YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Side Story of Fox Volant E38 CM.mp4

306.7 MB N/A video/mp4 997 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dear Comrade
6.7

IMDb Rating (7.3) ထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ တောင်ပိုင်းရဲ့ နာမည်ကြီး အက်ရှင်ရိုမန့်အချစ်ဇာတ်ကားတစ်ကားပါပဲ... မင်းသား Vijay Devarakonda ကိုတော့ Arjun Reddy ဇာတ်ကားထဲက အချစ်လူကြမ်းကြီးအဖြစ် မှတ်မိကြမယ်ထင်ပါတယ်။ မင်းသမီးလေးကတော့ အားလုံးရဲ့အသည်းကျော်လေး ရာရှ်မီကား(Rashmika Mandanna)ပါပဲ။ ဇာတ်ကားနာမည်ကတော့ အားလုံးသိတဲ့အတိုင်း ချစ်လှစွာသော သွေးသောက်ရဲဘော်တဲ့။ "သွေးသောက်ရဲဘော်ဆိုတာ ကိုယ့်လုပ်ရပ်တွေကို ဝန်းရံပေးပြီး တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့လူ"ပဲမဟုတ်လား။ ဇာတ်လမ်းစစချင်းမှာဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်။ လီလီ... တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ။ လီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ။ ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်။ ကျောင်းမှာဆိုရင်လည်း "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်။ ခဏခဏ ရန်တွေဖြစ်တယ်။ သောက်စားတယ်။ ဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ။ "သူ ပြောခဲ့တဲ့ စကားတွေထက် ကျွန်တော် ဘာမှ ခွန်းတုန့်မပြန်နိုင်ခဲ့တာကို ပိုရင်နာရပါတယ်" တဲ့။ လီလီမှာ သူ့ကြောင့် တစ်စုံတစ်ခု ဖြစ်ခဲ့ရတယ်ဆိုတာတော့ သူ မသိခဲ့ပေ။ လီလီနဲ့ ပြန်တွေ့မှာလား....။ လီလီ ဘာဖြစ်ခဲ့တာလဲ။ ဘော်ဘီနဲ့ ရန်ဖက် ဘူလီရဲ့ ညီတို့ ပြဿနာကော.... ပြီးခဲ့ပြီလား....။ "ကျွန်တော်သူ့ကို ဒီအချိန်မှာ နောက်ဆုံး တွေ့ခဲ့ရတာပါ" အချစ်စစ်လို့ ပြောလိုက်ရင် ထားခဲ့တဲ့ အချစ်ဦးကိုပဲ ပြေးမြင်တတ်ကြတာ လူတိုင်းဖြစ်မှာပါ။ ထားခဲ့တဲ့ သူကိုတော့ ဘယ်လို မေ့မလဲ။ အချစ်ကြောင့်လည်း ရူးသွပ်ဖူး၊ အချစ်ကြောင့်လည်းငိုကြွေးဖူး၊ အချစ်ကြောင့်ပဲ ပျော်ရွှင်ဖူးတယ်။ အချစ်နဲ့ပတ်သက်ဖူးသူတိုင်းကို ဒီရုပ်ရှင်ကားလေးက ထိရှစေမှာပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Nyi Koe & Myint Thu တို့ဖြစ်ပါတယ်။) File size…(7 GB)/(2.7 GB) / (1.3 GB) Quality….WEB-DL 4K HEVC/1080p HEVC/ 720p Format…mkv/mp4 Duration….02:47:17 Subtitle….Myanmar Subtitle (Hardsub) Encoder….THZ,Nyeinsaeya Aung Translated by Nyi Koe & Myint Thu

6.7 2019 122 mins
Dear Comrade
X
6.8

~ IMDb Rating - 7.2/10, Rotten Tomatoes - 96% ~ Horror Thriller တွေမှာ Robert Eggers တို့ Peele တို့ Ari Aster တို့နဲ့တွဲပြီး မာစတာပိစ်တွေ မနည်းဖန်တီးခဲ့တဲ့ A24 က ဒီနှစ်ရဲ့အကောင်းဆုံး Horror ကားလို့ ပြောနေကြတဲ့ X ကို Ti West နဲ့တွဲပြီး ဖန်တီးလိုက်ပါတယ်။ X ဟာ A24 Fan တွေကြားမှာရော Horror ကား ဖန်တွေကြားမှာပါ ဒီနှစ်ရဲ့ အကောင်းဆုံး Horror ကားအဖြစ် နာမည်ကျော်နေပါတယ်။ Personal Rating 10 out of 10 ပေးနေကြတာတွေလည်း မနည်းပါဘူး။ သူ့စာအုပ် The Shining ကို ရုပ်ရှင်အနုပညာရဲ့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ စတန်လေကူးဘရစ်ရိုက်တာကိုပါ ဖောင်းထုခဲ့တဲ့ စတီဖင်ကင်းတောင် X ကို မာစတာပိစ်ရုပ်ရှင်ဆိုပြီး ထောပနာပြုထားပါတယ်။ Horror Thriller မာစတာပိစ်တွေ မွေးထုတ်နေကျ ကင်းကြီးတောင် မာစတာပိစ်လို့ ချီးကျူးခံထားရတဲ့ကားဆိုတော့ Horror ကားတွေထဲက ရှားရှားပါးပါး ရွှေကားတစ်ကားပါပဲ။ စီနီမာတိုကလည်း Texas Chainsaw Massacre 1974 အငွေ့အသက်အပြည့်နဲ့ဆိုတော့ ရှေးကမာစတာပိစ်တွေကို Nostalgia ဖြစ်စေမယ့် ကားကောင်းဆိုလည်းမမှားပါဘူး။ Female Characterတွေကို Ti West ရိုက်ပြထားတဲ့ ပုံစံကလည်း ဆွဲဆောင်မှုအပြည့်နဲ့ လက်ဖျားခါလောက်စရာပါပဲ။ လက်ရှိအောင်မြင်မှုအပြည့်ရ ရေပန်းစားနေတဲ့ X ဟာ Pearl ဆိုပြီး Prequel တစ်ကားလည်း ထွက်ဦးမှာပါ။ ဒီနှစ်ထဲထွက်သမျှကားတွေထဲမှာ Rating လည်းကောင်းပြီး တကယ်လည်းမိုက်တဲ့ကားအနည်းစုထဲကတစ်ကားပါပဲ။ အထူးသဖြင့် ထိတ်လန့်သည်းဖို Thriller ကားကောင်းတွေငတ်နေတဲ့ပရိသတ်အတွက်တော့ အိုအေစစ်လို့ပဲဆိုရမှာပါ။ ဇာတ်အိမ်ကိုတော့ 1970 ခုနှစ် အမေရိကန်နိုင်ငံရဲ့ ရှေးရိုးစွဲနဲ့ခေတ်သစ်အတွေးအခေါ်တော်လှန်ရေးတွေစတင်နေတဲ့ကာလတစ်ခုကိုအခြေတည်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ သရုပ်ဆောင်ကောင်းတွေ ကင်မရာသမားကောင်းတွေရှိပေမယ့် နာမည်သိပ်မရသေးတဲ့ အပြာကားထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့ဟာ ဒီတစ်ခါတော့ပေါက်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်ဖန်တီးပြီး ရိုက်ကူးရေးစဖို့ ကျေးလက်ဒေသတစ်ခုကအိမ်တစ်အိမ်ကိုငှားရမ်းလိုက်ပါတယ်။ အစပိုင်းမှာတော့အစစအရာရာ အဆင်ပြေချောမွေ့နေပေမယ့် ဒီလိုရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူသူကင်းမဲ့နေတဲ့ကျေးလက်ကအိမ်ကြီးတစ်လုံးကိုရောက်နေတဲ့လူတစ်စုက အေးအေးချမ်းချမ်းနဲ့လုပ်စရာရှိတာလုပ်ပြီး ပြန်သွားတယ်ဆိုတာမျိုးမဟုတ်မှာတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အဓိကဇာတ်ကောင်တွေကိုက အပြာကားရိုက်ကူးရေးအဖွဲ့ဆိုတော့ အရှင်းကြီးဖော်ချွတ်တာမျိုးတွေနဲ့ 18+ ဇာတ်ဝင်ခန်းတွေဖောဖောသီသီပါဝင်တဲ့အပြင် သွေးထွက်သံယိုအခန်းတွေကလည်းသာမန်ထက်ကြမ်းတဲ့အတွက် အသည်းငယ်တဲ့သူတွေ၊ မိသားစုနဲ့ကြည့်ရှုမယ့်သူတွေအတွက်မသင့်တော်ပါဘူး။ ခင်ဗျားဟာ Horror ကားတွေကို ကြိုက်တဲ့သူပဲဖြစ်ဖြစ်၊ A24 ကားတွေကို ကြိုက်တဲ့သူပဲဖြစ်ဖြစ် X ဟာ မကြည့်လို့ မဖြစ်တဲ့ကားပါပဲ။ လူတိုင်းက မာစတာပိစ်ပါလို့ ချီးကျူးကြတဲ့ ဟော်ရာကားဆိုတာ ရှားပါတယ်။ စတီဖင်ကင်းပါ ချီးကျူးခံရတဲ့ ဟော်ရာကားဆို ပိုရှားသပေါ့။ သေချာတာတော့ X ကိုမကြည့်ရင် ခင်ဗျား သေချာတာတော့ Horror ဖန်ရော A24 ဖန်ရော ဖြစ်ရကျိုးမနပ်သေးပါဘူး။ (ဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo နဲ့ Min Khant Bo တို့မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 610MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo & Min Khant Bo Encoded by Y

Horror
6.8 2022 106 mins
X
Hell’s Garden
6.4

Hell’s Garden (2021) ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။ တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ … ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ … ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား? (ဇာတ်လမ်းအညွှန်းကို ကို Shin Rina က ရေးပေးထားပါတယ်။) File Size : 3.7GB, 1.1GB, 542MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 42mins Genre : Comedy, Drama Translated by Shin Rina Encoded by Kinnov

Drama • History • Romance
6.4 2021
Hell’s Garden
Kill Shot

Genre – Action အာဖဂန်နစ္စတန်ကနေ ပျံသန်းလာတဲ့ လေယာဉ်လေးတစ်စင်းပေါ်မှာ ဒေါ်လာ ၁၀၀ မီလီယမ် ပါလာခဲ့တယ်။ ပြီးတော့ အဲဒါက အမေရိကန်-ကနေဒါ နယ်စပ်နားလောက်မှာ ပျက်ကျသွားရော။ အဲဒီမှာ စစ်သည်ကြေးစားတစ်သိုက်ဟာလည်း မုဆိုးယောင်ဆောင်ပြီး ဒီပိုက်ဆံတွေကို လာရှာကြပါတော့တယ်။ ဂျက်ဆန်ဆိုတာက သမီးလေးကိုလည်း ဆုံးရှုံးထားပြီး ဇနီးဖြစ်သူကပါ ဖောက်ပြန်ကာ ငွေအခက်အခဲဖြစ်ပြီး ဘဝပျက်နေတဲ့ ကြုံရာ ကျပန်း အလုပ်သမားတစ်ယောက်ပေါ့။ အဲဒီမှာ သူငယ်ချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဖောက်သည် တစ်ယောက် တောင်ပေါ် အမဲလိုက်ချင်လို့ လမ်းပြလုပ်ပေးပါလား တောင်းဆိုတော့ လက်ခံလိုက်တဲ့အခါ ဖောက်သည်က ငယ်ငယ်ချောချော ကောင်မလေး ဖြစ်နေပြီး နှစ်ယောက်တူတူ အမဲလိုက်ထွက်လာချိန် လေယာဉ်ပျက်ကျတဲ့နေရာက ပိုက်ဆံတွေ တွေ့ကြပြီး ဘာဆက်ဖြစ်မလဲ ကြည့်ရမယ့် အက်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားအကြောင်း အများကြီး မပြောလိုပေမဲ့ မင်းသမီးချောချောလေးက တောထဲမှာ မဆီမဆိုင် ဖင်ပြောင်လေးနဲ့ ပြေးလိုက် အပေါ်အကျ်ီ ချွတ်လိုက်နဲ့ မျက်စိ ပဒေသာတော့ ဖြစ်စေရမှာ သေချာပါတယ်။ File size…3.36GB / 1.27GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

0 2023 93 mins
Kill Shot
Three Kings
7.1

Three Kings (1999) ~ IMDb – 7.1/10, Rotten Tomatoes – 94% ~ ဒီကားကတော့ Cast နဲ့တင် ဖြုံလောက်စရာပါ။ George Clooney, Mark Wahlberg, Ice Cube နဲ့ Spike Jonze တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကလည်း ၂၁ ရာစုအမေရိကန် Cinema တစ်ခေတ်ကို အရွေ့‌ဖြစ်စေခဲ့တဲ့ ပြတ်ရွေ့ကြောတွေထဲ တစ်ထောင့်တစ်နေရာက ပါခဲ့တဲ့ David O. Russell ဆိုတော့ Dark Humor ကောင်းကောင်း၊ ဒိုင်ယာလော့ခ် မိုက်မိုက်၊ ရိုက်ကွက်လှလှ နဲ့ ကြည့်ရတာ အတော်ကိုမြိန်စေတဲ့ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းကတော့… Gulf war လို့ခေါ်တဲ့ ကူဝိတ်ကို အီရတ်က ကျူးကျော်မှုမှာ အမေရိကန်ရဲ့ ဝင်စွက်ဖက်မှုအပြီးကို ဇာတ်လမ်းအချိန်အရ အခြေခံထားပါတယ်။ George Clooney က အနားယူမယ့်ဗိုလ်မှူး၊ Mark Wahlberg က အိမ်မှာမွေးစကလေးရှိလို့ စီးပွားရေးအရ ခိုင်ချင်တဲ့ဆာဂျင်၊ Ice Cube က ရဲဘော်တွေကို စိတ်မချလို့လိုက်မယ့်လူ၊ Spike Jonze ကတော့ Mark Wahlberg လိုဖြစ်ချင်တဲ့ အူကြောင်ကြောင်ဘဲလေး။ ဒါရိုက်တာ David O. Russell လက်ရာဆိုတဲ့အတိုင်း ဇာတ်ကောင်တွေကို ပြီးပြည့်စုံနေအောင်မလုပ်ထားဘူး။ စစ်ကားဆိုပေမဲ့ အထက်အမိန့်ပဲနာခံပြီး အမြဲ ကိုယ်ကျိုးစွန့်တဲ့သူရဲကောင်းတွေအဖြစ် ဇာတ်ကောင်တွေကိုပုံမဖော်ထားဘူး။ လိုချင်တောင့်တမှုကိုယ်စီနဲ့ “ငါသာဆိုလည်း ဒီလိုနေမှာ” လို့ ထင်ဟပ်‌မိစေမယ့် ဆက်စပ်နိုင်မှုမျိုးကိုပါ ခံစားရစေပါတယ်။ ဒီလိုနဲ့ စစ်ပြီး‌တော့ သူတို့တွေ အီရတ်သုံ့ပန်းတွေကိုခေါ်နေတုန်း သုံ့ပန်းတစ်ယောက်ရဲ့ အမေပေးတဲ့ပေါင်မုန့်တစ်စုံ ကြားမှာ ညှပ်ထားတဲ့ မြေပုံတစ်ခုတွေ့တယ်။ အဲဒီအချိန် ဗိုလ်မှူး George Clooney ကလည်း ကတုတ်ကျင်းတစ်ခုမှာ ဆက်ဒန်ခိုးထားတဲ့ ‌ကူဝိတ်ရွှေတွေ မြုပ်ထားတယ်ဆိုတဲ့သတင်းတစ်ခုရထားတယ်ပေါ့။ အဲဒါနဲ့ သူတို့လေးယောက် လက်ဝါးချင်းရိုက်ပြီး မြေပုံကိစ္စကို အထက်လူကြီးဆီအသိ‌မပေးဘဲ ‌သွားရှာမယ်။ ရှာလို့တွေ့ရင် ခွဲယူပြီး ထိုင်စားမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒါပေမဲ့လည်း အခြေအနေတွေက သူတို့ထင်သလို ပန်းခင်းသောလမ်းတော့ ဟုတ်မနေခဲ့ပါဘူး။ ကူဝိတ်ကိစ္စကို ဖြေရှင်းပြီးပေမဲ့ အီရတ်နိုင်ငံထဲမှာ ဆက်ဒန်ကို ဖြုတ်ချမယ့် သူပုန်တပ်တွေရှိနေပါတယ်။ ဆက်ဒန်တပ်တွေရဲ့ ပြည်သူတွေအပေါ်ဆက်ဆံပုံကိုမြင်တဲ့အချိန်မှာ သူတို့ ၄ ယောက်သား အကြပ်ရိုက်ပါပြီ။ အထက်ကပြောသလို မသိချင်ယောင်ဆောင်မလား။ ဝင်ကူညီမလားပေါ့။ လူသားချင်းစာနာမှုနဲ့ ကိုယ့်ရည်ရွယ်ချက်အကြား ပွတ်တိုက်မှုတွေဖြစ်လာတဲ့အခါ သူတို့ဘာကိုရွေးချယ်ကြမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ်။ ကိုယ်တိုင်သတိထားမိတဲ့ ထူးခြားချက်တစ်ခုက ဒိုင်ယာလော့ခ်တွေကို ရှေ့လူစကားပြန်ထပ်ပြောတာပါပဲ။ ဥပမာ – မင်းဒါကိုစားမလို့လားဆိုရင် အေး ငါဒါကိုစားမလို့ ဆိုပြီး ပြန်ကောက်ပြောတာမျိုး။ ဘာကြောင့်လဲတော့မသိပေမဲ့ အဲဒီဟာကပါ ဟာသတစ်ခုလိုဖြစ်သွားတယ်။ ဘယ်လိုမှန်းမသိတဲ့ ရသလေးတစ်ခုပေါ့။ ဆုတွေကလည်း အတော်ကိုရထားတဲ့အပြင် ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေနဲ့ ဒိတ်ဒိတ်ကြဲ ဒါရိုက်တာကြီးတို့ရိုက်ထားတဲ့ ဟောင်းပေမဲ့ကောင်း ရုပ်ရှင်လေးဖြစ်တာကြောင့် မထိုင်စတမ်းကြည့်ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 54Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.1 1999
Three Kings
The Switch

ဒီဇာတ်ကားက ၂၀၁၀ က​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Romance​/Comedy အချစ်​ဟာသ​ရုပ်ရှင်​ဖြစ်ပါတယ်။ Jennifer Aniston နဲ့​ Jason Bateman တို့က​သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​ကတော့​ ကက်ဆီ​ (ဂျနီဖာအနစ္စတန်)​နဲ့​ ဝေါ်လီ​ (ဂျေဆင်ဘိတ်မန်း)​ တို့က​ သူငယ်ချင်း​တွေဖြစ်ပြီး အရွယ်​ဟိုင်း​နေပေမဲ့​ အိမ်​ထောင်​မကျသေးသူတွေလည်းဖြစ်ပါတယ်။ တစ်နေ့​မှာ​ ကက်ဆီက​ ကလေးလိုချင်ပေမဲ့​ ခင်ပွန်း​မရှာချင်တော့တဲ့အတွက် အမျိုးသား​တစ်ဦး​ဆီက​ သုက်​ပိုး​အလှူ​ခံပြီး​ ဖန်ပြွန်သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကက်ဆီရဲ့ပါတီမှာ​ အရက်မူးနေတဲ့ဝေါ်လီက ကက်​ဆီအလှူခံထားတဲ့သုက်ပိုးခွက်ကို မှောက်ပစ်ခဲ့တာကြောင့် သူ့သုက်ရည်နဲ့အစားထိုးထားခဲ့ပါတယ်။ ၇နှစ်အကြာမှာ ကက်ဆီမွေးထားတဲ့ကလေး​က​ သူနဲ့ရုပ်ရည်ချင်း အကျင့်စရိုက်ချင်းတူနေတာကိုတွေ့ပြီးတဲ့နောက်မှာ​ ဝေါ်လီ​တစ်ယောက်​ သူ​ရှုပ်ထားတဲ့ဇာတ်လမ်းကိုဘယ်လိုပြန်ရှင်းမလဲဆိုတာကို​ ဟာသနဲ့ Drama​ စွက်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ Rom/com​ တွေမှာ​ ပါဝင်နေကျ ဂျနီဖာအနနစ္စတန်နဲ့ ဂျေဆင်ဘိတ်မန်း​တို့ရဲ့​ အတွဲညီညီသရုပ်ဆောင်မှုကြောင့် ကြည့်လို့ပျော်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(771 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2010
The Switch
Days of Happiness
6.8

Days of Happiness (2023) ~ IMDb – 6.8/10, Rotten Tomatoes – 100% ~ ခမ်းနားလှတဲ့စင်မြင့်တွေပေါ်မှာ သံစုံတီးဝိုင်းကြီးတွေနဲ့အတူ များပြားလှတဲ့ ဂီတပညာရှင်တွေကို ညွှန်ကြားရတဲ့ ဂီတမှူးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မကြာမကြာတွေ့လေ့ရှိတာကတော့ အမျိုးသားဂီတမှူးတွေပဲဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ဂီတမှူးအဖြစ်အသက်မွေးတဲ့ အမျိုးသမီးအချိုးဟာ 36.4% ပဲ ရှိတာကြောင့် တော်ရုံတွေ့မိဖို့ကလည်း ကြုံတောင့်ကြုံခဲပါပဲ။ ဒီရုပ်ရှင်လေးကတော့ အမ်မာလို့ခေါ်တဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ အမျိုးသမီးဂီတမှူးလေးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရဲ့ စင်မြင့်တွေမှာ တက်သစ်စကြယ်ပွင့်လေးဖြစ်တဲ့ အမ်မာလေးဟာ နှစ်ပေါင်းများစွာ သူ့ဖခင်ရဲ့ အလိုအတိုင်း သူ့ဖခင်ရဲ့ ချုပ်ကိုင်မှုအတိုင်း မျက်စိမှိတ် လိုက်နာလာခဲ့သူလေးပဲဖြစ်ပါတယ်။ ပက်ထရစ်ဟာ အမ်မာ့ ဖခင်ဖြစ်ရုံမက အမ်မာ့ရဲ့ အေးဂျင့်လည်းဖြစ်ပြန်ပါသေးတယ်။ ဒီတော့ ဘယ်ပွဲမှာ ဖျော်ဖြေလို့ ဘယ်အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာမျိုးတွေကအစ သူ့အဖေ ပက်ထရစ်ရဲ့ သဘောဖြစ်ပြီး အမ်မာဆိုတာ သူ့အဖေ လက်ထိပ်ဖျားမှာ ကစားတဲ့ ဘောပင်လေးတစ်ချောင်းသာသာပါပဲ။ အမ်မာဟာ အချစ်ကိုတွေ့ပြန်တော့လည်း သူ့တီးဝိုင်းထဲက ဆယ်လို (Cello) သမားလည်းဖြစ်၊ အိမ်ထောင်ကွဲစ သားတစ်ယောက်မိခင်ငယ်လေးဖြစ်တဲ့ နာအဲလ်ဖြစ်နေပြန်ပါတယ်။ အစကတည်းကမှ စိန်ခေါ်မှုတွေများပြီးသား ဘဝမှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုကို ထပ်လို့ လောင်းကြေးတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အမ်မာလေးအတွက် အလုပ်နဲ့ အချစ် မျှခြေတွေက ဘယ်လိုဖြစ်ဦးမှာလဲ… ဒီရုပ်ရှင်ဟာ မနှစ်က ၂၀၂၃ ခုနှစ်ကမှ ကနေဒါနိုင်ငံက ထွက်ထားတဲ့ Girl Love ပါဝင်တဲ့ Drama ကားလေးဖြစ်ပါတယ်။ ဒီကားထဲက အမ်မာလေးဟာဆိုရင်လည်း ပုံမှန်အချိန် ဆံပင်လေးချထားရင် ငုံထားမတတ်ချစ်ဖို့ကောင်းနေပြီး ဆံပင်တွေ ပြောင်နေအောင် အနောက်ကို သပ်လို့ စင်မြင့်ပေါ် အနက်ဝမ်းဆက်နဲ့ ထင်ပေါ်နေချိန်ကျရင်လည်း ပြေးလျက်ရမတတ် ခ,စားချင်စရာကောင်းပါတယ်။ အဲဒီလို Cute ကော Cool ကော တစ်ပြိုင်တည်း တွေ့ရတတ်သူက ရှားပါတယ်။ နောက်ပြီး အပြင်မှာ ဈေးကြီးပေးပြီးမှ ဝင်ကြည့်ခွင့်ရမယ့် သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေမှုတွေကိုတင်မက အစမ်းလေ့ကျင့်တာတွေ နောက်ကွယ်က ရုန်းကန်မှုတွေကိုပါ ဒီမှာ အနီးကပ်ခံစားခွင့်ရမှာနဲ့တင် တော်တော် တန်နေပါပြီမို့ ကိုယ်တိုင်ကိုယ်ကျပဲ ဒေါင်းကြည့်လိုက်ကြပါဦးနော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 58Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.8 2023 118 mins
Days of Happiness
Hideaways
6.1

လူတော်တော်များများမှာ မိသားစုကနေဆက်ခံထားရတဲ့ အမွေတွေရှိပါတယ်။ဥပမာ မိဘမှာဆီးချိုရှိရင်သားသမီးမှာ လိုက်ရှိတာတို့ မိဘဆီကရောဂါတစ်ခုခုအမွေရထားတာမျိုးပေါ့။ ဒါပေမယ့်အခုတင်ဆက်ပေးမဲ့ IMDb Rating 6.1 ရရှိထားတဲ့ Hideaways ဆိုတဲ့ဇာတ်ကားထဲကဖာလွန်ဆိုတဲ့မိသားစုရဲ့ အမွေကတော့ထူးခြားပါတယ်။ဘယ်လိုထူးခြားတာလဲဆိုတော့ သူတို့ဆီမှာသားယောက်ျားလေးတွေမွေးရင် တခြားသူတွေထက် သာလွန်ထူးကဲတဲ့စွမ်းရည်တွေကိုဆက်ခံရလို့ပါပဲ။ ဒါပေမယ့် စွမ်းရည်ဆိုလို့ မိုက်တာပေါ့ ဘာညာဆိုပြီးမတွေးလိုက်ပါနဲ့။ လိင်ဆက်ဆံရင် မျက်လုံးကန်းသွားတဲ့စွမ်းရည်တို့ စိတ်လှုပ်ရှားပြီး ကြောက်လာရင် အနီးအနားကစက်ပစ္စည်းတွေပျက်သွားတဲ့ စွမ်းရည်တို့လိုမျိုး ကြောင်တောင်တောင်ကြီးတွေဖြစ်ပါတယ်။ အခုသူတို့မျိုးဆက်ထဲကနောက်ဆုံးသားယောက်ျားလေးဖြစ်တဲ့ ဂျိမ်းစ်မှာလည်း ကြောင်တောင်တောင်စွမ်းရည်တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ သူကြောက်လာရင်သူ့နားမှာရှိတဲ့အပင်တွေကအစ လူတွေအဆုံး အကုန်လုံးသေဆုံးကြရတာဖြစ်ပြီး အဲ့ဒီစွမ်းရည်ကြောင့်ပဲ မိဘမဲ့ဘ၀ကိုရောက်ရှိပြီး မိဘမဲ့ဂေဟာကိုရောက်ခဲ့ရပါတယ်။ဒါပေမယ့် မိဘမဲ့ဂေဟာမှာလည်း အဲ့လိုထပ်ဖြစ်ပြီးနောက်ပိုင်းထွက်ပြေးသွားခဲ့ပြီး ဂျိမ်းစ်တစ်ယောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမယ့် နှစ်ပေါင်း များစွာကြာတဲ့အချိန်မှာကင်ဆာရောဂါဖြစ်နေပြီး ဆေးရုံကနေ ထွက်ပြေးလာတဲ့ မေဆိုတဲ့ကောင်မလေးနဲ့ဂျိမ်းစ်နဲ့တွေ့ဆုံခဲ့တဲ့ အခါမှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမဲ့ ဒရာမာ စိတ်ကူးယဉ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.78 GB / 851 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Fantasy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2011
Hideaways
Rob-B-Hood
6.6

IMDb 6.6 ရထားတဲ့ ဂျက်ကီချန်း ဟာသကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဒီကားဟာ ဂျက်ကီချန်းနဲ့ ဒါရိုက်တာ ဘန်နီချန်းတို့ရဲ့ Who Am I? နဲ့ New Police Story တို့နောက်ပိုင်း တတိယမြောက် လက်တွဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ထောန် နဲ့ ရေဘဝဲတို့သူငယ်ချင်းနှစ်ယောက်က သူခိုးတွေဖြစ်ပြီး သူတို့ဆရာ Landlord နဲ့အတူတူ ဖောက်ထွင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ် ထောန်က လောင်းကစားဝါသနာပါပြီး ရေဘဝဲကတော့ သူ့ဇနီးကွယ်ရာမှာ ချမ်းသာတဲ့ မိန်းမတွေနဲ့ ဖောက်ပြန်တတ်သူ ဖြစ်ပါတယ် တစ်နေ့ သော့ဝိဇ္ဇာ Landlord ကိုယ်တိုင် အိမ်မှာစုဆောင်းထားသမျှ ပိုက်ဆံတွေ အခိုးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်လာ ၇ သန်းတန် မစ်ရှင်တစ်ခုကို လုပ်ဖို့ ထောန်နဲ့ ရေဘဝဲကို စည်းရုံးရပါတော့တယ် အဲဒီမစ်ရှင်က မာဖီးယားခေါင်းဆောင်တစ်ယောက်ရဲ့ မြေးဖြစ်သူ ယူဆရတဲ့ “မွေးကင်းစကလေး” တစ်ယောက်ကို ပြန်ပေးဆွဲပြီး မာဖီးယားခေါင်းဆောင်ဆီ သွေးစစ်ဖို့ ပို့ဆောင်ပေးရမှာပါ ဒီကနေ ထောန်နဲ့ ရေဘဝဲတို့က ကလေးကို ပြုစုစောင့်ရှောက်ရင်း မေတ္တာသက်ဝင်သွားတဲ့အခါမှာ ကလေးလေးကို ဘယ်လိုအဆုံးထိ နှစ်ယောက်သား ကာကွယ်သွားကြမလဲဆိုတာကိုတော့ … အရွှန်းလည်း ဖောက် ဒရာမာလည်းပါပြီး အက်ရှင်ကားစစ်စစ်မဟုတ်တဲ့ ဟာသ ဒရာမာ အက်ရှင်ကားလေးထဲမှာ ရသစုံ ခံစားလိုက်ကြပါဦး File size…(2.4 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:16:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Access

6.6 2006
Rob-B-Hood
[18+] Wanted: Girlfriend
5.5

အသီနာနဲ့အက်ဆယ်တို့ဟာ တစ်ချိန်မှာလက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ ချစ်သူတွေပါ။ ဒါပေမယ့်လည်း နေရာမရွေးအချိန်မရွေးထန်ချင်လွန်းတဲ့ အက်ဆယ်ကိုသည်းမခံနိုင်တဲ့အဆုံး အသီနာက အဆက်ဖြတ်သွားခဲ့ပါတယ်။ ကာလတစ်ခုကြာလာပြီး နှစ်ယောက်သားကိုယ့်ဘ၀နဲ့ကိုယ် move on စပြုနေတဲ့အချိန်မှာမှ သူတို့နှစ်ယောက် ပြန်ဆုံဖြစ်ကြရင်း အရင်လိုခံစားချက်တွေ အသစ်တဖန်ဖြစ်ပေါ်လာတဲ့အခါ..။ အရင်ဇာတ်ကားတွေမှာနေရာသိပ်မရခဲ့တဲ့ Shiena Yu ဆိုတဲ့မင်းသမီးအသစ်လေးနဲ့ Reina Castillo ဆိုတဲ့ တစ်ကားမှမရိုက်ဖူးသေးတဲ့အသစ်စက်စက်လေးကိုအဓိကဇာတ်ဆောင်အဖြစ်စင်တင်ပေးထားတဲ့ဇာတ်ကားပါပဲ။မြည်းစမ်းကြည့်ကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(600MB) Quality_Blu-Ray 1080p Format_mp4 Duration_00:49:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Science Fiction • Action • Adventure
5.5 2024 48 mins
[18+] Wanted: Girlfriend
Legend of the Lost Locket

IMDB 6.9/10 ရရှိထားတဲ့ အချစ်ဇာတ်ကား အသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ အမ်မီလီယာက မိခင်ဖြစ်သူ မဆုံးပါးခင်က ဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့ လော့ကတ်လေးတစ်ခုကို ရှာဖွေဖို့ ကြိုးစားနေသူပါ။ ဒဏ္ဍာရီတွေအရ အဲဒီလော့ကတ်လေးရဲ့ နာမည်က အချစ်စစ်လော့ကတ်ဖြစ်ပြီး ဝတ်ဆင်သူကို အချစ်စစ်နဲ့ဆုံဆည်းရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ ဒါပေမဲ့ ကံမကောင်းအကြောင်း မလှစွာနဲ့ နှစ်ခြမ်းကွဲနေရှာတဲ့ လော့ကတ်လေးက တစ်ကွဲစီဖြစ်နေခဲ့ပြီး တစ်ခြမ်းကိုတော့ အမ်မီလီယာရဲ့အမေက ငွေအမြောက်အမြားပေးပြီး ဝယ်ယူသိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ မိခင်ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ ပျောက်ဆုံးနေတဲ့လော့ကတ်တစ်ခြမ်းကို ရှာဖွေဖို့ လမ်းစတွေရှာရင်းနဲ့ နောက်ဆုံးမှာတော့ အမ်မီလီယာက ဝယ်လ်မာတန်ဆိုတဲ့ မြို့ငယ်လေးကို ရောက်ရှိလာခဲ့ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီက သမိုင်းရှိခဲ့တဲ့ မြို့ငယ်လေးမှာ သူ့ကို ကူညီပေးတဲ့ ရဲမှူး မားကတ်စ်နဲ့အတူ ပျောက်ဆုံးနေတဲ့ လော့ကတ်ကို ရှာရင်း မထင်မှတ်ထားတဲ့ အခက်အခဲတွေကြုံတွေ့ခဲ့ရာမှာ အမ်မီလီယာတစ်ယောက် အခက်အခဲများစွာကိုကျော်ဖြတ်ပြီး တကယ်ပဲ အချစ်စစ်လော့ကတ်တစ်ခြမ်းကို ရှာဖွေတွေ့ရှိသွားနိုင်မှာလား၊ အဲဒီလော့ကတ်ကရော တကယ်ပဲ ဒဏ္ဍာရီတွေထဲလို ဝတ်ဆင်သူကို အချစ်စစ်နဲ့ ဆုံဆည်းအောင် ပေါင်းစည်းပေးနိုင်တာလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်က Emily ပါ) File size…(1.4 GB)/(823 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance,TV Movie, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2024
Legend of the Lost Locket
Dragon Seeking Coffin
5.8

လူကိုသေရာမှပြန်ရှင်စေနိုင်တဲ့ ထာဝရနုပျိုစေတဲ့နတ်ဆေးလုံးဟာ ကျွိလုမြို့အနီးနားကတောင်ပေါ်တောထဲမှာရှိတယ်လို့ဒဏ္ဍာရီရှိပါတယ်။ အဲဒီဒဏ္ဍာရီကြောင့် လောဘသားတစ်ယောက်ဟာ ဆေးလုံးဖွက်ဂူရဲ့သော့ကိုထိန်းသိမ်းထားတဲ့မျိုးနွယ်စုကိုသတ်ဖြတ်ပြန်ပေးဆွဲပြီး ဂူထဲဝင်ဖို့ကြံစည်နေပါတယ်။ အဲဒီအချိန်မှာ အရေးပေါ်အကူအညီတောင်းခံရတဲ့ လျိုရွှိဟာ ပြန်ပေးဆွဲခံရတဲ့မိန်းကလေးကိုလိုက်ရှာရင်း မိသားစုရဲ့နှစ် ၁၀၀၀ ကျိန်စာကိုဖျက်နိုင်ဖို့ဂူထဲကိုဝင်ချင်တဲ့ လုမိန်းကလေးတို့အဖွဲ့နဲ့ဆုံတွေ့လာပါတယ်။ အကြောင်းဖန်တော့သူတိ့နှစ်ဖွဲ့ဟာပူးပေါင်းပြီး နတ်ဆေးလုံးဖွက်ဂူကိုလိုက်ကြကြပါတယ်။ လျိုရွှိဟာ မိသားစုအမွေပေးခဲ့တဲ့ပညာကြောင့် ဂူကိုရှာတွေ့ခဲ့ပေမယ့် အမှောင်ထဲမှာဘယ်လို အန္တရာယ်တွေကစောင့်ကြိုနေသလဲဆိုတာမသိနိုင်ပါဘူး။ အန္တရာယ်တွေကိုကျော်ဖြတ်ပြီးတော့ သူတို့ဟာနတ်ဆေးလုံးရတနာကိုရအောင်ယူနိုင်ပါ့မလား…… ဒီဂူကြီးထဲမှာ အသက်တွေဘယ်လောက်များသေဆုံးရဦးမလဲ……

Action • Science Fiction • Thriller
5.8 2024
Dragon Seeking Coffin
Sing Sing
8.2

Sing Sing (2023) IMDb Rating (8.2) / Rotten Tomatoes (98%) ဒီရုပ်ရှင်က နယူးယောက်မြို့မှာရှိတဲ့ Sing Sing Correctional Facility မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‘ဒီဗိုင်းဂျီ’က သူ မကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် ထောင်ဒဏ်ကျခံရင်း ပြစ်မှုကင်းရှင်းကြောင်းသက်သေပြဖို့ ကြိုးစားနေစဉ်မှာပဲ Rehabilitation through the Arts (RTA) ဆိုတဲ့ အစီအစဉ်ကနေတဆင့် တခြားအကျဉ်းသားတွေကို ကူညီပေးနိုင်အောင် ကြိုးစားတတ်သူပါ။ ဒီဗိုင်းဂျီက အာတီအေအစီအစဉ်ကို စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်လည်း ပြဇာတ်ရေးနိုင်ကာ ပြဇာတ်မှာလည်း ကောင်းကောင်းကြီးကို ပါဝင်သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ တစ်နေ့တော့ သူတို့ရဲ့ ပြဇာတ်အသစ်အတွက် လူသစ်ခေါ်ဖို့ အင်တာဗျူးရင်း ‘ဒီဗိုင်းအိုင်း’ဆိုတဲ့ လူမိုက်တစ်ယောက်က သူတို့အဖွဲ့ထဲကို ရောက်လာပါတော့တယ်။ ရှိတ်စပီးယားပြဇာတ်တွေ ကနေကျ အဖွဲ့ကို ဒီဗိုင်းအိုင်းက စရောက်ကတည်းက ဟာသဇာတ်ကဖို့အတွက် ပြောရင်းနဲ့ ဒီဗိုင်းဂျီနဲ့ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ပါတော့တယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဒီဗိုင်းဂျီနေရာမှာတော့ မင်းသား Colman Domingo က သရုပ်ဆောင်ထားပြီး ဒီဗိုင်းအိုင်းအပါအဝင် ဇာတ်ကောင်တော်တော်များများက အဲ့ဒီအကျဉ်းထောင်မှာ အကျဉ်းကျဖူးတဲ့သူတွေကပဲ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ထောင်တွင်းဖြစ်ရပ်မှန်ဇာတ်လမ်းတွေနဲ့အတူ အနုပညာက အကျဉ်းသားတွေရဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍမှာ ဘယ်လိုအရေးပါသလဲဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nway Oo K Zaw မှ တင်ဆက်ထားပါတယ်။)

8.2 2024 107 mins
Sing Sing
The Baby in the Basket
5.5

ဒီကားကိုတော့ ဒါရိုက်တာ Andy Crane နဲ့ Nathan Shepka တို့ ရိုက်ကူးထားပြီး Maryam d’Ano, Paul Barber, Amber Doig-Thorne တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ စစ်ပွဲတွေဖြစ်နေတဲ့ ကာလတစ်ခုအတွင်းမှာ ဝေးလံခေါင်ဖျားတဲ့ လူသူသိပ်မရှိတဲ့ ကျွန်းတစ်ကျွန်းပေါ် စိန့်အောဂတ်စတင်းလို့ ခေါ်တဲ့ ဘုရားကျောင်းတစ်ခုရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ သီလရှင်တစ်ဦးက နတ်ဆိုးက ဝံပုလွေက သိုးရေခြုံလာသလို အားနည်းတဲ့ပုံနဲ့ရောက်လာပြီး ဘုရား ကျောင်းကို ပျက်စီးစေလိမ့်မယ်လို့ ‌ပြောကြားခဲ့ပါတယ်။ တစ်ခြားသူတွေက မယုံကြည်ကြတာကြောင့် သူကထွက်သွားဖို့ပဲ ရွေးခဲ့ပါတယ်။ ဒီလိုနဲ့ မုန်တိုင်းတွေထန်တဲ့ ညတစ်ညမှာ ဘုရားကျောင်းကို ဘယ်ကမှန်းမသိတဲ့ မွေးကင်းစကလေး ရောက်လာခဲ့ပြီး အဲဒီအချိန်ကစလို့ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ သီလရှင်တစ်ပါးသေဆုံးပြီး တစ်ပါးက ရူးသွပ်သွားတာကနေ စပြီး ဆက်တိုက် သေဆုံးမှုတွေ ဖြစ်လာတဲ့အခါမှာတော့ ဒီကလေးဟာ နတ်ဆိုးရဲ့ကိုယ်ပွားဖြစ်နိုင်တယ်လို့ သံသယ ဝင်လာခဲ့ကြပါတယ်။ ဒီနတ်ဆိုးလက်ကနေလွတ်အောင် သူတို့ဘယ်လိုကြိုးစားကြမှာလဲ…… ဘယ်သူကရော လွတ်မြောက်သွားမလဲ….. တကယ်ပဲ အစစ်အမှန်လွတ်မြောက်ခြင်းလား။ ဒါတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပါ။ File size… (762 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 40m Genre …..Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

5.5 2025 100 mins
The Baby in the Basket