YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Shadow.Detective.S01E02.720P[CM].mp4

282.89 MB N/A video/mp4 743 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Siren
1

Siren (2006) Siren ဆိုတဲ့ ဗီဒီယိုဂိမ်းစီးရီးကို ပြန်လည်ရိုက်ကူးထားတဲ့ ဂျပန် Horror ဇာတ်ကားလေးဖြစ်ပါတယ်။ လူသူဝေးတဲ့ ကျွန်းတစ်ကျွန်းကို သတင်းထောက်တစ်ယောက်က သားသမီးနှစ်ယောက်နဲ့အတူ ပြောင်းလာပါတယ်။ သားငယ်လေးက ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ သူ့ရောဂါအတွက် နေရထိုင်ရအဆင်ပြေမယ့်နေရာကို ပြောင်းလာကြတာပါ။ သူတို့ပြောင်းလာတဲ့ကျွန်းမှာတော့ ကျွန်းသူကျွန်းသားတွေက ထူးခြားနေတဲ့အပြင် အဲဒီကျွန်းမှာ ဒဏ္ဍာရီတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ရေသူမအော်သံကြားရင် အပြင်မထွက်နဲ့၊ အသတ်ခံရလိမ့်မယ်ဆိုတာပါပဲ။ တိုကျိုကပြောင်းလာတဲ့ သားအဖတွေအတွက်တော့ အဲဒါက ရယ်စရာတစ်ခုလိုဖြစ်နေပါတယ်။ ရေသူမအော်သံဆိုတဲ့ အသံကြီး ကြားလိုက်ရတဲ့ တစ်ညမှာတော့ အဖေဖြစ်သူက တိရစ္ဆာန်တွေကို ဓာတ်ပုံရိုက်ဖို့ တောအုပ်ထဲထွက်သွားရင်း မနက်လင်းတဲ့အထိ ပြန်ရောက်မလာတဲ့အခါမှာတော့ ... ရေသူမအော်သံဆိုတာ တကယ်ရှိတာလား၊ ဒဏ္ဍာရီသက်သက်ပဲလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.8GB | 856MB | 421MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Action
1 2006 87 mins
Siren
Holiday
4

၁၉၈၈ ခုနှစ် ကိုရီးယားနိုင်ငံ အိုလံပစ်ပွဲအပြီး ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ ‘’ငွေရှိရင် အပြစ်မရှိဘူး ငွေမရှိရင် အပြစ်ရှိတယ်’’ ဆိုတဲ့မျက်နှာသာပေး ဥပဒေမျိုးနဲ့ မတရားထောင်ချခံထားရသူတွေအများအပြားပါပဲ.. မတရားခံရတဲ့ထဲ အပါအဝင်ဖြစ်တဲ့ ဂျီဟျော့နဲ့ အကျဉ်းဖော်တို့ဟာ ထောင်ကနေ လွတ်အောင်ထွက်ပြေးပြီးတော့ မတရားတဲ့ဥပဒေကြီးကို ပြဌာန်းခဲ့တဲ့သက်ဆိုင်ရာအာဏာပိုင်တွေကို ဥပဒေကို ပြင်ဆင်စေချင်တာပါ.. ထောင်တွင်းအရာရှိတွေရဲ့ထောင်သားတွေအပေါ်မတရားဖိနှိပ်အကြမ်း ဖက်မှုတွေ၊ ချမ်းသာတဲ့သူတွေ ရာထူးအာဏာရှိသူတွေကိုမျက်နှာသာ ပေးမှု‌တွေ အကြောင်းကို မြင်သာအောင်ဖော်ပြရိုက်ကူးထားပြီး မတရားခံရသူတွေရဲ့ ခံစားချက်တွေ နှိပ်စက်ခံရမှုတွေ အားလုံးဟာ ရင်ထဲခံစားရပြီး မျက်ရည်ကျရလောက်အောင်ရိုက်ထားတဲ့ ကားကောင်းလေး တစ်ကားမို့သေချာပေါက်ကြည့်ဖို့ပြောလိုက်ပါရစေ။ File size…4.42GB / 1.64GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jia

Comedy • Fantasy • Romance • Science Fiction
4 2006 99 mins
Holiday
Slumdog Millionaire
7.7

ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။ အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ ၁၅ သန်း ကုန်ကျခဲ့တဲ့ ဒီဇာတ်ကားက Box Office မှာ ၃၇၈.၁ သန်းပြန်ရခဲ့တာပါ။ အကယ်ဒမီဆယ်ဆုစာ လျာထားခံရပြီး ရှစ်ခုရရှိခဲ့ပါတယ်။ ဘက်ဖ်တာ ဆု ခုနှစ်ခု၊ ဝေဖန်ရေးဆု ငါးခုနဲ့ ရွှေကမ္ဘာလုံးဆု လေးခု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ ဒီဇာတ်ကားကို sleeper hit အဖြစ် သတ်မှတ်ခဲ့တာပါပဲ။ စစချင်းမအောင်မြင်ဘဲ တဖြည်းဖြည်းနဲ့ အောင်မြင်မှုထိပ်ဆုံးရောက်လာတဲ့ဇာတ်ကားများကို ဆိုလိုပါတယ်။ IMDb 8 နဲ့ Rotten Tomato 90% ‌ရှိတဲ့ ဟောဒီဇာတ်ကားက Who wants to be a millionaire (မေးခွန်းဖြေစို့ သန်းကြွယ်ဖို့) အစီအစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အိန္ဒိယသုံးငွေကြေး ရူပီးသန်းနဲ့ချီပြီး အနိုင်ရရှိခဲ့သူတစ်ယောက်အကြောင်းပါပဲ။ ဒါပေမဲ့ သူဟာ အသက် ၁၈ နှစ်သာရှိပြီး ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ ဆင်းဆင်းရဲရဲ ကြီးပြင်းလာရပြီး ဘဝရဲ့အထုအထောင်းကို အရွယ်နဲ့မလိုက် ခါးစည်းခံရသူပါ။ သူဟာ ဘာ့ကြောင့် ဒီပြိုင်ပွဲကို အခြားပညာတတ်တွေထက် ကျော်လွန်ပြီး ရှေ့ဆက်နိုင်ခဲ့တာလဲ။ စာရေးဆရာကတော့ It is written (သတ်မှတ်ပြီးသားကံကြမ္မာကြောင့်) လို့ ပြောသွားခဲ့ပါတယ်။ အရေးကြီးမေးခွန်းတိုင်းဟာ သူ့ဘဝရဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ မျက်ရည်တွေ သွေးစက်တွေကိုရင်းပြီး သိခဲ့ရတဲ့အဖြေတွေဖြစ်လို့ အောင်မြင်မှုရခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေကို အသက်အရွယ်သုံးပိုင်းခွဲပြီး သုံးယောက်စီအသုံးပြုပါတယ်။ ကျွန်တော်သဘောအကျဆုံးကတော့ ပထမဆုံးအရွယ် ကလေးငယ်သရုပ်ဆောင်တွေပါပဲ။ အပီပြင်ဆုံးလို့လည်း ခံစားရပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝခရီးကြမ်းဟာ အဲဒီအရွယ်မှာပဲ အခက်ခဲဆုံးကြုံတွေ့ခဲ့ရတာကို အတိအကျ လုပ်ပြသွားနိုင်တဲ့ ကလေးတွေပေါ့ဗျာ။ နောက်ဆုံးမေးခွန်းဖြစ်တဲ့ တတိယသေနတ်ကိုင်စစ်သားရဲ့အမည်ကို လူငယ်လေး သိသလား မသိဘူးလားဆိုတာကတော့ အဓိကဆွေးနွေးရမယ့်အကြောင်းလို့ထင်ပါတယ်။ စာသင်ခဲ့ရစဉ်အရွယ်က ပြဌာန်းစာအုပ်ဖြစ်လို့ သိမှာပေါ့လို့ဆိုနိုင်သလို ပညာတပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ရသူတွေမလို့ မသိဘူးလည်းပြောနိုင်ပါတယ်။ ပွဲထဲမှာလည်း မသိဘူးလို့ပဲ ဖြေသွားတာပါ။ ဒါပေမဲ့ သူက သိနေတဲ့အဖြေကို မသိဘူးပြောတတ်သူမလို့ အဲဒီစကားကိုလည်း အတည်ယူလို့မရပြန်ပါဘူး။ ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ထွက်ပြေးလာရတဲ့ညမှာ အစ်ကိုဖြစ်သူရဲ့ပြောစကားကိုလည်း ထည့်စဉ်းစားရပါတယ်။ တို့တွေမှ တတိယသေနတ်ကိုင်စစ်သားရဲ့ အမည်ကို မသိဘဲ ဆိုတဲ့စကားက အဓိပ္ပာယ်နှစ်ခွထွက်ပြန်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို သူတို့ဆရာက သေနတ်ကိုင်စစ်သားနှစ်ယောက်ရဲ့အမည် ခေါ်လေ့ရှိတာမလို့ သူတို့ကိုယ်သူတို့လည်း အဲဒီလိုပဲ သက်မှတ်ထားကြပါတယ်။ မင်းသမီးဝင်လာတော့ သူ့ကို တတိယမြောက်သေနတ်ကိုင်စစ်သားအဖြစ် အဖွဲ့ထဲထည့်ချင်တဲ့ ဇာတ်ဝင်စကားကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့ကြောင့် နာမည်မသိဘူးဆိုတာဟာ စာအုပ်ထဲက သေနတ်ကိုင်စစ်သားပဲလား။ တတိယမြောက်အဖွဲ့ဝင် မင်းသမီးရဲ့နာမည်ကိုပြောတာလားဆိုတာကိုတော့ ပရိသတ်အတွက်ပဲ ချန်သွားပေးတဲ့ပုံပါ။ အိန္ဒိယရဲ့ အောက်ခြေအနက်ရှိုင်းဆုံးက အကျည်းတန်အဖြစ်တွေကို ခရေစေ့တွင်းကျ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားလို့ တကယ့် Drama မှ Drama ပါပဲ။ အိုဗာလုပ်ပြတတ်တဲ့ အိန္ဒိယသရုပ်ဆောင်တွေကို ဇွတ်အတင်း အနောက်ဆန်ပစ်လိုက်တော့ ပရိသတ်မှာ ဟိုဟာလိုသလို ဒီဟာလိုသလိုတွေလည်း ဖြစ်ကုန်တာပေါ့ဗျာ။ ဇာတ်ကား အဆုံးနီးလာချိန်မှ အသားကျပြီး နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါမှာ လုံးဝစီးမျောသွားပါတယ်။ ဇာတ်ဝင်သီချင်းကိုတော့ M.I.A ရဲ့Paper Plane ကို အသုံးပြုထားပါတယ်။ ဇာတ်လမ်းနဲ့ အနီးစပ်ဆုံးဖြစ်အောင် မြန်မာမှုပြုထားတာမလို့ စာသားနဲ့ အနည်းငယ်လွဲချော်တာလေးတွေ ရှိပါတယ်။ သည်းခံပြီး ကြည့်ပေးကြပါခင်ဗျာ။ အိန္ဒိယစကားပြောများကို အင်္ဂလိပ်ဘာသာပြန်စာတန်းအသေများကိုလည်း Trimming လုပ်ပြီး စာတန်းထိုးပေးထားပါတယ်။ မူရင်းစာဖိုင်မှာ မပါလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့အဆင်ပြေအောင် အချိန်ယူလုပ်ပေးထားပါတယ်။ အားနည်းချက်များရှိရင် ချစ်သောမျက်စိနဲ့ ကြည့်ပေးကြပါခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ ခံစားတင်ဆက်ထားပါတယ်။) File size…(4 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:00:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Drama • War
7.7 2008 120 mins
Slumdog Millionaire
The House That Never Dies II
3.7

သရဲကားကြိုက်သူများအတွက် Horror /Thriller ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ၁ ထွက်ရှိခဲ့ပြီး ၂၀၁၇ မှာတော့ ၂ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ အိမ်နံပါတ် ၈၁ မှာပဲစတာဖြစ်ပါတယ်။ အဲ့ဒီအိမ်ကြီးက ကိုလိုနီခေတ်က ဂုဏ်သတင်းကြီးတဲ့ ဗိုလ်မှူးတစ်​ယောက်ရဲ့အိမ်တော်ကြီးဖြစ်ခဲ့တာပေါ့။ အခုအချိန်မှာတော့ အပျက်အစီးတွေနဲ့ ပုံစံကိုကခြောက်ခြားစရာကောင်းလှတဲ့ သရဲအိမ်ကြီးဖြစ်လို့နေပါပြီ။ အိမ်ကြီးကိုပြုပြင်ဖို့အတွက်အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ဟာ ခြံဝန်းကိုရှင်းလင်းရင်းနဲ့အရိုးစုတစ်စုထွက်လာတာကနေစပါတယ်။ အိ မ်ကြီးရဲ့ရာဇဝင်ကိုသိထားကြတဲ့အလုပ်သမားတွေက အလုပ်ထွက်သွားကြတဲ့အခါ၊ ခေါင်းဆောင်တစ်ယောက်ပဲကျန်ရစ်ခဲ့ပါတော့တယ်။ ခေါင်းဆောင်ဟာအိမ်ကြီးမှာနေပြီး လုပ်ငန်းဆက်လုပ်ဖို့ပြင်တဲ့အခါ... အဲ့ဒီနောက်ပိုင်းကျောချမ်းစရာအဖြစ်အပျက်တွေဆက်တိုက်ဖြစ်လာရင်း... အိမ်ကြီးမှာကပ်တွယ်နေတဲ့ မကျွတ်မလွတ်တဲ့သရဲက ဘယ်လိုတွေခြောက်ခြားဖွယ်အရိပ်အယောင်တွေပြပြီး၊ ဘယ်လိုတွေခြောက်လှန့်မလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်းကိုယ်တိုင်သာကြောက်လိုက်ကြပါတော့။ Quality : WEB-DL 1080p , 480p Format: mp4 Genres : Drama , Horror , Mystery Runtime : 1h 37min Subtitle : Myanmar Subtitle ( hardsub ) Translated by Ann Chi , Nu Mon , Yin Wai Phyo Encoded By LK

Action • Adventure • Horror • Science Fiction • Thriller
3.7 2017 97 mins
The House That Never Dies II
Samajavaragamana
7

Samajavaragamana(2023) IMDb-8.1/10 ရုံတင်ငွေ ရူပီးသန်းငါးဆယ်ပြန်ရခဲ့တဲ့ တလေဂူးစကားပြော အိန္ဒိယဟာသကားလေးကို ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် အပျင်းပြေကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အဘိုးဖြစ်သူရဲ့သေတမ်းစာကြောင့် အဖေကို ဘွဲ့ရဖို့ကြိုးစားပေးနေရတဲ့ ဘာလူ။ ဘာလူက ရုပ်ရှင်ရုံကလက်မှတ်ဖြတ်တဲ့ကောင်တာမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတယောက်။ မိသားစုငါးယောက်စားအိုးကို တာဝန်ယူထားရတဲ့အပြင် အဖေလုပ်သူကိုလည်း ကျူရှင်ထားရ စာမေးပွဲဖြေဖို့လုပ်ရနဲ့ ဂရုစိုက်နေရပါတယ်။ သူ့အဖေကို ဘွဲ့ရဖို့ကြိုးစားပေးရင်းနဲ့ပဲ ကျောင်းသူမိန်းမချောလေးနဲ့ဆုံဆည်းခဲ့ပါတော့တယ်။ အဖေလုပ်သူဘွဲ့ရဖို့က ဘယ်လောက်အရေးကြီးလို့ အသည်းအသန်ကြိုးစားနေရတာလဲ။ ဆုံဆည်းခဲ့ရတဲ့ မိန်းမချောလေးနဲ့ရော အဆင်ပြေမှာလားဆိုတာကို ရယ်ရင်း ပြုံးရင်း ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~Cherry~Yunniတို့ပါပဲ) File size…2.63GB  / 1.24GB  Quality…1080p WEBDL  / 720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Zwe~BpL~Cherry~Yunni

7 2023 129 mins
Samajavaragamana
Driven to Murder
5.6

Driven to Murder (2022) ================== Driven to Murder ဆိုတဲ့ Survival ကားလေးနဲ့မိတ်ဆက် ပေးချင်ပါတယ်။ ကားမောင်းရင်းနဲ့လူသတ်ပါတယ်။ အကြောင်း ပြချက်မရှိလူသတ်ပါတယ်။ အဲ့ဒီကြားထဲညှပ်သွားတာ အရမ်း သနားဖို့ကောင်းတဲ့ ဆာရာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်။ သူလုပ်မိတဲ့အပြစ်ဆိုလို့ ညဘက်အချိန်မတော် အငှားကားငှား မိတာပါပဲ။ အခုမှစမ်းသပ်နေဆဲ အက်ပလီကေးရှင်းတစ်ခုကနေ ကားငှားလိုက်တယ်။ ကားသမားကလည်း စကားပြောကောင်းပြီး ရုပ်ရည်ကလည်းအသင့်အတင့်ရှိတော့ ဆာရာနဲ့စကားတွေဖောင်ဖွဲ့ ပြောရင်း သူ့အကြောင်းကိုယ့်အကြောင်း စပ်စုမိကြပါတော့တယ်။ လူဆိုးတွေနဲ့တွေ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကားသမားက ဆာရာကိုသေချာရှင်းပြနေရင်း လမ်းဘေးမှာမတ်တပ်ရပ်နေတဲ့သူကို ကားနဲ့ပြေးတိုက်ပါတော့တယ်။ ဆာရာလည်းကြောင်သွားပြီး ရဲခေါ် မယ်လုပ်တော့ မင်းလည်းကြံရာပါဆိုပြီးခြိမ်းခြောက်ကာ ကားပေါ် အတင်းခေါ်သွားပါတော့တယ်။ ကားငှားမယ့်နေရာနဲ့ ဆာရာအိမ်က အဝေးကြီးမဟုတ်ပေမယ့် အငှားကားနဲ့အိမ်ပြန်တဲ့ ညတစ်ညမှာတော့ ဆာရာတစ်ယောက် ဘယ်လိုမျိုးတွေကြုံတွေ့ရမလဲ? ဘာတွေရင်ဆိုင် ရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1.55 GB) / (463 MB) / (295 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 35Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Jo Jo Va Encoder……….SWM

5.6 2022
Driven to Murder
Somewhere Quiet

Somewhere Quiet (2023) ~ Rotten Tomatoes – 91% ~ ဒီတစ်ခါမှာတော့ ၂၀၂၃ ကမှ ထွက်ထားတဲ့ အမေရိကန် ဆိုက်ကိုသည်းထိတ်ရင်ဖိုကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်ကတော့ မဂ်လို့ခေါ်တဲ့ ဆွီဒင်နိုင်ငံသူ ကိုရီးယားအမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူဟာ ပြန်ပေးဆွဲနှိပ်စက်ခံခဲ့ရတဲ့အတိတ်ကနေ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့သူပဲ ဖြစ်ပါတယ်။ ပျောက်ဆုံးပြီး ရှာမတွေ့တဲ့ တခြားသော အမျိုးသမီးတွေ အများကြီး ရှိခဲ့ပေမယ့် မဂ်ကတော့ သူ့ကို အားလုံးက သေပြီလို့ ယူဆလိုက်တဲ့အချိန်မှာမှ အသက်ရှင်လျက်ပြန်ပေါ်လာခဲ့တဲ့ တစ်ယောက်တည်းသောသူ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ လွတ်မြောက်ပြီပြောပြော စိတ်ဒဏ်ရာဆိုတာ ကုစားရ အင်မတန်ခက်ပါတယ်။ ကံကောင်းထောက်မတာကတော့ မဂ်မှာ ဘေးကနေ အရိပ်တကြည့်ကြည့် ဖေးမ ကြင်နာတတ်တဲ့ စကော့်ထ်ကို ခင်ပွန်းတော်ထားရတာပါပဲ။ တစ်ရက်တော့ စကော့ထ်ဟာ သူ့ရဲ့ မိသားစုစဉ်ဆက်ပိုင်ဆိုင်လာတဲ့ သီးသန့်ကျွန်းပေါ်က အိမ်ကြီးဆီ မဂ်ကို ခေါ်ခဲ့ပါတယ်။ ရည်ရွယ်ရင်းကတော့ လင်မယား၂ယောက် စိတ်အေးလက်အေး သွားနေကြမယ်ပေါ့။ ဒါပေမဲ့ သည်းထိတ်ရင်ဖိုကားဆိုတော့လည်း ဖြစ်ရပျက်ရမှာတွေက ဒီကစဖြစ်မှာမို့ ဒီကစပြီး ဆက်ပြောလို့မရတော့ပါဘူး။ သိပ်ထူးပြီးကောင်းနေတဲ့ ဇာတ်ကားတော့ မဟုတ်ပေမဲ့ ဦးနှောက်မသုံးရဘဲ ငြိမ့်ငြိမ့်လေး အချိန်ဖြုန်းချင်ရင် ဟန်ကျမယ့် ကားမျိုးပါပဲ။ ဒါမှမဟုတ် အချိန်သိပ်မရပေမဲ့ ရုပ်ရှင်တကားတော့ အမြန်ပြီးအောင်ကြည့်ချင်တယ်ဆိုလည်း ဖြည်းဖြည်းချင်းရစ်ကြည့်လည်း ဇာတ်ရှိန်မပျက်လောက်မယ့် ကားမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 985MB Quality – 1080p, 720p Format – mp4 Duration – 1H 42Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

0 2023
Somewhere Quiet
Curbing Violence
5.9

ကိုယ့်ရဲ့အစ်မလိုချစ်ခင်ရတဲ့သူငယ်ချင်းတစ်ယောက်ဟာ မထင်မှတ်ပဲကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်လို့ သိလိုက်ရတဲ့အခါ အရွယ်အိုအဖေကြီးနဲ့ သားတစ်ယောက်အတွက် ကြိုးစားရှင်သန်နေတဲ့သူငယ်ချင်းဟာဒီလိုသတ်သေသွားဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုပြီး ချိုးယိကျောင်းဟာလက်မခံနိုင်ဖြစ်နေခဲ့တယ်။ မှုခင်းရဲမေတစ်ယောက်ဖြစ်တဲ့ ချိုးယိကျောင်းဟာ အသေးစိတ်လိုက်စုံစမ်းတဲ့အခါ သူငယ်ချင်းဖြစ်သူဟာ ဘိုးတော်ဆရာကြီး တစ်ယောက်ရဲ့ဟောချက်ကြောင့် အဓိပ္ပါယ်မဲ့မတရားသေသွားရကြောင်းသိလိုက်ရတယ်။ တရားခံက အင်အားကြီးတဲ့သူဌေးတစ်ယောက်ဖြစ်တဲ့အတွက် အတားအဆီးအပိတ်အပင်တွေကြားကနေပြီးတော့ ရအောင်သက်သေယူပြီး ဥပဒေနဲ့စီရင်လိုက်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း Female Lead ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။

5.9 2024
Curbing Violence
YMCA Baseball Team
6.3

YMCA Baseball Team (2002) ************************** ဒီကားလေးကတော့ Parasite ထဲကမင်းသားကြီး Song Kang Ho , Under the Queen’s Umbrella ထဲကမင်းသမီးကြီး Kim Hye Soo နဲ့ Believer ထဲကမင်းသားကြီး Kim Joo Hyuk တို့က အဓိကသရုပ်ဆောင်တွေ အနေနဲ့ ပါဝင်ထားပြီး ဒါရိုက်တာ Kim Hyeon Seok ရိုက်ကူးပြသထားတဲ့ Comedy , Drama , Sports ကားလေးပါ .. ဇာတ်လမ်းအကျဉ်း **************** ဂျပန်လက်အောက်ကျရောက်နေတဲ့ ဂျိုဆွန်းခေတ်က စာသင်သားလေးအီဟိုချန်းဟာ သံတမန်ဖြစ်ချင်တဲ့ သူ့ရဲ့မူလပန်းတိုင်ပျောက်ဆုံးသွားပြီးတဲ့နောက် တစ်နေ့မှာတော့ အမေရိကန်သားတွေ ဘေ့စ်ဘောကစားနေတာကိုတွေ့ရာက ဘေ့စ်ဘောရဲ့တည်ရှိမှုကို စိတ်ဝင်စားသွားခဲ့ပါတယ် .. အီဟိုချန်းဟာ သူ့အဖေကျောင်းအုပ်ဖြစ်သူရဲ့ဆန္ဒအတိုင်း အဖေဖြစ်သူနေရာကိုဆက်ခံမလား .. ဟိုချန်းရဲ့ပန်းတိုင်အသစ်ဖြစ်တဲ့ ဂျိုဆွန်းရဲ့ပထမဆုံးနဲ့အကောင်းဆုံးဘေ့စ်ဘောအသင်းရဲ့ ဘေ့စ်ဘောကစားသမားဘဝကိုရွေးချယ်မလား ဆိုတာကို ဟာသလေးနှောပြီး အဲဒီခေတ်က ဂျပန်လူမျိုးတွေနဲ့ ဂျိုဆွန်းပြည်သူတွေရဲ့အရှုပ်တော်ပုံတွေ၊ မျိုးချစ်စိတ်တွေကို ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် .. (အညွှန်းကို Lucien မှ ရေးသားထားပါတယ်) File size…1.68GB / 775MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 44 min. Genre ….. Historical, Comedy, Drama, Sports Subtitle….Myanmar Subtitle (Hard Sub) Translated by Lucien Encoded by AHtet

Comedy • Romance
6.3 2002 104 mins
YMCA Baseball Team
Over The Red River
5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Western အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် လင်ဖြစ်သူက အသတ်ခံရ ညီမဖြစ်သူကဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ အမျိုး သမီးတစ်ယောက်ရဲ့ ညီမပျောက်ရှာဖွေရေး ကန္တာရစွန့်စားခန်း ခရီးကို ရှုစားရမှာဖြစ်ပါတယ်.. Worthinton ဟာ ကံကောင်းစွာလား ကံမကောင်းစွာ လားမသိဘဲ ခြောက်လုံးပြူးကိုင်လူရမ်းကားများလက်ကနေ အသက်ဘေးလွတ်ကင်းခဲ့ရသူ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ် သို့သော်လည်း သူဟာ ယောက်ျားဖြစ်သူရဲ့ရှေ့မှာတင် အကြိမ်ကြိမ် မုဒိန်းပြုကျင့်ခံရပြီး ယောက်ျားဖြစ်သူဟာလည်း ထိုမြင်ကွင်းကို မြင်အပြီးမှာပဲ နားထင်ကိုဖောက်ဝင်လာတဲ့ ကျည်တစ်တောင့်ကြောင့် အသက်ပျောက်ခဲ့ရပါတယ်.. မပဋာတစ်ယောက်ဟာ လင်ကိုဆုံးရှုံးရရုံနဲ့ မပြီးသေးဘဲ ညီမ ဖြစ်သူကိုပါ လူရမ်းကားများက ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အရူးမီးဝိုင်းနေခဲ့ရပါတယ်.. ဒေသခံအာဏာပိုင်ဟာလည်း လူအင်အား လက်နက်အင်အား မမျှသဖြင့် အာဏာမပိုင်ဘဲဖြစ်နေရာ သနားဖွယ်အမျိုးသမီးကို ကူညီပေးနိုင်ဖို့မဆိုထားဘိ သူ့အသက်သူတောင် ရှင်အောင်မွေး နေရသူပီပီ အမျိုးသမီးရဲ့ တိုင်တန်းမှုကို အန်ကယ်ကတော့ နိုးပါ တစ်ခွန်းနဲ့ ပြောရိုးပြောစဉ်ပြုကာ အကူအညီမဖြစ်စွာဘဲ ကူညီ ပေးလိုက်ပါတယ်.. သို့သော်လည်း ကူညီပါရစေ ဆိုတဲ့ အာဏာ ပိုင်ဟာ နည်းနည်းဖြစ်ဖြစ်အသုံးဝင်လိုစိတ်ရှိတာကြောင့် သူ့မှာတော့ အသက်အပိုမပါလို့ မကူညီနိုင်ဘူး သေမှာမကြောက်လို့ ပေတစ်ရာ လျှောက်ချင်တယ်ဆိုရင်တော့ နင့်ဘာသာနင်သွားလို့ ဆိုကာ ခြောက်လုံးပြူးကိုင်ဒေသခံ လူရမ်းကားများအခြေချရာဆီရောက်ဖို့ မြစ်နီမြစ်အထက်က Jackson Trail လမ်းအတိုင်းလိုက်ဖို့ ညွှန်ပေး လွှတ်လိုက်ရာမှာတော့ မပဋာတစ်ယောက် သွေးရူးသွေးတမ်းနဲ့ ကန္တာရခရီးကို ထွက်ခွာဖို့ဖြစ်လာပါတယ်.. ကန္တာရခရီးမှာတော့ အောင်လသီချင်းလို တံလျှပ်တို့ရေထင်ပြီး မှားခဲ့တဲ့ မပဋာဟာ အပူရှိန်ပြင်းပြင်း နေရောင်အောက်မှာ ရေဓာတ်ခမ်းခြောက်မှုကြောင့် သွေးရူးသွေးတမ်းဖြစ်လျက် တောမြင်တောင်မြင်တွေမြင်ပါတော့တယ်… ထိုသို့ဖြစ်ရင်း ခရီးတစ်နေရာအရောက် လူရမ်းကားအဖွဲ့ထဲမှာ ပါခဲ့သူ အင်ဒီးယန်းတစ်ယောက်နဲ့ပက်ပင်းတိုးတဲ့အခါမှာတော့… ဒီကားလေးဟာဆိုရင် Western အမျိုးအစားရုပ်ရှင်ချစ်သူများအတွက် ဆက်တင်အသွင်အပြင်တွေကို အာသာပြေရုံကြည့်ရှုနိုင်မှာဖြစ်ပြီး အတိုက်အခိုက်အသတ်အပုတ်တချို့လည်း တွေ့မြင်ရမှာဖြစ်လို့ မြည်းစမ်းကြည့်ရှုနိုင်ဖွယ် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ… File size… (1.83 GB) / (987 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 23m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Action • Adventure
5 2024 84 mins
Over The Red River
Hateship Loveship
6.2

Hateship Loveship (2013) ************************* IMDb – 6.2 ဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ Hateship Loveship လို့ အမည်ရပြီး နိုဗယ်ဆုရ စာရေးဆရာမ Alice Munro ရဲ့ “ Hateship friendship courtship loveship marriage “ လို့ အမည်ရတဲ့ ဝတ္ထုတိုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Caregiver တစ်ယောက်ဖြစ်တဲ့ Johanna Perry ဟာ လက်ရှိ သူပြုစုနေတဲ့ အဘွား ဆုံးပါးသွားတဲ့အခါ အဘွားရဲ့ အဆက်အသွယ်နဲ့ပဲ နောက်တစ်အိမ်ကို ရောက်ခဲ့ရပါတယ်။ အဲဒီအိမ်ကတော့ အဘိုးဖြစ်သူ McCauley နဲ့ မြေးမလေး Sabitha တို့ရဲ့ အိမ်ပဲဖြစ်ပါတယ်။ Sabitha ရဲ့ အဖေ Ken ဟာ ထောင်ထွက်ဆေးသမားတစ်ယောက်ဖြစ်တဲ့အပြင် ယောက္ခမဖြစ်တဲ့ McCauley နဲ့လည်း တကျက်ကျက်ပါပဲ ။ အဲဒီကြားထဲမှာမှ ခပ်ဆိုးဆိုး ဆယ်ကျော်သက်ကလေးမလေး နှစ်ယောက်ဖြစ်တဲ့ Sabitha နဲ့ သူ့သူငယ်ချင်း Edith တို့က Ken နဲ့ Johanna ကို နောက်ပြောင်တဲ့သဘောနဲ့ အောင်သွယ်ဖို့ ကြိုးစားကြတဲ့အခါ…တကယ်ပဲ Ken နဲ့ Johanna တို့ နီးစပ်သွားမှာလား ။ ဆေးသမား Ken ကရော လူလူသူသူဖြစ်အောင် ပြန်လည်ထူထောင်နိုင်သွားမှာလားဆိုတာကတော့ Hateship Loveship ဆိုတဲ့ ရုပ်ရှင်လေးမှာ အတူတူ ကြည့်ရှုလိုက်ရအောင်နော် ။ (ဇာတ်လမ်းအညွှန်းကိုတော့ Hazelleက ရေးသားထားပါတယ်) File Size – 1.24 GB/ 528 MB Quality – BluRay 1080p/ 720p Duration – 1h 42m Format – mp4 Genre – Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Hazelle Encoded by – Treasure Htet

Comedy
6.2 2013 103 mins
Hateship Loveship
The Gingerbread Man

IMDb – 5.7/10 RT – 60% ဇ ာတ်လမ်းအကျဉ်းကို ပြောပြရရင် အောင်မြင်နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ရစ်ခ် မက်ဂရူဒါ (Kenneth Branagh) ဟာ ဇနီးသည် လီယန် (Famke Janssen)နဲ့ ကွာရှင်းထားရသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါမကျန် ဇာတ်ရှုပ်ချင်သူဖြစ်ပါတယ်။ တစ်ညမှာတော့ စားပွဲထိုးမလေး မယ်လိုရီ (Embeth Davidtz) ကို အိမ်ပြန်လိုက်ပို့ပေးရင်း ငြိသွားကြပါတယ်။ နောက်ပိုင်းမှာတော့ မယ်လိုရီကို သူမရဲ့အဖေ ဒစ်ဆင် (Robert Duvall)က လိုက်နှောက်ယှက်ပြီး စိတ်ဒုက္ခပေးနေတာကို သိရတော့ ဒစ်ဆင်ကို စိတ်ကျန်းမာရေးဆေးရုံရောက်အောင် သူတတ်နိုင်တဲ့နည်းနဲ့ လုပ်လိုက်ပါတယ်။ ဒါပေမယ့် ခေသူမဟုတ်တဲ့ ဒစ်ဆင်ကလည်း ဆေးရုံကနေ ထွက်ပြေးလာပြီး ရစ်ခ်နဲ့ သူနဲ့ပတ်သတ်သူတွေကို အန္တရာယ်ပြုပါတော့တယ်။ သူခေတ်သူ့အခါက နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ ဆာဘွဲ့ရ Kenneth Branagh ၊ စနိုက်ပါ မင်းသားကြီး Tom Berenger ၊ Daryl Hannah ၊ Embeth Davidtz ၊ Robert Duvall တို့အပြင် MCU ရဲ့ သခင်ကြီး RDJ ရဲ့ ငယ်နုစဉ်က သရုပ်ဆောင်ပုံတွေကိုပါ ရှုစားရမှာပါ။ အဖော်အချွတ်အချို့ပါလို့ R-rated ပါ။ ဇာတ်ညွှန်း‌ရေးသားသူ John Grisham နဲ့ Clyde Hayes ဖြစ်ပြီး ဒါရိုက်တာ Robert Altman ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူ Thompson ဖြစ်ပါတယ်။ File size…(2.8 GB)/(1.5 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

TV Movie • Drama • Thriller
0 1998
The Gingerbread Man
Stealing Pulp Fiction

Pulp Fiction ရုပ်ရှင်ကို အရူးအမူးနှစ်သက်သော အဖွဲ့တစ်ဖွဲ့ရဲ့ ဟာသဆန်ဆန် လုယက်မှုအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်……. ဂျော်နသန်၊ စတိဗ်နဲ့ အဲလိဇဘတ်တို့ သုံးယောက်ပေါင်းပြီး Quentin Tarantino ၏ မူလလက်ရာ အခွေများကို ခိုးယူဖို့ စီစဉ်ခဲ့ကြတယ်။ ဒီလိုလုယက်ဖို့အတွက် အစမ်းလေ့ကျင့်ချိန်မှာ သူတို့ရဲ့ ဆရာဝန်ဒေါက်တာ အန်ဒါဘယ်နဲ့ တွေ့ဆုံခဲ့ကြတယ်….. အိမ်ထောင်ရေးပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့ ဒေါက်တာအန်ဒါဘယ်ကပါ သူတို့အဖွဲ့နဲ့ပူးပေါင်းပြီး ဒီရုပ်ရှင်ကို ခိုးယူဖို့ စီစဉ်ခဲ့ကြတယ်…. စီစဉ်ထားသလို မဖြစ်လာဘဲ ဘယ်လိုအလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ဒီဇာတ်ကားကြီးမှာ ကြည့်ရှုပေးကြပါအုံး ………. File size…(903 MB)/(417 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

0 2024
Stealing Pulp Fiction