YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Sweet.Home.S02E04.2020.2160p.NF.WEB-DL.DDP5.1.H.265-CM.mkv

6.1 GB N/A video/x-matroska 111 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Terminator: Dark Fate
6.5

အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။ အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ ဇာတ်လမ်းအကျဉ်း ဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။

Comedy • Crime • Thriller
6.5 2019 128 mins
Terminator: Dark Fate
Bite Me If You Love Me
6.6

Bite me if you love me(2011) “နင်ကရုပ်ချောတဲ့ကောင်လေးတွေကိုသဘောကျပေမဲ့ငါကတော့ ဇွန်ဘီတွေကိုသဘောကျတယ်” Hitomiဆိုတဲ့ကောင်မလေးဟာ ဇွန်ဘီတွေကိုအလွန်စွဲလမ်းတဲ့ အထက်တန်းကျောင်းသူလေးပါ တရက်တော့ သူတို့အခန်းထဲက ဇွန်ဘီနာမည်ပြောင်နဲ့ကောင်လေးတစ်ယောက်ကိုတွေ့ခဲ့တယ် အဲ့ကောင်လေးဟာ‌အမြဲအေးတိအေးစက်နဲ့ပေမဲ့ Hitomiကိုတကယ်ချစ်ခဲ့တယ် Hitomiကတော့ အချစ်ကိုခုတုံးလုပ်ပြီး အဲ့ကောင်လေးကို ဇွန်ဘီအဖြစ်ပြောင်းလဲချင်နေတာပေါ့ ကဲ Hitomiရဲ့ဆန္ဒကိုလက်ခံလိုက်တဲ့အခါဘယ်လိုတွေဆက်ဖြစ်သွားမှာလဲ? Hitomiကကော ဇွန်ဘီတစ်ယောက်ပေါ် အချိန်ကြာကြီးသစ္စာရှိနိုင်ပါ့မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦး File Size__(400MB) Quality__DVDRip IMDb Rating__5/10 Format__mp4 Duration__01:12:00 Type__Adult Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil

Comedy • Drama • Romance
6.6 2011 71 mins
Bite Me If You Love Me
Jigarthanda
8.2

Jigarthanda (2014) “ဘိုင်စကုတ်ဂန်းစတား” IMDb-8.2/10 မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား “Jigarthanda double X 2023” မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာ‌‌တွေ့သွားတယ်။ ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy
8.2 2014
Jigarthanda
The Details
6.1

The Details (2011) ================== ဒီဇာတ်လမ်းကတော့ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Tobey Maguire နဲ့ Elizabeth Banks တို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဟာသဇာတ်လမ်းဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ Jeff နဲ့ Nealy တို့ရဲ့ ​နောက်ဖေးခြံဥယျာဥ်မှာ တောကြောင်တွေ လာသောင်းကျန်းလို့ ထောင်ချောက်ဆင်ရာကနေ Jeff တစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခု ဆင့်ပွားပေါ်ပေါက်လာတော့တယ်။ အစပိုင်းမှာတော့ ဘာမှမဟုတ်တဲ့အသေးအမွှား​လေးတွေဆိုပေမဲ့ အဲဒီအသေးအမွှားလေးတွေကနေ အိမ်ထောင်ရေးပြဿနာ၊ ဖောက်ပြန်မှုနဲ့ လူသတ်မှုတွေအထိ ဘယ်လိုတောင်ကြီးမားလာမလဲဆိုတာကို The Details မှာ dark humor များစွာဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

6.1 2011
The Details
Shadow of Fire
7

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် ဂျပန်တွေ စစ်ရှုံးကာလ ဝန်းကျင်ကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ ဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီး ဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင် “အနက်ရောင်ဆီးနှင်းကျတဲ့ည”လို့တင်စားခေါ်ဝေါ်တဲ့ တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်း တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများ အပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့ အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကို လစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေး တစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန် စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။ သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာ အစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည် ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက် ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါ ထင်ဟပ်ပြသထားပြီး တကယ့်ကို ခံစားမှုရသပေးစွမ်းနိုင်တဲ့ စစ်ပွဲဆန့်ကျင်ရေး ဇာတ်ကားကောင်း တစ်ကားလို့ ဆိုပါရစေ။ File size…1.59GB / 697MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , History , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

7 2023
Shadow of Fire
The Monkey King
4.9

2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး အထူးသဖြင့် မြန်မာပရိတ်သက်အများအပြားအထူးကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ စွန်းဝူခုန်းဇာတ်ကားလေးပါ။ Visual Effect အလန်းစားတွေနဲ့စွန်းဝူခုံး မွေးဖွားလာပုံကနေစပြီး နဂါးပြည်သို့သွားရောက်မွှေနှောက်ပြီး သူ့ရဲ့လက်စွဲတော်ရွှေတုတ်တံရှာပုံတော်ဖွင့်ပုံ . နတ်ပြည်သို့သွားရောက်ပြီး မွှေနှောက်ခဲ့ပုံများကို အလန်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ကြည့်ရမယ့်ကားလေးပါ။ နောက်ဆုံးမှာ မိစ္ဆာတွေနှိမ်နှင်းပြီးတဲ့နောက်မှာတော့ နတ်ပြည်ကိုဖျက်ဆီးခဲ့မှုတွေကြောင့် ဘုရားရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရပြီး လက်ငါးချောင်းတောင်အောက်မှာ အနှစ် ၅၀၀ တိတိ ချုပ်နှောင်ခံခဲ့ရပါတယ်။ အနောက်ဘက်ကိုသွားပြီး ကျမ်းစာတွေကိုသွားရောက်ပင့်ဆောင်မယ့် ဘုန်းကြီးနဲ့တွေ့မှသာ လက်ငါးချောင်းတောင်အောက်ကလွတ်ပြီး အနောက်ဘက်ကကျမ်းစာတွေပင့်ဆောင်ပြီးမှသာ အပြီးလွတ်ကျွတ်ဖို့ သတ်မှတ်ခံခဲ့ရပါတယ်။ ( Part 2 မှာ ကျမ်းစာပင့်ဆောင်ဖို့ စတင်မှာပါ။ )

4.9 2014
The Monkey King
21 Jump Street
7.2

21 Jump Street (2012) IMDb Rating (7.2) / Rotten Tomatoes (85%) ဒီတစ်ခေါက်ကတော့ ဟာသဇာတ်လမ်းတွေကြားမှာ နာမည်ကြီးပြီးသားရုပ်ရှင်ဖြစ်တဲ့ 21 jump street ရုပ်ရှင်ပဲဖြစ်ပါတယ်။ ရှမစ် နဲ့ ဂျန်ကို တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းတုန်းက အစေးမကပ်ခဲ့ကြပေမယ့် နှစ်ယောက်လုံး ရဲ ဖြစ်လာတဲ့အခါမှာတော့ ပါတနာတွေ အဖြစ် အတူတာဝန် ထမ်းဆောင်ရပါတော့တယ်။ စိတ်ထင်ရာနင်းကန်ချကြလို့ အထက်လူကြီးက တကယ့်နေရာကိုပို့လိုက်ပါတော့တယ်… ဒါကတော့ အထက်တန်းကျောင်းတစ်ခုမှာ ပျံ့နေတဲ့ မူးယစ်ဆေးအသစ်တစ်မျိုးအတွက် တာဝန်ရှိတဲ့သူကို ရှာဖွေရမှာဖြစ်ပါတယ်။ အဲ့အတွက် ရှမစ် နဲ့ ဂျန်ကိုတို့ဟာ အထက်တန်းကျောင်းကို ကျောင်းသားအသစ်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး လျှို့ဝှက်ထောက်လှမ်းရေး လုပ်ရပါတော့တယ်။ ရုပ်ရှင်ကြည့် ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Jonah Hill နဲ့ Channing Tatum တို့ ဦးဆောင်ပါဝင်ထားပြီး ဘော်ဒါနှစ်ကောင် အထက်တန်းကျောင်းမှာ ဘယ်လိုတလွဲတချော်တွေ ဖြစ်မလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပါ။ Brie Larson , Dave Franco , Ice Cube , Dakota Johnson တို့လို နာမည်ကြီးသရုပ်ဆောင်တွေလဲကူညီအားဖြည့်ထားတာမလို့ တကယ့်ကိုကြည့်ပျော်တဲ့ရုပ်ရှင်ပါပဲ။ 21 jump street(2012) နဲ့ 22 Jump Street (2014) ဆိုပြီး ၂ ကားထွက်ခဲ့ပြီးတော့ ၂ ကားလုံးတခွီးခွီးနဲ့ ရယ်နေရပါတယ်။ Jump Street ရုပ်ရှင်တွေကြည့်ပြီးသွားရင် Jonah Hill နဲ့ Channing Tatum တို့ ပရိတ်သတ်ဖြစ်သွားနိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Marco မှတင်ဆက်ထားပါတယ်။)

Horror • Comedy • Thriller
7.2 2012 109 mins
21 Jump Street
All You Need Is Blood
5.5

ဒီတစ်ခါတော့ cm ပရိသတ်ကြီးကို ပေါ့ပေါ့ပါးပါး Horror comedy ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်…။ ဇာတ်ကြောင်းကတော့ ဘက်ကီဆိုတဲ့ ဆယ်ကျော်သက် ကောင်လေး တစ်ယောက်က ရုပ်ရှင်ရိုက်ကူးတာကို ရူးသွပ် ခုံမင်သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်း ရုပ်ရှင်ပွဲတော်တွေမှာ သူရိုက်ကူးတဲ့ ဗီဒီယို အတိုအစလေးတွေကို ပေးပို့ယှဉ်ပြိုင် ပေမယ့်လည်း တစ်ခါမှ အောင်မြင်မှု မရရှိသေးပါဘူး။ တစ်နေ့မှာ သူတို့အိမ်ရှေ့က ကွင်းပြင်ထဲကို အာကာသထဲက အမျိုးအမည်မသိတဲ့ အရာတစ်ခု ကျလာခဲ့ပါတယ်။ အဲဒီအရာကို သွားထိကိုင်လိုက်မိတဲ့ ဘက်ကီရဲ့ အဖေဖြစ်သူဟာ ဇွန်ဘီတစ်ကောင်အဖြစ်ကို ကူးပြောင်းသွားပါတော့တယ်။ ရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ ဘက်ကီတစ်ယောက် ဇွန်ဘီရုပ်ရှင်ကို ရိုက်ကူးဖို့ ကြိုးစားရင်း ဘယ်လိုမျိုး အလွဲလေးတွေ ဖြစ်ကြမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဟော်ရာ ဇာတ်လမ်းလေး ဖြစ်တာမို့ အားပေးကြည့်ရှုလိုက်ကြပါဦးလို့….။ File size… (1.41GB) / (785MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2023 99 mins
All You Need Is Blood
Kadha Innuvare
7.3

Kadha Innuvare (2024) “အချစ်နောက်လိုက်ခြင်း” ရိုးရိုးစင်းစင်း မလေယာလမ် ဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်တို့ ရင်အေးစေဖို့ တင်ဆက်လိုက်ပါတယ် ဒီဇာတ်လမ်းမှာဆိုရင် မတူညီတဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို စတိုင်တစ်မျိုးနဲ့ တင်ဆက်ထားတာကို ကြည့်ရမှာပါ ရာမာချန်ဒရန်က သက်လတ်ပိုင်း ရုံးလုလင်တစ်ယောက်ဖြစ်ပြီး တစ်သက်လုံးလူပျိုလုပ်လာခဲ့ပြီးမှ ရုံးကိုအသစ်ရောက်လာတဲ့ အထက်အရာရှိအမျိုးသမီးကို ချစ်မိသွားတဲ့လူ ဂျိုးဆပ်ဆိုတာက နိုင်ငံရေးသမားတစ်ယောက်ရဲ့ တပည့်ဖြစ်သူ၊ အကြမ်းနည်းသုံးပြီး ပြဿနာတစ်ခုကို ဖြေရှင်းရင်း ဆတ်ဆတ်ကြဲရန်တွေ့တတ်တဲ့ ကျောင်းသူတစ်ယောက်နဲ့ ငြိသွားခဲ့တယ် နောက်ပြီး ဆင်းရဲတဲ့ကျောင်းသားလေးတစ်ယောက်က သူ့ထက်သာတဲ့ ကျောင်းသူကောင်မလေးရဲ့ အချစ်ကို ရဖို့ကြိုးစားပုံနဲ့ အရက်ဆိုင်မှာအလုပ်လုပ်ပြီး ရွှေကြာမလေးတစ်ယောက်ကိုမှ သဘောကျသွားတဲ့ ရိုးသားတဲ့ဖိုးသခွားလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.3 2024 129 mins
Kadha Innuvare
Timber Falls
5.2

ဒီ ဇာတ်ကားကတော့ horror/thriller ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ Mike နဲ့ Sheryl လို့ခေါ်တဲ့ စုံတွဲဟာ တနေ့မှာ မြို့ပြရဲ့ စိတ်ဖိစီးမှုတွေဆီကနေ လွတ်မြောက်ချင်တဲ့အတွက် Appalachian လို့ခေါ်တဲ့ အရမ်းလှပြီးတော့ တောတောင်ရေမြေပေါတဲ့ တောထဲကို ခရီးထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အကြံပေးချက်တွေကို နားမထောင်ပဲ မဟုတ်တဲ့ လမ်းကိုမှ ရွေးပြီး သွားမိတာကြောင့် အရမ်းကိုမှ ဘာသာရေးတင်းကြပ်တဲ့ လင်မယားနဲ့တိုးပြီးတော့ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ ဒီလိုတွေ ဖြစ်လာတာနဲ့ အမျှ Mike နဲ့ Sheryl တို့ သူတို့အား သူတို့ကိုးပြီးတော့ ဘယ်လိုရုန်းထွက်မလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ဇာတ်လမ်းအစကနေ အဆုံးထိ ကြည့်ရှုသူကို ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းဆိုလဲ မမှားပါဘူးခင်ဗျာ။ ရင်တမမနဲ့ ဘာတွေဖြစ်လာမယ်မှန်းမသိတဲ့ ဇာတ်လမ်းမျိုးကို ကြည့်ရတာကြိုက်တဲ့လူဆိုရင်တော့ လုံးဝကို ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်လို့ပဲ ပြောပါရစေခင်ဗျာ။ File Size : 2.3 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Dr. Zac Encode by : Thit San Khant

Drama
5.2 2007
Timber Falls
The Assessment
7.1

The Assessment (2025) IMDb Rating (7.1) / Rotten Tomatoes (83%) Elizabeth Olsen နဲ့ Himesh Patel တို့ ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် ဆိုက်ကိုဒရာမာပါ။ လူနည်းနည်းနဲ့ ဇာတ်လမ်းအဆန်းမျိုးကို ကြိုက်တဲ့သူတွေအတွက် ကွက်တိပါပဲ။ ဒီလို ဇာတ်လမ်းမျိုးလည်း အရင်က မကြည့်ဖူးကြသေးလောက်ပါဘူး။ ဇာတ်လမ်းအကျဉ်း ကမ္ဘာကြီးမှာ သယံဇာတနဲ့ စားစရာတွေကုန်ခါနီး အချိန်မှာ လူတစ်စုက ကမ္ဘာပေါ်မှာပဲ နေရာတစ်ခုကို ဖန်လုံအိမ်ပုံစံတည်ဆောက်ပြီး အသက်ရှင်အောင်နေကြပါတယ်။ အဲဒီ နေရာကို မလာရတဲ့လူတွေကတော့ ကမ္ဘာဟောင်းမှာ စုတ်ပြတ်နေအောင် နေကြရတာပါ။ အဲဒီ ကမ္ဘာသစ်ထဲမှာ လိုတာအကုန် အပြည့်အစုံရရုံမက ဆီနိုစီဒင်းဆိုတဲ့ ဆေးတစ်မျိုးကိုပါ ဖော်စပ်နိုင်ခဲ့ပြီး နေမကောင်းဖြစ်တာတွေ အသက်ကြီးတာတွေ အားလုံးကိုပါ ရပ်တန့်စေခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာသစ်ထဲကလူတွေက တစ်ယောက်အသက်ကို တစ်ယောက် မှန်းလို့မရကြပါဘူး။ အဲဒီနေရာရဲ့ ကန့်သတ်ချက်ကတော့ ကလေးမွေးခွင့်မရှိတာပါပဲ။ ရင်းမြစ်တွေမလောက်မှာဆိုးတဲ့အတွက် ကလေးတစ်ယောက်ယူခွင့်ရဖို့ဆိုရင် ခက်ခက်ခဲခဲ လျှောက်လွှာတင်ရပြီး အရမ်းခက်ခဲတဲ့ စစ်ဆေးမှုကို ခံယူရပါတယ်။ အဲဒီစစ်ဆေးမှုကို အောင်မှပဲ ကလေးမွေးခွင့်ရမှာပါ။ ဒီဇာတ်လမ်းထဲက စုံတွဲကလည်း ကလေးမွေးခွင့်လျှောက်ထားပြီးနောက်မှာ စစ်ဆေးရေးမှူးက အိမ်မှာ ၇ ရက် အတူလာနေပြီး မိဘဖြစ်ဖို့ အရည်အချင်းမီမမီ မျိုးစုံစစ်ဆေးပါတော့တယ်။ ဒီတော့ နောက်ဆုံး ရလဒ်က ဘာဖြစ်မလဲ၊ ဘာလှည့်ကွက်တွေ ရှိနေမလဲဆိုတာ တရစ်ချင်း ဖြည်ပြပါလိမ့်မယ်။

7.1 2025 114 mins
The Assessment
Monkeybone

Monkeybone (2001) ———————————– ကျွန်တော့်အတွက် ငယ်ဘဝ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ရုပ်ရှင်တွေက အတော်လွှမ်းမိုးမှု ရှိခဲ့တယ်ပြောရမယ်။ The Mummy ထွက်လာတော့ အရမ်းကြိုက်ခဲ့တာ ရတနာသိုက်ရှာသလို စွန့်စားခန်းလည်းပါ ကြောက်စရာတွေလည်းပါ ထူးဆန်းတာတွေရောဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ။ ဒီတော့ Brendan Fraser ကြီးကို မံမီမင်းသားဆိုပြီး မှတ်မိသွားတော့တာပဲ။ သူ့ရဲ့ တာဇံဟာသကား George of the Jungle တို့ နတ်ဆိုးဆီက ဆုတွေတောင်းတဲ့ Bedazzled တို့ဆို အရမ်းကိုရယ်ခဲ့ရတာ။ ဒီတော့ အဲဒီငယ်ဘဝတုန်းက ဒီ Monkeybone ဆိုတဲ့ကားလေးကိုလည်း သူ့အစွဲကြောင့် ကြည့်ခဲ့မိရော။ ရှေ့ကကားတွေကို မမှီဘူးဆိုပေမဲ့လည်း 2000 ကာလ Brendan ကြီးရဲ့ သရုပ်ဆောင်မှု ဇာတ်လမ်းဇာတ်အိမ် ထူးဆန်းပြီး ရယ်ရတာတွေကြောင့် တော်တော်လေး Fun ဖြစ်ပြီး Nostalgia ဖြစ်စေမှာ သေချာတယ်။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ Monkeybone ဆိုတဲ့ ပရမ်းပတာ ဟာသကာတွန်းလေး ဖန်တီးပြီး အောင်မြင်နေတဲ့ စတူးဆိုတာက လူတွေရှုပ်ရှုပ်ရှက်ရှက်နဲ့ အောင်မြင်လာတာတောင်မှ သူ့ဘာသာသူ ချစ်သူဖြစ်သူ ဒေါက်တာဂျူလီနဲ့ အေးအေးဆေးဆေးနေချင်တဲ့ ကာတွန်းအနုပညာရှင်။ တစ်ညကျ ကားမတော်မဆမှုဖြစ်ပြီး စတူးတစ်ကောင် ကိုမာဝင်ပြီး တမလွန်လို အိပ်မက်ဆိုးကမ္ဘာရောက်သွားရော။ အဲဒီမှာ သူဖန်တီးထားတဲ့ မန်းကီးဘုန်းဆိုတဲ့ အရိုင်းအစိုင်းမျောက်နဲ့လည်း သွားတွေ့နေသေးတယ်။ ဒီမှာ ပြဿနာက လူ့ကမ္ဘာဖက်က စတူးအစ်မက မောင်နှမချင်းပေးထားတဲ့ ကတိစကားကြောင့် ကိုမာဝင်နေတာကို အသက်မဆက်ပေးတော့ပဲ ၃ လနေရင် ပလပ်ဆွဲဖြုတ်ပြီး ပေးသေလိုက်တော့မယ်ဆိုတာကို စတူးတစ်ကောင် အောက်ကနေ သိလိုက်ရတော့ အိပ်မက်ဆိုး နတ်ဘုရားအကူအညီယူပြီး သူ့ဘော်ဒါ မျောက်ရိုင်းလေးနဲ့ လူ့ပြည် ဘယ်လိုပြန်တက်ကြမလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရယ်မောစရာလေးတွေနဲ့ ကြည့်ရမှာပါ။ ဒီဇာတ်ကားက ရယ်စရာလည်းကောင်းသလို အဲဒီခေတ်တုန်းက ကြည့်ခဲ့ရတာ Creepy လည်း ဖြစ်ပါတယ်။ အကောင်တွေ ဖန်တီးထားတာ စိတ်ကူးယဉ်တာ ပုံရိပ်တွေက ကျောချမ်းစရာလည်းကောင်းခဲ့တယ်။ အခုမှ သေချာပြန်ကြည့်မိတော့ ဒီကား ဒါရိုက်တာ Henry Selick ဆိုတာက အဲဒီလို Creepy ဆန်ဆန် Animation ရုပ်ရှင်တွေဖြစ်တဲ့ Coraline တို့ The Nightmare Before Christmas တို့ James and the Giant Peach တို့ကို ဖန်တီးထားတဲ့ ဆရာကြီးဖြစ်နေရောဗျာ။ တစ်ခုတော့ပြောချင်ပါတယ် ဒီကားကို ကြည့်မယ်ဆို Rating ကို တစ်ချက်လောက် ခေါက်ပစ်ထားလိုက်ပါ။ 2000 ကာလတုန်းက လက်ရာတစ်ခုကို ပြန်စီးမျောတဲ့အနေနဲ့ပဲ အေးဆေးသာယာစွာ ခံစားကြည့်ရှုလိုက်ပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.8 GB / 880 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

0 2001 93 mins
Monkeybone
X & Y
6.6

X and Y (2025) အာဒံ နှင့် ဧဝ ကမ္ဘာဦးအစ အာဒံနှင့်ဧဝကဆိုသလို ဒီဇာတ်လမ်းထဲက မင်းသားမွေးဖွားလာဖို့အတွက်လည်း သူ့ရဲ့မိဘနှစ်ဦး ပေါင်းစပ်ဖို့လိုအပ်နေပါတယ်ကောင်းကင်ဘုံကနေ ကမ္ဘာပေါ်ကိုဆင်းသက်ဖို့နှစ်ပေါင်းများစွာစောင့်ဆိုင်းနေတဲ့ စိတ်ဝိဉာဉ်တစ်ခုက ကမ္ဘာပေါ်ကို ဆင်းသက်ချင်လို့ ဘုရားသခင်ကိုတောင်းဆိုခဲ့ပါတယ်… ဘုရားသခင်းက ဆုကိုချီးမြှင့်လိုက်ပေမဲ့ စမ်းသပ်ချက်တစ်ခုတော့ရှိပါသေးတယ်.. သုံးညအတွင်းမှာ သူ့မိခင်နှင့်ဖခင်ဖြစ်လာမယ့်သူတို့ကို ပေါင်းစည်းနိုင်အောင်လုပ်ပေးမှသာ မွေးဖွားခွင့်ရမှာဖြစ်ပါတယ်.. အဲလိုနဲ့ စိတ်ဝိဉာဉ်က ကမ္ဘာပေါ်ကလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုဝင်ရောက်ပြီး လူ့လောက ခရီးစဉ်ကိုစတင်ခဲ့ပါတယ် လူတွေကြားထဲ ချစ်ခြင်း မုန်းခြင်း ရှုပ်ထွေးမှုတွေကို သူလက်တွေ့မျက်မြင်ခံစားရပါတော့တယ်.. သူ ကမ္ဘာပေါ်က ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲ… သူ့မိဘနှစ်ပါးကိုရော ပေါင်းစည်းပေးနိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားပေးကြပါဦး ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ် )

Comedy • Romance • Fantasy • Drama
6.6 2025 108 mins
X & Y
The Pickup
6.7

The Pickup ကတော့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ အမေရိကန်လုယက်မှုဟာသဇာတ်ကားဖြစ်ပြီး Tim Story ကဒါရိုက်တာလုပ်ကာ Eddie Murphy ၊ Pete Davidson နဲ့ Keke Palmer တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Russell (Eddie Murphy) က အနားယူဖို့အချိန်နီးနေပြီဖြစ်တဲ့လုံခြုံရေးကားမောင်းသမားတစ်ဦးဖြစ်ပြီး သူ့ဇနီး Natalie (Eva Longoria) နဲ့ အိမ်ထောင်သက် ၂၅ နှစ်ပြည့်အထိမ်းအမှတ်အတွက် အချိန်မီအိမ်ပြန်ဖို့ပဲ စိတ်အားထက်သန်နေခဲ့ပါတယ်။ ဒါပေမဲ့ ရဲဖြစ်ဖို့ကြိုးစားရင်း ကျရှုံးနေတဲ့ Travis (Pete Davidson) နဲ့တွဲလုပ်ရတဲ့အခါ အခက်အခဲတွေစတင်ဖြစ်ပေါ်လာပါတော့တယ်။ တစ်နေ့မှာ သူတို့ရဲ့ငွေသယ်ယာဉ်ကို Zoe (Keke Palmer) ဦးဆောင်တဲ့လုယက်သူတွေက ဝင်ရောက်တိုက်ခိုက်ပြီး သူတို့ကို Atlantic City မှာရှိတဲ့ ကာစီနိုတစ်ခုက ဒေါ်လာသန်း ၆၀ ခိုးယူရာမှာပါဝင်ဖို့ အတင်းအကျပ်စေခိုင်းခဲ့ပါတယ်။ Zoe ရဲ့ရည်ရွယ်ချက်ကတော့ သူ့အဖေကိုကာစီနိုက မတရားဆက်ဆံခဲ့တာကို လက်တုံ့ပြန်ဖို့ပဲဖြစ်ပါတယ်။ Russell တစ်ယောက် ဇနီးနဲ့နှစ်ပတ်လည်အတွက် အိမ်ပြန်နိုင်မှာလား၊ Travis ကရော သူ့အိပ်မက်ဖြစ်တဲ့ရဲဖြစ်လာနိုင်မလား၊ Zoe ကတော့ လက်စားချေနိုင်မှာလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size… (1.66GB) / (982MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 34m Genre ….Comdey , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Thriller • Mystery
6.7 2025 94 mins
The Pickup