YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Star.Trek.Strange.New.Worlds.S01E01.720p(CM).mp4

403.43 MB 720p video/mp4 308 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Space Oddity
6.1

စကြဝဠာကြီးထဲမှာ နဂါးငွေ့တန်းဂလက်ဆီ‌ပေါင်း ၁၀၀ ထရီလီယံရှိတယ်။ ကျွန်တော်တို့ကမ္ဘာကြီးတည်ရှိတဲ့ Milky Way ဂလက်ဆီကြီးမှာ ဂြိုဟ်‌‌ပေါင်း ၁၀၀ဘီလီယံကျော်ရှိနေ တာပါ။ ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးမှာ လူဦးရေအဆမ တန်တိုးပွားလာတယ်။ ရာသီဖောက်ပြန်မှုတွေက ပိုပြီးဆိုးရွား လာတယ်။ ဒီတော့လူသားတွေက နေထိုင်လို့ရမယ့် တခြားဂြိုဟ် တစ်ခုကို‌ရှာဖွေနေကြဆဲပါ။ ဒီဇာတ်လမ်းမှာ အဲလက်စ်က မားစ်ကိုသွားဖို့အစီအစဉ်တွေချ ထားတဲ့သူပါ။ သွားရမယ့်ခရီးက ပြန်လမ်းမဲ့နေရာဖြစ်နေတော့ မိသားစုဝင်တွေနဲ့ညှိနှိုင်းတဲ့အခါ အဆင်မပြေမှုတွေဖြစ်လာတယ်။ အဖေဖြစ်သူက သူရဲ့ပန်းစိုက်ခင်းကို လက်လွှဲယူစေချင်တယ်။ ဒါပေမယ့် အဲလက်စ်က လုပ်ချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့ လူစားဖြစ်နေတယ်။ ဘော်ဒါတို့လည်း ကြယ်တွေကို‌ငေးရင် အဲဒီ ကြယ်တွေဆီကို သွားချင်စိတ်ဖြစ်မိလား ကမ္ဘာ‌‌ပေါ်မှာ မကုန်ခမ်း နိုင်တဲ့ အသစ်‌အဆန်းတွေရှိနေပါရဲ့ အဲလက်စ်က ဘာလို့ထွက်သွား ချင်လဲဆိုတာတော့... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size..........(1.93 GB) / (700 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance, Sci-Fi Translator.......ZWT Encoder..........SWM

Comedy • Drama • Family
6.1 2023 94 mins
Space Oddity
Playing for Keeps
5.6

ဇာတ်လမ်းအကျဥ်းကတော့ ‌ဂျော့ဒရိုင်ယာဆိုတာ ဘောလုံးလောကမှအနားယူပြီး စီးပွားရေးအဆင်မပြေ၊အိမ်ထောင်လည်းကွဲ၊ သားဖြစ်သူအတွက်ပါ အချိန်ပြည့်ရှိနေမပေးနိုင်တဲ့ နာမည်ကြီးဘောလုံးကစားသမားပေါ့။ အလုပ်ရှာနေရင်းနဲ့ပဲ သားဖြစ်သူနဲ့တွေ့ဖို့ နယ်မြို့လေးရောက်လာရင်းက အခြေအနေအရ သားဖြစ်သူရဲ့ဘောလုံးနည်းပြ ဖြစ်သွားပါတယ်။ ဘောလုံးသမားပီပီ ရောက်လေရာမှာနာမည်ကြီး လူကြိုက်များပြီး ခုလည်း ကလေးအမေသုံးယောက်ကိုလိမ်ရင်းခေါက်ရင်း ဖခင်တစ်ယောက်တာဝန်ကျေအောင်ဘယ်လိုစွမ်းဆောင်သွားမလဲ ဆိုတာကို မိသားစုရသလေး ခံစားရင်း ပေါ့ပေါ့ပါးပါးကြည့်လို့‌ရမယ့် ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2GB),(901.5 MB) Quality : Blu-Ray 1080P,720p Format :mp4 Duration : 01:45:00 Genre : Romance , Comedy , Sports Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN

Drama
5.6 2012 106 mins
Playing for Keeps
The Wayward Cloud
5.8

~ IMDb - 6.5/10, Rotten Tomatoes - 78% ~ (ဒီလိုခေတ်ဟောင်းကားတွေထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲကြည်အောင် 720p ထိချဲ့ကုတ်ပေးလိုက်ပါတယ်ခင်ဗျာ) ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ရဲ့ အမှတ်သညာလိုဖြစ်နေတဲ့ကားလို့ ပြောရမှာပဲ။ နောက်ဒီကားအမျိုးအစားက မြူဇစ်ကယ်ဒရာမာ။ မြူဇစ်ကယ်ဒရာမာအရေအတွက်က တရုတ်ရဲ့ ရုပ်ရှင်တွေထုတ်လုပ်နှုန်းနဲ့ ယှဉ်ရင် ၀.၀၀၁ ရာခိုင်နှုန်းတောင် ရှိပါ့မလားပဲ။ တရုတ်မြူဇစ်ကယ် ဒရာမာစစ်ကလည်း ပိုရှားတယ်။ ကြည့်ဖူးသလောက်ထဲတော့ ဟောင်ကောင်မှာဆို Perhaps Love, နောက်ထိုင်ဝမ်က ဒီကား၊။ ဒီလောက်ပဲ တွေ့ဖူးတယ်။ ဒီကားက မြူဇစ်ကယ်ဒရာမာဖြစ်နေရုံတင်မဟုတ်ဘဲ တကယ့်ငစားကားလည်း ဟုတ်တယ်။ ဘယ်လိုစားလဲတော့ ခင်ဗျားကိုယ်တိုင်ကြည့်မှ သိမှာပဲ။ အပြမှာတင်စားတာမဟုတ်ဘဲ သူ့သီချင်းတွေကလည်း စားတယ်။ မသိတဲ့လူသွားပြရင်တော့ အောကားလားလို့တော့ အမေးခံရမှာပဲ။ Tsai Ming-liang အနေနဲ့ဆိုရင်တောင် တော်တော်စားတဲ့ကားလို့ပြောရမှာပါပဲ။ ဒီရုပ်ရှင်က ခင်ဗျားကိုပေးမယ့် Experience ကို ခင်ဗျား ကြိုက်ချင်လည်းကြိုက်မယ်။ မကြိုက်ချင်လည်း မကြိုက်ဘူး။ အာမ,တော့မခံနိုင်ပေမဲ့ အာရှရဲ့မြူဇစ်ကယ် ဒရာမာဆိုတာ ကြည့်ရခဲတာမို့ ကြည့်လိုက်တာတော့ မမှားဘူးပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.82GB, 870MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 52Min Genre - Comedy, Drama, Musical Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Horror
5.8 2005 114 mins
The Wayward Cloud
God of Trident: YangJian
2

CM ရဲ့ ရှန်းရှချစ်ပရိသတ်တွေအတွက် God of war ဆိုတဲ့ဇာတ်လမ်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… “ရာထူးနေရာမြင့်မြင့်ရောက်လေလေ တာဝန်ယူရတယ် “ ဆိုတဲ့ စကားလုံးလေးကိုပုံဖော်ပြထားတဲ့ ဇာတ်လမ်းလေးပေါ့… မိုးနတ်မင်းက လောကကြီးကယ်တင်ဖို့ ရွေးချယ် ခံထားရတဲ့သူအဖြစ် ရှင်သန်နေတဲ့ နတ်မျက်စိပိုင်ရှင်ဟာသူ့ဘဝပေးတာဝန်ကို ထမ်းဆောင်ဖို့အတွက် ခင်မင်သူတစ်စုနဲ့အတူ အခက်အခဲတွေတစ်ဆင့်ပြီး တစ်ဆင့်ကျော်ဖြတ်ပြီးနောက် နတ်မျက်စိရလိုက်ချိန်မှာသူ့ခင်မင်သူအားလုံးနဲ့ အလဲထပ်လိုက်ရတဲ့အခါ… ဒီဆုံးရှုံးမှုကြီးကို မခံစားနိုင်တာကြောင့် နတ်မျက်စိ အစွမ်း တစ်ခဏတာပျောက်ကွယ်သွားခဲ့ပါတယ်… ကဲ ဒီဇာတ်လမ်းထဲက နတ်မျက်စိပိုင်ရှင်ဟာ ကမ္ဘာမြေကိုကယ်တင်နိုင်မှာလား… တကယ်ပဲ ကမ္ဘာကြီးကိုကယ်တင်ဖို့ ချစ်ရခင်ရသူတွေကို ဆုံးရှုံးရမှာလား… ဘယ်လို မှတ်သားစရာ ကျန်ခဲ့မယ့် ဇာတ်လမ်းလေးလည်း ဆိုတာ ရှန်းရှချစ်ပရိသတ်တို့ လက်မနှေးဘဲ အမြန်ဒေါင်းကြည့်လိုက်ကြနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Fantasy Runtime : 1h 17 min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Nu Moon , Moon Encoded by LK

Action • Comedy • Crime
2 2022 77 mins
God of Trident: YangJian
A Man Called Otto
7.6

A Man Called Otto (2023) မင်းသားကြီး တွမ်ဟန့်ခ်ရဲ့ ဒရာမာ ရုပ်ရှင်အသစ်လေးဖြစ်ပါတယ်။ ကြည်နူးစရာမိသားစုရုပ်ရှင်သက်သက်ပါပဲ။ အော့တိုဆိုတာ့ ခပ်ရင့်ရင့်နဲ့အလုပ်ကိုအတိအကျလုပ်တတ်တဲ့လူ့ခွစာကြီး တစ်ယောက်ရှိပါတယ်။ အားလုံးကို ဆူပူ အပြစ်တင်နေပေမဲ့ အကူအညီလိုအပ်ရင်လည်းအကုန်လုပ်ပေးတတ်တာမို့ အားလုံးကချစ်ကြပါတယ်။ အဲဒီအချိန်မှာပဲ သူ့အိမ်ဘေးကို တွမ်မီနဲ့မယ်ရီဆောဆိုတဲ့ ဇနီးမောင်နှံနဲ့ ကလေးလေးနှစ်ယောက်ပြောင်းလာပါတယ်။ အဓိကကတော့ အော့တိုဘာလို့ ဒီလိုဂွကျကျ အဘိုးကြီးဖြစ်နေလဲဆိုတဲ့ နောက်ကြောင်းရယ်၊ လက်ရှိကာလမှာ သူတို့ကိုနှင်ထုတ်ဖို့ကြိုးစားနေတဲ့အိမ်ခြံမြေလုပ်ငန်းရှင် လူယုတ်မာတွေကို ရပ်ကွက်သားတွေစည်းစည်းလုံးလုံးပြန်တိုက်ထုတ်ပုံတွေရယ်ကို မေတ္တာတရားပုံဖော်မှုသက်သက်နဲ့ တင်ဆက်ထားတာပါပဲ။ တွမ်ဟန့်ကို ဒစ်ဂျစ်တယ်အထူးပြုလုပ်ချက်နဲ့ လူငယ်ပုံဖန်တီးတဲ့နေရာမှာတော့ The Burbs 1989 က ပုံတွေကို အခြေခံပြီး ပြုလုပ်ထားတာပါ။ တွမ်ဟန့်ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူကတော့ Truman Hanks ဖြစ်ပြီး တွမ်ဟန့်ခ်ရဲ့ သားအရင်းပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 940MB | 464MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. August

7.6 2023
A Man Called Otto
Prema Vimanam
9.8

Prema Vimanam (သို့) အိပ်မက်ဆီသို့ (2023) IMDb – 10/10 ကျွန်‌တော်တို့ရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ သူငယ်ချင်း‌တွေ ရွယ်တူတွေ ဘာလုပ်လုပ် ဘာစားစား အိမ်ကိုပြန်ပူဆာရင်းနဲ့ အမေနားရွက်လိမ်ဆွဲတာခံရတာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလိုတစ်ချိန်က အမှတ်တရတွေကို CMပရိသတ်တို့ ပြန်အမှတ်ရနိုင်ဖို့ Prema Vimanamဆိုတဲ့‌ Teluguရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်း ရာမူးနဲ့လာချူးတို့ညီအစ်ကိုဟာ ငွေကြေးမပြည့်စုံတဲ့ လယ်သမားကြီးအိမ်က ကလေးနှစ်ယောက်ပါ။ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့မိသားစုက ကလေးတွေပီပီ ဘောင်းဘီပြဲ‌ရင်တောင် မလဲနိုင်လေတော့ ရွယ်တူကလေးတွေလှောင်တာခံရတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာ သူတို့ကစားနေကြအဖွဲ့ထဲက ဆာတစ်ရှ်ဆိုတဲ့ကလေးက လေယာဉ်ပျံကြီးစီးပြီး ဘုံဘေကိုသွားတယ်လို့ကြားလိုက်ချိန်မှာတော့ ဒီကလေးနှစ်ယောက် လေယာဉ်ပျံရူးစရူးကြပါတော့တယ်။ ဆန္ဒပြင်းပြနေတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး သူတို့ရဲ့အိပ်မက်ကို အဖျက်တွေမပြောချင်တဲ့အဖေဖြစ်သူကလည်း သီးနှံအထွက်ကောင်းရင်သွားမယ်လို့ ပြောလိုက်တဲ့အခါ…. အိမ်အခြေအနေက လယ်ကိုကြွေးရှင်လက်အပ်ရမယ့်ဆဲဆဲဆိုပေမဲ့ ကလေးပီပီ ဘာမှမသိတဲ့ ရာမူးနဲ့လာချူးတို့ညီအစ်ကိုနှစ်ယောက် သူတို့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ တစ်ဖက်က မျိုးရိုးအဆင့်အတန်းကွာခြားချက်ကြောင့် ခိုးရာလိုက်ပြေးလာတဲ့ မာနီနဲ့အာဘီသာတို့စုံတွဲကလည်း လေယာဉ်စီးဖို့ဖြစ်လာတော့ ဒီအတွဲနဲ့ဒီကလေးတွေဆုံတွေ့ပြီး ဘယ်လိုအချိုးအကွေ့တွေဖြစ်လာမလဲ။ အိပ်မက်ကိုရှာတဲ့သူနဲ့ အချစ်ကိုရှာတဲ့သူတို့တွေ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျနိုင်မလားဆိုတာ ကျေးလက်အလှ ကျေးလက်ဓလေ့တွေကိုခံစားရင်း ကြည့်ရှုလိုက်ကြပါစို့လား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood teamမှဖြစ်ပါတယ်) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

Drama • History • Mystery
9.8 2023 146 mins
Prema Vimanam
Case 30
8.3

Case 30 (2023) “သုံးဆယ်မြောက်အမှု” IMDb-8.4/10 လတ်တလောထွက်ရှိထားတဲ့ တလေဂူးရဲမှုခင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းနာမည်အတိုင်းပဲ ဒုရဲအုပ်တစ်ယောက်ရဲ့ သုံးဆယ်မြောက်အမှုကို ဇာတ်တည်ထားပါတယ်။ မိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရတယ်။အဲဒီမိန်းကလေးအသတ်ခံရတဲ့အမှုက ရဲအရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှု။ထူးဆန်းတာက မိန်းကလေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကို စုံစမ်းရတာ ခက်ခဲနေရော။အိမ်နီးချင်းတွေကလည်း သူဘယ်ကလာလဲ ဘာလုပ်လဲမသိပေမဲ့ ယောကျ်ားတစ်ယောက် လာလာပြီးအတူနေတာတစ်ခုပဲသိကြတယ်။ အတူနေအမျိုးသားဖြစ်တဲ့ ရည်းစားဖြစ်သူကိုတွေ့တော့လည်း အဲဒီအသတ်ခံရတဲ့ရက်ပိုင်းမှာ တခြားအမျိုးသမီးတစ်ယောက်နဲ့ မိဘတွေသဘောအတိုင်း စေ့စပ်ပွဲလုပ်ခဲ့တဲ့သူဖြစ်နေတယ်။ စုံစမ်းရင်းနဲ့ပဲ အမှုကထင်မှတ်မထားတာတွေ ဖြစ်လာ၊ တွေ့လာပါတော့တယ်။ အရာရှိအာဂျွန်ရဲ့ သုံးဆယ်မြောက်အမှုဖြစ်တဲ့ ဒီအမှုမှာ မိန်းကလေးကိုသတ်တဲ့ တရားခံကိုရှာတွေ့မှာလား။ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Alex~BpL~ToMo~Aditiတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.3 2023 120 mins
Case 30
Walk the Line
7.8

Walk the Line (2005) ~ IMDb – 7.8/10, Rotten Tomatoes – 82% ~ ကန်းထရီးအဆိုတော် ဂျွန်နီကတ်ရှ်ရဲ့ I Walk the Line သီချင်းဟာ ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ သမိုင်းတစ်လျှောက်အကျော်ကြားဆုံးသီချင်းငါးရာ စာရင်းမှာ နံပါတ်၃၀ချိတ်ဖူးသလို ၂၀၁၄မှာ စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးကန်းထရီးသီချင်းတစ်ရာစာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့ဖူးတယ်။ ဂျွန်နီကတ်ရှ်ရဲ့တချို့အယ်လ်ဘမ်တွေဆိုရင်လည်း The Beatles တွေထက်တောင် ရောင်းအားကောင်းခဲ့ဖူးတယ်။ ခု Walk the Line ကတော့ သူ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပေါ့။ Walk the Line မှာ ဂျွန်နီကတ်ရှ်ပေါက်စနလေးဘဝကနေ ဘာမှပြစရာမရှိတော့တဲ့အထိ ဂျွန်နီကတ်ရှ်အကြောင်း အကုန်ပြထားတယ်။ ဂျွန်နီကတ်ရှ်ရဲ့ ဘိုင်အိုဖြစ်တဲ့ ဒီကားက ကြည့်ဖူးတဲ့ ဘိုင်အိုဂရပ်ဖီကားတွေထဲတော့ တော်တော်ဒရာမာများတဲ့ ရုပ်ရှင်လို့ပြောရမယ်။ ဘိုင်အိုကားလို့ကို ထင်စရာမရှိနေဘူး။ မရှိဆို James Mangold ရဲ့ အသက်သွင်းပုံကလည်း လှသကိုး။ ဂျိမ်းစ်မန်းဂိုးဒ်ရဲ့ သမိုင်းတစ်လျှောက် ဒီနှစ်ထွက်ခဲ့တဲ့ Indiana Jones and the Dial of Destiny တစ်ကားကလွဲ Cop Land ကနေ Ford v Ferrari အထိ ပယ်စရာကားမရှိဘူးဆိုတော့ သူ့တင်ဆက်ပုံ သိပ်ကောင်းတာတော့ ပြောစရာမလိုဘူး။ ဒီရုပ်ရှင်ကိုလည်း သူကိုယ်တိုင် ကတ်ရှ်ရဲ့ ဘိုင်အိုစာအုပ်နှစ်အုပ်ကနေ အချက်အလက်တွေယူပြီး သူ့ဘာသာဇာတ်ညွှန်းရေးခဲ့တာပဲ။ ဂျွန်နီကတ်ရှ်အကြောင်းကို သူက ဟိုးပေါက်စနလေးကတည်းကနေ ပြတာဆိုတော့ ကတ်ရှ်ရဲ့ ငယ်ဘဝထရော်မာတွေကနေ စသိရလိမ့်မယ်။ အာကန်ဆက်စ် ကျေးလက်ဘက်က မိသားစုတစ်ခုက အချစ်မခံခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ဘဝကို မြင်ရလိမ့်မယ်။ ဒါလည်းလိုအပ်လို့ပါပဲ။ ခဏအတွင်းမှာပဲ ကတ်ရှ် စစ်မှုထမ်းခဲ့ရတဲ့ကာလတွေဆီ ရောက်သွားတယ်။ မန်းဂိုးဒ် ဒီလိုပြတာမှာ ကတ်ရှ်ရဲ့သီချင်းတွေ ဖြစ်လာတဲ့အချိန်တွေကို အသားပေးပြထားတယ်။ ကတ်ရှ်ဟာ သူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတာများတဲ့ ကန်းထရီးအဆိုတော်ဆိုတော့ သူ့သီချင်းအားလုံးနီးပါးက သူ့ဘဝကို ထင်ဟပ်နေတယ်။ ဒီလို သူ့ဘဝကို ထင်ဟပ်နေတဲ့အကြောင်းလည်း ထည့်ပြောသွားတယ်။ တပ်ထဲကနေ ထွက်လာပြီးတဲ့နောက် မိန်းမယူထားပြီ။ ကတ်ရှ်မှာ သူရေးထားတဲ့သီချင်းတွေလည်းရှိနေပြီ… တီးဝိုင်းလေးဖွဲ့ပြီး သီချင်းဆိုဖို့လည်း ကြိုးစားနေပြီ။ သူ့အိပ်မက်နောက် သူလိုက်နေပြီပေါ့။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူမအောင်မြင်ခဲ့ဘူး။ ဒီလိုနဲ့ သူ့တီးဝိုင်းရှိတဲ့မြို့လေးးကနေ သူပြောင်းရဖို့အကြောင်းဖန်လာတယ်။ ဒီမှာ ကတ်ရှ်က နောက်ဆုံးအခွင့်အရေးအနေနဲ့ Sun Records ကို သွားပြီး အော်ဒီးရှင်းဝင်ခဲ့တယ်။ ဒီ Sun Records က တော်တော်နာမည်ကြီးတယ်။ ပရက်စလေတို့ ဂျယ်ရီလီလူးဝစ်တို့နဲ့ အလုပ်လုပ်နေတဲ့ တေးသံသွင်းပေါ့။ ဒီလိုနဲ့ သူအဆိုတော်ဖြစ်ဖို့ လမ်းကြောင်းပေါ် စရောက်သွားရာကနေ သူ့သီချင်းကလည်း ဝက်ဝက်ကွဲ အောင်မြင်သွားခဲ့တယ်။ ဒီတော့ သူနယ်လှည့်ပွဲတွေမှာ လိုက်ဆိုတာတွေတော်တော်လုပ်လာရတယ်။ ဒီမှာ သူ June Carter နဲ့ စတွေ့တယ်။ June က မျိုးနဲ့ရိုးနဲ့ အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့သူဖြစ်သလို ဆွဲဆောင်မှုလည်း‌တော်တော်ရှိတော့ ကတ်ရှ်က သဘောကျသွားတယ်။ ဒီနောက် သူငယ်ချင်းတွေဖြစ်လာရင်း ချစ်မိသွားတယ်။ တခြား ဂီတသမားတွေအကြောင်း ရိုက်ပြထားတဲ့ ဘိုင်အိုတွေနဲ့မတူမှာက ဒီထဲ ကတ်ရှ်ရဲ့ နယ်လှည့်ပွဲတွေကို ပြတဲ့အချိန် သူနဲ့အတူတူတွဲဖက် သီဆိုရတဲ့ တခြားနာမည်ကျော်ဂီတသမားတွေကိုလည်း ပြတယ်။ သူတို့နဲ့ကတ်ရှ်ကြားက ခင်မင်မှုတွေ။ အကုန်ပေါင်းပြီး ဗရုတ်ကျကြတာတွေကိုပြတယ်။ တော်တော်လေးကြည့်လို့ကောင်းတယ်။ အဲဒီလိုအပေါင်းအသင်းကောင်းရင်း နာမည်ကြီးလာရင်းနဲ့ပဲ ကတ်ရှ်က မူးယစ်ဆေးပြဿနာလည်းရှိလာတယ်။ လုပ်ချင်တာတွေလည်း အကုန်လျှောက်လုပ်လာတယ်။ ဒီမှာကတ်ရှ်ရဲ့အကျပိုင်း စရောက်လာတာပဲ။ June ကလည်း နောက်အိမ်ထောင်တစ်ဆက်ပြောင်းသွားပြန်တော့ ကတ်ရှ်လည်းကြေကွဲပြီး လုပ်မိလုပ်ရာတွေ လျှောက်လုပ်ရာကနေ သူ့အိမ်ထောင်ပြိုကွဲတဲ့အထိပါဖြစ်လာတယ်။ ဒီလိုနဲ့ ဆေးသုံးတာပါမိပြီး ခြူးတစ်ပြားမှမရှိတော့တဲ့ ဘဝအထိပါရောက်တယ်။ သဘောကျစရာကောင်းတာက ဒီမှာ ကတ်ရှ်က တဇောက်ကန်းလုပ်ချင်တာလုပ်တဲ့ကောင်ဆို‌တော့ တစ်ပြားမှမရှိ စီးစရာကားတောင်မရှိတော့တာတောင် တစ်မျှော်တခေါ်ဆီက June အိမ်ကို လမ်းလျှောက်ပြီး ရောက်အောင်သွားခဲ့တယ်။ တကယ့်ကို ကမှူးရှုးထိုးလုပ်ချင်တာလုပ်တဲ့လူပေါ့။ အဲဒီလိုလူနေရာမှာ Joaquin Phoenix က ပိုင်ပိုင်နိုင်နိုင်ကြီး သရုပ်ဆောင်နိုင်ခဲ့တယ်။ တော်တော်လည်းကြိုးစားခဲ့ပါတယ်။ ကတ်ရှ်သီချင်းတွေကို သူဆိုတဲ့ပုံက ကတ်ရှ်ရဲ့ဟန်နဲ့ ထပ်တူညီအောင်ဆိုနိုင်ခဲ့တယ်။ June နဲ့ ကတ်ရှ် အတူတူဖျော်ဖြေတဲ့ပွဲတွေမှာ June ကိုကြည့်တဲ့ Joaquin ရဲ့အကြည့်တွေက တော်တော်လေး အသက်ဝင်ခဲ့သလို သူနဲ့ June နေရာမှာ သရုပ်ဆောင်တဲ့ Reese Witherspoon တို့ စုံတွဲသီချင်းတွေဆိုတဲ့အခန်းတွေဆိုလည်း မူရင်းဗီဒီယိုထက်တောင် ဆွဲဆောင်မှုတော်တော်လေးပိုရှိနေတယ်။ အသံတွေအထိပါ သေချာလေ့ကျင့်ခဲ့ကြတယ်။ ဒီလိုသရုပ်ဆောင်ကောင်းကြလို့ပဲ နှစ်ယောက်စလုံး အော်စကာတွေရော ရွှေကမ္ဘာလုံးတွေရော ဆန်ခါတင်ဝင်ပြီး Joaquin က ရွှေကမ္ဘာလုံး၊ Witherspoon က အော်စကာ စသဖြင့် သရုပ်ဆောင်ဆုတွေ အသီးသီးရခဲ့ကြတယ်။ ဇာတ်ကားကလည်း Golden Globe Award for Best Motion Picture ရခဲ့သလို Best Actress, Best Actor, Best Sound, Best Costume Design နဲ့ Best Film Editing စတာတွေမှာ အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဘိုင်အိုဂရပ်ဖီကားလို့ မထင်ရလောက်အောင်လည်း ကားက ဆွဲဆောင်မှုရှိနေပြီး ဒရာမာခန်းတွေမှာလည်း ဖီလင်အပြည့်ရတော့ ဒီလောက်တော့ဖြစ်သင့်တာပါပဲ။ နောင်ဆယ်နှစ်အကြာမှာထွက်လာတဲ့ Straight Outta Compton မတိုင်ခင်အထိ Music Biopic တွေထဲ ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မန်းဂိုးဒ် ဒီလိုရိုက်ပြနိုင်လောက်အောင်လည်း ဂျွန်နီကတ်ရှ်ဟာ သီချင်းတွေတင် ဇာတ်နာတာမဟုတ်ဘဲ ဘဝပါဇာတ်နာခဲ့တဲ့ အတက်အကျတွေ မထင်မှတ်ထားတာတွေအပြည့်နဲ့ ဘဝမျိုးရှိခဲ့တာကိုး။ ဂျွန်နီကတ်ရှ်ဟာ ထင်ရာအကုန်စိုင်းပြီး လုပ်ချင်တာလုပ်ခဲ့တဲ့သူဟုတ်သလို သူ့ဘဝနဲ့ရင်းပြီးကို သူ့အချစ်ကို ချစ်ခဲ့တဲ့သူလည်းဟုတ်တယ်။ June ကိုပဲ သူသေသည်အထိချစ်သွားခဲ့တယ်။ June မရှိတော့တဲ့နောက်လည်း သူ့နောက်လိုက်သွားခဲ့တယ်။ Walk the Line ဟာ သူ့ခံစားချက်တွေအကြောင်း သူဆိုတဲ့ ဂျွန်နီကတ်ရှ်ရဲ့ ဘဝကို ထပ်ဟပ်နေတဲ့သီချင်းတွေနဲ့ ဂျွန်နီကတ်ရှ်ရဲ့ဘဝကို တွဲဖက်ခံစားရစေမယ့် ရုပ်ရှင်တစ်ကားပေါ့။ သီချင်းတွေကလည်း နားဝင်လွယ်တဲ့ ကန်းထရီးသီချင်းတွေဆိုတော့ သူ့သီချင်းတွေ နားမထောင်ဖူးတောင် ကြည့်ရင်းနားထောင်ရင်း အကြိုက်တွေ့သွားကြမှာပါပဲ။ ဂျွန်နီကတ်ရှ်ရဲ့အကြောင်းဟာ လူကောင်းတစ်ယောက်အကြောင်းမဟုတ်သလို လူယုတ်မာတစ်ယောက်အကြောင်းလည်း မဟုတ်ပါဘူး။ ဂျွန်နီကတ်ရှ်အကြောင်းဟာ သူချစ်ချင်တာကိုချစ်ပြီး သူလုပ်ချင်တာကို လျှောက်လုပ်နေတဲ့ အနုပညာသမားတစ်ယောက်အကြောင်းပါပဲ။ ” I wear this crown of thorns Upon my liar’s chair Full of broken thoughts I cannot repair… “ ~ Hurt by Johnny Cash (1932 – 2003) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.3GB, 1.25GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 16Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.8 2005 136 mins
Walk the Line
The Innsmouth School for Girls

ဟော်ရာရုပ်ရှင်တွေချည်းရိုက်ခဲ့တယ်လို့ဆိုရမဲ့ တက္ကဆက်တောင်ပိုင်းသားဒါရိုက်တာ Joshua Kennedyရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရော်ဘတ်တာဆိုတဲ့ မိဘမဲ့ကောင်မလေးတစ်ယောက် ပညာသင်ဆုရပြီး ပဟေဠိတွေပြည့်နေတဲ့ မိန်းကလေးကျောင်းကို ရောက်လာခဲ့ပါတယ်။ သူရောက်လာတဲ့အချိန်မှာပဲ ဆရာမတစ်ယောက်ပျောက်နေပြီး ဘယ်မှာမှရှာမရဖြစ်နေခဲ့။ ကျောင်းမှာရှိတဲ့ မိန်းကလေးတိုင်းကလည်း အသက်ရှင်ကျန်တဲ့ဆွေမျိုး တစ်ယောက်မှမရှိတဲ့ မိဘမဲ့တစ်ကောင်ကြွက်တွေချည်း။ ကျောင်းသူမိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားပေမဲ့ ဘာရယ်ကြောင့်မှန်း အဖြေရှာမရခဲ့။ ဒီမှာပဲ ရော်ဘတ်တာတို့ သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး အဖြေရှာကြရာကနေ ထင်မှတ်မထားတဲ့ အကြောင်းအရာတွေ တွေ့လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(990 Mb)/(380 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:16:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

0 2023
The Innsmouth School for Girls
C’est Si Bon
6.7

C’est Si Bon (2015) ******************** နာမည်ကြီးသရုပ်‌ဆောင်‌တွေဖြစ်တဲ့ Han Hyo Joo, Kang Ha Neul, Jung Woo ,Jin Goo, Jo Bok Rae တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဂီတကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ခေတ်တခါက ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးစတိတ်စင်ဖြစ်တဲ့ ဆဲရှီဘုံဆိုတာက အဆိုတော်တွေကိုမွေးထုတ်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ယွန်းဆဲတက္ကသိုလ်ကျောင်းသား ဆေးကျောင်းသားလေးဖြစ်တဲ့ ယွန်းဟျွန်းဂျူ (Kang Ha Neul ) ဟာဆိုရင် အပတ်စဉ် ဆဲရှီဘုံရဲ့ထိပ်တိန်းဆုကို သိမ်းပိုက်ထားတဲ့သူပါ။ ဟားဗတ်မှာ ကျောင်းဆက်တက်မှာမို့ သီချင်းဆိုတာကို ရပ်နားတော့မဲ့တစ်နေ့မှာ သူ့နေရာကို လုယူမယ့် ဆုန်းချန်းရှစ် (Jo Bok Rae)ကပေါ်လာပါတယ်။ အဆိုအပိုင်းမှာ တစ်ဖက်ကမ်းတော်ကြပေမဲ့ နှစ်ယောက်ကို အဆိုတော်အဖွဲ့ဖွဲ့ဖို့လုပ်ရင်းကနေ ရွာသားလေးအိုဂွန်းထယ် (Jung Goo)ကပါ သူတို့အဖွဲ့ထဲပါလာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရွဲ့စောင်းနေကြတဲ့ သူတို့ကြား မင်ဂျာယောင်း (Han Hyo Joo)လို့ခေါ်တဲ့ သရုပ်ဆောင်ဝါသနာပါတဲ့ ကောင်မလေးက သူတို့ကြားထဲဝင်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ မင်ဂျာယောင်းအချစ်ကိုဘယ်သူရသွားမှာလဲ။ သူငယ်ချင်းတွေ ဘယ်လိုအခက်အခဲတွေဖြတ်ကျော်ရင်ဆိုင်ရင်း အောင်မြင်သွားကြမလဲဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ် .. (အညွှန်းကို Shwe Pyae မှ ရေးသားပေးထားပါတယ်) File size…2.97GB / 988MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 2 min. Genre ….. Music, Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Shwe Pyae Encoded by AHtet

Drama
6.7 2015 120 mins
C’est Si Bon
The Summer We Died
5.7

The Summer We Died (2024) IMDb Rating (5.7) Dillon Brown ဒါရိုက်တာ ဖန်တီးထားတဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး လူငယ်များရဲ့ အချစ်၊ အန္တရာယ်နှင့် သေဆုံးမှုအကြောင်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ရီနိုမြို့မှာ ဖြစ်ပွားတဲ့ လူငယ်များရဲ့ ရင်သပ်ရှုမောဖွယ် အချစ်ဇာတ်လမ်းများ၊ အန္တရာယ်များနှင့် သေဆုံးမှုများကြား မှာချာချာလည်အောင် ကြည့်ရပါမယ်။ Amanda Morgan (M) နှင့် Grace Winters (Darlin’) တို့ရဲ့ သရုပ်ဆောင်မှုတွေကြောင့် မလို့ စိတ်စားဖွယ်ကောင်းစေပြီး၊ သူတို့ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်၊ အချစ်နှင့် မတူညီသော အတွေးအခေါ်များကိုမြင်ရမယ် ။ ဇာတ်လမ်းအတွင်းမှာ လူငယ်တွေ ရင်ဆိုင်နေကြတဲ့ အန္တရာယ်တွေ စိတ်ကူးယဉ်ပုံတွေ၊ မျှော်လင့်ထားတာတွေဖြစ်မလာဘူးလို့ ထင်နေရင်ဒီကားကိုကြည့်လိုက်ပါ ပိုပြီးတော့မျှော်လင့်ချက်ပျောက်သွားချင်ရင်ပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.1 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:13:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Horror • Mystery
5.7 2024 73 mins
The Summer We Died
Detective Conan: Black Iron Submarine
7.2

Detective Conan: Black Iron Submarine (2023) ~ IMDb – 7.2/10, MyAnimeList– 8.4/10 ~ ၂၀၂၃ ခုနှစ် ဧပြီလကမှထွက်ခဲ့တဲ့ ၂၆ ကားမြောက် “Detective Conan: Black Iron Submarine” ဟာ ကိုနန် (Conan) ရဲ့ မဟာရန်သူတော်အဖွဲ့ကြီးဖြစ်တဲ့ “ကူရိုအဖွဲ့အစည်း (Black Organization)” ကို အဓိကဗီလိန်အဖြစ် ထပ်မံမြင်တွေ့ရမယ့် Movie ဖြစ်ပါတယ်။ ဇာတ်ကြောင်းအနည်းငယ်ပြောရမယ်ဆိုရင်… အင်တာပိုလ် (Interpol) က တစ်ကမ္ဘာလုံးက လုံခြုံရေးကင်မရာတွေကို ချိတ်ဆက်ပြီး မှုခင်းတွေကို နည်းနိုင်သမျှနည်းအောင် တားဆီးနိုင်ဖို့ဆိုပြီးတော့ All Ages Recognition System (အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်) ကိုအသုံးပြုသွားမယ့် “ပစိဖိတ်ဗော်ယာ (Pacific Buoy)” ဆိုတဲ့ ပင်လယ်ရေအောက်အဆောက်အအုံကြီးတစ်ခုကို တည်ဆောက်ခဲ့တာကနေ စတာပါ။ အရွယ်စုံပုံရိပ်ဖမ်းယူခြင်းနည်းစနစ်ကို ဖန်တီးခဲ့တဲ့ “နာအိုမီ အာဂျန်တို (Naomi Argento)” ကို ကူရိုအဖွဲ့အစည်းကပြန်ပေးဆွဲသွားပြီး အဲဒီနည်းစနစ်ကို ကိုယ်ကျိုးအတွက်သုံးဖို့ လုပ်ခဲ့တယ်။ အဲဒီအချိန်မှာလည်း ကူရိုအဖွဲ့အစည်းကနေ သစ္စာဖောက်ထွက်ပြေးသွားတဲ့ “ရှယ်ရီ (Sherry) [မီယာနိုရှိဟို/ အာအီ ဟိုင်းဘာရ (Miyano Shiho/ Ai Haibara)]” တစ်ယောက် အဲဒီနည်းစနစ်ကြောင့် သူ့ကိုရှာတွေ့သွားမှာဆိုတာကို စိုးရိမ်ဗျာများနေရပါတော့တယ်။ အဲဒီပြန်ပေးဆွဲမှု၊ စိုးရိမ်ပူပန်မှုတွေကို ကိုနန်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။ Detective Conan ဆိုရင် တကူးတက မိတ်ဆက်ပေးစရာမလိုအောင် Crime Mystery Anime Genre ထဲမှာ နာမည်အကြီးဆုံး စုံထောက် Anime တစ်ခုဖြစ်ပါတယ်။ Gosho Aoyama (1963~) ရေးပြီး ၁၉၉၄ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တဲ့ Meitantei Conan (Detective Conan aka Case Closed) Manga ဟာ အခုဒီစာကိုရေးနေတဲ့အချိန်အထိ ဇာတ်မသိမ်းတဲ့အပြင် ဇာတ်ကောင်ဖြစ်သူ ကိုနန်လည်း ကလေးဖြစ်လိုက်၊ လူကြီးဖြစ်လိုက်နဲ့ မှုခင်းမျိုးစုံ၊ ပြဿနာမျိုးစုံ၊ နေရာမျိုးစုံ၊ လူမျိုးစုံ၊ အဖွဲ့မျိုးစုံ အစရှိသဖြင့် ကျင်လည်ကျက်စား၊ ရင်ဆိုင်ဖြေရှင်းရတာက ဇာတ်လမ်းထဲမှာတော့ နှစ်ဝက်လောက်ပဲရှိဦးမယ်ဆိုပေမဲ့ အပြင်မှာတော့ ဒီနှစ် (၂၀၂၄) ထဲဆိုရင် နှစ်ပေါင်း ၃၀ ရှိနေပါပြီ။ Manga အနေနဲ့ ၁၉၉၄ ခုနှစ်မှာစတင်ခဲ့ပြီး လက်ရှိအထိ Chapter ပေါင်း ၁၁၃၆ ခု နဲ့ Volume ပေါင်း ၁၀၆ တွဲ ထွက်ရှိထားပါတယ်။ Anime အနေနဲ့ ၁၉၉၆ ခုနှစ်မှာ စတင်ပြသခဲ့တာက လက်ရှိအထိ စုစုပေါင်း ၁၁၄၅ ပိုင်းထွက်ရှိထားပါတယ်။ Manga Canon Episodes တွေနဲ့ Filler Episodes (TV Original Episodes) တွေပေါင်းထားတဲ့ အပိုင်းပေါင်း ၁၁၄၅ ပိုင်းတွေထဲမှာ ငါးရာကျော်လောက်က Filler Episodes တွေဖြစ်ပါတယ်။ Movie တွေအနေနဲ့ ၁၉၉၇ ခုနှစ်ကနေ တစ်နှစ်တစ်ကားထုတ်လာခဲ့တာက ဒီနှစ်အထိဆိုရင် စုစုပေါင်း ၂၇ ကားရှိနေပါပြီ။ ကိုနန်ရဲ့မဟာရန်သူတော်အဖွဲ့ကြီး ကူရိုအဖွဲ့အစည်းပါတဲ့ Anime Movie တွေဆိုရင် စာရေးသူမှတ်မိသလောက် Countdown to Heaven (2001), The Raven Chaser (2009), The Darkest Nightmare (2016) တွေဖြစ်ပြီး အခုဘာသာပြန်တင်ဆက်ထားတဲ့ Black Iron Submarine (2023) လည်းအပါအဝင်ပါ။ Black Iron Submarine ကို ရုံမတင်ခင် “Detective Conan: The Story of Ai Haibara ~Black Iron Mystery Train ~” ဆိုပြီး အရင်တုန်းကထွက်ခဲ့တဲ့ Black Organization ပါဝင်တဲ့ အန်နီမဲအပိုင်းတွေကို စုစည်းပြီး Compilation Movie အဖြစ် ရုံတင်သွားခဲ့တဲ့အပြင် အခုဇာတ်ကားရဲ့ Pre-story Episode ကလည်း “Episode 1080: The Cameras Targeting Haibara” ဖြစ်ပါတယ်။ ဒီတစ်ကားတည်းမှာမဟုတ်ဘဲ Conan Anime Movie ဇာတ်ကားတိုင်းမှာ Pre-story Episode တွေ ကိုယ်စီရှိကြပါတယ်။ Black Iron Submarine ထဲမှာ ဇာတ်အိမ်တည်ထားတဲ့ တည်နေရာက အပြင်မှာတကယ်ရှိပြီး ဖိလစ်ပိုင်ပင်လယ်ထဲက ဂျပန်ပိုင်ကျွန်းဖြစ်တဲ့ ဟာချိဂျောဂျီးမား (Hachijojima) ဖြစ်ပါတယ်။ အခုဇာတ်ကားရဲ့ Theme Song ဖြစ်တဲ့ “Utsukushii Hire” ကို Spitz ကသီဆိုထားတာဖြစ်ပါတယ်။ ဒီနှစ်(၂၀၂၄) ဧပြီလထဲ ရုံတင်ခဲ့တဲ့ ၂၇ ကားမြောက် Detective Conan: The Million-dollar Pentagram ကတော့ ဟော့ကိုင်းဒိုး (Hokkaido) က ဟာကိုဒါတဲ (Hakodate) မှာ အခြေတည်ထားပြီး ကိုင်တိုကစ်ဒို (Kaito Kid) နဲ့ ဟာတိုရီ ဟဲဂျိ (Hattori Heiji) တို့က အဓိကပါဝင်ကြမယ်ဆိုတာ Trailer တွေထဲမှာ မြင်ကြမှာပါ။ ဂျပန်ရုံတင်ဝင်ငွေစုစုပေါင်း 13.88 billion Yen ရရှိခဲ့လို့ Detective Conan Movie Franchise ထဲမှာ ရုံတင်ဝင်ငွေစုစုပေါင်း 10 billion yen ထက်ကျော်လွန်ပြီး ပထမဆုံးရရှိသွားဖူးတဲ့ “Detective Conan Movie 26: Black Iron Submarine” ထဲမှာ ကိုနန်တစ်ယောက် သူ့မဟာရန်သူတော်ကြီးအဖွဲ့ဖြစ်တဲ့ ကူရိုအဖွဲ့အစည်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ပိတ်ကားထက်မှာ ရှုစားလိုက်ကြပါခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 890MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Action, Adventure, Animation, Crime, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Comedy • Romance
7.2 2023
Detective Conan: Black Iron Submarine
Dead Again
5.1

Dead Again (2017) ***************** ထူးဆန်းတဲ့ ကျိန်စာဆိုးတွေ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်တဲ့ ကားမျိုးကို သဘောကျတဲ့ ပရိသတ်တို့အတွက် More Then Friend, Korea-Khitan War တို့က မင်းသား Kim Dong Jun၊ Kim Sung Yoonနဲ့ Joo Ah Reum တို့က အဓိက ပါဝင်ထားတဲ့ Horror ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း **************** Thomas က ရှေးဟောင်းနယ်မြေတစ်ခုမှာရှိတဲ့ ဒိုင်ယာရီအဟောင်းတစ်ခုကို ကောက်ရခဲ့တယ်။ ဒိုင်ယာရီထဲက စွဲလမ်းဖို့ကောင်းတဲ့ ပုံပြင်တစ်ပုဒ်ကို ဖတ်နေတုန်းမှာပဲ ဒီဒိုင်ယာရီထဲမှာ ကြောက်ဖို့ကောင်းတဲ့ ကျိန်စာတစ်ခုရှိနေတာ သိလိုက်ရပါတယ် ။ စာရေးဆရာ Jeong Hoon က ဒိုင်ယာရီကို ရေးခဲ့သူဖြစ်ပြီး ဒီစာအုပ်ကို စထိလိုက်တာနဲ့ အဲဒီလူက ကျိန်စာကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးမဲ့သူဖြစ်သွားစေသတဲ့ .. အဲဒါကို မယုံကြည်တဲ့ Thomas ဟာ စာအုပ်ထဲက အချက်အလက်တွေကို စူးစမ်းရှာဖွေရင်းနဲ့ စာရေးဆရာ Jeong Hoon အကြောင်းသာမက နောက်ကွယ်မှာ နတ်ဆိုးကိုးကွယ်မှုတွေပါ ပါဝင်ပတ်သက်နေတာကို သိလိုက်ရတဲ့အခါ .. File size…1.29GB / 513MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 31 min. Genre ….. Mystery, Horror, Romance, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing & Vanessa Encoded by AHtet

Action • Adventure • War
5.1 2017 91 mins
Dead Again
We Need to Talk
5.5

အီတလီ ရဲဟာသဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန်တိုနီယိုနဲ့ပယ်ရာဒို သူငယ်ချင်းနှစ်ယောက်က ဘာအမှုလိုက်လိုက် အဆင်မပြေဘူးဆိုပေမယ့် နာမည်ကြီးလူဆိုးကြီး စကန်နာပီကိုလိုဖမ်းနိုင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပဲ နှစ်ယောက်လုံးကို တွဲဖက်အဖြစ်ဆက်လက်တာဝန် ထမ်းဆောင်စေခဲ့ပါတယ်။ ဒါပေမယ့်ဘယ်နေရာမဆို တလွဲပဲအမြဲလုပ်တတ်တဲ့ ဒီနှစ်ယောက်ကိုတာဝန်ချပေးရတဲ့ ခေါင်းဆောင် ဘယ်ဒါဆာရီကသူတို့ကြောင့် အမြဲခေါင်းကိုက်နေရတယ်။ ဘယ်လောက်တောင် တလွဲလုပ်လဲဆိုရင် သူတို့ လုပ်သမျှကိုပြောင်းပြန်လိုက်လုပ်ရင် အမှုကိုဖြေရှင်း ပြီးသားဖြစ်ပါတယ်။အဲလောက်ကိုလွဲတာပါ။ ရဲဌာနမှာလည်းအလှောင်အပြောင်ခံရဲအရာရှိနှစ်ယောက်ပေါ့။ အခုလိုဖြစ်နေတာကို အန်တိုနီယိုကမကျေနပ်ပါဘူး။ နာမည်ကြီးဆုံးအမှုကိုဖြေရှင်းနိုင်ရင်သူတို့ဒီဘဝက ကျွတ်ပြီလို့တွေးမိရင်း သူငယ်ချင်းနှစ်ယောက်အကြီးဆုံး အမှုဖြစ်တဲ့ဩဇာရှိသူဌေး မာဆလာရဲ့အမှုကိုစတင် စုံစမ်းကြပါတော့တယ်။ File size… (1.65 GB) / (895 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre …..Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Comedy • Drama • Family • Fantasy • Science Fiction
5.5 2024 101 mins
We Need to Talk