YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Secret Love (2013) EP7 WEB-DL 720P(CM).mp4

505.45 MB N/A video/mp4 149 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Golden Robbery

ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ဟာသလေးနှောထားတဲ့ မှုခင်းကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရဲစခန်းလုံခြုံရေးအစောင့်မာတာနဲ့ သူ့ရဲ့ရည်းစာချောလေး လျိုစီးကျားတိုဟာ သာမန်ဘဝကို ဖြတ်သန်းနေကြတဲ့ စုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က မာတာရဲ အဖေဆိုပြီး ဖုန်းဆက်လာခဲ့ပါတယ်။ နှစ် ၂၀ လောက် ပျောက်သွားခဲ့တဲ့ အဖေက ရုတ်တရက် ပြန်ပေါ်လာတဲ့အချိန်ကစ မာတာရဲ့ အေးချမ်းတဲ့ ဘဝကြီးက စတင်ရှုပ်ထွေးလာပါတော့တယ်။ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းမှောင်ခိုမှု၊ သင်္ချိုင်းဖောက်မှု၊ ရဲအတု အစစ်တွေနဲ့ ဘယ်လို အရှုပ်တွေ ဖြစ်မလဲဆိုတာကို Golden robbery ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Romance
null 2023 70 mins
Golden Robbery
Samsara
7.7

Samsara (2001) ~ IMDb – 7.7/10, Rotten Tomatoes – 100% ~ Directed By ” Pan Nalin ” ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက ” ယသောဓရာ ” တဲ့။ ” ရှင် အဲဒီနာမည်ကို ကြားဖူးလား ” တဲ့။ ” သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော ” ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ” ပင်လယ်ထဲ ပစ်ချလိုက်ရမယ် “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.23GB, 1.01GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 2H 18Min Genre – Adventure, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 2001
Samsara
In the Name of the Father
8.1

ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာ‌လက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ အလုပ်သွားလုပ်ရင်း ရှောင်တိမ်းနေဖို့ သင်္ဘောပေါ်တင်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဂျယ်ရီတယောက် ဂေလ်ဖို့ဒ်မြို့မှာ အလေလိုက်နေရင်း ဂေလ်ဖို့ဒ်အရက်ဆိုင် ဗုံးကွဲတဲ့ညမှာလည်း နေစရာနေရာမရှိလို့ လမ်းတကာလျှောက်သွားနေခဲ့ပါတယ်။ IRA တွေရဲ့ ဗုံးခွဲမှုကြောင့် သွေးဆူနေတဲ့ ဗြိတိသျှပြည်သူတွေကို ‌အဖြေတခုပြန်ပေးဖို့ ကြိုးစားနေရတဲ့ ဗြိတိသျှရဲတပ်ဖွဲ့ရဲ့ မြှားဦးဟာ အကြောင်းတခုကြောင့် ကံမကောင်း အကြောင်းမလှရှာတဲ့ ဂျယ်ရီ့ဆီကို တန်းတန်းမတ်မတ်ကြီးလှည့်လာခဲ့ပါတယ်။ ဒါတင်မကသေးဘူး အိုင်ယာလန်နိုင်ငံသားဆိုတာနဲ့ မုန်းတီးနေတဲ့ ဗြိတိသျှစစ်ဆေးရေးမှူးဟာ ဂျယ်ရီတစ်ဦးတည်းသာမက ကွန်လန်မိသားစုရယ် ဂျယ်ရီ့အဒေါ် အန်နီမက်ဂွိုင်းယားမိသားစု ၇ ‌ယောက်ထဲက အသက် ၁၄နှစ်အရွယ် ကလေး‌ငယ်တွေပါမချန် ဂေလ်ဖို့ဒ်ဗုံးခွဲသူ IRA တွေလို့ စွပ်စွဲခေါင်းစဉ်တပ်ပြီး အဓိကတရားခံလေးဦးကို ထောင်ဒဏ် တသက်တကျွန်းနဲ့ ကျန်မိသားစု၀င်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ အော်စကာ ၇ဆုအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ဆု ၇ ခုလည်း ရရှိခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်းဟာ အင်မတန်အားကောင်းပြီး သရုပ်ဆောင်ချက်တွေကလည်း တော်တော်လေးကို ပီပြင်တဲ့အပြင် အိုင်ယာလန် တော်လှန်ရေးအပြီး ၁၉၇၄ခုနစ်နောက်ပိုင်း ကာလ ၊ အကျဉ်းထောင်ထဲက ဘ၀နေထိုင်မှုပုံစံတွေ ၊ ဂျစ်ဆပ်ပီကွန်လန်နဲ့ ဂျယ်ရီကွန်လန်တို့ သားအဖနှစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေ သံယောဇဉ် အစရှိတာတွေကို ပြသချိန် ၂နာရီ ၁၅ မိနစ်အတွင်း စ လယ် ဆုံး စိတ်ခံစားချက်ကို ကိုင်လှုပ်နိုင်စွမ်းရှိတဲ့ ရိုက်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတာမလို့ သေချာပေါက် ကြည့်ရှုကြည့်ဖို့ အကြံပေးလိုက်ရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:13:00 Genre…Drama, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

8.1 1993
In the Name of the Father
South Park: Joining the Panderverse

Dark humour တွေကြိုက်တဲ့လူတိုင်း South Park Series လေးကိုတော့ သိမယ်ထင်ပါတယ် ဒီတစ်ကားမှာလည်း ထုံးစံအတိုင်း ‌ဒီခေတ်မှာ ဖြစ်ပျက်နေတာကို သိသိသာသာ Troll ထားတာပါ Disney က ထုတ်သမျှ ဇာတ်ကားတိုင်း လူမည်းနဲ့ အစားထိုးပြီး လူမျိုးရေးခွဲခြားတာလို့ ထိုင်အော်နေတဲ့ အကြောင်းနဲ့ AI ကို အားကိုးလာကြတဲ့ လူတွေအကြောင်းကို သရော်ထားတာဖြစ်ပါတယ် အဲရစ်ကာမန်းဟာ သူ့ပတ်ဝန်းကျင်ကလူတွေ အစားထိုးခံလိုက်ရတယ်ဆိုတဲ့ အိမ်မက်ကို အမြဲမက်နေခဲ့တာပါ တစ်ရက်မှာတော့ သူ့အပေါ်ကို ဂိတ်ပေါက်တစ်ခုဖွင့်လာပြီး တခြား ကမ္ဘာတစ်ခုကို ရောက်ရှိသွားတဲ့အခါ အဲရစ်တစ်ယောက် လူမှန်နေရာမှန်ပြန်ရောက်အောင် လုပ်ရပါတော့တယ် File size…(760 GB)/(350 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:48:00 Genre…Animation, Comedy, Science Fiction, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2023
South Park: Joining the Panderverse
First Snow of Summer

Best Film ဆု Best Director ဆု စတဲ့ ဆုတွေအများကြီးရရှိထားတဲ့ Austria Romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားအပါအဝင် Best Director ဆုတွေအများကြီးရထားတဲ့ Chris Raiber ကိုယ်တိုင်း ရေးသားရိုက်ကူးထားပြီး Italy မင်းသားချော Thomas Prenn နဲ့ Austria မင်းသမီးချော Verena Altenberger တို့ လိုက်ဖက်ညီညီ သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်……. ငယ်စဉ်က ဖခင်ဖြစ်သူရဲ့ အချစ်ကိုရူးသွပ်ပုံကို အဖွားဖြစ်သူဆီက သိခဲ့ရပြီး သူ့ကိုယ်သူမချစ်မိဖို့ ကတိပေးထားခဲ့တဲ့ အလက်ဇန်းဒါး ဆိုတဲ့ ကောင်လေးတစ်ယောက်….. မိဘမရှိဘဲ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေတဲ့ မြေအောက်ရထားဘူတာရုံ ဦးထုပ်ဆိုင်က အချစ်ကိုအလိုမရှိတဲ့ ကောင်မလေးတစ်ယောက်….. လောကကြီးမှာ ဆုံတွေ့ဖို့ရေစက်ပါလာရင် ရှောင်လွဲလို့မရဘူး၊ အချစ်ဆိုတာ ပေးဆပ်ခြင်းသပ်သပ်ပါ၊ အချစ်မှာမျက်စိမရှိဘူး ဆိုတာတွေကို ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ ဘယ်လို Ending လေးဖြစ်သွားမလဲဆိုတာကိုတော့….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(944 GB)/(574 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2023
First Snow of Summer
The Possession of Michael King
5.7

ဒါရိုက်တာ David Jung ရဲ့ လက်ရာဖြစ်တဲ့ The Possession of Michael King ဟာဆိုရင် ၂၁၁၄ ခုနှစ်မှာ ထွက်ရှိထားတဲ့ အပလောကအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ကားပါတယ် ဒီဇာတ်လမ်းမှာဆိုရင် မိုက်ကယ်ကင်းဟာ မိန်းမရယ်၊ သမီးလေးရယ်၊ ခွေးလေးတစ်ကောင်ရယ်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်ရက်မှာတော့ မိန်းမဖြစ်သူ ဆမန်သာဟာ သူယုံကြည်တဲ့ ရှေ့ဖြစ်ဟောဆရာ တစ်ယောက်ရဲ့ အကြံကို နားထောင်ပြီး မိသားစုခရီးစဉ်ကို ဖျတ်လိုက်ကာမှ တိုက်တိုက်ဆိုင်ဆိုင် သေဆုံးသွားတဲ့အခါ နကိုကတည်းက ဘာသာမဲ့ တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်အနေနဲ့ ဒီသဘာဝလွန် ဖြစ်ရပ်တွေ မရှိကြောင်းကို ကိုယ့်ကိုယ်ကိုစတေးခံပြီး သက်သေပြပါတော့တယ်။ နောက်ပိုင်းမှာ မိုက်ကယ် မထင်ထားတဲ့ အခြေအနေတွေ ဆက်တိုက်တွေ့ကြုံရတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာတွေ ဖြစ်လာမလဲဆိုတာကို ရင်ဖိုဖိုနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.54GB / 733MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thi Ri

5.7 2014 83 mins
The Possession of Michael King
The Jungle Bunch Operation Meltdown

ဒီတစ်ခါမှာတော့ “Jungle Bunch” ဆိုတဲ့ တောအုပ်ထဲက တိရစ္ဆာန်လေးတွေရဲ့ သူတို့နေထိုင်ရာတောအုပ်ကြီးကို အန္တရာယ်ထဲကနေကယ်တင်ပေးဖို့ စွန့်စားခန်းတွေနဲ့ရင်ဆိုင်တိုက်ခိုက်ပုံတွေကိုရိုက်ကူးထားတဲ့ ကာတွန်းကားလေးကိုတင်ဆက်ပေးချင်ပါတယ် မောရစ်ဟာ သူ့ကိုယ်သူကျားတစ်ကောင်လို့ထင်မှတ်နေတဲ့ပင်ကွင်းတစ်ကောင်ပါ သူဟာတောအုပ်အကျိုးဆောင်အဖွဲ့ခေါင်း​ဆောင်တစ်ယောက်ပါ တစ်နေ့ သူတို့ရဲ့တောအုပ်ထဲက အပင်တွေမှာ အမည်မသိပန်းရောင်ဓာတ်ပစ္စည်းတစ်မျိုးပြန့်နှံ့လာပါတယ် အဲ့ဒီပစ္စည်းဟာ ရေနဲ့ထိတွေ့ရင်အပြင်းအထန်ပေါက်ကွဲတတ်တာမလို့ အဲ့ပစ္စည်းကိုချေဖျက်ဖို့ ဖြေဆေးလိုအပ်တယ်ဆိုတာသိရှိသွားပါတယ် ဒါပေမဲ့ အဲ့ဒီဖြေဆေးကို အဲလ်ဘတ်ဆိုတဲ့သိပ္ပံပညာရှင်တစ်ယောက်ကသာလျှင်ဖော်ထုတ်နိုင်မှာဖြစ်တာကြောင့် အဲလ်ဘတ်ကိုလိုက်လံရှာဖွေဖို့ မောရစ်နဲ့သူ့ရဲ့အဖွဲ့ဝင်တွေဟာ အဝေးကြီးကိုခရီးနှင်လာရပါတော့တယ် ဒါပေမဲ့ မိုးရာသီကလည်းဝင်တော့မှာဖြစ်တာကြောင့် ရေနဲ့ထိရင်ပေါက်ကွဲတတ်တဲ့အဲ့ဒီပန်းရောင်ပစ္စည်းကိုဖယ်ရှားဖို့အတွက် ဖြေဆေးကိုမိုးမကျခင်အမှီဖော်နိုင်မှဖြစ်မှာပါ နောက်ပြီး အဲ့ဒီဓာတ်ပစ္စည်းကို တောအုပ်ထဲမှာ ပြန့်နှံနေအောင် ဘယ်သူကလုပ်ခဲ့တာလဲ ဘာကြောင့်လုပ်ခဲ့တာလဲ အဲ့ဒီတရားခံကပဲ မောရစ်တို့အုပ်စုကို ခရီးဖင့်အောင် လမ်းခရီးမှာ အဖျက်အမှောက်လုပ်သေးတာကြောင့် အန္တရာယ်မျိုးစုံနဲ့ရင်ဆိုင်ရပါတော့တယ် File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Animation, Adventure, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Comedy • Drama
0 2023
The Jungle Bunch Operation Meltdown
Average Joe
3

Average Joe (2024) ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျိုးဟာ ငယ်စဥ်က အင်မတန်မှ ပြဿနာရှာတဲ့ ကောင်လေး တစ်ယောက်ပါ။ ပြဿနာရှာလွန်းအားကြီးလို့ ဂေဟာကို ပို့ရတဲ့ အထိပါပဲ။ သူ့မှာ ငယ်ချစ်ဦး ဒီနိ့စ်ဆိုတာ ရှိပါတယ်။ ဒီနိ့စ်ကလဲ အိမ်မှာ ပြဿနာလေးတွေနဲ့ နေရတာပါ။ နောက်ပိုင်း ဂျိုးဟာ မရိန်းတပ်ထဲ နှစ်၂၀လောက် ရောက်သွားခဲ့ပါတယ်။ အချစ်ဟောင်း ဒီနိ့စ်နဲ့ အိမ်ထောင်ကျပြီး ဒီနိ့စ်ကျန်းမာရေးမကောင်းတဲ့ နောက်ပိုင်း မရိန်းတပ်က ထွက်ပြီး အထက်တန်းကျောင်းတစ်ခုမှာ ဘောလုံးနည်းပြ (American Football) ဖြစ်လာခဲ့ပါတယ်။ ဂျိုးက ဘုရားသခင်ကို ကတိခံထားတာရှိပါတယ်။ အဲဒါကတော့ သူတို့ အိမ်ထောင်ရေးကို ကယ်ဆယ်ပေးမယ်ဆိုရင် ဘုရားအလိုကျ နေပေးမယ် ဆိုတာပါပဲ။ ကစားပွဲပြီးတိုင်း ကွင်းလယ် ကိုက် ၅၀စည်းမှာ ဆုတောင်းဝတ်ပြုလေ့ရှိတယ့် သူ့ကို ဝေဖန်မှုတွေ ရှိလာပါတယ်။ ဘာသာရေး သွတ်သွင်းမှုတွေ ရှိတယ်လို့ စွတ်စွဲခံရပြီး အလုပ်ပါ ပြုတ်သွားခဲ့ပါတယ်။ တစ်သက်လုံး တိုက်ခိုက်လာတဲ့ ဂျိုး တစ်ယောက် တိုက်ခိုက်မှုတွေကို ပြန်လည် ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Boomer ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Family Duration….01:40:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Boomer

Adventure • Action • Thriller
3 2024 110 mins
Average Joe
Andrei Rublev
8

Andrei Rublev (1966) ~ IMDb – 8/10, Rotten Tomatoes – 96% ~ တာကော့စကီးရိုက်ခဲ့တဲ့ ဆိုဗီယက် သမိုင်း ဘိုင်အို ဒရာမာကားပါ။ Andrei Rublev လို့ခေါ်တဲ့ ၁၅ရာစု ရုရှပန်းချီဆရာတစ်ယောက်အကြောင်းကို မှီငြမ်းပြီး ရိုက်ပြထားတဲ့ ရုရှရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ Andrei Rublev ရဲ့ဘဝကိုတော့ မှီငြမ်းရုံ မှီငြမ်းထားပေမဲ့ အလယ်ရာစုရုရှကို လက်တွေ့ကျကျပုံဖော်ထားတယ်လို့ ဆိုတယ်။ အနုပညာသမားတစ်ယောက်နဲ့ သူရင်ဆိုင်ရတဲ့ခေတ်အကြောင်းပေါ့။ ဒီကာလရဲ့ထုံးစံအတိုင်း ဘာသာရေးပြဿနာတွေ တစ်ပုံတပင်နဲ့ ဖော်ကျူးထားတယ်။ ကာလကတော့ ရုရှတွေဆီကို တာတာတွေ လာတိုက်တဲ့ကာလပေါ့။ ဒီရုပ်ရှင်က တာကော့စကီးရဲ့ ကနဦးကားတွေထဲက ဖြစ်လို့ တာကော့စကီးအရမ်းမဆန်သေးပေမဲ့လည်း တာကော့စကီးတော့ ဆန်နေတုန်းပါပဲ။ ဆင်ဆာလွတ်တဲ့ Cut က ၃နာရီခွဲရှိပြီး ရုပ်ရှင်တောရန့်တွေကတော့ တစ်နာရီခွဲကျော်၂ခြမ်းအဖြစ်တင်ဆက်ထားကြတယ်။ ရှေးကားတွေလိုမျိုး ဇာတ်ဦးစကားတွေ နိဂုံးစကားတွေနဲ့ အခန်းခွဲတွေ ထည့်သွင်းထားတယ်။ ဇာတ်ဦးစကားနဲ့ နိဂုံးစကားကတော့ ဇာတ်လမ်းနဲ့ တိုက်ရိုက်မဆက်စပ်လှဘူး။ အဲဒီ၂ခုကြားမှာတော့ အခန်း၈ခန်းခွဲပြီး တင်ဆက်ထားတယ်။ တာကော့စကီးကားတွေရဲ့ ထုံးစံအတိုင်း အပျင်းပြေကြည့်ဖို့တော့ ခက်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 870MB Quality – BluRay 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 37Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
8 1966 183 mins
Andrei Rublev
One Piece: Clockwork Island Adventure
6.6

One Piece: Clockwork Island Adventure (2001) My Anime List – 7.08/10, IMDB Rating – 6.6/10 ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ movie ကောင်းလေးကတော့ One Piece Animation Series ရဲ့ ၂၀၀၁ ခုနှစ်တုန်းက ထွက်ရှိထားခဲ့တဲ့ ၂ ကားမြောက် movie လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဝရမ်းပြေးအဖြစ် ဆုကြေးငွေထုတ်ခံလိုက်ရတဲ့ Luffy တို့အုပ်စုက ကမ်းခြေတစ်ခုမှာ ပျော်ပွဲစားထွက် အနားယူနေရင်း Going Merry ဆိုတဲ့ သူတို့ရဲ့ ပင်လယ်ဓားပြသင်္ဘောကြီး အခိုးခံလိုက်ရပါသတဲ့။ ဘယ်သူခိုးသွားလဲဆိုတာ မသိဘဲ သူခိုးနောက်ကို လိုက်ကြရင်း ပင်လယ်ထဲမှာပဲ BorĹŤdo နဲ့ ‌Akisu ဆိုတဲ့ သူခိုးညီနောင်နဲ့ တွေ့သွားကြပါတယ်။ အဲဒီ သူခိုးညီနောင်နဲ့ တွေ့ပြီး သူတို့သင်္ဘောကို ခိုးသွားတာ နာရီစက်ကျွန်းပေါ်က Trump ပင်လယ်ဓားပြတွေဆိုတာ သိခဲ့ရပြီး BorĹŤdo တို့ ညီအစ်ကိုကလည်း အဲဒီနာရီစက်ကျွန်းပေါ်က စိန်နာရီဆိုတဲ့ ရတနာကို ခိုးချင်နေတာဖြစ်ကြောင်း ပြောလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင်လယ်ထဲမှာ Trump မောင်နှမတွေရဲ့ ပင်လယ်ဓားပြအုပ်စု‌နဲ့ ထိပ်တိုက်တွေ့ခဲ့ရပြီး Luffy တို့အုပ်စုထဲက Nami San ဆိုတဲ့ အလှလေးကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စိန်နာရီကို ခိုးချင်တဲ့ BorĹŤdo ညီနောင်နဲ့ Nami San နဲ့ သူတို့ရဲ့ သင်္ဘော Going Merry ကို ပြန်လိုချင်တဲ့ Luffy တို့အုပ်စုဟာ နာရီစက်ကျွန်းကို အတူသွားဖို့ ဖြစ်လာကြတဲ့အခါ… ပန်းတိုင်တူနေကြတဲ့ အုပ်စုတွေ နာရီစက်ကျွန်းပေါ်က ထောင်ချောက်တွေအပြည့်ရှိနေတဲ့ Trump ရဲတိုက်ကို ဘယ်လို အရောက်သွားကြမလဲ Nami San နဲ့ Going Merry သင်္ဘောကိုရော Luffy တို့က ပြန်ရနိုင်ပါ့မလား၊ စိန်နာရီကိုရော BorĹŤdo ညီနောင်ကခိုးနိုင်ပါ့မလားဆိုတာ စိတ်ပါဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး သူငယ်ချင်းအုပ်စုတွေကြားက သံယောဇဥ်တွေ၊ ဘယ်လိုတွေ ပူးပေါင်းတိုက်ခိုက်ကြလဲဆိုတာအပြင် One Piece ရဲ့ ထုံးစံအတိုင်း Luffy တို့ သူငယ်ချင်းအုပ်စုရဲ့ စခွီတွေလည်းပါဝင်တော့ တစ်ကားလုံး မပျင်းရဘူးဆိုတာတော့ အ‌သေအချာပါပဲ။ စီးရီးမကြည့်ဖူးတဲ့ လူတွေအတွက်လည်း အဆက်အစပ်မရှိဘူးလို့ မခံစားရလေအောင် တစ်ကားတည်းမှာပဲ အစအဆုံး အကုန်ပြီးစီးတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပြီး စီးရီးကြည့်ပြီးသား သူတွေအနေနဲ့လည်း အသစ်အဆန်းလေးဖြစ်အောင် ဒီ movie လေးကို ကြည့်ရှုဖို့ ဖိတ်ခေါ််အပ်ပါတယ်ရှင်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ပဲဖြစ်ပါတယ်) File size… 1.4 GB / 620 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 55m Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by ttmuswe

Drama • History
6.6 2001 60 mins
One Piece: Clockwork Island Adventure
Dangerous Affair
5.8

ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ကာကသာမန်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတော့သူ့ယောက်ျား ရိုင်က ဆံပင်ညှပ်ရင်းအသက်မွေးတယ်။ အချိန်ကာလတစ်ခုကြာလာတော့ အဲရစ်ကာရဲ့စိတ်ထဲမှာ ဒီအိမ်ထောင်ရေးက ပျင်းလာတယ်လို့ခံစားမိလာတယ်။ စိတ်အပြောင်းအလဲဖြစ်အောင်ရိုင်ကို ခရီးတိုလေးခဏလောက်ထွက်မယ်လို့ ပြောလိုက်ပေမယ့် ဆိုင်အကြွေးကျေအောင်ဆပ်ရမယ့်အကြောင်း ဖောက်သည်တွေကအရေးကြီးကြောင်းပဲပြောနေလို့ အဲရစ်ကာလည်းစိတ်ပျက်သွားတယ်။ သူငယ်ချင်းဖြစ်သူ ဂျက်စမင်နဲ့လည်းတိုင်ပင်ဖြစ်တယ်။ ရိုင်က ယောက်ျားကောင်းဖြစ်တဲ့အတွက် ကြည့်ပြီးတောင်းဆိုလို့ပြောပြီး ဂျက်စမင်ကသူ့ကိုနားချလိုက်တယ်။ ဒီလိုနဲ့သောကြာနေ့ညမှာ စိတ်အပန်းဖြေတဲ့အနေနဲ့ ဘိလယက်သွားထိုးရင် ဟင်နရီဆိုတဲ့တစ်ယောက်အဲရစ်ကာကဖောက်ပြန်မိတယ်။ ယောက်ျားနဲ့အဆင်မပြေ စိတ်အလိုမကျတဲ့အချိန်မှာ ဟင်နရီဟာ သူ့စိတ်ထဲကထင်မိသွားတဲ့အခါမှာတော့….. File Size… (1.51GB) / (918MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 32m Genre ….Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

5.8 2024 92 mins
Dangerous Affair
Trending
5.9

Trending (2025)”နာမည်ကြီးနေသည်” ============================= အသစ်ထွက်ထားတဲ့ တမီလ်စကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ အာဂျွန်နဲ့မီရာတို့ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး နာမည်ကြီးတဲ့ လင်မယားစုံတွဲဖြစ်ပါတယ်။ သူတို့မှာ အာဂျွန်မီရာဆိုတဲ့ ယူကျုချန်နယ်တစ်ခုလည်းရှိပြီး အဲဒီချန်နယ်ကိုလည်း အားပေးတဲ့သူ ၅ သန်းကျော်တောင်ရှိပါတယ်။ ဆန်းသစ်တဲ့ အိုင်ဒီယာတွေ အမြဲထုတ်နိုင်တာကြောင့် ဆယ်စုနှစ်ရဲ့ အကောင်းဆုံးစုံတွဲဆုတောင်ရထားတဲ့ သူတို့နှစ်ယောက်၊ တစ်နေ့မှာ ရုတ်တရက် သူတို့ရဲ့ ယူကျုချန်နယ်ပျက်သွားပြီး ထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတွေရရှိလာတဲ့အခါမှာတော့…။ အောင်မြင်ပြီးသား လူနှစ်ယောက်ရဲ့ အမြဲတမ်း နာမည်ကြီးနေဖို့ အရူးတွေလိုကြိုးစားကြပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

5.9 2025
Trending