YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Someday.or.One.Day.S01E08.1080p.CM.mp4

1.06 GB N/A video/mp4 68 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
BlackBerry
7.3

BlackBerry (2023) ဘလက်ဘယ်ရီဖုန်းလို့ပြောလိုက်ရင် ဘာကိုမှတ်မိကြမလဲ။ လူကြီးနဲ့လူလတ်ပိုင်းတွေက သူတို့တစ်ချိန်တစ်ခါကသုံးခဲ့တဲ့ဖုန်းကို မှတ်မိပြီး လူငယ်တွေအတွက်ကတော့ အပြောင်းအလဲကို အမှီမလိုက်နိုင်လို့ ကျရှုံးခဲ့ရတဲ့သမိုင်းသင်ခန်းစာအဖြစ် သိကြမယ်လို့ထင်တယ်။ ဘလက်ဘယ်ရီက အိုင်ဖုန်းထက်အရင် ပထမဆုံး စမတ်ဖုန်းဖြစ်ခဲ့ပေမယ့် အိုင်ဖုန်းက touchscreen နဲ့ဝင်မိတ်ဆက်လာတဲ့အခါမှာ Keypad ကနေ အမှီလိုက်မပြောင်းလဲနိုင်လို့ အိုင်ဖုန်းကဖြုတ်ချတာကို ခံလိုက်ရတဲ့ကုမ္ပဏီပေါ့။ ဒီဇာတ်လမ်းကတော့ Biography သက်သက်မဟုတ်ပဲ ဒရာမာပြုထားတာတော့ အဖြစ်အပျက်အကြောင်းအရာအားလုံးက အမှန်ရယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ ဘလက်ဘယ်ရီရဲ့အောင်မြင်ခန်း ကျရှုံးခန်းတွေကို ကောင်းကောင်းကြီးသဘောပေါက်သွားမှာပါ။ ဇာတ်လမ်းသွားအတွက်လဲ တကယ့်အရေးကြီးဖြစ်ရပ်တွေကို သေချာရွေးချယ်တင်ဆက်ထားတာကြောင့် တော်တော်ကိုကြည့်ရတာလွယ်ကူအဆင်ချောပါတယ်။ ဒီလိုနည်းပညာဆိုင်ရာ ဇာတ်ကားတွေမှာ ဘာပြသနာရှိလဲဆိုရင် ရှုပ်ထွေးတဲ့အသုံးအနှုန်းတွေ လေးလံတဲ့အဖြစ်အပျက်သမိုင်းတွေကြောင့် ဝီကီပီးဒီးရားစာမျက်နှာဖတ်နေရသလိုဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်ကလူပဲနားလည်ပြီး သာမန်လူတွေကနားမလည်နိုင်ကြတာပါ။ ဒီ Blackberry မှာတော့ နည်းပညာအသုံးအနှုန်းတွေကို အရိုးရှင်းဆုံးဖြစ်အောင် အလွယ်ကူဆုံးဝေါဟာရတွေသာ သုံးထားပြီး ဇာတ်လမ်းသွားကလဲ သွက်သေးတာမို့ အချိန်နှစ်နာရီလောက်ပေးပြီး သမိုင်းသင်ခန်းစာကောင်းတစ်ခုရမယ့်အခွင့်အရေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Comedy, Drama Quality…. 1080p | 720p | 480p File size… 1.42Gb | 743MB | 371MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Drama
7.3 2023 119 mins
BlackBerry
Golden Robbery

ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ဟာသလေးနှောထားတဲ့ မှုခင်းကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရဲစခန်းလုံခြုံရေးအစောင့်မာတာနဲ့ သူ့ရဲ့ရည်းစာချောလေး လျိုစီးကျားတိုဟာ သာမန်ဘဝကို ဖြတ်သန်းနေကြတဲ့ စုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က မာတာရဲ အဖေဆိုပြီး ဖုန်းဆက်လာခဲ့ပါတယ်။ နှစ် ၂၀ လောက် ပျောက်သွားခဲ့တဲ့ အဖေက ရုတ်တရက် ပြန်ပေါ်လာတဲ့အချိန်ကစ မာတာရဲ့ အေးချမ်းတဲ့ ဘဝကြီးက စတင်ရှုပ်ထွေးလာပါတော့တယ်။ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းမှောင်ခိုမှု၊ သင်္ချိုင်းဖောက်မှု၊ ရဲအတု အစစ်တွေနဲ့ ဘယ်လို အရှုပ်တွေ ဖြစ်မလဲဆိုတာကို Golden robbery ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Romance
null 2023 70 mins
Golden Robbery
Mudbound
7.4

IMDb Rating - 7.4/10 ဒီကားက သရုပ်ဆောင်တွေက တော်တော်တော့မိုက်ပါတယ်။ ပထမဆုံးတစ်ယောက်အနေနဲ့ ဂတ်စ်ဘီကားနဲ့ အားလုံးအချစ် ခံခဲ့ရတဲ့ ဒေစီတစ်ဖြစ်လဲ Carey Mulliganဟာ တကယ့်ထိပ် တန်းမင်းသမီးလို့‌ ပြောလို့ရပါ့မလား သေချာတော့မသိပေမဲ့ သရုပ်ဆောင်အရာမှာတော့ အခုထိလည်း ကိုယ့်ကိုယ်ကိုယ် တစ်စထက်တစ် သွေးနေတုန်း၊ စိတ်နှစ်ကိုယ်နှစ်သရုပ်ဆောင် တဲ့ မင်းသမီးဆိုတာတော့ သေချာပါတယ်။ နောက် ဂတ်စ်ဘီကားမှာပဲ ဒေစီ့ယောက်ျားနဲ့ ဖောက်ပြန်တဲ့ မိန်းမရဲ့ ယောက်ျားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jason Clarke လည်းပါပါတယ်။ သံသရာတစ်ပတ်လည်ပြီး ဒီထဲမှာတော့ သူတို့၂ယောက်လင်မယားဖြစ်လာခဲ့တာပါ။ နောက် Tron မင်းသား Garrett Hedlundနဲ့ လူမဲဘဝသရုပ်ဖော်ကားဆိုတော့ သရုပ်ဆောင်ကောင်းတဲ့ လူမဲတွေတော်တော်ပါပါတယ်။ ဇာတ်ပို့ ဇာတ်ဆောင်အကောင် သရုပ်ဆောင်တာတွေက သူ့နည်းသူ့ဟန်နဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်ကတော့ ဒုတိယကမ္ဘာ စစ်ကာလရယ် လူမဲဖိနှိပ်ခံဘဝရယ်ကို ဖော်ပြဖို့ ကျေးလက်ဒေသက လယ်ယာစိုက်ပျိုးရေးနဲ့ တွဲဖက်ပုံဖော်သွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မီးက သူ့ဘာသာလောင် လူတွေကလည်း သူ့အပူနဲ့ သူ့စားဝတ်နေရေး သူ့အတ္တအတွက် သူ့ဘာသာလောင်နေတဲ့ကာလ တစ်ခုပေါ့။ လူဖြူလယ်လုပ်ငန်းရှင်တစ်ယောက်ဟာ လူမဲမိသားစု တစ်စုကို လူငှားချပြီး အနိုင်ကျင့်တာတွေကို ကျွန်တော်တို့မြင်ရတယ်။ လူဖြူမိသားစုက ညီငယ်က ဒုတိယကမ္ဘာစစ်ပွဲအပြီး ပြန်လာတဲ့အချိန် လူမဲမိသားစုက သားကြီးကလည်း ပြန်လာခဲ့တယ်။ သူတို့၂ယောက်မှာ တူညီတာက စစ်ရဲ့အနိဠာရုံတွေကို‌ ‌ကြောက်တဲ့စိတ် အခုထိကျန်နေ သေးတာပဲ။ မတူညီတာကတော့ ဘဝတွေပေါ့။ စိတ်ဒဏ်ရာတူညီတဲ့ သူတို့က သူငယ်ချင်းတွေဖြစ်လာကြတယ်။ ဒါပေမဲ့ လူမဲကိုနိမ့်ကျတယ် ထင်တဲ့ လူဖြူတွေက မကြည်ကြဘူး။ ဒီလိုနဲ့ နောက်ဆက်တွဲတွေဖြစ်လာ တယ်။ ဒီဇာတ်လမ်းကိုမှ တော်တော်ကြည့်ကောင်းအောင် ရက်ရက်စက် စက်ပုံဖော်ထားတာပါ။ ခရမ်းချဉ်သီး ၉၇လုံးရထားတဲ့ဇာတ်မို့ မကောင်းမှာ တော့ ပူစရာမရှိပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(1.7 GB) / (685 MB) / (397 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hr 14Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, War Translator.......WiRa Aung Encoder..........Zin Phyo Aung

Comedy • Romance
7.4 2017 135 mins
Mudbound
(18+) Hotel Iris

အိုဆာကာ အာရှရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဟိုတယ် အိုင်းရစ်လို့ခေါ်တဲ့ Hiroshi Okuhara ရဲ့ ရုပ်ရှင်အသစ်ဟာ တော်တော်ကို ဆန်းဆန်းပြားပြားနဲ့ Adult ကားဆန်ဆန် သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ Mystery ကားတစ်ကားရဲ့ လျှို့ဝှက်မှုတွေ အသားစိုင်တွေကို ပေါင်းစပ်ပြီး ပုံဖော်ထားတယ်လို့ ပြောလည်းမမှားပါဘူး။ ဒီကားက တစ်နေ့ကတင် ကျွန်တော်ကြည့်ခဲ့တဲ့ A Quiet Family လို့ခေါ်တဲ့ ရယ်လည်းမရယ်ရ ဘာပြလို့ပြချင်မှန်းမသိတဲ့ ကိုရီးယားကားနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ သို့ပေမဲ့ ဒီကားကတော့ သူ့ဘာသာ Mystery လိုင်းကို အပြည့်အဝသွားထားတဲ့၊ အများကြီးပိုကောင်းတဲ့ကားပါ။ သရုပ်ဆောင်တွေကလည်း တော်တော်လေး မိုက်တယ်လို့ပြောလို့ရပါတယ်။ ကားကောင်းသိပ်မရှိတဲ့ ဂျပန်ကထုတ်တဲ့ကားအနေနဲ့ဆို တော်တော်ကောင်းတဲ့ ရှားပါးကားလေးပါပဲ။ ဒီလို လျှို့ဝှက်ဆန်းကြယ်ပြီး အသားစိုင်တွေရဲ့ လှပခြင်းနဲ့ ဝင်းဝါတောက်ပနေတဲ့ကားမျိုးကို တစ်ကိုယ်ရေအနေနဲ့ပဲ ကြည့်ကြစေချင်ပါတယ်။ သိကြမယ်မို့လား... ဒီကားဟာ ကိုယ်မြင်ချင်ပေမဲ့ ကိုယ်မြင်ချင်တာ သူများမမြင်စေချင်တဲ့ အရာမျိုးတွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်ပဲလေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.82GB, 740MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 40Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Animation • Drama • Fantasy • Music
0 2022 100 mins
(18+) Hotel Iris
Heaven in Hell
7.3

ဒီကားထဲ အဓိက မင်းသားကို  365 ကြည့်ဖူးတဲ့သူဆိုရင် သိပါလိမ့်မယ်... ဘော်ဒီခပ်မိုက်မိုက်နဲ့ မွှေနှောက်လိုက်တာ 365ထဲမှာ ဘယ်လောက်ဗြောင်းဆန်သွားလဲ သိကြပါလိမ့်မယ်.. ဒီမှာလည်း ဆန်းသစ်တဲ့နည်းနဲ့ ထပ်မွှေခဲ့ပြန်ပြီ... ထုံးစံအတိုင်း nude /sex scene တွေ ရှယ်ပါတဲ့အတွက် မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.. တချို့အချစ်ဇာတ်လမ်းတွေက စကိုမစခဲ့သင့်ပါဘူး။ စခဲ့မိရင်တော့ သုခဘုံတစ်လှည့် ဒုက္ခဘုံတစ်လှည့်ရောက်ရတော့တာပဲ။ ဒီဇာတ်လမ်းထဲမှာလည်း အဲ့လိုပဲ။ အိုလ်ဂါဟာ အောင်မြင်တဲ့တရားသူကြီးတစ်ယောက်၊ ခင်ပွန်းသည်ဆုံးပါးသွားပြီးနောက် သမီးလေးကိုသာစောင့်ရှောက်၊အလုပ်ကိုသာဖိလုပ်ရင်းနေခဲ့တာပါ။ အနှစ်နှစ်အလလ အချစ်ကိုမေ့လျော့ထားခဲ့ပေမယ့် တစ်ခါကျတော့ ကိုယ့်ထက် ၁၅နှစ်ငယ်တဲ့အီတာလျံကောင်လေးတစ်ယောက်နဲ့ကျမှ ထိန်းထားတဲ့ ရမက်တွေပွင့်ထွက်လာမိပါတယ်။ ကံတရားက ရွေးချယ်လာရင် ဘယ်သူကလွန်ဆန်နိုင်မှာပါလဲဗျာ။ သို့ပေမဲ့ ခုကောင်လေးက အိုလ်ဂါကိုင်နေတဲ့အမှုရဲ့ မျက်မြင်သက်သေဖြစ်နေတဲ့အပြင် မရိုးမသားသဘောနဲ့ချဥ်းကပ်လာမှန်း အိုလ်ဂါကမသိပါဘူး။ ပိုဆိုးတာက ဒီကောင်လေးဟာ အိုလ်ဂါရဲ့သမီးနဲ့ သမီးရည်းစားကိစ္စပတ်သက်ဖူးသူဖြစ်နေတဲ့အခါမှာတော့.....။ အချစ်ကြောင့် တစ်ဖန်နုပျိုနိုင်သလို၊ အချစ်ကြောင့်တစ်ဖန်မျက်ကန်းဖြစ်နိုင်ပြီး စစ်စစ်မှန်မှန် ပိုချစ်မိလေ ပိုခံစားရကြောင်း ရိုက်ကူးပြထားတဲ့ romanceကားကောင်းလေးပါပဲ။ File Size          : 1.5GB, 743MB Quality            : WEB-DL 1080p, 720p Format            : mp4 Duration         : 1hr 49mins Genre              : Romance, Drama Translated by   Themes Encoded by Phyo Pyae

Romance
7.3 2023 120 mins
Heaven in Hell
Suzhou River
7.4

Suzhou River (2000) ———————– Directed by Lou Ye အဖြူစွတ်စွတ်တွေ… အလွမ်းပြာပြာတွေ… အမှီသဟဲတွေ… ဒိုက်သရိုက်တွေ… မုသားတွေ… ဝေးလွင့်ကင်းကွာခြင်းတွေ… ဒဏ္ဍာရီတွေ… မြစ်တစ်စင်းဟာ သိမ်ဆည်းထားတယ်။ အသစ်တွေ ဘယ်လိုပဲ ကမ်းကုန်အောင်ခြယ်သပါစေ လမ်းဆုံအောင်ဆယ်မရပါတဲ့ မြစ်တစ်စင်းရဲ့ ရပ်ဝန်းက အဟောင်းတွေ ။ မြစ်တစ်စင်းပေါ် စီးဆင်းနေတဲ့ အတိတ်အက်ကြောင်း နေ့ရက်ဟောင်းတွေကို ဘယ်လိုမှော်ဆေးနဲ့ ဖာထေးမလဲ။ ဒီအိပ်မက်တွေ လွမ်းသူပျိုု့မစပ်ချင်တော့လည်း ဒီမြစ်ကြီးကို မီးတင်ရှို့လို့မှမရနိုင်ခဲ့။ ဆူကျိုးတံတားထက် လက်ပိုက်ရင်းလျှောက်လာတဲ့ သူမရဲ့ ပုံရိပ်တွေ။ ရပ်တန့်ရင်းစောင့်လည်း အဖတ်ဆည်မရတော့ပါတဲ့ ဒဏ္ဍာရီအပျက်တွေ။ ပြောကြတယ် ဒီမြစ်ကြီးထဲမှာ ရေသူမတစ်ကောင်ရှိသတဲ့။ ကျွန်တော်မယုံခဲ့ပါဘူး။ လူတွေပြောနေကျ ယုံတမ်းစကားတွေဟာ ဖြေရှင်းမဆုံးနိုင်အောင် မကုန်မခန်းနိုင်တွေပဲမို့လား။ သူမနဲ့ပထမဆုံးတွေ့တော့ ဘာရယ်ဘာကြောင့်မသိ အဲဒီယုံတမ်းစကားကို ကျွန်တော်ယုံခဲ့ရတယ်။ သူမဟာ ရေသူမလေးတစ်ကောင်ပါပဲ။ သူမဟာ ရေသူမပါလို့ ဘာအတွက်ဘာကြောင့် ကျွန်တော်ယုံစားခဲ့မိလဲတော့ မသေချာပါဘူးပေါ့။ ချစ်ခြင်းဟာ ဒီလိုပဲမို့လား။ အကျိုးလည်းမသိ အကြောင်းလည်းမသိ အဆိုးလည်းမရှိ အပြောင်းလဲမရှိ။ သူ့မျက်ဝန်းတွေ ကောက်ကာငင်ကာကြီး ညှိုးကျသလို သူ့နှုတ်ခမ်းတွေ ကောက်ကာငင်ကာကြီး ပြုံးပြသလို ရေသူမလေးတစ်ကောင်ဟာ ကျွန်တော့်ဘဝထဲ ဗိန်းဗောင်းဆင့် ရောက်ချလာခဲ့တယ်။ ဒီလိုပါပဲ မနက်မိုးလင်းပေါက်လို့ လူပျင်းတစ်ကောင်ကျောခင်းလောက်ပြီဆို အဲဒီရေသူမကလေးဟာ ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားတတ်တယ်။ အဲဒီရဲ့နေ့တွေဆို မြစ်ခင်းတံတားလေးတစ်စင်းပေါ် သူလက်ပိုက်လို့လျှောက်မလာခင်အထိ ပြတင်းပေါက်နံပါးကနေ ရပ်စောင့်လို့ ကျွန်တော်မျှော်နေတတ်တယ်။ တစ်ခါတလေကျ အဲဒီရေသူမလေးက ကျွန်တော့်ကို အသစ်မဟုတ်တော့တဲ့ ဆူကျိုးမြစ်ရဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြတတ်တယ်။ ဟိုးတမျှော်တခေါ် တံတားပေါ်က ခုန်ချသွားတဲ့ကောင်မလေးတစ်ယောက်ကို ရွာရိုးကိုးပေါက် အရှာမဆုံးခဲ့တဲ့ မာဒါလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းပေါ့။ သူပျောက်သွားခဲ့ရင် ကျွန်တော်လည်း သူ့လို ရှာပုံတော်ဖွင့်မလား မေးတော့ ကျွန်တော်လည်း ဘူမသိကိုးမသိ ခေါင်းညိတ်ခဲ့ရတယ်။ အဲဒီနေ့ကစ အိမ်ဝင်းတံခါးအပျက်ကနေ သူကျောခိုင်းလို့ထွက်သွားတိုင်း ဒီနေ့ဟာ သူမကိုမြင်ရတဲ့ နောက်ဆုံးနေ့များဖြစ်နေမလားဆိုတဲ့စိုးစိတ်နဲ့ တိုးတိတ်စိုးထိတ်ခဲ့ရတာပါပဲ။ သာမန်ညနေတစ်ခုရဲ့ သာမန်တိမ်တွေအောက်မှာ သာမန်မဟုတ်တော့တာကတော့ ပိုက်ထားတဲ့လက်ကလေးတွေရဲ့ လမ်းကူးဖို့အပြင်ကို ကျွန်တော် မဖူးမမြင်ရတော့တာပါပဲ။ သာမန်လိုပါပဲ။ ဆူကျိုးမြစ်ကနေ ပင်လယ်ပြင်အထိ ဘောလောမျောရင်း အရှေ့အရပ်ကနေ နေဝန်းထွက်လာလိမ့်မယ်။ မြစ်ရေက ကြည်လင်အေးမြလို့ ငါးတွေ တဖွေးဖွေးလှနေလိမ့်မယ်။ မာဒါက သူ့ကောင်မလေးကို ရှာပုံတော်ဖွင့်သလို သူပုန်းကွယ်ရာအရပ်ကို ကျွန်တော်ရှာမယ်။ ညနေဆို သူလက်ကလေးပိုက်လို့ မြစ်ခင်းတံတားလေးထက်ဆိုက်လာချိန်ကို ကျွန်တော်စောင့်မယ်။ ဒီလိုသာလုပ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းကလေးက ဆက်လျက်ဖူးပွင့်နေမှာပဲ။ ဒါပေမဲ့လည်း ကျွန်တော် အဲဒီရေသူမလေးကို မရှာဖြစ်ခဲ့ပါဘူး။ ထာဝစဉ်မြဲတဲ့တရားဆို ဒီကမ္ဘာမှာ ဘယ်ရှိလို့တုန်း။ အရက်နောက်တစ်ခွက်သောက်ရင်း မျက်လုံးတွေမှိတ်ရင်း နောက်ထပ် အချစ်တစ်ပွင့် ပွင့်လို့လာမှာကိုပဲ ကျွန်တော် စောင့်စားနေလိုက်တော့တယ်…. ဆူကျိုးမြစ်ရုပ်ရှင်ဟာ တရုတ်ပြည်မရုပ်ရှင်ရဲ့ ခြောက်ဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ လုရီရဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပါပဲ။ သူဟာ ဆင်ဆာကြမ်းတဲ့ တရုတ်အစိုးရရဲ့ ဘန်းတာကို ပထမကားနဲ့တင်ခံခဲ့ရတဲ့သူဖြစ်ပြီး ဒီဒုတိယရုပ်ရှင်ကိုလည်း တရုတ်အစိုးရ ခွင့်ပြုချက် မရှိဘဲ ရုပ်ရှင်ပွဲတော်တစ်ခုမှာပြခဲ့လို့ ၂နှစ်အဘန်းခံခဲ့ရပါတယ်။ တန်ပါတယ် ဆုတော့ရခဲ့ပါတယ်။ သူ့တင်ပြပုံနဲ့ အပေါက်အလမ်းမတည့်တဲ့ တရုတ်အစိုးရ ဘန်းတာကို ခဏခဏခံခဲ့ရပေမဲ့ လုရီဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မြစ်ကမ်းဘေးက ဂိုဒေါင်တွေ ဘာတွေလို အဟောင်းအနွမ်းနေရာတွေမှာပဲရိုက်ထားပြီး တိုးတက်နေတဲ့ အသစ်အသစ်သောပုံရိပ်တွေကို မသုံးထားခဲ့ပါဘူး။ သူဟာ ဟောင်ကောင်ဒါရိုက်တာ ဝေါင်ကာဝေးရဲ့ လွှမ်းမိုးမှုတစ်ပိုင်းတစ်စရှိနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လို့ ဆိုကြသလို ဒီရုပ်ရှင်ကနေလည်း ခပ်ဆင်ဆင်အရသာလေးရပါတယ်။ ထူးတာကတော့ အဓိကဇာတ်ကောင်လို့လည်း ပြောလို့ရတဲ့ Narratorကို လူလည်းမပြထားသလို Creditလည်းမပေးထားဘဲ ကိုယ်က အဲဒီလူလို ဝင်ခံစားလို့ရအောင် သူမြင်ရတဲ့ပုံစံကနေ ပြသွားတာကလည်း ဒီရုပ်ရှင်ကို ကျွန်တော်တို့နဲ့ ပိုနီးစပ်သွားစေတဲ့ တစ်ချက်ပဲလို့ထင်ပါတယ်။ နောက်နီးစပ်စေတဲ့အချက်ကတော့ အချစ်နဲ့မြစ်ပေါ့။ မြစ်တစ်မြစ်မှာ ရေနှစ်ခါချိုးမရနိုင်ဘူးလို့ ဘယ်လိုပဲဆိုဆို ကျွန်တော်တို့စိတ်တွေကတော့ ဘယ်သောအခါမှ သစ်မလာနိုင်ဘူးမလား။ စိတ်သစ်လူသစ်ဆိုတာ ပုံပြင်ဟောင်းတွေပဲမို့လား။ ဆူကျိုးမြစ်ရုပ်ရှင်ဟာ လူအဟောင်း စိတ်အဟောင်းတွေကို မြစ်အဟောင်းထဲက ရပ်ဝန်းအဟောင်းကိုခေါ်သွားပြီး အဖြစ်ဟောင်းတွေနဲ့ ခင်ဗျားရဲ့မသိစိတ်ထဲက အဟောင်းတွေကို ပြန်တူးဖော်ပေးမယ့်ရုပ်ရှင်ပါပဲ။ အောက်ဖော်ပြပါကတော့ ခင်ဗျားစိတ်ပါရင် တွဲဖက်ခံစားလို့ရမယ့် သီချင်းဟောင်းလေးပေါ့။ ” တစ်ညမက နှစ်ညမက တစ်ညတစ်ည မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့ ငါငြိမ်သက်မြဲပါ ” – ခင်ဝမ်း ( မြစ် ) ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(3.5GB) / (1.22GB) Quality__BluRay_1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Western
7.4 2000 83 mins
Suzhou River
Tale of the Night
5.6

အခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမဲ့ရုပ်ရှင်ကတော့ တရုတ်နိုင်ငံက ချန်ရှားဆိုတဲ့ မြို့ကြီးတစ်မြို့ရဲ့ ညအချိန် စည်ကားသိုက်မြိုက်မှုတွေကို ပုံဖော်ထားတဲ့ Tale of The Night ဆိုတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချန်ရှားရဲ့ ထူးခြားလှတဲ့ ညတစ်ညမှာ ညဇီးကွက် ကျင်ဝေဝေက စာအုပ်ဆိုင်မှာ နောက်နေ့မနက်မှာ ဇာတိက ထွက်ခွါသွားတော့မဲ့ ဟယ်ရှီးရှီးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် အတူတကွ ချန်ရှားညကို အလည်သွားဖို့ သဘောတူခဲ့ကြတယ်။ တစ်ဖက်က ချန်ရှင်းကျစ်၊ လျန်ပေါင်ချီ၊ လောင်ရှဲ့တို့တစ်တွေဟာ ကစားကွင်းမှ ဝန်ထမ်းများဖြစ်ကြပါတယ်။ သူတို့က ညရှုခင်းကို ရှုစားရင်း အလုပ်လုပ်ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နေကြတယ်။ ညလယ်စာအဓိကရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင် အစ်မလိအတွက် ဒီညဟာ သူမရဲ့ နောက်ဆုံးအကြိမ် ခေါက်ဆွဲချက်ခြင်းဖြစ်ပါတယ်။ သူမက သူမတပည့်ကို စားသောက်ဆိုင်ကို ဆက်ခံခိုင်းဖို့ ဆုံးဖြတ်ထားခဲ့တယ်။ Talk show ဖျော်ဖြေသူ ဟယ်အန့်ရဲ့ ဒီနေ့ည ဖျော်ဖြေပွဲမှ ာ အဖေဖြစ်သူက လာရောက် ကြည့်ရှုခဲ့တယ်။ သူ့ရဲ့ အလုပ်ကို မိသားစုက မထောက်ခံတဲ့အတွက် အမြဲတမ်းရန်ဖြစ်နေရတယ်။ ဒါပေမဲ့ မိဘရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့ သူ့ကို အမြဲတမ်း ခွင့်လွှတ်ပေးခဲ့ကြတယ်။ ညအချိန်လည်း ကုန်ဆုံးတော့မယ် လူအများက စားသောက်ဆိုင်မှာ ခေါက်ဆွဲစားနေကြတယ်။ တွေ့ဆုံခြင်း၊ နှစ်သက်ခြင်း၊ နေခဲ့ခြင်း၊ ထွက်ခွါခြင်း၊ နားလည်မှုရခြင်း၊ ပြန်လည်ဆုံတွေ့ခြင်း တွေဟာ ဒီမြို့ထဲမှာပဲ ဖြစ်ပျက်နေပြီး လူတိုင်းက ဒီမြို့ကို နှစ်သက်ဖို့ အကြောင်းပြချက် ကိုယ်စီ ရှိနေကြပါတယ်။

5.6 2023
Tale of the Night
[18+] Ahasss

Ahasss (2023) ဂျိတ်ခ်က ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ ခိုကိုးရာမဲ့ အိမ်စေကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘော့စ်ဖြစ်သူ မစ္စတာစတုန်းဟေးလ်ကတော့ ချမ်းသာပြီး အပေးအကမ်းရက်ရောပေမယ့် အရက်မူးတဲ့အခါ သွေးဆိုးတတ် သူ့ဇနီးဖြစ်သူကိုနှိပ်စက်ပြီး အကြမ်းပတမ်း လိင်ဆက်ဆံတတ်သူပါ။ သူ့ဇနီးတင်မက သူနဲ့ဘဝတူအိမ်ဖော်အမျိုးသမီး ဂျန်နီကိုလည်းအလွတ်မပေးပါဘူး။ စတုန်းဟေးလ်ကို သူတုန်နေအောင်ကြောက်ပေမဲ့လည်း စတုန်းဟေးလ်ရဲ့ဇနီးသည် အိမ်ရှင်မ အယ်ဒလင်းက သူ့ကိုအထာပေး အစာကျွေးလိုက်တဲ့အခါမှာတော့ အရူးအမဲသားစားမိသလို တန်းတန်းစွဲသွားတဲ့ ဂျိတ်ခ်ဟာ အချစ်အတွက် အသက်ပင်သေသေ ဖင်ညှောင်ရိုးပင်ကျိုးကျိုး စွန့်စားရဲတဲ့သတ္တိတွေရှိလာပြီး မမအယ်ဒလင်းကို ဒီဘဝကြီးက ကယ်တင်ဖို့အတွက် သူ့ဘော့စ် စတုန်းဟေးကိုသတ်ဖို့ကြံပါတော့တယ်။ သူ့အကြံအစည်အောင်မြင်မလား… သူနဲ့အယ်ဒလင်းတို့လွတ်မြောက်ရာမှာနှစ်ကိုယ်တူဘဝထူထောင်နိုင်မလား… ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Science Fiction • Horror
0 2023
[18+] Ahasss
Dinner Rush
7.2

2000ခုနှစ်က ထွက်ရှိပြီး Rotten Tomatoes 91% ရထားတဲ့ Crime/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။ 2022 ကထွက်ခဲ့တဲ့ The Bear လိုမျိူး စားဖိုဆောင်ထဲမှာ စားဖိုမှူးတွေ ရုန့်ရင်းဆန်ခတ် သုတ်သီးသုတ်ပျာဖြစ်နေတာမျိုး၊ စားသောက်ဆိုင်ထဲက စားပွဲဝိုင်းတွေမှာ ထိုင်နေတဲ့ လူတွေရဲ့ အကြောင်းတွေကို တစ်ညအတွင်းမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ။ Mr. Cropa က လောင်ကစားဒိုင် ပိုင်ရှင်ပါ။ သူ့မှာ Gigino ဆိုတဲ့ အီတလီ စားသောက်ဆိုင်လည်း ရှိပါတယ်။ သူ့ရဲ့ သားဖြစ်သူ Udo ကတော့ စားသောက်ဆိုင်ရဲ့ အကြီးဆုံးစားဖိုမှူးပါ။ လက်ထောက်စားဖိုမှူး Duncanကတော့ မလောင်းရမနေနိုင်အောင် လောင်းကစားခုံမင်သူဖြစ်ပါတယ်။ Duncan ပတ်သတ်မိသွားတဲ့ ဂန်းစတား နှစ်ယောက်က Cropa ရဲ့ စားသောက်ဆိုင်ကို ရောက်လာခဲ့ပြီး Cropa ကို အကြပ်ကိုင်ကြပါတယ်။ ကြည့်ရတာ သုတ်သီးသုတ်ပျာ ဖြစ်နေပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.8 GB)/(941 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

7.2 2000
Dinner Rush
Twenty Hacker
7.4

ဂျယ်မင်း ဆိုတဲ့အထက်တန်းကျောင်းသား ကောင်လေးဟာ ဆိုက်ဗာတိုက်ခိုက်မှုကြောင့် ဘဝကြီးပြောင်းလဲသွားပြီး သူ့ရဲ့ အဖေကို ဆုံးရှုံးလိုက်ရပါတယ် ဟက်ကာသမားက အရမ်းတော်လွန်းတဲ့အတွက် ရဲတွေမဖမ်းနိုင်တာကြောင့် ဟက်ကာသမားကိုဖမ်းဖို့ သူကိုယ်တိုင် ဟက်ကာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ဟက်ကင်းလုပ်ပြီး ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို ဖန်တီးမဲ့ “ပိုကောင်းတဲ့ကမ္ဘာ”ဆိုတဲ့အဖွဲ့နဲ့ ဟက်ကာအရည်အချင်းပြည့်ဝလာတဲ့ ဂျယ်မင်းတို့ တက္ကသိုလ်မှာ တွေ့ကြတဲ့အခါ ဟက်ကာကိုဖမ်းဖို့အတွက် သူတို့အချင်းချင်းပူးပေါင်းပြီးဘယ်လိုတွေ လုပ်ဆောင်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ဆက်လက်ကြည့်ရှုရမှာပါ

7.4 2021
Twenty Hacker
Summer in Closed Eyes
6.6

Summer in Closed Eye (2018) သိပ်များများစားစားတော့ ညွှန်းစရာမလိုလောက်ပါဘူး။ ဒီတလော ရေပန်းတော်တော်စားနေတဲ့ Maiထဲက မင်းသမီးရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီထဲလဲ ဆက်တိုက် တော်တော်လေးဇာတ်နာသလို အဆုံးထိဇာတ်နာကောင်းတုန်းပဲ။ ဒါရိုက်တာကတော့ ဒီကားက သူ့ပွဲဦးထွက်ကားဖြစ်သလို ထပ်ရိုက်ထားတာလည်း မရှိတော့ ဒါရိုက်တာအကြောင်းပြောဖို့တော့ခက်လိမ့်မယ်။ ဒါပေမဲ့ ဒီဒါရိုက်တာက သူ့ဝမ်းစာကို ဂျပန်ရုပ်ရှင်နဲ့ အဓိကဖြည့်ခဲ့တယ်လို့တော့ ထင်တယ်။ ဂျပန်မှာ အဓိကဇာတ်အိမ်တည်ထားတာပေမဲ့ ဗီယက်နမ်ဒါရိုက်တာရိုက်တဲ့ကားဆိုတော့ ဂျပန်အငွေ့အသက်မပါလောက်ဘူးထင်ထားပေမဲ့ ဂျပန်အငွေ့အသက်တော့ လွှမ်းနေသေးတယ်။ ဇာတ်ကတော့ ရိုမန့်ပါးပါးလောက်ပဲပါပြီး အဖေနဲ့ သမီးကြားက သံယောဇဉ်ကို အဓိကထားပြီး တည်ထားတယ်။ အားလုံးရဲ့ကွင်းဆက်ကတော့ ဓာတ်ပုံပညာ။ အဖေက ဓာတ်ပုံဆရာ။ ဓာတ်ပုံကိုချစ်တဲ့စိတ်ကြောင့် သူ့အဖေနဲ့ သူ့အမေကွဲပြီး သူ့အဖေဂျပန်ကိုရောက်သွားသလို သူကလည်း ဓာတ်ပုံကိုချစ်လာခဲ့တယ်။ သူ့အမေဆုံးပြီးနောက် သူ့အဖေကိုရှာဖို့ ဂျပန်ကိုသွားတဲ့အချိန် သူ့အဖေကိုမတွေ့ဘဲ ဓာတ်ပုံဆရာကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ဓာတ်ပုံဆိုင်လေးတစ်ဆိုင်ကိုရောက်လာခဲ့တယ်။ အဲဒီကနေမှ သူ့အဖေရဲ့ ဇာတ်ကြောင်းကို သိရဖို့ဖြစ်လာတဲ့အကြောင်းပါပဲ။ ဗီယက်နမ်ဒါရိုက်တာနဲ့ ဗီယက်နမ်မင်းသမီးနဲ့ရိုက်တဲ့ကားပေမဲ့ ဂျပန်တော်တော်ဆန်တာမို့ ဂျပန်ရိုမန့်ကားပရိသတ်တွေအတွက်လည်း ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ပါပဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မမြင်ရတော့ဘူးဆိုရင် မင်းအမြင်ဆုံးက ဘာများဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မကြားရတော့ဘူးဆိုရင် မင်းအကြားချင်ဆုံးက ဘယ်စကားဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းစကားလုံးဝမပြောနိုင်တော့ဘူးဆိုရင် မင်းအပြောချင်ဆုံးစကားက ဘာဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မမှတ်မိနိုင်တော့ဘူးဆိုရင် မင်းအမှတ်မိချင်ဆုံးက ဘာကိုများဖြစ်မလဲ။ ဒီထဲက အဓိကဇာတ်ကောင်သုံးယောက်ဟာ ဓာတ်ပုံတွေရဲ့နောက်ကျောမှာရေးထားတဲ့ ဒီမေးခွန်းတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြေသွားခဲ့ကြတယ်။ ဘာကိုမှ မမြင်ရတော့ဘူးလို့ မှတ်ယူပြီး မျက်လုံးတွေမှိတ်ထားလိုက်ရင် ငါအမြင်ချင်ဆုံးက နွေဥတုတစ်ခုပေါ့။ အရာရာဟာ သူ့သဘောသူဆောင်ခဲ့ရင်တောင် အဲဒီနွေရာသီဆီကိုတော့ ငါရောက်အောင်ပြန်လာဖြစ်ဦးမယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiR‌a Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 1.5GB | 753MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiR‌a Aung Encoder ….. Aaron

6.6 2018
Summer in Closed Eyes
The Shadow Strays
6.7

အင်ဒိုဇာတ်ကားဆိုရင် တော်ရုံတန်ရုံ ဒရာမာကား သရဲကားလောက်ပဲ နာမည်ကြီးတာများပြီးတော့ အက်ရှင်ကားရိုက်ရင်သိပ်မပေါက်မမြောက် ပါဘူး။ဒါပေမယ့် အခုတင်ဆက်ပေးမဲ့အင်ဒိုအက်ရှင်ဇတ်ကားကတော့ အက်ရှင်ချစ်သူတွေအချိန်ပေးကြည့်ရတာတန်စေမဲ့ နိုင်ငံတကာအဆင့်မှီ အင်ဒိုအက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Shadow Strays ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ နိုင်ငံတကာမှာအာဏာကြီးမားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ကြီးတွေတောင်ကြောက်ရတဲ့ ကြေးစားလူသတ်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ရဲ့နာမည်ကတော့သေမင်းအရိပ်ဖြစ်ပြီး နာမည်အတိုင်းပဲ အရိပ်တွေထဲကနေထွက်လာပြီး တိုက်ခိုက်တတ်တဲ့ ကြေးစားလူသတ် သမားတွေဖြစ်တဲ့အတွက် အဖွဲ့ရဲ့အေးဂျင့်တွေကိုလည်း အရိပ်တွေလို့ပဲ ခေါ်ဆိုပါတယ်။ ဇာတ်လမ်းအစမှာတော့ အဲ့ဒီသေမင်းအရိပ်အဖွဲ့က ဂျပန်ယာကူဇာဂိုဏ်း တစ်ခုကိုဝင်ရောက်သုတ်သင်ပုံကိုတွေ့ရမှာဖြစ်ပြီး အရိပ်တွေအများကြီး ထဲကတစ်ယောက်ဖြစ်တဲ့ ၁၃ ကတော့သနားညှာတာမိပြီးတုံ့ဆိုင်းမိခဲ့တဲ့ အတွက် ရာထူးကနေရပ်နားခံလိုက်ရပါတော့တယ်။ကြေးစားလူသတ် သမားဆိုတာကလည်း သနားကြင်နာမှုတွေ ညှာတာမှုတွေရှိလို့မရတဲ့ အလုပ်ဖြစ်တဲ့အတွက် ၁၃ ကတော့တော်တော်နဲ့စစ်ဆင်ရေးပြန်လုပ်ခွင့် မရခဲ့ပါဘူး။းဒီလိုနဲ့စစ်ဆင်ရေးမရဘဲ ကြောင်ပျောက်နေတဲ့ ၁၃ ရဲ့အာရုံကို သူနဲ့တစ်တိုက်တည်းနေနေတဲ့သားအမိ ၂ ယောက်ကဖမ်းစားသွားပါ တော့တယ်။အမေဖြစ်သူက သူတို့နေထိုင်ရာ ဂျာကာတာမြို့မှာ လက်ဝါးကြီး အုပ်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ဒုစရိုက်သမားကြီးတွေနဲ့ ပတ်သတ်ပြီး ပိုက်ဆံရှာနေတဲ့အတွက် သိပ်မကြာခင်မှာပဲ အသတ်ခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ကျန်ခဲ့တဲ့ကောင်လေးကို မောင်လေးတစ်ယောက်လိုစောင့်ရှောက် နေချိန်မှ အဲ့ဒီလူဆိုးတွေက သက်သေဖျောက်ဖို့ကောင်လေးကိုပါ ဖမ်းခေါ် သွားတဲ့အချိန်မှာ တစ်သက်လုံးလူသတ်ခဲ့တဲ့လက်နဲ့ အဲ့ဒီကောင်လေးရဲ့ အသက်တစ်ချောင်းကိုဘယ်လိုပြန်ကယ်မလဲဆိုတာကို အက်ရှင်အကြမ်းစား တွေနဲ့ကြည့်ရှုရမဲ့ အင်ဒိုဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.84GB / 1.04GB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 24m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2024 145 mins
The Shadow Strays
Mudbrick
7.9

Horror ချစ်သူများအတွက် Psycho ဆန်ဆန် Horror ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Mudbrick ဖြစ်ပြီး လက်ရှိ IMDb Rating 7.9 အထိရရှိထားပါတယ်။ ဘက်ဂျက်အများကြီးနဲ့ အလန်းစားတွေရိုက်ကူးထားတာမျိုး မဟုတ်ဘဲ ကျေးလက်ဒေသလေးတစ်ခုမှာပဲ ဇာတ်ကားနာမည် အတိုင်း ရွှံ့အုတ်နဲ့ဆောက်လုပ်ထားတဲ့အိမ်လေးတစ်အိမ်နဲ့ လယ်ကွက်တစ်ခုမှာ ဇာတ်ကောင်နည်းနည်းနဲ့ ခြောက်ခြားအောင် တစ်မျိုးကြီးဖြစ်အောင်ရိုက်ကူးထားတာမျိုးပဲဖြစ်တဲ့အတွက် တစ်မျိုးတစ်ပါးလေးရှုစားချင်တဲ့လူတွေအတွက်ကတော့ကွက်တိပါပဲ။ ဇာတ်လမ်းအစမှာတော့ အထက်ကပြောခဲ့တဲ့ ရွှံ့အုတ်နဲ့ဆောက်ထားတဲ့ ယာကို့ဗ်ရဲ့အိမ်လေးကို မတွေ့ရတာတော်တော်ကြီးကိုကြာနေပြီ ဖြစ်တဲ့ပေါလ်တစ်ယောက်ပြန်ရောက်လာခဲ့ပါတော့တယ်။ အဓိကပေါလ်ပြန်လာရတဲ့အကြောင်းအရင်းက သူတို့နှစ်ယောက်ရဲ့ အဖေဖြစ်သူဆုံးပါးသွားပြီး ယာကို့ဗ်နေနေတဲ့အိမ်ကို သူ့ကိုအမွေ ပေးခဲ့လို့ပဲဖြစ်ပါတယ်။မတွေ့ရတာကြာပြီးမှဒီအတိုင်းအမွေယူဖို့ ပြန်လာတယ်ဆိုရင်လည်းမကောင်းတဲ့အတွက် ညီအစ်ကိုနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရင်း အတူနေထိုင်ခဲ့ကြရင်း ဒီအိမ်ပေါ်မှာအစွဲအလမ်းကြီးတဲ့ယာကို့ဗ်ရဲ့စိတ်ထားအမှန်တွေ ပေါ်လာတဲ့အခါမှာတော့ ဘယ်လိုကြောက်မက်ဖွယ်ရာတွေကို ဘယ်လိုဇာတ်ကွက်တွေနဲ့ရိုက်ကူးထားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ File size… (1.50GB) / (800MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Family
7.9 2023 83 mins
Mudbrick
Analyze This

ယခုအခါတင်တင်ဆက်ပေးလိုက်တာကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy/crime အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်….မင်းသားကြီး Robert De Niro နဲ့ Billy Crystal တို့ကအဓိကဇာတ်ကောင်အနေနဲ့သရုပ်ဆောင်ထားပါတယ်…. ဇာတ်လမ်းကတော့ ဘန်ဆိုဗယ်ဆိုတဲ့စိတ်ရောဂါဆရာဝန်ဟာ အဖေဖြစ်သူကတော့အောင်မြင်နေပေမဲ့ သူ့လုပ်ငန်းက‌တော့အဆင်‌မပြေ‌နေပါဘူး…ထို့အပြင်သူဟာ ‌နောက်အိမ်ထောင်ပြုဖို့အတွက်လုပ်နေပါတယ်….. နဂိုထဲကမှအဆင်မပြေတဲ့လူနာတွေအပြင်၊အိမ်ထောင်ပြုဖို့ကလည်းရှိတဲ့ကြားထဲကမှ ပေါလ်ဗီတီဆိုတဲ့ မာဖီးယားခေါင်းဆောင်တစ်ယောက်ဟာ ဘန်ဆိုဗယ်ဆီကိုရောက်ရှိလာခဲ့ပါတယ်….ပေါလ်ဗီတီက panic attack, anxiety attack လို့ခေါ်တဲ့ အလွန်အကြွံအထိတ်တလန့်ဖြစ်တာကိုခံစားနေရလို့ဘန်ဆိုဗယ်ဆီရောက်ရှိလာခဲ့တာပါ…. ဒီတော့ကြမ်းပေ့ရမ်းပေ့ဆိုတဲ့မာဖီးယားခေါင်းဆောင်တစ်ယောက်ကဘာလို့အထိတ်တလန့်ဖြစ်နေရတာလဲ…သူ့မှာဘာပြဿနာ‌တွေရှိနေလဲ….ဘန်ဆိုဗယ်ကရောဘယ်လိုကုသပေးမလဲ…မာဖီးယားလူဆိုးတွေဆိုတော့ ဘယ်လိုအရှုပ်အယှက်တွေဖြစ်လာမလဲဆိုတာ ဆက်လက်ရှုစားကြပါခင်ဗျာ… File size…(1.9 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

0 1999
Analyze This