YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Shadow.Detective.S01E01.1080P[CM].mp4

608.67 MB N/A video/mp4 582 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fogaréu
7.1

~ IMDb rating - 7/10 ~ ဘရာဇီးနိုင်ငံ အလယ်ပိုင်းကမြို့လေးတစ်ခုရဲ့ နှစ်စဉ်ကျင်းပတဲ့ ရိုးရာစီတန်းပွဲလုပ်နေချိန်မှာ ဖာနန်ဒါဆိုတဲ့မိန်းကလေးတစ်ယောက် ရောက်ရှိလာပါတယ်။ သူမက မြို့တော်၀န်ရဲ့တူမဖြစ်ပြီး သူ့မိဘတွေ အကြောင်းသိချင်လို့ ရောက်လာတာဖြစ်ပါတယ်။ အဲဒီမြို့ရဲ့ ထူးဆန်းတဲ့အချက်ကတော့ မြို့ခံတွေဟာ သူတို့ဆွေမျိုး၀မ်းကွဲတွေ အချင်းချင်းပြန်လက်ထပ်ကြတာပါ။ မြို့ထဲမှာလည်း မသန်မစွမ်းတွေ ရူးနေတဲ့လူတွေ ပြည့်နေတာပါ။ မွေးကင်းစကလေးတွေ မသန်မစွမ်းဖြစ်နေရင် မိဘတွေက စွန့်ပစ်လိုက်ကြပါတယ်။ မြို့ခံတွေက အဲဒီကလေးတွေကို မွေးစားပါတယ်။ အမှန်တကယ်က မွေးစားတာထက် ကျွန်တစ်ယောက်လို ခိုင်းတော့တာပါ။ ဖာနန်ဒါက သူ့ဆုံးသွားတဲ့အမေအကြောင်းစုံစမ်းရင်း ဒါတွေကိုသိလာတာပေါ့။ ဦးလေးဖြစ်သူ မြို့တော်၀န်အိမ်မှာလည်း မွေးစားထားတဲ့ ကျွန်တွေရှိနေပါတယ်။ သူတို့မိသားစုကလည်း အကုန်လုံးနီးပါး ၀မ်းကွဲချင်းလက်ထပ်ထားသူတွေပါ။ ဖာနန်ဒါရောက်လာတဲ့ အကြောင်းရင်းက သူ့မိဘရင်းတွေဘယ်သူတွေလဲဆိုတာသိချင်လို့ပါ။ သူ့အမေက အမေရင်းမဟုတ်ဘဲ မိသားစုရန်ကနေသူ့ကိုကာကွယ်ဖို့ ခေါ်ပြီးထွက်ပြေးလာဝာာကို သိနေပါတယ်။ ဦးလေးကတော့ သူ့ကို ဘာမှသေချာမပြောပြပါဘူး။ ဦးလေးမြို့တော်၀န်နဲ့ သူ့သားကတော့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့လုံးပန်းနေကြတာပါ။ မြို့ရဲ့ ပိုင်နက်အရှုပ်အရှင်းတွေလည်း ဖြေရှင်းနေတာပါ။ ဖာနန်ဒါက စုံစမ်းရင်းနဲ့ သူ့မိခင်ရင်းက ဦးလေးတို့အိမ်က ခိုင်းတဲ့ကျွန်တစ်ယောက်ဖြစ်ပြီး ဖခင်ရင်းကတော့ ဦးလေးဖြစ်နေတာကို သိလိုက်ရပါတယ်။ မထင်မှတ်ထားတဲ့ အမှန်တရားကိုသိလိုက်ရတဲ့အခါ ဦးလေးကရော သူ့ကို သမီးအဖြစ် အသိအမှတ်ပြုပါ့မလား၊ သူ့မိခင်ရင်းကရော ဘယ်လိုဖြစ်သွားမှာလဲ၊ အမှန်ပေါ်သွားတဲ့အချိန်မှာ ဖာနန်ဒါကို ဦးလေးမိသားစုက လက်ခံမှာလား ဘယ်လိုလုပ်မှာလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ ဘရာဇီးအလယ်ပိုင်းကလူတွေရဲ့ ရိုးရာပွဲ၊ ယုံကြည်မှုနဲ့ ဓလေ့တွေ၊ မှော်ပညာဆန်ဆန် အစီအရင်တွေကိုပါ ထူးထူးဆန်းဆန်းတွေ့ရမယ့် ကားတစ်ကားဖြစ်သလို ဘာလင်ရုပ်ရှင်ပွဲတော်လို ရုပ်ရှင်ပွဲတော်ကြီးမျိုးမှာလည်း ဝင်ပြိုင်ခဲ့တဲ့ ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 795MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 40Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama • Horror
7.1 2022 100 mins
Fogaréu
The House That Never Dies II
3.7

သရဲကားကြိုက်သူများအတွက် Horror /Thriller ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ၁ ထွက်ရှိခဲ့ပြီး ၂၀၁၇ မှာတော့ ၂ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ အိမ်နံပါတ် ၈၁ မှာပဲစတာဖြစ်ပါတယ်။ အဲ့ဒီအိမ်ကြီးက ကိုလိုနီခေတ်က ဂုဏ်သတင်းကြီးတဲ့ ဗိုလ်မှူးတစ်​ယောက်ရဲ့အိမ်တော်ကြီးဖြစ်ခဲ့တာပေါ့။ အခုအချိန်မှာတော့ အပျက်အစီးတွေနဲ့ ပုံစံကိုကခြောက်ခြားစရာကောင်းလှတဲ့ သရဲအိမ်ကြီးဖြစ်လို့နေပါပြီ။ အိမ်ကြီးကိုပြုပြင်ဖို့အတွက်အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ဟာ ခြံဝန်းကိုရှင်းလင်းရင်းနဲ့အရိုးစုတစ်စုထွက်လာတာကနေစပါတယ်။ အိ မ်ကြီးရဲ့ရာဇဝင်ကိုသိထားကြတဲ့အလုပ်သမားတွေက အလုပ်ထွက်သွားကြတဲ့အခါ၊ ခေါင်းဆောင်တစ်ယောက်ပဲကျန်ရစ်ခဲ့ပါတော့တယ်။ ခေါင်းဆောင်ဟာအိမ်ကြီးမှာနေပြီး လုပ်ငန်းဆက်လုပ်ဖို့ပြင်တဲ့အခါ... အဲ့ဒီနောက်ပိုင်းကျောချမ်းစရာအဖြစ်အပျက်တွေဆက်တိုက်ဖြစ်လာရင်း... အိမ်ကြီးမှာကပ်တွယ်နေတဲ့ မကျွတ်မလွတ်တဲ့သရဲက ဘယ်လိုတွေခြောက်ခြားဖွယ်အရိပ်အယောင်တွေပြပြီး၊ ဘယ်လိုတွေခြောက်လှန့်မလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်းကိုယ်တိုင်သာကြောက်လိုက်ကြပါတော့။ Quality : WEB-DL 1080p , 480p Format: mp4 Genres : Drama , Horror , Mystery Runtime : 1h 37min Subtitle : Myanmar Subtitle ( hardsub ) Translated by Ann Chi , Nu Mon , Yin Wai Phyo Encoded By LK

Action • Adventure • Horror • Science Fiction • Thriller
3.7 2017 97 mins
The House That Never Dies II
Ammonite
7.1

IMDb Rating 6.5/10 ၁၈ရာစုနှစ် အမျိုးသားဝါဒီ ကြီးစိုးတဲ့ ကာလတစ်ခုမှာ ကျောက် ဖြစ်ရုပ်ကြွင်းပညာရပ်မှာ ထူးချွန်ပြောင်မြောက်လှတဲ့ နက္ခတ္တ ပညာရှင် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Mary Anning ရဲ့ biography အကြောင်းကို ရိုက်ကူးထားတာပါ။ သူရှာဖွေတွေ့ ရှိခဲ့တဲ့ အကျော်ကြားဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကတော့ Ichth- yosaur လို့ခေါ်တဲ့ fossil တစ်ခုပါပဲ။ Mary Anning က ကမ်းခြေမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လိုက်ရှာဖွေရင်း Lyme Regis မြို့ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံလှည့်ခရီးသွားတွေကို ရောင်းချပြီး နာမကျန်းဖြစ်နေတဲ့ အမေ အိုတစ်ယောက်နဲ့ အတူ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ သူ့ကို လေးစားအားကျတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး Fossils တွေအကြောင်း စူးစမ်းလေ့လာမယ့် ခရီးစဥ်အတွက်လာပြောပါတယ်။ အဲအမျိုးသားနဲ့အတူ သူရဲ့မိန်းမဖြစ်တဲ့ Charlotte လည်းပါလာခဲ့ပါ တယ်။အဲအမျိုးသားက နာမကျန်းဖြစ်နေတဲ့ သူ့မိန်းမ Charlotte ကို ကူညီပေးဖို့ Mary ကို တောင်းဆိုလာပြီး နောက်ပိုင်းမှာတော့ Mary နဲ့ Charlotte တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ၁၈ရာစုနှစ်က အမျိုးသမီး နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်ကြမလဲ...... ဒီကားကို Director Francis Lee က ရိုက်ကူးထားပြီး Mary Anningရဲ့ biography နဲ့ ဒါရိုက်တာရဲ့စိတ်ကူးယဥ်ဆန်ဆန် လိင်တူအချစ်ဇာတ်လမ်း တစ်ပုဒ်ကို ရိုက်ကူးထားတာပါ။ ၁၈ရာစုခေတ် အဲ့အချိန်လောက်က အမျိုးသားတွေဟာ အမျိုးသမီးတွေကို ရုပ်ဝတ္ထုသာသာ သဘောထားတဲ့ အချိန်ပါပဲ။ Mary Anning နေရာမှာ Kate Winslet သရုပ်ဆောင်ပြီးတော့ Charlotte နေရာမှာ Saoirse Ronan သရုပ်ဆောင်ထားပါတယ်။ Biographyကို Lesbian အချစ်ဇာတ်လမ်းနဲ့ ပေါင်းစပ်ထားတဲ့အခါမှာတော့ ဇာတ်လမ်းတစ်ခုလုံးက စိတ်ဝင်စားစရာအပြည့်နဲ့ ရင်ခုန်လှိုက်မောရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.99 GB) / (685 MB) / (379 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 57Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, History Translator.......Parris Encoder..........SWM

Comedy • Drama • Sci-Fi & Fantasy
7.1 2020 118 mins
Ammonite
Your Highness
5.5

ဒီ ကားလေးကတော့ စွန့်စားခန်းတွေ နဂါးတွေပါတဲ့ Fantasyအကြောင်းပါ တိုင်းပြည်တစ်ခုမှာ Fabious နဲ့ Thadius ဆိုတဲ့ညီအကို၂ယောက်ရှိတယ် Fabious က နေရာတကာသိပ်တော် သိပ်အောင်မြင်တဲ့ hero ပေါ့ ဘုရင်ဖြစ်လာမဲ့ သားအကြီးလည်းဖြစ်တယ် အမြဲတမ်းစွန့်စားခန်းသွား လူဆိုးတွေနှိမ်နှင်းနဲ့ လူချစ်များတဲ့သူပေါ့ Thadius ကတော့ ဘာမှမလုပ် တဲ့အပျင်း ညီလေး။ တနေ့တော့ Fabius က စွန့်စားခန်းက ပြန်လာရင်း ကောင်မလေးတစ်ယောက် ခေါ်လာပြီး လက်ထပ်မယ်လုပ်ရော လက်ထပ်ပွဲမှာ ထုံးစံအတိုင်း လူဆိုးကြီးက လာဖျက်ပြီး သတို့သမီးကိုခိုးရာက Thadiusနဲ့ Fadius တို့ညီအကို စွန့်စားခန်း အတူ ပထမဆုံးထွက်ရတော့ ဘာဆက်ဖြစ်ကြမလဲကြည့်ရအောင်…. ရှေးခေတ်ကားမို့ ဖော်ချွတ်ခန်းတွေပါပါတယ် ဆိုတာ ကြိုပြောလိုက်ပါရစေ… File size…2.78GB / 1.05GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mal Ei

5.5 2011
Your Highness
In the Fire

In the Fire (2023) ဟိုတလောတုန်းက တော်တော်လေးနာမည်ကြီးခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ ရုပ်ရှင်ကားအသစ်ပါ။ ရှေးအင်္ဂလန်မှာ ဇာတ်အိမ်တည်ထားတာဆိုတော့… ထုံးစံအတိုင်း ရှေးအင်္ဂလိပ်တွေရဲ့ အယူသီးမှုတွေနဲ့ သိပ္ပံပညာကြားက ပဋိပက္ခတွေအကြောင်းကိုပဲ နောက်ထပ်ဇာတ်အိမ်အသစ်နဲ့ ပြထားတယ်။ မွေးရာပါ ဉာဏ်ကောင်းပြီး စိတ်စွမ်းအားသဘောမျိုးပါရှိနေတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်မူထူးနေတော့ မကောင်းဆိုးရွားဆိုပြီး တစ်ရွာလုံး ဝိုင်းစွပ်စွဲပြီး ပစ်ပယ်ထားကြတယ်။ အခြေအနေအကြောင်းကြောင်းနဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး မိုးခေါင်တာတွေ စိုက်ခင်းပျက်တာတွေ ဖြစ်လာတော့ သူ့ကို ဝိုင်းသမုတ်ကြဖို့ ပိုအကြောင်းဖန်လာခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံး ရွာက သူ့အကြောင်းနဲ့သူ ကပ်ဘေးဆိုက်လာလေလေ အကြောက်တရားနဲ့လူတွေဟာ အကြောက်တရားကို ကောင်လေးကြောင့်ပါဆိုပြီး လွှဲချပြီး အကြောက်တရားကို ဖြေဖျောက်ဖို့ ကြိုးစားကြရင်း ကောင်လေးအိမ်ကိုမီးရှို့၊ ကောင်လေးကိုပါ သတ်ဖြတ်ဖို့အထိဖြစ်လာတယ်။ ဒါကို ကောင်လေးရဲ့ စိတ်စွမ်းအင်ကိုရော စိတ်ဝေဒနာကိုရော သိပ္ပံနည်းကျဖြေရှင်းချင်တဲ့ ဆရာဝန်မတစ်ယောက်ရောက်လာပြီး ကောင်လေးကို ကုသပေးဖို့ နားလည်ပေးဖို့ ကြိုးစားရင်း ဒီအရှုပ်ထဲဝင်မိသွားတဲ့အကြောင်းကို ဇာတ်အိမ်တည်ပြသထားတာပါ။ သိပ္ပံပညာနဲ့ အယူသီးမှုတွေ အားပြိုင်တဲ့အကြောင်းဆိုတော့ ပမာဏတစ်ခုထိ ကြည့်ကောင်းတာမို့ စိတ်ပြေလက်ပျောက်တော့ဖြစ်ကြမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 785MB Quality – 1080p, 720p Format – mp4 Duration – 1H 27Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by RGB

0 2023 87 mins
In the Fire
Peddha Kapu – 1
8

Peddha Kapu 1 (2023) [အလံလုကြသူများ] IMDB — 8.0/10 ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့ ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေပါတဲ့ နိုင်ငံရေးတေလဂူးဘာသာ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ ၁၉၆၂ခုနှစ်မှာ ဂိုဒါဗာရီမြစ်တစ်လျှောက်က ရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ အစပြုထားပါတယ်။ ဒီရွာတွေက လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရင်း အဲဒီထဲက သားအမိနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာ ကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ သူတို့ကိုယ်တိုင်လည်း လူချည်းလွတ်အောင် ပြေးလာခဲ့ရသူတွေမလို့ ကလေးကို မစောင့်ရှောက်နိုင်ပေမဲ့ ပစ်မထားရက်ခဲ့တာကြောင့် ကလေးကို သူများကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကို မွေးစားလိုက်တဲ့သူကတော့ စိတ်နှလုံးသားဖြူစင်တဲ့ အရက်သမားတစ်ယောက်ပေါ့ အဲဒီနောက်မှာတော့ ရွာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ဆတ်တရာရန်ဂီရ်နဲ့ ဘာယာနာတို့ ပါတီနှစ်ခု။ ဘာယာနာကတော့ ပျော့ပျော့လေးနဲ့ ဆွဲခေါ်တတ်တဲ့သူဖြစ်ပြီးတော့ ဆတ်တရာရန်ဂီရ်ကတော့ သတ်မယ်ဖြတ်မယ်ဆိုတဲ့သူမျိုးပေါ့။ ဘာယာနာက သူတို့ပါတီအတွက် အလံထောင်ဖို့ သူ့နောက်လိုက်တဲ့သူတွေကို ခိုင်းတဲ့အခါမှာ အလံထောင်တာကို မကြိုက်တဲ့ ဆတ်တရာတို့က ဘယ်လိုတွေ ပြဿနာလုပ်ကြမလဲ …….. သူတို့ပါတီဝင်နှစ်ခု နောက်ပိုင်းမှာရော ဘာတွေ ဆက်ဖြစ်သွားကြမလဲ …… အရက်သမားမွေးစားလိုက်တဲ့ ကလေးလေးကရော ကြီးလာတဲ့အခါမှာ ဒီဇာတ်လမ်းရဲ့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်သွားမလဲဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ * သတ်မယ်ဖြတ်မယ် ကြမ်းမယ်ရမ်းမယ် ဆိုတာတွေကို ကြိုက်နှစ်သက်သူတွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်* (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex~V~BpL~Zwe~ToMo တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8 2023
Peddha Kapu – 1
Good Grief
6.4

Good Grief (2023) ~ IMDb – 6.4/10, RT – 78%, Meta – 60% ~ Schitt’s Creek Sitcom နဲ့ နာမည်စရလာခဲ့သလို Schitt’s Creek ရဲ့နောက်ဆုံးစီဆန်ကိုလည်း ကိုယ်တိုင်ရေးသား ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့ Emmy လေးဆုပိုင်ရှင် Dan Levy ကိုယ်တိုင် ရေးသား ရိုက်ကူး သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ပါ။ Dan Levy ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်း ဟုတ်တယ်။ Rotten Tomatoes – 78% ရထားတော့ ပွဲဦးထွက်အနေနဲ့ဆို အရည်အချင်းရှိတယ်ပြောရမှာပါပဲ။ နက်ဖလစ်ကနေ ဖြန့်ပေးထားတဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ဇာတ်ကတော့ လိင်တူအချစ်ကို Focus ထားပြသလိုပြနေရင်းက သူငယ်ချင်းတစ်အုပ်ကြားကအချစ်ကို Focus ထားပြထားတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ မက်ဆိုတဲ့ ဂေးတစ်ယောက်ရှိတယ်။ သူက ပန်းချီဆွဲတဲ့အလုပ်လုပ်တယ်။ ပြောရရင်သရုပ်ဖော်ပုံဆွဲတာပေါ့။ စာအုပ်အဖုံးတို့ ပုံပြင်တို့ကိုဆွဲတာများတယ်။ သူ့ယောက်ျားကတော့ နာမည်ကျော် စာရေးဆရာ။ သူ့ယောက်ျားစာအုပ်တွေကိုလည်း သူပဲ သရုပ်ဖော်ပုံဆွဲတာ။ သူတို့လင်ယောက်ျားနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ နေလာခဲ့တာကြာပြီ။ သူတို့အိမ်လေးကလည်း ပါတီတွေ သူငယ်ချင်းတွေနဲ့သာယာနေခဲ့တယ်။ ဒီလိုနဲ့ အပျော်တွေမကုန်ခင် တစ်နေ့မှာ သူ့ယောက်ျားဆုံးသွားတယ်။ ဘဝမှာ သူ့ယောက်ျားကိုပဲကြည့်ရင်း နေလာခဲ့တဲ့လူတစ်ယောက်ဟာ သူ့ယောက်ျားမရှိတော့တဲ့နောက် သူ့ယောက်ျားနဲ့အတူနေခဲ့တဲ့ အိမ်ကြီးထဲ တစ်ကိုယ်တည်း ရှင်သန်ရဖို့ဖြစ်လာတယ်။ သူ့သူငယ်ချင်းတွေက သူတို့ဘဝရဲ့ တစ်နှစ်တာအချိန်ကို အကုန်ခံပြီး သူ့ကိုအားပေးဖို့ သူနဲ့အတူလာနေပေးကြတယ်။ တစ်နှစ်ပြည့်ပြီးတဲ့နောက် သူ့ယောက်ျားချန်ထားခဲ့တဲ့စာကို ဖောက်ဖတ်ဖို့ သတ္တိရှိလာတဲ့အချိန် ဒီစာဟာ သူ့ဘဝကို ဘယ်လိုရိုက်ခတ်သွားခဲ့သလဲ… သူ့သူငယ်ချင်းတွေနဲ့သူ့ဆက်ဆံရေးက ဘာဖြစ်သွားမလဲ… ကျွန်တော်တို့မြင်ရလိမ့်မယ်။ ဆိုခဲ့သလို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းကနေ သူငယ်ချင်းတွေအကြောင်းဖြစ်သွားတဲ့ရုပ်ရှင်ပါပဲ။ ခင်မင်မှုရဲ့ ခွင့်လွှတ်ခြင်း လှပခြင်းတွေကို တစိမ့်စိမ့်ကြည့်ရလိမ့်မယ်။ ဒီလိုကားမျိုးတွေက သရုပ်ဆောင်ကောင်းရင်ကောင်းသလောက် ပိုတာသွားတတ်သလို Dan Levy, Luke Evans, Emma Corrin, Passing (2021) ထဲက အဓိကဇာတ်ကောင်ဖြစ်ခဲ့တဲ့ မင်းသမီးဇာတ်ဆောင်အော်စကာဆု ဆန်ခါတင်ဖူးခဲ့တဲ့ Ruth Negga, Yesterday (2019)ထဲက မင်းသား Himesh Patel တို့လို သရုပ်ဆောင်ကောင်းတဲ့ ဆရာကြီးတွေချည်း သရုပ်ဆောင်ထားတာမို့ ကြည့်ရတာတော့ ရှယ်တန်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 665MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.4 2023 101 mins
Good Grief
Hunting Games
5

ပျောက်ဆုံးနေတဲ့ ပိုက်ဆံအိတ်ကြီးတစ်ခုအတွက် ပြန်ပြီး ရှာဖွေဖို့ စစ်သားဟောင်းတွေကို ငှားရမ်းထားပေမဲ့ ဒေသခံ မုဆိုးတစ်ယောက်က သူတို့အရင် ငွေထုပ်ကို တွေ့သွားတဲ့အခါ ….. ဒီဇာတ်ကားထဲမှာ အဲဒီငွေထုပ်နောက်ကို ဘယ်လို လိုက်မလဲ .. မုဆိုးတစ်ယောက်ကို သားကောင်အဖြစ်ထားပြီး လိုက်ဖမ်းရတဲ့အခါ အဲဒီ စစ်တပ်ထွက် အဖွဲ့တစ်ဖွဲ့ဟာ ဘာတွေ ကြုံကြိုက်ရမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာ ဖြစ်ပြီး Action, Thriller ဇာတ်ကားတွေကိုပဲ ကြည့်တတ်တဲ့သူတွေအတွက် ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်… File size…1.58GB / 754MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

5 2023 94 mins
Hunting Games
Campton Manor
5

Horror ချစ်သူများအတွက် စိတ်ဝင်စားစရာလှည့်ကွက်မျိုးစုံနဲ့ ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Campton Manor ဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေ ဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ သူဟာနဲ့ သူကြည့်ကောင်းတဲ့အနေအထားတော့ရှိပါတယ်။ဒီဇာတ်ကားက Horror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေနဲ့ ပေါင်းစပ် ထားတာဖြစ်တဲ့အတွက် ပုံမှန်သရဲကားတွေလို ခြောက် လန့် ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်းသုံးပြီးတော့စိတ်ဝင်စားစရာ ကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့သည်းထိတ်ရင်ဖိုစာရေး ဆရာတစ်ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ တက်ဒီ့ကို တွေ့ရမှာဖြစ်ပါတယ်။သူဒီနေ့အလုပ်လာတဲ့ ရက်မှာတော့သူ့ရုံးခန်းကို ဂျက် ဆိုတဲ့လူတစ်ယောက်ကရောက်နေပါတယ်။ဂျက်ကတော်တော် ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပြီး လာရင်းအကြောင်းလည်း မပြောသလို သူဘယ်သူဆိုတာကိုလည်းမပြောပြပါဘူး။ဒါပေမယ့် သူက တက်ဒီ့မှာသေဆုံးပြီးသား လူတွေကိုမြင်နေရတဲ့ အစွမ်းတစ်ခု ရှိနေတာကို သိပြီးတော့ အဲ့ဒီအစွမ်းကိုအသုံးချဖို့လိုအပ်တဲ့အတွက် အကူအညီလာတောင်းတာလို့တော့ပြောပါတယ်။ဘာကိစ္စအတွက် တက်ဒီ့ အစွမ်းတွေကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ် တွေတုန်းက ကမ့်ပ်တွန်ဆိုတဲ့အိမ်တော်ကြီးမှာလူတွေအစုလိုက် အပြုံလိုက်သေဆုံးခဲ့ကြပြီး ဘာလို့သေဆုံးခဲ့ရလဲဆိုတာကို အခုထက်ထိအဖြေမရှာနိုင်သေးတဲ့ အမှုအတွက်ပဲဖြစ်ပါတယ်။ တက်ဒီကတော့စိတ်မပါပေမဲ့ ဂျက်ကအတင်းအကြပ်ခေါ်နေတဲ့ အတွက်ပါသွားခဲ့ပြီးနောက်မှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကမ့်ပ်တွန်အိမ်တော်ကြီးကိုရောက်ခဲ့ပါတော့တယ်။အဲ့ဒီကစပြီးတော့ တက်ဒီနဲ့ ဂျက်နှစ်ယောက်အိမ်ကြီးထဲဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ဆန်းကြယ် မှုတွေရှိနေလဲ ဆိုတာကို အဖြေရှာကြပုံကို ကြည့်ရမဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…976MB / 395MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 32m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 83 mins
Campton Manor
Scooby-Doo! Stage Fright
6.8

စကူဘီဒူးတို့အဖွဲ့ကတော့ Talent star ဆိုတဲ့ ရှိုးပွဲအတွက် ချီကာဂိုမြို့ကို ရောက်လာကြပါတယ်။ ဒီရှိုးမှာ ပါဝင်မှာကတော့ ဒက်ဖနီနဲ့ ဖရတ်ဒ်တို့ နှစ်ယောက်ပါ။ ဒီလိုနဲ့ ရှိုးပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာ တစ္ဆေတစ်ကောင် ပေါ်လာပါတယ်။ ဒီတစ်ခေါက် တစ္ဆေကရော ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဆက်စပ်နေမလဲ၊ စကူဘီဒူးတို့အဖွဲ့ ဘယ်လိုအဖြေရှာဖော်ထုတ်ကြဦးမလဲ ဆိုတာ ကြည့်ရှုရမှာပါ။ သဲလွန်စလေးတွေ ဟိုတစ်စဒီတစ်စနဲ့ အဖြေလိုက်ရှာကြည့်ရမယ်။ မထင်မှတ်ထားတဲ့ plot twist တွေ ထည့်ထားတဲ့အပြင် ထုံးစံအတိုင်း horror ပါးပါးလေးနဲ့ humor လေးလည်း ရောစပ်လို့ စကူဘီဒူးဖန်တွေ အကြိုက်တွေ့မှာပါ။ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File Size : 1.5 GB, 833 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Orika Encode by : Thit San Khant

6.8 2013 75 mins
Scooby-Doo! Stage Fright
Maple Leaf Dreams

Maple Leaf Dreams (2024) ဒီကားလေးကတော့ 2024 ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် မိသားစုအချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါရိုက်တာ Benedict Mique ကရိုက်ကူးထားပြီးတော့ မင်းသမီး Kira Balinger နဲ့ မင်းသား LA Santos တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီ Maple Leaf Dreams ဆိုတဲ့ ဇာတ်လမ်းလေးကတော့ Macky ဆိုတဲ့ စားသောက်ဆိုင် မန်နေဂျာလေးနဲ့ Molly ဆိုတဲ့ ရုံးအတွင်းရေးမှူးမလေး တို့ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ဖိလစ်ပိုင်မှာ အလုပ်ကောင်းကောင်းတွေရှိကြပေမယ့်လည်း သူတို့လုပ်နေတာတွေလောက်နဲ့ သူတို့ရဲ့နိုင်ငံမှာ ဘာမှဖြစ်မလာနိုင်ဘူးလို့ သဘောပေါက်ခဲ့ကြပါတယ်။ အဲ့တာနဲ့ Molly တစ်ယောက် Macky နဲ့အတူ ပညာရေးအစီအစဉ်နဲ့ ကနေဒါကို သွားဖို့လုပ်ပါတော့တယ်။ Macky ကလည်း သူ့ကောင်မလေး ကျောင်းတက်နေချိန်မှာ သူတို့နှစ်ယောက်လုံးအတွက် ပိုက်ဆံရှာဖို့စီစဉ်ထားခဲ့ကြပါတယ်။ ကနေဒါရောက်တဲ့ အခါမှာတော့ သူတို့မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လို ကူညီဖေးမပြီး ရှေ့ဆက်ကြမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.6 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Family,Romance Duration….01:41:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Nay

0 2024 101 mins
Maple Leaf Dreams
Risen
6.3

Rome နောက်ခံသမိုင်းဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့သူတွေအတွက် Risen 2016 လာပါပြီ။ ဒီဇာတ်ကားရဲ့ထူးခြားချက်က တစ်ချိန်လုံး သ တ်နေ ဖြ တ် နေတာမဟုတ်ဘဲနဲ့ စုံထောက်ဆန်ဆန်ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ AD 33 လောက်မှာ Jesus ‌(ခရစ်တော်ပေါ်လာချိန်) မှာ ဘာသာရေးစစ်ပွဲတွေဖြစ်ကြပါတယ်။ အဲ့ဒီကာလမှာ ရိုမန်အင်ပါယာက အင်အားကြီးနေချိန်ဖြစ်တဲ့အတွက် ဘုရင် Ceasar က Christianity ပေါ်မလာရေးအတွက် Jesus ကိုကွပ်မျက်ခဲ့ပါတယ်။ ဒီထဲကဇာတ်လိုက်ဖြစ်တဲ့ Roman Tribune (စစ်အရာရှိ) Clavius က Jesus ကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီး ကွက်မျက်ခဲ့ရသူဖြစ်ပါတယ်။ Clavius ကိုယ်တိုင်က စိတ်ကောင်းရှိတဲ့သူဆိုပေမဲ့ အမိန့်ကျလာတဲ့အခါ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ရက်အနည်းငယ်ကြာတော့ သူကိုယ်တိုင် ‌ေ သ သွားတာကိုမြင်ခဲ့ရတဲ့ Jesus ဟာ သူ့ရဲ့အုတ်ဂူကနေ ပျောက်ချင်းမလှပျောက်သွားရတဲ့အကြောင်းကို လိုက်ရှာရပါတော့တယ်။ အလောင်းကိုလိုက်ရှာရင်း Clavius တစ်ယောက် ကိစ္စတော်တော်များများကို သဘောပေါက်လာပြီးနောက်… ဒီဇာတ်ကားလေးက Roman Vibe ကို စုံထောက်ဆန်ဆန်ကြည့်ရမဲ့အပြင် ခရစ်တော်ပေါ်လာခဲ့တဲ့ သမိုင်းကိုပါနောက်ခံထားတဲ့ Religious ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ IMDb မှာလည်း 6.3 အထိရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre… Action, Drama, History, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L

Drama • Romance
6.3 2016 107 mins
Risen
Haywire: Gunslingers

1940အတွင်းမှာဖြစ်ပွားခဲ့တဲ့ဒုတိယကမ္ဘာစစ်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ War Film တစ်ပုဒ်ပဲဖြစ်ပါတယ် ဟစ်တလာဦးဆောင်တဲ့ နာဇီအုပ်စုတွေဟာ သဘာဝကိုလွန်ဆန်ပြီး သေခြင်းတရားကိုအံတုနိုင်တဲ့ Super Soldiers တွေကို ဖန်တီးဖို့အတွက် ကလေးလူငယ်ကျားမ မရွေးကို ဖမ်းဆီးခဲ့ပြီး စမ်းသပ်မှုများကို ပြုလုပ်ခဲ့ကြပါတယ် သို့သော်လည်း စမ်းသပ်မှုတွေကအလုပ်မဖြစ်ခဲ့ပါဘူး အလုပ်မဖြစ်ခဲ့ပေမယ့်လည်း Mathilde ဆိုတဲ့ ကောင်မလေးတစ်ယောက်ကတော့ ကံကောင်းထောက်မစွာနဲ့ပဲ စမ်းသပ်မှုမှာအောင်မြင်ခဲ့ပါတယ် ပြုသမျှနုနိုင်အောင် သူမကိုဝိုင်းပြီးဦးနှောက်ဆေးခဲ့ကြပေမယ့်လည်း ဦးနှောက်မပြောင်ခဲ့တဲ့အတွက်ကြောင့် ကလေးမလေးကို စွန့်ပစ်ခဲ့ကြပြီးနောက်ပိုင်း ဖြစ်ပေါ်လာမယ့် ဇယားအရှုပ်အရှင်းတွေကို ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ် File size…(1.6 GB)/(753 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…War Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Myat Noe Yamone

Action • Comedy • Animation
0 2024
Haywire: Gunslingers
Confrontation Peak
5.7

လျှို့ဝှက်ဆန်းကြယ်တယ်တဲ့ကျွန်းတစ်ကျွန်းမှာရှိတဲ့ ဆန်းကြယ်တဲ့ပန်းတစ်မျိုးဟာ ရောဂါပိုးတွေကိုကုသပေးနိုင်တယ်ဆိုတဲ့ဒဏ္ဍာရီကြောင့် လူတွေဟာခေတ်အဆက်ဆက်ဒီကျွန်းကိုရှာဖွေနေကြပါတယ်။ အဲဒီကျွန်းရဲ့မြေပုံဖြစ်တဲ့ ရွှေမျက်နှာဖုံးဟာ၂ခြမ်းဖြစ်ပြီးတော့ ပျောက်ဆုံးနေပါတယ်။ တစ်နေ့မှာတော့ မျက်နှာဖုံးတစ်ခြမ်းကိုပိုင်တဲ့သူဟာ နောက်မျက်နှာဖုံးတစ်ခြမ်းကို ပိုင်တဲ့သူကိုမျှားခေါ်နိုင်ဖို့ ရွှေမျက်နှာဖုံးကိုဆုအဖြစ်ထားပြီးတော့ လက်ဝှေ့ပွဲကြီးကိုကျင်းပလိုက်ပါတယ်။ အနယ်နယ်အရပ်ရပ်ကလူငယ်လေးတွေဝင်ပြိုင်ကြပြီးတော့ တိုက်ရင်းခိုက်ရင်းနဲ့ လူငယ်လေး၂ယောက်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ကျွန်းလေးပေါ်ရောက်သွားခဲ့ပါတယ်။ ဒီကျွန်းလေးမှာ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲ…… နောက်ဆုံးမှာရွှေမျက်နှာဖုံးပိုင်ရှင်ဟာဘယ်သူဖြစ်လာမလဲ……

Drama
5.7 2025
Confrontation Peak
The Karate Kid
6.2

2010 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ The Karate Kid ဇာတ်ကားမှာ မင်းသားကြီး Jackie Chan နဲ့ Jaden Smith တို့အတူတူပူးတွဲသရုပ်ဆောင်ထားကြပါတယ်…Justin Bieber နဲ့ Jaden Smith တို့ တွဲဖက်သီဆိုထားတဲ့ Never Say Never ဆိုတဲ့သီချင်းဟာလည်း..ကမ္ဘာတစ်ဝန်းမှာအောင်မြင်ကျော်ကြားခဲ့ပြီး ပရိတ်သတ်တို့ ရဲ့နှစ်ခြိုက်မှုများစွာလည်းရရှိခဲ့ပါတယ်.. ဒီဇာတ်ကားမှာမင်းသားဂျက်ကီချန်းရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကိုအားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်.. ဒီဇာတ်ကားမှာပြောခဲ့တဲ့စကားလုံးတွေက အကြိုက်ဆုံးစကားလုံးကိုပြောရမယ်ဆိုရင် *ဘဝမှာ လဲကျနေတဲ့အခါ ပြန်ထနိုင်အောင်ကြိုးပမ်းရမယ်* စကားလုံးဖြစ်ပါတယ်.. ကိုယ့်ထက်အင်အားကြီးတဲ့သူဖြစ်ပါစေ..ဘယ်တော့မှအရှုံးမပေး..ပြန်လည်ရဲရဲဝင့်ဝင့်ရင်ဆိုင်ကာ အရှုံးမပေးတတ်တဲ့စိတ်ဓါတ်ကိုပြသသွားတာပဲဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းဟာဆိုရင်ဖြင့် ………….. ဒရေးပါကာ တို့မိသားစုဟာ တရုတ်ကိုပြောင်းရွေ့လာတဲ့အမေရိကန်မိသားစုပဲဖြစ်ပါတယ်..ပတ်ဝန်းကျင် အသစ်.ဘာသာစကားအခက်အခဲများစွာကြုံတွေ့နေရပါတယ်..မစ္စတာဟန်ကတော့ သူတို့နေတဲ့တိုက် ခန်းရဲ့ အောက်နားမှာနေပြီး အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ် ရောက်ရောက်ချင်းနေ့မှာပဲဒရေကကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ချင်လို့မိတ်ဆက်စကားပြောနေတာကို လူငယ်တစ်စုကဝင်ပြီးသောင်းကျန်းပါတယ်.. ဘာအကြောင်းမှမသိသေးပဲ ကွန်ဖူးလည်းမတတ်တဲ့ဒရေ တစ်ယောက် တော်တေ်ာအထိုးခံလိုက်ရပါတယ်..ဒီလိုနဲ့အကြိမ်ကြိမ်အခါခါ ပြသနာတွေတက်..ဒရေကလည်း မကျေနပ်တာနဲ့ တစ်ရက် ကျောင်းက ပွဲတော်တခုမှာ သိုင်းလေ့ကျင့်နေတဲ့ အဲ့ဒီကောင်လေးတို့တစုကို ရေနဲ့လောင်းပြီးထွက်ပြေးပါတော့တယ်..မိသွားလို့ ဝိုင်းထိုးကြိတ်နေတဲ့အချိန်မှာ မစ္စတာဟန် (ဂျက်ကီချန်း) ရောက်လာပြီး ကလေးတွေကိုပြန်ဖို့ပြောပါတယ်..မစ္စတာဟန်ကိုပါဝိုင်းထိုးကြလို့ ပြန်တိုက်ခိုက်လိုက်ပါတယ် ပြီးတော့မှ ဒရေသိလာရတာက ထိုလူငယ်အုပ်စုက နဂါးနီ သိုင်းသင်တန်းကျောင်းက အတော်ဆုံး ကလေးတွေဆိုတာပါပဲ..နဂါးနီသင်တန်းကျောင်းဆရာ နဲ့ မစ္စတာဟန် တို့ထိုကိစ္စအတွက်ကြောင့် ကတောက်ကဆ ဖြစ်ပြီး သိုင်းပြိုင်ဖို့လုပ်ကြပေမယ့် မစ္စတာဟန်က မတိုက်ခိုက်ချင်ပါဘူး… သူ့ရဲ့သင်တန်းသားတွေကို ဒရေကို မနှောက်ယှက်ဖို့ပြောခိုင်းပြီး လာမယ့်လူငယ်သိုင်းပြိုင်ပွဲမှာ ဒရေ လာရောက်ယှဉ်ပြိုင်မယ်လို့ ပြောခဲ့ပါတယ်…..အဲ့ဒီ့နောက်မှာတော့ မစ္စတာဟန်ဟာ ဒရေကို ကွန်ဖူးပညာတွေစတင်သင်ပေးပါတော့တယ်…. ဆက်လက်ကြည့်ရှုကြပါ

Comedy
6.2 2010 140 mins
The Karate Kid