YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Scandal (2024) E29 WEB-DL 720P (CM).mp4

190.38 MB N/A video/mp4 68 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Blonde
6.1

ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။ မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ Little Women (1933) မင်းသမီး ကတ်သရင်းဟိဘန်းပါပဲ။ ဒီရုပ်ရှင်ကတော့ မွန်ရိုးရဲ့ အတ္ထုပ္ပတ္တိဆိုတာထက် ကောလဟာလတွေကိုရော တကယ့်အခိုင်အမာအဖြစ်အပျက်တွေကိုရော ရောမွှေပြီး စိတ်ကူးယဉ်ရေးသား ထားတဲ့ဇာတ်လမ်းနဲ့ပိုတူပါတယ်။ မွန်ရိုးနေရာမှာသရုပ်ဆောင်ထားတဲ့ မင်းသမီး အန်နာဒီအားရ်မက်စ်ကိုတော့ ပရိသတ်တွေ Knives Out, No time to die, blade runner, knock knock တို့လို ရုပ်ရှင်ကြီးတွေမှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဗင်းနစ် ရုပ်ရှင်ပွဲတော်မှာ ၁၄ မိနစ်ကျော် အားလုံးမတ်တပ်ရပ် လက်ခုပ်တီးပေးခဲ့တဲ့အထိ ပြောင်မြောက်တဲ့ ရုပ်ရှင်လို့လည်းပြောကြပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ပွဲတော်တွေကတော့ ဘာကားလာလာ မတ်တပ်ရပ်တီးနေကျဆို‌တော့ အဲဒီအတွက်တော့ အရမ်းမကိုး ကားတော့ပါဘူး။ ဒါပေမဲ့ ဘယ်လိုအနုပညာဆန်ဆန်ရိုက်ကူးပြီး ဘယ်လိုပီပြင်အောင် သရုပ်ဆောင်ထားလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုနိုင်ပါတယ်။ မင်းသားကြီး ခရစ်စ် အီဗန်ကတော့ အန်နာကို ဒီကားနဲ့ အော်စကာရရချည်သေးရဲ့လို့ ချီးကျူးသွားပါတယ်။ နောက်ဆုံးသတိပေးချင်တာကတော့ အန်နာရဲ့ အိပ်ရာခန်းတွေ တုံးလုံးခန်းတွေ တစ်ခန်း ထက်မနည်းပါဝင်နေတာမို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘူးဆိုတာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(2.11 GB) / (920 MB) Quality............WEB-DL 1080p / 720p Duration.........2Hrs 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Romance Translator.......Mr.Anderson Encoder..........SWM

Action • Drama • War
6.1 2022 167 mins
[18+] Blonde
Dreams
7.7

~ IMDb - 7.7/10, Rotten Tomatoes - 66% ~ ကူရိုဆာဝါဟာ ရုပ်ရှင်ရဲ့မဏ္ဍိုင်တစ်ခုလို့ဆိုကြတာနဲ့အညီ လက်ရှိနာမည်ကျော် အမေရိကန် ဒါရိုက်တာတွေအပေါ် အတော်လွှမ်းမိုးမှုကြီးတဲ့ဒါရိုက်တာပါ။ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ မာတင်စကောဆေးစိတို့လို လူတွေတောင် ကူရိုဆာဝါရဲ့ အရိပ်အငွေ့နဲ့မကင်းပါဘူး။ Dreams ကိုတော့ စပီးဘာ့ဂ်က ပရိုဂျူဆာလုပ်၊ သူရဲ့ကုမ္ပဏီ Amblin က ဖြန့်ပေးထားပြီး ရုပ်ရှင်ရဲ့ VFX Effects တွေကိုတော့ လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။ Dreams ဟာ ထူးထူးခြားခြားပဲ ကူရိုဆာဝါကိုယ်တိုင် သူထပ်ခါထပ်ခါမက်နေတဲ့ အိပ်မက်တွေကနေ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ သူ့ရုပ်ရှင်ရိုက်သက်ရှည်ကြီးရဲ့ ရှားရှားပါးပါး သူတစ်ယောက်တည်းဇာတ်လမ်းဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ တစ်နည်းပြောရင် Dreams ဟာ သူ့အိပ်မက်တွေကို ရိုက်ထားတဲ့ရုပ်ရှင်လည်းဟုတ်သလို သူမပြောဖြစ်ခဲ့တဲ့စကားတွေ သူပြောပြချင်တာတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ( ၁ ) မိုးစက်စီးကြောင်းကြား စီးဆင်းနေသောနေရောင်များ မိုးစက်တွေကြား နေရောင်စီးဆင်းနေတဲ့တစ်နေ့မှာ အမေက ငါ့ကို လျှောက်မသွားဖို့ ပြောတယ်။ အခုနေ ပြန်တွေးကြည့်ရင် ဘယ်လိုနေ့မျိုးတွေဖြစ်မလဲတော့ ငါလည်းမသိပါဘူး။ ဒီဘဝထဲ ဒီလိုနေ့တွေ ငါဘယ်နှခါကြုံခဲ့ရဖူးလဲ ငါမရေရာ။ တစ်ဘဝလုံးလည်း ဖြစ်ကောင်းဖြစ်မှာ။ သေချာတာတစ်ခုက ငါ အခုထက်ထိ အမေ့စကားကို နားမထောင်ဖြစ်ခဲ့ဘူး။ အမှားတွေ အမှားတွေနဲ့ငါ အဲဒီသက်တန့်ကြီးဆီ ရောက်လာခဲ့တယ်။ အဲဒီသက်တန့်ကြီးရဲ့အဆုံးမှာ ဘာတွေရှိနေမလဲ။ ဘယ်ဆီကိုရောက်မလဲ ငါမသိနိုင်ခဲ့၊ ဘယ်ဆီကိုရောက်မလဲ ငါမသိသေးဆဲ။ ငါတို့အတူကူးခတ်ခဲ့ကြတဲ့မြစ်ကြီးထဲလည်း အမှားတွေဟာစီးဆင်းဆဲ... (၂) မက်မွန်ခြံ သစ်ခုတ်သမားတွေဟာ သူတို့ရဲ့ကိန်းဂဏန်းတွေသက်သက်နဲ့ မက်မွန်ပင်ကြီးကို လှဲသတ်ပစ်ကြတယ်။ ငါတို့ရဲ့မသိတတ်သေးတဲ့စိတ်မှာ မျက်ရည်တွေနဲ့။ မအောင်မြင်ခဲ့တဲ့အသီးတွေကြောင့်လား၊ အောင်မြင်ခဲ့တဲ့အပွင့်တွေကြောင့်လား။ မရှိတော့တဲ့ မက်မွန်ပွင့်တွေဟာ ငါတို့ရဲ့သညာမှာ လင်းနေဆဲ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာခဲ့တယ်။ မက်မွန်ပင်အသစ်ကလေးဟာ နေရာဟောင်းမှာ ပြန်ပွင့်လာခဲ့တယ်။ ပြန်လှပခဲ့တယ်။ သစ်ခုတ်သမားရဲ့ ပုဆိန်တွေကိုတော့ ငါတို့မတွေ့ရတော့ဘူး။ ( ၃ ) နှင်းမုန်တိုင်း နှင်းလွှာတွေ သည်းကြီးမည်းကြီးပေါ့။ တစ်ခါတလေကျ လူဟာပန်းတိုင်ကို သိပေမဲ့ လမ်းကိုမမြင်ရဘူး။ ငါတို့ဆက်လျှောက်ခဲ့ကြတယ်။ တာထွက်ဟာနောက်ကျခဲ့တယ်။ အအိပ်လည်း မက်ခဲ့ကြတယ်။ ငါတို့ဆက်လျှောက်ခဲ့ကြတယ်။ နာရီလက်တံတွေ ရွေ့နေဆဲပဲ။ နှင်းပွင့်တစ္ဆေ၊ မခံနိုင်အောင်ပေါ့ပါးသော ဘဝနေ့ညများ၊ ကမ်းမမြင်လမ်းမမြင်သူတစ်ယောက်ရဲ့ ပြန်မရောက်တော့တဲ့ ဟိုးတုန်းက ညနေခင်းများ။ ချစ်စိတ်ရဲ့ကျောချင်းကပ်မှာ အခါနှောင်းနှင့်တဲ့ခရီးဟာ ရောက်နှင့်ပြီးသားဆိုတာ ငါတို့မမြင်နိုင်ခဲ့ကြဘူး။ ( ၄ ) လှိုဏ်ခေါင်း ဂျပန်တွေဟာ စိတ်တော့တော်တော်ကြီးတယ် ပြောရမလား ဘယ်လိုစကားလုံးနဲ့ သုံးရမလဲတော့မသိဘူး။ နှောင်းအတော်ကြာအောင်ထိ ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေကို ခံစားနေရတုန်းဆိုတာကို ဂျပန်အနုပညာပစ္စည်းတွေမှာ သိသိသာသာကို ထည့်သွင်းဖော်ပြတတ်တယ်။ ဒီဇာတ်လမ်းတွေဟာ ဆိုခဲ့သလို ကူရိုဆာဝါဟာ သူ့အိပ်မက်တွေကို ကျောရိုးပြုပြီး အသက်သွင်းထားတာပါ။ ဒီအိပ်မက်ကတော့ ဒုတိယကမ္ဘာစစ်အစမှာ အသက်၂၉ရှိနေခဲ့ပြီဖြစ်တဲ့ ကူရိုဆာဝါရဲ့ လိပ်ပြာမလုံခြင်းတွေအကြောင်း မြင်မက်ခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ရှင်ကျန်ရခြင်းဟာလည်း တစ်ခါတလေ ရှင်လျက်နဲ့ သေခြင်းတစ်မျိုးပဲပေါ့။ ( ၅ ) ကျီးကန်းများ အချစ်တွေကို တို့အတွက်လို့ပဲ သိမ်းဆည်းထားလိုက်ဖို့ကျ သိပ်လေးလံလွန်းခဲ့တယ်။ ရှိသမျှအင်အားနဲ့ရွေ့ရတဲ့ စက်ခေါင်းလို တို့ရွေ့ခဲ့တာပေါ့။ စတာရီနိုက် ဂျုံခင်းထဲက ကျီးကန်းများ ကိုယ်တိုင်ရေးပုံတူ အာလူးစားသူများ တားရေ့ကဖေးည ဆိုက်ပရပ်စ်သစ်ပင် ဗန်ဂိုးရဲ့ကုလားထိုင် ဂေါ်ဂင့်ကုလားထိုင် နေကြာပန်းများ အဝါရောင်အိမ်ကလေးထဲ အဆုံးမဲ့ အချစ်တို့ စီးဆင်းဆဲ... ကူရိုဆာဝါဟာ ဂျပန်ရဲ့အထင်ကရ ဒါရိုက်တာ၊ ရုပ်ရှင်ရဲ့ မဏ္ဍိုင်ကြီးတစ်ခုအဖြစ် ကမ္ဘာကျော်ပေမဲ့ ငယ်ငယ်ကတော့ ကူရိုဆာဝါဟာ ပန်းချီဆရာဖြစ်ချင်ခဲ့ဖူးတယ်။ ကူရိုဆာဝါဟာ ဒါရိုက်တာဖြစ်လာပေမဲ့လည်း သူ့အိပ်မက်တွေကို လုံးဝကျောခိုင်းပစ်ခဲ့တာတော့မဟုတ်ဘူး။ သူ့စတိုရီဘုတ်တွေကို ကြည့်ရင် သူ့ရဲ့ပန်းချီစွမ်းရည်ကို မြင်နိုင်သေးသလို သူရိုက်ခဲ့တဲ့ကာလာဖလင်တွေမှာလည်း ပန်းချီကားတော်တော်ဆန်တဲ့ အရောင်အသွေး စီနီမာတိုဂရပ်ဖီတွေကို သုံးထားခဲ့တယ်။ ရုပ်ရှင်အဖြစ်အသက်မသွင်းနိုင်ခင်မှာ သူပြောချင်ပြချင်တာတွေကို ပန်းချီအဖြစ် ဒီအရင်အသက်သွင်းတာတွေလည်းရှိခဲ့တယ်။ နောက်ဆုံး သူဆွဲထားတဲ့ သူ့ရုပ်ရှင်ရဲ့ ပုံကြမ်းတွေက ပိုစတာဖြစ်လာတာတွေလည်း ရှိတတ်တယ်။ ဒီအိပ်မက်ကတော့ ကူရိုဆာဝါရဲ့ ပန်းချီချစ်စိတ်အကြောင်း၊ ဗန်ဂိုးသို့တမ်းတခြင်းနဲ့ ပန်းချီအပေါ် သူ့အမြင်တွေအကြောင်းပေါ့။ မလွယ်တာကိုမှ ရွေးချစ်မိတယ် အသက်ရယ် - သုခမိန်လှိုင် (မိုးတိမ် - ၅) ( ၆ ) ( ၇ ) ( ၈ ) အနီရဲရဲဖူဂျီ၊ နတ်ဆိုးငိုချင်းနဲ့ ရေရဟတ်ရွာကလေး ဒီ၃ပုဒ်က ကူရိုဆာဝါရဲ့ နောက်ဆုံးအိပ်မက်၃ပုဒ်ပါပဲ။ ဒီ၃ပုဒ်ရဲ့ အကြောင်းအရာဟာ ချွတ်စွပ်မဟုတ်ပေမဲ့ သူပြောချင်တာတော့ တူနေတယ်လို့ ပြောရမယ်။ သူမြင်ခဲ့တဲ့ကမ္ဘာကြီး သူမြင်ခဲ့တဲ့လူတွေ သူမြင်ခဲ့တဲ့အမှားတွေကနေ သူယုံကြည်တဲ့ကမ္ဘာကြီးဆီ ဦးတည်သွားတယ်။ Short Films စုဆိုတော့ ဒီ၈ပုဒ်လုံးကို ခွဲကြည့်လို့ရကောင်းရပေမဲ့ Dreams ဟာ ဆိုခဲ့သလို ကူရိုဆာဝါရဲ့ အိပ်မက်တွေကို ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်တွေကလည်း ကူရိုဆာဝါရဲ့ ကိုယ်ပွားတွေပါပဲ။ ဒါကိုလည်း ကူရိုဆာဝါက သူ့အမှတ်သညာဖြစ်တဲ့ ဦးထုပ်ဝိုင်းဝိုင်းကြီးနဲ့အတူ သိသိသာသာကို တွဲဖက်တင်ပြထားတယ်။ Dreams ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ ကားပေါင်းများစွာထဲမှာမှ သူ့ Personal အဖြစ်ဆုံး ရုပ်ရှင်လို့ တစ်ထစ်ချဆိုလို့ရပါတယ်။ စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်စကားအရတော့ အိပ်မက်ဆိုတာ လူတွေရဲ့ ချုပ်တည်းထားရတဲ့ ဆန္ဒတွေကို မြင်မက်ခြင်းပဲတဲ့။ လူ့စိတ်နဲ့ အိပ်မက် ဆက်စပ်နေတယ်လို့ ယုံကြည်လို့ ဖရွိုက်ကိုယ်တိုင်တောင် အိပ်မက်တွေကို လေ့လာခဲ့ဖူးတယ်။ ကူရိုဆာဝါရဲ့ အိပ်မက်တွေကို သူ့အတွေးအမြင်တွေနဲ့ တန်ဆာဆန်ပြီး ဖြစ်လာတဲ့ ဒီရုပ်ရှင်ရဲ့ အရှေ့ငါးပုဒ်မှာ ကျွန်တော်တို့ ကူရိုဆာဝါရဲ့အတိတ်က အမှားတွေ၊ ချစ်စိတ်‌တွေ၊ လျှောက်လာခဲ့ခြင်းတွေ၊ ဆန္ဒတွေကို စီးကူးမြင်နေရတယ်။ ဒီနောက်ဆုံးသုံးပုဒ်က ပထမနှစ်ပုဒ်မှာတော့ ကူရိုဆာဝါဟာ ပစ္စုပ္ပန် သူမြင်ခဲ့တဲ့ကမ္ဘာကြီးပေါ်က ငို့ဘတွေ လောဘတွေ ရေလိုက်ငါးလိုက်လွဲမှုတွေ စေတနာအမှားတွေကနေ မျှော်ရင်းမြင်တဲ့ ဂျပန်ရဲ့ခေတ်သစ်နဲ့ပတ်သက်တဲ့ သူ့အကြောက်တရားကို စီးကူးမြင်နေရသလို နောက်ဆုံးအပုဒ်ဖြစ်တဲ့ ရေရဟတ်ရွာကလေးမှာတော့ ကူရိုဆာဝါဟာ သူယုံကြည်မျှော်လင့်တဲ့ ကမ္ဘာကြီးရဲ့အနာဂတ်ကို ကျွန်တော်တို့ကို ခေါ်ဆောင်သွားတယ်။ ၁၉၉၀ကနေ အခုဆို နှစ်၃၀ကျော်ကြာခဲ့ပြီ။ ကမ္ဘာကြီးမှာ ကူရိုဆာဝါရဲ့ အနီရဲရဲဖူဂျီနဲ့ နတ်ဆိုးငိုချင်းထဲကလိုအဖြစ်မျိုး‌တွေ သွယ်ဝိုက်သောနည်းတွေနဲ့ ဖြစ်လာခဲ့ပြီးပါပြီ။ ဘဝတွေဟာ သူရဲ့နောက်ဆုံးအိပ်မက်ဖြစ်တဲ့ ရေရဟတ်ရွာကလေးထဲကလို မငြိမ်းချမ်းနိုင်တော့တာလည်း သေချာနေခဲ့ပြီ။ ဘာပဲဖြစ်ဖြစ်ပါ ကူရိုဆာဝါရဲ့ နောက်ဆုံးအိပ်မက်ရဲ့ နောက်ဆုံးအပိတ်မှာ အသက်၁၀၃နှစ်အထိ ဖြတ်သန်းပြီးတဲ့ အဘိုးအိုပြောသွားခဲ့သလိုပေါ့... " ရှင်သန်နေရတာကိုက အရသာရှိပါတယ် " P.S - ဆရာသုခမိန်လှိုင်ဆီရောက်တော့ ဆရာ့ဆီက ဆရာဖြတ်သန်းခဲ့တဲ့ခေတ်တွေ လူတွေ အရာတွေအကြောင်း၊ ကဗျာတွေ သီချင်းတွေ ရုပ်ရှင်တွေ ပန်းချီတွေအကြောင်း အများကြီးနားထောင်ခဲ့ရတယ်။ ဆရာ့မှတ်ဉာဏ်က အဖြစ်တွေကို ခုနှစ်အတိအကျနဲ့ လုံးစေ့ပတ်စေ့ပြောပြနိုင်သလို လေးနာရီလောက်ဆက်တိုက် စပ်စုသမျှပြောပြနေရပေမဲ့ ဆရာ့ပါးစပ်ကထွက်သမျှ စကားလုံးတွေက ကဗျာဆန်ပြီး လှပလွန်းတယ်။ Y ပြောတဲ့စကားပြန်ယူသုံးရရင် ဆရာသုခမိန်လှိုင်ဟာ အနုပညာအားကြီးပြီး ဦးနှောက်ကပါ နှလုံးသားဖြစ်သွားတဲ့လူမျိုးပေါ့။ ဒီရုပ်ရှင်ဟာ ဆရာနဲ့အန်တီယံယံတို့ပြောခဲ့တဲ့ သူတို့ချစ်တဲ့ရုပ်ရှင်များစွာထဲက တစ်ကားပါပဲ။ ကျွန်တော်တို့အတူ ပြန်တမ်းတထားတဲ့ ဒီရုပ်ရှင်ဟာ Dedicated to U Hlaing & Aunty Yan Yan... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung နဲ့ Phoo Lin တို့က ပြန်ဆို ရေးသားထားပါတယ်) Size - 2.45GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 59Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung & Phoo Lin Encoded by Y

Horror
7.7 1990 119 mins
Dreams
Qimen Dark Blade
5

CM ပရိသတ်တိုအတွက် အခုတစ်ခါ ဘာသာပြန်တင်ဆက်ပေးမယ့်ကားလေးကတော့ Dark Blade ဆိုတဲ့ သိုင်းကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ စုန့်လျောင်ခေတ်တွင် လျှိဝှက်အဖွဲ "ဖုန့်ဟော်တပ်" က ထန်ကျီယန်းကို မြိုတော်ဟွမ်ချိန်စီးမှာ သူလျှိအဖြစ်စေလွှတ်ခဲ့ပါတယ်။ သိုပေမဲ့ သူမဟာ သူမခင်ပွန်း ကျိုးချန်အန်းနှင့်အတူ ဘဝကို အေးချမ်းစွာဖြတ်သန်းဖို ဆုံးဖြတ်လိုက်ချိန်မှာပဲ ဖုန့်ဟော်တပ်က သူမခင်ပွန်းကို ဖမ်းဆီးခြင်းဖြင့် သူမကိုခြိမ်းခြောက်ပြီး မြောက်ပိုင်းမှ သံတမန်ကို သတ်ရန် တာဝန်အသစ်ပေးအပ်ခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာ ဖုန့်ဟော်တပ်က သူမရှေ့မှာ သူမခင်ပွန်းကို သတ်ခဲ့တဲ့အတွက် ဖုန့်ဟော်တပ်ကို ချေမှုန်းရန် သူမဆုံးဖြတ်လိုက်သည်။ သူမ ဖုန်းဟော်တပ်ကြီးတစ်ခုလုံးကို ချေမှုန်းဖို ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ...... ထိုအန္တရာယ်တွေကို သူမဘယ်လို ဖြတ်သန်းမလဲ...... ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ လိုက်ပါခံစားကြည့်ရှုကြပါစို့ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action , Mystery Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Animation • Documentary • Drama • War
5 2022 95 mins
Qimen Dark Blade
Innale Vare
6

IMDb 6.2 ရရှိထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းလေးလာပါပြီ ရုပ်ရှင်သရုပ်ဆောင်အာဒီဆိုတာ မသိတဲ့လူမရှိအောင်နာမည်ကြီး‌နေတဲ့လူပါ အောင်မြင်မှုတွေရဲ့ ဘုရင်တစ်ဆူဖြစ်ပေမယ့် မျှော်လင့်မထားခဲ့တဲ့အခြေအနေတွေကြောင့် အကြွေးတွေဝိုင်းနေချိန်မှာပဲ မသမာသူလူတွေကြောင့် ပြန်ပေးဆွဲခံလိုက်ရပါ‌တယ် နည်းပညာပိုင်းကိုအကူအညီကူပြီး ပြန်ပေးဆွဲခဲ့တာကြောင့် လူမသိသူမသိအရပ်ရောက်နေတဲ့ အာဒီတစ်ယောက် လွတ်မြောက်ဖို့ဘယ်လိုကြိုးစားမလဲ အကူအညီမဲ့နေတဲ့ ဒီအိမ်ကြီးထဲကနေထွက်ပြေးနိုင်မှာလားဆိုတာ သည်းထိပ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…1.5GB / 798MB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Honeyey & Yunni

Drama
6 2022 136 mins
Innale Vare
The King's Daughter
7.1

ဂျိန်းစဘွန်းမင်းသားကြီ: Pierce Brosnan နဲ့  အချောအလှလေး Bingbing Fan Kaya Scodelario တို့ပါဝင်ထားတာနဲ့ ဒီကားက ကြည့်ဖို့တန်နေပါပြီ... 1997 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Moon and The Sun ဝတ္ထုကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ Adventure/Fantasy ဇာတ်ကားဖြစ်ပါတယ် Mermaid ခေါ် ရေသူမ ဆိုတဲ့ဒဏ္ဍာရီလာ ရေနေသတ္တဝါတွေအကြောင်း ပုံပြင် ဇာတ်လမ်းတွေ အများကြီးကြည့်ရှူဖူးကြမယ်လို့ထင်ပါတယ်.. ဒီကားလေးကလည်း အဲဒီလိုကားတွေထဲက တစ်ခုဖြစ်တာမို့ စိတ်ဝင်စားရင် တကယ် လက်မလွှတ်သင့်ပါဘူး ဝတ္တုကိုက ဆုရထားတာမို့လို့ပါ... အချိန်ကာလအားဖြင့် ၁၈ ရာစုဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ လူးဝစ် ၁၄ ဆိုတဲ့ ရှင်ဘုရင်တစ်ပါးစိုးစံလျက်ရှိပါတယ် ပြင်သစ်ဟာ မကြာသေးခင်ကမှ စစ်နိုင်ထားကာ ပြန်လည်ထူထောင်စ ဖရိုဖရဲ အခြေအနေပါ ရန်သူတွေကလည်း ပတ်လည်ဝိုင်းနေတာပေါ့... တစ်နေ့မှာတော့ တော်ဝင်သမားတော်က ထာဝရရှင်သန်နိုင်စေမယ့်နည်းလမ်းကို ရှာတွေ့ထားတယ်လို့ လျှောက်တင်လာပါတယ် အဲဒါကတော့ နေကြတ်ချိန်မှာ ဒဏ္ဍာရီလာ ရေသူမရဲ့ နှလုံးကို ရှင်ဘုရင်ထံ လွှဲပြောင်းဖို့ပါပဲ မသေချင်တဲ့ ရှင်ဘုရင်ဟာလည်း သတ္တိရှိတဲ့ မာလိန်မှူးတစ်ယောက်ကို ရေသူမအရှာထွက်ခိုင်းလိုက်ပါတော့တယ် မရှေးမနှောင်းမှာပဲ နန်းတွင်းထဲကို မိန်းမပျိုလေးတစ်ဦးရောက်လာပါတယ် သူကတော့ ပင်လယ်ကမ်းစပ်က မယ်သီလရှင်ကျောင်းတစ်ကောင်းမှာ မိဘမဲ့ကလေးလို ကြီးပြင်းခဲ့ရတဲ့ ဘုရင့်သမီးတော်လေး မယ်ရီဂျိုးဇက်ပါပဲ နန်းတွင်းထဲ ရောက်လာပြီးနောက် ရှင်ဘုရင်က ဖခင်ဖြစ်သူမှန်းမသိတဲ့ မယ်ရီဂျိုးဇက်ရယ် မာလိန်မှူးအိဗ် ရှာတွေ့လာမယ့်ရေသူမရယ်နဲ့ ဘာတွေဆက်ဖြစ်ကြလဲဆိုတာကတော့ ကိုယ်တိုင်ပဲ… File Size : (1.35GB )(881 MB) and (380 MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Adventure, Action, Family Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Horror • Mystery • Thriller
7.1 2022 94 mins
The King's Daughter
Heart Parade
4.9

Heart Parade (2022) ဒီနေ့မှာတော့ Netflix movie လေးတစ်ကားဖြစ်တဲ့ Polish romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမောင်ခွေးတို့ရေးတဲ့ရွှေဖူးစာလို့ပဲပြောရမလား .. Magda က နာမည်ကြီးရုပ်မြင်သံကြားအစီအစဥ်ရဲ့ ထူးချွန်ဝန်ထမ်းတစ်ယောက်ပါ။ အနာဂတ်မှာ programming ဒါရိုက်တာရာထူးကို လက်လွှဲယူဖို့ အလားအလာအများကြီးရှိတဲ့သူဆိုရင်လည်း မမှားဘူးပေါ့။ လက်ရှိဒါရိုက်တာမှာ Tod လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရှိတယ်။ ဒီကားလေးရဲ့ထူးခြားချက်က တစ်ကားလုံးမှာ ပါသမျှခွေးတွေအကုန်လုံးက Dachshund လို့ခေါ်တဲ့ အလျားရှည်ခွေးပုလေးတွေချည်းပါပဲ။ အကုန်လုံးက Hot Dog ချောင်းလေးတွေလို ချစ်စရာလေးတွေပါ:3 ဆက်ရရင် ဒါရိုက်တာရာထူးကို လက်လွှဲယူရတဲ့ Magda က ခွေးလုံးဝမချစ်တတ်ပေမယ့် သခင်မဖြစ်သူကိုဖားပြီး Tod ရဲ့ဝေယျာဝေစ္စတွေ အကုန်လုပ်ရတယ်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ Magda ရဲ့ပေါ့ဆမှု Tod တစ်ကောင်နေမကောင်းဖြစ်သွားတာမို့ ဒါရိုက်တာကစိတ်ဆိုးပြီး Magda ကို အလုပ်ထုတ်လိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း သားဖြစ်သူ Karol ရယ် Trombone လို့ခေါ်တဲ့ခွေးလေးရယ်နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ Krzystof က ဇနီးဖြစ်သူဆုံးပါးပြီးတဲ့နောက် အချစ်သစ်မရှာတော့ဘဲ သားဖြစ်သူကို တစ်ယောက်တည်းပျိုးထောင်နေတဲ့ ဖခင်တစ်ယောက်ပါ။ လက်ရှိမှာ Dachshund ပွဲဈေးတန်းလေးကို ဦးဆောင်လုပ်နေပြီး အဲဒီပွဲမှာ Tod လည်းဝင်ပြိုင်ဖူးပေမယ့် ပထမဆုနဲ့လွဲချော်ခဲ့ရတာကို သူ့သခင်က မကျေနပ်ခဲ့ပါဘူး။ ဒီတော့ Magda လည်း ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တစ်ခုခုကိုသာရိုက်နိုင်ခဲ့ရင် ဒါရိုက်တာဖြစ်သူ အမြင်ပြန်ကြည်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ Karol တို့သားအဖရှိရာမြို့ကိုရောက်လာတဲ့အခါ ..။

Drama • Mystery • Science Fiction • TV Movie • Thriller
4.9 2022 108 mins
Heart Parade
Subspecies V: Blood Rise

သွေးစုပ်ဖုတ်ကောင် ဘုရင်ကြီး ဗလက်ဒီဆလက်စ်နဲ့ မသေမျိုး စုန်းမကြီး ဆီဆာ တို့ရဲ့ သားလေးဟာ အမှောင်ခေတ်မှာ အဖေကိုယ်ပြန်သတ်မယ်ဆိုတဲ့ ရှေ့ဖြစ်ဟောနိမိတ်နဲ့ မွေးဖွားလာခဲ့ပါတယ် အဲဒါကိုသိတဲ့ ခရူးဆိတ်စစ်သားတွေက ဆီဆာ ဆီကနေ ကလေးနဲ့ နတ်ဆိုးသတ်တဲ့ ဓားမြှောင်ကို ခိုးသွားခဲ့ပြီးတော့ ကလေးကို မကောင်းဆိုးဝါးသွင်ပြင်ကနေ လူပုံစံဖြစ်အောင် ပြင်ဆင်ပြီး မကောင်းဆိုးဝါး သုတ်သင်တဲ့သူဖြစ်အောင် သင်ကြားပေးလိုက်ပါတော့တယ် အဲဒီကလေး နာမည်ကတော့ ရာဒူးပါ သူက နှစ်ပေါင်းများစွာ တိုက်ကြီးတွေဖြတ်ပြီး မကောင်းဆိုးဝါး တွေကို သုတ်သင်ခဲ့ရာကနေ တနေ့မှာတော့ ကံကြမ္မာအလှည့်အပြောင်းကြောင့် သူ့ရဲ့အဖေ သွေးစုပ်ဖုတ်ကောင်ဘုရင်ကြီးရဲ့ ရဲတိုက်ကို သွေးကျောက်တုံးယူဖို့ ရောက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ ရှေ့ဖြစ်နိမိတ်ကရော တကယ်ဖြစ်လာမှာလား လူပုံစံဖြစ်အောင်အတင်းပြင်ထားတဲ့ ရာဒူးကရော သေမျိုးလား မသေမျိုးလား မကောင်းဆိုးဝါးတွေကိုရော ဘယ်လိုဆက်သုတ်သင်မှာလဲဆိုတာ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး File size…(1.2GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield

0 2023 80 mins
Subspecies V: Blood Rise
A Million Miles Away
7.6

ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။ အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သော ဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။ အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကို A Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကို ကြည့်ရမှာပါ။ ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူ ပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြ သူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲ လုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက် ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်း ဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကို စတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာ ငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူး ဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိ မပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာ ဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီး ဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်း သူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.38 GB / 1.03 GB Quality…AMZN.WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 1m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.6 2023 122 mins
A Million Miles Away
RedLife
6.9

Redlife 2023 အညွှန်း ‌ဒီတစ်ခေါက်မှာတော့ Hormones S2 S3 မှာ စပြီးပါဝင်ခဲ့ပြီး၊ My Ambulance၊ Mind Game ထဲက မင်းသား Bank Thiti Mahayotaruk နဲ့ BNK48 ရဲ့ 2nd Generation မန်ဘာဟောင်း, Queendom Puzzle မှာတုန်းက တစ်ဦးတည်းသော ထိုင်းမန်ဘာအဖြစ်ပါဝင်ခဲ့တဲ့ Fye တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားလေးကတော့ ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစားဘ၀ကနေ ရုန်းထွက်ကြမယ့် လူငယ်နှစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ပရိသတ်တွေက နှစ်ပိုင်းခွဲကြည့်ရပါလိမ့်မယ်။ မဟုတ်ရင် အစပိုင်းမှာ လည်ထွက်နေမှာပါ။ Ter (Bank) ကြိုက်နေတဲ့ကောင်မလေးကတော့ ပြည့်တန်ဆာ တစ်ယောက်ပါ။ Ter ကိုယ်တိုင်ကလည်း သူခိုးတစ်ယောက်ဆိုတော့ Mild အတွက် တင့်တောင့်တင့်တယ်မထားနိုင်တဲ့အပြင် ကောင်မလေးအဲလိုလုပ်နေတာကိုပါ မြင်တွေ့နေရတာပါ။ ‘Ter က Mild ကိုလက်ထပ်ချင်တဲ့အတွက် သူ့အနေနဲ့ Mild ကို အဲလိုဘဝကနေ ရုံးထွက်ရအောင် ကြိုးစားရပါတော့တယ်။ တစ်ဖက်ကဇာတ်လမ်းကလည်း ဆင်တူပါပဲ။ မတူတာကဘာလဲဆိုတော့ Som ကို သူ့အမေက ပြည့်တန်ဆာလုပ် ပိုက်ဆံရှာပြီးကျောင်းထားပေးနေတာပါ။ အဲလိုလုပ်နေတာကို Som ကမကြိုက်တဲ့အပြင် ကျောင်းမှာလည်း ဆင်းရဲလို့ သူ့ကိုအပေါင်းအသင်းမလုပ်ကြပါဘူး။ အဲလိုနဲ့ တစ်နေ့ သူ့ကိုဂရုစိုက်တဲ့သူ Peach (Fye) ပေါ်လာပါတော့တယ်။ အဲလိုနဲ့ သူ့ရဲ့ဘဝကြီးက သာယာသွားမလား သူ့အမေရဲ့ အရိပ်မည်းကြီးအောက်က ရုန်းထွက်နိုင်မလား။ ရုန်းထွက်ချင်တဲ့ လူငယ်နှစ်ယောက် Ter နဲ့ Som နှစ်ယောက်တို့ရဲ့ ဇာတ်လမ်းက ဘယ်တွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်ကား၏ အပြုအမူနှင့် အပြောအဆိုများသည် အရမ်းကြမ်းတမ်းလွန်းပြီး ဝတ်စလစ်ခန်းများ ပါဝင်သောကြောင့် မိသားစုနဲ့ ကြည့်ရှုရန် မသင့်တော်ပါကြောင်း) အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1.3GB | 574MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

Drama • Thriller
6.9 2023
RedLife
Shaolin Popey I
6.4

ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ နှစ်ရှည်လများကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် အကောင်းဆုံးရနိုင်တဲ့ DVD Quality ကိုပဲတင်ဆက်ပေးလိုက်ရပါတယ် ဇာတ်လမ်းကိုအများကြီးမိတ်ဆက်ပေးစရာလိုမယ်တော့မထင်ပါဘူး ပြန်နွှေးပေးရရင်တော့ အထက်တန်းကျောင်းသားဘဝမှာ အလှဆုံးကျောင်းသူလေးကိုချစ်မိသွားတဲ့ကောင်လေးတစ်ယောက်နဲ့ ကျောင်းမှာအာဏာရှိတဲ့ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ကြားက ယှဉ်ပြိုင်ပွဲတစ်ခုအကြောင်းဖြစ်ပါတယ်။ မိသားစုခရီးထွက်ရင်း ကစားမက်တဲ့ကတုံးလေးကြောင့် အကြောင်းတိုက်ဆိုင်ပြီး ရှောင်လင်ကျောင်းမှာကွန်ဖူးသင်ခဲ့ရပြီးတော့ ကျောင်းမှာပြန်ပြီး ပညာပြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ်

6.4 1994
Shaolin Popey I
Mandakini
6.6

Mandakini 2024 (ငါနဲ့ညားတဲ့ သူများရည်းစား) IMDb-6.8/10 တစ်ရံရောအခါက လူပျိုကြီးအာရိုမာတစ်ယောက်။ တစ်သက်မှာတစ်ယောက်ကိုချစ် သူ့ကိုပဲလက်ထပ်ချင်ပါတယ်ဆိုတဲ့ ကိုလူအေးကြီးပေါ့။ အရွယ်ရောက်ရုံမက ကျော်လာတဲ့အချိန်မှာတော့ စိတ်ကူးထဲကချစ်သူလေး အမ်ဘီနီနဲ့တွေ့ပြီး ဘဝကြီးပြည့်စုံသွားပြီလို့ယူဆလိုက်တဲ့သူ။ ဇာတ်လမ်းကတော့ မင်္ဂလာဦးညမှာစတာပဲ သတို့သမီးနဲ့ သတို့သား အရက်ပုလင်းနဲ့ အချိုရည်ခွက် အလွဲလွဲအချော်ချော်တွေဖြစ်ပြီး မှားသောက်မိကြတဲ့အချိန် ထုံးစံအတိုင်းရည်းစားဟောင်းဇာတ်လမ်းတွေ ပြန်ဆွရစ်ကြတော့ သတို့သားကိုလူအေးကြီးက ဘာဇယားမှမရှိခဲ့ပေမဲ့ သတို့သမီးကတော့အရမ်းချစ်ခဲ့တဲ့ရည်းစား‌ဟောင်းဆီကို ခုချက်ချင်းသွားချင်ပါတယ်ဆိုပြီး ထဂျီပါလေရော ။ ရိုးရိုးကုပ်ကုပ်မိသားစုကြား အချောအလှလေးကို ဘယ်လိုများရလာတာလဲဆိုပြီး တီးတိုးပြောနေကြရာက အချောအလှအဖိုးတန်သတို့သမီးလေးရဲ့ မင်္ဂလာဦးညစကားတစ်ခွန်းက တစ်မိသားစုလုံး အံ့ဩတုန်လှုပ်သွားကြတော့တာပဲ။ အရိုးခံနဲ့ အချောအလှဘယ်လိုအလွဲတွေနဲ့ ဆက်စခန်းသွားမလဲရှုစားကြည့်ပါဦး အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်

6.6 2024
Mandakini
Bioscope
7.7

Bioscope(2025) “ဘိုင်စကုပ်” တမီးလ်ကျေးလက် ဟာသ/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကုန်တင်ကားစက်ရုံအလုပ်နဲ့ ရက်ကန်းအလုပ်နှစ်မျိုးပဲရှိတဲ့ ရွာလေးတစ်ရွာမှာ ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်တဲ့ ကောင်လေးတစ်ယောက်ဟာ မာဒရာ့စ်မြို့ကိုသွားပြီး ရုပ်ရှင်ပညာကို မရမကသွားလေ့လာခဲ့တယ် ဒီလိုနဲ့ ပရိုဂျူဆာတွေနဲ့ရအောင်စည်းရုံးပြီး ရိုက်တော့မယ်လုပ်ရာမှ ရွာက သူချစ်ရတဲ့ ဦးလေးဟာ ဗေဒင်ဆရာရဲ့စကားကိုယုံပြီး သေကြောင်းကြံသွားတဲ့အခါ ယူကြုံးမရဖြစ်ပြီး အယူသီးတဲ့ ဓလေ့တွေအကြောင်း ပညာပေးရုပ်ရှင်ကို ရွာသားတွေနဲ့ပဲ ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ရာကနေ အလွဲအချော်တွေ၊ အခက်အခဲမျိုးစုံတွေ့ကြုံရင်ဆိုင်ရပုံကို ပရိသတ်တို့ ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy • Romance
7.7 2025
Bioscope
Kadhalikka Neramillai
6.7

Kadhalikka Neramillai 2025 (ပျောက်ဆုံးနေသောအချစ် ) ယိုဂီဘာဘူပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်ကားအသစ်လေး ထွက်ရှိလို့လာပါပြီ။ ဒရာမာဆိုပေမဲ့ ယိုဂီဘာဘူရဲ့ ထုံးစံအတိုင်းပဲ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှရီယာဆိုတဲ့ကောင်မလေးဟာ ကလေးအရမ်းလိုချင်နေတဲ့သူဖြစ်ပြီးတော့ သူ့ကောင်လေးနဲ့ မင်္ဂလာဆောင်ပြီးတာနဲ့ တန်းပြီးတော့ ကလေးယူဖို့အတွက် ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့လည်း အသက်အရွယ်ကြောင့်ရော သူ့ရောဂါအခြေအနေကြောင့်ပါ သူဟာ IVF (ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေတည်စေခြင်း) ပြုလုပ်ဖို့အတွက် ဒေါက်တာက အကြံပြုတဲ့အတိုင်းပဲ IVFနည်းနဲ့ ကလေးယူဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ ဆစ်ဒ်ဆိုတဲ့ကောင်လေးကတော့ ဒီလောကကြီးက လူသားတွေဟာ ကမ္ဘာဂြိုဟ်ကြီးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ထင်နေပြီး ကလေးမလိုချင်တဲ့သူတစ်ယောက်ပေါ့။ သူဟာလည်း ချစ်ရသူရှိပေမဲ့ ချစ်သူရဲ့ ဆန္ဒအတိုင်း စေ့စပ်ဖို့ စီစဉ်လိုက်ပေမဲ့ လက်ထပ်တာတွေ ကလေးယူတာမျိုးတွေကို မလုပ်ချင်သူတစ်ယောက်ပါ။ ဆစ်ဒ်မှာ ငယ်ငယ်လေးကတည်းက ဆိုးတူကောင်းဖက်ပေါင်းဖက်လာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်၊ ဂိုဒါနဲ့ စီသူလို့ ခေါ်ပါတယ်။ စီသူဟာ ဂေးတစ်ယောက်ဖြစ်ပြီး ကလေးမွေးချင်နေရာကနေ သုက်ပိုးကို အေးခဲထားဖို့အတွက် အကြံပေါ်လာခဲ့ပါတော့တယ်။ ဒီမှာပဲ ငယ်ငယ်လေးကတည်းက ဘာမဆို အတူတူလုပ်ခဲ့ကြတဲ့သူငယ်ချင်းတွေပီပီ စီသူဟာ သူသုက်ပိုးအေးခဲမဲ့ကိစ္စကို ဂိုဒါနဲ့ ဆစ်ဒ်ကိုပါ အပါခေါ်ပါတော့တယ်။ ဒီလိုနဲ့ ကလေးမလိုချင်တဲ့ ဆစ်ဒ်ရဲ့ အေးခဲထားတဲ့ သုက်ပိုးကနေ မျိုးပွားလာမှာလား …….. ရှရီယာတစ်ယောက်ရော IVF ကုထုံးနဲ့အတူ သူလိုချင်တဲ့ ကလေးလေး ရရှိလာမှာလား … ရှရီယာနဲ့ ဆစ်ဒ်တို့ကရော ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲ …. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ ZweYan ~ V ~ Star တို့ဖြစ်ပါတယ်)

Comedy
6.7 2025 143 mins
Kadhalikka Neramillai
Melanie’s Grave
5

သည်းထိပ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်သူတွေအတွက် Melanie’s Grave ဆိုတဲ့စိတ္တဇဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာအဓိကတွေ့ရမှာကတော့ ကိုယ်ကဘယ်လောက်ပဲ ဖြူစင်အောင်နေခဲ့သည်ဖြစ်စေ ပတ်ဝန်း ကျင်ကအရောင်တွေဝိုင်းဆိုးတဲ့အခါမှာတော့ ယုန်သူငယ်လေးလို ဖြူစင်ခဲ့တဲ့လူတစ်ယောက်က မြေခွေးကြီးလိုပြောင်းလဲသွား တတ်တယ်ဆိုတာကိုပညာပေးနည်းနည်းထည့်ပြီး စိတ္တဇလူသတ် ကားဖြစ်အောင်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့အဓိကဇာတ်ကောင်ကတော့ မယ်လ်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး လက်ရှိဖြစ်နေတဲ့အရာတွေနဲ့ သူ့ရဲ့ဆိုးဝါးခဲ့တဲ့အတိတ်ကိုတစ်လှည့်စီပြသသွားတာကိုတွေ့ ရမှာဖြစ်ပါတယ်။မယ်လ်က ငယ်ငယ်လေးကတည်းက အဖေ ဖြစ်သူရဲ့ဒဏ်တွေကိုခံစားခဲ့ရပြီး အမေဖြစ်သူကလည်းနည်းနည်းလေး တောင်မှ သူ့ကိုမကာကွယ်ပေးခဲ့ပါဘူး။အဲ့ဒါကြောင့်ပဲစိတ်ဒဏ်ရာ ရခဲ့ပြီး အသက်ကြီးလာတဲ့အခါမှာတော့ စိတ်ရောဂါသည်တစ်ယောက် ဖြစ်လာပါတော့တယ်။အခုအချိန်မှာတော့ သူ့ဘာသာသူ အိမ်ထဲမှာ တစ်ယောက်တည်းနေထိုင်နေပြီး တစ်ပတ်တစ်ခါ လာတွေ့တဲ့ လူမှုဖူလုံရေးဝန်ထမ်းကလွဲရင်တခြားဘယ်သူနဲ့မှမဆက်ဆံခဲ့တော့ ပါဘူး။ဖြစ်ချင်တော့တစ်နေ့မှာ သူတို့နားမှာဓားပြမှုဖြစ်ပြီး သေနတ်မှန် ထားတဲ့ဓားပြတစ်ယောက်က သူ့အိမ်ထဲဝင်လာပါတော့တယ်။ ဒီလိုနဲ့လူကြောက်တတ်တဲ့မယ်လ်တစ်ယောက် ဒီဓားပြနဲ့တစ်အိမ် တည်းမှာ အချိန်အတိုင်းအတာတစ်ခုအထိအတူနေရမဲ့ကံပါလာတဲ့ အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စား စရာရှုစားရမှာဖြစ်ပါတယ်။ File size… (1.24 GB) / (751 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 101 mins
Melanie’s Grave
SPL: Kill Zone
6.8

တရုတ်ကားဟောင်း old but gold တွေကို ကြည့်ချင်သူများအတွက် ဟောင်ကောင်မင်းသားကြီး နှစ်ပါးဖြစ်တဲ့ Donnie Yen နဲ့ Simon Yam တို့ရဲ့ ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ စုံထောက်ချန်ဟာ နာမည်ကြီး လူဆိုး‌ဂိုဏ်းခေါင်းဆောင် ဝမ်ဘိုကို ဖမ်းဖို့ မျက်မြင်သက်သေမိသားစုကို ခေါ်ဆောင်နေစဉ်မှာပဲ ဝမ်ဘိုလွှတ်လိုက်တဲ့ လူသတ်သမားကြောင့် ကားတစ်စီးလုံးမှာ စုံထောက်ချန်နဲ့ မျက်မြင်သက်သေရဲ့ သမီးဖြစ်သူနဲ့သာ ကျန်ခဲ့ပါတော့တယ်။ သနားဂရုဏာသက်စွာနဲ့ ကျန်ရစ်သူကလေးမလေးကို သူ့သမီးအနေနဲ့ မွေးစားလိုက်ပြီး သိပ်မကြာခင် သူ့မှာ နေစရာ သက်တမ်းမရှိတော့တာကို သိပြီးနောက် ဝမ်ဘိုကို ပုံစံမျိုးစုံနဲ့ အမိဖမ်းဖို့ကြိုးစားပါတော့တယ်။ ဒီအဖြစ်အပျက်တွေအပြီး သုံးနှစ်အကြာထိ ဝမ်ဘိုကို ဖမ်းလို့မမိနိုင်သေးတဲ့အချိန် မာခွင်းဆိုတဲ့ ထက်ထက်မြက်မြက် စုံထောက်တစ်ယောက်ဟာ စုံထောက်ချန်နေရာကို တာဝန်ယူဖို့ ရောက်လာပါတော့တယ်။ စုံထောက်မာရဲ့အကူအညီနဲ့ စုံထောက်ချန်နဲ့အဖွဲ့ ဝမ်ဘိုကို ဖမ်းဆီးနိုင်ပါ့မလား? Rotten tomatoes 80%, IMDb 6.9/10 ရထားတဲ့ ဖခင်မေတ္တာနဲ့ အက်ရှင်ကို အချိုးကျကျရောစပ်ထားတဲ့ ဒီဇာတ်ကားလေးကို ရှုစားလိုက်ကြပါဦး။ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:33:00 Genre… Martial, Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Xing Egg

Action • Comedy • Crime • Thriller
6.8 2005 93 mins
SPL: Kill Zone