YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Savoring Paris 2024 720p WEB-DL HEVC (CM).mp4

884.27 MB 720p video/mp4 56 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Holiday
4

၁၉၈၈ ခုနှစ် ကိုရီးယားနိုင်ငံ အိုလံပစ်ပွဲအပြီး ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ ‘’ငွေရှိရင် အပြစ်မရှိဘူး ငွေမရှိရင် အပြစ်ရှိတယ်’’ ဆိုတဲ့မျက်နှာသာပေး ဥပဒေမျိုးနဲ့ မတရားထောင်ချခံထားရသူတွေအများအပြားပါပဲ.. မတရားခံရတဲ့ထဲ အပါအဝင်ဖြစ်တဲ့ ဂျီဟျော့နဲ့ အကျဉ်းဖော်တို့ဟာ ထောင်ကနေ လွတ်အောင်ထွက်ပြေးပြီးတော့ မတရားတဲ့ဥပဒေကြီးကို ပြဌာန်းခဲ့တဲ့သက်ဆိုင်ရာအာဏာပိုင်တွေကို ဥပဒေကို ပြင်ဆင်စေချင်တာပါ.. ထောင်တွင်းအရာရှိတွေရဲ့ထောင်သားတွေအပေါ်မတရားဖိနှိပ်အကြမ်း ဖက်မှုတွေ၊ ချမ်းသာတဲ့သူတွေ ရာထူးအာဏာရှိသူတွေကိုမျက်နှာသာ ပေးမှု‌တွေ အကြောင်းကို မြင်သာအောင်ဖော်ပြရိုက်ကူးထားပြီး မတရားခံရသူတွေရဲ့ ခံစားချက်တွေ နှိပ်စက်ခံရမှုတွေ အားလုံးဟာ ရင်ထဲခံစားရပြီး မျက်ရည်ကျရလောက်အောင်ရိုက်ထားတဲ့ ကားကောင်းလေး တစ်ကားမို့သေချာပေါက်ကြည့်ဖို့ပြောလိုက်ပါရစေ။ File size…4.42GB / 1.64GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jia

Comedy • Fantasy • Romance • Science Fiction
4 2006 99 mins
Holiday
Liger
4.8

ဒီတစ်ခါတော့ Arjun Reddy, World Famous Lover ဆိုတဲ့ တေလဂူဇာတ်ကားတွေနဲ့ ပျိုမေတွေရဲ့အသည်းကိုကိုင်လှုပ်ခဲ့တဲ့ဲ ဗီဂျေးဒေဗရာကွန်ဒါရဲ့ပထမဦးဆုံး Bollywood ဘက်ကိုစတင်ခြေလှမ်းတဲ့ ဟင်ဒီဘာသာစကားပြော ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီးအနေနဲ့တော့ Student of the Year 2 ထဲက မင်းသမီးချောလေး အာနန်ယားပန်ဒေးပဲဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ဗီဂျေးက စကားထစ်တယ် ဆင်းရဲတယ် အဖေဆုံးသွားလို့ အမေနဲ့အတူ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတယ်.. သူတို့သားအမိရဲ့ရည်မှန်းချက်က ဆုံးသွားတဲ့သူ့ဖခင်ရဲ့ဆန္ဒအတိုင်း ဗီဂျေးကို MMA ဖိုက်တာ ချန်ပီယံတစ်ယောက်ဖြစ်စေချင်တယ်... အာနန်ယားကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာပြီး ဘဝမှာ လုပ်ချင်တာမှန်သမျှ စိတ်ကြိုက်လုပ်ခွင့်ရနေသူပေါ့... သူတို့နှစ်ယောက်ငြိသွားကြတဲ့အခါ ဇာတ်လမ်းက ဘယ်လိုဖြစ်လာမလဲ...။ MMA ဖိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ သူ့ဆန္ဒတွေရော ပြည့်ဝလာပါ့မလား...။ ဒီဇာတ်ကားလေးက ဗီဂျေးရဲ့ Muscle အလန်းစားတွေနဲ့ ပျိုမေတွေကို ဖမ်းစားနိုင်တဲ့အပြင် အာနန်ယားရဲ့အလန်းစားဖက်ရှင်တွေကြောင့် ပုရိသတွေလည်း အကြိုက်တွေ့စေမှာ အမှန်ပဲဖြစ်ပါတယ်... လက်ဝှေ့ထိုးသတ်ချက်တွေကိုလည်း များများစားစားဖော်ပြပေးထားလို့ ချခန်း ဖိုက်ခန်းကြိုက်နှစ်သက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။ File size…8.4GB / 3.98GB / 1.8GB Quality…4k HEVC WEB DL /1080p AVC AAC5.1CH / 720p  Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Drama • Thriller
4.8 2022 138 mins
Liger
Crook: It's Good to Be Bad

ဒီဇာတ်ကားလေးကတော့ အင်မရန်းဟာရှ်မီနဲ့ နေဟားရှရ်မာတို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Action/Thrillerအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ''သူခိုးရဲ့သားက သူခိုးပဲဖြစ်မယ်။ လူမိုက်ရဲ့သားက လူမိုက်ပဲဖြစ်လိမ့်မယ်။ ဒါကလူတွေ မြင်ကြတဲ့ လောကကြီးရဲ့ နိယာမတစ်ခုပေါ့'' ဒုစရိုက်သမားကြီးဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးပြီးတဲ့နောက်မှာ ဆူရာ့ဂျ်ဟာ နာကျည်းစိတ်နဲ့ ဒုစရိုက်အလုပ်တွေပဲလုပ်ရင်း မိုက်တွင်းနက်သထက်နက်နေမိတယ်။ ဒါကိုမြင်ရတော့ မွေးစားအဖေဖြစ်သူ ရဲအရာရှိကြီးဂျိုးဆပ်က လူမိုက်တွေနဲ့ဝေးသွားရင်တော့ စိတ်ပြောင်းသွားနိုင်ရဲ့ဆိုတဲ့အတွေးနဲ့ ဆူရာ့ဂျ်ကို သြစတြေးလျနိုင်ငံပို့ဖို့ စီစဥ်လိုက်ပါတယ်။ နယ်မြေသစ် နေရာသစ်ရောက်သွားတဲ့ ဆူရာ့ဂျ်ဟာ စိတ်သစ်လူသစ်နဲ့ ဘဝကိုအကောင်းဆုံးနေထိုင်ရင်း အိန္ဒိယသူလေး ဆူဟာနီနဲ့ဆုံခဲ့တယ်။ တိုင်းတစ်ပါးမှာသာနေနေပေမယ့် ဆူဟာနီရဲ့ ကိုယ့်လူမျိုးပေါ်မှာချစ်တဲ့စိတ်ကမသေးပါဘူး။ သူ့ဘဝအခြေကျဖို့ကြိုးစားရင်း ဒီမျိုးချစ်ကောင်မလေးအပေါ် အချစ်တွေလည်းတိုးရင်းပေါ့။ ဒါပေမဲ့ ဆူဟာနီရဲ့ အစ်ကိုကတော့တယူသန်...သြစတြေးလျလူမျိုးတွေဆို နာကျည်းမုန်းတီးနေတာ။ နာကျည်းဆို သြစတြေးလျလူမျိုးတွေက အိန္ဒိယလူမျိုးတွေအပေါ် နိုင်ထက်စီးနင်း ခွဲခြားဆက်ဆံမှုကို မြင်တွေ့နေရတာကိုး။ ဒီလိုနဲ့ သြစတြေးလျတွေနဲ့ အိန္ဒိယလူမျိုးတွေကြားက တင်းမာမှုတွေကြီးမားလာပြီး သတ်ဖြတ်လုယက်တဲ့ အနေအထားဖြစ်လာတဲ့အခါမှာ ဆူရာ့ဂျ်တစ်ယောက် ပါဝင်ပတ်သတ်လာရပါတော့တယ်။ လူမျိုးနှစ်စုအကြားက တင်းမာမှုဟာ နှစ်နိုင်ငံအကြားတင်းမာမှုအခြေအနေအထိ ရောက်လာတဲ့အခါမှာ ဆူရာ့ဂျ်ဘယ်လိုပါဝင်မလဲ၊ ဒီတင်းမာမှုကြီးရဲ့ ရင်းမြစ်ကရော ဘယ်ကစတာလည်းဆိုတာကို ဘယ်လိုအဖြေရှာမလဲဆိုတာ အက်ရှင်ခန်းတွေနဲ့အတူ စိတ်ဝင်စားစရာကောင်းအောင်ရှုစားရမှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို John, Intelligenceနဲ့ Thaik Sanတို့မှ တင်ဆက်ထားတာပါ။) File size…(2.7 GB)/(999 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:59:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by John, Intelligence, Thaik San

Action • Adventure • Fantasy
null 2010 119 mins
Crook: It's Good to Be Bad
Devotion
7

Devotion (2023) ဖြစ်ရပ်မှန်အခြေခံ စစ်ကားနောက်တစ်ကား လာပါပြီ။ Top Gun, Midway စတိုင် လေကြောင်းစစ်ပွဲကားပါပဲ။ စစ်ကားကောင်းတွေကလည်း ထွက်ဖို့ရှားတတ်ပြီး ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်တွေကလည်း ရိုက်စရာဇာတ်လမ်းကုန်နေပြီမို့ အက်မင်ဆိုတတိယကမ္ဘာစစ်တောင် မျှော်နေပါပြီ။ ဒီစစ်ကားကတော့ ကောင်းပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲကာလ၊ တောင်-မြောက်ကိုရီးယားနယ်စပ်တိုက်ပွဲမှာ ဝင်တိုက်ခဲ့တဲ့အမေရိကန်ရေတပ်လေယာဉ်မှူးတွေအကြောင်းပဲဖြစ်ပါတယ်။ သူရဲကောင်းဆုတွေရခဲ့ပြီး ယနေ့ထိ ထင်ရှားဆဲ လေယာဉ်မှူးတစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်အပြီး စစ်ပွဲမတွေ့ဖူးတော့ဘဲ ကင်းထောက်ပျံလိုက် လေ့ကျင့်လိုက်လုပ်နေတဲ့ တိုက်လေယာဉ်အုပ်-၃၂ မှာ တစ်ဦးတည်းသော လူမည်းပိုင်းလော့ဖြစ်တဲ့ ဂျက်ဆီဘရောင်းလည်းပါဝင်ပါတယ်။ သူရဲ့ သူငယ်ချင်းကောင်းကတော့ တွမ် ဟက်ဒ်နာလို့ခေါ်တဲ့ ဗိုလ်လေးပဲဖြစ်ပါတယ်။ သူတို့တွေဟာ လေ့ကျင့်တဲ့အဆင့်ကနေ တောင်မြောက်ကိုရီးယားနယ်စပ်မှာဖြစ်လာတဲ့ စစ်ပွဲကို ကူညီဖို့အတွက် လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ထွက်လာပြီးလေကြောင်းတိုက်ပွဲတွေဆင်နွှဲရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, War Quality…. 1080p | 720p | 480p File size…2.1GB | 1GB | 491MB Format… mp4 Duration…. 2h 19min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder …..Augyst

Comedy • Romance
7 2023 139 mins
Devotion
Huesera: The Bone Woman
6.4

Huesera: The Bone Woman (2022) ~ IMDb – 6.4/10, RT – 99%, Meta – 83% ~ Rotten Tomatoes ရော၊ Metacritic ရော ထိပ်ဆုံးရောက်နေတဲ့ စပိန် ဘော်ဒီဟော်ရာ ဒရာမာကားပါ။ A24 ကထုတ်တဲ့ကားမဟုတ်ပေမဲ့ A24 ဖန်တွေ ကြိုက်လောက်တဲ့ A24 ကားတွေလို ကားမျိုး‌ပေါ့။ Horror ဆိုပေမဲ့ မှောင်ခန်းမည်းခန်းက မပါသလောက်ဖြစ်ပြီး Midsommar လို လင်းလင်းကျင်းကျင်းနဲ့ လန့်ရမယ့် အခန်းတွေက ပိုများပါတယ်။ ဟော်ရာကားနဲ့မလိုက်မဖက် စစချင်းမှာတင် ကလေးမွေးတော့မယ့် မိခင်တစ်ယောက်ရဲ့ ကလေးအတွက် ပြင်နေဆင်နေခြင်းတွေကနေမှ တငွေ့ငွေ့ချင်း ပဟေဠိဆန်ဆန်သွားထားတဲ့ ခပ်ဆန်းဆန်းကားပါပဲ။ ခြောက်တာလှန့်တာ သိပ်မပါဘဲနဲ့ကို ဘာတွေဖြစ်နေလဲ အဖြေဝင်ရှာရင်း သိချင်စိတ်နဲ့ စိုးထိတ်ရမယ့် ဟော်ရာကားဆို ပိုမှန်ပါလိမ့်မယ်။ Body Horror ကားပီပီသသတော့ အသည်းယားစရာ အခြေအနေတွေပါပေမဲ့ အရမ်းဆိုးဆိုးကြီးတော့ မဟုတ်ပြန်ပါဘူး။ ခေါင်းစားရတဲ့ ဇာတ်ကားအဆန်းကြီးတွေကို ကြိုက်တတ်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 930MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 37Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.4 2022
Huesera: The Bone Woman
A Picture of Her
6.7

ဝါရှင်တန်က အဖေ့ရဲ့ငါးဖမ်းလှေပေါ်မှာ အလုပ်လုပ်တဲ့ ဘတ်သ် ဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာတော့ အယ်လ်အေမြို့က သူ့ရဲ့အဒေါ် ခြေထောက်ကျိုးသွားတာကြောင့် အဒေါ်ကို ပြုစုပေးဖို့အတွက် မြို့ပေါ်ကိုတက်လာခဲ့ပါတယ်။ အယ်လ်အေမြို့က လယ်သမားဈေး တစ်ခုမှာ လျှောက်ကြည့်နေတုန်း ဘတ်သ်ကို ဂျိတ်ဆိုတဲ့ ဓါတ်ပုံဆရာတစ်ယောက်က တွေ့သွားပြီး ဓါတ်ပုံလှမ်းရိုက်ခဲ့ပါတယ်။ အဲ့ဒီရိုက်လိုက်တဲ့ ဓါတ်ပုံဟာ မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါဖို့ရွေးချယ် ခံလိုက်ရပြီးမှာတော့ ဘတ်သ်ဟာ လူအများကြားမှာ နာမည်ကြီးလာခဲ့ပါတယ်။ ဒီနောက်မှာတော့ ဘတ်သ်ဟာ သူ့ရဲ့ဓါတ်ပုံကို အခွင့်မရပဲ ရိုက်လိုက်တဲ့ ဓာတ်ပုံဆရာရဲ့ သရုပ်မှန်ကို လိုက်လံရှာဖွေပါတော့တယ်။ ဒီလိုရှာဖွေနေချိန်အတွင်းမှာ ဘတ်သ်နဲ့ ဂျိတ် တို့ရဲ့ အချစ်ဇာတ်လမ်းလေး ပေါက်ဖွား လာတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(855 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

6.7 2023
A Picture of Her
The Dream Songs
7.7

The Dream Songs (2023) ************************ ကိုရီးယားနိုင်ငံရဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်တဲ့ Sewol Ferry ဖြစ်ရပ်မတိုင်ခင် ကျောင်းလေ့လာရေးခရီးမသွားခင်အချိန်လေးကို ဇာတ်အိမ်တည်ထားပြီး ဆယ်ကျော်သက်အရွယ်‌ ကျောင်းသူလေးနှစ်ယောက်ရဲ့ ရိုးရိုးသူငယ်ချင်းအချစ်ဆိုတာထက်ပိုတဲ့ ဒီကားလေးမှာတော့ ဂျောင်ဆယ်မီအဖြစ် Dear M ,Hello My Twenties စတဲ့ ဇာတ်လမ်းတွဲတွေထဲမှ ချစ်စရာမင်းသမီးလေး (Park Hye Soo) ဟာအွန်းအဖြစ် Next Sohee , Run On စတဲ့ ဇာတ်လမ်းတွဲထဲက မင်းသမီးလေး (Kim Si-Eun) တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ************* ကျောင်းလေ့လာရေးခရီး မထွက်ခင်တစ်ရက်အလို နေ့လယ်ခင်းမှာ ဂျောင်ဆယ်မီတစ်ယောက် ကျောင်းစာသင်ခန်းရဲ့ထောင့်မှာ အိပ်နေရာကနေ အိပ်မက်ဆိုးတစ်ခုကြောင့် မျက်ရည်တွေနဲ့ နိုးလာခဲ့ပါတယ် ။ အိပ်မက်ဆိုးကနေ နိုးထလာပြီးနောက် သူ့ရဲ့ သူငယ်ချင်းထက်ပိုနေတဲ့ခံစားချက်တွေကို ဖွင့်ပြောဖို့အတွက် မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်နေတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဟာအွန်းဆီကို အပြေးအလွှားသွားခဲ့ပါတယ် ။ ကျောင်းလေ့လာရေးခရီးသွားချင်ပေမဲ့ မတော်တဆမှုကြောင့် ခြေထောက်ထိသွားလို့ မသွားနိုင်တော့တဲ့ ဟာအွန်းကတော့ ဆေးရုံမှာလှဲနေကာ ရင်ထဲကဒဏ်ရာတွေကို ဖုံးကွယ်ထားပြီး‌ ဘာမှမဖြစ်သလိုဟန်ဆောင်နေပါတော့တယ် ။ ဒီလို စိတ်ဒဏ်ရာတွေကို ဖြစ်နေတဲ့ ချစ်ရတဲ့သူဆီကို အပြေးအလွှားသွားခဲ့တဲ့ ‌ဂျောင်ဆယ်မီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေက ဟာအွန်းဆီကို ရောက်ရှိနိုင်ပါ့မလား…. ကပ်ဆိုးကြီးတစ်ခုနဲ့ ကြုံတွေ့ရတော့မှာကို မသိဘဲ ကျောင်းလေ့လာရေးခရီးအတွက် ပျော်ရွှင်စိတ်လှုပ်ရှားနေကြပြီး ချစ်ခင်ရသူတွေကို နှုတ်ဆက်စကားမပြောနိုင်ခဲ့ကြတဲ့ ဆယ်ကျော်သက်အရွယ်ကလေးတွေရဲ့ ပုံရိပ်တွေကို တစ်ရှုးဆောင်ပြီး ကြည့်ရှုခံစားဖို့အတွက် Channel Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ် ……. File size… 1.87 GB / 694 MB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1 hr. 58 min. Genre ….. Romance, Youth, Drama Subtitle…. Myanmar Subtitle (Hard Sub) Translated by …. Su Sandi Encoded by …. AHtet

Action • Romance
7.7 2023
The Dream Songs
The New Guy

Imdb rating – 5.8/10 ဒီကားလေးကတော့ အမေရိကန် ကျောင်းသားဟာသကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒစ်ဇ်က အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး အတန်းထဲမှာ အနိုင်ကျင့်ခံအရှုံးသမားတစ်ယောက်ပါ။ ဒါပေမဲ့ စီနီယာနှစ်မှာတော့ အဲဒါကိုပြောင်းလဲဖို့အတွက်ကြိုးစားရင်း မတော်တဆမှုဖြစ်ပြီး လူရယ်စရာဖြစ်သွားပါတယ်။ စိတ်ညစ်ညစ်နဲ့ ချာ့ခ်ျဂီတအဖွဲ့ထဲ၀င်ကြွယ်လိုက်တာ တစ်ညဂျေးအောင်းလိုက်ရပြီး လူသာဆိုတဲ့ဘဲကြီးဆီအရှုံးသမားကနေ လူကြမ်းကြီးဖြစ်ဖို့ နည်းစနာယူပညာသင်ပါတော့တယ်။ ကျောင်းလည်းပြောင်းလိုက်ပြီးတော့ နာမည်ပါပြောင်း သင်လာသမျှပညာတွေထုတ်သုံးပြီး ဒစ်ဇ်တစ်ယောက် သူဖြစ်ချင်သလို လူကြမ်းကြီးဖြစ်အောင် ကြိုးစားတဲ့အကြောင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာပါ။ plotက အကောင်းကြီးမဟုတ်ပေမဲ့ ခွီပဲခွီချင်တယ်ဆိုတဲ့ ကြည့်ရှုသူတွေအတွက် ရွေးချယ်ဖို့အဆင်ပြေတဲ့ကားလေးဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

0 2002
The New Guy
Together: 4-In-A-Row
6.3

Together: 4-In-A-Row (2024) IMDb Rating (6.3) ဘောလုံး​လောကမှာ Manchester City လို့ပြောလိုက်ရင် မသိတဲ့သူဟာမရှိလောက်ပါပဲ။ ဒီတစ်ခါ Together ဇာတ်လမ်းမှာတော့ Manchester City ရဲ့ လေးကြိမ်ဆက်တိုင် ပရီးမီးယားလိဂ်အနိုင်ယူခဲ့ပုံကို ပက်ပ်ဂွာဒီယိုလာ၊ ရိုဒရီနဲ့ ကိုင်းလ်ဝေါလ်တို့ရဲ့ အတွေးအမြင်အားဖြင့် ပြန်လည်ထင်ဟပ်ထားပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရာသီမှာတော့ မန်စီးတီးအသင်းဟာ အရင်နှစ်တွေလို ရာသီစမှာထဲက ပရီးမီးယားလိဂ်ထဲမှာ အစမကောင်းခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကို ဂွာဒီရိုလာလက်ထက်စနိုင်ကတည်းက မရှိဖူးခဲ့တဲ့ ၃ ပွဲဆက် ၄ လေးပွဲဆက်အရှုံးတွေပါရှိလာခဲ့ပါတယ်။ ဒါ့အပြင် ရာသီတစ်ဝက်ရောက်ခါနီးမှာ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရွိုင်းက ဒဏ်ရာရသွားတာကတစ်ကြောင်း၊ နည်းပြချုပ်နဲ့ မန်နေဂျာဖြစ်တဲ့ ဂွာဒီယိုလာက အသက်အရွယ်အရ ခါးပြဿနာကြောင့်ခွဲစိတ်ခန်းဝင်လိုက်ရတဲ့တစ်ကြောင်း အသင်းရဲ့ကွင်းလယ်လူတစ်ယောက်ကပါ ပွဲထဲစိတ်မထိန်းနိုင်ဘဲ ပြိုင်ဘက်ကစားသမားကို ရန်ပြုလိုက်လို့ အနီကတ်ရသွားတာကတစ်ကြောင်း အစရှိတဲ့အတွင်းပိုင်းပြဿနာတွေကြောင့် မန်စီးတီးတို့ဟာ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ ပြဿနာဖြစ်ပြီး အသင်းရဲ့ပျမ်းမျှခြေစွမ်းကိုပါ ထိခိုက်စေသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးနောက်ပိုင်းနောက်ဆုံးမှာ ဒီရာသီရဲ့ အထွဋ်အထိပ်အသင်းဖြစ်တဲ့ လီဗာပူးနဲ့ ချန်ပီယံပြိုင်လုဖို့အထိခြေမာလာခဲ့တဲ့ အာဆင်နယ်တို့ရဲ့ ရန်ကို ဘယ်လိုမျိုးကျော်လွှားပြီး လေးကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူသွားလဲဆိုတာကို ဒီထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(7.3 GB) / (2.6 GB) / (1.2 GB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:32:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mark

6.3 2024 92 mins
Together: 4-In-A-Row
Love Appointment
5.6

ဒီတစ်ခါမှာတော့ CM ကနေအချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ GD အုပ်စုပိုင်ရှင်ရဲ့သမီးဖြစ်သူလင်ချုံရုံကတော့ ငယ်စဉ်တည်းကရွှေဇွန်းကိုက်မွေးဖွားလာသည့်အပြင်ကိုမှ အရမ်းမောက်မာလွန်းတဲ့လူတစ်ယောက်ဖြစ်ပေမဲ့ ဘယ်တော့မှမိသားစုရဲ့ နွေးထွေးမှုကို မရခဲ့တဲ့မိန်းကလေးတစ်ယောက်။ အွန်လိုင်းအဌားယာဉ်မောင်းအလုပ်လုပ်ပြီး ရနေတဲ့ဘဝကိုကျေကျေနပ်နပ်နဲ့ ဖြတ်သန်းနေတဲ့ လျိုကျားမင်ကတော့ ရိုးသားကြင်နာတတ်တဲ့ခန့်ညားတဲ့ကောင်လေးပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ဘုတ်အဖွဲ့အဖိုးကြီးတစ်ဖွဲ့ကလင်ချုံရုံကို ဟောင်ကောင်မှာ စီမံကိန်းတစ်ခုလုပ်ခိုင်းပြီး အောင်မြင်မယ်ဆိုရင်တော့ကုမ္ပဏီရဲ့ဥက္ကဌနေရာကို ပေးမယ်လို့ပြောခဲ့တာကြောင့်လင်ချုံရုံတစ်ယောက် ဟောင်ကောင်သွားဖို့ ပြင်ဆင်တဲ့အချိန်မှာပဲ လမ်းမှာလင်ချုံရုံရဲ့ခင်ပွန်းလောင်းဖြစ်သူ မကောင်းကြံစည်မှုနဲ့ကြုံတွေ့ခဲ့တယ်။ အဲ့အချိန်မှာလင်ချုံရုံတစ်ယောက် လျိုကျားမင်ကားနဲ့ လေဆိပ်သွားတဲ့လမ်းမှာတင် သတိမေ့မူးလဲသွားပြီး အာရုံကြောစနစ် ထိခိုက်စေတဲ့ဆေးပမာဏအလွန်အကျွံဝင်သွားမှုကြောင့် ခဏတာအတိတ်မေ့မှုဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့်ပဲလျိုကျားမင်က ရဲစခန်းမှာမိသားစုဝင်ရှာဖွေဖို့အမှုဖွင့်ခဲ့ပြီး မိသားစုဝင်ရှာမတွေ့ခင်ထိလျိုကျားမင်က လင်ချုံရုံကိုမိမိနေအိမ်မှာ ထိန်းသိမ်းဖို့ ရဲစခန်းကနေမှာကြားထားကြောင့် တခါမှအလုပ်ကြမ်းမလုပ်ဖူးတဲ့ လင်ချုံရုံတစ်ယောက် သာမာန်လူတန်းစားဘဝကိုရောက်သွားတဲ့ အချိန်မှာဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ပိုက်ဆံချမ်းသာတဲ့အသိုင်းအဝိုင်းနဲ့ သာမာန်လူလတ်တန်းစားဘဝတို့ရဲ့ ဘဝအခြေအနေဖြတ်သန်းပုံတွေကို ပေါလွင်အောင် ပြသထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တာကြောင့် ဒီဇာတ်ကားလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင်

Drama
5.6 2025
Love Appointment
One Piece: Clockwork Island Adventure
6.6

One Piece: Clockwork Island Adventure (2001) My Anime List – 7.08/10, IMDB Rating – 6.6/10 ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ movie ကောင်းလေးကတော့ One Piece Animation Series ရဲ့ ၂၀၀၁ ခုနှစ်တုန်းက ထွက်ရှိထားခဲ့တဲ့ ၂ ကားမြောက် movie လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဝရမ်းပြေးအဖြစ် ဆုကြေးငွေထုတ်ခံလိုက်ရတဲ့ Luffy တို့အုပ်စုက ကမ်းခြေတစ်ခုမှာ ပျော်ပွဲစားထွက် အနားယူနေရင်း Going Merry ဆိုတဲ့ သူတို့ရဲ့ ပင်လယ်ဓားပြသင်္ဘောကြီး အခိုးခံလိုက်ရပါသတဲ့။ ဘယ်သူခိုးသွားလဲဆိုတာ မသိဘဲ သူခိုးနောက်ကို လိုက်ကြရင်း ပင်လယ်ထဲမှာပဲ BorĹŤdo နဲ့ ‌Akisu ဆိုတဲ့ သူခိုးညီနောင်နဲ့ တွေ့သွားကြပါတယ်။ အဲဒီ သူခိုးညီနောင်နဲ့ တွေ့ပြီး သူတို့သင်္ဘောကို ခိုးသွားတာ နာရီစက်ကျွန်းပေါ်က Trump ပင်လယ်ဓားပြတွေဆိုတာ သိခဲ့ရပြီး BorĹŤdo တို့ ညီအစ်ကိုကလည်း အဲဒီနာရီစက်ကျွန်းပေါ်က စိန်နာရီဆိုတဲ့ ရတနာကို ခိုးချင်နေတာဖြစ်ကြောင်း ပြောလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပင်လယ်ထဲမှာ Trump မောင်နှမတွေရဲ့ ပင်လယ်ဓားပြအုပ်စု‌နဲ့ ထိပ်တိုက်တွေ့ခဲ့ရပြီး Luffy တို့အုပ်စုထဲက Nami San ဆိုတဲ့ အလှလေးကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စိန်နာရီကို ခိုးချင်တဲ့ BorĹŤdo ညီနောင်နဲ့ Nami San နဲ့ သူတို့ရဲ့ သင်္ဘော Going Merry ကို ပြန်လိုချင်တဲ့ Luffy တို့အုပ်စုဟာ နာရီစက်ကျွန်းကို အတူသွားဖို့ ဖြစ်လာကြတဲ့အခါ… ပန်းတိုင်တူနေကြတဲ့ အုပ်စုတွေ နာရီစက်ကျွန်းပေါ်က ထောင်ချောက်တွေအပြည့်ရှိနေတဲ့ Trump ရဲတိုက်ကို ဘယ်လို အရောက်သွားကြမလဲ Nami San နဲ့ Going Merry သင်္ဘောကိုရော Luffy တို့က ပြန်ရနိုင်ပါ့မလား၊ စိန်နာရီကိုရော BorĹŤdo ညီနောင်ကခိုးနိုင်ပါ့မလားဆိုတာ စိတ်ပါဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ နောက်ပြီး သူငယ်ချင်းအုပ်စုတွေကြားက သံယောဇဥ်တွေ၊ ဘယ်လိုတွေ ပူးပေါင်းတိုက်ခိုက်ကြလဲဆိုတာအပြင် One Piece ရဲ့ ထုံးစံအတိုင်း Luffy တို့ သူငယ်ချင်းအုပ်စုရဲ့ စခွီတွေလည်းပါဝင်တော့ တစ်ကားလုံး မပျင်းရဘူးဆိုတာတော့ အ‌သေအချာပါပဲ။ စီးရီးမကြည့်ဖူးတဲ့ လူတွေအတွက်လည်း အဆက်အစပ်မရှိဘူးလို့ မခံစားရလေအောင် တစ်ကားတည်းမှာပဲ အစအဆုံး အကုန်ပြီးစီးတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပြီး စီးရီးကြည့်ပြီးသား သူတွေအနေနဲ့လည်း အသစ်အဆန်းလေးဖြစ်အောင် ဒီ movie လေးကို ကြည့်ရှုဖို့ ဖိတ်ခေါ််အပ်ပါတယ်ရှင်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ပဲဖြစ်ပါတယ်) File size… 1.4 GB / 620 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 55m Subtitle….Myanmar Subtitle (Hardsub) Encoder…. Thit San Khant Translated by ttmuswe

Drama • History
6.6 2001 60 mins
One Piece: Clockwork Island Adventure
What No One Knows

ဇာတ်လမ်းက ဆယ်ကျော်သက်အရွယ်ကတည်းက ရင်းနှီးခဲ့တဲ့ Oriyomi နဲ့ Ifelolu ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်း ပါ။ Oriyomi က မိဘမဲ့ဖြစ်ပြီးတော့ အင်္ဂလန်ကနေ လာဂို့စ်ကို ပြန်လာနေထိုင်တဲ့သူ၊ Ifelolu ကတော့ အစ်ကိုဖြစ်သူ ဆုံးသွားပြီးနောက် တစ်ဦးတည်းသောသားဖြစ်လာတယ်။ သူတို့နှစ်ယောက်က လာဂို့စ်မှာ တွေ့ဆုံပြီး မတူညီတဲ့ ပင်ကိုယ်စရိုက်တွေရှိပေမယ့် ခိုင်မာတဲ့ သံယောဇဉ်တစ်ခု ဖြစ်လာတယ်။ အရွယ်ရောက်လာတော့ Mama ‘O’ Events ဆိုတဲ့ ပွဲစီစဉ်တဲ့ ကုမ္ပဏီတစ်ခုကို အတူတည်ထောင်ပြီး Oriyomi က မုန့်ဖုတ်တဲ့သူ၊ Ifelolu က ဓာတ်ပုံဆရာမအဖြစ် လုပ်ကိုင်ကြတယ်။ သူတို့ဘဝထဲမှာ အချစ်ရေးတွေ ဝင်လာတယ်။ Oriyomi က သူ့ရဲ့ ငယ်ချစ်ဦး Akin နဲ့ ပြန်ဆုံပြီး လက်ထပ်တယ်။ Ifelolu ကတော့ Akin ရဲ့ သူငယ်ချင်း Efe နဲ့ လက်ထပ်တယ်။ အရာအားလုံး အဆင်ပြေနေပုံရပေမယ့် သူတို့နှစ်ယောက် လျှို့ဝှက်ထားတဲ့ သဘောတူညီချက်တစ်ခုကြောင့် ဘဝတွေ ပြိုလဲလာတယ်။ ဒီလျှို့ဝှက်ချက်က သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို စမ်းသပ်ရုံတင်မကဘဲ မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေဆီ ဦးတည်သွားတယ်။ ဒီဇာတ်ကားက စိတ်ခံစားချက်တွေ ယဉ်ကျေးမှု မိသားစုတန်ဖိုးတွေ နဲ့ လျှို့ဝှက်ချက်တွေကို ပြထားတယ်။ နိုင်ဂျီးရီးယားရဲ့ လှပတဲ့ နေရာတွေကို ပြသထားတာက ရုပ်ရှင်ကို ပိုမိုဆွဲဆောင်မှုရှိစေတယ်။ တေးဂီတတွေကလည်း ဇာတ်လမ်းနဲ့ လိုက်ဖက်ပြီး စိတ်ခံစားချက်ကို ပိုမြှင့်တင်ပေးတယ်။ Cannes World Film Festival မှာ Best International Feature Film နဲ့ Best Acting Debut ဆုတွေ ရရှိခဲ့ပြီး Nollywood Week Film Festival (Paris) နဲ့ Cannes 7th Art Awards မှာလည်း ရွေးချယ်ခံရပါတယ်။ ရိုးရိုးဇာတ်လမ်းထက် စိတ်ခံစားချက်နဲ့ လှည့်ကွက်တွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးကြိုက်ရင် “What No One Knows” က ကြည့်သင့်ပါတယ်။ ဒါပေမယ့် အက်ရှင် ဒါမှမဟုတ် ပေါ့ပါးတဲ့ ဇာတ်ကွက်မျိုးမျှော်လင့်ထားရင်တော့ နည်းနည်းလေးလေးနက်တယ်လို့ ခံစားရနိုင်ပါတယ်နော်။ File size…(1.5 GB)/(766 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Horror
0 2024
What No One Knows
The Old Guard 2
7.2

The Old Guard 2 (2025) ဒါကတော့ ၂၀၂၀ မှာ ထွက်ရှိခဲ့တဲ့ The Old Guard 1 ရဲ့ အဆက်ဖြစ်ပြီးတော့ တော်တော်များများ စောင့်မျှော်နေကြတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အခုမှ စကြည့်မဲ့သူတွေကတော့ မသေမျိုးတွေ သူတို့ရဲ့ ရည်ရွယ်ချက်တွေ အဖြစ်သနှစ်တွေကို လုံးစေပတ်စေ့ နားလည်ဖို့ဆိုရင် အပိုင်းတစ်ကို ပြန်သွားကြည့်စေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီဒုတိယအပိုင်းမှာတော့ အန်ဒီဟာ သူမရဲ့ မသေမျိုးဘဝကို ဆုံးရှုံးသွားခဲ့တာ ၆ လကျော်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ အန်ဒီဟာ သူမရဲ့ မသေမျိုးစစ်သည်တော်တွေရဲ့ လူသားမျိုးနွယ်ကို အန္တရာယ်ပြုလာနိုင်တဲ့ကိစ္စတွေကို လိုက်လံတားဆီး ကာကွယ်နေဆဲဖြစ်ပါတယ်။ အဲအချိန်မှာ သူမထက်တောင် ပိုပြီးတော့ ကမ္ဘာပေါ်မှာ နေထိုင်လာတာသက်တမ်းကြာပြီဖြစ်တဲ့ ရှေးကျတဲ့ မသေမျိုး အမျိုးသမီး ဒစ်စကော့က သူမနဲ့ပတ်သက်ပြီး မှတ်တမ်းတင်ထားတဲ့ သမိုင်းကြောင်းတွေကို ခိုးယူသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အန်ဒီနဲ့အတူ ကတိအပြန်အလှန်ထားရှိခဲ့တဲ့ ကွင်ကလည်း ပိတ်လှောင်ခံထားရတဲ့နေရာကနေ လွတ်မြောက်လာခဲ့ပါတယ်။ ဒီတော့ အန်ဒီတစ်ယောက် ဘာလို့ မသေမျိုးဘဝကို ဆုံးရှုံးလိုက်ရတာလဲ၊ ဒစ်စကောဆိုတဲ့ ထူးဆန်းတဲ့မသေမျိုးကလည်း ဘာတွေကြံစည်နေတာလဲ၊ ကွင် ပြန်လွတ်လာတာနဲ့ရော ဆက်စပ်မှုရှိနေလား၊ သူတို့ကို ဘယ်လိုကြီးမားတဲ့အန္တရာယ် စောင့်ကြိုနေလဲ၊ ဒါကို ဘယ်လိုတားဆီးကြမလဲဆိုပြီး သိချင်စိတ်တဖွားဖွားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Matteo ဖြစ်ပါတယ်။) File size… (6.4 GB) / (1.6 GB) / (940 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Adventure, Fantasy, Thriller Duration…. 01:47:41 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Matteo & Act Molemy

7.2 2025 107 mins
The Old Guard 2
The Life of Chuck
7.7

The Life of Chuck (2024) ******************* IMDb Rating (7.7) / Rotten Tomatoes (81%) စာရေးဆရာကြီး စတီဖင်ကင်းရဲ့ If it Bleeds ဝတ္ထုတိုတွေကို အသက်သွင်းထားတဲ့ နောက်ထပ် ရုပ်ရှင်အသစ်လာပါပြီ။ ဒါရိုက်တာကလည်း Doctor Sleep, The Haunting of Hill House တို့ရဲ့ ဒါရိုက်တာ Mike Flanagan ပါပဲ။ အဓိက သရုပ်ဆောင်ကတော့ လိုကီမင်းသား Tom Hiddleston ပါပဲ။ ချားခရန့်ဆိုတဲ့လူတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို သုံးပိုင်းခွဲပြီး ရုပ်ရှင်အမျိုးအစားပေါင်းစပ်ရိုက်ကူးထားတဲ့ ဘဝသရုပ်ဖော်၊ လျှို့ဝှက်ဆန်းကြယ်၊ သိပ္ပံစိတ်ကူးယဉ် အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း ++++++++++ ဒီရုပ်ရှင်ထဲမှာ လူတစ်ယောက်ရဲ့ ဘဝအမြင်ပြောင်းလဲလာပုံတွေ၊ သေခြင်းတရားရဲ့အမြင်တွေ၊ သရဲတကယ်ရှိမရှိဆိုတာတွေ၊ ဆဌမအာရုံဆိုတာ တကယ်ရှိမရှိဆိုတာတွေ စသဖြင့် မေးခွန်းများစွာကို ချက် တစ်ယောက် အဖြေရှာလာရပုံနဲ့ နောက်ဆုံးမှာ ငြိမ်းချမ်းသွားတဲ့အထိ တွေးစရာလေးတွေ ပေးပြီး ပြသသွားတာမျိုးဖြစ်ပါတယ်။ The Tree of Life တို့ Eternal Sunshine of the Spotless Mind တို့လို ရုပ်ရှင်ကြိုက်တတ်တဲ့သူတွေအတွက် ဒီရုပ်ရှင်ကိုလည်း ကြိုက်ကြမှာပါ။ File Size… (4.74GB)/(1.42GB) (789MB) Quality… WEB-DL 4K HEVC/1080p HEVC /720p Format…mkv / mp4 Duration…1h 51m Genre ….Drama , Fantasy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson & Thiha

7.7 2024 111 mins
The Life of Chuck