YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Stroke.of.Luck.2022.720p.WEBRip.DD5.1.CM.mp4

655.82 MB N/A video/mp4 135 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sirf Ek Bandaa Kaafi Hai
7

IMDb rating 7.3 အထိရရှိထားပပြီး၂၀၂၃ မှာအသစ်ထွက်ရှိလာတဲ့ တရားခွင်အခြေပြု ဘောလီးဝုဒ်အိန္ဒိယဇာတ်ကားလေးဟာ အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို လိင်အမြတ်ထုတ်ခဲ့တဲ့ ဘာသာရေးဆရာတစ်ယောက်နဲ့ သူ့ကိုတရားစွဲတဲ့အခါ ရင်ဆိုင်လျှောက်လဲပေးတဲ့ ရှေ့နေတို့ရဲ့ အားပြိုင်မှုကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဒိုင်ယာလော့အလန်းတွေနဲ့ ရှုစားကြရမှာဖြစ်ပြီး တစ်ခန်းမှကို ပစ်ရက်စရာမရှိ ဇာတ်ရှိန်မကျပဲနဲ့ ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ် အားကိုးရာရှာကြတဲ့ လူတွေရဲ့ ဘာသာတရားတစ်ခု လူတစ်ယောက်ကို အစွန်းရောက်ကိုးကွယ်လိုက်တဲ့အခါမှာ ဒီဘာသာတရားတစ်ခုကိုခေါင်းစဉ်တပ်ထားရုံနဲ့ မျက်ကန်းတွေဖြစ် အမှားတွေအမှန်တွေမသိတော့ပဲ ဘယ်သူ့ကိုမဆို အဲ့ခေါင်းစဉ်အောက်ကဆိုတာနဲ့ ဇွတ်တွေယုံကြည်ကိုးကွယ်ကြတာပါပဲ ဒါကဘာသာတရားတစ်ခုတည်းကို မဆိုလိုပါဘူး ယစ်ပူဇော်တတ်တဲ့ အာဖရိကလူရိုင်းတွေကစလို့ ဂိုဏ်းဆရာတွေကဟောလို့ ကိုယ့်ကိုယ်ကိုအုပ်လိုက်ကြီးသတ်သေကြတယ်ဆိုတဲ့ အနောက်တိုင်းက ရီနေးဆန့်ဆရာကြီးများအလယ် စောင့်ထိန်းစရာအကျင့်သိက္ခာတွေများပြားပြီး တစ်ခုမှမစောင့်ထိန်းလဲ နာမည်ကြီးရင် ဇွတ်ကိုးကွယ်ကျတဲ့ အာရှသားများထိအဆုံးလို့ပဲ ပြောရမှာပေါ့ ဘာသာရေးဆိုတဲ့ ခေါင်းစဉ်တစ်ခု ဒါကိုခုတုံးလုပ်ပြီး ပရဟိတကျောင်းဘာညာ ရိုက်စားလုပ်တဲ့ကောင်တွေရှိတယ် ဒါကိုခုတုံးလုပ်ပြီး ကလေးသူငယ်တွေကို ကျားမမရွေးလိင်အမြတ်ထုတ်နေတာတွေရှိတယ် ဒါကိုခုတုံးလုပ်ပြီး ဗန်းပြအလှူခံသူဌေးဖြစ်နေတဲ့ကောင်တွေရှိတယ် ပြောရရင်တော့ ပြောမဆုံးစေမဲ့ အရာတွေပေါ့ အိန္ဒိယဇာတ်ကားတွေထဲမှာ ကျွန်တော်မှတ်မိသလောက် ကတော့ ဘုရားရှင်ကို တရားစွဲတဲ့ဇာတ်ကားရယ် အူကြောင်ကြောင် ဂြိုလ်သား PK ရယ်က ဘာသာတရားကို အပီအပြင်ဖဲ့ထားတာပေါ့ ခုဒီဇာတ်ကားထဲမှာလည်း ဘာသာတရားဗန်းပြပြီး လိင်အမြတ်ထုတ်နေတဲ့ အိန္ဒိယက ဂိုဏ်းဆရာတစ်ယောက်ကို တရားစွဲတဲ့ပုံစံနဲ့ ရှယ်ဖဲ့ထားပါတယ် ဒီဆရာသခင်ကြီးရဲ့ သောက်ကျင့်မကောင်းပုံတွေက ကိုယ်တိုင်ကြည့်ရင် ပိုဒေါသထွက် ပိုခံပြင်းရမှာ သေချာပါတယ် နောက်ပြီး အမှန်တရားဘက်မှာ ဘာဖြစ်ဖြစ်ရပ်တည်မယ်ဆိုတဲ့သူတွေအတွက် ဒီကားကတော့ အားဆေးတစ်ခွက်ပါပဲ အဲ့တော့ ဘာသာရေးခုတုံးလိုက်ဂျင်းအတောင့်လိုက်ထည့်တာတွေ နိုင်ငံရေး စီးပွားရေးသမားတွေရယ် နေရာတကာဝင်ပါတာတွေ တရားခွင်မှာ အပြန်အလှန်နဲ့ မာန်ပါပါနဲ့အနိုင်ကျဲရတာတွေကို ကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီကားလေးက ဆန္ဒတွေဖြည့်ဆည်းပေးမဲ့ ချွေးသိပ်ဆေးလေးတစ်ခွက်ဆိုတာ ညွှန်းဆိုပေးလိုက်ပါတယ် ဆင်ခြင်တုံတရားမပါတဲ့ ကိုးကွယ်မှုဆိုတာ အဆိပ်သက်သက်ပါပဲ File size…1.52GB / 695MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 7mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin~Sai~BpL~Yunni~Thaik San

Drama • Fantasy • Mystery
7 2023 127 mins
Sirf Ek Bandaa Kaafi Hai
Venom
6.8

Plot Eddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိ တစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးက သူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာ သူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။ Review . Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။ Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။ Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။ အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။ မင်းသား Tom Hardy က Eddie အနေနဲ့ တော်တော်လေး မိုက်ပေမဲ့ အစပိုင်းမှာတော့ Tom Hardy ပိုဆန်နေတယ်လို့ထင်တယ်။ သူ့ ပုံမှန် acting စတိုင်နဲ့ တွေ့ရတာ များတယ်။ ဒါပေမဲ့ နောက်ပိုင်း Venom နဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ တော်တော်မိုက်တယ်။ နောက် ဇာတ်လမ်းနဲ့ဇာတ်ညွှန်းမှာ တစ်ခါတစ်လေ သိပ်အားမရဖြစ်ပါဘူး။ တချို့ဇာတ်ဝင်ခန်းတွေက နည်းနည်းလေး ရှည်နေသလို သိပ်ပြီး မလိုအပ်သလို ခံစားရတယ်။ နောက်ဆုံးတစ်ခုကတော့ Visual ပိုင်း။ Venom နဲ့ Riot တို့ ဗြင်းကြတဲ့အခန်းတွေမှာ တော်တော်လေး ကြည့်ရအဆင်မပြေဘူး။ ညဘက်ကြီး မည်းမည်းအကောင် ၂ ကောင် ချတာကို 3D နဲ့ အနီးကပ်မြင်ရတော့ ကြုံးတော့ ကြုံးနေတာပဲ ဒါပေမဲ့ ဘာမှန်းညာမှန်း သိပ်မသဲကွဲဘူး။ Venom Character ကြီးက ပုံဖော်ထားတာ မိုက်တော့ မိုက်ပေမဲ့ စိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုးပဲ။ (Spidey logo, maybe??) သဘောကျမိတာတွေဆိုရင်တော့ Venom ဟာ MCU ကားတွေလိုမဟုတ်ဘူး။ Dark, brutal ဖြစ်တယ်။ PG-13 နဲ့ သွားတယ်ဆိုတော့ နောက်ပိုင်း Tom Holland ရဲ့ Spider-Man နဲ့ တွဲမတွဲ မပြောတတ်ပေမဲ့ ကျွန်တော့ စိတ်ထဲကတော့ သွားမတွဲဘဲ သက်သက် ခွဲထွက်တာမျိုး ပိုလိုချင်မိတယ်။ Venom နဲ့ Eddie တို့နှစ်ယောက်ကြားက ချိတ်ဆက်မှု နဲ့ တစ်ယောက်ကို တစ်ယောက် မှီတီနေမှုကို ပြသွားတာလည်း တော်တော်လေးကောင်းတယ်။ တစ်ချက်တစ်ချက် ရယ်နေရတာများတော့ သိပ်ကြီးအဆင်မပြေပေမဲ့ still awesome ပဲ။ Visual တွေဆိုလည်း အများစု ကောင်းတယ်။ ရဲတွေနဲ့ ဗြင်းတဲ့အခန်းဆို တော်တော်လေး အားရဖို့ကောင်းတယ်။ Venom ရဲ့ strength ကို တော်တော်လေးမြင်ရတယ်။ Venom နဲ့ Eddie နေရာက Tom Hardy ကလည်း အစပိုင်းလေး နည်းနည်း အဆင်မပြေသလိုဖြစ်သလောက် နောက်ပိုင်းတွေမှာ တကယ့် perfect cast ပဲ။ Venom ဟာ တကယ့် perfect ဖြစ်တဲ့ ကားတစ်ကားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆိုးဝါးနေတဲ့အထဲ ပါတဲ့ကားတစ်ကားလည်း မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင်ကတော့ တစ်ကားလုံးနီးပါး enjoy ဖြစ်ခဲ့တဲ့ ကားတစ်ကားပါ။ - KPK DatShin: 3/5 IMDB: 7.1/10 Rotten Tomatoes: 31% (ရုပ်ရှင်အညွှန်းကို DatShin Fb Page မှ ကူးယူဖော်ပြပါသည်။) File size…(3 GB) / (2 GB) / (1.5 GB) Quality….BluRay 4K HEVC / HEVC 1080p / 720p Format…mkv/mp4 Duration….01:52:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Drama • TV Movie
6.8 2018 112 mins
Venom
My Father’s Violin
6.4

My Father’s Violin (2022) ~ IMDb – 6.4/10, Rotten Tomatoes – 82% ~ ဂရမ်မီဆုရှင် တယောဆရာ Joshua Bell က ပြောဖူးပါတယ်… “တယောနဲ့ တေးသွားတစ်ပုဒ်ထိုးတဲ့အခါ… သင်ဟာ ဇာတ်ကြောင်းပြောသူဖြစ်လာပြီး ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတာပါ” တဲ့။ ဒီကားလေးထဲမှာတော့ ဆံပင်အနီနဲ့ ချစ်စရာကလေးမလေးတစ်ယောက်က ဇာတ်ကြောင်းပြောသူဖြစ်ပြီး ဟောဒီ့ဇာတ်လမ်းလေးကတော့ သူနဲ့ သူ့ဦးလေးတို့ကြားက ဇာတ်လမ်းလေးပါ။ ကလေးမလေးကတော့ လမ်းတွေပေါ် လှည့်လည်ဖျော်ဖြေလိုက်၊ အလှူငွေလေးကောက်လိုက်၊ ရဲတွေလာဖမ်းရင် ထွက်ပြေးလိုက်နဲ့ လူမှုဘဝကို စောစောထိတွေ့ဖြတ်သန်းနေရသူလေးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူ့ဦးလေးဟာ အောင်မြင်နေတဲ့ တိုင်းသိပြည်သိ အကျော်ဇေယျ တယောပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ တယောချင်းတူကြပေမယ့် ကိုယ်စားပြုမှုမတူကြတဲ့ သူတို့ရဲ့ ကိုယ်ပိုင်တေးသွားတွေ အချိတ်အဆက်မိကြဖို့ ဘာတွေများ ခက်ခဲနေမှာလဲ… ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဇာတ်လမ်းက မှန်းရလွယ်ပါတယ်။ ဒါပေမဲ့လည်း ပြင်ပလောကရဲ့ ထင်တိုင်းကြဲနေတဲ့ ကံကြမ္မာနဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဟောဒီကမ္ဘာကြီးကို အခုလို သိမ်မွေ့နူးညံ့တဲ့ မှန်းရလွယ်တဲ့ ရုပ်ရှင်လေးနဲ့ အံတုရမယ်ဆိုလည်း မဆိုးပါဘူး။ နေ့ခင်းနေ့လယ် ကော်ဖီခါးခါးကို ကွတ်ကီးဆိမ့်ဆိမ့်လေးနဲ့ မြည်းရသလိုပေါ့။ နောက်ပြီး ဒီကားထဲက ကလေးသရုပ်ဆောင်လေးဟာလည်း သိပ်ကိုမှ ချစ်ဖို့ကောင်းပါတယ်လို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 940MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.4 2022 112 mins
My Father’s Violin
My Tempo

My Tempo (2022) 2022 ခုနှစ်က ထွက်ရှိထားတဲ့ BL, Romance လူငယ်ကျောင်းသားဇာတ်ကားလေးကို တင်ဆက်ပေးပါ့မယ်။ Hope နဲ့ Seki က ဂစ်တာတစ်လက်တည်းကို လူနှစ်ယောက် လက်လေးဖက်နဲ့တီးတဲ့အပြင် အရည်အချင်းရှိလို့ဆိုပြီး နာမည်ကြီးနေတဲ့ Four Hands အဖွဲ့ရဲ့ အဖွဲ့ဝင်တွေပါ။ Hope ကကျတော့ သီချင်းနုတ်တွေအတိုင်း အတိအကျလိုက်တီးတတ်ပြီးတော့ Seki ကတော့ ခံစားချက်အတိုင်း တီးချင်တာကြောင့် သူတို့နှစ်ယောက် ကတောက်ကဆဖြစ်ပြီး အဖွဲ့ကွဲသွားတယ်။ ချမ်းသာတဲ့မိသားစုရှိတဲ့ Seki အတွက် ဘာမှပြောင်းလဲမသွားပေမယ့် မိသားစုက မပြည်စုံတဲ့ Hope အတွက်တော့ ပညာသင်ဆုကိုပါ လက်လွှတ်လိုက်ရပြီးတော့ ဒုက္ခရောက်သွားတယ်။ အဲဒီလိုမျိုး စိတ်ဓာတ်ကျနေတဲ့ Hope ဆီကို Tawan ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်။ အဲဒီ Tawan ဆိုတဲ့ကောင်လေးက Producer တစ်ယောက်ဖြစ်ချင်ပေမယ့် လူကြောက်တတ်တော့ စင်ပေါ်ကိုမတက်ဘဲ နောက်ကွယ်ကနေ တခြားသူတွေကို ကူညီပေးတတ်တဲ့သူတစ်ယောက်ပါ။ Hope အဆင်မပြေဖြစ်နေတဲ့အချိန်မှာ သူတို့နှစ်ယောက် ဆုံမိသွားတော့ ကူညီတတ်တဲ့ Tawan က Hope ပြန်အဆင်ပြေအောင် သူတတ်နိုင်သမျှ ကူညီပေးရင်း အချင်းချင်းရင်းနှီးသွားပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ သူငယ်ချင်းတွေကြားက ချစ်ခြင်းမေတ္တာတွေ၊ အချင်းချင်းပံ့ပိုးပေးကြတာတွေကို ကြည်နူးစရာတွေ့မြင်ရမှာမို့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်ပြီးကြည့်လိုက်ကြပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama Quality…. 1080p | 720p File size… 1.87GB | 700MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

0 2022
My Tempo
Anatomy of a Fall
7.8

အခုတင်ဆက်ပေးမှာကတော့ ရွှေကမ္ဘာလုံးဆုပေးပွဲမှ ဆု ၄ဆုအပါအဝင် ဆုပေါင်း ၅၂ဆု ရရှိခဲ့ပြီး ၁၂၇ဆု ဇကာတင်စာရင်းဝင်ခဲ့တဲ့ ကားလေးပါ…အရင်က 720p တမျိုးတည်းသာတင်ဆက်ထားရာက အခုအခါ 1080p အပြင်လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်တင်ဆက်ပေးထားပါတယ်….. ဇာတ်လမ်းလေးကတော့………ဆန်တာဗွိုင်တာ နဲ့ ဆင်မြူရယ်မော်လက်စကီ တို့မှာ သားလေး ဒန်နီရယ်တစ်ယောက်ရှိပါတယ်…..သူတို့သားလေးက တနေ့ ဆိုင်ကယ်မတော်တဆမှုကြောင့် မျက်လုံးကွယ်သွားခဲ့ပါတယ်…..အဲဒါကို ဆင်မြူရယ်က သူ့ကြောင့်ပါဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာပေါ့ ဒီလိုနဲ့ လင်မယားကြားကတောက်ကဆလေးတွေရော သားဖြစ်သူဆေးကုစရိတ်ကြောင့် ငွေကြေးပြဿနာတွေကြောင့်ပါ သူတို့ အိမ်တွင်းရေးက သိပ်အဆင်မပြေဖြစ်နေခဲ့တာပေါ့….. တနေ့တော့ အမျိုးသားဖြစ်သူ ဆင်မြူရယ်တစ်ယောက် သူ့နေအိမ်ခြံထဲမှာပါ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးသွားပါတယ်……အဲဒီမှာပဲ သူ ဘယ်လိုပုံစံပြုတ်ကျခဲ့တာလဲ……သွေးရိုးသားရိုးမှဟုတ်ရဲ့လာ……..သူတို့ကြားမှရှိနေတဲ့ ပြဿနာနဲ့ရောဆိုင်နေမလား စသည် စသည် သံသယများစရာတွေနဲ့ အမှုကို စစ်ဆေးတဲ့အခါ ဇနီးသည် ဗွိုင်တာနဲ့ သူတို့သားလေး ဒန်နီရယ်တို့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(2.9 GB)/(1.3 GB) Quality….Blu-ray 1080p/720p Format…mp4 Duration….02:31:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Garfield

Action • Adventure • Science Fiction
7.8 2023
Anatomy of a Fall
Love the Coopers
5.8

မိသားစုတိုင်းမှာ မတူညီတဲ့ နောက်ခံဇာတ်လမ်းတွေ အဖြစ်အပျက်တွေ ပျော်ရွှင်စရာတွေ ဝမ်းနည်းရတာတွေ မကျေမနပ်ဖြစ်ရတာတွေ ရှိကြပါတယ်။ လူတွေဟာ လူတွေဖြစ်နေတဲ့အတွက်ကြောင့်ကို ပြီးပြည့်စုံခြင်းမရှိနိုင်ကြပါဘူး။ ဒ ါကြောင့် ဘယ်လောက်ပဲမပြေလည်တာတွေရှိကြပေမယ့် အချိန်မနှောင်းခင်မှာ ပြေလည်မှုရဖို့ ကြိုးစားသင့်ကြပါတယ်။ ဘာလို့လဲဆိုတာ့ မိသားစုဖြစ်နေလို့ပါ။ တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ ရွေးချယ်ခွင့်လည်းမရှိတဲ့ ကိုယ့်ကို ချစ်ခြင်းမေတ္တာတွေသိသိသာသာဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ပေးနိုင်တဲ့သူတွေဖြစ်နေလို့ပါလေ။ သွေးက ရေထက်တော့ပြစ်တယ်လို့ဆိုကြတယ်မလား။ ချစ်ခြင်းမေတ္တာက ပြဿနာအားလုံးကိုဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားလေးမှာလည်း သားသမီး‌တွေကို ထိန်းကျောင်းရင်း ကိုယ့်ဖာသာကိုယ်ပျောက်ဆုံးနေတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ မိသားစုဝင်တွေအတွက် အမှတ်တရဖြစ်စေမဲ့ ခရစ်စမတ်ညစာလေးကိုဖန်တီးကြရင်း မပြေလည်တာတွေကို ပြေလည်အောင်လုပ်ပေးနိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ ပြဿနာတွေ မထင်မှတ်တာတွေ ကြုံလာရတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြလဲ နောက်ဆုံးမှာ ဘယ်လိုပြေလည်သွားကြလဲဆိုတာကို ခရစ်စမတ်အချိန်နောက်ခံလေး နဲ့ တင်ဆက်ပြထားတဲ့အတွက် ဆွတ်ပျံ့ကြည်နှူးဖွယ် ရယ်ရွှင်ဖွယ် ခံစားကြရမှာပါ။ 2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy drama အမျိုးအစားဇာတ်ကားဖြစ်ပြီး မိသားစု နဲ့ ချစ်ရသူတွေနဲ့ ကတောက်ကဆဖြစ်နေရတဲ့ အချိန်တွေမှာများကြည့်ဖြစ်ခဲ့မယ်ဆိုရင် ဇာတ်ကားဆုံးတာနဲ့ ရင်ထဲ အတွေးတစ်စကျန်ကောင်း ကျန်နေနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ File size… 2 GB / 984 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

5.8 2015 107 mins
Love the Coopers
Which Brings Me to You
5.6

အားလုံးပဲ ဘဝမှာ တစ်ချိန်တစ်ခါက ကိုယ်စီအချစ် ဇာတ်လမ်းလေးတွေရှိကြမှာပါ…။ အဲ့ဒီအချစ်ဇာတ်လမ်းလေးတွေကို ပြန်တွေးကြည့်လိုက်ရင် ရသတစ်မျိုးစီ၊ အ‌ရောင်တစ်မျိုးစီ နှလုံးသားနဲ့ချီပြီး ခံစားကြရတယ်မလား။ နှလုံးသားမှာ ဒီလိုပုံပြင်လေးတွေ၊ အရောင်လေးတွေများလာရင် မွန်းကြပ်လာရပြီး ထပ်ချစ်မိဖို့ နောက်ထပ်အချစ်တစ်ခုအစပြုဖို့လည်း စိုးထိတ်သွားရလေ့ရှိတယ်တဲ့။ ထပ်ချစ်ဖို့မကြိုးစားတော့ဘဲ သွေးသားဆန္ဒကိုသာဦးစားပေးတတ် သူတွေ ဖြစ်သွားတတ်တာပေါ့၊ ဒီလိုအချိန်မှာ အကောင်းဆုံးနည်းလမ်းက အရင်ကဇာတ်လမ်းလေးတွေဆီကို တစ်ခေါက်ဆီအလည်သွားပြီး တစ်ယောက်အကြောင်းတစ်ယောက်သိအောင် ကြိုးစားဖို့ပါပဲ..။ အခုဇာတ်လမ်းလေးဟာ ဒီလိုဇာတ်လမ်းလေးပါပဲ။ ဝီလ်နဲ့ ဂျိန်းဟာ မင်္ဂလာဆောင်တစ်ခုမှ စတွေ့ခဲ့ရတဲ့သူစိမ်းတွေပေါ့…။ တွေ့တွေ့ချင်းမှာပဲ အဝတ်လဲခန်းထဲသွားပြီး ချစ်ကြည်နူးဖို့သာ စိတ်ကူးမိကြပါသတဲ့။ သို့ပေမဲ့ ရှေးဟောင်းနှောင်းဖြစ်အချစ်ဒဏ်ရာလေးတွေကို ပြန်ပြောမိရင်းက တစ်ယောက်နဲ့တစ်ယောက် တကယ်စိတ်ဝင်စားလာတဲ့အခါမှာတော့…. အရင်အချိန်တွေကို တစ်ခါပြန်အောင့်မေ့ရတဲ့အချစ်ဇာတ်လမ်းမျိုးကိုမှ သဘောကျရင် ဒီကားလေးကိုသာ ကြည့်လိုက်ပါတော့ဗျာ…။ File size…1.48 GB / 639 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.6 2024 98 mins
Which Brings Me to You
Bethlehem Light

ဒီဇာတ်လမ်းလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ချက်ဇ်နိုင်ငံကရိုက်ထားတဲ့ ဒရာမာဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းမှာတော့ အသက် ၇၅ နှစ်အရွယ် စာရေးဆရာကြီးတစ်ယောက်ဟာ သူ့ဘဝရဲ့နေဝင်ချိန်ကို ရောက်လုနီးပါးရှိနေပြီလို့ထင်ပြီး သူ့ရဲ့ခေါင်းထဲမှာရှိနေတဲ့ မပြီးပြတ်သေးတဲ့ ဇာတ်လမ်းသုံးပုဒ်ကို လက်စသတ်ဖို့လုပ်ပါတယ်။ ဒီဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေကလည်း အပြင်လက်တွေ့ဘဝမှာပေါ်လာပြီး သူတို့ရဲ့ဇာတ်လမ်းတွေကို အဆုံးသတ်ပေးဖို့ စာရေးဆရာကြီးကို တောင်းဆိုကြပါတယ်။ ပထမဇာတ်လမ်းထဲက စာရေးဆရာ မာတက်ဂ်ျကတော့ ချောမောလှပပြီး ချဉ်းကပ်လို့မရနိုင်လောက်အောင် မာနကြီးတဲ့ကောင်မလေးတစ်ယောက်ကိုရနိုင်ဖို့အတွက် သူ့ဇာတ်လမ်းကို ဖန်တီးပေးဖို့ စာရေးဆရာကြီးဆီမှာ အပူလာကပ်တဲ့အကေကြာင်းဖြစ်ပြီး နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ကတော့ ဆေးကုဆရာတစ်ယောက်ဖြစ်ချင်တဲ့ ကားပြင်ဆရာတစ်ယောက်အကြောင်းပါ။ နောက်‌ဆုံးဇာတ်လမ်းကတော့ autism ဖြစ်နေတဲ့သားအတွက် ပုံမှန်ဘဝရနိုင်ဖို့ ဆန်းကြယ်မှုတစ်ခုကို လိုအပ်နေတဲ့ဖခင်တစ်ယောက်ရဲ့အ‌ဖြစ်‌ပေါ့။ စာရေးဆရာကြီးက ဒီဇာတ်လမ်းသုံးပုဒ်ကို အပြီးသတ်ဖို့လုံးပန်းနေချိန်မှာ တစ်ဖက်မှာလည်း စာရေးတာကိုရပ်ပြီး နောက်ဆုံးအချိန်မှာ သူ့ကိုဂရုစိုက်ပေးစေချင်တဲ့ ဇနီးကရှိနေပြန်ပါရော။ ဒီလိုနဲ့ စာရေးဆရာကြီးတစ်ယောက် ဒီဇာတ်လမ်းတွေနဲ့ ဇနီးသည်အကြား နှစ်ပါးသွားကြပုံကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ စိတ်ကူးယဉ်ဇာတ်ကောင်တွေရဲ့ အချစ်၊ အိမ်ထောင်ရေးဘဝ၊ ယုံကြည်ချက်တွေနဲ့ ဆန်းကြယ်မှု‌တွေအကြောင်း ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama • History
0 2022
Bethlehem Light
unDEFILED
6.1

Undefiled ဟာ 2024 ခုနှစ်မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန် အခြေခံ ဒရာမာတစ်ကား ဖြစ်ပါတယ်။ အသက်အရွယ်ရလာတဲ့ ဘေ့စ်ဘောကစားသမား တစ်ယောက်ဖြစ်တဲ့ မစ်ချ်ဂျန်းနင်းစ်ဟာ အိမ်ထောင်ရေးကလည်း အဆင်မပြေ၊ အသက်မွေးဝမ်းကျောင်း အလုပ်ကလည်း အဆင်မပြေနေတဲ့အချိန်မှာပဲ Porn တွေ စွဲလမ်းတတ်တဲ့ ပြဿနာကလည်း ရှိနေပါသေးတယ်။ သူ့အသင်းကလူတွေကလည်း အသက်မပြည့်သေးတဲ့ ကလေးမလေးတွေကို လိင်အမြတ်ထုတ်နေတဲ့အကြောင်း သိသွားပြီးတဲ့နောက် ဂျန်းနင်းစ်ဟာ အဲဒီလို ကောင်မလေး တစ်ယောက်နဲ့ ရင်းနှီးသွားပါတော့တယ်။ ဒါကြောင့် ဂျန်းနင်းစ်အနေနဲ့ ဘေ့စ်ဘောကစားသမားအလုပ်ကိုပဲ အေးဆေးဆက်လုပ်မလား ဒါမှမဟုတ် ဒီလိုမကောင်းဆိုးဝါး လက်ထဲရောက်နေတဲ့ ကလေးမလေးကိုပဲ ကူညီမလားဆိုတာကို ကျဉ်းထဲကျပ်ထဲ အခြေအနေတစ်ခုမှာ ရွေးချယ်ရပါတော့တယ်။ လူ့အဖွဲ့အစည်းမှာ ဆိုးဆိုးဝါးဝါး ရှုံ့ချကြပေမဲ့ မျက်ကွယ်မှာတော့ လူတစ်စုက စနစ်တကျ ချိုးဖောက်နေကြတဲ့ ဒီလို လုပ်ရပ်မျိုးတွေကို Undefiled မှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.82GB / 712MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 55m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thi Ri

Romance • Comedy
6.1 2024
unDEFILED
Mr. & Mrs. Mahi
6.5

IMDb 6.5/10 Rotten tomato 64% မာဟန်ဒရာဆိုတဲ့​ကောင်လေးခရစ်ကတ်ကစားသမားနဲ့ ဆရာဝန်မလေး မာဟီမာတို့ကို သူတို့ရဲ့မိဘ​တွေလက်ထက်ဖို့စီစဥ်ကြရာက​နေ ဇာတ်လမ်း​​လေးကိုအစပျိုးပဲဖြစ်ပါတယ်။ ခရစ်ကတ်အရှုံးသမား​လေးနဲ့ဆရာဝန်မ​လေးတို့မှာ မာဟီဆိုတဲ့နာမည်​ပြောင်တူ​နေကြတာက​နေ အချင်းချင်းနီးစပ်လာကြပါ​တော့တယ်။ ဒီလိုနဲ့ပဲတစ်​နေ့မှာ​တော့ မာဟီမာတစ်​ယောက် ​ ခရစ်ကတ်နဲ့​ဘောလုံးကိုရိုက်လိုက်တာကို မာဟန်ဒရာမြင်သွားပြီး​နောက်မှာ ပါရမီပါလာတာကိုသတိထားမိပြီး သူ့မိန်းမကို ခရစ်ကတ်ကစားသမားတစ်​ယောက်ဖြစ်လာ​အောင် သင်​ပေးဖို့ကြိုးစားလာပါ​တော့တယ်။ မာဟီမာကလဲဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး သူဝါသနာပါတဲ့ ခရစ်ကတ်ကစားတာကို စိတ်နှစ်ဖို့လုပ်လာတဲ့အခါမှာ လင်မယားနှစ်​ယောက်အတူတူလက်တွဲပြီး ပြိုင်ပွဲ​တွေကိုရင်ဆိုင်​ကျော်ဖြတ်ကြပါ​တော့တယ်။ အညွှန်းနဲ့ဘာသာပြန်က​တော့ CM Bollywood team ပဲဖြစ်ပါတယ်။

Comedy • Drama
6.5 2024
Mr. & Mrs. Mahi
21 Jump Street
7.2

21 Jump Street (2012) IMDb Rating (7.2) / Rotten Tomatoes (85%) ဒီတစ်ခေါက်ကတော့ ဟာသဇာတ်လမ်းတွေကြားမှာ နာမည်ကြီးပြီးသားရုပ်ရှင်ဖြစ်တဲ့ 21 jump street ရုပ်ရှင်ပဲဖြစ်ပါတယ်။ ရှမစ် နဲ့ ဂျန်ကို တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းတုန်းက အစေးမကပ်ခဲ့ကြပေမယ့် နှစ်ယောက်လုံး ရဲ ဖြစ်လာတဲ့အခါမှာတော့ ပါတနာတွေ အဖြစ် အတူတာဝန် ထမ်းဆောင်ရပါတော့တယ်။ စိတ်ထင်ရာနင်းကန်ချကြလို့ အထက်လူကြီးက တကယ့်နေရာကိုပို့လိုက်ပါတော့တယ်… ဒါကတော့ အထက်တန်းကျောင်းတစ်ခုမှာ ပျံ့နေတဲ့ မူးယစ်ဆေးအသစ်တစ်မျိုးအတွက် တာဝန်ရှိတဲ့သူကို ရှာဖွေရမှာဖြစ်ပါတယ်။ အဲ့အတွက် ရှမစ် နဲ့ ဂျန်ကိုတို့ဟာ အထက်တန်းကျောင်းကို ကျောင်းသားအသစ်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး လျှို့ဝှက်ထောက်လှမ်းရေး လုပ်ရပါတော့တယ်။ ရုပ်ရှင်ကြည့် ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Jonah Hill နဲ့ Channing Tatum တို့ ဦးဆောင်ပါဝင်ထားပြီး ဘော်ဒါနှစ်ကောင် အထက်တန်းကျောင်းမှာ ဘယ်လိုတလွဲတချော်တွေ ဖြစ်မလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပါ။ Brie Larson , Dave Franco , Ice Cube , Dakota Johnson တို့လို နာမည်ကြီးသရုပ်ဆောင်တွေလဲကူညီအားဖြည့်ထားတာမလို့ တကယ့်ကိုကြည့်ပျော်တဲ့ရုပ်ရှင်ပါပဲ။ 21 jump street(2012) နဲ့ 22 Jump Street (2014) ဆိုပြီး ၂ ကားထွက်ခဲ့ပြီးတော့ ၂ ကားလုံးတခွီးခွီးနဲ့ ရယ်နေရပါတယ်။ Jump Street ရုပ်ရှင်တွေကြည့်ပြီးသွားရင် Jonah Hill နဲ့ Channing Tatum တို့ ပရိတ်သတ်ဖြစ်သွားနိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Marco မှတင်ဆက်ထားပါတယ်။)

Horror • Comedy • Thriller
7.2 2012 109 mins
21 Jump Street
Uncanny
6.2

Uncanny (2015) ******************* အခုခေတ်မှာ AI နည်းပညာတွေက အရမ်းအောင်မြင်နေပေမဲ့ ဒီလိုအောင်မြင်လာဖို့အတွက် ဟိုးအရင်ကတည်းကစတင်ကြိုးစားခဲ့ကြရတာပါ။ အဲ့ဒါရဲ့ရလာဒ်အနေနဲ့ဟိုးအရင်ကတည်းက AI နဲ့ပတ်သတ်တဲ့ ရုပ်ရှင်တွေလည်းအများကြီးထွက်ရှိခဲ့ပါတယ်။ AI ဆိုတာ လူလုပ်အသိဉာဏ်တုဖြစ်ပြီး အဲ့ဒီအသိဉာဏ်တုကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပြည့်စုံအောင် ပုံဖော်ဖန်တီးရတာဖြစ်တဲ့အတွက် လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အခုတင်ဆက်ပေးမဲ့ 2015 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Uncanny ဆိုတဲ့ IMDb 6.2 ရရှိထားတဲ့ဇာတ်ကားမှာလည်း ပြည့်စုံတဲ့ AI တစ်ခုကိုဖန်တီးရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာအပြင် ဖြစ်လာနိုင်မဲ့ဘေးထွက်ဆိုးကျိုးတွေကိုပါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒေးဗစ်ခရန်ဆန်ဆိုတဲ့လူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းတွေအများကြီးပြီး အဆင့်မြင့်ဘွဲ့တွေအများကြီးရရှိထားပြီး စက်ရုပ်နည်းပညာကို အရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်းကက်စတယ်လို့ခေါ်တဲ့ အလုပ်ရှင်ကြီးတစ်ယောက်က သူ့ကိုလုပ်ခိုင်းထားတဲ့လူသားနဲ့ လုံး၀ချွတ်စွတ်တူပြီးပြည့်စုံတဲ့ AI စက်ရုပ်တစ်ခုကို အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ကြိုးစားတီထွင်နေပါတော့တယ်။ သူ့လက်ရာတွေက အရမ်းပြောင်မြောက်ပြီး နာမည်ကြီးတဲ့အတွက် သတင်းထောက်တစ်ယောက်က သူ့အကြောင်းဆောင်းပါးရေးဖို့ တစ်ပတ်တာလာလေ့လာခဲ့ပါတယ်။ သူလက်ရှိတီထွင်ထားတဲ့စက်ရုပ်က ဘယ်လောက်တောင်ပြောင်မြောက်လဲဆိုရင် စစချင်းတုန်းကသတင်းထောက်ဟာ သူ့လက်ထောက်အက်ဒမ်လို့ထင်တဲ့လူကို ထွင်ထားတဲ့စက်ရုပ်ဖြစ်နေမှန်းတောင် လုံး၀မသိခဲ့ပါဘူး။ ဒီလိုနဲ့သတင်းထောက်မလေးက သူတို့အလုပ်တွေကို တစ်ပတ်တာလေ့လာရင်းနဲ့ AI စက်ရုပ်အက်ဒမ်က သတင်းထောက်မလေးအပေါ်မှာ ခံစားချက်တွေရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.23GB / 629MB Quality… Blu Ray 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Sci-Fi, Horror, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

6.2 2015 91 mins
Uncanny
Kamen Rider Kabuto: God Speed Love
6.6

ကျွန်တော်တို့ ငယ်ငယ်တုန်းက နှံကောင်ပါဝါရိန်းဂျားဆိုပြီးတော့ ခေါ်ကြတဲ့ Kamen Rider ပါဝါရိန်းဂျားကားလေးပါ။ ဒီဇာတ်ကားက series နဲ့တော့ မတူတဲ့ Alternate timeline တစ်ခုမှာတည်ထားတာပါ။ ဒီဇာတ်လမ်းမှာကတော့ ဥက္ကာခဲကြီးတစ်ခုကကမ္ဘာကို ဝင်တိုက်ပြီးတော့ ပင်လယ်ထဲက ရေတွေအကုန်ခမ်းသွားပါတယ်။ ဒီ ဥက္ကာခဲကြီးနဲ့အတူ Worms ပိုးကောင်တွေ ပါလာပြီး လူသားတွေကို တိုက်ခိုက်ပါတယ်။ ဒီအန္တရာယ်ကို ကာကွယ်ဖို့ ZECT အဖွဲ့ကိုတည်ထောင်ပြီး Kamen Rider တွေက ပိုးကောင်တွေကို တိုက်ခိုက်ပါတော့တယ်။ ဒါပေမဲ့ ဒီအဖွဲံ့ကနေပဲ သဘောထားမတိုက်ဆိုင်ပဲ Neo-ZECT ဆိုပြီးကွဲထွက်လာတဲ့ အဖွဲ့က မူရင်း ZECT ကို တိုက်ခိုက်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ Series မှာမပါတဲ့ Hercus နဲ့ Ketaros ဆိုတဲ့ Rider နှစ်ယောက်အသစ်ပါပါတယ်။ တကယ်တည်းဇာတ်လမ်းက ပိုးကောင်တွေ ကျူးကျော်တာထက် ပိုကြီးတာကို Neo-ZECT ကသိသွားတဲ့အခါ ဘယ်သူက ကမ္ဘာကြီးကို သစ္စာဖောက်တာလဲ ဘယ်သူက လူဆိုးလဲဆိုတာကို စိတ်လှုပ်ရှားစရာကြည့်ရှူရမှာပါ။ File Size : 1.5 GB, 774 MB Quality : WEB-DL 1080p / 720p Running Time : 1hr 6min Format : Mp4 Genre : Action, Adventure, Drama, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Nikobaby Encode by : Thit San Khant

6.6 2006 66 mins
Kamen Rider Kabuto: God Speed Love
Melanie’s Grave
5

သည်းထိပ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်သူတွေအတွက် Melanie’s Grave ဆိုတဲ့စိတ္တဇဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာအဓိကတွေ့ရမှာကတော့ ကိုယ်ကဘယ်လောက်ပဲ ဖြူစင်အောင်နေခဲ့သည်ဖြစ်စေ ပတ်ဝန်း ကျင်ကအရောင်တွေဝိုင်းဆိုးတဲ့အခါမှာတော့ ယုန်သူငယ်လေးလို ဖြူစင်ခဲ့တဲ့လူတစ်ယောက်က မြေခွေးကြီးလိုပြောင်းလဲသွား တတ်တယ်ဆိုတာကိုပညာပေးနည်းနည်းထည့်ပြီး စိတ္တဇလူသတ် ကားဖြစ်အောင်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့အဓိကဇာတ်ကောင်ကတော့ မယ်လ်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး လက်ရှိဖြစ်နေတဲ့အရာတွေနဲ့ သူ့ရဲ့ဆိုးဝါးခဲ့တဲ့အတိတ်ကိုတစ်လှည့်စီပြသသွားတာကိုတွေ့ ရမှာဖြစ်ပါတယ်။မယ်လ်က ငယ်ငယ်လေးကတည်းက အဖေ ဖြစ်သူရဲ့ဒဏ်တွေကိုခံစားခဲ့ရပြီး အမေဖြစ်သူကလည်းနည်းနည်းလေး တောင်မှ သူ့ကိုမကာကွယ်ပေးခဲ့ပါဘူး။အဲ့ဒါကြောင့်ပဲစိတ်ဒဏ်ရာ ရခဲ့ပြီး အသက်ကြီးလာတဲ့အခါမှာတော့ စိတ်ရောဂါသည်တစ်ယောက် ဖြစ်လာပါတော့တယ်။အခုအချိန်မှာတော့ သူ့ဘာသာသူ အိမ်ထဲမှာ တစ်ယောက်တည်းနေထိုင်နေပြီး တစ်ပတ်တစ်ခါ လာတွေ့တဲ့ လူမှုဖူလုံရေးဝန်ထမ်းကလွဲရင်တခြားဘယ်သူနဲ့မှမဆက်ဆံခဲ့တော့ ပါဘူး။ဖြစ်ချင်တော့တစ်နေ့မှာ သူတို့နားမှာဓားပြမှုဖြစ်ပြီး သေနတ်မှန် ထားတဲ့ဓားပြတစ်ယောက်က သူ့အိမ်ထဲဝင်လာပါတော့တယ်။ ဒီလိုနဲ့လူကြောက်တတ်တဲ့မယ်လ်တစ်ယောက် ဒီဓားပြနဲ့တစ်အိမ် တည်းမှာ အချိန်အတိုင်းအတာတစ်ခုအထိအတူနေရမဲ့ကံပါလာတဲ့ အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စား စရာရှုစားရမှာဖြစ်ပါတယ်။ File size… (1.24 GB) / (751 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 101 mins
Melanie’s Grave
Common Wealth

ဒီရုပ်ရှင်ကတော့ လူတွေရဲ့လောဘအကြောင်းကို ပုံဖော်ထားတဲ့ ရယ်လည်းရယ်ရတဲ့ စပိန်ကားလေးတစ်ကားပါ အူနှိပ်ရယ်ရတဲ့ကားမျိုးတော့ မဟုတ်ဘူးနော် လူ့အဖွဲ့အစည်းကို လှောင်ထားတဲ့ထေ့လုံးတွေ ဇာတ်ကောင်တွေကြောင့် ပြုံးရတဲ့ အက်ရှင်ကားမျိုးပေါ့ ဂျူလီယာဆိုတဲ့ အိမ်ခြံမြေအကျိုးဆောင်က အခန်းတစ်ခန်းကို သွားပြရင်း မထင်မှတ်ပဲ သေသွားတဲ့ အဖိုးကြီးတစ်ယောက်ရဲ့ ငွေထုပ်ကြီးကို ရသွားတဲ့အခါမှ သူ သူဌေးမကြီးဖြစ်ပြီဆိုပြီး လောဘတွေ တက်လာတယ် ဖြစ်ချင်တော့ အဲဒီအဖိုးကြီးမှာ ပိုက်ဆံတွေရှိနေတာကို အဲဒီတိုက်မှာရှိတဲ့ သူတွေ အကုန်လုံးက သိနေကြပြီး သူသေသွားရင် အတူတူခွဲဝေယူကြမယ်ဆိုပြီး အစီအစဉ်ဆွဲထားကြတာပေါ့ လောဘနောက်လိုက်ကြရင်း တစ်ယောက်အသက်ကို တစ်ယောက် ရန်ရှာမိကြတဲ့အထိပေါ့ နောက်ဆုံးမှာ ပိုက်ဆံတွေကို ရသွားတဲ့သူက ဘယ်သူများဖြစ်မလဲ ဂျူလီယာတစ်ယောက် အသက်ရှင်ရက်နဲ့ အဲဒီတိုက်ထဲကနေ ထွက်လာနိုင်မှာလား ကဲ ကြည့်ကြည့်လိုက်နော် File size…(2.3 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Thiller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bunny

Comedy
0 2000
Common Wealth