YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Start-up TH 2024 S01E07 1080p CM.mp4

782.47 MB 1080p video/mp4 39 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ella Enchanted
6.4

Ella Enchanted (2004) ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။ Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။ Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် နဲ့ အိုင်ယာလန် ရုပ်ရှင်ကုမ္မဏီသုံးခု ပေါင်းရိုက်ခဲ့တာ။ ဒါပေမဲ့ Box Office မှာတော့ အရှုံးပေါ်ခဲ့တယ်။ ဇာတ်လမ်းကတော့ ဖရဲလ် မြို့လေးမှာမွေးတဲ့ အယ်လာ ကို သောက်တလွဲ အရက်သမား နတ်သမီးတစ်ပါးက ကပေါက်တိကပေါက်ချာ ဆုတစ်ခု ချီးမြှင့်သွားတာက စတာပဲ။ ကလေးကို နာခံတတ်တဲ့သူဖြစ်အောင် ဂါထာနဲ့ ပြုစားသွားတယ်။ အယ်လာ လေးက ဘယ်သူ ဘာပြောပြော မငြင်းဆန်နိုင်ပဲ လုပ်ပေးနေရရင်း အရွယ်ရောက်လာသတဲ့။ တိုင်းပြည်က လူထွားကြီးတွေ၊ နတ်သူငယ်တွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ ဟန်ချက်ညီညီစုပေါင်းနေထိုင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘုရင်ကြီး နတ်ရွာစံအပြီး သူ့ညီနဲ့ ဘုရင်ကြီးသားတော်တို့လက်ထက်အရောက်မှာ ဘီလူးတွေကို နှင်ထုတ်၊ လူထွားကြီးတွေကို ခိုင်းစား၊ နတ်သူငယ်လေးတွေကို ဖျော်ဖြေရေးသမားလုပ်ခိုင်းပြီး လူသားတွေကြီးစိုးတဲ့အချိန်ပေါ့။ အယ်လာ ရဲ့ ဖခင်က နောက်အိမ်ထောင်ပြု၊ မိထွေးနဲ့ သမီးနှစ်ယောက်ပါလာ၊ စင်ဒရဲလားဇာတ်လည်း ပါသေးသဗျ။ မိထွေးကပါလာတဲ့ ညီအစ်မက အယ်လာ ရဲ့ အားနည်းချက်ကိုသိသွားတဲ့အခါမှာ အမျိုးမျိုးအနိုင်ကျင့်ခံရပါတော့တယ်။ တိုင်းပြည်အရှုပ်အထွေးကြားမှာ အယ်လာ တစ်ယောက် ကျိန်စာပြယ်အောင်လုပ်ရင်း ကြုံတွေ့ရပုံတွေကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်း သုံးခုလောက်ကို ရောသမမွှေထားတဲ့ဟန်ပဲ‌ပြောပါတော့။ ကဲ ကျွန်တော်ပြောခဲ့သလိုပဲ။ မင်းသမီးနဲ့တင် ကြည့်ထိုက်နေပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 36Min Genre - Comedy, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy
6.4 2004 96 mins
Ella Enchanted
I Spit on Your Grave 2
6.3

ဒီဇာတ်ကားရဲ့ ပထမတစ်ကားဖြစ်တဲ့ I Spit On Your Grave ကို ကြည့်ဖူးမယ်ဆိုရင် ဒီကားဟာ လက်စားချေတဲ့ကားဆိုတာ သိကြမှာပါ။ ကိုယ့်ကိုအုပ်စုဖွဲ့ မုဒိမ်းကျင့်သွားသူတွေကို ပြန်လက်စားချေဖို့ကြိုးစားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ကေတီ ဟာ အပို၀င်ငွေလေးရဖို့ စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်း အလုပ်၀င်လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မော်ဒယ်လောကမှာ သူ့နာမည်ထင်ပေါ်ချင်တာကြောင့် အခမဲ့ဓာတ်ပုံအရိုက်ခံမယ့် ကြော်ငြာတစ်ခုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဘူဂေးရီးယန်းညီအစ်ကို ဓာတ်ပုံဆရာတွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့တွေဟာ ကေတီကို အလွန်အမင်း စွဲလမ်းသွားကြပါတယ်။ ဒါပေမယ့် ကေတီရဲ့ အပေါ်ပိုင်းဗလာပုံရိုက်ဖို့ တောင်းဆိုလာတဲ့အခါမှာ ကေတီက ဓာတ်ပုံရိုက်တဲ့နေရာကနေ ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့နောက်ပိုင်းမှာ သူတို့လုပ်ရပ်တွေတစ်စတစ်စပိုပိုဆိုးရွားလာခဲ့ပြီး မုဒိမ်းကျင့်တဲ့အခြေအနေအထိဖြစ်သွားခဲ့ပါတယ်။အဲဒါကြောင့် ကေတီလည်း သူ့ကိုမုဒိမ်းကျင့်ပြီး လွတ်မြောက်‌နေကြတဲ့ အဲဒီဓာတ်ပုံဆရာတွေကို တဖန်ပြန်ပြီး လက်စားချေဖို့ကြိုးစားပါတော့တယ်။ File Size          : 1.67GB, 803MB Quality            : Blu-Ray 1080p , 720p format            : mp4 Duration         : 1hr & 46mins Genre              : Horror , Thriller Encoded by   Thit San Khant

Action • Comedy • Crime • Fantasy
6.3 2013 106 mins
I Spit on Your Grave 2
Breath

တောင်ကိုရီးယား Art Houseဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Kim Ki Dukကို ဒီကလူ တော်တော်များများသိကြသလို သူ့ရုပ်ရှင်တွေဖြစ်တဲ့ 3-Iron, Spring Summer Fall winterနဲ့ တခြားရုပ်ရှင်တွေလည်း ဒီမှာ တော်တော်ကြိုက်ကြပါတယ်။ Breathဟာ Kimရဲ့ ကားကောင်းတွေထဲက တစ်ကားပါပဲ။ Castတွေထဲ ထူးထူးခြားခြား ဝေါင်ကာဝေးလက်စွဲတော်တစ်ယောက်ဖြစ်တဲ့ ချန်းချန်ကို သုံးထားပါတယ်။ နောက် တောင်ကိုရီးယား A Listတန်း၀င် မင်းသား Ha Jung-Wooနဲ့ Park Ji-Ahတို့ကို သုံးထားပါတယ်။ Breathဟာ Kim Ki Dukကားပါ။ ဒီတော့ သူရိုက်တတ်တဲ့ပုံစံအတိုင်း ဒီထဲမှာ ချန်းချန်ရဲ့ ဇာတ်ကောင် Jiang Jinဟာ ဒီထဲစကားတစ်လုံးမှ မပြောပါဘူး။ လူ့အဇ္ဈတ္တအတွင်းသဏ္ဍာန်ကို သာမန်လူတွေ မတွေးမိတဲ့ဟန်နဲ့ပဲ ပုံဖော်ထားပါတယ်။ သူ့ကားပီပီသသ နည်းနည်းလည်း ပဟေဠိဆန်ပါတယ်။ သူ့ကားပီပီသသ လိင်ဆန္ဒသရုပ်ဖော်ခန်းတွေလည်း ပါတယ်။ ဖရန်စစ် ဖို့ဒ် ကော်ပိုလာဟာ သူ့ရုပ်ရှင်တွေကို စကားလုံးတစ်လုံးတည်းနဲ့ ခြုံငုံပြောပြဖူးပါတယ်။ မှတ်မိသလောက်ဆို Godfatherဆို Familyလို့ ပြောခဲ့တယ်ထင်ပါတယ်။ ဒီရုပ်ရှင်ကို စကားလုံးတစ်လုံးနဲ့ ကြံဖန်ပြောရရင် ကျွန်တော်တော့ curiosityလို့ပဲ ပြောမှာပါ။ Kim Ki Dukကားကြိုက်တဲ့လူတွေအတွက်တော့ စိတ်ပျက်စေမယ့်ကား လုံး၀မဟုတ်ပါဘူး။ ကိန်းရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆန်ခါတင် ၀င်ခဲ့တဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ 2020မှာ Kim ဆုံးသွားခဲ့ပြီဆိုတော့ သူ့ရုပ်ရှင်အသစ်တွေကို ကျွန်တော်တို့ ကြည့်ရတော့မှာ မဟုတ်တော့ပါဘူး။ ကဗျာဆရာသေပေမဲ့ ကဗျာတွေမသေဘူးဆိုသလိုပဲ ဒီရုပ်ရှင်ဟာ သူ့အရသာအပြည့်နဲ့ သူ့ကိုသတိရမိစေမယ့် ရုပ်ရှင်ပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 480p File size… 605MB Format…mp4 Duration…. 1h 24min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Action • Crime • Drama
null 2007 84 mins
Breath
The Divide
5.8

2011 ခုနှစ်ထွက် Science-Fiction ကားတစ်ကား တင်ဆက်ပေးပါရစေ။ အမေရိကန်နိုင်ငံကို နျူကလီးယားဗုံးကျဲအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေဟာ တိုက်ခန်းမြေအောက်ထပ်မှာ စုပြုံနေကြပါတယ်။ နျူကလီးယားလက်နက် အစွမ်းကြောင့် ဓာတုအဆိပ်သင့်မှုမပြီးမချင်း မြေအောက်ခန်းမှာပဲ အလုံပိတ်နေကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီအချိန်မှာ ဇာတ်လမ်းစပါပြီ။ လူဆိုတာကတော့ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့အတိုင်း အရေးကြုံလာရင် တစ်ကိုယ်ကောင်းဆန်တာတွေ ကတုံးပေါ်ထိပ်ကွက်တာတွေ လုပ်ချင်ကြစမြဲပါပဲ။ အစားအစာခွဲတမ်းတွေ၊ ရေခွဲတမ်းတွေစတာတွေနဲ့ အချင်းချင်းစမန်ခုတ်ကြနဲ့ အချင်းချင်း သံသယတိုးပွားလာမှုတွေအပြင် ပြင်ပကရန်ပြုသူတွေပါ ထပ်ရောက်လာတဲ့အခါ…။ ပြင်ပရန်သူကို တိုက်ထုတ်ဖို့နေနေသာသာ မိမိတို့အဖွဲ့ထဲမှာတင် စိတ်ဝမ်းကွဲနေပါရော။ မြေအောက်ခန်းထဲမှာ သူတို့ဘယ်လောက်ကြာကြာဆက်နေနိုင်မလဲ၊ ရန်သူတွေကိုရော ဘယ်လိုရင်ဆိုင်မလဲ၊ ပြင်ပကိုရော အန္တရာယ်ကင်းစွာ ထွက်လာနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူလိုက်ပါဦးနော်။ File size…2.43GB/ 765MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JANE

5.8 2011
The Divide
Appendage
5.5

ဒီဇာတ်ကားက ၂၀၂၃ထွက် horror ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်​သေ​ကြောင်းကြံစည်ဖူးသလို အလုပ်မှာလည်း အဆင်မ​ပြေတဲ့ ဟန်နာတစ်​ယောက် သူ့ရဲ့ဗိုက်​​ပေါ် ရှိတဲ့ ​​မွေးရာပါအမှတ်က အနာတစ်ခုလိုဖြစ်လာရင်း သာမန်အနာလို မဟုတ်ဘဲ သူ့ဗိုက်ထဲက​နေ ကိုယ်ပွားတစ်​ကောင် ပွားထွက်လာသလို ထူးဆန်းတဲ့သတ္တဝါတစ်​ကောင် ထွက်လာပါတယ်။ စကား​ပြောတတ်သလို ဟန်နာရဲ့ စိတ်ဒဏ်ရာ​တွေကို ​ပြော​တတ်တဲ့ အဲဒီ​ကောင်ကို ဟန်နာက ဖမ်းချုပ်ထားပြီး အင်တာနက်​မှာရှာကြည့် တဲ့အခါ အ​မေဗိုက်ထဲမှာ ကိုယ့်ရဲ့အမြွာသ​န္ဓေသားကို ကိုယ့်ကိုယ်ထဲ စုပ်ယူလို့ဖြစ်တတ်တဲ့ ဒီအန်​အေတွဲ ၂ ခုပိုင်ရှင်တွေ ဖြစ်​နိုင်တဲ့​ရောဂါ ဆိုပြီး ​တွေ့ခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့လိုမျိုး ဒီအန်​အေတွဲ ၂ခုပိုင်ရှင်၊ ကိုယ်ပွား​ကောင်​တွေ ထွက်ဖူးသူ​တွေဖွဲ့ထားတဲ့ အဖွဲ့ကိုသွား​တွေ့ရင်း သူမထင်ထားတဲ့ဖြစ်ရပ်​တွေ ကြုံလာရပါ​တော့တယ်။ File size…1.05GB / 496MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Action • Drama • Romance
5.5 2023 94 mins
Appendage
The Conjuring
7.5

သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့အိမ်မှာ ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကိုပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါ ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာ Carolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ) ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လို ကြုံတွေရတာတွေကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲ အိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဉာဏ်ဥစ္စာစောင့်နတ်ဆိုးက မိသားစုဝင်အားလုံးကို ဘယ်လိုအနှောင့်အယှက်ပေးတယ်၊ ထိတ်လန့်မှုတွေပေးတယ်၊ နောက်ဆုံးအသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ ဇာတ်လမ်းအစမှာထဲက အရုပ်တရုပ်ကထူးဆန်းစွာ သွားလာပြုမူနေတာကို ရှုစားရမှာပါ။ ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။ သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလို ဝုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလို တအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက်ယောက်က ခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြကွက်တွေကို တွေ့ရမှာပါ။ ဒီကားရဲ့ အဓိက ထူးခြားချက်ကတော့ လက်ခုပ်တီးတာပါပဲ။ ကြည့်ရှုသူ ပရိသတ်တော်တော်များများ မျက်စိထဲမှာ စွဲကျန်အောင် လက်ခုပ်သံရဲ့ ခြောက်ခြားစရာကောင်းပုံကို ရိုက်ပြနိုင်တာက ဒီကား ဒါရိုက်တာ တော်တယ်လို့ ပြောလို့ရပါတယ်။ Rated R ဆိုပေမဲ့ ဒီဇာတ်ကားမှာ သမီးရည်းစားခန်း အဖော်အချွတ်ခန်း တစ်ခန်းမှ မပါပါဘူး။ သာမန်ရိုးရှင်းတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။ စုန်းမပူးတဲ့အခန်းတွေ၊ သွေးထွက်သံရဲရဲဇာတ်ကွက်တွေကဇာတ်သိမ်းပိုင်းနားမှာ အတော်လေးပါတာမို့ အသက် (၁၈)နှစ်အောက်မကြည့်သင့်တဲ့ စာရင်းထဲ ဝင်သွားတာပါ။ မိသားစုတူတူကြည့်ဖို့ အဆင်ပြေပါတယ်။ ဇာတ်စ၊လယ်၊ဆုံး ဆွဲဆောင်မှုရှိပါတယ်။ အဆုံးပိုင်းကို သိပ်သဘောမတွေ့ပေမဲ့ ရိုက်ချက်တွေက အတော်ကောင်းတာမို့ လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သရဲကား ပရိတ်သတ်တွေလက်မလွှတ်သင့်တဲ့ကားတစ်ကားပါ။ (ရုပ်ရှင်အညွန်းကို Movies For Myanamrမှ ကူးယူဖော်ပြသည်) File size… 3.72 GB / 1.34 GB / 662 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing

Thriller • Drama • Mystery
7.5 2013
The Conjuring
Cruel War
5.9

CM ရဲ့ ပရိသတ်တွေအတွက် အက်ရှင်စုံထောက်ရုပ်ရှင်ကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကမ္ဘာ့အဓိကမူးယစ်ထုတ်လုပ်ရာနေရာဖြစ်တဲ့ ယင်ဖန်ကျွန်းမှာ ဘိန်းစိုက်ပျိုးမှုကို လျှော့ချဖို့အတွက် တရုတ်နိုင်ငံက သိပ္ပံပညာရှင်ပါမောက္ခယန်က ဗီဇပြောင်းနည်းပညာနဲ့ စမ်းသပ်အောင်မြင်ထားတဲ့ ရှန်နုံအမှတ် ၂၁ ကို စမ်းသပ်စိုက်ပျိုးဖို့ အထက်အရာရှိတွေနဲ့ သဘောတူညီမှု ရထားပါတယ်။ ပါမောက္ခယန်နဲ့ ရှန်နုံအမှတ် ၂၁ မျိုးစေ့ကို ကာကွယ်ဖို့အတွက် လင်ရှန်တို့အဖွဲ့ကို တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ယင်ဖန်းကျွန်းကို သူတို့ မျိုးစေ့စိုက်ပျိုးခြင်းကို မအောင်မြင်စေချင်တဲ့လူတွေလည်း ရှိနေပါတယ်။ အဲ့ဒါကတော့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီး လီဝိန်ယောက်ပဲ ဖြစ်ပါတယ်။ လင်ရှန်တို့အဖွဲ့ လီဝိန်ယောက်ရဲ့ လိုက်လံတိုက်ခိုက်ခြင်းရန်ကနေ မျိုးစေ့ကို ကာကွယ်ပေးနိုင်ကြမလားဆိုတာကိုတော့ ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

TV Movie • Drama • Romance
5.9 2024
Cruel War
Super Villain
5.8

ပိချောင်းဟာ အသက် ၄၀ ပြည့်ခါနီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ အရွယ်တူသူငယ်ချင်းတွေက အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေခဲ့ပေမဲ့ သူကတော့ ပွဲဦးထွက်တာ ကြာပြီး နာမည်မရှိနိုင် ဖြစ်နေပါတယ်။ နာမည်ကြီးချင်တဲ့ ပိချောင်းဟာ မိန်းမနဲ့ ကလေးကို လျစ်လျူရှုမိသလို ဖြစ်နေတဲ့အတွက် မိသားစုဘဝလည်း မသာယာနိုင်ဖြစ်နေပါတယ်။ “သူဌေးကြီးကို ပြန်ပေးဆွဲခြင်း” ဆိုတဲ့ ရုပ်ရှင်မှာ ဗီလိန်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရလိုက်တဲ့အခါ ပိချောင်းဟာ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အပြင်းအထန် လေ့ကျင့်ပါတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကားမတော်တဆဖြစ်ပြီး အတိတ်မေ့သွားပါတော့တယ်။ အတိတ်မေ့သွားတဲ့ ပိချောင်းဟာ ဘေးမှာရှိတဲ့ ရုပ်ရှင်အချက်အလက်ကိုကြည့်ပြီး သူ့ကိုယ်သူ လူသတ်သမားဗီလိန်ကြီးကျောက်တုံးရှန်းလို့ ထင်သွားခဲ့တဲ့အခါ…… သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Super Villain ဆိုတဲ့ ဟာသရုပ်ရှင်လေးကို ကြည့်ရှုရယ်မောလိုက်ကြပါဦးနော်။

5.8 2024
Super Villain
Sniper: Ultimate Kill
5.6

ဒီကားလေးကတော့ Sony ရဲ့ နိုင်ငံတကာမှာအောင်မြင်မှုရထားတဲ့ စနိုက်ပါရုပ်ရှင်စီးရီးထဲမှာပါဝင်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Hollywood စတား မိုက်ကယ်ကောလင်း က စနိုက်ပါ ဘရန်ဒန်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ စနိုက်ပါရုပ်ရှင်ကောင်းကောင်းကြည့်ရှုလိုသူတွေအတွက် ချန်မထားသင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်း ************** ဘရန်ဒန် ဟာ အမေရိကန် မရိန်းတပ်ရဲ့ စနိုက်ပါတစ်ယောက်ပါ။ တစ်နေ့မှာတော့ မူးယစ်ဆေးနှိမ်နင်းရေးမစ်ရှင်တစ်ခုအ‌နေနဲ့ ကိုလံဘီယာနိုင်ငံကိုသွားရဖိုဖြစ်လာတယ်။ ကိုလံဘီယာ မူးယစ်ရာဇာ မိုရယ်လေး က ဒီယာဘလို လိုခေါ်တဲ့ ကြေးစား စနိုက်ပါတစ်ယောက်ကိုငှါးပြီး သောင်းကြမ်းနေတယ်။ မူးယစ်နှိမ်နင်းရေး တပ်ဖွဲနဲ့ မိုရယ်လေးတိုအဖွဲ ဘယ်လိုတွေ အပြန်အလှန်နွှဲကြမလဲ… ဘရန်ဒန်နဲ့ ဒီယာဘလိုတိုရဲ့ စနိုက်ပါချင်း နွှဲတဲ့ အက်ရှင်အခန်းတွေကို အမေရိကန်ကားပီပီ အက်ရှင်ခန်းတွေအပြည့်နဲ့ ရှုစားကြရမှာပါ။ တစ်ကားလုံး ပျင်းစရာမရှိအောင် ဇာတ်လမ်းဇာတ်ကွက် အပိုအလိုမရှိ အနှစ်အပြည့်နဲ့ဆွဲခေါ်သွားတာကြောင့် အက်ရှင်ကား ချစ်သူတွေအနေနဲ့ အားလပ်ရက်မှာ ကြည့်ဖို ရုပ်ရှင်တစ်ကား ရှာနေတယ်ဆိုရင်တော့ ဒီကားလေးကိုလည်း ကြည့်ရှုသင့်ပါကြောင်း…. File size…1.76GB / 807MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.6 2017
Sniper: Ultimate Kill
Antboy
5.2

Antboy 2013 ဇာတ်ကားလေးဟာ IMDb 5.1 ရရှိထားတဲ့ ဒိန်းမတ် နိုင်ငံထုတ် ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ Family/ adventure အမျိုးအစားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရ အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပီလီဆိုတဲ့ သာမန်ကောင်လေးဟာ ထူးခြားတဲ့ ပုရွက်ဆိတ်တစ်ကောက် အကိုက်ခံရပြီး စူပါစွမ်းအားတွေရရှိလာခဲ့ပါတယ်။ သူဟာ Antboy အနေနဲ့ စူပါဟီးရိုးဘဝကို လျှို့ဝှက်စွာခံယူပြီး ဗီလိန်တွေကို ဘယ်လိုရှင်းလင်းမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ မိသားစုလိုက် ကြည့်ရှုဖို့သင့်တော်တဲ့‌ကားလေးဖြစ်လို့ Channelmyanmar ပရိတ်သတ်ကြီးတို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ် File size… 1.7 GB / 788 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 17m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK

Drama
5.2 2013
Antboy
Duchess

ဒီကားလေးကတော့ ဂိုဏ်းစတားကားလေးဖြစ်ပါတယ် မင်းသမီးက ညဘက်တွေမှာ Clubထဲမှာခါးပိုက်နှိုက်တဲ့သူပေါ့ တနေ့မှာတော့ ရော့ဆိုတဲ့ ဂန်းစတားတစ်ယောက်နဲ့တွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့တယ် အဲ့အချိန်မှာပဲ ရော့နောက်ကိုလိုက်နေတဲ့လူတွေရဲ့ ရန်ရှာမှုကိုခံခဲ့ရတယ် မင်းသမီးကလည်း အရာအားလုံးစွန့်ပစ်ပြီး ရော့ဆီလိုက်ခဲ့တာပေါ့ အဲ့အချိန်မှာ ရော့တို့အဖွဲ့နဲ့မိတ်ဆက်ပေးခဲ့တယ် ပြီးတော့ ခုနကရော့ကိုလိုက်တဲ့လူတွေဆိုတာက ရော့ရဲ့စိန်လုပ်ငန်းကိုလိုချင်လို့ပါ အဲ့တော့ရော့လုပ်နေတဲ့ စိန်လုပ်ငန်းကဘာလဲ ဒီဇာတ်ကားက ဇာတ်အိမ်အရမ်းခိုင်ပါတယ် ပြီးတော့ထင်မထားတဲ့အရာတွေလည်း အများကြီးပါတာကြောင့်ကြည့်ရှုပေးကြပါဦး File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

0 2024
Duchess
Ganymede
5.5

ဘာသာရေးအစွန်းရောက်မှုတွေ LGBT လူ့အဖွဲ့အစည်းနဲ့ ပတ်သတ်လို့လွဲမှားနေတဲ့အယူအဆတွေကိုမီးမောင်းထိုးပြ ပေးသွားမဲ့ BL ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Ganymede ဖြစ်ပြီး သည်းထိပ်ရင်ဖိုဒရာမာပုံစံရိုက်ကူးပြသထားပါတယ်။ မိဘမှန်ရင်ကိုယ့်သားသမီးကိုသဘာ၀အတိုင်းပဲဖြစ်စေချင်ကြပေမဲ့ သဘာ၀နဲ့ဆန့်ကျင်တဲ့လိင်စိတ်တွေဖြစ်လာတဲ့အခါမှာလက်ခံ ပေးကြတဲ့မိဘတွေရှိသလို ခါးခါးသီးသီးမုန်းတီးကြတဲ့မိဘတွေလည်း ရှိပါတယ်။အပြင်လောကမှာလည်းတကယ်ဖြစ်နေတဲ့ဒီလိုအရှုပ် အထွေးတွေကိုကျောင်းသားကောင်လေး ၂ ယောက်ရဲ့အချစ် ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးထားပါတယ်။ လီဖလက်ချာဆိုတဲ့ ကောင်လေးက မျိုးရိုးမြင့်တဲ့ ဖလက်ချာမိသားစုက ဆင်းသက်လာတဲ့သူဖြစ်ပြီး သူ့ဘ၀မှာလွတ်လပ်မှုအရသာကို မခံစားဖူးသလို မိဘတွေပြောတဲ့အတိုင်းတသဝေမတိမ်းနေခဲ့ရ ပါတယ်။ဒါပေမယ့်သူ့မှာ လိင်တူချစ်ကြိုက်တဲ့စိတ်လေးအနည်းငယ် ရှိနေတာကိုတော့ ကိုင်လ်ဆိုတဲ့ကောင်လေးနဲ့တွေ့မှ သူကိုယ်တိုင် သိလာခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီမှာတင်လီရဲ့မိသားစုမှာ ပြဿနာအကြီးအကျယ်စဖြစ်ကြပြီး လီကိုလမ်းမှန်ရောက်အောင်ပြန်တည့်ပေးဖို့အတွက်မိဘတွေက ဘာသာရေးနဲ့အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ဒါပေမယ့်သူတို့ရဲ့ ဘာသာရေးက တော်ရုံတန်ရုံမဟုတ်ပဲအစွန်းရောက်နေတဲ့အဆင့် ဖြစ်နေတဲ့အခါမှာ လီနဲ့ကိုင်လ်တို့ရဲ့အချစ်အတွက် ဘယ်လိုအခက်အခဲ တွေကိုကြုံတွေ့ရင်ဆိုင်သွားရမယ်ဆိုတာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size…1.23GB / 638MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 37m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance
5.5 2024 97 mins
Ganymede
Manamey
6.1

Manamey 2024 (မိသားစု) ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ဟာသမင်းသားကြီး Vennela Kishore ပါဝင်ထားတဲ့ ကလေးလေးတစ်ယောက်နဲ့တိုင်ပတ်ကြမဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘဝကို ပျော်ပျော်နေတတ်တဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ့်မှာ အချစ်ဆုံးသူငယ်ချင်း အာနူရန်ဆိုသူရှိပါတယ်။ အချစ်ရဆုံးသူငယ်ချင်းတွေဆိုပေမဲ့လည်း ဗစ်ကရမ်ကတော့‌ ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးပဲ နေတတ်သူတစ်ယောက်ပါ၊ အာနူရန်ကတော့ ချစ်ရသူရှိပြီး ချစ်ရသူနဲ့အတူတူ ဘဝကို ဖြတ်သန်းချင်တဲ့သူပေါ့။ သူတို့နှစ်ယောက်ဟာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေကြရင်း ကံကြမ္မာဆိုးကြီးတစ်ခုက ရောက်လို့လာခဲ့ပါတယ်။ အဲဒီကံကြမ္မာဆိုးကြီးကတော့ အာနူရန်နဲ့ သူ့ဇနီးသည်ဟာ အက်စီးဒန့်ဖြစ်ပြီးတော့ ဆုံးပါးသွားရတာပါပဲ။ အာနူရန်တို့ ဆုံးပါးသွားခဲ့ပေမဲ့ အာနူရန်ရဲ့ကလေးလေး ခူရှီကတော့ သေကံမရောက်တဲ့အတွက် အသက်ရှင်ကျန်ရစ်နေခဲ့ပါတော့တယ်။ ဒီအခါမှာ ခူရှီလေးအတွက် ထည့်သွင်းစဉ်းစားလာရပါတော့တယ်။ ခူရှီလေးကို အာနူရန်ရဲ့ဇနီးသည်ဖြစ်သူရဲ့သူငယ်ချင်းဖြစ်သူ စမီသာဟာ မွေးစားခွင့်တောင်းခံခဲ့ပေမဲ့ စည်းမျဉ်းဥပဒေတွေအရ မွေးစားမဲ့သူဟာ အိမ်ထောင်သည်ဖြစ်မှ မွေးစားလို့ရမယ်ဆိုတဲ့အတွက် အခက်ကြုံရပါတော့တယ်။စမီသာဟာလည်း စေ့စပ်ထားပေမဲ့ လက်မထပ်ရသေးတဲ့အတွက် ခူရှီလေးကို မွေးစားဖို့အတွက် စမီသာနဲ့အတူ ဗစ်ကရမ်ပါ ၆လကြာအောင် ကလေးကို ပျိုးထောင်ပေးတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ်နဲ့ စေ့စပ်ထားပြီးသား စမီသာတို့နှစ်ယောက် ခူရှီလေးကို ဘယ်လိုပုံစံနဲ့ တစ်အိမ်တည်းအတူနေပြီး ပျိုးထောင်သွားကြမလဲ ……. နောက်ဆုံးအဆုံးဖြတ်အနေနဲ့ရော ဘယ်လိုတွေဖြစ်သွားမလဲ …….. ဆိုတာကို ဟာသလေးတွေနှောပြီးကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Animation • Comedy
6.1 2024
Manamey
Stealing Beauty
6.5

Stealing Beauty (1996) IMDb Rating (6.5) / Rotten Tomatoes (49%) မင်းသမီးချော Liv Tyler နုနုထွတ်ထွတ်အရွယ် ၁၉၉၆ တုန်းက ကားဟောင်းလေးပါ။ ၁၉ နှစ်အရွယ် အမေရိကန်သူလေး လူစီတစ်ယောက် မိခင်ဖြစ်သူဆုံးတော့ ဖခင်ရဲ့တိုက်တွန်းမှုနဲ့ အီတလီက မိခင်ရဲ့မိတ်ဆွေတွေရှိရာ သာယာလှပတဲ့ နယ်လေးတစ်နယ်ကို ရောက်လာပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က လူစီဟာ အီတလီကို တစ်ခေါက်လာဖူးပြီး အီတလီသားတစ်ယောက်နဲ့ ပထမဆုံးအကြိမ် နမ်းခဲ့ပါတယ်။ အဲဒီအီတလီကောင်ချောလေး ပြန်အလာကိုစောင့်ရင်း အမေ့မိတ်ဆွေတွေရှိတဲ့ အိမ်မှာတည်းကာ သူတစ်ခါမှ မခံစားဖူးသေးတဲ့ လိင်အတွေ့အကြုံနဲ့ အချစ်ကို ရှာဖွေခြင်းနဲ့အတူသေဆုံးသူ အမေရဲ့ ကဗျာစာသားတွေအရ သူ့ရဲ့အဖေအရင်းကိုပါ ရှာဖွေရာမှာတော့ ….. (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike tan ဖြစ်ပါတယ်။) File size…(2.9 GB) / (1.3 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:58:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Sike tan

Drama • Science Fiction • War
6.5 1996 116 mins
Stealing Beauty
Strange Memories
5.6

ဒီနေ့မှာတော့ အရင်ဘဝအဆက်ဆက်က ချစ်သူကို မှတ်မိနေတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဟုတ်ပါတယ် လုံသခင်လေးဆိုသူက သူအရင် ၄ ဘဝဆက်တိုက် မညားဘဲ သေကွဲကွဲတဲ့ သူ့ချစ်သူလေးကို ဒီ၂၁ ရာစု အချိန်အထိမှတ်မိနေတာပေါ့… တိုက်တိုက်ဆိုင်ဆိုင် ဒီကောင်မလေးနဲ့ ဘတ်စ်ကားပေါ်မှာ ဆုံချိန်မှာတော့ ၄ ဘဝလုံးအကြောင်းအသေးစိတ်မှတ်မိနေခဲ့တယ်… ဒါပေမယ့်တစ်ဖက်က မမှတ်မိတော့ နှာဘူးကောင်အရူးအဖြစ်နဲ့ ဘတ်စ်ကားပေါ်က နှင်ချခံလိုက်ရတာပေါ့… တစ်ချိန်တည်းမှာပဲ သူအလုပ်လျှောက်တော့ အဲ့ ဘဝအဆက်ဆက်က ချစ်သူလေးကို ပြန်မြင်ပြန်တယ်…. တိုက်တိုက်ဆိုင်ဆိုင် ရုပ်ချင်းခွဲမရအောင်တူတဲ့ သနားစရာ အိမ်နီးချင်းကောင်မလေးပါ ထပ်ပေါ်လာပြန်တယ်… ဘယ်သူက သူ့ဘဝအဆက်ဆက်က ချစ်သူလေးလဲ… သူတို့ ၂ ယောက်က တစ်ယောက်တည်းလား … နောက်ပြီး သူတို့ ၂ ယောက်က ဘာလို့ ကွဲသွားတာလဲ… ဘာတွေဖြစ်ဦးမှာလဲဆိုတာ ဇာတ်ကားလေး ကြည့်လိုက်ကြရအောင်နော်

Drama • History
5.6 2025
Strange Memories