YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Sky In Your Heart .2022..EP2.WEB-DL1080P(CM).mp4

591.86 MB N/A video/mp4 363 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kills on Wheels
7.2

IMDb Rating - 7.1/10 ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟန်ဂေရီကားလေးဖြစ်ပါတယ်။ IMDb 7.1၊ Rotten Tomatoes 89% ရထားတာဆိုတဲ့ အထွေအထူးပြောနေစရာ မလိုတော့ပါဘူး။ ဇာတ်လမ်းကတော့ action, drama, comedy အမျိုး အစားဖြစ်ပါတယ်။ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်နေတဲ့ ဆယ်ကျော်သက်လူငယ်နှစ်ဦးဟာ ဝှီးချဲစီးပြီး လူလိုက်သတ်နေတဲ့ ကြေးစားလူသတ်သမားတစ်ယောက်နဲ့ ပတ်သတ်မိရာကနေ သူတို့ဘဝဟာ ဘယ်လိုတွေဖြစ်ကုန်ကြမလဲဆိုတာကို ဖိုက်တင်ခန်း ခပ်ကြမ်းကြမ်းတွေ၊ ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက် ကြားကမေတ္တာတရား၊ မသန်စွမ်းတစ်ယောက်ရဲ့ ဘဝကို ကြံကြံခံနေထိုင်ပုံကို ဂရုဏာဖြစ်ဖွယ်နဲ့ရော ရယ်စရာကောင်းအောင်ပါ ဖော်ပြထားပုံတို့နဲ့ ရသစုံစွာ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.68 GB) / (780 MB) / (480P) Quality............BluRay 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Drama Translator.......Zaw Myo Thu Encoder..........SWM

Action • Comedy • Thriller
7.2 2016 105 mins
Kills on Wheels
Ripper Untold
6.2

ဘယ်သူမှမလုံခြုံပါဘူးတဲ့။ ဟုတ်ပါတယ်... သေခြင်းဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖိတ်မခေါ်ဘဲ ရောက်လာတတ်တာမျိုးပါ။ ဒါပေမဲ့ ဒီကားထဲကလို ဝွိုက်ချက်ပယ်လ်က မိန်းကလေးတချို့ ကြုံခဲ့ရတဲ့သေခြင်းမျိုးကတော့ ဆိုးရွားလွန်းပါတယ်။ ရက်ရက်စက်စက် လည်လှီးအသတ်ခံရတဲ့မိန်းကလေးတွေ၊ နေ့စဉ်ရက်ဆက် ရင်ခွဲစစ်ဆေးခန်းဆီ၀င်လာတဲ့ အလောင်းတွေ၊ အဲဒီမိန်းကလေးအလောင်းတွေကို စစ်ဆေးအစီရင်ခံရတဲ့ ရဲမှုခင်းဆေးဘက်ဆိုင်ရာစစ်ဆေးရေးမှူး သောမတ်စ်၊ အမှုလိုက်နေရတဲ့ အင်စပက်တာရီးစ်၊ နည်းမျိုးစုံနဲ့သတင်းရအောင်ယူတဲ့ သတင်း ထောက်တစ်ယောက်၊ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင် ဒေါက်တာ လောင်ရီ၊ ပြည့်တန်ဆာအိမ်က မစ္စလဗီးန်၊ သောမတ်စ်ရဲ့ အထီးကျန်ဇနီးသည် အဲလိဇဘတ်.... သူတို့တွေဟာ ဝွိုက်ချက်ပယ်လ်မှာဖြစ်ပျက်နေတဲ့ သန်းခေါင်ယံလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ၊ အသတ်ခံရသူတွေဟာ ညဉ့်ငှက်မလေးတွေချည်း ဘာလို့ဖြစ်နေရသလဲ၊ တရားခံဘယ်သူဖြစ်မလဲဆိုတာ တကယ်ကို သည်းထိတ် ရင်ဖိုကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လူ့စိတ်ဟာဖောက်ပြန်လာရင် ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာ ဒီကားထဲမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ မှုခင်း/စုံထောက်ဇာတ်လမ်း ကြိုက်သူတွေရော သည်းထိတ်ရင်ဖိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက်ပါ ဒီဇာတ်လမ်းကို ညွှန်းပေးလိုက်ပါတယ်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.0 GB) / (400 MB) / (220 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM

Action • Adventure • Fantasy • Horror • Thriller
6.2 2021 85 mins
Ripper Untold
The Last Days on Mars
5.4

ဇာတ်လမ်းအညွှန်း မားစ်ဂြိုလ်ပေါ်မှာ ရေရှိနိုင်တယ်လို့ ရှာဖွေတွေ့ရှိပြီးပြီဆိုတော့ သက်ရှိတွေရော ရှိနေလောက်မလားလို့ တွေးမိဖူးကြပါသလား… အာကာသစူးစမ်းလေ့လာရေးဇာတ်လမ်းမျိုး ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းလေးကတော့ ဂြိုလ်နီကြီးလို့တင်စားခေါ်ကြတဲ့ မားစ်ဂြိုလ်ပေါ်မှာ သိပ္ပံပညာရှင်တွေရဲ့ စူးစမ်းလေ့လာရေး ၆လ မစ်ရှင်ပြီးတော့မယ့် အချိန်ကနေ အစပြုထားပါတယ်။ သူတို့တွေက မားဂြိုလ်ပေါ်မှာ နမူနာတွေ ရယူ စူးစမ်းလေ့လာနေကြတာပါ။ သူတို့ထဲက မာကိုဆိုတဲ့တစ်ယောက်က သူ့ရဲ့နမူနာစမ်းသပ်ချက်မှာ သက်ရှိလို့ထင်ရတဲ့အရာကို တွေ့ရှိပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ မပြောဘဲ နမူနာတွေ ထပ်ယူဖို့ သူ့ဘာသာ တိုးတိုးတိတ်တိတ် လုပ်နေပါတယ်။ ဒါကို တစ်ခြားအဖွဲ့သားတွေ သိတဲ့အချိန်မှာ လူ့သမိုင်းမှာအကြီးအကျယ်ဆုံး ရှာဖွေ့တွေ့ရှိမှုကြီး ဖြစ်လာမယ့်အရေးမှာ သူတို့ကို အသိမပေးတဲ့ မာကိုကို ဒေါသထွက်ကြတာပေါ့။ ဒါပေမဲ့လည်း နမူနာထပ်ယူဖို့ တွင်းတူးရင်း မြေတွေပြို တွင်းနက်ထဲပြုတ်ကျပြီး မာကိုကတော့ မတော်တဆမှုဖြစ်သွားပါတယ်။ အသက်ရှင်နိုင်သေးဖို့ မဖြစ်နိုင်တော့ပေမယ့် တွင်းထဲ ပြန်ဆင်းရှာတဲ့အချိန်မှာ သူ့ကို မတွေ့ရတော့ပါဘူး။ ဒီအဖြစ်အပျက်ပြီးတော့ သူတို့အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် အသက်အန္တရာယ်ကြုံတွေ့လာရပါတော့တယ်။ အိမ်ပြန်နိုင်မယ့် နောက်ဆုံးနေ့ရက်မှာ သူတို့ ဘာတွေကြုံတွေကြမလဲ၊ အသက်ရှင်လျက် အိမ်ပြန်နိုင်မယ့်သူရော ရှိပါ့မလား၊ စိတ်လှုပ်ရှားပြီး ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ X-men origins ထဲမှာကြည့်ဖူးပြီးသားဖြစ်မယ့် မင်းသားကြီး Liev Schreiberက ဗင်းစင့်ကမ်ဘဲလ်အဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင်Emma ဇာတ်လမ်းတို့လို atonement ၊ amazing grace၊ Becoming Elizabeth တို့လို ဇာတ်လမ်းတွေမှာ ဝတ်စုံကြီးတွေနဲ့ သရုပ်ဆောင်ထားတာကို ကြည့်ဖူးလောက်ကြမယ့် မင်းသမီး Romola Garai က ဒီလို sapce horror ဇာတ်လမ်းမျိုးမှာ လိန်းအဖြစ် ဘယ်လိုသရုပ်ဆောင်ထားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Action • Adventure • Drama • Family
5.4 2013 98 mins
The Last Days on Mars
Vasantha Mullai
8.3

Vasantha Mullai (2023) IMDb 8.3/10 ဒီတစ်​ခေါက်တင်ဆက်​ပေးမှာက​တော့ ထူးဆန်းတဲ့ဟိုတယ်ထဲမှာပိတ်မိနေပြီး လွတ်လမ်းရှာရမဲ့ Psychologicial Thriller Actionဇာတ်ကားဖြစ်တဲ့ Vasantha Mullaiပဲဖြစ်ပါတယ် ရူဒရာ ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်​နေတဲ့ဝန်ထမ်းတစ်​ယောက်က ​ နေ့တိုင်းမအိပ်ဘဲအလုပ်ချည်းဖိလုပ်​နေလွန်းလို့ မကြာခဏသတိ​လစ်​တတ်တဲ့ အလုပ်ရူးတစ်​ယောက်ဖြစ်ပါတယ် သူဒီလိုကြိုးစား​နေရတဲ့အ​ကြောင်းကလည်း သူချစ်ရတဲ့နီလာဆိုတဲ့ မိန်းက​လေးကိုမ​ကြောင့်မကြ​ရွှေ​ပေါ်မြတင်ထားနိုင်ဖို့ပါပဲ ဒါပေမဲ့ ဒီလိုအလုပ်ကြိုးစားပြီးအိပ်ရေးပျက်ရတဲ့ရလဒ်အနေနဲ့ ကျန်းမာရေးမကောင်းဖြစ်လာတော့ အားလပ်ရက်ယူတဲ့အနေနဲ့ နီလာနဲ့အတူခရီးထွက်ခဲ့ကြတယ် လမ်းမှာထူးဆန်းတာတွေကြုံခဲ့ပေမဲ့ သတိမထားမိခဲ့ကြတဲ့သူတို့ ထူးဆန်းတဲ့ဟိုတယ်တစ်ခုဆီရောက်သွားပြီး တစ်ညလုံးကို အသက်ဘေးကနေလွတ်အောင်ပြေးရမဲ့ကိန်းဆီဆိုက်ရောက်လာတဲ့အခါမှာတော့….

8.3 2023 108 mins
Vasantha Mullai
The Silent Forest
5.3

The Silent Forest (2022) ဒီကားရဲ့ Genre က Crime, Drama, History, Mystery, Thriller ပါတဲ့။ ဒီ Genreနဲ့လိုက်အောင်ပဲ ဒီအချက်တွေ အားလုံး ဒီကားမှာပြည့်စုံတယ်ပြောရမယ်။ စစချင်း ခင်ဗျားကို ဒီကားက တောတွင်းတစ်နေရာမှာ ဘာတွေဖြစ်နေလဲမသိတဲ့ သစ်တောဝန်ထမ်းမလေးနဲ့ သစ်တောထဲက လူရဲ့အဖြစ်ကို Mystery ဆန်ဆန်ပြလိမ့်မယ်။ ဒီနောက် ဒီကိစ္စတွေကို Crime ဆန်ဆန် ကောင်မလေးငယ်ငယ်က ဒီတောမှာ ပျောက်သွားတဲ့ ကောင်မလေးအဖေဘာဖြစ်သွားလဲ ကောင်မလေး ခြေရာခံတာတွေလာလိမ့်မယ်။ နောက် မြို့ခံလူတွေကြားက Drama တွေနဲ့ ကောင်မလေးကို ဒီအဖြစ်ရဲ့အဖြေကို မရှာဖြစ်အောင် တားတာတွေက Thriller ဆန်လာမယ်။ နောက်ဆုံးမှာ ဒီကားရဲ့အဖြေကို History ထဲက ဂျာမန်အကျဉ်းစခန်းတစ်ခုနဲ့ ဆက်စပ်ပြီး ပြသွားတယ်။ သူတင်ပြထားတဲ့ အကြောင်းအရာလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို ကားအစအဆုံး သစ်တောကြီးတစ်ခုထဲ ဘာတွေဖြစ်နေလဲ ရင်တမမနဲ့ ကြည့်ရမယ့် ရသစုံကားလေးပါပဲ။ အမှန်ပြောရရင် ဒီဇာတ်လမ်းက သူ့နောက်က သမိုင်းကိုပါ ထည့်ပြောပြရင် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသွားမှာပါ။ ဒါပေမဲ့ Thriller ကားတစ်ကားရဲ့သော့ချက်ကိုက ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားအောင်လုပ်နိုင်ခြင်း (ဝါ) အဖြေကို သိချင်လာအောင်လုပ်နိုင်ခြင်းဖြစ်နေတော့ ဒီသမိုင်းကို ပြောပြလို့တော့ အဆင်မပြေပါဘူး။ ကြည့်ကြည့်ကြပါ… ကြည့်လို့တန်တဲ့ ကားကောင်းလေးပါပဲ။ သို့လောသို့လောဖြစ်နေရင်း တစ်ကားလုံးကို ထိုင်ရာမထ ကြည့်မိအောင် ဆွဲဆောင်နိုင်တဲ့ Thriller ကားဆိုတာတော့ အာမခံလို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 740MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 40Min Genre – Crime, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Romance • Drama
5.3 2022
The Silent Forest
Gwen Shamblin: Starving for Salvation

ဖြစ်ရပ်မှန်‌ဇာတ်လမ်းကို ‌အခြေခံပြီး ရိုက်ကူးထားတဲ့ ဘာသာရေး ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဂွမ်ရှမ်ဗလင်လို့ခေါ်တဲ့ အမျိုးသမီးဟာ ဝိတ်ချနည်း သင်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ သူ့ဝိတ်သူ လိုချင်တဲ့ အနေအထားကို ထိန်းမထားနိုင်ခဲ့ပါဘူး ဒီလိုနဲ့ ဂွမ်ဟာ ဝိတ်ချနည်းကိုရှာဖွေရင်း ဝတ်ပြုရင်း ဝိတ်ချတဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပါတယ် ထိုနည်းလမ်းဟာလည်း တကယ်အောင်မြင်သွားပြီး ဂွမ်ထုတ်ဝေခဲ့တဲ့ စာအုပ်ဟာလည်း အောင်မြင်လာကာ ဂွမ် တစ်ယောက် ဝိတ်ချ ပရိုဂရမ်ကနေ ဘာသာရေး အသင်းတစ်ခုကိုပါ တည်ထောင်လိုက်ပါတော့တယ် ဒီလိုနဲ့ တဖြည်းဖြည်း အကြီး အကျယ် အောင်မြင်လာတဲ့ ဂွမ်တစ်ယောက် အောင်မြင်မှုကို ထိန်းထားနိုင်မလား အောင်မြင်မှုကြောင့် ဘာတွေဖြစ်လာမလဲဆိုတော့ ‌စောင့်ကြည့်ပေးကြပါဦးခင်ဗျာ…….. File size…(1.5 GB)/(670 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

0 2023
Gwen Shamblin: Starving for Salvation
Everything Is Unknown
5.9

Everything is unknown ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဘဝကြီးကို ပြီးဆုံးပြီလို့ ထင်ထားတဲ့ လက်ဝှေ့သမားဟောင်း ဖန်ယိမင် ဟာ ကြိုးဝိုင်းထဲက မတော်တဆတစ်ခုကြောင့် ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်… ဒီမတော်တဆနောက်ပိုင်းမှာ ဖန်ယိမင်ဟာ သူ့ဘဝကို သူ့နည်းသူ့ဟန်နဲ့ အဆုံးသတ်နေရာကနေ တစ်နေ့မှာ သူ့အဖေ သေဆုံးပြီဆိုတဲ့ သတင်းနဲ့အတူ ဘယ်လောက်မှန်းမသိတဲ့ အမွေလွှဲပေးဖို့ စာရွက်စာတမ်းတွေနဲ့ ရှေ့နေတစ်ယောက် ရောက်လာခဲ့တယ်… ဒီလိုနဲ့ ဈာပနပွဲမှာ တစ်ချိန်က လက်လွှတ်ခဲ့ရတဲ့ ရည်းစားဟောင်း လင်းယွဲ့နဲ့အတူ ၇ နှစ် ၈ နှစ်အရွယ် သမီးလေးကို မြင်တွေ့လိုက်ရပြီးနောက် ဖန်ယိမင် အသေအချာကို ယုံကြည်ခဲ့တယ်… လင်းယွဲ့လက်ကို ကိုင်ထားတဲ့ မုဇီ ဟာ သူ့သမီးလေးလို့ပေါ့… ကံကောင်းစွာနဲ့ ကလေးကလည်း သူ့အပေါ် တွယ်တာတာ မြင်ရတာမို့ ခဏလေးနဲ့ ရင်းနှီးခဲ့တယ်… ဒါပေမယ့် ကလေးက ရောဂါသည်လေးမို့ ခွဲစိတ်ဖို့ သိန်း ၂၀ လိုတယ်ဆိုပြီး လင်းယွဲ့က ပြောပြတာမို့ ဖန်ယိမင်တစ်ယောက် လို နေတဲ့ ပိုက်ဆံကို အမွေထဲက ပေးဖို့ ဆုံးဖြတ်ထားတယ်… ဒီလို ဆုံးဖြတ်တဲ့ထဲမှာ လင်းယွဲ့တို့ လင်မယား မသင့်မြတ်ကြဘူးဆိုတဲ့ သတင်းကြောင့်လည်း ပါကောင်းပါမှာပေါ့… ကဲ ဇာတ်လမ်းလေးက ဒီလောက်ရိုးရှင်းတာလား… ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် ရည်းစားဟောင်းက ပေါ်လာပြီး သိန်း ၂၀ လိုချင်ရတာလဲ… ကလေးလေးကရော ဘာရောဂါဖြစ်နေတာလဲ… ဘာက အမှန် ဘာက အမှားလဲဆိုတာ ဇာတ်လမ်းလေးကြည့်ပြီး ကိုယ်တိုင်ဆုံးဖြတ်လိုက်ကြပါတော့….

5.9 2023
Everything Is Unknown
Silent Witness
7

တရုတ်ရုပ်ရှင်လည်း ကြည့်ချင်တယ် ဂျင်းမိမှာလည်း ကြောက်တဲ့ CM ပရိသတ်ကြီးတို့ကို ဂျင်းမဟုတ်တဲ့ တကယ်ဇာတ်ကားကောင်းနဲ့ မိတ်ဆက်ပေးပါဦးမယ်။ Silent Witness လို့ခေါ်တဲ့ ဒီရုပ်ရှင်က ၂၀၁၃ ခုနှစ်က ထွက်ခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေအဖြစ် Aaron Kwok, Sun Honglei, Yu Nan နဲ့ Ji Zihan တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ လင်းမုန့်မုန့်ဆိုတဲ့ အသက် ၂၀ အရွယ် ကောင်မလေးက အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင် လင်းထိုက်ရဲ့သမီးဖြစ်သူပါ။ လင်းထိုက်က ဇနီးဖြစ်သူ ဆုံးသွားပြီး ၆ နှစ်အကြာမှာ နာမည်ကျော်အဆိုတော် ယန်းသန်းနဲ့ မေတ္တာမျှခဲ့ကြတယ်။ တစ်နေ့မှာ ယန်းသန်းက နာမည်ကြီးမင်းသားတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို မီဒီယာတွေက ဖော်ထုတ်ခဲ့ပါတယ်။ သတင်းထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာမှာပဲ ယန်းသန်းက ကားနဲ့တိုက်အသတ်ခံခဲ့ရပါတယ်။ သံသယတရားခံကတော့ လင်းမုန့်မုန့် ဖြစ်နေခဲ့တယ်။ ဒီအမှုကို တရားလိုရှေ့နေအဖြစ် ဆောင်ရွက်သူက ထုန်ထောက်လို့ခေါ်တဲ့ နာမည်ကြီး အစိုးရရှေ့နေပါ။ သူက လင်းထိုက်ကို အပြစ်ရှာဖို့ ၁၀ နှစ်ကျော် ကြိုးစားနေခဲ့တဲ့ ရှေ့နေဆိုလည်း မမှားပါဘူး။ တစ်ဖက်မှာလည်း လင်းထိုက်က ဒီအမှုအတွက် တရုတ်ပြည်ရဲ့ ဈေးအကြီးဆုံး ရှေ့နေဖြစ်သူ ကျိုးလိကို ငှားထားခဲ့ပါတယ်။ နာမည်ကြီးရှေ့နေနှစ်ယောက် အမှုကို အပြိုင်ဖြေရှင်းကြမှာပေါ့နော်။ ဆိုတော့ ဒီရှေ့နေနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသွားမလဲ၊ အသက် ၂၀ ပဲရှိသေးတဲ့ လင်းမုန့်မုန့်ကရော တကယ်ပဲ လူသတ်တရားခံလား၊ ဒီအမှုက လူတွေထင်ထားသလို ရိုးရှင်းလား၊ နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါ။ ဘာသာပြန်သူကိုယ်တိုင်လည်း ဒီဇာတ်ကားလေးကို တကယ် သဘောကျမိပါတယ်။ အမှုတစ်ခုတည်းကို လှည့်ကွက်ပေါင်းများစွာနဲ့ ဟာခနဲ ဟင်ခနဲဖြစ်အောင် ရိုက်ပြသွားသလို လူသတ်သမားက ဟိုလူလား ဒီလူလားဆိုပြီး ခန့်မှန်းရတာမလို့ ရင်လည်းခုန်ရပါတယ်။ အချိန်ကုန်ခံရကျိုးနပ်စေမယ့် ရုပ်ရှင်တစ်ကားလို့ မြင်မိတာမလို့ အားလုံးကြည့်ကြဖို့ recommend ပေးလိုက်ပါတယ်။ File size… 3.3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Drama, Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Comedy
7 2013
Silent Witness
Operation Laila
7.5

Operation Laila (2024)”လိုင်လာအော်ပရေးရှင်း” ================================== Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ တမီလ်စကားပြော မှုခင်း ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ဂိုဏ်းတစ်ခုကိုတောင် တစ်ယောက်တည်းဖြိုနိုင်တဲ့ ရဲအရာရှိဆူရိယဟာ မူဒရိုင်မြို့ကို တာဝန်နဲ့ပြောင်းလာခဲ့ပါတယ်။ သူ့ရဲ့ အမွှာညီကိုဖြစ်သူ ရာဗီကတော့ ကျောင်းတစ်ကျောင်းရဲ့ ကာယဆရာဖြစ်ပြီး အန်ဂျလီဆိုတဲ့ ဆရာမလေးကို တိတ်တခိုးကြိတ်ပိုးနေသူပါ။ တစ်နေ့တော့ ရာဗီတို့ကျောင်းမှာ သရဲခြောက် အပမှီတာတွေဖြစ်ပြီး ကျောင်းသားတွေ၊ ဆရာတွေ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ သရဲခြောက်ခံရတဲ့သူတွေပြောစကားအရ သရဲမရဲ့နာမည်က လိုင်လာလို့သိရပြီး အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဆူရိယနဲ့ ရာဗီတို့ညီအစ်ကိုနှစ်ယောက်ဦးဆောင်တဲ့ လိုင်လာစစ်ဆင်ရေးကြီး ပေါ်ပေါက်လာပါတော့တယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.5 2024 124 mins
Operation Laila
Damaged

Damaged (2024) မင်းသားကြီး Samuel L. Jackson ရဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ Action, Thriller, Crime ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ တကယ်လို့ သင်ဟာ rating တွေကို သိပ်ဂရုမစိုက်တတ်ဘူး ကိုယ့်ဘာသာကိုယ် ကြည့်ပြီးမှ ဆုံးဖြတ်ရတာကို ကြိုက်တယ်ဆိုရင် ဒီကားကို ကိုယ်တိုင် ကြည့်ပြီး ဆုံးဖြတ်လိုက်ပါ။ ကျွန်တော့်အမြင်မှာလည်း rating တွေ နည်းနေတာ မတန်သလိုမျိုး ခံစားရလို့ပါ။ ရုပ်ရှင်ဟာ သူ့ဇာတ်လမ်းဇာတ်ကွက်နဲ့ ထိုက်သင့်သလောက်ကောင်းမွန်တာမို့ပါ။ ကျွန်တော့် အမြင်ဖြစ်တာမို့ မှားကောင်းမှားနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီကာဂိုမှာ လူ ၅ ယောက်ကို သတ်ပြီး ခန္ဓာကိုယ်တွေ ဖြတ်တောက်ပြီး ဘာသာရေးဆိုင်ရာ သင်္ကေတတွေ ထားခဲ့တဲ့ ကွင်းဆက်လူသတ်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တရားခံကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း မရှိပါဘူး။ နောက် ၅ နှစ်အကြာ စကော့တလန်မှာ အဆိုပါကွင်းဆက်လူသတ်မှုနဲ့ ဆင်တူတဲ့ ပုံစံမျိုးနဲ့ ကောင်မလေး နှစ်ယောက် အသတ်ခံရတဲ့အမှု ဖြစ်လာပါတော့တယ်။ လောဆန်ဟာ ချီကာဂိုရဲဌာနက ဖြစ်ပြီး အဆိုပါ ကွင်းဆက် လူသတ်မှုကို ကိုင်ခဲ့တဲ့ စုံထောက်ပါ။ အသတ်ခံလိုက်ရတဲ့သူထဲမှာ သူ့ရည်းစားလည်း အပါအဝင်မို့လို့ လူသတ်သမားကို အရမ်းဖမ်းချင်နေတဲ့သူပါ။ အဲဒါနဲ့ စကော့တလန် ရဲဌာနလည်း ချီကာဂို ရဲဌာနကို အမှုအတွက် ဆက်သွယ်ပြီး အကူအညီတောင်းတာမို့ အမှုအတွက် ကူညီပေးဖို့ လောဆန်ကို လွှတ်လိုက်ပါတယ်။ လောဆန်နဲ့ စကော့တလန်ရဲဌာနတို့ လူသတ်သမားကို ဖော်ထုတ်နိုင်မလား၊ ချီကာဂိုနဲ့ စကော့တလန်ကလူသတ်မှုတွေ ဘယ်လိုဆက်စပ်နေမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်ကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Thriller Quality…. 1080p | 720p File size… 1.3GB | 685MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

0 2024
Damaged
Rathnam
8.4

Rathnam 2024 (ပတ္တမြားမှန် နွံမနစ် ) ******************************* မူရင်းအသံ Tamilဗားရှင်းပြန်လည် UPDATEပေးထားပါပြီ ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထွက် တမီးလ်ဘာသာစကားပြော အက်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ IMDb rating အနေနဲ့ကတော့ 8.4 အထိတောင် ရရှိထားလို အတော်လေး ကြည့်လို့ကောင်းမှာကတော့ အသေအချာပါပဲ။ ဒီဇာတ်ကားကို ဒါရိုက်တာ Hari ကနေ ရိုက်ကူးထားပြီးတော့ 2023 ခုနှစ်က ထွက်ရှိထားတဲ့ Mark Antony ဇာတ်ကားမှ မင်းသားချော Vishal မှလည်း ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အားလုံးရဲ့ အချစ်တော် ဟာသသရုပ်ဆောင် Yogi Babu ကလည်း ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်ကားအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ရာသ်နမ်ဆိုတဲ့ လူဟာ MLA ပါနီးရ်ဆယ်လ်ဗမ်ရဲ့ လက်အောက်မှာ လက်မရွံနောက်လိုက်တစ်ယောက်အနေနဲ့ အလုပ်လုပ်ရင်း ဇာတ်ကားရဲ့ အစ‌မှာတော့ အန်ဒရာ-တမီးလ်နာဒူနယ်စပ်မှာ အကြီးစားဓားပြတိုက်မှုတစ်ခုနဲ့ စတင်ခဲ့ပါတယ်။ နာမည်ကြီး မင်းသမီးချော Priya Bhavani Shankar သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်မိန်းကလေးမာလီဂါဟာ အင်တာဗျူးဖြေဖို့ ဗဲလ်လောရ်ကို လာတဲ့အချိန်မှာတော့ ရာသ်နမ်နဲ့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီမိန်းကလေးရဲ့ မိသားစုပိုင်ဆိုင်တဲ့မြေယာ ကိစ္စနဲ့ပတ်သက်တဲ့ အငြင်းပွားစရာတွေ ဖြစ်လာသလို သူမဟာလည်း အန်ဒရာအခြေစိုက်ကြေးစားဂိုဏ်တစ်ခုရဲ့ ပစ်မှတ်ဖြစ်လာပါတော့တယ်။ အဲဒါကြောင့် သူမကို သတ်ပစ်ဖို့ ကြိုးစားကြတဲ့အချိန်မှာ ရာသ်နမ်က ဝင်ကယ်ရင်း ရာသ်နမ်တစ်ယောက် မာလီဂါရဲ့ သက်တော်စောင့် သဘောမျိုးဖြစ်လာသလို ကိစ္စမျိုးစုံကြုံတွေ့ရင်း ဇာတ်လမ်း ဇာတ်ကွက်တွေ ရှုပ်ထွေးလာတာကို တွေ့မြင်ရမှာပါ။ တကယ်ပဲ ရာသ်နမ်တစ်ယောက် မာလီဂါကို ကြာကြာကာကွယ်နိုင်ပါ့မလား ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ )

8.4 2024 159 mins
Rathnam
The Listener
6

၂၀၂၄ မတ်လမှာအသစ်ထွက်ရှိထားတဲ့ The Listener ရုပ်ရှင်ဟာ Drama အမျိုးအစားဖြစ်ပေမယ့် သည်းထိတ်ရင်ဖို ခံစားချက်ကိုလည်းခံစားရမှာဖြစ်ပါတယ်။ ဒါရိုက်တာ Steve Buscemi ကရိုက်ကူးထားပြီး တစ်ကားလုံးကို ဘတ်သ်အဖြစ်သရုပ်ဆောင်တဲ့မင်းသမီး Tessa Thompson တစ်ယောက်တည်းနဲ့ရိုက်ကူးထားတာပါ။ ဘတ်သ်ဟာ ညတိုင်းအမေရိကန်တစ်နိုင်ငံလုံးရဲ့နေရာအနှံ့က ဖုန်းတွေကိုလက်ခံဖြေကြားပေးရတဲ့ အကူအညီဖုန်းလိုင်း တစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ အထီးကျန်တဲ့လူတွေ၊ မျှော်လင့်ချက်ကင်းမဲ့နေသူတွေ အစရှိသဖြင့်လူပေါင်းမျိုးစုံဆီကဖုန်းတွေကို နားထောင်ပေးပြီး သူတို့လိုအပ်တဲ့အကြံဉာဏ်တွေကို ဘတ်သ်က ပြန်ပေးလေ့ ရှိပါတယ်။ ဇာတ်ကားကတော့ ကိုရိုနာပြီးခါစအချိန်ကိုအခြေခံ ထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်ဟာ ဖုန်းခေါ်သူတွေအပြည့်နဲ့ ဘတ်သ်အတွက် ပင်ပန်းခဲ့တဲ့နှစ်ဖြစ်လို့ ဘတ်သ်ဟာ စေတနာ့ ဝန်ထမ်းအဖြစ်လုပ်ကိုင်မှုကနေ အနားယူတော့မှာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်အစကနေအဆုံးအထိ ဘတ်သ်ရဲ့ ဖုန်းခေါ်ဆိုမှုတစ်ညတာကိုရိုက်ကူးပြထားပြီး ဖုန်းတစ်လုံးနဲ့ ဘတ်သ်ရဲ့ဇာတ်ဝင်ခန်းတွေသာပါဝင်ပေမယ့် လူပေါင်းမျိုးစုံ ဖုန်းဆက်ကြတဲ့အထဲမှာ ဘတ်စ်က တစ်စုံတစ်ယောက်ကို ကယ်တင်နိုင်မှာလား။ တစ်စုံတစ်ယောက်ရဲ့အသက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရမှာလား ဆိုတာ ရင်ဖိုစွာစောင့်မျှော်ကြည့်ရှု့ရမှာဖြစ်ပါတယ်။ တခြားလူတွေရဲ့ဘ၀တွေကိုအကြံပေးဖုန်းပြောဆိုမှုတွေကနေ ဘတ်သ်ကိုယ်တိုင်ရဲ့ဇာတ်ကြောင်းကိုပါ ဖြည်းဖြည်းချင်း ဖော်ထုတ်သွားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဖုန်းတစ်လုံးနဲ့နှိမ့်သိမ့်ပေးနေတဲ့ လူတကာပြောတာတွေနားထောင်ပေးနေတဲ့၊ လူတွေနဲ့ ဆက်သွယ်စကားပြောနေတဲ့ဘတ်သ်နဲ့အတူ ရုပ်ရှင်ကို လိုက်ပါစီးမျောခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size…818MB / 314MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2024 96 mins
The Listener
Kissufim
5.3

ဇာတ်လမ်းအညွှန်းမရေးခင်မှာ ပထမဦးဆုံးအနေနဲပြောချင်တာကတော့ ဒီဇာတ်လမ်းလေးဟာ ၂၀၂၃ အောက်တိုဘာ ၇ ရက် အစ္စရေးတောင်ဘက်ပိုင်း ကစ်ဘုဒ်စ်မှာဖြစ်ပွါးခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုအတွက် ရည်ညွှန်းထားခြင်းဖြစ်ပြီး အဲလီဆိုတဲ့အမျိုးသမီးဇာတ်ကောင်ကတော့ အဲလီယန်ဂဇစ်(Elian Gazit)ဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ဖြစ်ရပ်မှန်ကို အခြခံထားခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လူငယ်အမျိုးသား အမျိုးသမီးတစ်ဖွဲ့ဟာ သူတို့တာဝန်ရဲ့နောက်ဆုံးအဆင့်အနေနဲ့ ကစ်ဘုဒ်စ်ဆိုတဲ့နေရာလေးတစ်ခုမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ အစ္စရေးတပ်သားဟောင်းများသာမက အနယ်နယ်အရပ်ရပ်မှ လုပ်အားပေးများလည်း လာရောက်ကူညီကြပါတယ်။ မငြိမ်သက်မှုတွေကြားမှ လူငယ်တွေရဲ့အပျော်ရှာဖွေမှု ၊အချစ်ဇာတ်လမ်းတွေ ၊ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(840 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:28:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5.3 2023
Kissufim
His Three Daughters
7.3

ဒီတစ်ခေါက် cm ကနေတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အားလုံးရဲ့အချစ်တော် မမ Elizabeth Olsen ပါဝင်သရုပ်ဆောင်ထားတဲ့ His Three Daughters ဆိုတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ညီအစ်မသုံးယောက်နေရာမှာ အကြီးဆုံးအစ်မ ကေတီအဖြစ် မင်းသမီး Carrie Coon၊ အလတ်ညီမ ခရစ္စတီးနားအဖြစ် Elizabeth Olsen၊ အငယ်ဆုံးညီမ ရေချယ်အဖြစ် Natasha Lyonneတို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ကေတီ၊ ခရစ္စတီးနားနဲ့ ရေချယ်တို့ရဲ့ဖခင် ဗင်းဆင့်ဟာ ကင်ဆာရောဂါကြောင့် ဘဝတစ်ပါးကို ကူးပြောင်းခါနီး အခြေအနေကို‌ရောက်လို့နေပါတယ်။ အဲဒါကြောင့်ပဲ သူတို့ညီအစ်မသုံးယောက်ဟာ ဖခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်အတွက် ပြင်ဆင်ရင်း အနီးကပ်လာစောင့်ရှောက်ကြပုံကို ဇာတ်အိမ်တည်ရိုက်ကူး ထားတဲ့ Family/Drama ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့လူ မကြာခင်ထွက်သွားတော့မှာကို သိသိလျက်ကြီးနဲ့ ဘေးနားထိုင် ကြည့်နေရပြီး ပူဆွေးသောကရောက်နေရတာဟာ ဘယ်လောက်ဆိုးရွားလဲ ဆိုတာ ကြုံဖူးသူတွေဆို သိပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာလည်း တစ်ယောက်တစ်နေရာစီနေထိုင်ကြတဲ့ ညီအစ်မ သုံးယောက်ဟာ ဖခင်ရဲ့နောက်ဆုံးထွက်သက်ကို စောင့်ဆိုင်းရင်း စိတ်ဖိစီးမှုတွေ ပူပန်သောကရောက်မှုတွေ အကြား အချင်းချင်း ပဍိပက္ခဖြစ်ကြရပုံတွေ၊ စိတ်သဘောထားချင်းမတိုက်ဆိုင်ကြပုံတွေကို ပုံဖော်ရိုက်ကူးပြထားပါတယ်။ Family/Drama ဖြစ်တဲ့အလျှောက် ဇာတ်လမ်းအေးပြီး တစ်နေ့လူတိုင်းကြုံ လာရနိုင်မဲ့ အခြေအနေတစ်ခုကို အရှိတိုင်းရိုက်ပြထားတဲ့အတွက်ကြောင့် သဘာဝဆန်ဆန်နဲ့ ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမွန်းကြပ်နေတဲ့ခံစားချက်တွေကိုပါ ကူးစက်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း အပိုအလိုလုံးဝမရှိအောင်သရုပ်ဆောင်သွားနိုင်တဲ့ အတွက် ရုပ်ရှင်ဟာတကယ် လက်တွေ့ဆန်လွန်းလှပါတယ်။ အကျင့်စရိုက်တွေ၊ စိတ်နေစိတ်ထားတွေ လုံးဝမတူညီကြတဲ့ ညီအစ်မသုံးယောက်အနေနဲ့ သူတို့ဘဝရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.62GB / 697MB Quality…NF WEB-DL 1080p HEVC 5.1CH / 720p Format…mkv / mp4 Duration….1h 41m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7.3 2024
His Three Daughters
One Piece Film: GOLD
7.1

One Piece Film: Gold (2016) ———————————– IMDB – 7.1/10, MyAnimeList – 7.8/10 One Piece Movies တွေထဲမှာ ၁၃ ကားမြောက်ဖြစ်ပြီး Runtime အရှည်ဆုံး ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းသဘောအရတော့ Dressrosa Arc အပြီးကာလဝန်းကျင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုနေနေပါ Movie တွေအကုန်လုံးက Non-canon ဖြစ်တဲ့အတွက် အေးဆေးကြည့်လို့ရပါတယ်။ Non-canon ဆိုလို့ အထင်တော့ မသေးလိုက်နဲ့ဗျာ ဇာတ်လမ်းဇာတ်အိမ်ကလည်း မိုက်တဲ့အပြင် Villain ကောင်တွေကလည်း Awaken ဖြစ်နေပြီးသား ဆရာကြီးဆိုတော့ အသေအကျေ တိုက်ခိုက်တာတွေ ကြည့်ရဖို့သာ ပြင်ထား။ ဒီကားမှာ တစ်ခုသဘောကျမိတာလေးက ခါတိုင်းလို သာမန် Adventure အပြင် Ocean Eleven တို့လို Money Heist တာလေးတွေ MI ရုပ်ရှင်တွေလို ပလန်လေးတွေချ အဖွဲ့ကိုယ်စီ Mission လုပ်တာလေးတွေက တော်တော်မိုက်တယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆရာ Luffy တို့ တစ်သိုက် ကမ္ဘာ့နံပါတ် ၁ ဖျော်ဖြေရေးဆိုတဲ့ ဧရာမ Gran Tesoro ဆိုတဲ့ကျွန်းပေါ်ကို ရောက်လာရာက စတယ်။ တစ်ကျွန်းလုံးက တကယ်တမ်း ဧရာမသင်္ဘောကြီးတစ်ခု နောက်ပြီး အကုန်လုံးကို ရွှေတွေနဲ့ ဖန်တီးပြုလုပ်ထားတာ။ ထုံးစံအတိုင်း အသစ်အဆန်းဆို မျက်လုံးတွေ အရောင်တောက်ပြီး ဘာကိုမှ မမြင်တော့တဲ့ ဆရာသမားတွေကို ကျွန်းပေါ်က ပိုင်ရှင်အဖွဲ့ကနေ VIP ဧည့်သည်တွေပါ ဧည့်ခံပါမယ် ငွေတွေလည်း ချေးပါမယ်ဆိုပြီး ကာစီနိုတွေ လောင်းကစားတွေ ကစားခိုင်းရာကနေ ငလူဖီတို့အုပ်လိုက် ခွေးဖြစ်ကြမှာရယ်။ နောက်ကွယ်က ကျွန်းပိုင်ရှင်က ဘယ်သူလဲ၊ တကယ့်အဖြစ်မှန်တွေကရော ဘာလဲ၊ ကမ္ဘာ့အစိုးရနဲ့ရော ဘယ်လိုတွေပတ်သက်ပြီး ဘယ်လိုအကွက်တွေရွှေ့နေတာကို Luffy တို့နဲ့ တွေ့မှ ဘာသောက်တလွဲတွေဖြစ်ပြီး ရေကုန်ရေခမ်း တိုက်ခိုက်ရတဲ့အထိ ဖြစ်လာမလဲဆိုတာကို Nami ရဲ့ ဉာဏ်ကစားမှုတွေ အသားပေးပြီး Twist ကလေးတွေနဲ့ တဖြည်းဖြည်း ဆွဲခေါ်သွားလို့ ၂ နာရီကုန်လို့ကုန်မှန်းတောင် မသိလိုက်ရမယ့် OP တစ်ကား ဖြစ်လို့ မကြည့်ရသေးရင် အပြေးကြည့်လိုက်ကြပါဦးလို့…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 2 GB / 1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 04m Genre ….. Animation, Adventure, Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Comedy
7.1 2016 120 mins
One Piece Film: GOLD