YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

SEAL.Team.S04E04.720p.(CM).mp4

442.87 MB 720p video/mp4 971 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sightseers
6.3

Sightseers (2012) ခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၂ထွက် sightseer ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Dark comedy တွေရိုက်နေကျ ဒါရိုက်တာ Ben Wheatleyရဲ့ လက်ရာလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ သာမန်စုံတွဲတစ်တွဲ နောက်တွဲယာဉ်နဲ့ အားလပ်ရက်ခရီးထွက်တာကနေ စတင်ခဲ့ပါတယ်။ ခရစ်နဲ့ တီနာတို့က ချစ်ချစ်ခင်ခင်နဲ့ ‌ရိုမန်တစ်ဆန်တဲ့ ခရီးတစ်ခုကို စီစဉ်ခဲ့ကြတာပါ။ တီနာရဲ့အမေကတော့ ခရစ်ကို မယုံပေမဲ့ တီနာကတော့ ပျော်ပျော်ရွင်ရွင်ပဲ ခရီးထွက်လာခဲ့ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာ ပျော်စရာ သာမန်ဇာတ်ကားလေးလို့ထင်ရပေမဲ့ ခရစ်ဟာ မထင်မှတ်ဘဲ လူတစ်ယောက်ကို ကားနဲ့ တိုက်သတ်မိခဲ့ပါတယ်။ ခရစ်ဟာ တမင်တကာပဲ သတ်ခဲ့တာလား? မတော်တဆဖြစ်သွားတာလား? ခရီးစဉ်ကို မပျက်ဆီးစေချင်တဲ့ တီနာကရော ပြန်ခေါ်နေတဲ့ သူ့အမေရယ် ဒီလိုအဖြစ်ဆိုးဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ? အဲဒီအချိန်ကနေစပြီးတော့ ဇာတ်လမ်းရဲ့ ပုံစံဟာ ပြောင်းလဲသွားပြီး ဇာတ်ဆောင်တွေရဲ့ နားလည်ရခက်တဲ့ စိတ်တွေ ... မထင်ထားတဲ့ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ သွေးသံရဲရဲအခန်းတွေ လိင်ဆက်ဆံခြင်းတွေ ညစ်ညမ်းအသုံးအနှုန်းတွေပါဝင်လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့််တော်ပါဘူး မိုးအေးအေးမှာ ထူးခြားတဲ့ darkဖြစ်တဲ့ဇာတ်ကားတစ်ကားကြည့်ချင်သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ကားအဖြစ်ညွန်းလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Vo Aung Din ပါ။) File Size          : 1.5GB, 635MB, 366MB Quality            :1080p BDRip AAC 5.1CH, 720p BDRip, 480p Format            : mp4 Duration         : 1hr 28mins Genre              : Adventure, Comedy, Crime Translated by Vo Aung Din Encoded by Kinnov

Drama • Sci-Fi & Fantasy
6.3 2012 88 mins
Sightseers
Gone
6.2

IMDb 5.9/10 ရရှိထားတဲ့ Thriller, action & mystery ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Main character ဖြစ်တဲ့ Jill ရဲ့နေရာကိုနာမည်ကျော် Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားတာပါ Jill ဟာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပြန်ပေးဆွဲခံခဲ့ရတာကြောင့်စိတ်ဒဏ်ရာရနေတဲ့သူဖြစ်ပြီးရဲတွေကတော့သူဘယ်လိုပြောပြောလုံးဝမယုံကြပါဘူး တစ်နေ့ သူ့ညီမလေး Molly ပျောက်သွားတဲ့အခါမှာ ရဲတွေကိုအကူအညီတောင်းလို့မရတဲ့အတွက်သူကိုယ်တိုင်လိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါ‌တော့တယ် Molly ကိုတကယ်ပဲသူထင်နေတဲ့သူကဖမ်းသွားတာလား၊ သူ့ညီမလေးကိုရောရှာတွေ့ပါ့မလား ဆိုတာကိုဇာတ်လမ်းအဆုံးထိစိတ်လှုပ်ရှားပြီးစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File size…(1.4 GB)/(710 MB)/(410 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Action
6.2 2012 94 mins
Gone
Like & Share
7.8

"လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ခြိမ်းခြောက်အကျပ်ကိုင်ခံရတဲ့အခါ မိန်းကလေးတွေရဲ့ဘဝပဲ အမြဲပျက်စီးသွားပြီး ယောက်ျားလေးတွေကတော့ ဘာမှမဖြစ်ပါဘူး" တဲ့။ ဒီဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်‌ ပြောတဲ့စကားပါ။ အပြင်လောကမှာလည်း ဘယ်လောက်ပဲ ခေတ်မီပြီး အမြင်ကျယ်လာတယ်ပြောပြော မိန်းကလေးတွေကပဲ စိတ်ဒဏ်ရာတွေကို ပိုခံစားရတတ်ပါတယ်။ ဒီဇာတ်ကားကတော့ ASMR ဗီဒီယိုတွေ ရိုက်ကူးတင်ဆက်တဲ့ Channel တစ်ခု ထောင်ထားပြီး စိတ်ကူးအိပ်မက်တွေအပြည့်ရှိတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးနှစ်ယောက်၊ သူတိူ့နှစ်ယောက်ထဲနှာ တစ်ယောက်က လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အကျပ်ကိုင်ခံရတော့ သူငယ်ချင်းနှစ်ယောက် အဲဒါကို ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ ရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb 7.2 ရထားပြီး ဆုသုံးခုရထားတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး ဖြစ်တဲ့အပြင် အာရှနိုင်ငံတွေရဲ့ သိပ်မကွဲပြားတဲ့ အယူအဆတွေကိုလည်း တွေ့ရမှာပါ။ အပြင်လောကမှာလည်း ဒီဇာတ်ကားထဲကလို ဖြစ်တတ်တဲ့ကိစ္စတွေရှိတော့ ဒီဇာတ်ကားကိုကြည့်ရင်း တစ်ခုခုကိုခံစားရမှာတော့ သေချာပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.2GB | 606MB | 306MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Comedy • Drama • Romance
7.8 2022 112 mins
Like & Share
Psycho Beach Party
5.9

၂၀၀၀ ၀န်းကျင်လောက်က ဇာတ်ကားတွေကို သိပ်သဘောကျမိတယ်။ အခုခေတ်လို CGI ကောင်းကောင်း မရှိသေးပေမယ့် စိတ်ကူးအသစ် အဆန်းတွေနဲ့ ဇာတ်ကားတစ်ကားနဲ့တစ်ကား မထပ်ရအောင် ဖန်တီး ရိုက်ကူးပြီး ရုပ်ရှင်လောကရဲ့ခေတ်တစ်ခေတ်ဖြစ်ခဲ့တယ်လို့ တစ်ဦးတစ်‌ယောက်တည်း အမြင်အရ ပြောချင်ပါတယ်။ အထူးသဖြင့် Psychological ဇာတ်ကားတွေဟာ အဲဒီနှစ်ပိုင်းတွေမှာ အများဆုံး ရိုက်ကူးခဲ့ပြီး အခုချိန်အထိ ပြောစမတ်တွင်နေကြတဲ့ထိ လက်စွမ်းပြ ရိုက်ကူးနိုင်ခဲ့ကြပါတယ်။ အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားဟာလည်း ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ခေါင်းစဉ်ထဲကအတိုင်း ကမ်းခြေက ပါတီ တစ်ခုမှာ စိတ္တဇတစ်ယောက်ရဲ့ လူသတ်မှုအကြောင်းကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ၁၇နှစ်သမီး ဖလော်ရန့်စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်မလေးတွေ လူကြီးစိတ်၀င်‌လာကြတာကို စိတ်ပျက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ ကမ်းခြေမှာ ရေလွှာလျှောစီးနေတဲ့သူတွေကို တွေ့လိုက်ပြီး သူကိုယ်တိုင်ပါ ရေလွှာလျှောစီးချင်လာပါတယ်။ ဒီလိုနဲ့ ရေလွှာလျှောစီးတဲ့ ကောင်လေးတွေက သူ့ကို ကြက်ပေါက်လို့အမည်ပေးလိုက်ရာကစပြီး သူ့နာမည်က ကြက်ပေါက်ဖြစ်သွားပါတယ်။ ကြက်ပေါက်မှာ personality disorder ဆိုတဲ့ စိတ်ရောဂါတစ်မျိုးရှိနေပြီး တခါတလေမှာ အန်နီဘိုးမန်း ဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ ကမ်းခြေမှာ လူသတ်မှုတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာတဲ့အခါမှာ လူသတ်သမားက အသိစိတ်လွတ်နေတဲ့ ကြက်ပေါက် ဖြစ်နေမလား ဒါမှမဟုတ် တခြားတစ်ယောက်ယောက် ရှိနေဦးမလား ဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ စိတ္တဇဇာတ်ကားဖြစ်ပေမယ့် ဟာသဆန်ဆန် ရိုက်ကူးထားတာကြောင့် horrorကြိုက်သူရော comdey ကြိုက်သူတွေပါ ကြိုက်နှစ်သက်မယ့် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ File size…2.21GB / 1.03GB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….1h 35m Genre ..... Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Comedy • Family • Fantasy • TV Movie
5.9 2000 95 mins
Psycho Beach Party
The Stranger
6.1

~ IMDb - 6.6/10, Rotten Tomatoes - 94% ~ ဒီဇာတ်လမ်းဟာ ဩစတေးလျမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေတည်ရိုက်ကူးတဲ့ ဇာတ်လမ်းပါ။ အဲဒီအမှုက ဒန်နီရယ်မော်ကွန်ဘီလူသတ်မှုလို့ ခေါ်တဲ့အမှုပါပဲ။ ၂၀၀၃မှာ ဒန်နီရယ် မော်ကွန်ဘီဆိုတဲ့ ၁၃နှစ်သား ကလေးလေးဟာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ၈နှစ်ကြာပြီးမှ တရားခံကို စခြေရာခံမိပါတယ်။ ၂၀၁၄မှာတော့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရပြီး တစ်သက်တစ်ကျွန်းအချခံလိုက်ရပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီတုန်းက ဟိုလေးတကျော်ဖြစ်ခဲ့တဲ့ နှစ်ပေါင်းများစွာကြာမှ တရားခံတွေ့ခဲ့တဲ့ သနားစရာကလေးလေး အသတ်ခံရတဲ့အမှုကို သွယ်ဝိုက်ဖော်ကျူးထားတာပါ။ ဩစတေးလျ ဒါရိုက်တာကပဲ ရိုက်ကူးထားပြီး သရုပ်ဆောင်တော်တော်ကောင်းသလို တစ်စထက်တစ်စနေရာပိုရလာတဲ့ Joel Edgerton နဲ့ Sean Harris တို့လို သရုပ်ဆောင်ကောင်းပေမဲ့ ရွက်ပုန်းသီးတော့ နည်းနည်းဆန်တဲ့ မင်းသားကောင်း၂ယောက် အပြိုင်ကြဲထားတာပါ။ နက်ဖလစ်ကားဖြစ်သလို ဝေဖန်ရေးသမားတွေလည်း တော်တော်ကြိုက်ခဲ့ကြတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တငြိမ့်ငြိမ့်နဲ့ ရင်ဖိုရတဲ့ကားတွေ ကြိုက်တတ်တဲ့သူတွေအတွက် ရွှေပါပဲ။ လူသိမခံဝံ့တဲ့နောက်ကြောင်းနဲ့ ဟင်နရီတိတ်ဂ်တစ်ယောက် မထင်မှတ်ဘဲ စိုင်ကော်ပြီး ဝင်ငွေဖြောင့်တဲ့ အလုပ်နဲ့တွေ့၊ မိတ်ဆွေရင်းတစ်ယောက်ပါ ရလာပြီး သူ့အတိတ်ကိုပါ အပြီးတိုင်ချန်ထားနိုင်မယ့် အခွင့်အရေးနဲ့ ကြုံလာရပေမဲ့ အရာရာဟာ သူအပေါ်ယံထင်သလို ဟုတ်မနေတဲ့အခါမှာတော့... ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.84GB, 972MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 57Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Drama • Mystery
6.1 2022 117 mins
The Stranger
Unfinished
7

နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့သမီးဖြစ်ခဲ့ပေမယ့် အဖေ့အကြောင်း သိပ်မသိခဲ့တဲ့ Zora။ အဖေဖြစ်သူကနှလုံးရောဂါနဲ့ဆုံးတော့ အဖေ့ဆီက အိမ်တစ်လုံးအမွေရခဲ့သလို အဖေဖြစ်သူရဲ့မပြီးဆုံးသေးတဲ့ဝတ္ထုကိုပါ လက်စသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ Zoraတစ်ယောက် ဖခင်ဖြစ်သူဆီကအမွေရခဲ့တာ အိမ်တစ်လုံးတင်မဟုတ်ပဲ စိတ်ကစဉ့်ကလျားရောဂါကိုပါဆက်ခံခဲ့ရတာပါ။ စိတ်ကစဉ့်ကလျားရောဂါသည် Zora တစ်ယောက် ခင်ပွန်းလောင်းကို အထင်လွဲ စိတ်ဆိုးပြီး ဖခင်ဖြစ်သူရဲ့အိမ်ဆီသွားနေထိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့အိမ်ကို ရောက်လာကတည်းက စစချင်းတွေ့ခဲ့ရတဲ့လူတွေဆီက နွေးထွေးတဲ့ကြိုဆိုမှုကို မရခဲ့တဲ့အပြင် သူအရင်မက်နေတဲ့အိပ်မက်ဆိုးတွေကလည်း ပိုပြီးတော့ဆိုးလာခဲ့ ပါတော့တယ်။ သူ့အဖေရဲ့အိမ်ကြီးကလည်းထူးဆန်းနေသလို သူ့အဖေရဲ့အိမ်မှာရှိတဲ့လူတွေကပါ ထူးဆန်းနေပြီး အိပ်မက်ဆိုးတွေပါဆက်တိုက်မက်လာတဲ့သူ ဖခင်ရဲ့မပြီးဆုံးသေးတဲ့ ဝတ္ထုကိုလက်စသတ်သွားမှာလား။ ဒါမှမဟုတ်ရင်....ဘာတွေဖြစ်မလဲဆိုတာတော့ ကြည့်ရှုခံစားကြည့်တာပေါ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.19 GB) / (617 MB) / (411 MB) Quality – WEB-DL 1080p / 720p/480p Duration - 1h 37mins Subtitle – Myanmar Hardsub Format – MP4 Genre : Thriller Translator – Chit Tee Encoder – SWM

Comedy
7 2022 101 mins
Unfinished
Nini Thowok
6

CM ပရိတ်သတ်ကြီးအတွက် 2018 က ထွက်ခဲ့တဲ့ အင်ဒိုနီးရှား သရဲကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ "Nini Thowok" ဇာတ်ကားဟာ အနောက်ဂျာဗားရှိတဲ့ "ဆိုလို"ဆိုတဲ့ မြို့လေးမှာ အဖွားရဲ့အမွေဖြစ်တဲ့ မီခါဂျီဝူ ဟိုတယ်ကို မရောင်းခိုင်းဘဲ အတင်းအကျပ် ဖွင့်ဖို့စေခိုင်းခံရတဲ့ ညီမနာရာ (Nicole Rossi) နဲ့ သူမရဲ့အစ်မ နာဒင်း (Natasha Wilona) တို့ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။ Nini Thowok ဆိုတာ လူသားကဲ့သို့ လှုပ်ရှားနိုင်တဲ့ အရုပ်လို့ အဓိပ္ပါယ်ရပြီး ဝိညာဉ်တွေနဲ့ ပြောဆိုဆက်သွယ်ရာမှာ အသုံးပြုတဲ့ အရုပ်လို့လည်း လူသိများကြပါတယ် ။ အဖွားဖြစ်သူ သေဆုံးပြီးတဲ့နောက် ညီအစ်မနှစ်ဦးဟာ အမွေရခဲ့တဲ့ ဟိုတယ်က သော့ခတ်ထားတဲ့ တားမြစ်အခန်းအတွင်းကို ဝင်ရောက်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်မှုကို ရှာတွေ့ရာမှ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ် ။ နာရာနဲ့ နာဒင်းတို့ ညီမနှစ်ယောက် ဟိုတယ်အတွင်းက လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာဖြစ်လို့ ထူးဆန်းစိတ်လှုပ်ရှားစရာတွေကိုမှ သဘောကျနှစ်ခြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ NanThin ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality….1080p | 720p| 480p File size…1.1GB| 549MB | 215MB Format…mp4 Duration….1h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... NanThin Encoder .....August

Comedy • Romance • TV Movie
6 2018 87 mins
Nini Thowok
Boyfriend For Hire
7.6

Boyfriend for hire (BFH) 2022 IMDb – 7.6/10 (1.1k) ဇာတ်လမ်းအကျဉ်း ငယ်ငယ်တုန်းက မိန်းကလေးရဲ့လှည့်စားခြင်းခံခဲ့ရပြီး စိတ်ဒဏ်ရာရကာ မိန်းကလေးတွေဆိုလုံး၀မယုံကြည်တော့တဲ့ အာဂျွန်၊ တစ်နေ့မှာအာဂျွန်တစ်ယောက် အိမ်ကပေးစားတဲ့သူနဲ့ လက်ထပ်ရတော့မယ့်အချိန်မှာ မိန်းမတွေကိုအယုံအကြည်မရှိတော့တဲ့ အာဂျွန်က “ငါမိန်းမတွေကို လုံး၀မယုံဘူး” ဆိုတဲ့သူ့ရဲ့စည်းမျဉ်းကိုဖောက်ဖို့ဖြစ်လာပြီး လက်ထပ်ရမယ့်သူကိုရှာဖို့ဖြစ်လာပါတော့တယ်။ မိန်းမတွေကိုမယုံတဲ့ အာဂျွန်က မိန်းမအကြောင်းတွေကိုသိဖို့ အငှားရည်းစားလိုက်ရမှ သူပဲမိန်းမတွေကိုပလေးသွားမလား မိန်းမတွေကပဲ သူ့ကိုပလေးသွားမလားဆိုတာ…. အလောင်တစ်လိုင်းတွေကိုခဏထားပြီး ရိုဆန်ဆန်နဲ့ကြည့်ရမယ့် တေလဂူး rom-com ဇာတ်ကားတစ်ကားကို ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

7.6 2022
Boyfriend For Hire
Redeemer
5.5

ပါဒိုဆိုတဲ့လူသတ်သမားတစ်ယောက်ဟာ တစ်နေ့ သူလုပ်ကြံရမယ့်သူရဲ့သားကို မထင်မှတ်ဘဲ သတ်မိသွားတယ်။ တစ်ဦးတည်းသောသားလေးအသတ်ခံရအတွက် စကော်ပီယံဟာ ပါဒိုကို မြေလှန်လိုက်ရှာပြီး မိန်းမနဲ့ မမွေးသေတဲ့ကလေးကို ပါဒိုရဲ့ရှေ့မှာနှိပ်စက်ပြီးသတ်ပစ်လိုက်တယ်။ ပါဒို‌ကိုတော့ သဲကန္တာရအလယ်မှာ ကျည်တစ်တောင့် သေနတ်တစ်လက်နဲ့ထားခဲ့လိုက်တယ်။ သဲကန္တာရကနေ အသက်ရှင်လာတဲ့ ပါဒိုဟာဘုရားသခင်ရဲ့စောင့်ရှောက်မှုကြောင့် မသေဘူးလို့ယူဆလိုက်ပြီး ကောင်းကင်ဘုံကိုသွားဖို့အတွက် ဘုရားကျောင်းမှာ ဆုတောင်းသူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့ဆုံဖြတ်လိုက်တယ်။ အဲ့မြို့မှာပဲ မူးယစ်ရောင်းဝယ်နေတဲ့ အမေရိကန်သား စတီဗ်ရဲ့ လူတွေဟာ ထင်တိုင်း ကြဲနေတော့ ဘုရားကျောင်းလာတဲ့သူတွေဟာ သူတို့ရန်ကနေလွှတ်ဖို့ပဲဆုတောင်း ကြတော့တယ်။ ဒီလိုနဲ့ပါဒိုတစ်ယောက် ဆုတောင်းသူတွေရဲ့ဆန္ဒကိုဖြည့်ဆည်း ပေးမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့……….. File size…1.63GB / 867MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Action , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.5 2014 88 mins
Redeemer
Funeral in Berlin
6.8

Funeral In Berlin (1966) ~ IMDb – 6.8/10, Rotten Tomatoes – 60% ~ The Ipcress File (1965) ရဲ့ Sequel ပါ။ Len Deighton ရဲ့ စာအုပ်အပေါ် အခြေခံထားတာချင်းတူပေမဲ့ ဒါရိုက်တာကတော့မတူတော့ဘူး။ ဒီကားကတော့ Guy Hamilton လက်ရာပေါ့။ Gold Finger, Live and Let die, Diamonds Are Forever နဲ့ The Man With The Golden Gun တို့လို Bond ရုပ်ရှင် ၄ ကားအပြင် တခြားရုပ်ရှင်ပေါင်းမနည်း ရိုက်ခဲ့တာဆိုတော့ လက်ရာကိုတော့ ပြောစရာလိုမယ်မထင်ဘူး။ ဒါကတော့ သူ့ရဲ့လက်ရာကောင်း တခုပေါ့။ Sequel လို့ဆိုပေမဲ့ ပထမကားနဲ့‌ ပြန်ချိတ်ထားတာတွေ အများကြီးမရှိဘဲ သူ့ထုံးစံအတိုင်း ဇာတ်လမ်းကို အေးအေး ငြိမ့်ငြိမ့်ပဲသွားထားတယ်။ ဇာတ်ကြောင်းကတော့ ဘာလင်တံတိုင်းခတ်ထားတဲ့ကာလမှာ အရှေ့ဘာလင်ရဲ့ ဗိုလ်မှူးကြီးစတော့ခ်က ဘက်ပြောင်းချင်ကြောင်း ဗြိတိသျှဘက်ကိုအကြောင်းကြားလာတယ်။ သူ့ကိုကယ်ထုတ်ဖို့အတွက် ဟယ်ရီဟာ ဘာလင်ကိုခရီးဆက်ရတယ်။ အဲဒီအချိန်မှာ ဘာလင်တံတိုင်းကိုကျော်ပြီးထွက်ပြေးတဲ့အမှုတွေ အတော်များများဖြစ်နေတယ်။ အဲဒီကိစ္စအတွက် ဟယ်ရီတို့ ခေါ်ထုတ်ရမယ့် ဗိုလ်မှူးကြီးစတော့ခ်က အကြပ်ရိုက်နေတာပေါ့။ အဲဒီလို လွတ်မြောက်မှုတွေကြောင့် သူတို့ရဲ့ ဌာနကလည်းစောင့်ကြည့်ခံနေရပြီ၊ သူကလည်းစောင့်ကြည့်ခံနေရပြီ။ ဒါကြောင့် သူက သူထွက်တဲ့အချိန်မှာတော့ လုံးဝ ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲဖြစ်ချင်တယ်။ အဲဒီလို လူတွေ ခဏခဏ လွတ်သွားတဲ့ကိစ္စတွေကို နောက်ကွယ်က စီစဉ်ပေးနေတဲ့ ခရိုက်ဇ်မန်းဆိုတဲ့ လူတယောက်ရှိတယ်။ ဗိုလ်မှူးကြီးစတော့ခ်ကလည်း သူ့အစီအစဉ်ကို အမှားအယွင်းမဖြစ်ချင်တဲ့အတွက် သိပ်တော်ပါတယ်ဆိုတဲ့ ခရိုက်ဇ်မန်းကို ဟယ်ရီကတဆင့် ဈေးညှိပြီး အစီအစဉ်ဆွဲခိုင်းတယ်။ အစီအစဉ်အရ လူနာမည်ကိုပြောင်းဖို့ စာရွက်စာတမ်းတွေထုတ်ရတယ်ဆိုတော့ သေဆုံးသွားပြီဖြစ်တဲ့ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို သုံးကြမယ်ပေါ့။ လူသေကို အသက်ပြန်သွင်းတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ အဲဒီ ပေါလ်လူဝီဘရူးမ်ဆိုတဲ့လူရဲ့ စာရွက်စာတမ်းတွေကို လိုက်နေတဲ့ လူတွေ ရှိနေတယ်။ ဘာကြောင့်လိုက်နေရတာလဲ၊ အဲဒီစာရွက်စာတမ်းကကော ဘာအရေးပါလို့လဲ၊ ဘာလင်တံတိုင်းကို ခိုးဖြတ်မယ့်ကိစ္စကကော အောင်မြင်ပါ့မလား။ ရုပ်ရှင်ရဲ့ နာမည် “ဘာလင်က ဈာပန” ဆိုတာ ဘာကိုရည်ညွှန်းသလဲ။ ဒါတွေကို အဖြေထုတ်မယ့်အပြင် အချင်းချင်း ပတ်လှည့်စားပြီး မြိုင်မြိုင်ကြီး ကွက်ကျော်တွေရိုက်ကြမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာ Guy Hamilton ဆိုတာ အရင်က သူလျှိုဖြစ်ခဲ့ဖူးတော့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဒိုင်ယာလော့ဂ်တွေကို ထပ်ဖြည့်ရေးထားတယ်လို့ Sir Michael Caine ကလည်း အင်တာဗျူးတခုမှာဖြေထားတယ်။ အဲဒါကြောင့် ဒိုင်ယာလော့ဂ်တွေဟာ လေယူလေသိမ်းကအစ လက်တွေ့ဆန်တယ်။ ရုပ်ရှင်ကို ရိုက်ကူးခဲ့တာကလည်း ဘာလင်မှာပါပဲ။ ရုပ်ရှင်ရိုက်နေရင်းတောင် အရှေ့ဘာလင် အစောင့်စစ်သားတွေက ကင်မရာတွေကို မှန်နဲ့ မီးလှမ်းလှမ်းထိုးပြီး နှောက်ယှက်ကြတယ်လို့ပြောတယ်။ မင်းသမီးအဖြစ်ပါတဲ့ Eva Renzi ကလည်း ဒါရိုက်တာကို ဟိုလိုရိုက်၊ ဒီလိုရိုက် ဘာညာ ဆရာကြီးလုပ်လွန်းလို့ ဒါရိုက်တာတောင် ရုပ်ရှင်မပြီးခင် ဆက်မရိုက်ချင်စိတ်ပေါက်ပါတယ်တဲ့။ ဒါတွေကတော့ ရိုက်ကွင်းအခက်အခဲလေးတွေပေါ့လေ။ စပိုင်ကားကြိုက်တဲ့လူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်မှာလည်း Sequel အနေနဲ့ Billion Dollar Brain (1967) ထပ်ထွက်ထားပါတယ်။ တစ်နှစ်တစ်ကားရိုက်ပြီး ကွာလတီမြင့်နေတာကတော့ အတော်ကိုလက်ဖျားခါလောက်စရာအချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 885MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 42Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.8 1966 102 mins
Funeral in Berlin
The Magic Roundabout
5.2

2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ ငယ်ဘ၀ကိုပြန်လည်လွမ်းဆွတ်စေမဲ့ ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကာတွန်းကားလေးရဲ့နာမည်ကတော့ The Magic Roundabout : The Movie ဖြစ်ပြီး IMDb Rating 5.2 ရရှိထားပါတယ်။ ဒူဂယ်ဆိုတဲ့ ခွေးလေးက အဝိုင်းရွာမှာ နေနေတဲ့ခွေးလေးတစ်ကောင် ဖြစ်ပြီး သူ့သခင်ကတော့ဖလောရန့်စ်ဖြစ်ပါတယ်။သူက အချို အရမ်းကြိုက်တတ်ပြီး အချိုမစားရရင် မနေနိုင်မထိုင်နိုင်ကို ဖြစ်နေတာပါ။ဒီလိုနဲ့ တစ်နေ့မှာ သကြားလုံးရောင်းတဲ့ လူဆီက သကြားလုံးတွေ စားရဖို့ကြံရင်းနဲ့ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပြီး ကလေးတွေကစားနေတဲ့ ဆုံလည်မြင်းကြီးပျက်စီး သွားပါတော့တယ်။အဲ့ဒီအချိန်မှာ အဲ့ထဲမှာပိတ်လှောင်ထားခြင်း ခံရတဲ့ ရေခဲမကောင်းဆိုးဝါးဇီးဘတ် လွတ်မြောက်လာခဲ့ပြီး ဖလောရန့်စ် အပါအဝင်တခြားကလေးတွေကို ဆုံလည်မြင်းကြီး ထဲမှာ အေးခဲနေအောင်ပိတ်ထားခဲ့ပါတော့တယ်။ဇီးဘတ်ရဲ့ အကြံ အစည်ကတော့ နေကိုခဲအောင်လုပ်ပစ်ပြီး တစ်ကမ္ဘာလုံးကို သူ့စိတ်ကြိုက်ရေခဲတွေနဲ့ ဖုံးလွှမ်းအောင်လုပ်ပစ်ဖို့ပဲရှိပါတယ်။ သူ့ကိုတားဖို့အတွက် ဇစ်ဘဒီဆိုတဲ့ ရွာရဲ့သူရဲကောင်းရှိပေမဲ့ သူ့ကို အနိုင်မယူနိုင်တဲ့အခါမှာတော့ ဒူဂယ်နဲ့ သူ့သူငယ်ချင်းတွေရဲ့ အကူအညီကို လိုအပ်လာပါတော့တယ်။ဇီးဘတ်ရဲ့ အကြံအစည် အောင်မြင်ဖို့ မှော်စိန်သုံးလုံးကို လိုအပ်ပြီး အဲ့ဒီစိန်တွေကို ဇီးဘတ် မရသွားအောင် ဒူဂယ်နဲ့သူငယ်ချင်း တိရစ္ဆာန်လေးတွေက ဘယ်လိုတားဆီးသွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ကာတွန်းကားလေးပဲဖြစ်ပါတယ်။ File size…1.65GB / 926MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 21m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Drama
5.2 2005
The Magic Roundabout
Pushing Hands
7.2

Pushing Hands ( 1991 ) ====================== Pushing Handsဟာ အန်းလီရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်သလို “Father Knows Best” trilogyထဲက ပထမဆုံးကားလည်းဟုတ်တယ်။ ဒီtrilogyက ရိုးရာမပျက်သေးတဲ့ မျိုးဆက်က အဖေတွေရယ် ပြောင်းလဲတဲ့ကမ္ဘာကြီးက ကလေးတွေရယ်ကြားက ပဋိပက္ခတွေကို ပြထားတဲ့ရုပ်ရှင်တွေပေါ့။ ဒီtrilogyမှာ ဒီကားအပြင် The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994)လည်း ပါတယ်။ ဒီသုံးကားလုံးဟာ မတူတဲ့ဇာတ်တွေပေမဲ့ သူတို့အဖေနေရာက သရုပ်ဆောင်တဲ့ သူကတော့ ထိုင်ဝမ်မင်းသားကြီး Sihung Lungတစ်ယောက်တည်းပဲ။ အန်းလီဟာ ဒုတိယ ထိုင်ဝမ်နယူးဝေ့ရဲ့ ထင်ရှားတဲ့ ဒါရိုက်တာတွေထဲ ပါနေတာလည်း ဒီသုံးကားကြောင့်ပဲလို့ ပြောရမယ်။ ဒီသုံးကားနောက်ပိုင်းမှာ အန်းလီဟာ ဟောလိဝုဒ်မှာပဲ ရုပ်ရှင်အရိုက်များခဲ့တယ်။ ပြောရရင် နောက်ပိုင်း Crouching Tiger, Hidden Dragonတို့ Lust, Cautionတို့လို ကားမျိုးတွေကို သူပြန်ရိုက်ခဲ့သေးပေမဲ့ ဒီ Trilogyလို ထိုင်ဝမ်အရသာစစ်စစ် ပေးနိုင်တဲ့ ရုပ်ရှင်တွေတော့ သူအခုထိ လုံးဝထပ်မရိုက်ခဲ့ဘူး။ ဒါပေမဲ့လည်း ဒီသုံးကားဟာာ ထိုင်ဝမ်စီနီမာက အန်းလီရဲ့ နေရာတစ်နေရာကို အခုထိ မှတ်ကျောက်တင်ပေးနိုင်တုန်းပါပဲ။ တရုတ်ယဉ်ကျေးမှုကိုလည်းပြသလို အနောက်ပိုင်းယဉ်ကျေးမှုကိုလက်ခံလာပုံကိုလည်း ပြထားတဲ့ “Father Knows Best” trilogy သုံးကားဟာ သူ့နာမည်အတိုင်း ဖခင်တွေရဲ့ ဇာတ်ကြောင်းတွေဆိုလည်းဟုတ်တယ်။ အသက်၂၅နှစ်မှာ ထိုင်ဝမ်ကနေ အမေရိကန်ကိုသွားခဲ့တဲ့ အန်းလီရဲ့ အတွေ့အကြုံတွေ အမြင်တွေအပေါ် အခြေခံထားတယ်ဆိုလည်းဟုတ်တယ်။ သူ့လိုလူတွေအကြောင်းဆိုလည်း ဟုတ်တယ်။ ဇာတ်ကတော့ အမေရိကမှာ အလုပ်လုပ်ရင်း အမေရိကန်သူနဲ့ အိမ်ထောင်ကျနေတဲ့ သားဖြစ်သူဆီ သွားနေတဲ့ ထိုက်ကျိသိုင်းဆရာတရုတ်အဘိုးကြီးတစ်ယောက်နဲ့ မိန်းမနဲ့အဖေရဲ့ ပဋိပက္ခတွေကြား ဗျာများရတဲ့ သားတစ်ယောက်အကြောင်းပဲ။ အဘိုးကြီးက အမေရိကကို လာနေတာ တစ်လပဲရှိသေးပေမဲ့ ဘာသာစကားလည်းမတူတော့ စကားလည်းပြောမရသလို ယဉ်ကျေးမှုမတူတော့ တစ်ယောက်လုပ်ရပ်တွေဟာ တစ်ယောက်အမြင်မှာ ထောင့်မကျိုးဖြစ်နေတော့ သူ့ချွေးမနဲ့ သူက မတည့်အတူနေဆိုသလိုဖြစ်နေတယ်။ အိမ်ကလည်း ကျဉ်းတော့ သူ့ချွေးမရဲ့အလုပ်ခန်းထဲ သူဝင်နေရတော့ အခြေအနေက ပိုဆိုးသွားတယ်။ သူ့မြေးကို သူချစ်သလို သူ့အမေကလည်း သူ့သားကိုချစ်တော့ နှစ်ယောက်ရဲ့ မတူညီတဲ့ပျိုးထောင်ချင်ပုံတွေကလည်း ပြဿနာဖြစ်လာတယ်။ ဒီလိုနဲ့ ပြဿနာက တစ်စတစ်စကြီးလာတဲ့အခါ သားဖြစ်သူက ဘယ်ဘက်ကိုရွေးပြီး ဘာတွေဆက်လုပ်မလဲ။ အဖိုးကြီးကပဲ အလျှော့ပေးမလား ချွေးမကပဲ အလျှော့ပေးမလား ကြည့်ရမယ့်ဇာတ်ပါပဲ။ ဇာတ်ကတော့ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကြုံနေမြင်နေရတာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတဲ့ဇာတ်ဆိုတော့ ကြည့်ရတာအရသာရှိသလို အဖိုးကြီးရဲ့ ထိုက်ကျိသိုင်းတစ်ဖက်ကမ်းခတ်ကျွမ်းခြင်းကလည်း ဒီဇာတ်လမ်းရဲ့ အဆင်တန်ဆာတစ်ခုအဖြစ် ပိုကြည့်လှစေခဲ့တယ်။ Pushing Hands ( 1991 )ဟာ နေ့သစ်တွေမှာ နေ့ဟောင်းတွေကို မမေ့ဖို့ အကြောင်းလို့ ပြောလည်းရမယ် ထင်တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.1GB) Quality_Blu-Ray 720p Format_mp4 Duration_0::00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

7.2 1991
Pushing Hands
Final Heat
5.5

လူ့ဘ၀မှာအရေးအကြီးဆုံးကတော့ပိုက်ဆံတွေ ဂုဏ်ပကာသန တွေထက် ကျန်းမာကြံ့ခိုင်ပြီးကျန်းမာရေးကောင်းနေဖို့က အရေးအကြီးဆုံးပါပဲ။အဲ့ဒါကြောင့်ကမ္ဘာပေါ်မှာရှိတဲ့လူအများစုက အားကစားတစ်ခုမဟုတ်တစ်ခုတော့လုပ်ကြပါတယ်။ Gym ကစားတာ စက်ဘီးစီးတာ ပြေးတာ လမ်းလျှောက်တာ အကုန်လုံးကကျန်းမာကြံ့ခိုင်စေနိုင်တဲ့လေ့ကျင့်ခန်းတွေပါပဲ။ ဒီလိုကျန်းမာကြံ့ခိုင်စေဖို့လေ့ကျင့်ခန်းတွေကိုပိုမိုလုပ်ဆောင်စေဖို့ အတွက်ကမ္ဘာတစ်ဝှမ်းမှာလည်းအားကစားပြိုင်ပွဲအသေးစားလေး တွေကနေ အိုလံပစ်အားကစားပြိုင်ပွဲတွေအထိပါကျင်းပပေး ကြပါတယ်။ အခုတင်ဆက်ပေးမဲ့ Final Heat ဆိုတဲ့ဇာတ်ကားထဲမှာလည်း ကျန်းမာကြံ့ခိုင်ရေးပြိုင်ပွဲဝင်ခွင့်ရဖို့ကြိုးစားနေတဲ့အားကစားသမား တွေရဲ့စွန့်စားခန်းကိုတွေ့ရမှာဖြစ်ပါတယ်။ ကမ်နဲ့လိန်းနီတို့ကဟောလီး၀ုဒ်ဘောက်စ်ဆိုတဲ့အားကစားရုံ ပိုင်ရှင်တွေဖြစ်ကြပြီး သူတို့အားကစားရုံကအခြေအနေမကောင်းပြီး ငွေကြေးအဆင်မပြေတော့တဲ့အတွက်အားကစားရုံမပိတ်ရခင်လေးမှာ ကြိုးစားချင်စိတ်ရှိတဲ့အထောက်အပံ့လိုတဲ့အားကစားသမားတွေကို ငွေကြေးထောက်ပံ့ပေးပြီးပြိုင်ပွဲဝင်နိုင်အောင်ကူညီပေးဖို့ဆုံးဖြတ်ခဲ့ ကြပါတော့တယ်။ ဒီလိုနဲ့သူတို့ဆီမှာ လာလျှောက်တဲ့လူတွေအများကြီးထဲကသင့်တော်မယ် ထင်တဲ့ အားကစားသမားတွေကိုရွေးထုတ်ရင်းအဖွဲ့တစ်ခုဖြစ်သွားခဲ့ကြ ပါတော့တယ်။ဒါပေမယ့် ကမ်တို့ကိုယ်တိုင်ကိုကမပြေလည်တဲ့အတွက် ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိသူတို့ကိုလေ့ကျင့်ပေးပြီး ထောက်ပံ့ပေးဖို့ဆိုတာက အခက်အခဲကြီးတစ်ခုပါပဲ။ဒါပေမယ့် သူတို့အဖွဲ့လေးကလည်း ပြိုင်ပွဲ ဝင်ခွင့်ရဖို့ ရည်ရွယ်ချက်တစ်ခုတည်းကို အတူတူထားတဲ့အတွက်အခက်အခဲ တွေကို ကျော်ဖြတ်ပြီး အတူတူကြိုးစားသွားကြပုံတွေကိုတွေ့ရမဲ့အားကစား အမျိုးအစားကို Documentary ပုံစံလိုပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…2.14GB / 872MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre …..Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024 84 mins
Final Heat
[18+] Stray Cat

အိမ်ခြေနည်းတဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုမှာနေကြတဲ့ ထရေစီတို့ဇနီးမောင်နှံ စီးပွားရေးအဆင်မပြေတာကြောင့် အိမ်မှာလွတ်နေတဲ့တစ်ခန်းကို လူငှားထားဖို့ ကြော်ငြာထားကြပါတယ်။ နောက်နေ့မှာပဲ လေပြေလိုလွင့်လာတဲ့ ဘရိဇီဆိုတဲ့ မိန်းမချောလေးတစ်ယောက် ရောက်လာပြီး သူတို့အိမ်မှာ ငှားနေတာပေါ့။ နောက်ရက်မှာတော့ သူတို့အိမ်တံခါးကို လာခေါက်တာက ရဲအရာရှိတစ်ယောက် အနီးနားမှာ လူတစ်ယောက်အသတ်ခံရတဲ့အတွက် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်စုံစမ်းနေတာပါတဲ့။ ဒီမှာပဲ ထရေစီတစ်ယောက် ဘရိဇီဆိုတဲ့ မိန်းမချောလေးကို မသင်္ကာဘဲ စုံစမ်းကြည့်ချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်) File size…(1.3 GB) / (450 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….00:42:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by V

0 2023 41 mins
[18+] Stray Cat
The Cursed Land
6

The Cursed Land (2024) ************************* ထိုင်းသရဲကားထဲမှာမှ မူကွဲပုံစံအသစ်လေးနဲ့ အင်ဒိုသရဲကားနဲ့ခပ်ဆင်ဆင်တူတဲ့ horror movie သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကျိန်စာသင့်ဖုန်းဆိုးမြေပေါ်မှာရှိနေတဲ့ အိမ်ကြီးတစ်လုံးရဲ့ ရာဇဝင်အကြောင်းလေးပေါ့ .. ။ အင်ဂျင်နီယာချုပ်မစ်တစ်ယောက် စက်ရုံမှာ ကြီးကြပ်ပေးဖို့အတွက် နုံကျုပ်မှာရှိတဲ့ မွတ်စလင်ရပ်ကွက်က စက်ရုံနဲ့နီးတဲ့ အိမ်လေးတစ်အိမ်မှာ သမီးဖြစ်သူမေနဲ့ နေရဖို့ဖြစ်လာပါတော့တယ်။ အိမ်ဟောင်းဆိုပေမဲ့ အိမ်ပိုင်ရှင်တွေက သူတို့ကို အိမ်ကိုပြုပြင်ရုံပဲပြုပြင်ပြီး ဘာပစ္စည်းကိုမှ မထိဖို့ မလွှင့်ပစ်ဖို့တော့ အတန်တန်မှာခဲ့ပါသတဲ့။ နဂိုကတည်းက သူ့ရဲ့ပယောဂမကင်းတဲ့ ဇနီးသည်ဆုံးပါးမှုကြောင့် စိတ်မတည်မငြိမ်ဖြစ်ပြီး အကြောင်းအရင်းမရှိ ခေါင်းကိုက်ဝေဒနာ ခံစားခံနေရတဲ့ထဲ ဘာသာမတူတဲ့ မွတ်စလင်ရပ်ကွက်ကလည်းဖြစ် ဘေးအိမ်မှာကလည်း ပယောဂဆရာလိုလို အောက်လမ်းဆရာလိုလို ဟင်ဆိုတဲ့လူတစ်ယောက်လည်းရှိနေတော့ မသိုးမသန့်ခံစားနေရတဲ့ မစ်ဟာ အိမ်မှာကပ်ထားတဲ့ ဘာမှန်းမသိတဲ့အဆောင်တွေကို အကုန်ဖြဲပြီးလွှင့်ပစ်ပြီးတော့ နတ်ကွန်းလေးတစ်ခုဆောက်လိုက်ပါတယ် .. ။ အဲဒီချိန်ကနေစလို့ မစ်တစ်ယောက် ထူးထူးဆန်းဆန်းတွေမြင်ရ ကြားလာရတဲ့အခါမှာတော့…. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.8GB / 727MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 11 min. Genre ….. Horror, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

6 2024 131 mins
The Cursed Land