YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Shoresy.S01E06.720p.CRAV.WEB-DL.(CM).mp4

265.75 MB 720p video/mp4 27 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Army Soul of Han Dynasty

ရှေးသမိုင်းတွေစိတ်ဝင်စားတဲ့သူတွေအကြိုက်တွေ့စေမယ့် ဟန်ခေတ်ကနယ်စပ်မြို့လေးမှာအခြေတည်ပြီး ရိုက်ထားတဲ့စစ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဘီစီ၃၀၀ခုနှစ်လောက်မှာ အရှေ့ဥပရောပမှာနေထိုင်တဲ့ရှုံနူလူမျိုးတွေရှိခဲ့ပါတယ်။ သူတို့ဟာရေကြည်ရာမြက်နုရာလှည့်လည်ကျက်စားတတ်ပြီး တရုတ်ပြည်မြောက်ပိုင်းကိုအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့သူတွေလဲဖြစ်တယ်။ ဒီဇာတ်ကားလေးမှာတော့ ဟန်တိုင်းပြည်နယ်စပ်မြို့လေးဖြစ်တဲ့ စူးလော့မြို့လေးကိုစစ်သည်အင်အား၃၀၀နဲ့စစ်သူကြီးတစ်ယောက်ဟာ ရှုံနူတွေရဲ့ရန်ကနေပြီး ဘယ်လိုခုခံကာကွယ်မလဲ..... မြို့လေးကိုသေသည်အထိကာကွယ်မယ်ဆိုပြီးသစ္စာဆိုခဲ့တဲ့ဟန်စစ်သားတွေဟာ သူတို့ရဲ့တာဝန်ကိုဘယ်လိုစိတ်ဓာတ်အားမာန်တွေနဲ့ ဘယ်လိုကျေပွန်အောင်ထမ်းဆောင်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ,War Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
0 2022 102 mins
Army Soul of Han Dynasty
Sector 7
4.7

ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲ လှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ကားမလန်းတောင် ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖို့သက်သက် ရှာကြည့်ရတဲ့ မမ ဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ။ အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမို့လား။ ဒါပေမဲ့ မမဆိုလို့ မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ်။ ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို့ Sinkhole တို့ The Tower တို့လို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ပါတဲ့။ အပေါ်ကကားတွေက ကေဖန်တွေကြည့်ဖူးကြသလို ကြိုက်လည်းကြိုက်ကြ ပေါက်လည်းပေါက်ခဲ့တဲ့ကားတွေချည်းပါပဲ။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းတဲ့ ရုပ်ရှင်တွေ‌ပေါ့။ ခု ဒီကားရဲ့ ဇာတ်လမ်းသွားကတော့ ဂျယ်ဂျူကျွန်းတောင်ပိုင်းမှာ ရေနံတူးရင်း ဂြိုဟ်သားတွေနဲ့ တွေ့တဲ့အကြောင်းပါပဲ။ ဘာနေနေပါ။ မျက်လွှာချထားပြီး ရှေ့နှစ်လံကိုကြည့်လျှောက်လည်း ကျွန်တော်တို့ရှိတာကို မသိနိုင်တဲ့ ဂန္တဝင်မမတစ်ယောက်ကို ငေးမောလို့ကောင်းမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားကို Ingyin San မှ ပြန်ဆိုပေးထားပါတယ်) Size - 2.9GB, 1.2GB Quality - Blu-ray 1080p, 720p MyDramaList Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Action, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Crime • Thriller
4.7 2011 101 mins
Sector 7
The Great Gatsby
7.4

(၁) တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။ (၂) ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။ (၃) ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။ (၄) မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ သူမျှော်လင့်တဲ့အနာဂတ်တစ်ဖြစ်လဲ သူ့အိပ်မက်တစ်ဖြစ်လဲ ဒီအလင်းပွင့်စိမ်းကလေးဆီ ဂတ်စ်ဘီ ခရီးရှည်ကြီးကိုဖြတ်သန်းပြီး လာခဲ့တယ်။ သူဟာ မျှော်လင့်ချက်တစ်ခု အချစ်တစ်ခုနဲ့ ဒါကိုတာက တဲကုပ်ကလေးကနေ ကျွန်တော်ကျောခိုင်းထားတဲ့ စံအိမ်ကြီးဆီအထိ အရောက်လှမ်းခဲ့တယ်။ ကျွန်တော့်ရောင်းရင်းကြီး ဂတ်စ်ဘီဟာ ဒီလောက်ထိမျှော်လင့်ချက်ကြီးခဲ့ အချစ်ကြီးခဲ့ ဝဋ်ကြီးခဲ့တဲ့သူပါ။ ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှလူတွေထဲ ဂတ်စ်ဘီဟာ မျှော်လင့်ချက်အကြီးဆုံးလူလို့ ကျွန်တော်ပြောရဲတယ်။ (၅) ဂတ်စ်ဘီရဲ့ ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်ညီမဝမ်းကွဲ ဒေစီလို့ပြောရင်လည်း မမှားဘူးပေါ့။ ကျွန်တော် ဂတ်စ်ဘီကို ပထမဆုံးတွေ့တာက နယူးယောက်က ပါတီတစ်ခုမှာပါ။ နယူးယောက်ဆိုတာထက် ဝက်စ်အက်ဂ်ပေါ့ဗျာ။ ဒေစီကတော့ ဝက်စ်အက်ဂ်နဲ့ ပင်လယ်အော်ကြီးခြားထားတဲ့ တစ်ဖက်ကမ်းက အိစ်အက်ဂ်မှာနေတယ်။ ဘယ်လောက်ပဲချမ်းသာပါစေ ခေတ်ပျက်သူဌေးတွေဟာ မျိုးနဲ့ရိုးနဲ့ချမ်းသာတဲ့ လူကုံထံတွေနေတဲ့ အိစ်အက်ဂ်ကို မကပ်နိုင်ခဲ့တာများလားပါပဲ။ ကျွန်တော့်ရောင်းရင်းကြီး ဂတ်စ်ဘီဟာ ဒေစီနဲ့နီးချင်လို့ ဒေစီ့အိမ်တစ်ဖက်ကမ်းက အိမ်ကိုဝယ်ခဲ့တယ်။ တစ်နေ့နေ့မှာ ဒေစီများ ရောက်လာမလားဆိုပြီး ခြိမ့်ခြိမ့်သဲစည်ကားတဲ့ ပါတီကြီးတွေပေးခဲ့တယ်။ သူငါးနှစ်လုံး အရိပ်မှမမြင်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီလောက်ထိလုပ်ခဲ့တဲ့သူပါ။ ဒေစီ့ကိုချစ်မိခဲ့တဲ့ လွန်ခဲ့တဲ့ငါးနှစ်ကစပြီး ဂတ်စ်ဘီဟာ သူ့ဘဝတစ်ခုလုံးကို ဒေစီ့ပေါ်ပုံအောလိုက်တဲ့အထိ အချစ်ကြီးခဲ့တဲ့သူပါပဲ။ (၆) နယူးယောက်က Queensboro တံတားကြီးကို ဖြတ်လိုက်ပြီးတာနဲ့ ဘာမဆိုဖြစ်လာနိုင်မယ်လို့ ကျွန်တော်ထင်မှတ်မှားခဲ့သလို ဂတ်စ်ဘီလည်း သူဘာမဆိုဖြစ်လာနိုင်မယ်လို့ ထင်မှတ်မှားခဲ့ပုံပါပဲ။ ဘယ်လိုပဲ အတိတ်ကံမကောင်းခဲ့ပါစေ ဒေစီနဲ့အတူ အတောက်ပဆုံးအနာဂတ်လေးကို ဖန်တီးနိုင်လိမ့်မယ်လို့ ဂတ်စ်ဘီ ထင်မှတ်ခဲ့တယ်။ တစ်ချိန်က တိမ်လိုလေလို လွင့်သွားခဲ့တဲ့ သူတို့ရဲ့ ချစ်ကမ္ဘာကြီးကို ပြန်တည်ဆောက်နိုင်မယ်လို့ ဂတ်စ်ဘီ ယုံကြည်ခဲ့တယ်။ ဒီလောကကြီးဟာ ကျွန်တော်တို့ထင်သလို လည်ပတ်နေတာ မဟုတ်ခဲ့တာကိုတော့ ဂတ်စ်ဘီရော ကျွန်တော်ရော မသိခဲ့ကြဘူးပေါ့။ ဒီမြက်ခင်းလဲ့ပြာတွေဆီအထိ ခရီးရှည်ကြီးလာခဲ့ရတဲ့ ဂတ်စ်ဘီဟာ ဝက်စ်အက်ဂ်နဲ့ အိစ်အက်ဂ်ကြားက ပင်လယ်အော်လေးကိုတော့ ဘယ်လိုမှ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ သူ ဘယ်လိုပဲကြိုးစားပြေးလည်း ဒေစီဆိုတဲ့ မီးပွင့်စိမ်းလေးဟာ သူ့အနောက်မှာ ကျန်ရစ်ခဲ့ပြီးသားဖြစ်နေလေတော့ သူ ဘယ်လိုမှ လက်လှမ်းမမီနိုင်ခဲ့ဘူးပေါ့။ (၇) သူမမီနိုင်ပါတဲ့ အိပ်မက်ကလေးနောက် ဂတ်စ်ဘီလိုက်ခဲ့တယ်။ သူ့အိပ်မက်ကလေးဟာ သူ့မျက်စိရှေ့တင်ရောက်နေပြီလို့ သူထင်ခဲ့တယ်။ ကျိန်းသေပေါက်ဖမ်းဆုပ်နိုင်ပြီလို့ ထင်မှတ်မှားခဲ့တယ်။ စစကတည်းကိုက သူ့အိပ်မက်ကလေးဟာ သူ့နောက်မှာ ကျန်ရစ်ခဲ့ပြီးသားဖြစ်နေတာကိုတော့ သူမသိခဲ့ပုံပါပဲ။ အလင်းပွင့်စိမ်းကလေးကို ဂတ်စ်ဘီ ယုံကြည်မျှော်လင့်ခဲ့ဖူးတယ်။ အလင်းပွင့်စိမ်းကလေးဟာ ကျွန်တော်တို့မျက်စိရှေ့တင်ပဲ တစ်စထက်တစ်စ မှေးမှိန်လာရင်း အဆုံးကျ ဂတ်စ်ဘီ လက်လွှတ်လိုက်ရတာပါပဲ။ ပသို့ပဲဆိုဆို ဂတ်စ်ဘီဟာ အရင်လိုဘ၀အစမှာ ပြန်ပြီးနေခွင့်ရခဲ့လည်း ဒေစီ့အတွက် အပြန်တစ်ရာမိုက်ဦး အဖန်တစ်ရာမှားဦးမယ့် သူဆိုတာ ကျွန်တော်သေချာနေတယ်။ (၈) ခင်ဗျားကို ကျွန်တော် "အတိတ်ကို ပြန်ပြင်လို့မရဘူး"လို့ ပြောတုန်းက "အတိတ်ကို ပြန်ပြင်လို့မရဘူးဆိုတဲ့ ခင်ဗျားအယူအဆမှားတယ်ဗျ"လို့ ခင်ဗျား ကျွန်တော့်ကို ပြန်ပြောခဲ့တာ မှတ်မိသေးလား ဂတ်စ်ဘီ။ ခင်ဗျားပြောသလို ကျွန်တော် မှားလိုက်ချင်ပါတယ်။ ခင်ဗျားရဲ့ အလင်းပွင့်စိမ်းကလေးကို ခင်ဗျား လက်လွတ်လိုက်ရတာကို ကျွန်တော်မမြင်ချင်ပါဘူး။ ဘယ်သူတစ်ဦးတစ်‌ယောက်ကမှ ဖျက်ဆီးမပစ်နိုင်တဲ့ အိပ်မက်တစ်ခုကို ဖုံးကွယ်ရင်း ကျွန်တော်တို့ရှေ့ ခင်ဗျားရပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ခင်ဗျား ဘယ်သူဆိုတာကို မှန်းဆခဲ့ကြဖူးတယ်။ ခင်ဗျားဘဝကို နားမလည်ပါဘဲ ခင်ဗျားကို အထင်မှားဖူးကြတယ်။ ကျွန်တော်လည်း ဒီအတိတ်ကို ပြန်ပြင်ချင်မိတယ်။ ပြန်ပြင်လို့ရမှာမဟုတ်တာတော့ သေချာသလောက်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နောက်နေ့တွေမှာ ကျွန်တော်တို့ ပိုကြိုးစားပြေးပြီး ကျွန်တော်တို့လက်တွေကို ပိုဝေးဝေး ဆန့်ထုတ်ကြမယ်။   တစ်နေ့နေ့မှာတော့...    ရေစီးလားရာကို စုန်ကန်ပြီး     အတိတ်နေ့တွေဆီ လမ်းမသွေဖီ,      လည်ပြန်ခေါ်ကာသွားမယ့်       လှေတွေကို        ကျွန်တော်တို့အတူ လှော်ခတ်ကြတာပေါ့။                                              - နစ်ကာရာဝေး ------ (၉) F. Scott Fitzgerald ရဲ့ The Great Gatsby ဝတ္တုဟာ သူ့ကို ပြန်ရိုက်ခဲ့ကြတဲ့ ရုပ်ရှင်များစွာထက် ပိုကျော်ကြားတဲ့ ဂန္တဝင်ဝတ္တုကြီးပါ။ ဇာတ်လမ်းသက်သက်ကြည့်ရင် အချစ်ကြီးတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲလို့ ယူဆလို့ရပေမဲ့ ထိုခေတ်ထိုအခါက အမေရိကန်အိပ်မက်တွေအကြောင်းကို သူ့အရေးအသားပညာနဲ့ metaphor တွေကို သုံးပြီး သရော်ထားတယ်လို့ ဆိုကြပါတယ်။ ရှာဖတ်ကြည့်သလောက်တော့ နောက်ဆုံးအပိတ်စာသားဆို နိမိတ်ပုံခေါ်ရမလားတော့မသိတဲ့ဟန်တွေရော တင်စားရေးသားမှုတွေရောသမထားတဲ့ ကဗျာစာကြောင်းဆန်ဆန်ဖြစ်နေတာကြောင့် ပရိသတ်တွေကြား အဓိပ္ပာယ်နည်းနည်းစီ ကွဲနေကြအထိပါပဲ။ အကောင်းမြင်တဲ့ဘက် ရောက်တဲ့စာကြောင်းပေမဲ့ b တွေအများကြီးသုံးထားတာက အတိတ်ရဲ့အလဲထိုးခံရတဲ့ ဂတ်စ်ဘီ့အဖြစ်ရဲ့ အငွေ့ပါအောင် B, beat down နဲ့ P, past ရဲ့ အငွေ့ပါအောင်သုံးထားတယ်လည်း ဆိုကြပါတယ်။ သို့ပေမဲ့ ဒီလိုစကားလုံးတွေက ကဗျာလို စကားလုံးတွေထက် ကျော်လွန်တဲ့ခံစားမှုကို ပေးချင်တဲ့အခါ သုံးကြတယ်လို့ ကျွန်တော်တော့မှတ်ယူပါတယ်။ ပြောရရင် ခံစားသူပေါ် ပိုမူတည်တယ်ထင်ပါတယ်။ ဒါရိုက်တာကလည်း ရှေ့စကားလုံးတွေမှာ စာအုပ်အတိုင်းအတိအကျယူတာနည်းပေမဲ့ ဒီအပိတ်ကိုတော့ အတိအကျကိုထည့်သုံးထားပါတယ်။ ဒါရိုက်တာဟာ စာအုပ်ကို သစ္စာမဖောက်ခဲ့ပါဘူး။ (၁၀) သရုပ်ဆောင်တွေမှာလည်း တိုဘီမက်ဂွိုင်းရားရဲ့ ဆွေးမြေ့မြေ့အသံဟာ စိတ်ကိုအတော်ဖမ်းစားနိုင်သလို လီယိုနာဒိုဆို ဂတ်စ်ဘီဇာတ်ရုပ်နဲ့ သူ့ထက်လိုက်မယ့်သူရှိမယ်မထင်လို့ ရှေ့ကားတွေကို ခုထိမကြည့်ဖြစ်တဲ့အထိပါပဲ။ ကျန်တဲ့သရုပ်ဆောင်တွေလည်း သူ့နည်းသူ့ဟန်ပီပြင်ကြသလို ဆုတွေလည်းရခဲ့ကြပါတယ်။ အော်စကာမှာ Best Production Design ဆုနဲ့ Costume Design ဆုရခဲ့သလို Cinematography ဆု, Editing ဆု၊ Original Score ဆုနဲ့ သရုပ်ဆောင်ဆုတွေကိုလည်း တခြားပွဲတွေက ရထားပါတယ်။ ရလည်းရသင့်ပါတယ်။ စီနီမာတို အသံ အခန်းအကူးတွေအကုန်လှပနေတဲ့ ဇာတ်လမ်းအရသာမက အမြင်ပိုင်း အသံပိုင်းအရပါ ဖမ်းစားနိုင်တဲ့ ရုပ်ရှင်ပါပဲ။ (၁၁) ဒါရိုက်တာ Baz Luhrmann ဟာ လီယိုနဲ့ရှေ့မှာ ရိုမီယိုဂျူးလီယက်ကားရိုက်ဖူးသလို Moulin Rouge တို့ Australia တို့လို အလှပဆုံးကားတွေကို ရိုက်ခဲ့တဲ့သူပါပဲ။ မဝေဖန်တတ်ပေမဲ့ တော်တော်လှလှပပပြတတ်တဲ့ ဒါရိုက်တာဆိုတာတော့ သေချာပါတယ်။ (၁၂) ပရိသတ်အတွက် ကားကောင်းဖြစ်သည့်တိုင်အောင်ပဲ ဝေဖန်ရေးသမားတွေကြားတော့ နှစ်ခြမ်းကွဲခဲ့ကြတဲ့ ရုပ်ရှင်ပါပဲ။ ရှေ့ကားတွေရော မူရင်းစာအုပ်ကြောင့်ရောကြောင့် ဖြစ်နိုင်ပေမဲ့ ကျွန်တော်တော့ တင်ဘာတန် ချာလီနဲ့ ချောကလက်စက်ရုံရဲ့ အရသာကို မူလကားက မီမယ်မထင်သလို ‌ဒါကိုလည်းမထင်ပါဘူး။ ကိုယ့်ရဲ့ပထမဆုံးအရသာတွေဟာ အကောင်းဆုံးဖြစ်သွားတတ်တာပဲမို့လား။ ဝေဖန်ရေးသမားတွေနှစ်ခြမ်းကွဲခဲ့ကြပေမဲ့ စာရေးဆရာရဲ့ မြေးမကတော့ ဒီရုပ်ရှင်ကို ချီးကျူးခဲ့ပြီး "Scott would have been proud"လို့ ထောပနာပြုခဲ့ပါတယ်။ (၁၃) The Great Gatsby ဟာ ကျွန်တော့်အတွက်တော့ ခဏခဏ သတိအရမိဆုံး ရုပ်ရှင်ပါပဲ။ စိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်ဆီကထွက်တဲ့ သီချင်းတွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ "အချစ်ဆိုတဲ့အရသာ" သီချင်းကို နားထောင်တိုင်း သတိရမိနေကျ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အချစ်ဆိုတဲ့အရသာဟာ ကျွန်တော်ရံဖန်ရံခါနား‌ထောင်ဖြစ်တဲ့ သီချင်းဖြစ်သလို ဒုတိယပိုဒ် "အရင်လို ဘ၀အစမှာ ပြန်ပြီးနေခွင့်ရတောင် အပြန်တစ်ရာမိုက်ဦးမှာ အဖန်တစ်ရာမှားဦးမှာ" နားရောက်တိုင်း ဂတ်စ်ဘီကို ပြေးမြင်မိစေတဲ့ သီချင်းလည်းဟုတ်ပါတယ်။ ဂတ်စ်ဘီဟာ ကျွန်တော့်အတွက် ခဏခဏ အမှတ်ရမိနေလောက်အောင် စွဲစေတဲ့ ရုပ်ရှင်ပါပဲ။ The Great Gatsby (2013) ဟာ မော်ဒန်ကလပ်စစ်ရုပ်ရှင်အဖြစ် သတ်မှတ်ခံရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.5GB, 1.36GB, 652MB Quality - Blu-ray 1080p, 720p, 360p IMDb Rating - 7.2/10 Format - mp4 Duration - 2H 23Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2013 143 mins
The Great Gatsby
I’ve Loved You So Long
7.6

ကိုယ့်ရဲ့သားကို ကိုယ်တိုင်ပြန်သ-တ်ခဲ့မိလို့ မိဘဖြစ်သူနဲ့ ယောင်္ကျားဖြစ်သူကပါ စွန့်ပစ်ခဲ့ကြတဲ့အပြင် ထောင်ဆယ့်ငါးနှစ်ကျခံခဲ့ရတဲ့ ဂျူးလိယက် ဖောင်တိန်၊ အစ်မဖြစ်သူနဲ့ ၁၅ နှစ်တောင်ခွဲခဲ့ရပြီး အခုချိန် တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေတဲ့အပြင် အိမ်ထောင်ပြုပြီးမိသားစုဘဝတစ်ခုကိုပါရနေပြီဖြစ်တဲ့ ညီမဖြစ်သူ လီယာ။ ဂျူးလိယက် ထောင်ကပြန်လွတ်လာတဲ့ အချိန်မှာ လူမှုဝန်ထမ်းတွေကဆက်သွယ်ပေးခဲ့လို့ ကန့်သတ်ကာလအတွင်း ညီမဖြစ်သူ လီယာတို့ မိသားစုနေထိုင်ရာ လော်ရိန်းမြို့မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ထောင်ထဲမှာ ၁၅ နှစ်လောက်ရှိနေခဲ့ရတဲ့ ဂျူးလိယက်တစ်ယောက် လူတွေနဲ့ ပြောဆိ ဆက်ဆံတဲ့နေရာမှာ အခက်တွေ့နေပါတယ်။ လီယာရဲ့ မိသားစုနဲ့ ပြောဆိုဆက်ဆံရတာတွေနဲ့၊ အလုပ်ရှာတဲ့ နေရာမှာလည်း ထောင်ကျခဲ့တဲ့ကိစ္စကြောင့် ရှာလို့မလွယ်ဖြစ်နေပြီး လူအသိုင်းအဝိုင်းထဲကို ဝင်ဆံ့ဖို့ ပြန်လည်သင်ယူရပါတယ်။ ဒီလိုနဲ့ ကြိုးစားနေထိုင်ရင်း သူ(မ)ရဲ့ ခံဝန်အရာရှိက ထောက်ခံပေးတာကြောင့် ဆေးရုံမှာ အစမ်းအလုပ်ရသွားခဲ့ပြီး လီယာရဲ့ မိသားစုအပြင်၊ မိတ်ဆွေတွေနဲ့ပါ တဖြည်းဖြည်းရင်းနှီးလာပါတော့တယ်။ ဒီလိုနဲ့ ဂျူးလိယက်ရဲ့ အပြုအမူတွေဟာ ပုံမှန်လူတစ်ဦးလို တဖြေးဖြေးချင်းပြန်ပြောင်းလဲလာခဲ့ပြီး တစ်နေ့မှာတော့ သူ့ရဲ့သားလေးဖြစ်သူ ပီရာ့ သေဆုံးခဲ့ရတဲ့အကြောင်းအရင်းမှန်ကို လီယာသိသွားတဲ့အခါမှာတော့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုအများကြီးရထားတဲ့အပြင် ဖြေးဖြေးချင်းနဲ့ ဆွဲခေါ်ပေးသွားမဲ့ ပြင်သစ်စကားပြော ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ဖြစ်တာမလို့ တင်ဆက်ပေးလိုက်ရပါတယ်ဗျ။ File size…(2.1 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

7.6 2008 115 mins
I’ve Loved You So Long
Attack of the Meth Gator

ထူးထူးဆန်းဆန်း ဘက်ဂျက်ကားလေးကြည့်ချင်တဲ့ သူတွေအတွက် Attack Of The Meth Gator လို့ခေါ်တဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံခြားမှာ Meth(မက်သ်) လို့ခေါ်တဲ့မူးယစ်ဆေးတွေကို လူသုံးများကြပြီး ဒီကားထဲမှာပါတဲ့ မိကျောင်းက အဲ့ဒီမက်သ်တွေ အများကြီးကို စားလိုက်တဲ့အတွက် ဟိုက်ပြီးတော့ လူတွေ လိုက်သတ် မက်သ်တွေလိုက်ရှာနေတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဘယ်ကနေဘယ်လိုစဖြစ်တာလည်းဆိုတော့ ဖလော်ရီဒါမှာရှိတဲ့ ကျွန်းတစ်ကျွန်းမှာ မက်သ်တွေကို ကိုယ်တိုင်ချက်လုပ်ပြီး ရောင်းနေတဲ့ လူနှစ်ယောက်ကို ရဲတွေလိုက်ဖမ်းရာကနေ ရေကန်ထဲကို ဆင်းပြေးရင်း မိကျောင်းအစားခံလိုက်ရတာ ဖြစ်ပါတယ်။မိကျောင်းစားထားတဲ့အထဲမှာ မက်သ်တွေပါ ပါပြီး ထူးထူးဆန်းဆန်း အဲ့ဒါကြောင့်ပဲ မိကျောင်းကြီးက အကောင်ကြီး လာပြီး ပိုလည်း အားကြီးလာပါတော့တယ်။ဒါပေမယ့် မူးယစ်ဆေး တွေရဲ့ ထုံးစံအတိုင်းပဲ အဲ့ဒီမိကျောင်းကြီးက မက်သ်တွေကို ထပ်တောင့်တလာပြီး ကျွန်းပေါ်မှာရောနေရာအနှံ့မှာပါ လိုက်ရှာ ပါတော့တယ်။အဲ့ဒါကြောင့် ဒီလိုကြီးမားတဲ့ မိကျောင်းကြီးကို ရှင်းပစ်ဖို့အတွက် ကျွန်းပေါ်ကရဲမှူးက တခြားတစ်နေရာမှာ တာဝန် ထမ်းဆောင်နေတဲ့ DEA အရာရှိဖြစ်တဲ့ သူ့သားဒန်တေးကိုပြန်ခေါ် ခဲ့ရပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီမိကျောင်းကြီးကို ရှင်းပစ်ဖို့အပြင် ဒီလို ပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ မက်သ်ချက်တဲ့ဓာတ်ခွဲခန်းတွေ ကိုပါ ဘယ်လိုအမြစ်ဖြတ်သွားမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်.. File size…1.84GB / 969MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 26m Genre ….. Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Attack of the Meth Gator
Hungry Hearts
6

Hungry Hearts (2014) ==================== ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဒါရိုက်တာ Saverio Costanzo မှရိုက်ကူးတင်ဆက်ထားပြီး 71 ကြိမ်မြောက် Venice နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအဖြစ်ဇကာတင်စာရင်းကိုဝင်ခဲ့တဲ့ ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ Jude နဲ့ Mine တို့ရဲ့ သန့်စင်ခန်းထဲက မတော်တဆတွေ့ဆုံမှုလေးကနေ ချစ်ခြင်းတရားပေါက်ဖွားလာပြီး အဲဒါကြောင့်ပဲ မတော်တဆနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရပါတော့တယ်။ သူတို့ဘဝရဲ့ ဂယက်တွေက ကိုယ်ဝန်ဆောင်ကာလမှာပဲ ပေါက်ဖွားလာခဲ့တယ်လို့ဆိုရမှာပါ။ ကိုယ်ဝန်ဆောင်ကာလအစကနေ Mine တစ်ယောက် စာအုပ်တွေအဖတ်လွန်ပြီး အရာရာကိုအစွဲအလမ်းကြီးလာခဲ့ပါတယ်။ အစားလည်းပုံမှန်မစားတော့သလို ခန္ဓာကိုယ်ကိုအဆိတ်အတောက်ဖယ်တယ်ဆိုပြီး ယုံမှာမှုတွေကြီးစိုးလာခဲ့ပါတယ်။ သူတို့မိသားစုဘဝလေးဘယ်လိုဖြစ်လာမှာလဲ ရှေ့ဆက်ပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ ) File size_(2.6GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June

Adventure • Action • Science Fiction • Thriller
6 2014 109 mins
Hungry Hearts
Hard Target 2
5.3

သူငယ်ချင်းကို လက်ဝှေ့ကြိုးဝိုင်းထဲမှာ မတော်တဆသတ်ခဲ့မိလို့ အပြစ်ကြွေးဆပ်ချင်ရာကနေ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ သတ်ကွင်းမှာ အမဲလိုက်ခံရသူ ဇာတ်ကားအကျဉ်း ဘေလာနှင့် ဆူသာလန်ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီးတော့ နာမည်တစ်လုံးနဲ့ ကျော်ကြားတဲ့ လက်ဝှေ့သမားတွေဖြစ်ပါတယ်။ သူတို့ဟာ နှစ်ယောက်ယှဉ်ထိုးဖို့ ငွေပမာဏအများကြီး ကမ်းလှမ်းခံရတဲ့အခါ ဘယ်သူနိုင်နိုင်အရေးမကြီးဘူး ပိုက်ဆံရဖို့ အဓိကပဲဆိုပြီး ယှဉ်ထိုးဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အနိုင်ရလိုစိတ်ပြင်းပြသွားတဲ့ ဘေလာက လက်လွန်သွားပြီး ဆူသာလန်ကို သေအောင် ထိုးလိုက်မိပါတယ်။ ဒီလိုကနေ စိတ်ရောလူရော ထောင်းထောင်းကြေသွားတဲ့ ဘေလာဟာ ဆူသာလန် မသေခင်ကို လိုချင်တဲ့တဲ့ ကမ်းခြေဘေးက အိမ်ကို ဝယ်ပေးဖို့ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ အဲဒရစ်ချ်ဆိုတဲ့လူနဲ့ ဆုံမိပြီး ထိုးပွဲတစ်ခုအတွက် လက်ခံပြီး မြန်မာပြည်ကို လိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိုရောက်သွားတဲ့အခါမှ လက်ဝှေ့ပွဲမဟုတ်ပဲ သူ့ကို ဝိုင်းအမဲလိုက်မယ့် သတ်ပွဲဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုလွှတ်မြောက်အောင်လုပ်မလဲဆိုတာကို ရင်ထဲ တလှိုက်လှိုက် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(2.8 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…War , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.3 2016 104 mins
Hard Target 2
Perfect Hotel Manager
5.8

အခု တစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးမှာကတော့ ပုံမှန်ရုပ်ရှင်တွေနဲ့ မတူတဲ့ လူ့စိတ်ကို စမ်းသပ်တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ယင်ရှန့်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကနေပြီး ကစားပွဲတစ်ခုကို လုပ်ခဲ့ပါတယ်။ ဒီကစားပွဲမှာ အနိုင်ရသူက ကျိုရှီဟိုတယ်ကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ ကစားပွဲကို ပါဝင်ခွင့်ရသူက…… ကျိုးပင်းချန်- အသက် ၃၀ အိမ်ထောင်မရှိ၊ အတွင်းခံဆိုင်ပိုင်ရှင်၊ မိသားစုနဲ့ မိတ်ဆွေတွေက အိမ်ထောင်ပြုဖို့ တိုက်တွန်းနေကြပေမဲ့ အိမ်ထောင်ရေးအပေါ် အယုံအကြည်မရှိသူ…… ကျာထျန်းရှန်း – တက်ခ်စီကားဆရာ အသက် ၄၀၊ ဘဝမှာ ဖိအားအပြည့်နဲ့ အောင်မြင်မှုဆိုတာ မရှိဖူးဘူး။ မိသားစု ဆက်ဆံရေးကလည်း မကောင်းနေဘူး…… ကျာထျန်းကျင့် – ကျာထျန်းရှန်းရဲ့ ညီလေး ၊ အသက် ၃၁ နှစ်၊ ဘဏ္ဍာရေးကုမ္ပဏီတစ်ခုမှာ မန်နေဂျာရာထူးရထားသူ။ အောင်မြင်မှုတွေ အနာဂတ်ကောင်းတွေ ရှိနေပေမဲ့ စိတ်ညစ်စရာတွေလည်း ရှိနေသူ…… ဟူကျယ် – အသက် ၂၂ နှစ် တက္ကသိုလ်ဘွဲ့ရခါစ၊ လူမှုပတ်ဝန်းကျင်ထဲကို မရောက်ဖူးသေးဘူး၊ အခုတစ်လော ရည်းစားနဲ့ လမ်းခွဲထားရတဲ့အတွက် စိတ်ညစ်နေရသူ…… သူတို့ ၄ ယောက်က အလှည့်ကျ ဟိုတယ်ပိုင်ရှင်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အကောင်းဆုံးလူကို မဲပေးစနစ်နဲ့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ဟိုတယ်တစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်တဲ့အတွက် လောဘရဲ့ လှုံ့ဆော်မှုကြောင့် လူတွေက ဘယ်လိုအကြံအစည်မျိုးတွေ ကြံစည်ကြမလဲ…… သူတို့ ၄ ယောက် ဒီ ၁၂ ရက်တာ အချိန်အတွင်းမှာ ဘယ်လို ဖြတ်သန်းကြမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Perfect Hotel Manager
Emmanuelle
4.4

Emmanuelle (2024) Lady Chatterley’s Lover တို့ Lolita တို့လိုကမ္ဘာကျော် Erotic Literature တွေကိုအခြေခံတဲ့ရုပ်ရှင်တွေထဲမှာမှ Franchise ကြီးတစ်ခုဖြစ်ရလောက်အောင် အောင်မြင်ကျော်ကြားခဲ့တဲ့ Emmanuelle ၁၉၇၄ ရဲ့ Reboot ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Emmanuelle အဖြစ် ပြင်သစ်မင်းသမီး Noémie Merlant ကသရုပ်ဆောင်ထားပြီး Naomi Watts ကြီးပါ အပြိုင်ကျဲထားပါသေးတယ်။ ဇာတ်လမ်းအရတော့ တွေ့မရှောင် Emmanuelle ဟာနာမည်ကျော်ဟော်တယ်လုပ်ငန်းစုကြီးတစ်ခုရဲ့ quality controller အဖြစ်ဟောင်ကောင်ကိုရောက်လာခဲ့ပြီး အဲ့ဒီဟိုတယ်က တာဝန်ခံ မာဂေါ့ကိုအပြစ်ရှာအလုပ်နားခိုင်းဖို့ တာဝန်လည်းပါလာပါတယ်။ ပျောက်ဆုံးနေတဲ့ သာယာမှုကိုရှာဖွေရင်း အဲ့ဒီမှာရှိတဲ့ ဧည့်သည်တွေတစ်ယောက်ပြီးတစ်ယောက်နဲ့လိင်တူလိင်ကွဲမရွေးဇာတ်လမ်းတွေဖြစ်ကြတာကိုရှုစားကြရမှာပါ။ Emmanuelle ဇာတ်ကားတွေထုံးစံအတိုင်းအဖော်အချွတ်တွေရော၊စကားပြောခန်းတွေပါညစ်ညမ်းကြမ်းတမ်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:46:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.4 2024 105 mins
Emmanuelle
Kaadhal Enbadhu Podhu Udamai
6.3

Kaadhal Enbadhu Podhu Udamai (2025) အများနှင့်သက်ဆိုင်သော အချစ်ရဲ့ အရိပ် IMDb 7.4/10 ကမ္ဘာပေါ်မှာ ချစ်ခြင်းမေတ္တာတွေက ပုံစံမျိုးစုံနဲ့ တည်ရှိနေကြပါတယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူတွေကြားကအချစ် စသည်ဖြင့်ပေါ့လေ။ ဒီဒရမ်မာလေးထဲမှာလည်း ချစ်ခြင်းမေတ္တာ ပုံစံမျိုးစုံ သရုပ်ဖော်ထားတာကို တွေ့မြင်ရမှာပါ။ လက်ရှ်မီးက motivational speaker တစ်ဦးဖြစ်တဲ့အပြင် documentary လေးတွေကိုလည်း ရိုက်ကူးသူတစ်ဦးပါ။ သူ့မှာ ဆမ်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိပြီး အချင်းချင်း ပံ့ပိုးကူညီရင်း ကောင်းမွန်တဲ့ သားအမိဆက်ဆံရေးလေးကို ပိုင်ဆိုင်ထားရပါတယ်။ တစ်နေ့တော့ဆမ်က သူ့မှာချစ်သူရှိနေပြီ ဖြစ်တဲ့အကြောင်း သူ့မိခင်လက်ရှ်မီးကို ဖွင့်ဟပြောကြားလာပါတယ်။ လက်ရှ်မီးကလည်း ဘာမှမေးမြန်းခြင်းမရှိဘဲ တက်ကြွပျော်ရွှင်စွာနဲ့ အိမ်ကိုနေ့လယ်စာစားဖို့ ဖိတ်ကြားစေပါတယ်။ သူ့သမီးကို သူက ရိုးရာဝတ်စုံလေး ဝတ်စေချင်တာတောင် ဆမ်က မဝတ်ချင်ပါဘူးဆိုရင် ဖိအားမပေးသူ၊ ဟင်းချက်‌စေချင်ပေမဲ့ သူ့သမီး မချက်ချင်ရင် အတင်းမ စေခိုင်းသူ၊ သူ့သမီးဘာပြောပြော သဘောတူနားလည် လက်ခံပေးခဲ့သူက ဆမ်ရဲ့ချစ်သူက ယောက်ျားလေးမဟုတ်ဘဲ မိန်းက‌လေးတစ်ယောက်ပါဆိုတာ သိရှိသွားတဲ့အခါမှာတော့……………….. ဘယ်လိုပဲ ခေတ်မီတိုးတက်လာပါပြီပြောပြော တကယ်တမ်းကြုံတွေ့လာတဲ့အခါ ရင်ဆိုင် ဖြေရှင်းရခက်ခဲနေဆဲဖြစ်တာကို သူတို့ ကိုင်တွယ်ဖြေရှင်းပုံ၊ အိန္ဒိယရိုးရာထုံးတမ်းရဲ့ စိန်ခေါ်မှုတစ်ရပ်ပါဆိုတာကို ရင်ဆိုင်ပုံ၊ သားအမိချစ်ခြင်းမေတ္တာ၊ ကာယကံရှင်နှစ်ဦးရဲ့ အချစ် စတာတွေကို ရင်သပ်ရှုမော ကြည့်ရှုခံစား ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V~Cym~Julien~STAR တို့ပဲဖြစ်ပါတယ်။

Fantasy • Thriller
6.3 2025 108 mins
Kaadhal Enbadhu Podhu Udamai
Armed
5.5

ယခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ သည်းထိတ် ရင်ဖိုအက်ရှင်ကားလေးပဲဖြစ်ပါတယ်… ဒီကားလေးမှာဆိုရင် စစ်လက်နက်ပစ္စည်းများကို ခိုးယူ ရောင်းချကြမယ့် မရိန်းတပ်သားဟောင်းများ ကြုံကြိုက်ရတဲ့ အလွဲအမှားအကြောင်းကို သည်းထိတ်ရင်ဖိုဖြစ်ဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်.. လူတစ်ယောက်ဟာ တံခါးနီနီကြီးဆီ ရည်ရွယ်ရင်း သေနတ် တစ်လက်နဲ့ ရမ်းသန်းပစ်ခတ်လျက် အခန်းထဲဝင်လာမယ့် သတ္တဝါကြီးကို ထိတ်လန့်ကြောက်ရွံ့ရင်း ဇောချွေးများ အပြိုက်ပြိုက်ကျနေပါတယ်.. ထိုသူရဲ့ အသက်လုံခြုံမှုဟာတော့ ကျည်ရာများ ပွထနေတဲ့ တံခါးရဲ့ လက်ကိုင်မှာကန့်လန့်ခံထားတဲ့ တူတစ်လက် အပေါ်မှာ မူတည်လျက်… ထိုအဖြစ်အပျက်ဟာ စားပွဲဝိုင်းလေးတစ်လုံးပေါ်က ဆွေးနွေးပွဲရဲ့ ရလဒ်ဖြစ်တယ်လို့ဆိုရင် မမှားပါဘူး စစ်တပ်ကြီးတစ်ခုရဲ့ စစ်လက်နက်ပစ္စည်းများဟာ လုံခြုံရေး လျော့ရဲလှတဲ့ အရပ်သားကုန်လှောင်ရုံတစ်ခုဆီကို ထူးထူး ဆန်းဆန်းရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းဟာ မရိန်း တပ်သားဟောင်းများအဖို့ ယုံနိုင်ခဲလှပါတယ်.. သို့သော်လည်း ၎င်းတို့ကို သတင်းပေးလာသူမှာ ကုန်လှောင် ရုံမှာ နှစ်ရှည်အလုပ်လုပ်ခဲ့သူဖြစ်ပြီး ရောင်းချရမယ့် ငွေပမာဏဟာလည်း မက်လောက်စရာဖြစ်တဲ့အတွက် အလုံးစုံယုံကြည်လိုက်ပြီး စစ်လက်နက်ပစ္စည်းများကို ခိုးယူဖို့ အစီအစဉ်ချကြပါတော့တယ်… စစ်တပ်ကြီးတစ်ခုလုံးကို ထောက်ပံ့နိုင်တဲ့ လက်နက်များဟာ သာမန်ဂိတ်စောင့်လုံခြုံရေးတစ်ဦးရဲ့ အစောင့်အရှောက် အောက်မှာ ရှိတဲ့အတွက်ကြောင့် လွယ်လင့်တကူသာ ခိုးယူနိုင်ခဲ့ကြပါတယ်… အစစအရာရာအစီအစဉ်တကျဖြစ်ခဲ့ပြီး လွတ်မြောက် ရာကို ထွက်လာနိုင်ခဲ့တဲ့ မရိန်းတပ်သားဟောင်းများ အဖွဲ့ဟာ အံ့ဩစရာအဖြစ်နဲ့ကြုံကြိုက်ရပါတော့တယ် အဖွဲ့သားတစ်ယောက်ဟာ လက်နက်ပုံးများကို လှန်လှော စစ်ဆေးရင်း စတင်ဂါသေနတ်ပုံးကို ဖွင့်လိုက်တဲ့အခါမှာတော့ လူပုံသဏ္ဌာန်ဆင်တူတဲ့ အရုပ်တစ်ရုပ်ဟာ အခေါင်းထဲက ထလာတဲ့အလောင်းတစ်လောင်းသဖွယ်ထလာရာ ကြောက်လန့်တကြီး သေနတ်နဲ့ ပစ်ခတ်မိပါတော့တယ်.. သို့သော်လည်း ၎င်းအရုပ်ဟာ ဘယ်လိုထိခိုက်မှုမျိုးမှမရှိဘဲ တောတွင်းဝင်ပြေးပြီးတဲ့နောက် မရိန်းတပ်သားအုပ်စုနဲ့ ကျည်မတိုးတဲ့အရုပ်တို့ ရင်ဆိုင်ရမယ့်အဖြစ်ကို ရောက်ရှိ လာတဲ့အခါမှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် အက်ရှင်ကားသဘောကျသူ အရုပ်တစ်ရုပ်ရဲ့ခြောက်လှန့်မှုနဲ့ ထိတ်လန့်ဖွယ်ဇာတ်လမ်း ဆင်ထားတဲ့ ရုပ်ရှင်ကားများနှစ်သက်သူတို့အတွက် အာသာပြေ ကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးဖြစ်လို့ ရွေးချယ် စရာတစ်ခုအဖြစ် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….. File size… (922 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 34m Genre …..Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2025 90 mins
Armed
Rob1n
4

Rob1n (2025) ဒီဇာတ်ကားလေး ကတော့ 2025 ခုနှစ်ထွက် Horror ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတယ်။ အရုပ်သရဲလို့ လူသိများတဲ့ Chucky ဇာတ်ကားပုံစံမျိုးကို ဒီကားကတာ့ စက်ရုပ် သရဲ ပုံစံ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရယ်သာဖော့ဒ် ဆိုတဲ့ စစ်တပ်အတွက် ခေတ်မှီလက်နက် တွေ တီထွင်ပေးနေတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ၁၁ နှစ်သားလေး သေဆုံးမှုကို သတိရလွမ်းဆွတ်ပြီးတော့ စက်ရုပ် တစ်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ အဲ့ဒီစက်ရုပ်မှာပဲ သူ့သားလေးရဲ့ ဝိညာဉ်စွဲကပ်နေပြီးတော့ ဘယ်လိုမျိုး တွေ ဆက်ဖြစ်သွားသလဲ ဆိုတာနဲ့ သူ့သားလေး ဘာကြောင့် သေသွားတာလဲဆိုတာကိုတာ့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါခင်ဗျာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size… (890 MB) / (540 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Sci-Fi, Thriller Duration…. 01:33:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Ko Dee

Action • Comedy • Drama • Family • Thriller
4 2025 91 mins
Rob1n