YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sinderella.2006.720i.BluRay.Remux.DDP5.1.CM.mp4

597.96 MB 720p video/mp4 366 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Three Thousand Years of Longing
7

ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy နဲ့များ မှားသွားလား ပြန်မေးယူရတာပါပဲ။ ဇာတ်ကတော့ အလစ်သီယာလို့ ခေါ်တဲ့မိန်းမတစ်ယောက်က ဖန်ပုလင်းတစ်ခု ဝယ်တာကနေ စတာပါပဲ။ အထဲက အာလာဒင်ရဲ့ မီးခွက်စောင့် ဘီလူးလို ဂျင်တစ်ကောင် ထွက်လာပြီး သူ့ကိုဆုတောင်း၃ခုဖြည့်ပေးမယ်ပြောတယ်။ ဒါပေမဲ့ ဆော်လမုန်က ဂျင်ဟာ သူ့ဆန္ဒ ထုတ်ပြမိလို့ ဖန်ပုလင်းထဲ ပိတ်ထားခဲ့တာဆိုတော့ သူဖြည့်ပေးရမယ့်ဆုသုံးခုက ဆုတောင်းတဲ့သူ အသည်းထဲကနေ နှစ်နှစ်ကာကာ တကယ်လိုချင်တဲ့ဆုဖြစ်ရပါမယ်။ အဲဒီလိုဆုမဟုတ်ရင် သူမလွတ်နိုင်ပါဘူး။ ဒီလိုနဲ့ဂျင်နဲ့ အလစ်သီယာဟာ အလစ်သီယာ ဘာလိုချင်တာလဲ သိရဖို့ စကားတွေထိုင်ပြောကြရင်း ဂျင်ကလည်း အလစ်သီယာကို သူ့အခြေအနေကို နားလည်အောင် သူ သုံးကြိမ်သုံးခါပိတ်လှောင်ခံထားခဲ့ရတဲ့ နှစ်ပေါင်းသုံးထောင်အကြောင်း ပြန်ပြောကြရင်း သူတို့၂ယောက်ကြားက ကွက်လပ်ကို အဖြေရှာကြမှာပါ။ ဘယ်လိုဆုမျိုးတောင်းမလဲကတော့ ခင်ဗျားလည်း ထင်မိမှာမဟုတ်ပါဘူး။ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းထဲမှာ အလစ်သီယာက ပုံပြင်တွေဇာတ်လမ်းတွေကို လေ့လာတဲ့သူပါ။ သူက ဆုတောင်းတာရဲ့ အန္တရာယ်များတဲ့အကြောင်းတွေ အကုန်လုံးသိထားတယ်။ ဟိုကြားဖူးနေကျ လှေပေါ်သောင်တင်နေရာက ရှေ့ကဆုတောင်းပြီး လစ်သွားတဲ့ ၂ကောင်ကို တတိယကောင်က ကျွန်တော့်သူငယ်ချင်းတွေကို လွမ်းတယ်ဆိုပြီး ပြန်ခေါ်ခိုင်းတဲ့ ဇာတ်လမ်းကိုတောင် ထည့်ပြောထားပါတယ်။ ဆုတောင်းမတော်ရင် ဖြစ်တတ်တဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည်ထားတဲ့သူက ဆုကိုသတိထားပြီးတောင်းတာကို ပြထားတာက မိုက်ပါတယ်။ ဒီကားကြည့်ရတာ အာလာဒင်လိုကားမျိုးဖြစ်မလားထင်ခဲ့ပေမဲ့ တက်တက်စင်အောင်လွဲပြီး အနီးစပ်ဆုံးတူတဲ့ ဥပမာပေးရရင် The Man from Earth ကားနဲ့တူပါတယ်။ စကားပဲထိုင်များနေပေမဲ့လည်း သူက သိပ်တော့မပျင်းရအောင် (တကယ်ဆို စကားတွေက ပျင်းစရာလည်းမရှိပါဘူး) ဆော်လမုန်နဲ့ရှီဘာတို့လို စိတ်ဝင်စားစရာ ဒဏ္ဍာရီလာဇာတ်ကြောင်းတွေကို ညှပ်ညှပ်ပြီး စိတ်ကူးယဉ်ဆန်ဆန်လည်း ပြသွားတော့ အပျော်ကြည့်ကားဘက်ကို သိပ်မရောက်ဘဲ ဒိနေပေမဲ့လည်း ကြည့်လည်းပျော်ပါတယ်။ ဒီဇာတ်လမ်းဟာ သူ့နာမည် Three Thousand Years of Longing လို့တဲ့အတိုင်းပဲ ဆန္ဒတွေ အချစ်တွေအကြောင်းကိုပိုဦးတည်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းကို အစအဆုံးကြည့်မိရင် သေချာတာတော့ အဆုံးကျရင် ဒီဇာတ်လမ်းကို ခင်ဗျားချစ်မိမှာပါပဲ။ ကြည့်ဖူးသမျှ မီးခွက်စောင့်ဘီလူးကားထဲတော့ အကောင်းဆုံးကားလို့ပြောလည်း မလွန်တော့မလွန်ပါဘူး။ ကောင်းလည်းကောင်း၊ ဆန်းလည်းဆန်းတဲ့ ကားမျိုးကြည့်ချင်ရင်တော့ ကွက်တိပါပဲ။ ဒီရုပ်ရှင် ဘယ်လိုရုပ်ရှင်မျိုးလဲ ပြောရရင် စိတ်ရောဂါကုဆရာဝန်နဲ့ လူနာစကားပြောနေတာကို ထိုင်ကြည့်နေရသလို ရုပ်ရှင်မျိုးပေါ့။ မတူတာကတော့ အခုဒီမှာ ကျွန်တော်တို့ ကြည့်ရမှာက ရူးနေတဲ့ စိတ်ရောဂါကုဆရာဝန်တွေနှစ်ယောက် စကားထိုင်ပြောတာကို ထိုင်ကြည့်နေရတဲ့ ဖီလင်မျိုးပေးပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.3GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 48Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Romance
7 2022 108 mins
Three Thousand Years of Longing
Super Machi
9

အိန္ဒိယအက်ရှင်ကားတွေကို ငြီးငွေ့ပြီးတော့ ပေါ့ပေါ့ပါးပါးကားလေးတွေကို ကြည့်ရှုချင်လာပြီဆိုရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယကားတွေ တော်ကီကြွယ်ရင် တခြားဘယ်နိုင်ငံကားမှ လိုက်မမီဘူးဆိုတာ အားလုံးအသိပါပဲ။ ဒီ Super Machi movie လေးမှာလည်း အဓိကဇာတ်ဆောင်တွေအပြင် အရန်ဇာတ်ဆောင်တွေကပါ တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်ပြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီ Infosys မှာ အလုပ်လုပ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာမလေး မီနာရှီတစ်ယောက်... ဘားမှာ အဆိုတော်အဖြစ်အလုပ်လုပ်ပြီး သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတတ်တဲ့ သာမညကောင်လေးရာဂျူးကို ချစ်မိသွားလေတော့... ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး presentation ကိုတောင် လက်လွှတ်ပြီး ရာဂျူးရှိရာနေရာကိုသွား၊ ရာဂျူးနောက်ပဲ တကောက်ကောက် လိုက်နေခဲ့ပါတယ်။ ရာဂျူးကလည်း အခုမှ တွေ့ဖူးပြီး ဘယ်သူမှန်းမသိ ဘာကြောင့်မှန်းမသိ မိန်းကလေးတစ်ယောက် ကိုယ့်ကိုဖွင့်ပြောတဲ့အခါ လက်မခံဘဲ ငြင်းဆိုပစ်လိုက်ပါတယ်။ စကားနဲ့ ငြင်းဆိုရုံတင်မရလို့ အမျိုးမျိုးဒုက္ခပေးပြီး ငြင်းဆိုပေမဲ့ ကောင်မလေးကတော့ တကောက်ကောက်ဆက်လိုက်နေတုန်းပါပဲ (အားကျကုန်လော့)။ ကောင်မလေးမီနာရှီကို တစ်ဖက်သတ်သဘောကျနေသူကလည်း ရှိနေပြန်တော့ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေပါ ဖြစ်လာပါလေရော။ ဒါပေမဲ့ အောင်မြင်နေတဲ့သူ မီနာရှီက ဘာမဟုတ်တဲ့ သာမညကောင်လေးရာဂျူးကို ရူးရူးမူးမူး လိုက်နေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာဖြစ်မလဲ။ ရာဂျူးကရော ခါးခါးသီးသီး ငြင်းဆိုနေတဲ့နောက်ကွယ်မှာ အကြောင်းအရင်းများရှိမလား။ သုံးပွင့်ဆိုင် ဇာတ်လမ်းကရော ဘာဆက်ဖြစ်မလဲ။ Romantic comedy-drama လေးဖြစ်ပြီးတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Kalyaan Dhev နဲ့ Rachita Ram အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb 9.2/10 အထိ ရရှိထားပြီး တော်ကီအလန်းစားတွေ တွေ့ရမှာဖြစ်လို့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါလို့ ညွှန်းဆိုပါရစေနော်။ File size…2.8GB / 1.5GB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Myo Myo Htet & Lai Laii

Horror • Thriller
9 2022 132 mins
Super Machi
The Little Mermaid
6.3

The Little Mermaid (2023) ဒစ္စနေးရဲ့ နောက်ဆုံးထွက် ကာတွန်းကနေ လူရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ ရေသူမလေး လာပါပြီ။ လူမည်းမင်းသမီးသုံးတဲ့အတွက် မျိုးစုံဝေဖန်ခံနေရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ လူမျိုးရေးကြောင့်မဟုတ်ဘဲ မူရင်းဇာတ်ကောင်တွေကို အတင်းလူမည်းပြောင်းတဲ့အတွက်ပါ။ ထောက်ခံသူတွေ ကြိုက်သူတွေလည်း ရှိကြပါတယ်။ ကိုယ်တိုင်ကြည့်ကြည့်လိုက်ကြတာ ကောင်းပါတယ်။ ဇာတ်လမ်းကတော့ မူရင်းကာတွန်းပုံပြင်အတိုင်းပါပဲ။ ပင်လယ်ဘုရင်ကြီးရဲ့အငယ်ဆုံးသမီးလေး သတ္တမမြောက်သမီးတော် ရေသူမလေး အယ်ရီရယ်ဟာ လူသားကမ္ဘာကို အရမ်းစိတ်ဝင်စားနေသူပါ။ ဒါကြောင့် သင်္ဘောပျက်တွေထဲမှာ လူသားပစ္စည်းတွေကိုရှာပြီး အမြဲ စုထားတတ် စပ်စုတတ်တဲ့သူပါ။ တစ်နေ့မှာတော့ လှေမှောက်ပြီး ရေထဲနစ်လာတဲ့ မင်းသားလေးအဲရစ်ကို ကယ်ရင်းနဲ့ ချစ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ရေဘုရင်ကြီးက ကုန်းပေါ်ကို သွားဖို့ တားမြစ်ထားတာကြောင့် အခက်တွေ့နေပါတယ်။ အဲဒီအချိန်မှာပဲ ရေဘုရင်ကြီးရဲ့ ညီမ ပင်လယ်စုန်းမ အာဆူလာက အယ်ရီရယ်နဲ့အပေးအယူလုပ်လိုက်ပါတယ်။ အယ်ရီရယ့်ကို လူအဖြစ်ဖန်ဆင်းပေးပြီး သုံးရက်အတွင်း မင်းသားလေးနဲ့ အချစ်စစ်အနမ်းရခဲ့ရင် လူအဖြစ် အမြဲနေရမှာဖြစ်ပြီးမရခဲ့ရင်တော့ အယ်ရီရယ်ရဲ့ အရမ်းလှတဲ့အသံကို သိမ်းပိုက်ပြီး အယ်ရီရယ်ကိုပါ ကျွန်အဖြစ် အပိုင်ရမှာဖြစ်ပါတယ်။ ဒီတော့ အယ်ရီရယ်နဲ့မင်းသားလေးတွေဘာဆက်ဖြစ်မလဲ စုန်းမကြီးအာဆူလာကရောဘယ်လိုနှောင့်ယှက်မလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။

Drama
6.3 2023 135 mins
The Little Mermaid
The Battle at Lake Changjin I
6.2

တရုတ်မှာထုတ်လုပ်ရေးကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ စစ်ကားကြီးကို CMပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာကုန်ကျစရိတ်အများဆုံးဖြစ်သလို ရုံတင်ဝင်ငွေ ဒေါ်လာ ၉၁၃သန်းထိရရှိခဲ့ပြီး တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဇာတ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အအေးဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်အောက်မှာ တရုတ်စစ်တပ်ဟာ သံမဏိလိုမာကျောတဲ့စိတ်ဓာတ်နဲ့ အကြောက်အလန့်မရှိတိုက်ပွဲဝင်ပြီး စစ်ရေးအခြေနေကိုပြောင်းပြန်လှန်ခဲ့ပုံကို တခန်းတနားရိုက်ကူးထားတာဖြစ်ပါတယ်။ တရုတ်သမိုင်းမှာရဲဘော်တွေရဲ့ပေးဆပ်စွန့်စားခဲ့ပုံကို တင်ဆက်ပုံတွေကပီပြင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေပါဝင်သလို သရုပ်ဆောင်ချက်တွေကလဲအပိုအလိုမရှိတဲ့အပြင် ပျိုမေတို့ရဲ့အသဲကျော်ပဲလှော် TF BOYSမှJackson Yeeလေးလဲပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်ဖို့ထိုက်တန်စစ်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်။

Drama • History • Thriller
6.2 2021
The Battle at Lake Changjin I
[18+] Empire of Lust
6.1

Empire of Lust ( 2015 ) Uncut Version ဖြစ်ပြီး ဆင်ဆာဖြတ်ထားတဲ့ Scene တွေကို ပြန်ထည့်ပေးထားတာမလို့ BluRay Version ထဲမှာ Scene အစုံဆုံး Version ဖြစ်ပါတယ်။ ——————- Empire of Lust ဟာ softcore ကားလို့ပြောလို့ရတဲ့အထိ လိင်မှုခန်းတော်တော်များပြီး အင်္ဂါတွေကလွဲလို့ တော်တော်ကြီး သေချာကိုပြထားတာပါ။ သို့ပေမဲ့လည်း ဒီရုပ်ရှင်ဟာ သာမန် 18+ကားသက်သက်ဆိုတာထက်တော့ အများကြီးပိုပါတယ်။ castတွေကတော့ တော်လည်းတော် နာမည်လည်းကြီးတဲ့ သူတွေပါ။ ဒီရုပ်ရှင်ရဲ့ကောင်းကွက်ထဲ castတွေ သရုပ်ဆောင်ကောင်းတာကလည်း အဓိကပါပဲ။ Shin Ha-kyun – သူ့ကိုတော့ တောင်ကိုရီးယားက ထိပ်ဆုံးဆရာတွေထဲက တစ်ပါးဖြစ်တဲ့ ပတ်ချန်းဝုရဲ့ ရုပ်ရှင်အများစုမှာ လူအများစုရင်းနှီးပြီးသားဖြစ်မှာပါ။ ဆောင်းကန်ဟိုတို့ အီဗြောင်ဟွန်းတို့လို လူတွေနဲ့ ရင်ဘောင်တန်းသရုပ်ဆောင်နိုင်လောက်အောင် သရုပ်ဆောင်ကောင်းတဲ့သူပါပဲ။ စီးရီးအနေနဲ့ဆိုလည်း မနှစ်က သူရိုက်ထားတဲ့ beyond evilဟာ တစ်ပြိုင်တည်းထွက်တဲ့ တော်တော်ရေးပန်းစားတဲ့ mouseထက်တောင် သရုပ်ဆောင်ရော တင်ဆက်ပုံရော ပိုအဆင့်မြင့်တဲ့ တော်တော်ရှားရှားပါးပါးမြင်ရခဲ့တဲ့ အဆုံးထိသေသပ်နေတဲ့ ကိုရီးယားမှုခင်းဇာတ်လမ်းတွဲပါပဲ။ Jang Hyuk – သူ့ကို‌လည်း ကိုရီးယား မှုခင်းကားဇာတ်လမ်းတွဲတွေ ရုပ်ရှင်ပရိသတ်တွေ တော်တော်ကိုမှ ရင်းနှီးပြီးသားပါပဲ။ ဒီရုပ်ရှင်မှာ သူက ကိုရီးယားရဲ့ ရုပ်ရှင်အရိုက်ခံရဆုံး မင်းသားလို့ပြောရမလားမသိတဲ့ အီဘန်းဝန်နေရာက သရုပ်ဆောင်ထားတာပါ။ ပုဂ္ဂလိကအမြင်အရတော့ အီဘန်းဝန်လို ဇာတ်ကောင်မျိုးနဲ့ သူကအတော်လိုက်ပါတယ်။ My Country: The New Ageမှာလည်း အီဘန်းဝန်နေရာကပဲ သရုပ်ဆောင်ဖူးပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကကောင်းကွက်ထဲ သူနဲ့ Shin Ha-kyunသရုပ်ဆောင်ကောင်းတာက အဓိကအချက်ပါပဲ။ Kang Ha-neul – ဒီကားထွက်တုန်းကတော့ သူနာမည်ဒီလောက်မကြီးသေးပါဘူး။ အရင်နှစ်တွေက When the Camellia Bloomsနဲ့ ဆုတွေဘာတွေရခဲ့သလို ဒီနှစ်လည်း သူပါတဲ့ infernal affairs ကိုရီးယားမူပြောလို့ရတဲ့ insiderကလည်း သူ့ဟာနဲ့သူ တော်တော်လေးကောင်းတဲ့ဇာတ်ပါပဲ။ သူ့သရုပ်ဆောင်စကေးကလည်း နောက်ပိုင်းတက်လာသလို ဒီကားမှာတင်တော်တော်ကောင်းနေပါပြီ။ အပေါ်က ဘဲကြီး၂ပွေနောက်က အမီလိုက်နိုင်ခဲ့ပါတယ်။ Kang Han-na – start-upနဲ့ တစ်နှစ်ကမှ စပေါက်လာတယ်ပြောရမယ်ထင်တယ်။ Moon Loversမှာ လည်းပါတော့ပါဖူးပေမဲ့ ဗီလိန်ဆိုတော့ သိပ်အချစ်ခံရမယ်မထင်ဘူး။ ဒီကားရိုက်ပြီးမှ Moon Loversရိုက်တာဆိုတော့ ဒီကားက သူနာမည်လုံးဝမရှိသေးတဲ့အချိန်က ကားပါပဲ။ ဒါကြောင့်မို့လည်း ဆောင်းဂျီဟိုတို့ ဟာဂျီဝန်တို့ငယ်ငယ်ကကားတွေထက်တောင် sex sceneတွေ ပိုကြမ်းနေတာဖြစ်ပါလိမ့်မယ်။ ဒီကားရိုက်တုန်းက နာမည်မရှိသေးပေမဲ့ သူလည်း သရုပ်ဆောင်ကောင်းပါတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားကထွက်တာကြာပြီဆိုတော့ တော်တော်များများလည်းကြည့်ဖူးမှာပါ။ ဒီရုပ်ရှင်ထဲက သူ့အလှတရားတွေကြည့်ဖူးတဲ့သူတွေသိကြမှာပါ။ Empire of Lustဟာ ဂျိုဆွန်းတည်ထောင်ပြီး ခုနှစ်နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး ကိုရီးယားသမိုင်းရဲ့ နာမည်ကျော် အီဘန်းဝန်ရဲ့ သမိုင်းကို ပုံစံသစ်တစ်မျိုးနဲ့ ချဉ်းကပ်ပြသထားတဲ့ကားဆိုလည်းမမှားပါဘူး။ ဒီလိုပြသပုံကို လူတစ်ချို့က အမြင်သစ်တယ် ချီးကျူးခဲ့ကြသလို နာမည်နဲ့လိုက်အောင်ပဲ lustအပြည့်နဲ့ တော်တော်ကြည့်ကောင်းတဲ့ကားပါပဲ။ softcore ဆန်ဆန်ကားဆိုတော့ ဇာတ်အိမ်ကတော့ အသေကြီးကောင်းပါတယ်ဆိုတဲ့ အနေအထားတော့မရောက်ပေမဲ့ အပေါ်မှာပြောခဲ့တဲ့ ဆရာကြီးတွေရဲ့သရုပ်ဆောင်ကောင်းတာနဲ့ သူ့ဟာနဲ့သူကောင်းနေတဲ့ဇာတ်အိမ်ရယ်ပေါင်းလိုက်တဲ့အခါမှာတော့ ဒီရုပ်ရှင်ဟာ သူ့လိုင်းမှာတော့ တော်တော်လေးကောင်းးတဲ့ ရုပ်ရှင်လို့ပြောလို့ရတဲ့ ရုပ်ရှင်လို့ပြောရင် မမှားပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/(999 MB) Quality…BluRay (Uncut Version Scene Plus) 1080p / 720p Format…mp4 Duration….02:04:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wira Aung

Action • Adventure
6.1 2015 113 mins
[18+] Empire of Lust
Land of Gold
6.7

ဒီ Land of Gold ဆိုတဲ့ ဇာတ်ကားလေးကတော့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ ဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ IMDB 6.9/10 ရရှိထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် 2021 မှာပြုလုပ်ခဲ့တဲ့ Tribeca ရုပ်ရှင်ပွဲတော်ကြီးမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ရထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမေရိကန်-ပန်ချာဘီ လူမျိုးဖြစ်တဲ့ ကီရန်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့မိသားစုအပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ကီရန်က မိသားစုအခြေအနေကြောင့် မိမိကိုယ်ကိုအနစ်နာခံပြီးတော့ အလုပ်အမြဲကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ဒီလိုနဲ့ သူ့မိသားစုကိုသေချာအချိန်မပေးနိုင်ပဲ သူ့မိခင်ကော သူ့အမျိုးသမီးနဲ့ပါ စကားအခြေအတင်ဖြစ်ခဲ့ပါတယ်။ သူ့အမျိုးကတော့ ကလေးမွေးလုဆဲဆဲဖြစ်နေတော့ သူလည်း မိသားစုအတွက် ပိုက်ဆံရှာဖို့ ဘော်စတွန်ကို ကုန်မောင်းပို့ရာကနေဇာတ်လမ်းစပါတော့တယ်။ လမ်းတစ်လျှောက်မှာ အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက် သူ့ကုန်ကားပေါ်ပါလာတာကိုတွေ့ပြီး သူ့ကိုကူညီပေးဖို့အကြောင်းဖန်လာတော့တယ်။ ဒီဇာတ်ကားလေးမှာ လက်တွေ့လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုပြဿနာ၊ ဇနီးမောင်နှံတွေကြားက မပြေလည်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့ ရိုက်ပုတ်မှုတွေက ကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုအပေါ် ဘယ်လောက်အထိလွမ်းမိုးမှုရှိသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ကူးပေးထားလို့ ရသပေါင်းများစွာပေးစွမ်းနိုင်တဲ့ ဒရာမာဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အားပေးကြည့်ရှုဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်ဗျ။ File size…(1.8 GB)/(870 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mark

Thriller • Romance
6.7 2022
Land of Gold
Neneh Superstar

ယ‌ခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက် ပြင်သစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အသက် ၁၂ နှစ်အရွယ် Neneh ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကလူမည်းတစ်ယောက်ပါ။ သူမဟာဘဲလေးအကကိုအရမ်းဝါသနာပါပါတယ်။ ဒီတော့သူမကပဲရစ်မြို့ကအော်ပရာဘဲလေးသင်တန်းကျောင်းမှာဝင်ခွင့်သွားလျှောက်တဲ့အခါ ပါရမီပါသူတယောက်ဖြစ်တဲ့အတွက်ဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ လူမည်းတစ်ယောက်ဖြစ်နေတဲ့အတွက် ကျောင်းအုပ်ကြီးကတော့ သူမကိုသဘောမကျပါဘူး။ ကျောင်းအုပ်ကြီးကဘဲလေးအကဟာလူဖြူတွေကတာဆိုတဲ့ရိုးရာကိုထိန်းသိမ်းချင်သူပါ။ဒီတော့ Neneh အနေနဲ့လူဖြူတွေကြားထဲကလူမည်းတစ်ယောက်ဖြစ်နေတော့ ကျောင်းအုပ်ကြီးရဲ့ကြည်ဖြူမှုကိုရဖို့ အခြားသူတွေထက်ပိုကြိုးစားရပါတယ်။ ထို့ပြင် Neneh ကထူးချွန်တဲ့အတွက်ကြောင့်မနာလိုတဲ့ကျောင်းသူအချို့ကလည်းရှိနေပါတယ်။သူတို့က Neneh ကိုပြဿနာရှာကြတဲ့အခါ Neneh အနေနဲ့မိဘခေါ်ပြီးကျောင်းအုပ်ကြီးနဲ့တွေ့ရတာမျိုး‌တွေရှိလာပါတယ်…ထိုအခါ Neneh ရဲ့အခြေအနေဟာပိုပြီးတော့ကျပ်တည်းလာပါတယ်…. ဒီဇာတ်ကားမှာ လူဖြူတွေရဲ့ခွဲခြားမှုကိုခံရတဲ့လူမည်းမိန်းကလေးရဲ့ခံစားချက်တွေ…သူမဘဝအပေါ်မကျေနပ်မှုလေးတွေရိုက်ပြထားပါတယ်…ခံစားကြည့်ကြပါခင်ဗျာ…. File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2023
Neneh Superstar
Troll Factory
7.4

Troll Factory(2024) ****************** My Liberation Notes ထဲက အရက်သမားကြီးအဓိက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး မျက်မှောက်ခေတ်ရဲ့ ဆိုးယုတ်မှုတွေကို ကောင်းမွန်စွာဖော်ကျူးနိုင်တဲ့ ကားကြီးဆိုပြီး ကေတွေလည်းအတော်ချီးကျူးနေကြတာမို့ အားလုံးပဲ မအားရင်တောင် ချီးပါရင်းကြည့်လို့ရပါတယ်… အူဆောင်း Data နည်းပညာကုမ္ပဏီတစ်ခုဟာ ဘုတ်အဖွဲ့နဲ့လိုင်စင်ရဖို့ နောက်ဆုံးစစ်ဆေးချက်ပြုလုပ်နေတယ်….သူတို့ရဲ့နည်းပညာက ကားအမြန်နှုန်းနဲ့ပေါ်မူတည် Dataတွေခွဲခြမ်းစိတ်ဖြတ်ပေးတဲ့နည်းစနစ်….သို့သော် အဖျက်အမှောင့်အဖွဲ့အစည်းတစ်ခုက Frequency , Wave တွေနဲ့ နည်းစနစ် စစ်ဆေးချက်ကို ဘုတ်အဖွဲ့အတည်ပြုချက်မပေးနိုင်အောင် နှောင့်ယှက်ခဲ့တယ်…. ၅နှစ်နီးပါး အချိန်ယူပြီးပြုလုပ်ခဲ့ပြီး တစ်ဘဝလုံးစာပုံအောခဲ့တဲ့ ပိုင်ရှင်သူဌေးဟာ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ၄၀ဘီလီယံလောက်အကြွေးတင်သွားပါတယ်… ဒီကိစ္စကိုဖော်ထုတ်ဖို့သတင်းထောက်က ကူညီခဲပါတယ်.. ဒါပေမဲ့ အသရေဖျက်မှုကြီးလိုဖြစ်သွားတဲ့ပြီး သူ့ကြိုးစားမှုကလည်းအရာမထင်ခဲ့ပါဘူး… သူဌေးလည်း ကိုယ့်ကိုကိုယ်သတ်သေခဲ့သလို သတင်းထောက်လည်း အလုပ်ပြုတ်သွားခဲ့ပါတယ်… အဲဒီနောက်မှာတော့ ဒီကိစ္စအားလုံးရဲ့ကြိုးကိုင်သူကို ဖော်ထုတ်ဖို့ သတင်းထောက်ကြီးကြိုးစားပါတော့တယ်… File size__( 1.7GB) and (682MB) Quality__WEB-DL 1080p, 720p Format__mp4 Duration__01:49:48 Type__Crime,Drama Subtitle__Myanmar Subtitle (Hardsub) Translated by Stary Tiff, Miri Hnin Wai & Treasure Phyu Sin Encoded by Phyo Pyae

7.4 2024
Troll Factory
Varshangalkku Shesham
7.2

Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု) ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ် အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲ ဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင် သူတို့နှစ်ယောက်ကြုံတွေ့ရတဲ့ အခက်‌အခဲတွေ သူတို့နှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးအပြင် ရုပ်ရှင်လောကရဲ့ စိန်ခေါ်မှုတွေ အခွင့်‌အရေးတွေ ရှာဖွေကြပုံကို မြင်တွေ့ရမှာပါ။ သက်တမ်းရှည်ကြာလှတဲ့ ရုပ်ရှင်လောကရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုတွေအပြင် သူတို့နှစ်ဦးရဲ့ character development တွေကိုလည်း စိတ်ဝင်စားဖွယ် ရှူစားရင်း ရသစုံ ဒရာမာ အချစ် စတာတွေလည်း ပါတာမလို့ ဒီခရီးလမ်းမှာ တောင်အိန္ဒိယရုပ်ရှင်လောကရဲ့ ရွှေတစ်ခေတ်ကို မြင်တွေ့ရမဲ့အပြင် ဗီနူနဲ့ မူရာလီတို့နှစ်ယောက် သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြပါ့မလားဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးဗျာ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ)

7.2 2024
Varshangalkku Shesham
BloodBath Sniper
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ဂျပန်ခေတ်က တော်လှန်ရေးရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ မင်ကော်ခေတ်က ဂျပန်တော်လှန်ရေးကာလကို နောက်ခံတည်ထားပြီး ဟိုင်ချန်မြို့မှာ မြေအောက်တော်လှန်ရေးအဖွဲ့တွေက ဂျပန်တွေကို နေရာတကာမှာ ခြောက်လှန့်နေခဲ့ပါတယ်။ ဆရာဖြစ်သူ ကျန်းတာ့ဟိုင်က သစ္စာဖောက်ပြီး ဂျပန်တွေဆီကို ပါတီဝင်တွေရဲ့ အချက်အလက်တွေကို ရောင်းစားနေတယ်လို့ သတင်းကြားခဲ့ရတဲ့ အန်းဟယ်အတွက် မယုံနိုင်စရာပဲ ဖြစ်နေပါတယ်။ အဲဒီကိစ္စကို တစ်ယောက်တည်း စုံစမ်းဖို့ ထွက်သွားချိန်မှာပဲ သူတို့လျှို့ဝှက်စခန်းကို ဂျပန်တွေက အင်အားနဲ့ လာသိမ်းတဲ့အတွက် အန်းဟယ်ကို ဂျပန်ဘက်ပါသွားပြီလို့ ကျီချိုးတစ်ယောက် သံသယဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ထဲက သူလျှိုကတော့ တခြားတစ်ယောက် ဖြစ်နေပါတယ်။ အဌမလမ်းကြောင်းတပ်မတော်က ဟိုင်ချန်မြို့ကို လာရောက်သိမ်းပိုက်ဖို့အတွက် ဟိုင်ချန်မြို့ ကာကွယ်ရေးမြေပုံကို အရေးတကြီးလိုအပ်နေတဲ့အခါ…… မြေပုံကို ရယူနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက ဘယ်လို ကြိုးစားကြမလဲ…… ကွန်မြူနစ်ပါတီထဲက ဂျပန်သူလျှိုက ဘယ်သူဖြစ်မလဲ…… အန်းဟယ်ရဲ့ ဆရာကျန်းတာ့ဟိုင်ကရော တကယ် သစ္စာဖောက်သူလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Horror • Thriller
5.7 2024
BloodBath Sniper
Dreamer: Inspired By a True Story
6.8

ဒီဇာတ်လမ်းမှာ ပြိုင်မြင်းလေ့ကျင့်ရေးသမားဖြစ်တဲ့ Benက အလုပ်များတာကြောင့် သူ့သမီးလေး Cale ကို လျစ်လျူရှုပြီး နေရင်းက အလုပ်မှာ ခြေထောက်ကျိုးသွားတဲ့ပြိုင်မြင်းမလေးတစ်ကောင်ဖြစ်တဲ့ Sonador ကိုကယ်ရင်း အလုပ်ပြုတ်သွားခဲ့တယ်။ Cale လေးက Sonador ကိုချစ်ပြီး Ben နဲ့အတူ အိမ်မှာ Sonador ခြေထောက်သက်သာအောင်ကူညီရင်းက သားအဖနှစ်ယောက် ပြန်လည်စည်းလုံးလာပြီး နွေးထွေးတဲ့ မိသားစုတစ်ခုပြန်လည်ရရှိခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံအကျပ်အတည်းဖြစ်နေတဲ့ Ben တို့မိသားစု ငွေကြေးအတွက် Sonador မြင်းမလေးနဲ့ ပြိုင်မြင်းလောင်း​ကြေးလောကမှာ ဘယ်လိုရုန်းကန်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ နွေးထွေးတဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ကလေးမလေး Cale ရဲ့ ကိုယ့်အိပ်မက်တွေအပေါ် ယုံကြည်မှုရှိတဲ့ အတုယူစရာစိတ်ဓာတ်နဲ့ သတ္တိကို ရင်ထဲနွေးထွေးပြီး​ အနှစ်သာရအပြည့်နဲ့ ကြည့်ရှုရမဲ့ အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Drama, Family, Sport Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

Crime • Thriller • Drama
6.8 2005 106 mins
Dreamer: Inspired By a True Story
Iyer In Arabia
4.6

Iyer In Arabia 2025 ခေတ်သစ်တိုက်ပွဲ Imdb 4.6 ဒီကားမှာတော့ ခုခေတ်ကြုံ‌တွေ့နေကျဖြစ်တဲ့ ရှေးရိုးစွဲအတွေးရှိတဲ့လူကြီးတွေနဲ့ ခေတ်ရေစီးကြောင်းကိုလိုက်တဲ့အတွေးရှိတဲ့ လူငယ်တွေကြား ဖြစ်နေကျ ပြဿနာတွေလိုပါပဲ ခေတ်နောက်ပြန်ဆန်တဲ့ အယူအဆရှိသူ ဖခင် ဆရီနီဗာဆာအိုင်ယာနဲ့ သမိုင်းပါမောက္ခဖြစ်ပြီး ဘာသာတရားကို သိပ်မယုံကြည်တဲ့ ဇနီးဂျန်ဆီရာနီတို့အကြောင်းပါ သူတို့ရဲ့သား ရာဟူးလ်ကဒူဘိုင်းမှာ အလုပ်လုပ်နေပြီး ဘာသာခြား မိန်းကလေးတစ်ဦးနဲ့ လက်ထပ်ဖို့ စီစဉ်နေကြောင်း သိလိုက်ရတဲ့အခါမှာ ဇာတ်လမ်းက စတင်လာပါတယ် သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့ ရှေးရိုးစွဲအိုင်ယာက ဒီလက်ထပ်ပွဲကို တားဆီးဖို့အတွက် သူ့သားဆီ ခရီးထွက်လာပါတော့တယ် ဒီခရီးစဉ်အတွင်းမှာ အိုင်ယာက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဓလေ့ထုံးစံတွေကို တွေ့ကြုံရင်း သူ့ရဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားပါတယ် ဒီရုပ်ရှင်ထဲမှာတော့ လူတွေရဲ့ ယုံကြည်မှု ယဉ်ကျေးမှု ကွဲပြားမှုနဲ့ လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ်တွေ ပြောင်းလဲနိုင်ပုံကိုပါ ပုံဖော်တင်ဆက်ထားပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

4.6 2025 120 mins
Iyer In Arabia
Miss Butcher
6.4

Miss Butcher (2017) ******************* IMDb… 6.4 မှုခင်းစုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက် ဒီတစ်ခေါက်မှာတော့ 2017 ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသား Kim Min Joonနဲ့ မင်းသမီး Seo Youngတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Miss Butcherဆိုတဲ့ ဇာတ်ကားကောင်းလေးကို Channel Myanmarမှ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ဆွန်းအယ် (Seo Young) ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အသားအရောင်းဆိုင်လေး တစ်ဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဆိုင်ကနေ ရောင်းချတဲ့ အသားတွေဟာ လတ်ဆတ်ပြီး အရည်အသွေးကောင်းတာကြောင့် နာမည်ကျော်ကြားလှတဲ့အပြင် သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် သူမရဲ့ဆိုင်ကို ယောကျ်ားလေးဧည့်သည်အများစု လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ဆွန်းအယ်ရဲ့ဆိုင်အနီးနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ လူတစ်ယောက်ဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲ ထိုလူသတ်မှုနဲ့ အလားတူတဲ့ လူသတ်မှု နောက်တစ်ခု ထပ်မံဖြစ်ပွားခဲ့တဲ့အခါမှာတော့ စုံထောက် ဂင်ဂူဟို (Kim Min Joon) ဟာ အဲဒီလူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ကျပြီး ဆွန်းအယ်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့.. မသင်္ကာစရာအချက်တွေနဲ့ ပြည့်နေတဲ့ ဆွန်းအယ်ကို စုံထောက်ဂင်ဂူဟိုတစ်ယောက် နေ့စဉ် အနီးကပ် စောင့်ကြည့်နေရင်းကနေ တဖြည်းဖြည်း ဆွန်းအယ်အပေါ်ကို ခံစားချက်တွေ ဖြစ်ပေါ်လာခဲ့တဲ့ စုံထောက် ဂင်ဂူဟို တစ်ယောက် နောက်ဆုံးမှာ ဒီလူသတ်မှုတွေရဲ့ တရားခံအစစ်အမှန်ကို ဖော်ထုတ်သွားနိုင်မလား…. ဒီလူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေတာလဲ….. ဆွန်းအယ်ကရော ဒီလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်မှုရှိနေတာလဲ…. စတဲ့မေးခွန်းထုတ်စရာတွေကိုတော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရင်းနဲ့ အဖြေရှာလိုက်ကြရအောင်ပါ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.19GB/ 570MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:35:35 Genre : Crime, Mystery, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Phyo Encoded by Tiff

6.4 2017 94 mins
Miss Butcher