YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Show.Window.The.Queen's.House.S01E12.720p(CM).mp4

729.53 MB N/A video/mp4 1860 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nefarious
6.6

Nefarious (2023) တကယ်လို့ သင်က Mystery အမျိုးအစားကြိုက်တယ်ဆိုရင်တော့ ဒီကားကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က IMDb rating 6.3 ရရှိထားပေမယ့် Rotten Tomatoes ကတော့ 33% ပဲ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းအရ ကောင်းပေမယ့် တချို့လူတွေ သဘောမတွေ့နိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်နေလို့ပါ။ ရုပ်ရှင်မှာလည်း နာမည်ကြီးမင်းသား မင်းသမီးတွေ မပါဝင်သလို Low budget နဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဲလို ရိုက်ထူးထားတာဆိုပေမယ့်လည်း သူ့အတိုင်းတာနဲ့သူ အောင်မြင်ခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁.၃ သန်း ပြန်မြတ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားပြည်နယ်မှာ အဆိုးဆုံးကွင်းဆက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ လူသတ်သမား အက်ဝါ့ဒ်ဝိန်းဘရက်ဒီကို လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးဖို့အတွက် ထောင်မှာ သီးသန့်ချုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အပြစ်သားရဲ့ စိတ်အခြေအနေဟာ အရမ်းကို ရူးသွပ်နေတယ်ဆိုရင် ပြည်နယ်ဥပဒေအရ သေဒဏ်ချဖို့ မဖြစ်နိုင်တာကြောင့် သေဒဏ်ချဖို့ကို ရွှေ့ဆိုင်းထားရတာပါ။ သူ့အခြေအနေကို လေ့လာဆန်းစစ်နေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် သေသွားတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒေါက်တာ ဂျိမ်းစ်မာတင်ကို သေဒဏ်ချဖို့ အချိန်မတိုင်ခင် ထောင်ဆီ လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဂျိမ်းစ်လည်း လူသတ်သမားနဲ့ နှစ်ယောက်တည်း စကားပြောကြည့်တဲ့အခါမှာ အက်ဝါ့ဒ်က သူဟာ လူမသတ်ခဲ့ကြောင်း သူ့ကို နာဖာရီးယားမက်စ်ဆိုတဲ့ နတ်ဆိုးက ပူးကပ်ပြီး လူတွေကို သတ်ခဲ့တာဖြစ်ကြောင်း ပြောလာပါတယ်။ တကယ်ပဲ အက်ဝါ့ဒ်ကို နတ်ဆိုးက ပူးကပ်နေတာလား ဒါမှမဟုတ် ရူးသွပ်နေတဲ့ လူသတ်သမားတစ်ယောက်လားဆိုတာကို ဇာတ်ကားအဆုံးထိ မေးခွန်းတွေ များစွာနဲ့ ရင်တထိတ်ထိတ် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 969MB | 456MB | 227MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... Aaron

Action • Crime • Drama
6.6 2023 98 mins
Nefarious
The Fault in Our Stars
7.6

IMDb Rating (7.6) / Rotten Tomatoes (81%) ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။ "ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ကျွန်မလဲ အခြားကောင်မလေးတွေလိုပဲ အဲဒီလို ဇာတ်လမ်းလေးတွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ယုံလိုက်ပါ အဲဒါတွေဟာ အမှန်တရားမဟုတ်ဘူး။ အမှန်တရားကို အခုပြောပြမယ်။ စိတ်မကောင်းပါဘူး။ " ဇာတ်လမ်းလေးရဲ့ နိဒါန်းလေးကို ဒီလိုပြောပြီးဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ်ထွက် Drama,Romance ရုပ်ရှင်လေးပါ။ IMDb 7.8 နဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာနောက်ဆုံးဆင့်နဲ့ ဆယ်ကျော်သက်ကောင်မလေး ဟေဇယ်ဟာ ကင်ဆာဝေဒနာသည်တွေအချင်းချင်းနှစ်သိမ့်တဲ့ အဖွဲ့လေးမှာ တခြားကင်ဆာနဲ့ ဆယ်ကျော်သက်ကောင်လေး အောဂက်စ်တက် နဲ့ သိကျွမ်းလာရပါတယ်။ သူတို့ ၂ ယောက်ရဲ့ တွေ့တွေ့ချင်း အငြင်းပွားစရာခေါင်းစဉ်ကတော့ အာဂတ်စ်တက်က သူသေဆုံးပြီးနောက်မှာ မေ့ပစ်ခံရပြီးအလုံးစုံပျောက်ကွယ်သွားရမှာကို ကြောက်ရွံ့နေပါတယ်။ သူ့အိမ်မက်က လူတွေ သန်းပေါင်းများစွာက သူ့ကိုမှတ်မိနိုင်လောက်အောင် အရေးပါတဲ့သူ သို့မဟုတ် သူရဲကောင်းတစ်ယောက်လို ရှင်သန်ချင်နေခဲ့တာပါ။ ဟေဇယ်ကတော့ လူသားအားလုံးဟာ တစ်ချိန်မှာ ပျောက်ကွယ်ခြင်းအဖြစ်ကို ရှောင်လွှဲမရဘူး ဒီတော့ အဲဒါကို ကြောက်ရင် ဥပက္ခာပြုထားလိုက်ဖို့ပဲတွေးပါတယ်။ ပြီးတော့ လူတွေအားလုံးက အမှတ်တရဖြစ်နေဖို့ထက် တစ်ယောက်ထဲကပဲ ထာဝရအမှတ်ရနေပေးရင် လုံလောက်ပြီဆိုတဲ့ အတွေးနဲ့ ကောင်မလေးပါ။ တစ်နေ့မှာတော့  ဟေဇယ်ရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ An Imperial Affliction ကိုရေးတဲ့ စာရေးဆရာဆီက သူအမေးချင်ဆုံးမေးခွန်းတွေကို ဖြေပေးဖို့    အမ်စတာဒမ်ကို ဖိတ်ခေါ်လာတဲ့အခါ။ ဒါပေမယ့် ဟေဇယ်မိဘတွေကဒီခရီးအတွက်ပိုက်ဆံမတတ်နိုင်ကြပါဘူး။ ဟေဇယ်ကိုယ်တိုင်လဲ သေလောက်တဲ့ ရောဂါသည်ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂျင်းနီတွေဆီမှာ ၁၃ နှစ်သမီးကတည်းက ဆန္ဒတစ်ခုတောင်းဆိုခဲ့ပြီးသား ဖြစ်နေတဲ့အခါ။ အောဂတ်စ်တက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒတောင်းဆိုခွင့်လေးကို ဟေဇယ်နဲ့အတူ အဲဒီစာရေးဆရာဆီသွားဖို့ အသုံးချခဲ့ပြီး ဆယ်ကျော်သက်လေး နှစ်ယောက်ရဲ့ ခရီးစဉ်လေး စတင်လာတဲ့ခါ....... တခြားဇာတ်ကားတွေမှာ ဝမ်းနည်းစရာပြကွက်မှာ ဝမ်းနည်းပြီး ပျော်စရာပြကွက်မှာ ပျော်ရွင်ကြရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အမြင်မျိုးစုံနဲ့ ခံစားနိုင်ကြပါတယ်။ ကျွန်တော့်အမြင်မှာ အထူးခြားဆုံးခံစားချက်ကတော့ ဒီဇာတ်ကားလေးမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေမှာတောင် ဟေဇယ်ရဲ့ နှာခေါင်းက အောက်စီဂျင်ပိုက်ကလေး တစ်ခုတည်းကနေ ဝမ်းနည်းမှုတစ်ခုကို အချိန်ပြည့် ရောထွေးနေစေတဲ့အတွက် ထူးဆန်းတဲ့ ခံစားမှုတစ်ခုကို အမြဲရနေခဲ့ပါတယ်။ မိတ်ဆွေတို့လဲ ကြည့်ပြီးရင် တစ်ခုခု ပြန်လာမျှဝေကြပါဦး။မူရင်းရသကို မမှီပေမယ့် အတော်လေး ကြည့်လို့ကောင်း တွေးလို့ကောင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီး လူတိုင်း တစ်ခေါက်လောက်တော့ ခံစားကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ ဒီအောက်မှာရေးထားတဲ့အကြောင်းအရာလေးတွေကတော့ ဇာတ်လမ်းအတွင်းမှာ သုံးသွားတဲ့ တစ်ချို့ နာမည်လေးတွေရဲ့ နောက်ခံကို ပြန်ရှင်း ပြပေးထားတာပါ။ သူတို့၂ယောက် လည်ပတ်ခဲ့တဲ့ Anne Frank House အန်းဖရန့်ခ် အိမ် ဆိုတဲ့နေရာက ဒုတိယကမ္ဘာစစ်မှာ နာဇီလက်ထဲနေ အန်း ရဲ့ မိသားစု နဲ့ လူ၄ ယောက်ပုန်းခိုနေခဲ့တဲ့နေရာပါ။ အန်း ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပေမယ့် သူရေးခဲ့တဲ့ ဒိုင်ယာရီနဲ့အတူ အဲဒီအိမ်ကလေးဟာ ကမ္ဘာကျော်နေရာတစ်ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့ နောက်ဆုံးမှာ ဗန်ဟောင်တန်ပြောခဲ့တဲ့ Omnis cellula e cellula (လက်တင်-ပြင်သစ် ထင်ရပါတယ်) ဆဲလ်အားလုံးဟာ ဆဲလ်တွေကပဲ ဖြစ်ပေါ်လာတယ်ဆိုတာ ဂျာမန်ရောဂါဗေဒပညာရှင် Rudolf Virchow ရဲ့ ထင်ရှားတဲ့ သီအိုရီ တစ်ခုပါပဲ။ Trolley Problem ဆိုတဲ့ စကားစုလေးကလဲ  Philippa Foot က ၁၉၆၇ မှာ စတင်မိတ်ဆက်ခဲ့တဲ့ လူကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်မေးခွန်းတစ်ခုပါ။ မူရင်းကတော့ ရထားလမ်းအတိုင်း လိမ့်ဆင်းလာတဲ့လှည်းတစ်ခုရဲ့ လမ်းကြောင်းပေါ်မှာ လူ ၅ ယောက်ကို မလှုပ်နိုင်အောင် ကြိုးချီထားခဲ့ပါတယ်။ အဲဒီရထားလှည်းကို လမ်းကြောင်းပြောင်းပေးနိုင်တဲ့ လီဗာ အနီးမှာ လူတစ်ယောက်ရှိနေပါတယ်။ တကယ်လို့ သူဟာလီဗာကို ဆွဲလိုက်ရင် လမ်းကြောင်းပြောင်းသွားမှာပါ။ ဒါပေမယ့် ခင်ဗျားပြောင်းမဲ့လမ်းကြောင်းပေါ်မှာလဲ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ။ (၁) လီဗာမဆွဲဘဲ လူ ၅ယောက်ကို အသေခံမယ် (၂) လီဗာဆွဲပြီး ဘေးလမ်းက လူကို အသေခံမယ် ဆိုရင် ဘယ်အရာက မှန်ကန်တဲ့ ရွေးချယ်မှုလဲ ဆိုတာပါပဲ။ File size…(2.8 GB)/ (1 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:12:53 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo

Drama • Romance
7.6 2014 126 mins
The Fault in Our Stars
In Our Prime
7.9

ကိုရီးယားရဲ့ အထင်ကရမင်းသားကြီး Choi Min-sik ဟာ Nameless Gangster: Rules of the Time မှာ လန့်စရာကောင်းတဲ့ ဂန်းစတားပုံမျိုးပီပြင်သလို The Admiral: Roaring Currents လို သူရဲကောင်းဆန်ပြီး သနားစရာကောင်းတဲ့ စစ်သူကြီးစရိုက်ဆိုလည်းရတယ်။ I Saw the Devil လို့ TV ပြေးရိုက်ခွဲချင်လောက်အောင် ကျက်သရေတုံးသမားကြီးစရိုက်လည်း ရတယ်။ ဒီကား In Our Prime မှာလည်း လျှို့ဝှက်အေးဆေးတဲ့ သင်္ချာပညာရှင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားတယ်။ မင်းသားကြည့်ပြီး ဇာတ်လမ်းရွေးသင့်တဲ့အထဲမှာ သူထိပ်ဆုံးကပါတယ်။ ဒီ In Our Prime ရုပ်ရှင်ဟာ South Korea Box Office မှာ နံပါတ်တစ် ချိတ်ခဲ့ပါတယ်။ ကျော်ကြားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုက အပယ်ခံ Ji Woo ဟာ သူ့ အတန်းဖော်တွေနဲ့ မတူညီတဲ့ လူမှုရေး နောက်ခံကြောင့် အံဝင်ခွင်ကျ ဖြစ်မနေခဲ့ပါဘူး။ ကျောင်းရဲ့ လုံခြုံရေး အစောင့်တစ်ဦးဖြစ်တဲ့ Hak Sung ဟာ သင်္ချာဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ပြီးတော့ မြောက်ကိုရီးယားမှ ပြောင်းလာခဲ့တဲ့သူတစ်ဦးဖြစ်ပြီး အခုချိန်မှာ သူဟာသူ့ရဲ့ အတိတ်ကို ပိတ်လှောင်ကာ နေထိုင်နေပါတယ်။ Ji Woo တစ်ယောက် ရင်ဆိုင်ရတဲ့ အခက်အခဲတွေများလှတာကြောင့် သင်္ချာဘာသာရပ်မှာ လက်လျှော့ဖို့အထိ စဉ်းစားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အမှတ်မထင် Hak Sung နဲ့သိခွင့်ရပြီး သူ့ကို သင်္ချာသင်ပေးဖို့ တောင်းဆိုကြည့်လိုက်တဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းကိုတော့ Ei Shoon က ရေးပေးထားပါတယ်။) File Size          : 1.8GB, 725MB, 358MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 57mins Genre              : Drama Translated by Ei Shoon & Lwin Lwin Aung Encoded by Kinnov

Romance
7.9 2022 117 mins
In Our Prime
Downsizing
5.3

သိပ္ပံပညာရှင်တွေဟာ လူ ဦးရေ ထူထပ်မှုပြဿနာကို လူတွေကို ၅ လက်မအရွယ်အစား လောက်ဖြစ်အောင် ချုံ့ပစ်တဲ့အ စီအစဉ်နဲ့ဖြေရှင်းခဲ့ရာမှာ ကြုံရ မယ့် အခြေအနေလေးတွေကို တင်ဆက်ထားတာဖြစ်ပါတယ်။ ပေါလ်နဲ့အော်ဒရေတို့ဟာ ငွေရေးကြေးရေးမပြေလည်မှုတွေ ကြုံ နေရတဲ့ဇနီးမောင်နှံပါ။ ကျောင်းသားဟောင်း စုံညီပွဲတစ်ခုကိုတက် ရင်း ၅ လက်မအရွယ်ချုံ့ထားတဲ့ သူတို့မိတ်ဆွေ ဒေ့ဗ်၊ ကရိုးလ်တို့နဲ့ ဆုံခဲ့ရပါတယ်။ လူဦးရေ ထူထပ် မှုနဲ့ စားနပ်ရိက္ခာပြဿနာကို ဖြေ ရှင်းပြီးသားဖြစ်စေတဲ့ အရွယ်အ စားချုံ့တဲ့ အစီအစဉ်ကို နော်ဝေး သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပြီး လူအတော်များများလည်း ပါဝင်ထားပြီဖြစ်ပါတယ်။ အရွယ်အစားချုံ့တဲ့ အစီအ စဉ်ကို ပေါလ်တစ်ယောက်စိတ် ဝင်စားခဲ့တဲ့အတွက် ဒေ့ဗ်နဲ့ဆွေး နွေးကြည့်ခဲ့ပြီး နောက်မှာတော့ ဆိုဒ်ချုံ့ပြီးရင်မူလအရွယ်အစား ပြန်မရနိုင်တော့မှန်းသိပေမယ့် လူတန်းစေ့နေ ထိုင်စားသောက်နိုင် ဖို့အတွက် တစ်နေ့တစ်နေ့ စိတ် ပူပန်နေရတဲ့ ပေါလ်နဲ့အော်ဒရေ တို့ဟာ ဘဝနေထိုင်မှုပိုကောင်း မယ်လို့ယူဆရတဲ့ ၅ လက်မ ကမ္ဘာထဲကို သွားနေဖို့ဆုံးဖြတ် လိုက်ပါတော့တယ်။ ဒီလိုနဲ့နှစ်ယောက်သား စိတ်ပိုင်းဖြတ်ကာ ဆိုဒ်ချုံ့တဲ့ဌာနကို သွားခဲ့ပြီး ဘဝအပြောင်းအလဲကို စတင်ခဲ့ပါတယ်။ တကယ်တော့ အော်ဒရေဟာ နောက်ဆုံးအချိန်ရောက်မှ စိတ်ပြောင်းသွားပြီး ဆိုဒ်မချုံ့ဖြစ်ခဲ့ပေမယ့် ပေါလ်ကတော့ ၅ လက်မလူသားအဖြစ် ပြောင်း သွားခဲ့ပါတယ်။ ၅ လက်မအရွယ်တွေနေတဲ့ကမ္ဘာကို တစ်ကိုယ်တည်း ရောက်သွားခဲ့တဲ့ ပေါလ်တစ် ယောက် ဘယ်လိုအဖြစ်အပျက် တွေနဲ့ကြုံရဦးမှာလဲ၊ အဲဒီကမ္ဘာမှာ ပေါလ်မျှော်လင့်ထားသလို ဘ၀ နေထိုင်မှုပိုကောင်းတဲ့ အနေအထားရှိ နေမှာလားဆိုတာကိုတော့ ပေါလ်ရဲ့ စွန့်စားခန်းအဖြစ်အ ပျက်တွေအနဲ့အတူ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ မက်ဒေမွန်၊ခရစ္စတိုဖာဝေါ့ဇ်၊ ဟုန်ချောင်၊ခရစ္စတန်ဝစ်၊ ဂျေဆင်ဆူဒယ်ကီ စတဲ့သရုပ်ဆောင် တွေပါဝင်ထား ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြပါသည်) File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 15min Format : Mp4 Genre :Comedy, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by Khin Pyae Sone Kyaw Encoded by Thanhtike Zaw

Action • Comedy • Crime • Thriller
5.3 2017 135 mins
Downsizing
The Action Pack
6.3

Haita De Acțiune (2023) Romania က ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ တာ၀န်မကျေပွန်မှုတွေ၊ မတရားမှုကို လျစ်လျူရှုထားတာတွေကို အခြေတည်ရိုက်ကူးထားတဲ့ Romanian ဟာသဆန်ဆန် အက်ရှင်ကား လာပါပြီ။ ဒီမှာ အဓိကဇာတ်ကောင်က ဒန်ဇယ်လို့ခေါ်တဲ့ ယာဉ်ထိန်းရဲပါ။ သူ့ရဲ့ငယ်ဘ၀သူရဲကောင်းတွေက မတရားမှုကို တိုက်ခိုက်သူတွေဖြစ်ပြီး ဒန်ဇယ်ကလည်း သူတို့လို ဖြစ်ချင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့ စာမေးပွဲကျတဲ့အတွက် ရဲအရာရှိဖြစ်မလာဘဲ ယာဉ်ထိန်းရဲလုပ်နေရသူပေါ့။ ဒန်ဇယ်အဖေကလည်း တစ်ချိန်က ယာဉ်ထိန်းရဲလုပ်ခဲ့ပြီး တရားမျှတမှုအတွက်ကြိုးပမ်းခဲ့တဲ့အတွက် သူတို့ ဌာနမှာ ခုထိလှောင်စရာဖြစ်နေပါတယ်။ သားအဖ၂ယောက်လုံး ဌာနမှာ သိုးမည်းဖြစ်နေတာပေါ့။ ဒန်ဇယ်တို့ မြို့မှာ ရဲတွေက သူတို့လုပ်ရမယ့်အလုပ်ကလွဲရင် ကျန်တာအကုန်လုပ်ပါတယ်။ ကိုကိန်းသုံးတာ အရက်သောက်တာ အလှပြင်တာ မိန်းမရှုပ်တာ အကုန်ပါပဲ။ ရဲတွေနဲ့ လူကြီးပိုင်းတွေ ပေါင်းပြီးတော့ အကျင့်ပျက်နေကြတာပါ။ သူတို့အတွက် တရားမျှတမှုဆိုတာ ဟာသလိုကို ဖြစ်နေတာပါ။ ဒန်ဇယ်ကတော့ ဒါတွေကို ပြောင်းလဲချင်ပါတယ်။ သူတို့မြို့က လောင်းကစားအိမ်ကို ဓားပြတိုက်တဲ့သူတွေကို ရအောင်ဖော်မယ်ဆိုပြီး မစ်ရှင်စပါတယ်။ သေချာပေါက် ရဲမှူးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သဘောမတူပါဘူး။ ဒန်ဇယ် တရားခံလို့ ထင်တဲ့သူက အထက်လွှတ်တော်အမတ်ရဲ့ သား ဖြစ်နေတဲ့အခါ... ဓားပြမှုကို ဆက်ပဲဖော်မလား... တခြားရဲတွေလိုပဲ မသိသလိုနေမလားဆိုတာကတော့.... ဒန်ဇယ်ရဲ့ Character ကို အလေးအနက်ကြီးမဟုတ်ဘဲ အူကြောင်ကြောင် ငတုံးလို လုပ်ထားတာမို့လို့ ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 740MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 39Min Genre - Action, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama
6.3 2023 99 mins
The Action Pack
The Immaculate Room
4.5

The Immaculate Room (2022) ======================= ကိတ် နဲ့ မိုက်ကီ တို့စုံတွဲနှစ်ယောက် The Immaculate Room ဆိုတဲ့ ဘာမှမရှိ တစ်ခန်းလုံးအဖြူရောင်ချည်းပဲဖြစ်နေတဲ့ အခန်းထဲကို ဆုငွေ ‌ ဒေါ်လာ ၅ သန်းရဖို့အတွက် ရက်ပေါင်း ၅၀ နေဖို့ရောက်လာကြတယ်။ သူတို့လုပ်ရမှာတွေကတော့ ခပ်ရှင်းရှင်းလေးတွေပါပဲ။ သူတို့ကျွေးတဲ့ အရသာအရည်တစ်မျိုးကို တစ်နေ့သုံးနပ် သုံးဆောင်ရမယ်။ ပြိုင်ပွဲဝင် နှစ်ယောက်ထဲကတစ်ယောက်ထွက်တာနဲ့ ဆုကြေးငွေကို ဒေါ်လာ (၁) သန်းအထိလျှော့ချလိုက်မှာဖြစ်တယ်။ ပြီးတော့ သူတို့စည်းကမ်းချိုး ဖောက်ဖို့လုပ်တာနဲ့ သတိလှမ်းပေးတဲ့ အချက်ပြစနစ်တွေလည်းတပ်ထားတယ် ဆိုတော့ကား survival ကားတွေရဲ့ ထုံးစံအတိုင်း ပထမတစ်ရက်နှစ်ရက်‌‌ လောက်က စကားပြောလိုက် ဘာလုပ်လိုက်ညာလုပ်လိုက်နဲ့ပေါ့။ နောက်ရက်တွေကြာလာတဲ့အခါမှာ လူ့သဘာဝအရ ဒုက္ခတွင်းထဲရောက်နေတာ အချိန်တွေကြာသွားတော့ သူတို့ရဲ့ မကောင်းတဲ့ အတွင်းစိတ်တွေက တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ လူနည်းနည်းလေးနဲ့ကို အတော်လေးစိတ်ဝင်စားစရာကောင်းအောင်ရိုက်ထားပြီး၊ အတော်လေးမိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Khant Sett Naing, May Thet Khine Soe တို့ဖြစ်ပါတယ်)

Action • Crime • Thriller
4.5 2022
The Immaculate Room
Knife Fight
5.2

Honesty is the best policyဆိုတဲ့စကားဟာ နေရာတိုင်းမှာမမှန်ပါဘူး။ အထူးသဖြင့် နိုင်ငံရေးဉာဏ်ကစားပွဲတွေမှာပေါ့။ ဆိတ်ကနေဆင်ဖြစ်အောင် မကောင်းသတင်း အပုပ်မှန်သမျှ ချဲ့ကားလုပ်ကြံပြောဆိုတတ်တဲ့ နိုင်ငံရေးလောကကိုရောက်ပြီဆိုရင်တော့ လှပတဲ့အဖြူရောင်မုသားကို လူတိုင်းလိုအပ်ကြမှာပါပဲ။ Paul turner‌ဆိုတာ အပေါ်ယံကြည့်ရင်တော့ သမ္မတလက်ထောက်ဟောင်းတစ်‌ယောက်၊ ဒါပေမဲ့ တကယ်တော့ သူဟာ ဒုက္ခရောက်နေတဲ့ နိုင်ငံရေးပါးမဝသူတွေအတွက် ပြဿနာကိုဖြေရှင်းပေးရတဲ့ နိုင်ငံရေးအကြံပေးတစ်‌ယောက်ပေါ့။ ဒီရုပ်ရှင်လေးထဲမှာတော့ နိုင်ငံရေးလောကရဲ့ လိမ်ဆင်အမျိုးမျိုး အပုပ်ချ နောက်ကြောင်းဖော် ပုံကြီးချဲ့ ချောက်တွန်းမှုအမျိုးမျိုးကို မီးမောင်းထိုးပြထားပါတယ်။ ယောက်ျားတိုင်းရဲ့ အားနည်းချက်လိုဖြစ်နေတဲ့ မိန်းမကိစ္စ ၊ ရိုးသားကြိုးစားဖြောင့်မတ်ပေမဲ့ ဓနရှင်တွေနဲ့ယှဉ်ပြိုင်ရတဲ့အခါ ကြုံရတဲ့အခက်အခဲတွေ ဓနရှင်တွေရဲ့ လက်ကိုင်တုတ်လိုဖြစ်နေတဲ့ မီဒီယာတွေရဲ့သက်ရောက်မှုနဲ့ လူတစ်‌ယောက်ရဲ့ဘဝကို အောက်ဆုံးထိဆွဲ‌ချနိုင်တဲ့ ကောလာဟလတစ်ခုရဲ့ ကြောက်စရာကောင်းပုံတွေကို ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ထားပါတယ်။ လူရယ်လို့ဖြစ်လာရင်တော့ ဘယ်သူမှအမှားနဲ့မကင်းပါဘူး။ လူတစ်‌ယောက်မှာ အားသာချက်များရင်များသလို ဒါကိုပြန်လည်ခြေပနိုင်တဲ့ပမာဏရှိတဲ့ အားနည်းချက်ကိုယ်စီ ရှိကြတာပါပဲ။ နိုင်ငံရေးလောကကိုဝင်မယ်ဆိုရင်တော့ ဓားတိုက်ပွဲမှာ သေနတ်ယူသွားဖို့အထိ ကြိုတင်ပြင်ဆင်ထားဖို့နဲ့ သွားပုပ်လေလွင့် အပုပ်ချပြောတာတွေ ချောက်တွန်းတာတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရမယ်ဆိုတဲ့အကြောင်း၊ ငွေသာလျှင်အရာရာဖြစ်နေတဲ့လောကကြီးမှာ ‌ဥစ္စာနဲ့အတူ အာဏာကိုပါရယူလိုတဲ့ ဓနရှင်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ပုံတွေကို ရှုစားရမှာဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ‌ဇာတ်လိုက်ကျော်ကြီး Paul Turnerတစ်ယောက် သူ့ရဲ့လက်ထောက်မလေး Kerstinနဲ့အတူ နိုင်ငံရေးဉာဏ်ကစားပွဲမှာ လူကောင်းတွေအနိုင်ရဖို့ မတူညီတဲ့ ကိုယ်စားလှယ်လောင်း 3 ယောက်အတွက် ဘယ်လိုတွေ ဗျူဟာဆွဲသွားမလဲဆိုတာ အားလုံးအတူကြည့်ရှုရအောင်ပါ။ File size…(1.6 GB)/(780 GB)/(450 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

5.2 2012
Knife Fight
Blow Out
7.4

Blow Out (1981) ~ IMDb – 7.4/10, Rotten Tomatoes – 87% ~ ၁၉၈၁ ခုနှစ်တုန်းကထွက်ခဲ့ပြီး ဆန်ခါတင်ဆုနှစ်ခု၀င်ထားတဲ့ Mystery, Thriller ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာက Thriller Crime genres တွေနဲ့ ပရိသတ်အတွက် မစိမ်းလောက်တဲ့ Brian De Palma ဖြစ်ပြီး သူရဲ့ အကောင်းဆုံးကားတွေထဲက တစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့ဆိုရင်လည်း အဓိကမင်းသားက ၁၉၇၀ခုနှစ်၀န်းကျင် ဟောလိဝုဒ်ရဲ့ Icon တစ်ယောက်ဖြစ်တဲ့ John Travolta မလို့ အရွေးချယ်မမှားမယ့်ကားကောင်းလေးပါပဲ။ ဂျက်ဆိုတဲ့သူက ရုပ်ရှင်တွေအတွက် အသံပိုင်းဆိုင်ရာ နည်းပညာရှင်ပါ။ တစ်ရက်တော့ ဇာတ်ကားတစ်ကားအတွက် တံတားပေါ်မှာ လေတိုးသံအသံသွင်းနေတုန်း ကားမတော်တဆမှုတစ်ခုကိုမျက်မြင်ကြုံခဲ့ရပြီး အသံသွင်းမိခဲ့ပါတယ်။ ကားပေါ်က ကောင်မလေးတစ်ယောက်ကိုလည်း ကယ်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ ကားမတော်ဆမှုမှာ အသက်ဆုံးသွားတဲ့သူက ရွေးကောက်ခံကိုယ်စားလှယ်မြို့တော်၀န်တစ်ယောက်ဖြစ်နေပါတယ်။ အိမ်ပြန်တော့ အသံပြန်စစ်ရာမှ ကားမှောက်မှုက မတော်တဆမှုသက်သက်မဟုတ်မှန်း သိလာရတဲ့အခါ၊ ကောင်မလေးနဲ့ မြို့တော်၀န်ကြားကဆက်ဆံရေးတွေနဲ့ ကိစ္စတွေက ရှုပ်ထွေးလာတဲ့ကြားထဲမှာမှ ဂျက်တစ်ယောက် အဖြစ်မှန်ပေါ်ဖို့ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် အန္တရာယ်တောထဲ ဆွဲသွင်းမိပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 805MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 48Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

7.4 1981 108 mins
Blow Out
The Millionaires’ Express
6.9

ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။ ‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။ နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။ အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ

Action • Drama • Romance • Thriller
6.9 1986
The Millionaires’ Express
Oru Yamandan Premakadha
5.1

Oru Mandan Premakadha (2019) “မီးတောက်ငယ်လေးတစ်ခု” ဒီတစ်ခေါက်‌တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့် B.C Noufal ရိုက်ကူးထားပြီး 2019 မှာ ထွက်ရှိခဲ့တဲ့ မလေယာလမ်စကားပြော အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။ လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါ‌ေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း သူ့ရဲ့ ဘဝ အလှည့်အပြောင်း ဖြစ်သွားချိန်မှာတော့….. ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

5.1 2019
Oru Yamandan Premakadha
Avenging Angelo

(IMDb 5.1/10) Director ကြီး Martyn Burke ရိုက်ကူးထားတဲ့ Action/Comedy/Crimeဇာတ်ကားကောင်းလေးပါ မင်းသားကြီး Sylvester Stallone နဲ့ မင်းသမီးကြီး Medeleine Stowe တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်ကားလေးကတော့ ဖရန်ကီ ဆိုတဲ့ သစ္စာရှိသက်တော်စောင့်ကောင်လေးဟာ အန်ဂျလို ဆိုတဲ့မာဖီးယား ဂိုဏ်ခေါင်းဆောင်ကြီးရဲ့လက်စွဲတော်ပေါ့ဖအေနဲ့သားလိုဆက်ဆံမှုမျိုးရှိကြတာပေါ့…..ဒီလိုနဲ့တစ်နေ့မှာ အန်ဂျလို ဟာသူသေတော့မှာကိုသိနေတဲ့အတိုင်း ဗီဒီယိုမှတ်တမ်းနဲ့သူ့ကိုအဖေမှန်းတောင်မသိတဲ့ သူ့ရဲ့သမီးကိုအမှာစကားထားခဲ့ပါတယ်…..အန်ဂျလို လုပ်ကြံခံရပြီးသေသွားတော့ ဖရန်ကီ ဟာသူ့သမီးရှိရာကိုသွားပြီးဖြစ်ကြောင်းကုန်စင်ပြောပြပြီး…… နှစ်ယောက်ပေါင်းပြီး ပြန်လက်စားခြေမယ့်အစီအစဉ််တွေကိုဘယ်လိုလုပ်ကြမလဲ…..မသိနိုင်တဲ့နောက်ကွယ်ရိုမန့်တစ်ဆန်တဲ့ ဇာတ်လမ်းလေးကရောဘယ်လိုများလဲဆိုတာကိုတော့….. ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(933 MB)/(748 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo

0 2002
Avenging Angelo
Gabriel’s Inferno: Part III
6.5

Gabriel’s Inferno: Part III ************************* Gabriel’s Inferno ဆိုတဲ့နာမည်ကိုတော့ မသိတဲ့သူ တော်တော်လေးနည်းမယ်လို့ထင်ပါတယ်… ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်တဲ့ ဒီဇာတ်လမ်းဟာဆိုရင်…. တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခဖြစ်သူ ဂေဘရီယယ် အန်မာဆင်န် နှင့် ဘွဲ့လွန်ကျောင်းသူလေး ဂျူလီယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကျောရိုးပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်… အခုဇာတ်လမ်းက နောက်ဆုံးထွက်ရှိထားတဲ့ အပိုင်းဖြစ်ပြီး အရှေ့မှာ Gabriel’s Inferno 1 နဲ့ 2 ဆိုပြီး ၂ ပိုင်းထွက်ထားပြီးသား ဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ Gabriel’s Inferno မှာ အခက်အခဲတွေအများကြီး ကျော်ဖြတ်ပြီးတဲ့နောက် ဂေဘရီယယ် နဲ့ ဂျူလီယန် ဟာ ချစ်သူရည်းစားဘ၀ကိုရောက်ရှိသွားခဲ့ပါတယ်… ဒီလိုနဲ့ အရာအားလုံးအဆင်ပြေနေပြီလို့ ထင်ရတဲ့အချိန် ရောက်ခါမှ ရုတ်တရက်ဆိုသလို ဂျူလီယန် ရဲ့ ရည်းစားဟောင်းဖြစ်သူ ဆိုင်မွန် ရောက်လာပြီး သူမနဲ့အတူနေခဲ့စဉ်က ရိုက်ထားတဲ့ Sex Tape တွေကို ဖြန့်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့အခါမှာတော့…… ဒီတစ်ကားလုံးမှာ အချစ်ပါရဂူကြီး ဂေဘရီယယ် ရဲ့ ဂျူလီယန် ကို ကာကွယ်ပေးပုံတွေ ပြုစုယုယပုံတွေကို တ၀ကြီးခံစားကြရမှာပါ… ဒါ့အပြင် အရင်ထွက်ထားတဲ့ အပိုင်းတွေလိုမျိုး ပါးကလေး/လက်ကလေးကိုင်ရုံအဆင့် မဟုတ်တော့တဲ့အတွက် ရာသီဥတုအေးအေးမှာ တစ်ယောက်တည်း စောင်ခြုံပြီးကြည့်တာအကောင်းဆုံးလို့ပဲ အကြံပေးလိုက်ပါရစေဗျာ …. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်….) File Size : 1.70GB/ 530MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:42:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Tiff

6.5 2020 102 mins
Gabriel’s Inferno: Part III
Vanishing on 7th Street

လူစည်ကား ပုံမှန်လည်ပတ်နေတဲ့ မြို့လေးတမြို့မှာ တနေ့ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ။ ဘယ်သူမှ ဖော်ထုတ်လို့မရတဲ့ အကြောင်းအရာ တခုခုကြောင့် မီးတွေပျက် လူတွေ ရုတ်တရက် ထူးဆန်းစွာ ပျောက်ဆုံးသွာပါတယ်။ ကားတွေ အဝတ်တွေ ပိုင်ဆိုင်မှုတွေ စားသောက်ကုန်တွေ ဘယ်အရာမှ မပျောက်ပဲ လူတွေပဲ ပျောက်သွားတာပါ။ အသက်ရှင်ကျန်သူ လူတချို့က အလင်းမရှိတဲ့နေရာမှာ အရိပ်တွေက လူတွေကို ဖမ်းစားနေတယ်ဆိုတာ သိလာတဲ့အခါ ဘယ်လိုဆက်လုပ်ကြမလဲ။ ရှင်ကျန်သူ လူတချို့တည်းကမှ ဂျာနယ်လစ် လုခ်၊ သူနာပြု ရို့စ်မယ်ရီ၊ ၁၂ အရွယ်ကောင်‌လေး ဂျိမ်းစ်နဲ့ ရုပ်ရှင်ဆရာ ပေါလ်တို့ မီးစက်နဲ့ လည်ပတ်နေတဲ့ ဘားလေးတခုမှာ စုံကြတဲ့အခါ။ ဓါတ်ဆီကလဲ ကုန်နေပြီ၊ ဓါတ်ခဲတွေလဲ မရှိတော့ သွားယူဖို့ကလဲ မဖြစ်နိုင် အမှောင်ထုကြီးစိုး လာတဲ့ အနေထားမှာ လူတွေ ဘာလို့ ပျောက်ကုန်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို ရှာမှ ရှင်သန်နိုင်ဖို့ ဖြစ်လာပါတော့တယ်။ Mystery/ Thriller အမျိုးစားဖြစ်ပြီးတော့ ဇာတ်ကားတခုလုံး ဇာတ်ရှိန် မြင့်မြင့်နဲ့ ရင်တဖိုဖိုကြည့်ချင်ရင်တော့ ဒီဇာတ်ကားက တကယ်ကို ကောင်းတဲ့ ဇာတ်ကားပါ။ Rating တွေလဲ ကောင်းတာမလို့ ကြည့်ရှုခံစားကြည့်ပါအုံးလို့ပဲ အကြံပေးလိုက်ပါတယ် ခင်ဗျာ။ File size… 1 GB, 470 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Mystery, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Dr. Zac

Drama
0 2010 92 mins
Vanishing on 7th Street
The Bayou
4.3

The Bayou (2025) IMDb Rating (4.3) သူ့အကို သေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ Kyle ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူ့အကိုရဲ့ အရိုးပြာကို ကြဲဖို့ Keys မြို့ကို သွားဖို့ အကြောင်းဖန်လာပါတယ်။ သူ့ အကိုရဲ့ သူငယ်ချင်းတွေ နဲ့အတူ ကားနဲ့ သွားဖို့ လုပ်ထားခဲ့ပေမဲ့ လေယာဉ်နဲ့ သွားဖို့ ဖြစ်လာပါတယ်။ သူတို့ ငှားမိတဲ့ လေယာဉ်က တရားမဝင်လမ်းကြောင်းကနေ ပျံသန်းတဲ့ လေယာဉ်ဖြစ်ပြီး လေယာဉ်က သက်တမ်းကြာရင့်နေတဲ့ လေယာဉ်ဖြစ်တာကြောင့် ပျက်ကျခဲ့ပါတယ်။ သူတို့ ဟာ မိကျောင်းတွေ ကြီးစိုးတဲ့ ရေအိုင်ငယ်တွေ အများကြီး ရှိတဲ့ နေရာကို ပျက်ကျခဲ့ပါတယ်။ အဲ့ဒီနေရာမှာ ရှိနေတဲ့ မိကျောင်းတွေက ဘာလို့ ရန်လိုနေတာလဲ ဘာလို့ သာမာန် မဟုတ်တာလည်း ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ရှူစားလိုက်ကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thet Naing Oo ဖြစ်ပါတယ်။) File size…(1.5 GB) / (810 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Horror,Thriller Duration….01:27:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thet Naing Oo

4.3 2025 87 mins
The Bayou