YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Secret Love (2013) EP2 WEB-DL 720P(CM).mp4

492.6 MB 720p video/mp4 132 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shooting Stars
7.5

Shooting Stars (2023) ================ Genre – Biography, Drama, Sports IMDb Rating – 6.5/10 ဘတ်စကတ်ဘော အားကစားလောကမှာဆို မိုက်ကယ်ဂျော်ဒန်တို့ခေတ်ပြီးရင် ခု လဘရွန်းဂျိန်းစ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ NBA ချန်ပီယံ ၄ ခါ ဖြစ်ထားတယ်၊ NBA သမိုင်းတလျှောက် အမှတ်အများဆုံးသွင်းယူသူ၊ နောက် ပြီး အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပါတယ်။ ဒီ သမိုင်းနောက်ခံ အားကစား ဒရမ်မာ ရုပ်ရှင်လေးက သူကိုယ်တိုင်ရေးတဲ့ အထ္တုပတ္တိကို ပြန်လည် အသက် သွင်းထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းဆိုပေမဲ့လည်း သူတစ်ယောက် တည်းကို ကွက်ပြီး Hightlight လုပ်ပြတာမျိုး မရှိပဲ သူတို့ အထက်တန်းကျောင်း ဘဝတုန်းက ပြည်နယ်ချန်ပီယံဖြစ်ခဲ့ရပုံတွေနဲ့ သူငယ်ချင်းတွေအကြောင်းကို တစ်ယောက်စီ သေချာလည်း ပြသပေးထားတာမျိုး ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အကြောင်းအရာလေးကတော့ လဘရွန်းဂျိန်းစ်ရယ် ဒရူးဆိုတဲ့ လူကောင် အညှပ်ကလေးရယ် ရှရန်ဆိုတဲ့ဝတုတ်လေးရယ် ဝီလီဆိုတဲ့ ရင့်ကျက်တဲ့ကောင် လေးရယ်က အသက် ၁၀ နှစ်ကတည်းက Shooting Stars ဆိုတဲ့ အဖွဲ့အောက် မှာ ဘတ်စကတ်ဘော ကစားခဲ့ကြတာပါ။ နည်းပြကတော့ ဒရူးရဲ့ အဖေပေါ့။ ဒီလိုနဲ့ အထက်တန်းကျောင်းတက်ရမယ့်အချိန်ရောက်တော့ ဒရူးအဖေက ဘတ် စကတ်ဘော သေချာကစားနိုင်မယ့် ကျောင်းတစ်ကျောင်းကို သေချာရွေးချယ်ပေး ခဲ့တယ်။ ဒါပေမဲ့ အဲဒီကျောင်းက နည်းပြက ဒရူးကို လူကောင်သေးလို့ အတူတူ ပေးကစားလို့ မဖြစ်ဘူး၊ ဂျူနီယာအသင်းပဲ ရမယ်ဆိုတော့ ဒရူးတစ်ယောက် လိုက်ရှာတဲ့အချိန် လူဖြူတွေများတဲ့ စိန့်ဗီကျောင်းမှာ ပြဿနာတွေနဲ့ ရောက်လာ တဲ့ နည်းပြသစ် ဒန်ဘရော့နဲ့ ဆုံမိပြီး သူတို့တစ်ဖွဲ့လုံး ဘယ်လိုတွေ တိုးတက်ပြောင်း လဲလာပြီး အထက်တန်းကျောင်းချန်ပီယံ ဘယ်လိုရလာမလဲဆိုတာတွေ စိတ်ဝင် စားဖွယ် ကြည့်ရမှာပါ။ လဘရွန်းဂျိန်းရဲ့ နာမည်ကျော်ကြားလာပြီး ဖိအားတွေ ကြုံရပုံတွေ ဒရူးရဲ့ လူကောင် သေးပေမဲ့ အပြောမခံပဲ ပြန်လုပ်ပြခဲ့တာတွေ ဝတုတ်လေးရှရန်ရဲ့ အကောင်းမြင် တတ်ပုံတွေ ဝီလီရဲ့ အားပေးမှုတွေနဲ့ သူငယ်ချင်းတွေကြားက သံယောဇဉ်ကို အား ကစားနဲ့ ဖော်ကျူးထားတဲ့ Biography ရုပ်ရှင်လေးပါ။ Stranger Thing က Lucas လေးက ဒရူးအဖြစ် သရုပ်ဆောင်ထားတာကိုလည်း တွေ့ပါတယ်။ ဘတ်စကတ် ဘောနဲ့ ပတ်သက်တဲ့အသုံးအနှုန်းများကို တတ်နိုင်သလောက် ကြိုးစားပြန်ထားတဲ့ အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.82 GB) / (775 MB) / (459 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator.......Thura Aung Encoder..........Zin Phyo Aung

Action • Comedy • Science Fiction
7.5 2023 116 mins
Shooting Stars
The Black Phone
7.3

(imdb 7.3 / 26k) ဟော်ရာကားကောင်းကောင်းတွေ ရှားနေတုန်းမှာ ကောင်းတာလေး ထွက်လာပါပြီ။ စိတ္တဇလူသတ်သမားဇာတ်လမ်းကို ပရလောကနဲ့ ရောမွှေထားတဲ့ ဇာတ်လမ်းပါပဲ။ မူရင်းရုပ်ရှင်ဇာတ်လမ်းတိုလေးကို ပြန်ရိုက်ကူးထားတာပါ။ ဇတ်လမ်းအကျဉ်းကတော့ ဂရက်ဘာ (ဖမ်းဆီးသူ)လို့ လူတွေသိကြတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ဟာ ကလေး ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ပြီးခဲ့ပေမဲ့ ဘယ်သူမှ တရားခံကိုရော အလောင်းတွေကိုရော ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ၆ ယောက်မြောက်ကလေးကို ဖမ်းမိချိန်မှာတော့ ထူးခြားမှုတွေဖြစ်လာပါတော့တယ်။ ဖမ်းခံရတဲ့ ကလေး ဖင်း ရဲ့ ညီမဟာ လူသတ်ကောင်အကြောင်းအိပ်မက်တွေမက်နေပြီး အဲဒီကနေသဲလွန်စတွေနဲ့ လိုက်ရှာဖို့ ကြိုးစားလာပါတယ်။ ဖင်းကလည်း အဖမ်းခံထားရတဲ့ အခန်းထဲက ဖုန်းအပျက်ကနေ အရင်အဖမ်းခံရပြီး အသတ်ခံခဲ့ရတဲ့ ကလေးငါးယောက်က တလှည့်စီဖုန်းဆက်လာတာကိုကြုံလာရပြီး သူတို့လွတ်မြောက်အောင် ကြိုးစားခဲ့တဲ့နည်းတွေ အသတ်ခံရပုံအမှားတွေကို တစ်ခုပြီးတစ်ခု ပြောပြလာပါတော့တယ်… ဒီဝိညာဉ်တွေရဲ့အကူအညီနဲ့ ဖင်းတစ်ယောက် စိတ္တဇလူသတ်သမားလက်ကနေ ဘယ်လိုအလွတ်ရုန်းမလဲဆိုတာ

Action • Drama • Thriller
7.3 2021 103 mins
The Black Phone
Viceroy’s House
6.7

Viceroy’s House Partition (2017) ဒီရုပ်ရှင်ကတော့ အိန္ဒိယနိုင်ငံကို ဗြိတိသျှအင်ပါယာအုပ်ချုပ်မှုလက်အောက်ကနေ လွတ်မြောက်ခွင့်ပေးခဲ့တဲ့အချိန် အိန္ဒိယနဲ့ပါကစ္စတန် ၂နိုင်ငံခွဲခြားလိုက်တဲ့ချိန်ကို အခြေခံရိုက်ကူးထားပြီးတော့ ၂၀၁၇ ခုနှစ်မှာ လွတ်လပ်ရေးနေ့ နှစ်၇၀ပြည့်အထိမ်းအမှတ်အနေနဲ့ အင်္ဂလန်နိုင်ငံမှာတောင် ရုံတင်ပြသခဲ့ရတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ် အိန္ဒိယ ပါကစ္စတန် ခွဲထုတ်လိုက်ခြင်းက လူ့သမိုင်းမှာ အကြီးမားဆုံးပြောင်းရွှေ့မှုဖြစ်ပေါ်ခဲ့တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပြီး လူပေါင်း ၁၄သန်းလောက် အိမ်ခြေယာမဲ့ စစ်ပြေးဒုက္ခသည်ဖြစ်စေခဲ့တဲ့အပြင် ဟိန္ဒူ မူဆလင် ဆီခ် လူမျိူး တစ်သန်းလောက်ကို သေဆုံးခဲ့တဲ့ အဖြစ်အပျက်လည်းဖြစ်ပါတယ် ဒီရုပ်ရှင်ကတော့ အဆိုပါ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူရဲ့ မြေးကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး ဇာတ်လမ်းလေးကတော့ မြန်မာပြည်ဘုရင်ခံချုပ်မောင့်ဘက်တန်က မြန်မာပြည်ကို လွတ်လပ်ရေးပေးပြီး မကြာခင် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့အတွက် အိန္ဒိယကိုစေလွှတ်ခံခဲ့ရပါတယ် အိန္ဒိယလူမျိုးတွေအကုန်တောင်းတနေတဲ့ လွတ်လပ်ရေးက လက်တစ်ကမ်းအလိုမှာရှိနေချိန် မူဆလင် ဆီခ်နဲ့ ဟိန္ဒူဘာသာဝင်တွေကြား ရန်ပွဲတွေကြီးမားလျက်ရှိနေတုန်းပါပဲ လူမျိုးအချင်းချင်း သွေးခွဲပြီး အုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှလူမျိုးတွေ လွတ်လပ်ရေးပေးရတော့မဲ့အချိန် ဒီလူတွေကိုစည်းလုံးလုံးနဲ့ဖြစ်စေချင်တဲ့အခါ သူတို့လုပ်ခဲ့တဲ့ပြဿနာကို သူတို့ပြန်ရှင်းရပါတော့တယ်… ဒီလိုနဲအိန္ဒိယ ပါကစ္စတန် ဘယ်လိုကြောင့် ကွဲသွားရတာလဲ အဲဒီလိုမျိုး နယ်မြေကွဲသွားရခြင်းအကြောင်းအရင်းအစစ်အမှန်ကရော ဘာကြောင့်လဲ ဒီနိုင်ငံရေးအရှုပ်အထွေးကြားထဲမှာပဲ ဘာသာမတူတဲ့ ကောင်လေးနဲ့ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်းပါဝင်လို့နေပါသေးတယ် …. ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်တာ​ကြောင့် အားလုံး ကြည့်ရှုရကျိုးနပ်စေမှာ အမှန်ပါပဲ

Drama • Mystery • Sci-Fi & Fantasy
6.7 2017
Viceroy’s House
Gym Class
5.9

Gym Class (2022) ဒီကားလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ မိသားစုပြဿနာတွေအပေါ် အခြေခံပြီးရိုက်ကူးထားတာပါ။ ကလေးသုံးယောက်ကနေပြီးတော့ သူတို့ကျောင်းမှာပြစ်မှုတစ်ခု ကျူးလွန်ခဲ့ကြတဲ့အခါမှာ ကျောင်းအုပ်ကြီးကနေ မိဘတွေ တရားမဝင်ခေါ်တွေ့ရာကနေ စလာတော့တယ်။ ဖြစ်ချင်တော့ ကျောင်းအုပ်ကြီးခေါ်တွေ့တဲ့နေရာကလည်း ကျောင်းရဲ့ Gym အိုကြီးတစ်ခုဖြစ်နေပါတယ်။ ဒီဇာတ်ကားလေးမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာက ဘာများဖြစ်မလဲ… ကလေးတွေရဲ့မိဘတွေကကော ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ… ဒါ့အပြင် မထင်မှတ်ထားတဲ့ နောက်ထပ်ဘာပြဿနာတွေများပေါ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို Drama Category ထဲထည့်ထားပေမယ့် Comedy ရော၊ Semi-Thriller ရောဖြစ်တယ်လို့ ပြန်လည်သုံးသပ်ထားကြတာဖြစ်တဲ့အတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 660MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Science Fiction • Comedy • Drama • Romance
5.9 2022 89 mins
Gym Class
Original Gangster
5.5

ဇာတ်လမ်းနာမည်အတိုင်းပဲ ဂန်းစတားတစ်ယောက်ရဲ့ ဘဝဇာတ်အကြောင်းကို မြင်တွေ့ရမယ့် crime movieလေးပါ…။ မိဘနှစ်ပါးလုံး လူမိုက်တွေသတ်တာခံလိုက်ရတဲ့ ကတ်စတာဟာ ငယ်ငယ်လေးကတည်းက တစ်ကောင်ကြွက်ဘဝရောက်ခဲ့ရပါတယ်…။ သူမသေခဲ့ဘူးဆိုတာလည်း လူဆိုးတစ်ယောက်က စိတ်ကောင်းဝင်ပြီး သူ့အသက်ကိုကယ်ခဲ့လို့ပါ…၊ မျက်စိရှေ့မှာတင်မိဘတွေ ဆုံးသွားတော့ သေခြင်းတရားကိုလည်း မကြောက်တော့သလို လောကကြီးကိုလည်း မုန်းတီးနေခဲ့တဲ့ တစ်ကောင်ကြွက်ဇိုးလေးအဖြစ်နဲ့ ခိုးဆိုးလုနှိုက်ရင်း၊ လမ်းတွေပေါ်မှာပဲ မသေရုံတစ်မယ်ရှင်သန်ခဲ့ရပါတယ်…။ ဒီလိုနဲ့ တဖြည်းဖြည်း အဆင့်တက်လာကာ လန်ဒန်မြို့ရဲ့ မြေအောက်မူးယစ် ဂိုဏ်တွေးကြားညှပ်ပါသွားပါတော့တယ်… ဒီလို ဒုစရိုက်လောကမှာ ငယ်ငယ်နဲ့ ဂန်းစတားဖြစ်ခဲ့သူ ကတ်စတာ တစ်ယောက်ဘယ်လိုရှင်သန်မလဲ… ဘယ်သူ့ဆီကဘာတွေသင်ယူရင်း ဘယ်လိုရုန်းကုန်သွားမလဲဆိုတာ မြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ…။ File size…2.27GB / 783MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2020 110 mins
Original Gangster
Return to Sleepaway Camp

ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို Return to Sleepaway Camp(2008)ဆိုတဲ့ ဇာတ်ကားကောင်းလးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားဟာ နွေရာသီလေ့ကျင့်ရေးစခန်းက ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှု အကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဒီဇာတ်ကားရဲ့ ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တဲ့ Robert Hiltzikက ရိုက်ကူးပုံဖော်ထားပါတယ် ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်ကောင်လေး အာလန်အဖြစ် Michael Gibney,နွေရာသီလေ့ကျင့်ရေးစခန်းရဲ့ ပိုင်ရှင်ဖြစ်သူ ဖရန့်ခ်အဖြစ် Vincent Pastore,အကြံပေးခေါင်းဆောင်ရွန်နီအဖြစ် မင်းသားကြီးPaul DeAngeloနဲ့ ကာရန်အဖြစ်မင်းသမီး Erin Broderick ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းဟာ နွေရာသီလေ့ကျင့်ရေးစခန်းတစ်ခုလုံးရဲ့ ချဉ်ဖတ်ဖြစ်သူ အမြဲတမ်းအနိုင်ကျင့်ခံရတဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက် တစ်ရွာလုံးနဲ့ ငါ့ကြီးတော်ဖြစ်နေပုံနဲ့စတင်ထားပါတယ် အဲ့နောက်ထူးဆန်းစွာပဲ အာလန်ကိုအနိုင်ထက်စီးနင်းပြုကျင့်တဲ့ သူတွေဟာ တစ်ယောက်ပြီး တစ်ယောက်စပြီး အသတ်ခံရပါတယ် ပထမမီးဖိုချောင်အကူကောင်လေး မစ်ကီ နောက်ပြီးတစ်ယောက်ပြီးတစ်ယောက်တိုးပွားလာပေမယ့် သတ်တဲ့သူကိုအဖြေမထုတ်နိုင်ဖြစ်နေပါတယ် စခန်းရဲ့အကြံပေးခေါင်းဆောင်ဖြစ်တဲ့ ရွန်နီကတော့ အရင်ကစခန်းမှာ လူတွေကိုလိုက်သတ်ခဲ့တဲ့ အန်ဂျယ်လ်လာဆိုတဲ့ သူပြန်ရောက်နေပြီလို့ထထစ်ချပြောပေမယ့် ပိုင်ရှင်ဖရန်ခ့်ကတော့ မသိသလို ဟန်ဆောင်နေပါတယ် ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရတဲ့ အ ချိန်မှာတော့ လူသတ်သမားကိုစုံစမ်းကြပါတော့တယ် စခန်းကလူတွေ အားလုံးကတော့ လူသတ်သမားဟာ သူတို့ကိုအမြဲတမ်းကြုံးဝါးနေတဲ့ အာလန်ဆိုတဲ့ကောင်လေးပဲလို့ ယုံကြည့်နေကြပါတယ် ကြည့်ရှုသူပရိတ်သတ် ကြီးလည်း လူသတ်သမားကဘယ်သူဖြစ်မလဲ အနိုင်ကျင့်ခံရပြီးတိုင်း မင်းတို့အားလုံးကို ငါသတ်ပစ်မယ်လို့ အမြဲကြုံးဝါးနေတဲ့ အာလန်ဆိုတဲ့ ကောင်လေးလား အာလန်အနိုင်ကျင့်ခံရတဲ့ အချိန်တန်တိုင်းမှာပေါ်လာပြီး အာလန်ဖက်မှာ အမြဲတမ်းရပ်တည်ပေးနေတဲ့ ပီတီဆိုတဲ့ကောင်မလေးလား ဒါမှမဟုတ် ရွန်နီထထစ်ချယုံကြည်နေတဲ့ အန်ဂျယ်လ်လာဆိုတဲ့ ကောင်မလေး ဖြစ်မလားဆိုတာ ကိုဒီဇာတ်ကားလေးထဲမှာ လိုက်ပါခံစားစီးမျှော်ကြည့်ရှုရင်း ဖော်ထုတ်လိုက်ပါဦး ဒီဇာတ်ကားဟာ ဇာတ်ညွှန်းရေးဆရာရဲ့ မြှပ်ကွက်လှည့်ကွက် တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ကြီးကို ဇာတ်လမ်းအစ အလယ် အဆုံး စွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ Comedy, Horror ,Mystery& Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်…. File size…1.65 GB / 823 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 26m Genre ….. Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

0 2008 86 mins
Return to Sleepaway Camp
[18+] Vampires
6.1

ဒါရိုက်တာ John Carpenter ရိုက်ကူးထားတဲ့ 1998 ခုနှစ်ထွက် သွေးစုပ်ဖုတ်ကောင် ရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေကို ကြက်သွန်ဖြူကြောက်ပြီး လင်းနို့အဖြစ်လည်းပြောင်းနိုင်တဲ့အပြင် လက်ဝါးကပ်တိုင်ကိုကြောက်တဲ့ မကောင်းဆိုးဝါးတွေအဖြစ် ဖန်တီးပုံဖော်ကြပေမဲ့ ဒီရုပ်ရှင်ရဲ့ သွေးစုပ်ဖုတ်ကောင်တွေကတော့ နေရောင်ခြည်နဲ့ သစ်သားချောင်း နှလုံးထဲထိုးစိုက်ခံရမှာကိုပဲ ကြောက်ကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – ဂျက်ခ် ခရိုး ဦးဆောင်တဲ့ သွေးစုပ်ဖုတ်ကောင်အမဲလိုက်အဖွဲ့ဟာ သွေးစုပ်ဖုတ်ကောင်အသိုက်တစ်ခုကိုဝင်ရှင်းရင်း ကျေးကျွန်တွေအကုန် ရှင်းလိုက်နိုင်ပေမဲ့ သခင်ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ အဲဒီနေ့ ည သူတို့တည်းနေတဲ့ မိုတယ်မှာ အောင်ပွဲခံနေတုန်းမှာပဲ သူတို့ရှာမတွေ့ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် သခင်တိုက်ခိုက်တာခံလိုက်ရလို့ တစ်ဖွဲ့လုံးအသတ်ခံလိုက်ရပြီး ဂျက်ခ်နဲ့ သူ့ရဲ့တွဲဖက် မွန်တိုယာပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဂျက်ခ်လည်း သူနဲ့တွေ့ဖို့ ဗာတီကန်ကနေ လွှတ်လိုက်တဲ့ ကာဒီနယ် အယ်ဘာနဲ့တွေ့ပြီး သူ့အဖွဲ့တစ်ဖွဲ့လုံးကို သတ်သွားတဲ့ သွေးစုပ်ဖုတ်ကောင်က ယန် ဗဲလက်ခ်လို့ခေါ်တဲ့အပြင် ပထမဆုံးသွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့ ဒီ‌ဗဲလက်ခ်ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်သခင်က ဘာလို့ဒီလောက် စွမ်းအားကြီးနေရတာလဲ၊ သူ့ရဲ့ရည်ရွယ်ချက်အစစ်ကတော့ ဘာလဲဆိုတာကိုသိအောင်လုပ်ရင် ဂျက်ခ်ကလည်း သူ့အဖွဲ့အတွက်လက်စားပြန်ချေဖို့ကြိုးစားတာကို သဲထိတ်ရင်ဖိုကြည့်ရှုကြရမှာပါ။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။ File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre… Action, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.1 1998 108 mins
[18+] Vampires
Fortunes of War

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ် အတွင်းမှာ နေရာယူထားတာပါ။ ဗြိတိသျှတပ်ဖွဲ့ တစ်ဖွဲ့ဟာ ဂျာမန်တပ်ကို အလစ်ဝင်တိုက်ဖို့လုပ်ရင်း ဂျာမန်တွေက အရင်အလစ်ဝင်တိုက်သွားတဲ့အတွက် တပ်တွေကွဲသွားပါတယ်။ ဆာဂျင် မေဆန် ဦးဆောင်တဲ့ တပ်စုဟာ ဂျာမန်တွေလက်ကနေထွက်ပြေးရင်း လမ်းပြတွေရဲ့ အကြံပေးချက်အရ လယ်ကွင်းတစ်ခုဆီရောက်လာပါတယ်။ ဒီနေရာမှာ ပြန်ဆုတ်ခွာဖို့လမ်းကြောင်းဆွဲနေတုန်း ဂျာမန်တွေက လိုက်မှီလာတဲ့အတွက် ပြန်လည်ခုခံကြရပါတော့တယ်။ ဂျာမန်တပ်တွေဟာ သူတို့ကိုဝိုင်းထားနိုင်ပေမယ့် ရှေ့ကိုဆက်တိုးမလာကြပါဘူး။ ဆာဂျင် မေဆန်တို့တွေ ဒီအခြေအနေက ဘယ်လိုထွက်ကြမလဲ ဂျာမန်တွေက ဘာလို့ သူတို့ကိုဝင်မတိုက်ကြတာလဲ ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှူပေးပါဦး။ File size…(1.8 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:25:00 Genre… War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Adventure • Drama • Action • History
0 2024
Fortunes of War
Over the Fence
6.6

ဒီကားကိုရိုက်တဲ့ Nobuhiro Yamashitaက တန်းတစ်ခုရှိတဲ့အထဲတော့ပါတယ်။ သူရိုက်ခဲ့တဲ့ Linda Linda Linda ( 2005 )ဟာ ဂျပန်ရဲ့ မြူဇစ်ကယ်တွေထဲ အခုထိ နာမည်တွင်းနေတုန်းကားပဲ။ ဒီကားကို ကျွန်တော်တော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ကားလို့မြင်တယ်။ ဒါပေမဲ့ ဒီအချက်တွေအကုန်လုံးက ကျွန်တော့်အတွက်တော့ ယုအအိုအိကြောင့်ပါပဲ။ ဒီကားထဲက ယုအအိုအိရဲ့ပုံစံက သူရဲ့ထူးခြားတဲ့ဟန်ပေါ်နေတဲ့ ပုံစံတွေထဲက တစ်ခုပဲ။ ဖြူစင်တယ်။ဒါပေမဲ့ ဆွဲဆောင်မှုအားကောင်းတယ်ပေါ့။ ဘ ာလို့လဲမသိ ယုအအိုအိရဲ့ မျက်နှာပေါ်က မှဲ့တစ်လုံးနဲ့ ပိန်လှီနေတဲ့ကျောပြင်ဟာ မကောင်းတဲ့ရုပ်ရှင်တစ်ကားကိုတောင် အသက်သွင်းပေးနိုင်တယ်လို့ ကျွန်တော်တော့မြင်တယ်။ ဒါပေမဲ့ ဒီကားကတော့ ကောင်းတဲ့ကားပါပဲ။ ဒီတော့ ပြည့်စုံသွားတယ်ပေါ့။ ဒီကားက ရိုမန့်ကားလို့ပြောလို့လည်းရတယ်။ တစ်ဘက်တည်းမှာပဲ ရိုမန့်ထက် လက်တွေ့တော့ကျတယ်။ ယောက်ျားလေးတွေက သူတို့အမြင်ကနေ မိန်းကလေးတစ်ယောက်ကို လွယ်တယ်လို့ သတ်မှတ်ကြတဲ့အမြင်ကို မိန်းကလေးတစ်ယောက် ရင်ဆိုင်ဖြတ်သန်းနေရတဲ့ပုံစံအကြောင်းလည်းပါတယ်လို့ပြောရမယ်။ ဆန့်ကျင်ဘက်လိင်ကို တပ်မက်မှုရှိကြတာခြင်းအတူတူ လူ့အသိုင်းအဝိုင်းမှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေက ပိုအပြောခံရတာတတ်တာကတော့ မထူးတော့တဲ့အရာပါပဲ။ တစ်ချို့လူတွေအတွက်တော့ ဒီလိုအမြင်တွေကပြောင်းသွားပြီပေမဲ့ တစ်ချို့လူတွေအတွက်တော့ မပြောင်းသေးတဲ့အရာတွေပဲပေါ့။ တလောက ကျွန်တော် သဲအိမ်မောင်နေဝါရဲ့ချစ်လိပ်ပြာဆိုတဲ့ ဝတ္တုတစ်ပုဒ်ဖတ်လိုက်သေးတယ်။ အကြောင်းအရာကတော့ စာ၁၀ကြောင်းလောက်နဲ့တင်ပြီးသွားမယ့်အထိ ရိုးရှင်းတယ်။ ဒါပေမဲ့ သဲအိမ်မောင်နေဝါက မိန်းကလေးတစ်ယောက်ရဲ့ဖြတ်သန်းမှုကို ကျွန်တော်တို့စာနာနိုင်အောင် ရေးပြနိုင်ခဲ့တယ်။ ဒီလိုဝတ္တုတွေထပ်လိုသေးတယ်လို့ ကျွန်တော်တော့မြင်တယ်။ Over the Fenceဟာလည်း အဲဒီဝတ္တုလို အင်အားမျိုးရှိတဲ့ရုပ်ရှင်ပါပဲ။ တစ်ခါတလေတော့လည်း ဒီလိုရုပ်ရှင်တွေကို ကျွန်တော်တို့လိုတယ်။ File size… 1.8 GB / 866 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

Drama • Music
6.6 2016
Over the Fence
Mission to Mars
5.7

Mission to Mars (2000) IMDb Rating (5.7) / Rotten Tomatoes (24%) “Mission to Mars” က ၂၀၀၀ ခုနှစ်က ထွက်ရှိတဲ့ သိပ္ပံအခြေပြု ရုပ်ရှင်ဖြစ်ပြီး Brian De Palma က ရိုက်ကူးထားပါတယ်။ Gary Sinise, Tim Robbins, Don Cheadle နဲ့ Connie Nielsen တို့လို ကျော်ကြားတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပြီး အာကာသ၊ မစ်ရှင်နဲ့ လူသားတို့ရဲ့ အစပြုရာကို စိတ်ဝင်စားဖွယ် ပြသထားပါတယ်။ ဇာတ်လမ်းက မားစ်ဂြိုဟ်ကို သွားတဲ့ မစ်ရှင်တစ်ခု မအောင်မြင်ဘဲ အာကာသယာဉ်မှ အဖွဲ့ဝင်တစ်ဦး အန္တရာယ်တွင်းမှာကျန်ရစ်သွားတဲ့အခါ အဖွဲ့တစ်ဖွဲ့ ပြန်လည်ကယ်ဆယ်ဖို့ သွားရင်း စိန်ခေါ်မှုတွေ၊ ထူးဆန်းတဲ့ လျှို့ဝှက်မှုတွေ၊ နောက်ဆုံးမှာ လူသားရဲ့ အစပြုရာကို သုတေသနလုပ်ကြပါတယ်။ ရုပ်ရှင်ရဲ့ အဓိကဆွဲဆောင်မှုကတော့ အာကာသရဲ့ ကျယ်ဝန်းမှုနဲ့ မားစ်ဂြိုဟ်ရဲ့ ထူးခြားမှုကို ထိထိမိမိ ဖော်ပြနိုင်တဲ့ အရာပါပဲ။ ၂၀၀၀ ခုနှစ်မှာ လုပ်ထားတဲ့ Visual Effects တွေက အံ့အားသင့်စရာကောင်းပါတယ်။ သရုပ်ဆောင်တွေထဲမှာ Gary Sinise က ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုကို ထင်ဟပ်စွာ ဖော်ပြနိုင်ပါတယ်။ သို့သော်လည်း ဇာတ်လမ်းအချို့မှာ ဖြည်းဖြည်းလေးစီးဆင်းတာကြောင့်မလို့ စိတ်ဝင်စားမှုနည်းသလို သိပ္ပံအမှန်တရားနဲ့ မကိုက်ညီတဲ့ အချက်လေးတွေပါ တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရဲ့ စိတ်ကူးယဉ်တာရဲ့ အတွင်းပိုင်းနဲ့ လူသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို ရှာဖွေဖော်ပြထားတာတော့ ကောင်းပါတယ်။ “Mission to Mars” ကသိပ္ပံအခြေပြု ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Adventure,Science Fiction,Thriller Duration….01:54:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Banyar Aung

5.7 2000 114 mins
Mission to Mars
Beline

Beline (2024)”အထီးကျန်မှုရဲ့နောက်ကွယ်” ================================== ၂၀၂၄ က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖိုဆန်ဆန် အိန္ဒိယစကားပြောရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ပင်စင်ယူထားတဲ့ အဘိုးအိုတစ်ယောက် သူ့ရဲ့ တီဗွီအပျက်လေးကို ပြင်ဖိုကြိုးစားနေပါတယ်။ အဲဒီအဘိုးကြီးဟာ မိသားစုမရှိတဲ့ တစ်ကိုယ်တည်းလူတစ်ယောက်ဖြစ်ပြီး သူနဲ့ပတ်သက်တဲ့သူကလည်း နှစ်ယောက်သုံးယောက်သာရှိပါတယ်။ သူဟာ အထီးကျန်ပေမဲ့ တီဗွီတစ်လုံးကိုအဖော်ပြုကာ ဘဝကို ပျော်ပျော်နေနေရင်းနဲ့ သူ့ဆီကို ဖုန်းတစ်ခုမှားဝင်လာရာကနေ နောက်ဆက်တွဲအနေနဲ့ မိန်းမလှလေးတစ်ယောက်နဲ့ သူ့ချစ်သူရဲ့ ဘဝထဲကို ချောင်းမြောင်းကြည့်ရှုခွင့်ရသွားပြီး ကသိကအောက်ဖြစ်စရာတွေကြုံလာရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Thriller • Action • Science Fiction
0 2024 85 mins
Beline
Fights Break Sphere 4
5.8

Fights Break Sphere က ရှောင်းယန်ဖန်တို့အတွက် အတွဲ ၄ ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… အရှေ့အတွဲ သုံးတွဲလဲ CM မှာတင်ထားပီးပြီမို့ Fights Break Sphere ဆိုပီး Search မှာရှာလိုက်လို့ရပါတယ် ဒီကားထဲမှာတော့ အဖေကိုသတ်တဲ့ အကြွေးကို ဆပ်ခိုင်းမယ်ဆိုတဲ့ မြေခွေးခေါင်းအဖွဲ့ ခေါင်းဆောင်သားကတော့ အခုကားမှာ ရှောင်းယန်ရဲ့ မိတ်ဆွေအဖြစ်နဲ့ ပါလာပြီးတော့… အနာဂတ်ကိုဟောနိုင်တဲ့ကောင်မလေးနဲ့ပါ ဖူးစာက ဆုံပြန်တယ်… တစ်ချိန်တည်းမှာပဲ သူကယ်ခဲ့တဲ့ မိန်းမလှ နတ်သမီးလေးကို ရန်သူအဖြစ်နဲ့လည်း ပြန်ဆုံရပြန်တယ်… ကဲ ရှောင်းယန်ရဲ့ အမေ့အတွက် လက်စားချေမယ့်ခရီးစဉ်မှာ… အခုဆို ဆရာကိုလည်း ဆုံးရှုံးခဲ့ပြီးပြီ… မိတ်ဆွေအသစ်တွေ ထပ်ရလာပေမယ့်… ထပ်ပြီး ဆုံးရှုံးရမှာလား… ကာကွယ်ပေးနိုင်မှာလား…သူ့အမေအတွက် လက်စားချေဖြစ်ဦးမှာလား… နတ်သမီးမမနဲ့ရော ဘယ်လိုဖူးစာပါမှာလဲ… သူနဲ့ စေ့စပ်မှုဖျက်သိမ်းခဲ့တဲ့ နာ့လန်နဲ့ရော ဘယ်လိုပုံစံနဲ့ ပြန်ဆုံမှာလဲ… အစဉ်အလာမပျက် စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ဖို့ တိုက်တွန်းလိုက်တယ်နော်…

Science Fiction • Horror • Thriller
5.8 2025
Fights Break Sphere 4
Depart from It
6.3

Depart from It (2025) အဲလစ်ဆစ်မိုင်းလ်လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောကက်က မူးယစ်ဆေးတွေ လူကုန်ကူးမှုတွေ လိင်အမြတ်ထုတ်မှုတွေကို ကျူးလွန်နေတဲ့လူတစ်ယောက်ရဲ့ သား‌ကောင်ဖြစ်ခဲ့ရပါတယ်။ ပျောက်ဆုံးသွားခဲ့ပြီး သူမကို ပြန်ကယ်တင်နိုင်ခဲ့ကာ ကျူးလွန်သူကို ထောင်ချနိုင်ခဲ့ပေမဲ့ သူမက အရင်တုန်းကလို ပြန်မဖြစ်နိုင်တော့ပါဘူး။ အဲလစ်ဆစ်ရဲ့အဖြစ်အပျက်ကို မြင်တွေ့ခဲ့ကြရတဲ့ သူ့သူငယ်ချင်းတွေကလည်း ကိုယ်စီစိတ်ဒဏ်ရာတွေရကုန်ကြပါတယ်။ အဲ့လိုနဲ့ ၁၈နှစ်‌လောက်အကြာ အဲလစ်ဆစ်က ကြီးပျင်းလာပေမဲ့ ကောင်းမွန်နေတဲ့ ဘဝတစ်ခုမှာရှင်သန်‌နေတာမျိုးတော့မဟုတ်ခဲ့ပါဘူး။ တစ်ရက်မှာတော့ အဲလစ်ဆစ်ရဲ့သူငယ်ချင်းတစ်ယောက်က သူ့ရည်းစားသတ်တာကို ခံလိုက်ရပါတယ်။ အဲ့ကနေ သူတစ်ချိန်က သိခဲ့ဖူးတဲ့ အသိုက်အဝန်းဆီကို ပြန်လာခဲ့ရပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့လူက လျှော့ရက်တွေနဲ့ လွတ်လာတာကြောင့် အဲလစ်‌ဆစ်တစ်ယောက် ပြန်လက်စားချေဖို့ ကြံစည်နေလိုက်ပါတယ်။ သူ့သူငယ်ချင်းတွေကတော့ အဲလစ်ဆစ်ကို ဘဝကိုရှေ့ဆက်နိုင်ဖို့ ကူညီနေကြတုန်းပါပဲ။ ဒီလိုနဲ့ပဲ အရင်ကကျူးလွန်ခဲ့တဲ့လူကရော အဲလစ်ဆစ်ကို အလွတ်ပေးပါ့မလား။ အဲလစ်ဆစ်တစ်ယောက်ကလည်း ဆယ်စုနှစ်ကြာ ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်မလားဆိုတာကိုကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size… (3.2 GB) / (1.4 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:53:32 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Lwin

Drama • Comedy • Romance
6.3 2025 113 mins
Depart from It
A Gilded Game
6.1

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မင်းသားကြီး Andy Lau ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်အသစ်ကို ဘာသာပြန်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အစုရှယ်ယာ၊ စတော့ဈေးကွက်၊ ရင်းနှီးမြှုပ်နှံရေးစတာတွေဟာ ချမ်းသာသူတွေရဲ့ ကစားပွဲတစ်ခုပါ။ ရင်းနှီးမြှုပ်နှံရေးလောကမှာ ဆရာကြီးဖြစ်တဲ့ ကျန်းထောသယ်ဟာ အတော်ဆုံး”နိမိတ်ဖတ်သူ”လို့ နာမည်တွင်တဲ့အထိ သူခန့်မှန်းပေးသမျှ ရင်းနှီးမြှုပ်နှံသူအားလုံး အကျိုးအမြတ်များစွာရခဲ့ပါတယ်။ အခုမှ ဘွဲ့ရခါစ စီးပွားရေးပညာထူးချွန်ကျောင်းသား ကောင်းဟန်ဟာ ကျန်းထောသယ်ရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့ရပြီး ဆရာတင်နိုင်ခဲ့ပါတယ်။ အဆင့်မြင့်ကာစတန်မာတွေ ဘီလီယံနဲ့ချီတဲ့ အရောင်းအဝယ်တွေကို မျက်မြင်ကိုင်တွယ် တွေ့ကြုံခွင့်ရခဲ့ပါတယ်။ ရုတ်တရက်အတွင်း ရှယ်ယာဈေးကွက်က တိုးတက်ခေတ်စားလာတဲ့အချိန်မှာ ရှယ်ယာဈေးတက်တာ ဈေးကျတာရဲ့ နောက်ကွယ်မှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးတွေလား ဒါမှမဟုတ် အရင်းရှင်တွေရဲ့ ကစားကွင်းလား…… အဲဒီအထဲမှာ နစ်မြုပ်နေတဲ့ ရှယ်ယာကစားသူတွေကရော ညတွင်းချင်း ချမ်းသာသွားလိမ့်မလား ဒါမှမဟုတ်…… ရင်းနှီးမြှုပ်နှံရေးဈေးကွက်ဟာ လောင်းကစားတစ်ခုလို ဖြစ်လာတဲ့အခါမှာ ဒီကစားပွဲရဲ့ စည်းကမ်းချက်တွေကို ဘယ်သူက သတ်မှတ်နိုင်မလဲ……

6.1 2025
A Gilded Game