနဲ့ ဒေးဗစ်အဖြစ် မင်းသား Dylan O'Brien က ပါဝင်သရုပ်ဆောင်ထားပြီး The Maze Runner, Teen Wolf စတဲ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ဖူးထားသူမို့ မျက်နှာသစ်မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ အော်ဘရီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီး Britt Robertson ကလည်း စာရေးဆရာကြီး Nicholas Sparks ရဲ့ Movie adaptation ဖြစ်တဲ့ The Longest Ride, Tomorrowland စတဲ့ movie တွေမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ဖူးသူမို့ ဒီဇာတ်ကားက နာမည်ရမင်းသား၊ မင်းသမီးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးတင်ဆက်ထားတဲ့ rating ကောင်းကောင်း‌ဇာတ်ကားကောင်းတစ်ကားပါလို့ ပြောပါရစေခင်ဗျာ။ File size…(1.6 GB)/(850 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Reality
7 2012 95 mins
The First Time
Conor McGregor: Notorious
7

Conor McGregor ဆိုတဲ့ ဖိုက်တာကြီးကို သူထိုးတဲ့ပွဲတိုင်းကို မကြည့်ဖူးရင်သာနေမယ် အမိုက်စား တော်ကီတွေနဲ့ တစ်ဘက်ပြိုင်ဘက်ကို ရှယ်လှော်တတ်ဘဲကြီးဆိုပြီး သတိတော့ထားမိကြတယ်မလား..ပြီးရင်ထီမထင်တဲ့ သွားဟန်လာဟန်နဲ့ သူဟာ လူငယ်တွေကြားထဲတော့အတော်ရေပန်းစားပါတယ်.. Conor McGregor ဆိုရင် အိုင်ယာလန်နိုင်ငံသား ဝိတ်တန်းနှစ်ခုမှာချန်ပီယံဖြစ်ခဲ့တဲ့ပထမဆုံးဖိုက်တာ ဝိတ်တန်းသုံးခုက ပြိုင်ဖက်တွေကို အလဲထိုးပြနိုင်တဲ့ပထမဆုံးဖိုက်တာ UFC ရဲ့ဝင်ငွေအများဆုံးဖိုက်တာတစ်ယောက်ကို ပြေးမြင်မိမှာပါပဲ။ ရေပိုက်ပြင်သမားဘဝကနေ UFC ရဲ့ ဝင်ငွေအများဆုံးဖြစ်လာတဲ့ ကော်နာဟာ ဒီလိုဘဝကိုရောက်ရှိဖို့အတွက် သွေးတွေချွေးတွေအများကြီးရင်းနှီးခဲ့ရပြီး ဇွဲကြီးကြီးနဲ့ ပြိုင်ဖက်တွေကိုရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ ဘယ်သူပဲလာလာ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်ဝိတ်တန်းမှာဖြစ်ဖြစ် နိုင်အောင်ထိုးမယ်ဆိုတဲ့ McGregor ရဲ့ UFC မရောက်ခင်ကအကြောင်းတွေ ချန်ပီယံဖြစ်လာဖို့ လမ်းကြောင်းတစ်လျှောက်က အခက်အခဲတွေ ပြင်ဆင်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ဒီ Conor McGregor:Notorious ဆိုတဲ့ Document ကတော့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။ File Size :(1.8GB) (908MB) and (271MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:30:00 Genre : Documentary , Biography , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Crime • Drama • Mystery • Thriller
7 2017 90 mins
Conor McGregor: Notorious
King Richard
7.7

2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီ ဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ် ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါ တင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး . ဒါပေမယ့် ရစ်ချက်ဝီလီယျံပြောတဲ့ စကားအတိုင်း.. "ကျွန်တော့်သမီးတွေ မမွေးခင်ထဲက သူတို့ရဲ့ အနာဂတ်အတွက် အစီအစဉ်ဆွဲထားပြီးသား အဲ့ဒါကတင်းနစ်ချန်ပီယံတွေဖြစ်ဖို့ပဲဆိုပြီး သူ့စကားအတိုင်းအကောင်အထည်ဖော်ခဲ့ပါတယ် ဒီကားဟာ အတော်လေး Inspiration ဖြစ်တဲ့ကားဖြစ်ပြီး ၂ နာရီခွဲလောက်ကြာတာကြောင့် တစ်ဝကြီးကြည့်ရမှာ HBO ကထုတ်တဲ့ကားဖြစ်တာကြောင့်လည်း မကောင်းမှာမပူရပါဘူး. Main Lead ကလည်း Will Smith၊ ရှားရှားပါးပါး Biography, Sport ကားဆိုတော့ အများကြီးပြောစရာမလိုအောင် အချိန်ပေးရတာထိုက်တန်မှာပါ ( ဘာသာပြန်နဲ့ အညွှန်းရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File size…(2.6 GB) / (1.4 GB) Quality….Webrip 1080p / 720p 5.1CH Format…mp4 Duration….02:33:00 Genre...Sport, Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Comedy
7.7 2021 145 mins
King Richard
Believer 2
8.8

Believer 2 (2023) (အညွှန်း) ==================== 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။ စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ Han Hyo Joo ရဲ့ ကွဲပြားတဲ့ဇာတ်ရုပ်ကိုမြင်ရဦးမှာမို့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ာထာတာကတော့ Laii, Thant Sin ,Thae, Kaung တို့ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime , Thriller Quality…. 1080p | 720p File size… 1.4GB | 593MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Laii, Thant Sin ,Thae, Kaung Encoder ….. Aaron

Thriller • Crime • Mystery
8.8 2023
Believer 2
American Heist
5.5

ဒီဇာတ်လမ်းလေးကတော့ ဘဏ်ဓါးပြတိုက်ကြတဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းဇာတ်လမ်းလေးပါ…။ သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ အထူး မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားတွေပါပဲ Jumber မင်းသား၊ Star Warsထဲကအန်နာကင်စကိုင်းဝေါ့ကာအဖြစ် သရုပ်ဆောင်တဲ့ Hayden Christensen လူဆိုးဇာတ်ရုပ်ဆို ပီပြင်တဲ့ မင်းသားAdrien Brody… နောက်ပြီး F&Fထဲက မင်းသမီးချော Jordana Brewsterကိုလည်း မြင်တွေ့ရဦးမှာပါ…။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်… ဂျိမ်းမှာ ဒုစရိုက်မှုဆိုရင် အမြဲပျော်မွေ့တတ်တဲ့ ဖရန်ကီဆိုတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်…။ လူငယ်ဘဝမှာ ရဲတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် ထောင် ၁၀နှစ်ကျခဲ့တဲ့ဖရန်ကီဟာ ထောင်ကထွက်လာပြန် တော့လည်း မမှတ်သေးဘဲ သူခိုးဂျပိုးတွေနဲ့ထပ်ပေါင်းပြန်တယ်….။ ဒီလိုလူပေါင်းမှားတတ်တဲ့ ဖရန်ကီဟာ ဘယ်လောက်ပဲဆိုးသွမ်း အသုံးမကျနေပါစေ… ညီဖြစ်သူ ဂျိမ်းကိုတော့ အတော်ဂရုစိုက် တတ်သူပါ…။ ဒီတစ်ခါလည်း ဖရန်ကီဘဏ်ဖောက်ဖို့ကြံပြန်ပါပြီ…။ ဂျိမ်းက နောက်ကနေလိုက်ထိန်းရပြန်ပြီပေါ့…။ သူတို့ရဲ့ အစီအစဥ်ကြီးက တကယ်ပဲအလုပ်ဖြစ်ပါ့မလား…။ ဂျိမ်းကရော အစ်ကိုဖြစ်သူရဲ့ ဘဏ်ဖောက်မယ့်အကြံထဲ ဘယ်လိုပါသွားမလဲ…ဘဏ်ဖောက်မှုအောင်မြင်ပါ့မလားစတဲ့ Crime Actionတွေအပြင် ညီအစ်ကိုကြား ကြီးမားလွန်းလှတဲ့ မေတ္တာတရားကိုပါ ခံစားရမယ့် Drama ကားလေးဖြစ်ပါတယ်…။ File size…1.64GB / 764MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Adventure • Crime • Drama • Thriller
5.5 2014
American Heist
Mean Streets
7.2

ချာလီက မာဖီးယားဂိုဏ်းရဲ့ မိသားစုဝင်တစ်ယောက်ပါ။ သူ့ဦးလေးက စီးပွားရေးလုပ်ငန်းတစ်ချို့ကို ဦးစီးခိုင်းစေချင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းလို ညီတစ်ယောက်လို ချစ်ခင်ရတဲ့ ဂျွန်နီကို လိုက်လံစောင့်ရှောက်ပေးနေရတာနဲ့ပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေခဲ့တာပါ။ ဂျွန်နီက တကယ့်မလည်ရှုပ် လောင်းကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငွေကြေးအရှုပ်အရှင်းလည်း အရမ်းများတဲ့သူပါ။ ဂျွန်နီတစ်ယောက် ချာလီရဲ့ မိတ်ဆွေ မိုက်ကယ်ဆီကနေ ငွေချေးပြီး ပြန်မဆပ်ရာကနေ ပြဿနာတွေ စတော့တာပဲ။ ချာလီက ဂျွန်နီရဲ့ ဝမ်းကွဲအမဖြစ်တဲ့ ထရီစာနဲ့လည်း ချစ်ကြိုက်နေတာပါ။ ထရီစာက စိတ်သိပ်မမှန်လို့ ချာလီက သနားလည်းသနားပါတယ်။ ဂျွန်နီနဲ့ ထရီစာတို့ မောင်နှမအရေးနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘဝကြားမှာ ကြားညပ်သွားတဲ့ ချာလီရဲ့အဖြစ်ကို ရှုစားရမှာပါ။ ငြိမ့်ငြိမ့်လေးနဲ့ပဲ ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး စဉ်းစားစရာ သင်ခန်းစာယူစရာတွေလည်း အများကြီးပါပဲ။ တကယ့်ဇာတ်အေးကြီး ဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေ အသက်ဝင်လှတဲ့ ဇာတ်ကွက်တွေကြောင့် လုံးဝမြောပါသွားပါလိမ့်မယ်။ Vintage ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေနဲ့ဆိုရင် ကွက်တိပါပဲ။ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဒရာမာဇာတ်ကားကောင်းလေးပါ။ နာမည်ကြီးမင်းသားကြီး ရောဘတ်ဒနီိရိုက မလည်ရှုပ် ဂျွန်နီရဲ့ နေရာကနေ ပြောင်မြောက်စွာပဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…(2 GB)/(940 Mb) Quality….Blu-Ray 1080p/720p Format…mp4 Duration….01:52:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ken

7.2 1973
Mean Streets
Leave Her to Heaven
7.6

Leave Her to Heaven(1945) IMDb: 7.6/10 Rotten Tomatoes: 85% Genre: Drama/Film-Noir/Romance သဝန်တိုတယ်ဆိုတာ လုံးဝကိုမကောင်းပါဘူး။ ကိုယ်ကချစ်ဖို့သဝန်တိုပေမယ့် တဖက်လူကိုချုပ်ချယ်သလိုဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပဲ သဝန်တိုတဲ့အချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အတ္တဝါဒီအပေါ်ကိုပဲအခြေခံနေပါတယ်။ ဒီရုပ်ရှင်ဟာ ဒါကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ဒီကားကိုဘာသာမပြန်ခင် ဇာတ်ကားအကြောင်း YouTube မှာအရင်ရှာကြည့်လိုက်တော့ကွန်မန့်တစ်ခုမှာ”မင်းသမီး Gene Tierney သတင်းစာကိုချပြီး ပထမဦးဆုံးသူ့မျက်နှာကိုပြလိုက်တဲ့အချိန်အဖေရော၊ တစ်ရုံလုံးရော သူ့အလှမှာ နစ်မြောသွားတယ်” ဆိုပြီး ရေးထားတဲ့ကွန်မန့်လေးတစ်ခုကိုတွေ့လိုက်ပါတယ်။ တကယ်လည်း Gene Tierney ရဲ့အလှကအတော်လေးကိုမှင်သက်ဖို့ကောင်းလှပါတယ်။ ဒီရုပ်ရှင်နဲ့ မင်းသမီးဟာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆုကိုဇကာတင်ဝင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်မကောင်းမှာတော့ပြောစရာကိုမလိုပါဘူး။ ဇာတ်ညွှန်း အဲလန် ဘီရန့်တ် ဆိုတဲ့အမျိုးသမီးဟာသူလိုချင်တာ ဘာကိုမဆိုရအောင်ယူတတ်တဲ့မိန်းမမျိုးဖြစ်ပါတယ်။ သူဟာရထားပေါ်မှာ စာရေးဆရာ ရစ်ချက်ဒ်ဟာလန်းဒ် နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ နယူးမက္ကစီကိုမြို့က လယ်တောခြံမှာ အနားယူဖို့ဖိတ်ခေါ်ခြင်းခံထားရတဲ့လူတွေဖြစ်ပါတယ်။ အဲလန်ဟာ ကွင်တန် ဆိုတဲ့လူတစ်ယောက်နဲ့စေ့စပ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲလန်ဟာ ရစ်ချက်ဒ်ကိုချစ်မိသွားပြီး ၂ ရက်ထဲနဲ့လက်ထပ်ယူခဲ့ပါတယ်။ ခက်တာက အဲလန်ဟာ ရစ်ချက်ဒ်ဘေးမှာ သူ(မ)ကလွဲပြီး ဘယ်သူမှရှိနေတာမျိုးမကြိုက်ပါဘူး။ သူတို့နှစ်ယောက်ဟာ ရစ်ချက်ဒ်ရဲ့ ညီလေး ဒန်နီရှိတဲ့ ရေကန်ဘေးကတဲအိမ်လေးကို သွားလည်ခဲ့ပါတယ်။ အချစ်ကြီးလွန်းတဲ့ အဲလန် ရဲ့ဒဏ်ကိုရစ်ချက်ဒ်ခံနိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မှာလဲ။သဝန်တိုတတ်တဲ့လူ၊ အတွေးလွန်တတ်တဲ့လူဆိုရင် ဒီရုပ်ရှင်ကိုသဘောကျမှာသေချာပါတယ်။ File size… 2.4 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 50m Genre ….. Drama/Film-Noir/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

7.6 1945
Leave Her to Heaven
Zhu Bei Uncrackable Cases
6

မှုခင်းရဲတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင်မုံ့တုန်းဟာ ရာထူးခန့်အပ်ခါစမှာပဲ ခြေထောက်ပြတ်တစ်ခုကို မြစ်ထဲက ဆယ်ခဲ့ရပြီး အမှုစစ်ဆေးစရာဖြစ်လာပါတယ်။ ဒီအမှုအတွက်ကျူးပေမြို့ကလေးက တံငါသည် ရှီဆွေရှန်းက ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တဲ့အတွက် မုံ့တုန်းစိတ်ထဲ သံသယ ပိုများနေခဲ့ပါတယ်။ ရှီဆွေရှန်းရဲ့ ပြီးပြည့်စုံလှတဲ့ ဖြောင့်ချက်ကတစ်ဆင့် မုံ့တုန်းဟာ သဲလွန်စတွေ ရှာဖွေနိုင်ခဲ့ပြီး လီလောင်စန်းကို သံသယဖြစ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးနောက်မှာတော့ မုံ့တုန်းဟာ မတော်တဆ လူသတ်မိတဲ့ လီလောင်စန်းကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံကို ရှာတွေ့ပြီအထင်နဲ့ အမှုပိတ်ခါနီးမှာ ခရိုင်မြို့မှ DNA စစ်ဆေးချက်အဖြေကို ရရှိခဲ့ပြီး ခြေထောက်ပြတ်ရဲ့ ပိုင်ရှင်ဟာ တခြားလူတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ…… မုံ့တုန်းတို့အဖွဲ့ တရားခံအစစ်ကို ဖမ်းဆီးနိုင်ပါ့မလား…… ရထားတဲ့ သဲလွန်စတွေထဲမှာ ဘယ်လောက်ကအစစ်ဖြစ်ပြီး ဘယ်လောက်က အတုတွေ ဖြစ်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။

6 2022
Zhu Bei Uncrackable Cases
Kyrie Kyrie No Uta
6.8

Kyrie (2023) IMDb Rating (6.8) ရွှန်းဂျီ အိဝါအီ ဒါရိုက်တာက သူ့ကိုယ်ပိုင် ဝတ္ထုဖြစ်ကို အခြေခံရိုက်ကူးထားတဲ့ Kyrie no Uta ဆိုတဲ့ အချစ်အသားပေးမဟုတ်ဘဲ ဘဝအသားပေးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ပေးလိုက်ပါတယ်… ဘဝအသားပေးဆိုတာ ဘယ်လိုမျိုးလဲဆိုရင် သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့တဲ့ အစတည်းက ဖွံ့ဖြိုးမှုအားနည်းတဲ့ ကောင်မလေးတစ်ယောက် တစ်ချိန်တည်းမှာ မိသားစု၊ အချစ်၊ ပျော်ရွှင်မှုကို ပျောက်ဆုံးရုံမကဘူး သူဟာ ဘယ်သူဆိုတာကိုပါ မသိတော့တဲ့ ကောင်မလေးတစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ အကြောင်းလေးကို ရိုက်ကူးထားတာပါ… ဒီကားလေးထဲမှာ ခံစားချက်နက်ရှိုင်းမှုတွေ၊ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ လူတချို့ရဲ့ ဘဝခံစားချက်တွေ၊ ထရာမာရပြီး ပြန်လည်တည်ဆောက်တဲ့ပုံတွေကို ပုံဖော်တင်ဆက်ထားပါတယ်… အဓိက ဇာတ်ဆောင် ကီရီအယ် ဆိုတဲ့ ကောင်မလေးကတော့ ပလပ်ဖောင်းပေါ်မှာနေပြီး နေ့စဉ် ဂစ်တာတစ်လုံးနဲ့ သီချင်းတွေကို သီဆိုပြီး ဘဝကို ဖြတ်သန်းနေခဲ့သူပေါ့…. သူ့ထူးခြားချက်က စကားပြောရင် တစ်လုံးနဲ့ တစ်လုံး ခွာပြောတတ်သလို တစ်နေ့နေလို့ စကား ၁၀ ခွန်းပြည့်တောင် မပြောနိုင်တဲ့ ထူးခြားတဲ့ကလေးမျိုးပေါ့… ဒါပေမယ့် သီချင်းဆိုရင်တော့ ချောနေတာပဲ… ဒါပေမယ့် သူ့နာမည်အရင်းက ကီရီအယ်မဟုတ်ခဲ့ဘူး… သူ့နာမည်အရင်းက ရုကာတဲ့… ဘာကြောင့် ကီရီအယ်ဖြစ်သွားတယ်ဆိုတာ ကို မပြောတော့ဘူး ကိုယ့်ဘာသာ ဇာတ်ကားထဲ အဖြေရှာကြည့်လိုက်… ဒီလို ပလပ်ဖောင်းခေါင်းအုံးအိပ်ဖို့ ကြံနေတဲ့ ကီရီအယ်ရဲ့ဘဝထဲ အလင်းတန်းတစ်ခုပေါ်လာတယ်… ဒါကတော့ အိကို ဆိုတဲ့ သူ့အရင်က မိတ်ဆွေဟောင်းပဲ…ရုတ်တရက်ပေါ်လာပြီး ပရိုဖြစ်အောင်ကူညီပေးဖို့ကြိုးစားပြုပြင်ပေးခဲ့တယ်… ဝတ်ပုံစားပုံ၊ ပြောပုံဆိုပုံ၊ နောက်ပြီး live performer ဖြစ်လာဖို့အထိ အဆက်အသွယ်တွေနဲ့ မိတ်ဆက်ပေး၊ သူကိုယ်တိုင် ပစ္စည်းတွေရှာပြီး ကိုယ်တိုင်ကြိုးစားပေးခဲ့တာပေါ့ … အလွယ်နဲ့ရောက်လာတဲ့ ပျော်ရွှင်မှုက မီးပန်းအလှလိုပဲ လှပေမယ့် တိုတောင်းလွန်းတယ်… တစ်နေ့ အိကို ကီရီအယ်ဘဝထဲပျောက်သွားခဲ့တယ်… ဘာကြောင့်ပျောက်တယ်ဆိုတာတော့ spoil တယ်ဖြစ်မှာစိုးလို့ မပြောတော့ဘူး… အဆိုတော်တစ်ယောက်အကြောင်းဆိုပေမယ့် သီချင်းတွေက ဇာတ်လမ်းရဲ့ ပင်မကျောရိုးမဟုတ်နေခဲ့ဘူး… ဒီတော့ မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ အရာရာကို နှေးနှေးလေးနဲ့ ဖြတ်သန်းနေတဲ့ ကီရီအယ်ရဲ့ လမ်းဘေးတင်ဆက်သူဘဝလေးထဲ CM နဲ့အတူ ဝင်ကြည့်လိုက်ကြရအောင်နော်… (အညွှန်းနဲ့ဘာသာပြန်ကတော့ Chu Chu ဖြစ်ပါတယ်။) File size…(2.5 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Music Duration….02:00:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Chu Chu

Drama • Adventure • Thriller
6.8 2023 178 mins
Kyrie Kyrie No Uta
404 Run Run
5.9

ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် ATM မင်းသားကြီး P’Ter နဲ့ Century of Loveထဲက ကိုကိုကတုံး Daouတို့ရဲ့ အမိုက်စား ဟာသသရဲကားလေး ထွက်ရှိလိုလာပါပြီခင်ဗျ။ ဒီထဲမှာတော့ ဇာတ်လိုက်ကျော်ကြီးက အာဝဇ္ဇန်းရွှင်သလောက် အလုပ်မဖြစ်တဲ့ အိမ်ခြံမြေပွဲစားလေး နာ့ခရော့အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အိမ်ခြံ‌မြေပွဲစားလေးနာ့ခရော့ဟာ အပြောမှာတော့ရွှေမန်းဆိုပေမဲ့ လက်တွေ့မှာတော့ အိမ်စုတ်တွေကို ကြည့်ကောင်းရုံနှမ်းဖြူးလေးပြင်ပြီး ဂျင်းထည့်ရောင်းနေတဲ့လူလိမ်ပေါ့။ ဒါပေမဲ့ လူတွေကလည်း ဂျင်းထည့်ဖို့ ထင်သလောက်မလွယ်တော့ တစ်ဖက်က အကြွေးနွံနစ်ပြီး ချစ်သူဖြစ်တဲ့လင်းနဲ့မင်္ဂလာဆောင်ဖို့ ပြင်ဆင်ရာကနေ အကြိမ်ကြိမ်လွဲချော်နေတဲ့ အရှုံးသမားလေးပါ။ ဒီလိုနဲ့ နောက်ဆုံးတစ်ခါ အခွင့်အရေးပေးဖို လင်းကို ကတိတွေပေးလိုက်ပေမဲ့ လမ်းစပျောက်နေတဲ့ နာ့ခရော့တစ်ယောက် အိမ်ခြံမြေကြီးကြီးကိုရှာပြီး အချီကြီးရအောင် အပီကြံမယ်လို့အားခဲလိုက်ရာကနေ ရှာတွေ့ခဲ့တဲ့ ဆွခ်ဟီနီရမ်ဟိုတယ်ကြီး….ခမ်းနားတဲ့ဟိုတယ်ကြီး မြေပိုင်လည်းဖြစ်တဲ့အပြင် ဈေးကလည်းအရမ်းပေါနေပေမဲ့ ဝယ်သူမရှိရတဲ့အကြောင်းရင်းကတော့… ဒီတော့ ချစ်သူလေးနဲ့နီးစပ်ဖို့အရေး ဟိုတယ်ကြီးကိုဝယ်ပြီး ချမ်းသာဖို့ကြံနေတဲ့နာ့ခရော့တို့လူတစ်စုကို ဟိုတယ်ကြီးထဲမှာ ဘယ်လိုထူးခြားဖြစ်စဉ်တွေက စောင့်ကြိုနေမလဲဆိုတာ CMနဲ့အတူ ရှုစားလိုက်ရအောင်ပါ။ File size…(1.6 GB)/(710 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:43:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Mary & CharOu

5.9 2024
404 Run Run
Fog of War
5.3

ဂျာမန်နဲ့အမေရိကန်တို့ စစ်ဖြစ်နေစဉ်ကာလက ကြေကွဲစရာ အချစ်ဇာတ်လမ်းလေးတစ်ကို စိတ်ကူးယဉ်ပုံဖော်တင်ဆက် ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေး လိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Fog Of War ဖြစ်ပြီး လက်ရှိ IMDb Rating 5.3 အထိရရှိထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီး Supernatural Series ထဲမှာ Michael အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jake Abel တို့ Deadpool ထဲကမီးကောင်မလို့လူသိများကြတဲ့ Brianna Hildebrand ကိုဒီဇာတ်ကားထဲမှာ ရှေးခေတ်ပုံစံလှလှပပ တွေ့ရမှာဖြစ်ပြီး တခြားသော နာမည်ကြီးသရုပ်ဆောင် များလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းအစကတော့ ဂျင်းဆိုတဲ့ အမေရိကန်တိုက်လေယာဉ်မှူး ဂျာမန်တွေလက်ချက်ကြောင့် လေယာဉ်ပျက်ကျပြီး ဒဏ်ရာ ရခဲ့ရာကနေစတာပါပဲ။ဂျင်းက ဂျာမန်တွေကိုတိုက်ထုတ်ရာမှာ ထူးချွန်ခဲ့တဲ့တပ်သားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုဆုချဖို့ အတွက် သူ့ရဲ့ဇနီးလောင်းဖြစ်သူ OSS အေးဂျင့် ပန်နီတို့ကို ခွင့်ပေးပြီး ပန်နီ့ဦးလေးနဲ့အဒေါ်တို့ဆီကိုသွားလည်ခွင့်ပေးခဲ့ ပါတော့တယ်။ဒါပေမယ့် ဒီခရီးစဉ်ရဲ့နောက်ကွယ်မှာတော့ ဂျင်းအတွက်စစ်ဆင်ရေးတစ်ခုရှိ‌နေခဲ့ပါတယ်။အဲ့ဒါကတော့ သူတို့ရဲ့ကျူးကျော်တိုက်ခိုက်မဲ့ အချက်အလက်တွေပေါက် ကြားခဲ့ပြီး ပေါက်ကြားခဲ့တဲ့နေရာက သူတို့သွားမဲ့နေရာအနီး အနားမှာဖြစ်နေတဲ့အတွက် ဂျင်းကိုစုံစမ်းစစ်ဆေးခိုင်းဖို့အကြံနဲ့ လွှတ်လိုက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ ဂျင်းနဲ့ပန်နီတို့အဲ့ဒီကိုရောက်ခဲ့ကြပြီး ဒီပေါက်ကြားမှုကြီးရဲ့ နောက်ကွယ်က တရားခံအစစ်အမှန်ကို ဂျင်းတစ်ယောက် ရှာဖွေဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို စစ်ပွဲကာလဇာတ်ကား ဆိုပေမဲ့ ဒရာမာဆန်ဆန်စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူး ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… (1.25GB) / (759MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Crime • Action • Thriller
5.3 2025 103 mins
Fog of War
Screamboat
5.5

ထူးထူးခြားခြား ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင် လေးတွေကို ကြောက်စရာကောင်းတဲ့ လူသတ်ဗီလိန်ကြီးတွေ အဖြစ်ပြောင်းလဲရိုက်ကူးထားတာကိုမှ စိတ်ဝင်စားကြတဲ့ လူတွေအတွက် ဒီတစ်ခါမှာတော့ ဟိုးခေတ်လူကြီးတွေက အစ အခုခေတ်ကလေးတွေအထိ မသိသူရှားတဲ့ Mickey Mouse ရဲ့ Horror ဇာတ်ကားလေးကိုတင်ဆက်ပေး လိုက်ပါတယ်။Rating တွေဘာတွေကတော့ ဒီလိုဇာတ်ကား မျိုးတွေရဲ့ထုံးစံအတိုင်း မကြိုက်ကြတဲ့လူများတဲ့အတွက် ကောင်းမှာတော့မဟုတ်ပေမဲ့ စိတ်ဝင်စားတဲ့လူတွေအတွက် ကတော့ ထူးထူးဆန်းဆန်းကြည့်စရာဇာတ်ကားလေး တစ်ကားဖြစ်နေဦးမှာပါပဲ။ ဒီကားလေးကိုတော့ Mickey Mouse ကားတွေ တချို့ကာတွန်း ကားတွေရဲ့ အစမှာတွေ့ရမဲ့ လေလေးချွန်ပြီး လှေမောင်းနေတဲ့ ကြွက်လေးကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဇာတ်အိမ်တည်မဲ့နေရာကိုတော့ ဖယ်ရီသင်္ဘောကြီး တစ်ခုပေါ်မှာတည်ထားတာတွေ့ရမှာဖြစ်ပါတယ်။ စစချင်းမှာတော့ နယူးယောက်မြို့လေးရဲ့ထုံးစံအတိုင်း ဖယ်ရီ သင်္ဘောပေါ်ကို လူပေါင်းစုံ စရိုက်ပေါင်းစုံတက်လာခဲ့ပြီး ပျော်တဲ့သူကပျော် အနားယူတဲ့သူကအနားယူနဲ့ သာယာတဲ့ ညနေခင်းလေးကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဒီဇာတ်ကားရဲ့အဓိကဗီလိန်ကြီး ပေါ်လာပြီး လူတွေကိုတစ်ယောက်ပြီးတစ်ယောက်ဘယ်လို သတ်ဦးမလဲ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာတွေအပြင် ဒီလို သည်းထိပ်ရင်ဖိုကားတွေရဲ့ထုံးစံအတိုင်း အသက်ရှင်ကျန် သူတွေရောရှိပါ့ဦးမလားဆိုတာကို ရှုစားရဦးမဲ့ ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.15 GB) / (714 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Adventure • Family • Animation
5.5 2025 102 mins
Screamboat