YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Sungkyunkwan Scandal (2010) Ep17 WEB-DL 720p [CM].mp4

344.34 MB N/A video/mp4 94 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
I Am Not a Serial Killer
6.3

I Am Not a Serial Killer (2016) ခုတဖန် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ I'm not A Serial Killer ဆိုတဲ့ Thriller အမျိုးအစား ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အလောင်းတွေကို ခွဲစိတ်ရတဲ့ အမေဖြစ်သူနဲ့ ကြီးပြင်းလာရတဲ့ အဓိကဇာတ်လိုက် ဂျွန်ဟာ လူအများနဲ့ မတူဘဲ ထူးထူးခြားခြား ကွင်းဆက်လူသတ်သမားတွေအကြောင်းကို အလွန်စိတ်ဝင်စားနေသူပါ။ တစ်နေ့မှာတော့ အေးချမ်းတဲ့ သူတို့မြို့ကလေးမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး အမှုတွေဟာလည်း ထူးဆန်းနေပါတယ်။ အလောင်းတွေကို ခွဲစိတ်ရင် ကူညီရတဲ့ မင်းသားဟာ အလောင်းတွေမှာ ထူးထူးဆန်းဆန်း ကိုယ်တွင်းအင်္ဂါတချို့ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပြီး လူသတ်သမားနောက်ကို ကိုယ့်ဘာသာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ ဒီလိုနဲ့ လူသတ်သမားနောက်ကို တစ်ယောက်တည်းလိုက်နေရင်း လူသတ်သမားနဲ့ စိန်ပြေးလိုက်တမ်းကစားသလို ဖြစ်လာတဲ့အခါမှာတော့ ... Director Billy O'Brien ရိုက်ကူးထားပြီးတော့ ဒီဇာတ်ကားဟာ ၂၀၁၇ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအချို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Vo Aung Din ပါ။) File Size          : 2GB, 880MB, 424MB Quality            :1080p Blu-ray, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 44mins Genre              : Drama, Horror, Thriller Translated by Vo Aung Din Encoded by Kinnov

Action
6.3 2016 104 mins
I Am Not a Serial Killer
Harry Potter and the Deathly Hallows: Part 2
8.1

Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ... ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ... သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ယောက်နဲ့အတူ ဒီမှော်ဆရာကြီးနဲ့ အချိန်အကြာကြီး ရင်ဆိုင်ခဲ့ပါတယ် ... အဆိုးနဲ့အကောင်း အမှောင်နဲ့အလင်း အမည်းနဲ့အဖြူလို ဆန့်ကျင်နေတဲ့ ဒီ မှော်ဆရာ ၂ ယောက်ရဲ့ တိုက်ပွဲရှည်ကြီးကို ပြန်လှန်လေ့လာလိုက်ကြပါစို့... မြန်မြန်တက်ကြဗျို့ Hogwarts ရထားကြီး ထွက်တော့မယ် !! File size…(4.5 GB) /(1.4 GB)/(800 MB) Quality….BluRay 4K HEVC/1080p /720p Format…mkv/mp4 Duration….02:10:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Comedy • Drama • Romance
8.1 2011 130 mins
Harry Potter and the Deathly Hallows: Part 2
Enemy

ရုံတင်တုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့တဲ့ တောင်ပိုင်းမင်းသား အာရားနဲ့ဗစ်ရှေးတို့ရဲ့ အတော်ကိုကောင်းမွန်တဲ့ အက်ရှင်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။ IMDB မှာလည်း 7.7ဆိုတော့ ခပ်မိုက်မိုက်ပဲပေါ့။ ဇာတ်လမ်းအကျဉ်း... ဒီလောကကြီးထဲမှာ အန္တရာယ်အများဆုံးက သူစိမ်းတွေမဟုတ်ပဲ ကိုယ့်အကြောင်းကို အစအဆုံးသိနေတဲ့ အရင်းနှီးဆုံးသူက အန္တရာယ်အပေးနိုင်ဆုံးသူဖြစ်ပါလိမ့်မယ်။ ဒီကားမှာလည်း ငယ်ငယ်ထဲက တစ်ကျောင်းထဲဆင်း ဆရာ တစ်ယောက်ထဲထွက်တဲ့ သူငယ်ချင်းနှစ်ယောက်ကို ENEMY ဆိုတဲ့ ရန်သူတော်တွေဖြစ်လာအောင် ဘယ်အရာတွေက ပံ့ပိုးပေးမလဲဆိုတာ စီးမျောလိုက်ရအောင်။ ဇာတ်အိမ်ကကောင်းလွန်းတော့ ဒီထက်ပြောရင် Spoil သလိုဖြစ်နေမှာမို့ Tamil ကားကြိုက်သူတွေအတွက် လက်မလွတ်တမ်း လိုက်ပါစီးမျောခံစားလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အညွှန်းကိုတော့ ThuRa  Heinနဲ့ Lwin Htoo Aung က ရေးသားပြီး ဘာသာပြန်ကတော့ JimX Trafalgar Law. Lai Laii နဲ့ Lwin Htoo Aung တို့ပဲဖြစ်ပါတယ်။ File size…(7.1 GB)/(2.7 GB)/(1.1 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:37:13 Subtitle….Myyanmar Subtitle (hard Sub) Encoder….YK Translated by Lwin Htoo Aung , ThuRa Hein , Lai Laii & JimX

Comedy
null 2021 157 mins
Enemy
Love Can’t Be Said
6.3

ကိုယ့်ရဲ့ လူငယ်ဘဝ အချိန်လေးကို တောက်ပပေးစေနိုင်တဲ့လူလို့ ထင်မိစေလောက်တဲ့အထိ သဘောကျခဲ့ရတဲ့ အချစ်ဦးမျိုးရော ရှိခဲ့ဖူးလား? သူများနဲ့ စကားပြောရတာ မကြိုက်တတ်သူ ၊ မိတ်ဆွေဖွဲ့ဖို့ ဝန်လေးနေတတ်သူ ၊ ကိုယ့်ကိုကိုယ်အမြဲသိမ်ငယ်ပြီး နှိမ့်ချနေတတ်သူ တက္ကသိုလ် စတုတ္ထနှစ်ကျောင်းသူလေး – ထုန်ကျစ်းလျောင် ခင်မင်တတ်ပြီး ပျော်ပျော်နေတတ်သူ ၊ အပင်လေးတွေကိုချစ်မြတ်နိုးတဲ့သူ ၊ သူများတကာကို ကူညီစိတ်အပြည့်ရှိသူ စတုတ္ထနှစ်ကျောင်းသားလေး – ကုပင်း ကိုယ့်ကို အမြဲနှိမ့်ချ သိမ်ငယ်နေတတ်တဲ့ ထုန်ကျစ်းလျောင်တစ်ယောက် ထိုင်ပေကနေပြီး ကွမ်ကျိုးကို ကျောင်းလာတတ်တဲ့ ကုပင်းဆိုတဲ့ ကောင်လေးကို လေးနှစ်တိတိ သဘောကျလာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဖွင့်ပြောဖို့အတွက် သူမမှာ သတ္တိမရှိခဲ့ပါဘူး ။ ဖွင့်ပြောမယ် ဆုံးဖြတ်ချက်ချခဲ့တိုင်းလဲ လွဲမှားမှူတွေ အမျိုးမျိုးကြောင့် ဖွင့်ပြောဖို့ အခွင့်မသာခဲ့ပြန်ပါဘူး ။ ❏ သူမရဲ့ ဘဝလေးကို တောက်ပစေခဲ့တဲ့ “သူ” ❏သူမ ငယ်ရွယ်မှုတွေထဲက ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးခဲ့တဲ့ “သူ” ❏ ရှင်သန်ရခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ သူမကို သိစေခဲ့တဲ့ “သူ” ဘွဲ့ရပြီး နေရပ်ကိုပြန်ချိန် ကုပင်းတစ်ယောက် ထိုင်ပေကို ပြန်တော့မည့် အချိန်အတွင်းမှာမှ ထုန်ကျစ်းလျောင်တစ်ယောက် သတ္တိအပြည့်နဲ့ ဖွင့်ပြောခဲ့ပါတယ် ။ “တစ်ချိန်လုံး အမြဲတမ်း ရှင့်ကိုပဲ သဘောကျနေမိခဲ့တာ “…! ❏ ဒါပေမဲ့ သူမရဲ့ ဖွင့်ပြောမှုက အောင်မြင်နိုင်ပါ့မလား ? ❏ ကုပင်းမှာရော ဖုံးကွယ်ထားတဲ့ အရာတွေများရှိနေမလား ? ❏ ငယ်ရွယ်ချိန်မှာ တွေ့ရှိခဲ့ကြတဲ့ သူတို့နှစ်ယောက် သက်ဆုံးထိတိုင် ပေါင်းဖက်သွားနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ပါရှင် ။ ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတာနဲ့ “ကိုယ်သဘောကျတဲ့သူကို ဖွင့်ပြောလိုက်ပါ ။ မဖွင့်ပြောမိလိုက်တဲ့အတွက် ရလိုက်တဲ့နောင်တက ကိုယ့်ဘဝတစ်လျှောက်လုံး အဖော်ပြုနေပေးသွားမှာ” ဆိုတာ သိရှိလာစေပါလိမ့်မယ် ။

Horror
6.3 2022
Love Can’t Be Said
The Silent Forest
5.3

The Silent Forest (2022) ဒီကားရဲ့ Genre က Crime, Drama, History, Mystery, Thriller ပါတဲ့။ ဒီ Genreနဲ့လိုက်အောင်ပဲ ဒီအချက်တွေ အားလုံး ဒီကားမှာပြည့်စုံတယ်ပြောရမယ်။ စစချင်း ခင်ဗျားကို ဒီကားက တောတွင်းတစ်နေရာမှာ ဘာတွေဖြစ်နေလဲမသိတဲ့ သစ်တောဝန်ထမ်းမလေးနဲ့ သစ်တောထဲက လူရဲ့အဖြစ်ကို Mystery ဆန်ဆန်ပြလိမ့်မယ်။ ဒီနောက် ဒီကိစ္စတွေကို Crime ဆန်ဆန် ကောင်မလေးငယ်ငယ်က ဒီတောမှာ ပျောက်သွားတဲ့ ကောင်မလေးအဖေဘာဖြစ်သွားလဲ ကောင်မလေး ခြေရာခံတာတွေလာလိမ့်မယ်။ နောက် မြို့ခံလူတွေကြားက Drama တွေနဲ့ ကောင်မလေးကို ဒီအဖြစ်ရဲ့အဖြေကို မရှာဖြစ်အောင် တားတာတွေက Thriller ဆန်လာမယ်။ နောက်ဆုံးမှာ ဒီကားရဲ့အဖြေကို History ထဲက ဂျာမန်အကျဉ်းစခန်းတစ်ခုနဲ့ ဆက်စပ်ပြီး ပြသွားတယ်။ သူတင်ပြထားတဲ့ အကြောင်းအရာလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို ကားအစအဆုံး သစ်တောကြီးတစ်ခုထဲ ဘာတွေဖြစ်နေလဲ ရင်တမမနဲ့ ကြည့်ရမယ့် ရသစုံကားလေးပါပဲ။ အမှန်ပြောရရင် ဒီဇာတ်လမ်းက သူ့နောက်က သမိုင်းကိုပါ ထည့်ပြောပြရင် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသွားမှာပါ။ ဒါပေမဲ့ Thriller ကားတစ်ကားရဲ့သော့ချက်ကိုက ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားအောင်လုပ်နိုင်ခြင်း (ဝါ) အဖြေကို သိချင်လာအောင်လုပ်နိုင်ခြင်းဖြစ်နေတော့ ဒီသမိုင်းကို ပြောပြလို့တော့ အဆင်မပြေပါဘူး။ ကြည့်ကြည့်ကြပါ… ကြည့်လို့တန်တဲ့ ကားကောင်းလေးပါပဲ။ သို့လောသို့လောဖြစ်နေရင်း တစ်ကားလုံးကို ထိုင်ရာမထ ကြည့်မိအောင် ဆွဲဆောင်နိုင်တဲ့ Thriller ကားဆိုတာတော့ အာမခံလို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 740MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 40Min Genre – Crime, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Romance • Drama
5.3 2022
The Silent Forest
The Young Victoria
7.2

IMDb – 7.2/10 Rotten Tomatoes – 76% အင်္ဂလန်ရဲ့ ဘုရင်မ Victoria (1819-1901)က သူ့အလျင်က အုပ်ချုပ်သူတွေထက် ထီးသက်နန်းသက် ၆၃နှစ်ထိကြာရှည်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ဆုံးပါးသွားတဲ့ Elizabeth II ရဲ့ ထီးနန်းသက် နှစ်၇၀ လောက်တော့မရှည်ခဲ့ပါဘူး။ ရုပ်ရှင်ကတော့ ဘုရင်မ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝနဲ့ အချစ်ရေး အိမ်ထောင်ရေးအကြောင်း ရိုက်ကူထားတဲ့ period dramaဖြစ်ပါတယ်။ မင်းသမီး Emily Bluntက ဘုရင်မဗစ်တိုးရီးယားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်က Best Costume Design နဲ့ Academy Award & BAFTA Award Nomination လည်းဝင်ခဲ့ပါတယ်။ တကယ်လည်း ဝတ်စုံတွေက လှပခမ်းနားပါတယ်။ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝကတော့ တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ပါးလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အမေနဲ့ အိမ်ကြီးကြပ်ရေးမှူး Sir Conroyရဲ့ လက်အောက်မှာ အကာကွယ်ပေးဖို့ ခေါင်းစဥ်နဲ့ အချုပ်ကျခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ထီးနန်းကို ဆက်ခံရတော့လည်း ၁၈နှစ်ပြည့်ပြည့်ချင်း ရခဲ့တာမလို့ အသိမကြွယ်ဝမှု အတွေ့အကြုံနုနယ်သေးမှုအပေါ်မှာလည်း အမြတ်ထုတ်ခံရပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပါသေးတယ်။ Romance/Dramaဖြစ်တာမို့လို့ ဘုရင်မကြီးနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ ချစ်စရာ sceneတွေလည်း ပါ ပါသေးတယ်။ Emily Bluntရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းပြီး true storyကို ရိုက်ပြထားတာမို့လို့ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ဘုရင်မ ဗစ်တိုးရီးယားအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေထဲ ဒီကားက တော်တော်သေသေသပ်သပ်နဲ့ လှလှပပရိုက်ထားလို့ ကြည့် ကြည့်ကြဖို့တိုက်တွန်းပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

7.2 2009
The Young Victoria
My Animal

ဟယ်သာဟာ ဆယ်ကျော်သက် တစ်ယောက်။ ဟယ်သာကို အဖေကလွဲပြီး ဘယ်သူမှမချစ်ဘူး၊ ဟယ်သာ့ဘက်မှာ ဘယ်သူမှမရှိဘူး။ ဒီလိုမျိုး အဘက်ဘက်ကနေ ဖိနှိပ်မှုတွေနဲ့ ကြုံနေရတဲ့ ဟယ်သာဟာ မြို့ကို ပြောင်းရွှေ့လာတဲ့ ရေခဲပြင်စကိတ်ဝါသနာရှင်လေး ဖြစ်တဲ့ ဂျိုနီးနဲ့တွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အေးစက်နေတဲ့ မြို့ငယ်လေးမှာ ဟယ်သာအတွက်ပထမဆုံးနေရောင်ခြည်လေး ဂျိုနီး…ဟယ်သာရဲ့ လျှို့ဝှက်ချက်ကို ဂျိုနီးတစ်ယောက် သိသွားတဲ့အခါမှာတော့… Hunger Gameမှာ Rueအဖြစ်ပါဝင်ခဲ့တဲ့ Amandla Stenbergနဲ့ Under the silver lake ဇာတ်ကားမှာ အသိအမှတ်ပြုခံထားရတဲ့ Bobbi Salvör Menuez တို့ဦးဆောင်ပါဝင်ထားပြီး ၂၀၂၃မှာထွက်ရှိထားတဲ့ ဇာတ်ကားအသစ်ဖြစ်ပါတယ်။ Horror romanceအမျိုးအစားဖြစ်လို့ ဆယ်ကျော်သက်တွေရဲ့နေ့စဉ်ဘဝ၊ ဖိအားနဲ့ စိတ်ခံစားချက်အပြောင်းအလဲတွေအပြင် ဟယ်သာနဲ့ဂျိုနီးကို ခြောက်လှန့်လာမယ့် လျှို့ဝှက်ချက်ကိုပါ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန် Ahorne ဖြစ်ပါတယ် File size…(1.4 GB)/(688 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Fantasy, Horror, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ahorne

0 2023
My Animal
Maanagaram
8.1

Maanagaram (2017) “မြို့ပြရဲ့ သားကောင်များ” IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ် ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါ ဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ် Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe – LCU)ဆိုပြီး ကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ရုံတင်ဝင်ငွေ သန်း ၁၁၀ အထိ အမြတ်အစွန်းပြန်ရခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ထောပနာပြုမှုကိုပါ ခံခဲ့ရပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ချန်နိုင်းစီးပွားရေးမြို့ကြီးကို တက်လာတဲ့ အင်ဂျင်နီယာကျောင်းသား Sri ဟာ အလုပ်အင်တာဗျူးအောင်လို့ ဘော်ဒါတွေကိုတစ်ဝိုင်းတိုက်နေရင်း နောက်တော့ ဘားမှာပဲ Sundeep Kishan ဆိုတဲ့လူက ကျောင်းတုန်းက ပြန်မကြိုက်ခဲ့တဲ့ crush လေးအကြောင်း ပြောနေပြန်ပါတယ် အတိတ်က ဖြစ်ရပ်တစ်ခုမှာ လူမိုက်တစ်ယောက်က ကောင်မလေး Regina ကို Sundeep နဲ့ကြိုက်ရင် သတ်ပစ်မယ်ဆိုပြီး အက်စစ်နဲ့မျက်နှာကို ပက်ပစ်မယ် ဆိုပြီး ချိန်းခြောက်တာကြောင့် Sundeep က ဒေါသထွက်ပြီး လူမိုက်ကို ပြန်ရိုက်ရာမှာ လူမိုက်က အခုပစ္စုပ္ပန်မှာ Sundeep ကို ဘားမှာပြန်တွေ့ပြီး ချောင်းရိုက်ဖို့ လူငှားပါတယ် ဖြစ်ချင်တော့ လူမှားပြီး ရိုက်မိလိုက်သူက Sri ဖြစ်နေပါတယ် တစ်ဖက်မှာလည်း သားဖြစ်သူရဲ့ ဆေးဖိုးလိုလို့ PKP ဆိုတဲ့ လက်မရွံ့ ဂန်းစတားရဲ့ ကားကို အငှားမောင်းတဲ့ Charle ဆိုသူက သူ့ရဲ့တက္ကစီပေါ်မှာ Sri ရဲ့ စာရွက်စာတမ်းတွေနဲ့ အိတ်ကို သွားတွေ့ပြီး ရဲတိုင်ပါတော့တယ်… ဒီလို အဆက်အစပ်မရှိတဲ့သူတွေ ဘယ်လို ပတ်သက်မိကြမလဲဆိုတာ ဒီထက် ဆက်ပြောပြရင် ဇာတ်လမ်းသိပြီး အရသာပျက်သွားမှာစိုးလို့ ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ဖို့ အကြံပေးပါတယ် အတိုချုပ်ကတော့ မတူညီတဲ့ လူလေးယောက် ချန်နိုင်းမြို့ကြီးက ရှုပ်ထွေးလှတဲ့ အမှုတစ်ခုမှာ ဘယ်လို ပတ်သက်ဆက်နွယ်မိသွားလဲဆိုတာပါပဲ ဇာတ်လမ်းဇာတ်အိမ် ရှုပ်ထွေးတာမျိုးကြိုက်တဲ့ သူတွေအဖို့တော့ ထိုင်ခုံအစွန်းနဲ့ မြဲနေအောင် ကြည့်ရမယ့် ကားကောင်းတစ်ကားပါပဲ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8.1 2017 137 mins
Maanagaram
Chile ’76
6.7

ဒီတစ်ခါမှာတော့ IMDb မှာ 6.7 ရရှိထားပြီး Rotten Tomatoes မှာ 91% အထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ ဒီဇာတ်ကားလေးကတော့ 1976ခုနစ် ချီလီနိုင်ငံကို ဗိုလ်ချုပ် Augusto Pinochet က အာဏာသိမ်းပြီး 3နှစ်အကြာ စစ်အာဏာရှင်စနစ်နဲ့ အုပ်စိုးနေတဲ့ အချိန်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် ကာမန်းဟာ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ လူလတ်တန်းစားမိသားစုက အိမ်ရှင်မတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ အပန်းဖြေဖို့ အပန်းဖြေအိမ်ရှိရာ အရပ်ကို လာခဲ့ပါတယ် အဲ့ဒီမှာတော့ သူတို့ရဲ့ မိသားစု ဘုန်းကြီးတစ်ပါးဟာ ကာမန်းကို အကူအညီတစ်ခုတောင်းခဲ့ပါတယ် အဲ့ဒါကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ‌ခြေထောက်မှာ သေနတ်မှန်ထားတဲ့ လူငယ်တစ်ယောက်ကို စောင့်ရှောက်ပေးဖို့ပါပဲ ကာမန်းတစ်ယောက် ကြက်ခြေနီအဖွဲ့ဝင်ဟောင်းလည်းဖြစ်တာမလို့ လူငယ်လေးကို စောင့်ရှောက်ပေးဖို့ သဘောတူလိုက်ရာက အစိုးရက နိုင်ငံရေး လှုပ်ရှားသူတွေကို အင်အားသုံး ဖမ်းဆီးနေချိန် လူငယ်လေးကို လုံလုံခြုံခြုံ စောင့်ရှောက်ထားနိုင်မှာလား ဆိုတော့ကိုတော့ စောင့်ကြည့်ပေးကြပါဦးဗျာ….. File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

6.7 2022 96 mins
Chile ’76
Skuld Island
5.7

AD 1661 , တောင်ပစိဖိတ်သမုဒ္ဓရာအတွင်းမှာ မုအိမ်တော်ရဲ့အကြီးအကဲဖြစ်တဲ့ ရေတပ်ဗိုလ်ကြီးဟာ သူ့ရဲ့ရတနာတွေကို မြုပ်နှံဖို့အတွက်နေရာတစ်ခုရွေးခဲ့ပါတယ် ။ သူက မြေပုံပေါ်မှာ အမှတ်အသားမလုပ်ထားတဲ့ မီးတောင်ကျွန်းတစ်ကျွန်းကိုရွေးလိုက်ပြီး ရတနာတွေကို အဲဒီကျွန်းမှာမြှပ်နှံခဲ့ပါတယ် ။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ အဲဒီမီးတောင်ကျွန်းဟာ ဧရာမစပါးအုံးမြွေကြီးရဲ့ အသိုက်ဖြစ်လို့နေပြီး ရတနာတွေရော ရတနာမြှပ်တဲ့သူတွေပါ ပျောက်ချင်းမလှပျောက်ကာ ပင်လယ်ထဲနစ်မြုပ်သွားရပါတော့တယ် ။ ဒီဘက်ခေတ်ကိုရောက်လာတော့ မုအိမ်တော်ရဲ့ မျိုးဆက်အဆက်ဆက် ပျောက်‌ဆုံးနေတဲ့ရတနာတွေကိုရှာဖွေဖို့တာဝန်ကျလာတဲ့သူက ( ခေါင်းဆောင်မင်းသမီး ) မုလင်ရဲ့ဖြစ်သူ မုဟုန်ကျွီပဲဖြစ်ပါတယ် ။ အစဉ်အလာမပြတ် မုဟုန်ကျွီနဲ့အတူ ရတနာရှာဖို့ထွက်သွားတဲ့ မုအိမ်တော်ကတခြားအလုပ်သမားတွေအကုန်လုံးပါ ထပ်ပြီးပျောက်သွားပြန်ပါတယ် ။ ဒီလိုနဲ့ပဲ မုဟုန်ကျွီရဲ့သမီးဖြစ်သူ ရဲရင့်ပြီးဘာမှမကြောက်တတ်တဲ့ မုလင်က သူ့အဖေ့ကိုရှာဖို့အတွက် ကျွန်းဆီကိုဦးတည်ခဲ့ပါတော့တယ် ။ တစ်ချိန်တည်းမှာပဲ မုလင်ရဲ့ရည်းစားဟောင်းဖြစ်သူ ဟူရှားကလည်း မုအိမ်တော်ရဲ့လူယုံဖြစ်တဲ့ စုန့်မင်ရဲ့အတင်းအကြပ်ဖိအားပေးမိကြောင့် ခရီးစဉ်မှာလိုက်ပါဖို့ဖြစ်လာတဲ့အခါမှာတော့…. သူတို့ကျွန်းပေါ်မှာ‌ဘာတွေကြုံရမလဲ? ကျွန်းပေါ်ကဘယ်လိုအန္တာရာယ်တွေက သူတို့ကိုစောင့်ကြိုနေမလဲ ? ရတနာတွေကိုရော ရှာတွေ့မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုပေးကြပါဦး

Drama • Crime
5.7 2023
Skuld Island
Beauty And The Beast
6.4

A Bela E A Fera ( 2014 ) Beauty and the Beast ဇာတ်လမ်းက ဒစ္စနေး ကျေးဇူးနဲ့ ကျွန်တော်တို့ ဟိုးကလေးပေါက်စလေးကတည်းကရင်းနှီးလာတဲ့ ဇာတ်လမ်းပဲ။ ၁၉၄၆ကထွက်တဲ့ ပြင်သစ်ကားအပြင် ခုထိ ဒီဇာတ်လမ်းကို ရိုက်လာလိုက်တာ ၁၀ကားအထက်တော့ ရှိနေပြီ။ ဒီထဲမှာ ၁၉၉၁က ထွက်တဲ့ ဒစ္စနေးကာတွန်းကားနဲ့ ၂၀၁၇ထွက်တဲ့ အန်မာဝတ်ဆန်နဲ့ ရိုက်တဲ့ကားတော့ လူသိအများဆုံးဖြစ်လိမ့်မယ်။ ၂၀၁၇ကားက ၁၉၉၁ကားရဲ့ Live Actionပဲဆိုတော့ ဒီလူသိအများဆုံး ၂ခုက ဇာတ်လမ်းအတူတူနီးပါးပဲ။ ၁၉၉၁ကားကိုတော့ ၁၇၅၆ကထွက်ခဲ့တဲ့ Jeanne-Marieရဲ့ဗားရှင်း ဇာတ်လမ်းကိုသုံးထားပြီး ၁၉၄၆ရုပ်ရှင်ကနေလည်း မှီးထားတယ်။ ၄၆ရုပ်ရှင်ကလည်း Jeanne-Marieဗားရှင်းပဲ။ ဒါပေမဲ့ သူက Beauty and the Beast ရဲ့ မူရင်း စာရေးဆရာတော့မဟုတ်ဘူး။ မူရင်းကို ၁၇၄၀မှာ Gabrielle-Suzanneက ရေးခဲ့တယ်။ ဒီ၂၀၁၄ ပြင်သစ်ကားကတော့ Gabrielle-Suzanneရဲ့ မူရင်းစာအုပ်ကို ရိုက်ထားတာ။ ကျွန်တော်တို့ ကြည့်နေကျဇာတ်နဲ့ တော်တော်လေးတော့ ကွဲပြားခြားနားတယ်။ ရိုက်လာခဲ့သမျှထဲမှာလည်း မူရင်းဇာတ်ကိုရိုက်တာက ဒီတစ်ကားပဲ ထင်ထင်ရှားရှားတွေ့ရတယ်။ ဒါရိုက်တာကတော့ Crying Freemanတို့ Silent Hillတို့ကို အသက်သွင်းခဲ့တဲ့လူ။ ပြောသာပြောရတယ် သူရိုက်ထားတာ ၄ကားပဲရိုက်တဲ့နောက် ဒီကားနဲ့ Brotherhood of the Wolfကလည်း သူ့ဟာနဲ့သူတော့ ပရိသတ်အာရုံစိုက်မှုရခဲ့တော့ ၄ကားလုံး အထိုက်အလျောက် အောင်မြင်တယ်။ အကုန်လုံးက ဂိမ်းတို့ မန်ဂါတို့ကို LAရိုက်ထားတာတွေချည်းပဲ။ သူ့လိုင်းကလည်း horror , fantasyဆိုတော့ ဒီဇာတ်နဲ့ ကွက်တိတော့ ကွက်တိပဲ။ ဒါကြောင့်လည်း ဒီထဲကBeastက နည်းနည်းတော့ ကြက်သီးထစရာကောင်းတယ်။ ပြင်သစ်ကားဆိုပေမဲ့ အင်တာပရိသတ်ကို တားဂတ်ထားထားလို့လားမသိ။ သုံးထားတဲ့ သရုပ်ဆောင်တွေက ပြင်သစ်တွေပေမဲ့ အမေရိကန်ရုပ်ရှင်နယ်ပယ်မှာ နေရာအခိုင်အမာရထားတဲ့လူတွေကိုသုံးထားတယ်။ ဒါပေမဲ့လည်း အနုပညာအရအောင်မြင်တဲ့ ကားကောင်းတွေကို ရိုက်ထားတဲ့သူတွေပါပဲ။ ကျွန်တော်တို့နဲ့လည်း မစိမ်းဘူး။ Beast နေရာကနေ Vincent Casselက သရုပ်ဆောင်ထားတယ်။ La Hainတို့ The Apartmentတို့လို ဒိတ်ဒိတ်ကြဲပြင်သစ်ကားတွေ Ocean’sတို့ Black Swanတို့လို အမေရိကန်ကားတွေမှာ မင်းသားလုပ်ခဲ့တဲ့သူဆိုတော့ အားလုံးကောင်းကောင်းသိနေတဲ့သူပဲ။ Beauty နေရာကတော့ တကယ့်အလှလေးပဲ။ ဘွန်းဂဲလ်တစ်ဖြစ်လဲ Lea Seydoux။ သူ့ကိုတော့ ကျွန်တော်တော့ Midnight in Parisမှာ ပထမဆုံးစကြွေဆင်းခဲ့ဖူးတယ်။ နောက်ပိုင်းလည်း ပိုပိုကြမ်းလာပါတယ်။ Wes Anderson , Yorgos Lanthimos , Sam Mendes , Denis Villeneuve တို့လို ဒိတ်ဒိတ်ကြဲ ဒါရိုက်တာတွေနဲ့ ဆက်တိုက်ကိုရိုက်နေရတယ်။ ဇာတ်ကတော့ သင်္ဘောသုံးစီးပိုင်တဲ့ ကုန်သည်ကြီးတစ်ယောက်ရှိတယ်။ သူ့မှာ သားသမီးခြောက်ယောက်ရှိတယ်။ ကြမ္မာငင်တဲ့တစ်နေ့မှာ သင်္ဘောတွေအကုန် မုန်တိုင်းမိပြီး ဆုံးရှုံးသွားတော့ ကျေးလက်ဘက်မှာ ဆင်းဆင်းရဲရဲနေရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ တစ်နေ့ကိစ္စရှိလို့ မြို့ကိုသွားရင်း အပြန်မှာBeastရဲ့ ရဲတိုက်ကို မျက်စိလည်လမ်းမှားရောက်သွားပြီး မယူသင့်တာကို သွားယူမိတယ်။ Beastက သူ့ကို တစ်ရက်အချိန်ပေးပြီး ပြန်လာအသေခံဖို့မှာလိုက်တယ်။ အိမ်ရောက်တော့ ဒီအကြောင်းပြောပြတော့ သူ့သမီး အငယ်ဆုံးလေးက သူ့အဖေအစား အသေခံဖို့ထွက်သွားရာကနေ အလှလေးနဲ့ အရိုင်းကောင်ရဲ့ ဇာတ်လမ်းက အစပြုတယ်။ Beastရဲ့ကျိန်စာတို့ ဘာတို့ကအစ ဘယ်လီရဲ့ဘဝနဲ့ကာရိုက်တာကအစ ကျွန်တော်တို့မြင်နေကျအရိုက်များခဲ့တဲ့ဇာတ်လမ်းနဲ့တော့ ကွဲပြားတယ်။ Beastရဲ့ ကျိန်စာမိတဲ့ဇာတ်က ဝူခုန်းထဲက တစ်ခန်းနဲ့တောင် သွားတူတယ်။ ဒီကားက ဝေဖန်ရေးသမားတွေကြားထဲတော့ အကောင်းပြောခံရလိုက် အဆိုးပြောခံရလိုက် ဖြစ်ခဲ့ပေမဲ့ ဝင်ငွေအရတော့ အောင်မြင်ခဲ့တယ်။ ဇာတ်ရှိန်ကလည်း နည်းနည်းမြန်နေသကိုး။ ဘာပဲပြောပြော fantasyကားတစ်ကားအနေနဲ့ ကြည့်လို့တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ကျွန်တော့်အတွက်‌တော့ Lea Seydouxနဲ့တင် ကြည့်ကိုကြည့်ရမယ့်ရုပ်ရှင်ပဲ။ File size… 2 GB / 939 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama/Family/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

6.4 2014 112 mins
Beauty And The Beast
Dhishkyaoon
7.3

Dhishkyaoon (2023) သေနတ်ရူးလေးကျွန်တော် IMDb – 7.3/10 ဒီတစ်ခေါက်တော့ ၂၀၂၃ တုန်းကထွက်ထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပေါ့ပေါ့ပါးပါးဟာသဇာတ်ကွက်လေးတွေ အများကြီးပါတာကြောင့် ခဏတာ ဘဝအမောပြေစေမဲ့ကားလေးဆိုလည်း မမှားပါဘူး။ ဆန်ယာဆိုတဲ့ကောင်လေးက ရုပ်ရှင်တွေကြည့်ပြီး ဇာတ်လိုက်ရူးရူးနေတဲ့သူပါ။ အဲဒီလိုကနေ သေနတ်ကိုင်ရဖို့ အရမ်းစွဲလမ်းသွားပြီး မရမက လိုက်ရှာဝယ်ဖို့လုပ်ပါတော့တယ်။ သူငယ်ချင်းတစ်သိုက် သေနတ်အကြောင်းပြောကြရင်းနဲ့ မှာလို့ရတဲ့သူရှိတာကို သိသွားပါတယ်။ ဆန်ယာတို့သူငယ်ချင်းအဖွဲ့ထဲက ဂျင်န်ယာကတော့ အရမ်းကို စိတ်ပူတတ်တဲ့သူပါ။ ဆန်ယာ သေနတ်ဝယ်မယ်ဆိုတဲ့ကိစ္စကြောင့် သူ့မှာ ဟိုတွေးဒီတွေး တွေးလိုက်ရာကနေ နောက်ဆုံးဘဝပျက်ကိန်းဆိုက်တဲ့ထိပါပဲ။ အဲဒါနဲ့ သူငယ်ချင်းကိုတားဖို့ဆိုပြီး အဖေဖြစ်သူကို သွားတိုင်ပြောပါတော့တယ်။ ကဲ အဖေနဲ့သူငယ်ချင်းတစ်သိုက် ဆန်ယာ့ကိုတားရင်းနဲ့ ဘယ်လိုအလွဲလေးတွေကြုံရပြီး ဘယ်လိုခွီရမလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ပြီးပဲ အဖြေရှာလိုက်ပါနော်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Eaindra ~ KKKZ ~ Cym ~ ToMo ~ Yunni ပဲဖြစ်ပါတယ်)

Comedy • Romance
7.3 2023
Dhishkyaoon
Koparan Kardeşler

Koparan Kardesler (2024) ====================== အော်ဟန်နဲ့ နေလွန်တို့ ညီအစ်ကိုနှစ်ယောက်က အုတ်ဂူတွေကို ထိန်းသိမ်းတဲ့ လုပ်ငန်းလုပ်ကြတာဖြစ်ပါတယ်။ တစ်နေ့မှာ လုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး အလောင်းအုပ်တဲ့ ပိတ်စတွေရောင်းတဲ့ လုပ်ငန်းကို စည်ပင်ရုံးမှာ တင်ဒါတင်ဖို့ဖြစ်လာပါတယ်။ တင်ဒါတင်ရမယ့်နေ့မှာမှ ပိုက်ဆံရချင်တာပဲသိပြီး ကျန်တာ ဘာမှမသိတဲ့ သူတို့ညီအစ်ကိုနှစ်ယောက် ပိုက်ဆံတွေ အလိမ်ခံရပြီး ပစ္စည်းတွေအခိုးခံရနဲ့ ဒီကြားထဲ လူမိုက်ခေါင်းဆောင်နဲ့တွေ့လို့ အရိုက်ခံရပါသေးတယ်။ ဒေါသကြီးတဲ့အစ်ကိုရယ် တုံးတုံးအအနဲ့ ဘာမှနားမလည်တဲ့ ညီရယ်နဲ့ သူတို့ညီအစ်ကိုနှစ်ယောက် လွဲတာတွေကို ဟာသဆန်ဆန်ကြည့်ရမယ့် ကားလေးတစ်ကား ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လွဲချက်က ကြည့်နေရင်းတောင် ဟယ် ဖြစ်သွား‌လောက်အောင် အပြောင်းအလဲတွေကလည်း များတာမလို့ ကြည့်နေရင်း ပျင်းမှာတော့ သေချာပေါက်စိတ်ပူစရာမလိုပါဘူး။ ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့် တူရကီကားလေးကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်

0 2024 89 mins
Koparan Kardeşler
Faultline

Imdb rating – 6.0/10 ထွက်​ရှိထားတာ မကြာသေးတဲ့ ဒီဇာတ်ကားက Drama/Mystery အမျိုးအစား​ဖြစ်​ပြီး ဒါရိုက်တာ​ Anna Cooley ရိုက်​ကူး​ပေး​ထားတာ ဖြစ်​ပါတယ်​။ ဇာတ်​ကောင်​ အနည်းငယ်​သာ အသုံးပြု​ထားပြီး ဒရာမာနဲ့ အက်​ရှင်ပိုင်းထက် Mystery​ ဖက်ကို​ အားပြု​ထား​ပါတယ်​။ ဇာတ်လမ်း​အကျဥ်း​ကတော့ Paige Tennant ဟာ အောင်မြင်​တဲ့ ရှေ့​နေအမျိုးသမီးဖြစ်ပြီး ကုမ္ပဏီ​ကြီးတစ်ခုမှာ ဥပဒေ​အကြံပေးအဖြစ် လုပ်​ကိုင်နေသူဖြစ်ပါတယ်။ တစ်​နေ့မှာ​ ဖီးနစ်ဂိုးလ် လို့​ခေါ်​တဲ့ ရွှေ​တူးဖော်​ရေးကုမ္ပဏီ ပိုင်ဆိုင်​တဲ့ သတ္တု​တွင်း​တစ်​ခု ပြို​ကျသွား​တဲ့အခါ Paige အလုပ်​လုပ်​နေ​တဲ့ ကုမ္ပဏီ​ကြီး​နဲ့ ဖီးနစ်ဂိုးလ်​ ကုမ္ပဏီ​တို့ ပူးပေါင်း​ဖို့ အကြောင်း​ဖန်​လာပါတယ်။ တကယ်​တော့ Paige ရဲ့ အမေဖြစ်သူက ဖီးနစ်ဂိုးလ်​မှာ ဝန်ထမ်း​လုပ်ဖူးပြီး ကိုယ့်ကိုယ်ကို​ အဆုံး​စီရင်​ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်​ Paige လည်း​ လုပ်​ငန်း​ကိစ္စ​ညှိဖို့ ဖီးနစ်ဂိုးလ်​ကုမ္ပဏီ အခြေစိုက်​တဲ့ မြို့​လေး​တစ်​ဖြစ်​လည်း​ သူကလေးဘဝက နေခဲ့​ဖူးတဲ့ မြို့​လေးကို ပြန်​လာခဲ့ပါတယ်။ အဲဒီ​မြို့​မှာ Paige ရဲ့ ညီမဖြစ်သူ Jesse လည်း ရှိတဲ့​အတွက်​ ညီအစ်မ​နှစ်ယောက်​ ပြန်​ဆုံ​မိကြပါတော့တယ်။ တစ်ချိန်​တည်း​မှာ​ သူတို့​ညီအစ်မ​ရဲ့ အမေဖြစ်သူ Eve​ Tennant သေဆုံး​မှုဟာ သွေးရိုးသားရိုး မဟုတ်​ကြောင်း​ သိလိုက်ရ​ချိန်​မှာတော့ နှစ်​ဦး​သား အဖြစ်​မှန်​ကို စုံစမ်း​ကြပါတော့တယ်။ ဇာတ်လမ်း​အေးပြီး စုံ​ထောက်​ခြင်း​နဲ့ လျှို့ဝှက်​ဆန်းကြယ်​ခြင်းဖက်ကို အား​ပြုထားတဲ့အပြင် ဒရာမာ​ elements တွေ​ပါ ထည့်သွင်း​ထား​လို့ ကြည့်လေ့ကြည့်ထ မရှိသူတွေအတွက် ပျင်း​စရာ​ကောင်း​ပါလိမ့်မယ်​။ ဒရာမာ​နဲ့ စုံထောက်​ဆန်​ဆန်​ ဇာတ်လမ်း​မျိုး​ နှစ်​သက်​ရင်တော့ ကြည့်ရှုနိုင်ပါတယ်။ File size…(778 MB)/(450 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

Science Fiction • Drama
0 2024
Faultline
Angel of Beggars
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် Angel of Beggars ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ပါးထျန်းဟူဟာ ဆပ်ကပ်သရုပ်ဆောင်ခေါ်တယ်ဆိုပြီး ရွာထဲက ကလေး ၉ ယောက်ကို မိဘတွေ လက်ထဲက ခေါ်သွားပြီး ကလေးတွေကို တောင်းစားခိုင်းပါတယ်။ လူဝါတန်းဆိုတဲ့ ကလေးဟာ မာနထားပြီး တောင်းရမ်းဖို့ ငြင်းတဲ့အခါ ပါးထျန်ဟူက ရိုက်နက်ခဲ့ပြီး လက်လွန်ကာ သေဆုံးသွားခဲ့ပါတယ်။ လူဝါတန်းရဲ့ အလောင်းကို ဆေးရုံက ပြန်သွားလုတဲ့အတွက် သူတို့ဒုစရိုက်မှုက ပေါ်သွားခဲ့ပြီး ကလေးတွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ယောကျာ်းဖြစ်သူနဲ့ သမီးကို ဆုံးရှုံးခဲ့ရတဲ့ စိတ်ကျန်းမာရေးဆရာမ လင်လန်ဟာ ကယ်တင်ခံရတဲ့ ကလေးတွေနဲ့အတူ ရွာမူလတန်းကျောင်းကို ပြန်ရောက်လာခဲ့ပြီး သူတို့အတွက် စိတ်ကျန်းမာရေးဥယျာဉ်တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။ စိတ်ဒဏ်ရာတွေ ပြည့်နေတဲ့ လူကြီးရော ကလေးရော အပြန်အလှန်ကုစားကြမဲ့ ရုပ်ရှင်လေးကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Animation • Fantasy • Comedy • Family
5.7 2025
Angel of Beggars