YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Secret.Garden.2010.EP16.WEB-DL.1080P(CM).mp4

1.52 GB N/A video/mp4 44 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Amazing Grace
6.9

IMDB...7.4 ၁၇ရာစုနှစ်အလယ်ပိုင်းလောက်က ကမ္ဘာကြီးမှာ ကိုလိုနီနယ်မြေတွေ၊အင်ပါယာတွေကြောင့် ကျွန်ကူးသန်းရောင်းဝယ်ရေးဆိုတာ ပေါ်ထွန်းလာခဲ့ပြီး အဓိကအချက်ကတော့ လုပ်ခသက်သာတာရယ် စိုက်ပျိုးရေးလုပ်ငန်းအမျိုးမျိုးအတွက် ခေါင်းပုံဖြတ်လို့ရတာတွေကြောင့်ပါ။ ဒီထဲမှာမှ ဗြိတိန်အင်ပါယာဟာလည်း ကိုလိုနီနယ်မြေတွေမှာ ကြံပင်၊ကော်ဖီပင်စတဲ့ စိုက်ပျိုးရေးတွေလုပ်ပြီး တိုင်းပြည်စီးပွားရေးအတွက် ကျွန်တွေအပေါ်မှီတည်ထားပါတယ်။ ၁၈ရာစုနှစ်အ‌ရောက်မှာတော့ William Wilberforceဆိုတဲ့ ဗြိတိန်ပါလီမန်အမတ်တစ်ဦးဟာ ကျွန်ကူးသန်းရောင်းဝယ်မှုကို ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားခဲ့ပြီး ဒီဇာတ်လမ်းဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ ကျွန်စနစ်အပေါ် အဲ့ခေတ်က ပါလီမန်အမတ်တွေရဲ့အမြင်၊ လူထုအမြင်တွေကို သိသာအောင်ရိုက်ကူးပြထားတာပါ။ စနစ်တစ်ခု ပြုပြင်ဖို့ ဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြကြတဲ့အခါ လက်ခံတဲ့သူတွေရှိသလို ဒီစနစ်ကနေအကျိုးအမြတ်ရနေသူတွေကတော့ ကန့်ကွက်ကြမှာပါပဲ။ ဒါဟာ ဖြစ်နေကျ နိယာမပါပဲ။ ဒါကို William Wilberforceဦးဆောင်တဲ့လူတစ်စုက အကြိမ်ကြိမ်ကျရှုံးရင်း ဘယ်လိုရင်ဆိုင်သွားကြလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုနိုင်ပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ Fantastic Four မင်းသား Ioan Gruffuddကအဓိကဇာတ်ဆောင်နေရာကပါဝင်ထားပြီး Doctor Strange မင်းသားBenedict Cumberbatchလည်းပါဝင်သရုပ်ဆောထားပါတယ်.. File Size :(3.07GB) and (1.01GB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Biography, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • History
6.9 2006 117 mins
Amazing Grace
Executive Decision
6.2

Executive ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်ပြသခဲ့ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်က အနည်းနဲ့အများ​ကြည့်ဖူးကြတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဤရုပ်ရှင်မှာ မင်းသားကြီး Steven Seagal, Kurt Russelတို့သရုပ်ဆောင်ထားတဲ့အပြင် ထိုအချိန်က တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ John Leguizamo နဲ့ မင်းသမီး Halle Berry တို့ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ Harrison Ford သရုပ်ဆောင်ထားတဲ့ Air Force One ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီလိုဇာတ်လမ်းနဲ့ ရင်းနှီးနေမှာပါ။ ၁၉၉၀ ပြည့်နှစ်တွေတုန်းက အက်ရှင်ဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်းပဲ အရှေ့အလယ်ပိုင်းက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ပါပဲ။ ဒီအကြမ်းဖက်သမားတွေက ဂရိနိုင်ငံအေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီကို ပျံသန်းနေတဲ့ လေယာဥ်တစ်စီးမှာ လိုက်ပါလာပြီးတော့ လမ်းခုလတ်မှာ လေယာဉ်ပြန်ပေးဆွဲစီးနင်းလိုက်ပါတော့တယ်။ သူတို့က အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ လေယာဥ်ကိုပြန်ပေးဆွဲတယ် ပြောပေမယ့် ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်(Kurt Russel)ကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။ အဲဒီမှာ ဓားစားခံကယ်ဆယ်ရေး လုပ်ဆောင်မယ့် ဗိုလ်မှူး အော်စတင် ထရာဗစ် (Steven Seagal) နဲ့ပူးပေါင်းပြီး သူတို့ဓားစားခံတွေကို ဘယ်လိုကယ်တင်ကြမလဲ။ အကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်ကရော တစ်ခုတည်းပဲလား။ ဘယ်လိုတွေရော အသက်တွေရင်းပြီး ကယ်ဆယ်ရမလဲဆိုတာကို လိုက်ပါကြည့်ရှု့ရမယ့် ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ ၁၉၉၀ ကျော်က အက်ရှင်ဇာတ်ကားကောင်းတွေ ကြိုက်နှစ်သက်သူတွေ တစ်ဖန်ပြန်ကြည့်ရှု့သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းကို အကြံ​ပြုလိုပါတယ်။ File size…(2.6GB)  / (1.21GB) /575MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:13:00 Genre...Action / adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Wallace

Drama • Fantasy • Horror
6.2 1996 133 mins
Executive Decision
Theerppu
7

ဒီတစ်ခေါက်မှာတော့ သိပ်မကြာခင်ကပဲ Jana Gana Mana တို့ Kaduva တို့မှာ သရုပ်ဆောင်ထားတဲ့ မင်းသား Prithviraj Sukumaran ရဲ့ ၂၀၂၂ မှာထပ်ထွက်လာတဲ့ မာလာရာလမ် စကားပြော Drama, Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။IMDB 5.8 ရနေပေမယ့် မာလာရာလမ် ကားမို့ ဇာတ်အိမ်မခိုင်မှာတော့ပူစရာ မလိုတဲ့ရုပ်ရှင်ပါ ပင်လယ်ကမ်းစပ်ရွာတစ်ရွာမှာ မာရာကာ,နေယာ,မီနွန် နဲ့ ဘုန်းတော်ကြီး မိသားစုလေးစုဟာ တစ်ယောက်အခက်အခဲတစ်ယောက်ကူညီရင်းနေထိုင်ခဲ့ကြပါတယ်။ မိသားစုလေးစုရဲ့သားလေးယောက်ဟာလည်း ငယ်စဥ်ထဲကကစားဖော်ကစားဖက်တွေဖြစ်နေပြန်ပါတယ်။ မာရာကာ မိသားစုရဲ့ ဘိုးဘွားပိုင်မြေ ၈ ဧကထဲက ပင်လယ်ကမ်းစပ်ပြင်သစ်တွေကမ်းလှမ်းလာတဲ့အခါ ကျန်မိသားစု သုံးစုရဲ့တိုက်တွန်းချက်ကြောင့် ရောင်းချလိုက်ရင်း မာရာကာမိသားစု အခြေအနေဟာ ဆိုးရွားသွားခဲ့သလို တဖက်လှည့်နဲ့ဝယ်ခဲ့တဲ့ နေယာမိသားစုဟာ ချမ်းသာလာခဲ့ပါတယ်။ အဲ့ဒီ မြေနေရာမှာ အပန်းဖြေစခန်းဆောက်ဖို့လုပ်ရင်း မိသားစုလေးစုရဲ့ သားလေးယောက်ပြန်ဆုံကြတဲ့အခါ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေ ထူးဆန်းမှုတွေကို ဘယ်လိုကြုံတွေ့မယ်ဆိုတာတော့ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ပါဦးခင်ဗျာ။ File size…2.7GB / 1.14GB Quality…1080p AVC / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Thet Ko & Shwe Pyae & Kham Mon & Lwin Htoo & Kevin Ag

Horror • Mystery • Thriller
7 2022 147 mins
Theerppu
[18+] Big Tits Friend Sisters

(18+ ကားမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…) ဇာတ်လမ်းအကျဉ်းလေးကတော့… မင်ဝူဆိုတဲ့ ကောင်လေးဟာ အစ်မအရင်း ခပ်ချောချော လှလှ အကိတ် အမနှစ်ယောက်နဲ့ အတူနေရင်း ဇာတ်လမ်းကို စတင်ထားပါတယ် .. အမတွေကလဲ ရုပ်ချောသလောက် လှသလောက် မစွန်ကြပါဘူး အဲ့လို ဂေါ်မစွန် အပျိုရိုင်းကြီးတွေနဲ့ နေနေရင်း တစ်ရက်မှာတော့ ဆိုလ်းမြို့ကို အလည်လာရင် သူအိမ်မှာ တည်ခိုဖို့ ခွင့်တောင်းလာတဲ့ သူငယ်ချင်းဆီက ဖုန်းဝင် လာပါတော့တယ် အစ်မတွေကလဲ ခွင့်ပြုတာကြောင့် အိမ်မှာ လာနေဖို့ကို ခွင့်ပြုလိုက်ပါတော့တယ် . မင်းဝူရဲ့ သူငယ်ချင်း အိမ်ရောက်လာချိန်မှာ ဂေါ်မစွန် အပျိုကြီးတွေနဲ့ ဘယ်လို နှစ်ပါးသွားမလဲ ဆိုတာတော့…. ဆိုလ်းမြို့ဟာ အလည်အပတ်သွားသင့်ရာ မြို့ဖြစ်မလား . ဒီအပျိုကြီးတွေကြောင့် ဆိုလ်းမြို့ဟာ လွမ်းဆွတ်စရာ ဖြစ်မလာဆိုတာတော့ … File size…1.91GB / 612MB Quality….Webrip 1080p / 720p Format…mp4 Duration….1h 20m Genre…Drama , Romance Subtitle….Myanmar Subtitle (Hardsub) Encoder….CK Translated by GD

Drama • Romance • Comedy
0 2020
[18+] Big Tits Friend Sisters
Primary Colors
6.7

Primary Colors (1998) ~ IMDb – 6.7/10, Rotten Tomatoes – 80% ~ 70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။ အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ “Primary Colours: A Novel of Politics” ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ဒီလိုပါလားဆိုတာသဘောပေါက်စေမယ့်၊ မဲပေးသူတွေကို မျက်စိပွင့်နားပွင့်ဖြစ်စေမယ့် ဇာတ်ကားကောင်းပါပဲ။ ၁၉၉၈ ခုနှစ်ကကားဖြစ်ပေမဲ့ အခုထိကိုခေတ်မီနေဆဲကားဖြစ်တယ်လို့ပြောလို့ရတဲ့ ကားကောင်းလေးမလို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.45GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 23Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

History • Drama
6.7 1998
Primary Colors
The Legend of the Mermaid
5.7

ရေသူမလေးတစ်ယောက်ရဲ့လွမ်းမောဖွယ်ရာ အချစ်ဒဏ္ဍာရီလေးတစ်ပုဒ်ပါ။ ရေသူမတွေရဲ့မျက်ရည်ဟာ ပုလဲဖြစ်ပြီး အကြေးခွံနဲ့ရောဂါအားလုံးကို ပျောက်စေနိုင်တဲ့ဆေးကိုဖော်လို့ရတယ်ဆိုတာကြောင့် လူသားတွေဟာ ရေသူမတွေကိုအမဲလိုက်သတ်ဖြတ်ခဲ့ကြတယ်။ အဲဒါကြောင့် လူသားတွေကိုမုန်းတီးတဲ့ရေသူဖွားဖွားကြီးဟာ လူယောင်ဆောင်ပြီး လက်စားချေဖို့ကြံစည်နေပါတယ်။ စိတ်ထားဖြူစင်ပြီး သူတစ်ပါးကိုကူညီလိုစိတ်ပြည့်ဝတဲ့ ဆေးဆရာလေးတစ်ယောက်က မထင်မှတ်ပဲ ရေသူမလေးတစ်ယောက်နဲ့ဆုံပြီးတော့ မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဆေးဆရာလေးက ရေသူမလေးကိုရေသူမမှန်းမသိပေမယ့် ရေသူမလေးကတော့ သူ့ကိုလူသားမှန်းသိသိရက်နဲ့ ချစ်မိသွားတဲ့အခါ အစွမ်းကုန်ကြိုးစားပြီးကာကွယ်ပေးခဲ့တယ်။ ဆေးဆရာလေးကလဲ ရေသူမလေးကို အချစ်စစ်နဲ့ချစ်ပြီး အစွမ်းကုန်ကြိုးစားခဲ့တယ်။ အငြိုးအတေးတွေကြားက သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုအဆုံးသတ်မလဲ……

5.7 2024
The Legend of the Mermaid
Zoolander 2
4.8

၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်းဇာတ်ကွက်ကြောင့်ပဲ ခွီမလား၊ နာမည်ကြီးတွေ ရုပ်တည်ကြီးနဲ့ ပေါတာကိုကြည့်ပြီး ခွီမလား ပရိသတ်ကြီးသဘောပါပဲ၊ ကြိုက်သလိုသာရွေး ခွီလိုက်ပါ။ မယုံမရှိပါနဲ့၊ တချို့နေရာတွေမှာ ကြည့်နေရင်းနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားနိုင်ပါတယ်။ File size…(1.6 GB)/(867 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre… Comedy, Adventure, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

4.8 2016
Zoolander 2
Love Syndrome: The Beginning
5.7

Love Syndrom : The Beginning (2024) ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love Syndrome 3 စီးရီးရဲ့prequelလေးဖြစ်တဲ့ Love Syndrome: The Beginning movieထွက်ရှိလို့လာပါပြီ။ အချစ်ကြမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ သင်္ဘောမမတို့အကြိုက် Day-Itt coupleလေးကို တစ်ဖန်ပြန်လည်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီဗျ။ အချစ်ကြမ်း အနမ်းလည်းကြမ်း ကြမ်းစရာရှိတာအကုန်ကြမ်းတဲ့ ဒီကားလေးမှာ BDSMလေးတွေလည်း ဝေဝေဆာဆာပါဝင်တာမလို့ ၁၈ ယောက်စုပြီးမှပဲ သိုက်သိုက်ဝန်းဝန်းလေး ကြည့်ရှုခံစားပေးကြပါဦး။ လွန်ခဲ့တဲ့ ၆ လက ‌လူချမ်းသာသားသမီးပီပီ အလိုလိုက်ခံထားရပြီး ပျက်စီးနေတဲ့ အစ်တို့သူငယ်ချင်းတစ်သိုက် မလုပ်သင့်တဲ့ အလောင်းအစားတစ်ခုကို လုပ်ခဲ့ကြပါတယ်။ အဲဒါကတော့ နိုက်ဆိုတဲ့မနူးမနပ်ကောင်လေးကို လှည့်ဖြားပြီးတော့ အစ်ရဲ့သူငယ်ချင်းဂီယာက နိုက်ကို အညွန့်ချိုးမုဒိမ်းကျင့်လိုက်တာပါပဲ။ လုပ်ချင်ရာလုပ်ပြီး ဘားမှာသောက်စားပျော်ပါးနေတဲ့ အစ်တစ်ယောက် သူ့ကားကို ဝင်တိုက်မိတဲ့သူနောက် အလျော်တောင်းဖို့လိုက်သွားမိပြီးခါမှ ကျားဂူထဲအောင်းမိမှန်း သိလိုက်ရပါတယ်။ သူ့ကားကိုဝင်တိုက်တဲ့သူက နိုက်ရဲ့အစ်ကိုဒေးဖြစ်ပြီးတော့ အစ်တို့ကို လက်စားချေချင်လို့ ကားကိုတမင်ဝင်တိုက်ပြီး အကွက်ဆင်ထားတာမှန်း အသိနောက်ကျသွားတဲ့အစ်တစ်ယောက် နိုက်လိုထပ်တူအဖြစ်မျိုး ကြုံရဖို့ဖြစ်လာပါတော့တယ်။ အမုန်းတရားတွေ ရန်ငြိုးတွေ ကလဲ့စားတွေနဲ့ အစပျိုးခဲ့တဲ့ အစ်နဲ့ဒေးကြားကပတ်သက်မှုက ဘယ်လိုခရီးဆက်မလဲဆိုတာ ကြည့်ရှု အဖြေရှာရအောင်ပါ။ အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, CharOu, Su Myat တို့ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama Quality…. 1080p | 720p File size… 1.1GB | 642MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary, CharOu, Su Myat Encoder ….. Aaron

5.7 2024
Love Syndrome: The Beginning
Vijay 69
6.3

Vijay 69 (2024) ၆၉နှစ် Imdb 6.3 လူစည်နေတဲ့ဘုရားကျောင်းတစ်ခု ကွယ်လွန်သူဓာတ်ပုံကြီးထောင်ပြီး အမှတ်တရမိန့်ခွန်းပြောသူကပြော ငိုသူကငိုနဲ့ပေါ့ ဒီလိုအချိန်မှာ ဝုန်းခနဲပွင့်သွားတဲ့ဘုရားကျောင်းတံခါးနဲ့အတူဝင်လာတဲ့လူက ကွယ်လွန်သူဓာတ်ပုံထဲက ဗီဂျေး .. ဝရုန်းသုန်းကားတွေဖြစ်ပြီး အော်သူကအော် သရဲဆိုပြီးပြေးသူကပြေးပေါ့ ဇာတ်လမ်းအစမှာတင် ဂွကျခဲ့တဲ့ ၆၉နှစ်အရွယ် အဘိုးကြီးဗီဂျေးပါပဲ ဒီဇာတ်လမ်းထဲမှာ သင်ခန်းစာယူစရာခွန်အားတက်စရာတွေပါတာဖြစ်ပြီး Netflix ကထုတ်လွှင့်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် အသက်ကြီးလာလို့ဆိုပြီး သေမင်းကိုထိုင်စောင့်နေတဲ့လူတွေထဲ ဗီဂျေးမပါခဲ့ပါ အသက်၇၇ နှစ်ကျမှ အာကာသထဲထိခရီးဆန့်ခဲ့တဲ့ဂျွန်ဂလင်း အသက်၆၁နှစ်မှာ ခေါက်ဆွဲကိုဖန်တီးခဲ့တဲ့ မိုမိုဖူကူ ဒါတွေက သူ့ရဲ့စိတ်ပြင်းပြမှုတွေပါ ရောက်ရှိနေတဲ့အသက် ၆၉နှစ်မှာ သူများနဲ့မတူဘဲ ဗီဂျေးတစ်ယောက်ဘယ်လိုစိန်ခေါ်မှုတွေလုပ်သွားမလဲ ဘယ်လိုအခက်အခဲ‌တွေကိုအန်တုမလဲဆိုတာကြည့်ရှုလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Action • Thriller
6.3 2024
Vijay 69
Bleed for Past
6

အလုပ်မှာအမြဲအနိုင်ကျင့်ခံရတဲ့လူကောင်းကြီးတစ်ယောက်ဟာ တစ်ရက်မှာသည်းမခံနိုင်တော့ပဲ လူမိုက်တစ်ယောက်ကိုအကူအညီတောင်းမိရာကနေ လူမိုက်ဖြစ်သွားတဲ့ လူမိုက်ကြီးတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ခွေးတွေရောင်းတဲ့စျေးတစ်ခုမှာ အားလုံးကအစ်ကိုခွေးဆိုတဲ့လူမိုက်ကြီးကို ကြောက်ရွံ့ရိုသေရတယ်။ တစ်နေ့မှာတော့လက်ရဲဇတ်ရဲလူငယ်လေးတစ်ယောက်ဟာ ခွေးစျေးကိုရောက်လာခဲ့ပြီးတော့ အဲဒီကောင်လေးကလက်သံပြောင်တဲ့အတွက် အစ်ကိုခွေးရဲ့တပည့်ဖြစ်လာခဲ့တယ်။ တကယ်တော့ အဲဒီကောင်လေးက မူးယစ်ဆေးရောင်းဝယ်မှုအတွက် သူလျှိုလုပ်နေတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ တကယ်တမ်းပေါင်းသင်းကြည့်တော့ အစ်ကိုခွေးက စိတ်ထားကောင်းတဲ့ လူကြီးတစ်ယောက်ဖြစ်နေတယ်ဆိုတာသိလိုက်ရပြီးတော့ သူတို့၂ယောက်ဟာ သံယောဇဉ်တွေဖြစ်လာခဲ့ကြတယ်။ ကောင်လေးကသဘောကောင်းတဲ့အစ်ကိုခွေးကို ဒီမူးယစ်ဆေးအရှုပ်အထွေးတွေကြားမပတ်သက်စေချင်ပေမယ့် သူ့ကိုသံယောဇဉ်ရှိတဲ့ အစ်ကိုခွေးဟာသူ့ကိုပစ်မထားနိုင်ပဲလိုက်စောင့်ရှောက်တဲ့အခါ ကောင်လေးရဲ့စစ်ဆင်ရေးဟာဘယ်လိုတွေဖြစ်လာမလဲ…… တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ရင်း သူသံယောဇဉ်ရှိတဲ့အစ်ကိုခွေးကိုပါ ပြန်ကာကွယ်ပေးနိုင်ပါ့မလား.. အကျဉ်းထဲအကြပ်ထဲမှာ ရဲကောင်လေးဟာဘယ်လိုများလုပ်ရမလဲ……

Animation • Family • Adventure
6 2025
Bleed for Past
Tulip Fever
6.2

Tulip Fever (2017) IMDb Rating (6.2) ၁၇ ရာစုတုန်းက အမ်စတာဒမ်မြို့ဟာ ပန်းတစ်မျိုးကို အရူးအမူးဖြစ်ခဲ့ဖူးပါတယ် – ကျူးလစ်ပန်းပါ။ ဒီပန်းလေးတွေဟာ အရှေ့ဘက်အဝေးကြီးကနေ ရောက်လာပြီး အလွန်ရှားပါးလှပတာကြောင့် လူတွေဟာ ဒီပန်းပိုင်ဆိုင်ဖို့ မှော်ဆန်တဲ့အလိုဆန္ဒတွေနဲ့ ရူးသွပ်ခဲ့ကြပါတယ်။ ချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ကျူးလစ်မျိုးဥတွေကို ဝယ်ယူဖို့ ပိုက်ဆံတွေသုံး၊ ချေးငွေတွေယူပြီး ရင်းနှီးခဲ့ကြတယ်။ ကျူးလစ်ပန်းမျိုးဥတွေရဲ့ ဈေးဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေခဲ့တဲ့အခါသမယပေါ့… ဒီရုပ်ရှင်ဟာ သမိုင်းမှာ “ကျူးလစ်ပန်း ရူးသွပ်မှု” (Tulip Mania) အဖြစ် ကျော်ကြားခဲ့တဲ့ ၁၇ရာစု နယ်သာလန်က ဖြစ်ရပ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. ဆိုဖီယာဆိုတဲ့ မိဘမဲ့ကောင်မလေးတယောက်ဟာ ကုန်သည်ကြီးတယောက်ဖြစ်တဲ့ ကောနယ်လစ်ဆန့်ဗို့ဆီကို မယားငယ်အဖြစ်နဲ့ရောက်သွားခဲ့ပါတယ်… တစ်နေ့တော့ ကောနယ်လစ်ဟာ သူနဲ့သူ့မိန်းမရဲ့ပုံတူပန်းချီဆွဲဖို့ ပန်းချီဆရာလေး ဂျန်ဗန်လော့စ်ကိုငှါးခဲ့ရာက ပန်းချီဆရာလေးနဲ့ သူ့မယားငယ်ဆိုဖီယာတို့ဟာ နောက်ကွယ်မှာ တိတ်တိတ်ပုန်းချစ်ကြိုက်သွားပါတော့တယ်။ ကောနယ်လစ်ရဲ့အိမ်ဖော် မာရီယာကတော့ ဈေးသည်ဝီလ်လျံနဲ့ချစ်ကြိုက်နေသူဖြစ်ပါတယ်… အဲ့ဒီအချိန်ကာလမှာ နယ်သာလန်တနိုင်ငံလုံး ပိုက်ဆံအချီကြီးမြတ်တဲ့ကျူးလစ်ဖူးတွေကို လေလံတင်ပြီးရောင်းတာ ခေတ်စားနေချိန်ဖြစ်တော့ ဝီလ်လျံဟာလဲ မာရီယာနဲ့လက်ထပ်ဖို့အတွက် ဒီကျူးလစ်ရောင်းဝယ်ရေးလောကထဲကိုဝင်ရောက်လုပ်ကိုင်ပါတော့တယ်… ကံထူးစွာနဲ့ပဲ သူဝယ်တဲ့ပန်းပွင့်တွေထဲမှာ တန်ဖိုးအရှိဆုံးပန်းဖြစ်တဲ့ ဘရိတ်ကာလို့ခေါ်တဲ့ အနီစင်းပါတဲ့ကျူးလစ်ပန်းတစ်ပွင့်ပါလာတဲ့အခါမှာတော့…. ဒီပန်းပွင့်ပေါ်မူတည်လို့ စုံတွဲတွေကြား ချစ်သူတွေကြား အထင်အမြင်အမှားတွေဖြစ်ကုန်ပြီး ဘယ်လိုကံကြမ္မာဆိုးတွေ ဝင်လာမလဲဆိုတာ……..။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Htet Thin Zar Maung မှတင်ဆက်ထားပါတယ်။)

6.2 2017 107 mins
Tulip Fever
Ride the Snake

ဒီ Horror/Thriller ကားကတော့ အခြား Horror ကားတွေနဲ့မတူပဲ Spirituality ပိုင်းလဲ ထည့်ရိုက်ထားပါသေးတယ်။ ကားမတော်တဆမှုကြောင့် ယောက်ျားနဲ့ အမြင်အာရုံကို ဆုံးရှုံးလိုက်ရတဲ့ ဟာပါတစ်ယောက် သူ့သမီးမဂန် နဲ့အတူ တရားခံကို အိမ်မှာကြိုးတုတ်ပြီး ထားထားပါတယ်။ တရားခံဖြစ်သူ ဆာဘက်ရှန်က Multiple personalities စိတ်ဝေဒနာ ခံစားနေရတဲ့သူတစ်ယောက်ပါ။ဒါကို ဟာပါတို့ သားအမိနှစ်ယောက်က ဟန်ဆောင်နေတယ်ထင်ပြီး တရားသူကြီးကပါ အပြစ်လျှော့ပေးလိုက်တာကြောင့် မတရားချုပ်နှောင်ထားတာပါ….. အဲ့ဒီနောက် ဆာဘက်ရှန်ရဲ့သမီးဖြစ်သူက ဟာပါတို့အိမ်ကို သူ့အဖေလာရှာတဲ့အခါမှာ အခြေအနေတွေက ဘယ်လိုဗြောင်းဆန်သွားမလဲဆိုတာ…….. File size… (830 MB) / (403 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

0 2025
Ride the Snake
Lion
8

Lion (2016) IMDb Rating (8.0)/ Rotten Tomatoes ( 84%) Nominated for 6 Oscars. Another 59 wins & 98 nominations ဆိပ်ကမ်းမဲ့တဲ့မြစ် (Lion – 2016) ====================== အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသလေးမှာ Saroo လို့ ခေါ်တဲ့ ငါးနှစ်သား ကလေးငယ်လေးအဖို့တော့ ဘဝဟာ ပျော်စရာအတိပါပဲ။ အကိုဖြစ်သူ Guduu နဲ့အတူ ရထားပေါ်တက်၊ကျောက်မီးသွေးတွေခိုး၊ အစောင့်တွေ့သွားရင် ရထားပေါ်က ခုန်ချ၊ မုန့်ဆိုင်ကို မီးသွေးပြန်ရောင်း၊ ရတဲ့ ငွေက မုန့်ဖိုးပဲဖိုးပေါ့။ အမေက ကျောက်ထုတ်လုပ်ငန်းတစ်ခုမှာ လုပ်တယ်။ ညီမအငယ်ဆုံးလေး တစ်ယောက်လည်း ရှိသေးရဲ့။ ဆင်းရဲပေမယ့် အရမ်းချစ်ကြတဲ့ စိတ်ချမ်းသာစရာ မိသားစုလေးပါ။ အကို Guduu က ညဘက်ဆိုလည်း ရထားဘူတာမှာ ကုန်ထမ်းတဲ့ အလုပ်,လုပ်ရသေးတယ်။ ယောကျ်ားလေးပီပီ Saroo ကလည်း အကိုနဲ့ လိုက်ချင်တယ်။ အကိုက တားပေမယ့် ဇွတ်လိုက်ချင်တယ် လုပ်နေတာနဲ့ ခေါ်သွားရတယ်။ ညီလေးကို ချစ်တာကိုး။ ပိုက်ဆံရရင် မင်းကြိုက်တဲ့ စလေဘီမုန့် ဝယ်ကျွေးမယ်တဲ့။ ရွာနဲ့နီးတဲ့ မီးရထားဘူတာလေးကို ညီအကို နှစ်ယောက် ရောက်လာခဲ့ကြတယ်။ ဘူတာရုံလည်းရောက်ရော ညီလေး Saroo က အိပ်ချင်ပြီ ဆိုပြီး ခုံတန်းလျားပေါ် လှဲအိပ်တော့တာပဲ။ အကိုက ထပါ ခေါ်လည်း မရတော့ဘူး။ အဲဒါနဲ့ ”ညီလေး ဒီမှာ အိပ်စောင့်ဦး အကို အလုပ်သွားလုပ်မယ်၊ အကို ပြန်လာရင် စလေဘီ ဝယ်ခဲ့မယ်” ဆိုပြီး ခဏထားခဲ့တယ်။ Saroo တရေးနိုးလာတော့ ညသန်းခေါင်အချိန်..ဘူတာထဲမှာ လူသူမရှိ တိတ်ဆိတ်လို့။ အကိုလည်း ပြန်မလာသေးဘူး။ ဘူတာစင်္ကြန်မှာ ဘယ်အချိန်က ရောက်နေမှန်း မသိတဲ့ ရထားတစ်စင်းက ထိုးစိုက်ထားတာလည်း တွေ့တယ်။ ကလေးပီပီ စူးစမ်းစိတ်နဲ့ ရထားတွဲပေါ်တက်၊ ဟိုဟိုဒီဒီကြည့်ရင်း တရေးအိပ်ပျော်သွားပြန်ရော။ Saroo ခုတခါ နိုးလာတော့ ရထားက အရှိန်နဲ့ ခုတ်မောင်းနေပြီ။ ဖြစ်ချင်တော့ သူတက်အိပ်နေတဲ့ ရထားဟာ ခရီးသည်မတင်ဘဲ တွဲအလွတ်တွေချည်းပဲ ဆွဲပြီး ထွက်လာတဲ့ ရထားပါ။ ကလေး ပါလာမှန်းလည်း ဘယ်သူမှ မသိဘူး။ အပြင်ကနေ lock ချပြီး ဘူတာစဉ် မရပ်နားဘဲ ခုတ်မောင်းနေတဲ့ ရထားပေါ်က Saroo အဖြစ်ဟာ ကူရာမဲ့ကယ်သူမဲ့ပါပဲ။ ရထားခရီးစဉ်က နှစ်ရက်ကြာမြင့်ခဲ့ပြီ။ မျက်ရည်စက်လက်နဲ့ Saroo ခင်မျာတော့ ခုံအကြိုအကြားက စားကြွင်းစားကျန်တွေ ရှာစားပြီး အိပ်လိုက်၊ ဘယ်နေရာမှန်း မသိတဲ့ ရထား အပြင်ကို ငေးမောလိုက်နဲ့ လိုက်ပါလာရတယ်။ ဒါနဲ့ ရထားဟာ ကာလက္ကတားမြို့ ဘူတာကြီးကို ဆိုက်ရောက်တော့မှ Saroo လည်း ရထားပေါ်က ဆင်းလို့ ရတော့တယ်။ ဘယ်အရပ်ဒေသမှန်းမသိ၊ လူတွေ ပျားပန်းခတ်မျှ ရှုပ်ထွေးနေတဲ့ ဘူတာရုံ၊ ဒေသမတူလို့လည်း ဘာသာစကားကလည်း မတူ၊ အမေ နဲ့ အကိုကို တမ်းတရင်း ငိုနေတဲ့ ၅ နှစ်သား ညစ်ထေးထေး ကလေးငယ်ကို ဘယ်သူကမှ အရေးတယူလုပ် မလုပ်ကြ။အမှန်တော့ Saroo တစ်ယောက် အိမ်နဲ့ မိုင်ထောင်ချီဝေးရာ အရပ်ကို ရောက်နေပါပြီ။ အိမ်မဲ့ယာမဲ့ကလေးတွေ ကြားမှာ ရောအိပ်၊ ကလေးဖမ်းသူတွေနဲ့ တွေလို့ ထွက်ပြေး၊ လူပွဲစားတွေ လက်က ထွက်ပြေး၊ ဘူတာနားမှာပဲ အငတ်ငတ်အပြတ်ပြတ်နဲ့ အမှိုက်ကောက်စား။ ရဲနဲ့တွေ့တော့လည်း Saroo ပြောတဲ့ သူ့ရွာနာမည်ကို ရဲက နားမလည်။ ငါးနှစ်သားဆိုတော့လည်း ပြည်နယ်တွေ၊ ခရိုင်တွေ၊ မြို့တွေ မပြောတတ်၊ သူပြောတဲ့ရွာနာမည်ဆိုတာလည်း သူ ခေါ်တတ်သလို ခေါ်တာ၊ မှန်ချင်မှ မှန်မယ်။ လူမှုဝန်ထမ်းက သတင်းစာမှာ ကြော်ငြာထည့်ပေးပေမယ့် ပြည်နယ်တွင်းဖြန့်တဲ့ သတင်းစာဟာ မိုင်ထောင်ချီဝေးတဲ့ Saroo တို့ ဒေသကို ဘယ်ရောက်ပါ့မလဲ။ ရောက်ရင်လည်း ဇနပုဒ်မှာ နေတဲ့ စာမတတ် ပေမတတ်အမေက ဘယ်ဖတ်တတ်မတုန်း။ နောက်တော့ မိဘမဲ့ဂေဟာမှာ ဆင်းဆင်းရဲရဲနေရတဲ့ Saroo ရဲ့ ဘဝကြမ္မာအလှည့်အပြောင်းတစ်ခု ပေါ်လာပြန်ပါတယ်။ သြစတေးလျမှာနေတဲ့ Brierly ဇနီးမောင်နှံက Saroo ကို မွေးစားဖို့ ကမ်းလှမ်းလာပါတယ်။ မိသားစုနဲ့ ပြန်တွေ့ဖို့ သမုဒ္ဒရာထဲ အပ်ပျောက်ရှာသလို ခဲယဉ်းသွားပြီဖြစ်တဲ့အတွက် Saroo လည်း အိမ်နဲ့ ဝေးသထက်ဝေးရာ တိုင်းတပါးက မိဘအသစ်တွေဆီ ရောက်ရှိလာပါတော့တယ်။ အနေအေးပြီး ညဏ်ကောင်းတဲ့ Saroo ကို မွေးစားမိဘနှစ်ပါးက သားအရင်းနဲ့ မခြား ချစ်ခင်ကြပြီး လိုလေသေးမရှိအောင် စောင့်ရှောက်ပေး ပြုစုပျိုးထောင်ပေးခဲ့တယ်။ မိသားစုနဲ့ ကွဲကွာအပြီး ၂၅ နှစ်အကြာ Saroo လည်း အရွယ်ရောက်၊ Brierly မိသားစုရဲ့ သားလိမ္မာတစ်ယောက် ဖြစ်နေပါပြီ။ မဲလ်ဘုန်းက တက္ကသိုလ်တစ်ခုမှာ ပညာသင်ယူရင်း အိန္ဒိယနိုင်ငံက ကျောင်းလာတက်သူ သူငယ်ချင်းတွေနဲ့ ဆုံမှ နှစ်ပေါင်းများစွာ ဝေးနေရတဲ့ သူ့အိမ်၊ သူ့ မိသားစုကို ပြန်ရှာဖို့ လမ်းစကို စဉ်းစားမိပါတော့တယ်။ သူမှတ်ထားတဲ့ ရွာနာမည်ကလည်း လွဲနေတော့ အိမ်ကို ရှာဖို့က အရမ်းခဲယဉ်းတယ်။ သူမှတ်မိတာ သူ့ကို အရမ်းချစ်တဲ့ အမေ၊ သူ့ကို အရမ်းဂရုစိုက်အလိုလိုက်တဲ့ အကို၊တောတန်းလေးကို ဖြတ်ပြန်ရတဲ့ သူ့ရွာလေး၊ အမေနဲ့အတူ ကျောက်သယ်ရတဲ့ ကျောက်တောင်ကုန်းတွေ၊ ညီအကိုနှစ်ယောက် ရေချိုးကြတဲ့ ရထားလမ်းဘေးက ဆည်လေး။ တကယ်တော့ Saroo ဟာ ၂၅ နှစ်လုံးလုံး တစ်ရက်မှ မပျော်ခဲ့ရဘူး။ ဘယ်ဆီရောက်နေမှန်း မသိတဲ့ မိသားစုကို လွမ်းဆွတ်စိတ်ကြောင်း တမြေ့မြေ့ခံစားနေရတယ်။ အိပ်မက်ထဲမှာ အမေ့ဆီ ပြန်ရောက်နေတယ်လို့ပဲ မက်တယ်။ အရွယ်ရောက်လာလေ စိတ်ထိခိုက်ကြေကွဲရလေပဲ။ သူ့နာမည်ကို တကျော်ကျော်အော်ခေါ်ပြီး ရှာနေမယ့် အကို၊ သေလားရှင်လား မသိတဲ့ သားအတွက် သောကဖိစီး ငိုကြွေးနေမယ့် အမေ တို့ကို မြင်ယောင်ရင်း ကြေကွဲဝမ်းနည်းမိရတယ်။ အထူးသဖြင့် မွေးစားမိဘများ ကျေးဇူးကြောင့် ရပ်ဝေးမှာ ကောင်းကောင်း နေထိုင်၊စားသောက်နေရချိန်မှာ ဆင်းရဲတဲ့ သူ့ မိသားစုကို အတွေးထဲမှာ ပုံဖော်ကြည့်ပြီး စိတ်ထိခိုက်ရပြန်တယ်။ Saroo တစ်ယောက် ကောက်ရိုးပုံထဲ အပ်ရှာသလို လူဦးရေ သန်းထောင်ချီရှိတဲ့ အိန္ဒိယက မွေးရပ်မြေ၊ မိသားစုကို ပြန်တွေ့ဖို့ ကြိုးပမ်းရတဲ့ ရှာပုံတော်ခရီးဟာ………… ====================================== လူဦးရေ သိပ်သည်းဆ များပြားပြီး ဆင်းရဲနွမ်းပါးသူပေါများတဲ့ အိန္ဒိယမှာ နှစ်စဉ် ကလေးပျောက်မှု ၈၀၀၀၀ လောက် ပျမ်းမျှ ဖြစ်ပွားလေ့ရှိသတဲ့။ Saroo ရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ဟာ အဲဒီလို ဖြစ်စဉ်ပေါင်းများစွာထဲက တစ်ခုပါ။ ဒီရုပ်ရှင်ဟာ ကာယကံရှင် Saroo Brierly ရေးတဲ့ A long way home စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်အစအဆုံး ဇာတ်ဝင်ခန်းတွေ တစ်ခန်းချင်း ကြည့်နေရင်း တကယ့် ဖြစ်ရပ်ပါလားဆိုတဲ့ အသိကြောင့် ကာယကံရှင်တွေရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှူသူကိုပါ အရှိန်ဟပ်စေပါလိမ့်မယ်။ မိသားစုနဲ့ခွဲနေရလို့ အိမ်လွမ်းသူ ကျွန်တော့်အဖို့လည်း သေမှန်းမသိ၊ ရှင်မှန်း မသိ ရှင်ကွဲကွဲနေရတဲ့ သူတို့မိသားစုထက်စာရင် တော်ပါသေးလားလို့ ဖြေတွေးတွေးရပါတယ်။ ကိုယ်တွေရဲ့ အလွမ်းဟာ Saroo နဲ့ ယှဉ်ရင် ကလေးကစားစရာလောက်ပဲ ဖြစ်နေမလားဘဲ။ Dev Patel၊ Rooney Mara၊ Nicole Kidman စတဲ့ သရုပ်ဆောင်ကောင်းများ ပါဝင်ထားပြီး အော်စကာတစ်ကြို ၆ ဆု စာရင်းပါခဲ့တဲ့ကားပါ။ ကလေးသရုပ်ဆောင်များရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုများကလည်း ချီးကျူးထိုက်ပါတယ်။ ဝတ္ထုပုံပြင်တွေထက် ဆန်းကြယ်တဲ့ တကယ့် ဘဝဖြစ်ရပ်မှန် ဇာတ်လမ်းကောင်တစ်ကားမို့ ကြုံကြိုက်ရင် ကြည့်ဖြစ်အောင် လက်တို့ညွှန်းဆိုလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Phyo Myint Wai FB မှ ကူးယူဖော်ပြပါသည်။)

Comedy • Drama
8 2016 118 mins
Lion
Bridge of Spies
7.6

Bridge of Spies (2015) IMDb Rating (7.6) / Rotten Tomatoes (91%) ဒီရုပ်ရှင်ရဲ့ အမည်ကတော့ အနောက်ဘာလင်နဲ့ အရှေ့ဂျာမဏီတို့အကြား နယ်စပ်ဒေသမှာ တည်ဆောက်ထားတဲ့ Glienicke Bridge ကို ညွှန်းဆိုတာပါ။ ထိုတံတားကို “Bridge of Spies” လို့ ခေါ်ရတဲ့အကြောင်းရင်းကတော့ စစ်အေးကာလမှာ ဖမ်းဆီးခံသူလျှိုတွေကို အဲဒီတံတားပေါ်ဝယ် အကြိမ်ပေါင်းများစွာ လဲလှယ်ခဲ့ကြလို့ပါတဲ့။ ဒီရုပ်ရှင်ဇာတ်ကားက အဲဒီတံတားကြီးရဲ့ ပထမဦးဆုံးသော အမေရိကန်-ရုရှား သူလျှိုလဲလှယ်မှုအကြောင်းပဲ ဖြစ်ပါတယ်။ Steven Spielberg ရိုက်ကူးပြီး Tom Hanks နဲ့ Mark Rylance တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်။ Academy Award ၆ ခု လျာထားခံရပြီး Rylance က Best Supporting Actor ဆုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၅၇ ခုနှစ်မှာ ရူဒေါ့ဖ် အေဘယ်ကို ဆိုဗီယက်သူလျှို ဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့အတူ နယူးယောက်မြို့မှာ ဖမ်းဆီးလိုက်တယ်။ အေဘယ်ရဲ့ ဥပဒေအကြံပေးနေရာအတွက် နယူးယောက်ရှေ့နေအဖွဲ့က တာဝန်ပေးအပ်လိုက်သူကတော့ ဂျိမ်းစ် ဘီ ဒိုနိုဗန်ဆိုတဲ့ အာမခံရှေ့နေတစ်ဦးဖြစ်တယ်။ “ကျွန်တော်က အာမခံရှေ့နေလေ၊ ကျွန်တော် ပြစ်မှုဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီး ရှေ့နေမလိုက်တာ နှစ်နဲ့ချီနေပြီ၊ ဘာလို့ ကျွန်တော့်ကို တာဝန်ပေးတာလဲ … ဪ ကျွန်တော်က ဆိုဗီယက်စပိုင်ကို ကာကွယ်ပေးပါတယ်ဆိုပြီး လူမုန်းခံရမယ့်အပြင် အမှုကိုကလည်း အရှုံးခံပေးရဦးမှာတဲ့လား” ဒီလိုစကားတွေ ပြောခဲ့ပေမယ့် ဒိုနိုဗန်ဟာ အေဘယ်ကို ခင်ဗျားကသူလျှိုလားဆိုတဲ့ မေးခွန်းကို တစ်ချက်ကလေးတောင် မမေးဘဲ ကာကွယ်ရေးရှေ့နေ ဖြစ်လာတဲ့ သူ့အလုပ်ကို သူတာဝန်ကျေပွန်အောင် လုပ်ဆောင်ခဲ့တယ်။ အေဘယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှ ရရှိအောင် ကြိုးပမ်းပေးခဲ့တယ်။ တစ်နိုင်ငံလုံးက ကွန်မြူနစ်ကောင်ကို ကာကွယ်ပေးတဲ့ ရှေ့နေဆိုပြီး ဝိုင်းတိုက်ခိုက်ကြ၊ အိမ်အထိ လာရောက်ပြီး ပစ်ခတ်မှုတွေ ပြုလုပ်တာတောင် သူ့အမှုသည် သေဒဏ်မကျသင့်စေရေး အစွမ်းကုန် ကြိုးစားပြီး အထက်လွှတ်တော်တရားရုံးအထိ အယူခံဝင်ပေးခဲ့တယ်။ ဒီလိုနဲ့ ၁၉၆၀ ပြည့်နှစ်ရောက်လာပြီး သတင်းတွေထဲမှာ အမေရိကန်သမ္မတက ကြေညာချက်တစ်ခု ထုတ်ပြန်တယ်။ နာဆာရဲ့ မိုးလေဝသလေယာဉ်တစ်စီး လမ်းကြောင်းလွဲပြီး ဆိုဗီယက်ပိုင်နက် ဟိုးအတွင်းထဲမှာ ပျက်ကျသွားတယ်။ လေယာဉ်နဲ့ လေယာဉ်မှူးကို ပြန်တောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေတွေက ရှုပ်ထွေးလာပါပြီတဲ့။ သိပ်မကြာပါဘူး … ရှေ့နေ ဒိုနိုဗန်ဆီကို စာတစ်စောင်ရောက်လာတယ် … အမေရိကန်လေယာဉ်မှူးနဲ့ ဆိုဗီယက်သူလျှိုကြီးကို လဲလှယ်ဖို့အတွက် စိတ်ဝင်စားပါတယ်တဲ့။ ဒီတော့ ဒိုနိုဗန်လည်း ဘာလင်တံတိုင်းတည်ဆောက်နေတဲ့ကာလကြီးမှာ ဘာလင်မြို့ကို ချီတက်လာရတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nway Oo K Zaw ဖြစ်ပါတယ်။) File size…(3.2 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….02:21:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Nway Oo K Zaw

Horror • Thriller
7.6 2015 141 mins
Bridge of Spies