YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Savi (2024) Hindi TRUE WEB-DL - 1080p - AVC - YK(CM).mp4

1.91 GB 1080p video/mp4 1511 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Left Behind: Rise of the Antichrist
4.2

ဒီနေ့မှာတော့ Tim LaHaye နဲ့ Jerry B. Jenkins တို့ရဲ့ နာမည်ကြီး ဝတ္ထုစီးရီးတွေကို ပြန်ရိုက်ကူးထားတဲ့ Left behind ရုပ်ရှင်စီးရီးတွေ ထဲက 2023 မှာ ထွက်ထားတဲ့ Left Behind: Rise of the Antichrist ကို တင်ဆက်ပေးသွားမှာပါ။ ကိုဗစ်ကပ်ဘေးဒုက္ခကို ရင်ဆိုင်အပြီးမှာ တစ်ကမ္ဘာလုံး ထင်မှတ်မထားတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရပြန်ပါပြီ။ တစ်ချိန်တည်းမှာ လူသန်းနဲ့ ချီပြီး ရုတ်တရက်ပျောက်သွားတာ ဖြစ်ပါတယ်။ လူတွေအားလုံး စိုးရိမ်ထိတ် လန့်မှုတွေ ကြောက်လန့်မှုတွေ ခံစားနေရပြီး အကြမ်းဖက်မှုတွေ မကောင်း မှုတွေလည်း ကမ္ဘာနှင့်အဝှမ်း မြင့်တက်လာပါတယ်။ တစ်ကမ္ဘာလုံး ဒုက္ခ အတိနဲ့ အဆိုးဆုံးနေ့ရက်တွေကို ရင်ဆိုင်နေရပါတယ်။ ဒီအချိန်မှာ ကုလသမဂ္ဂခေါင်းဆောင် နစ်ကိုလိုင်း ကာပေသီယန်က ကပ် ဘေးဒုက္ခကနေ ရှင်သန်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တစ်နိုင်ငံတည်းအဖြစ် စုစည်းပြီး ဘေးဒုက္ခတွေ ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားရမယ်လို့ ဆိုလာပါတယ်။ လူအများကတော့ သူ့ကို သဘောကျ ပြီး အားပေးထောက်ခံနေကြပါတယ်။ နစ်ကိုလိုင်း ပုံဖော်ထားတဲ့အတိုင်း ကမ္ဘာ့နိုင်ငံတွေကို တစ်နိုင်ငံတည်းအဖြစ် စုစည်းပြီး ကပ်ဘေးကနေ လွတ် မြောက်နိုင်ပါ့မလား။ နစ်ကိုလိုင်းရဲ့ ရည်ရွယ်ချက်တွေကရော စစ်မှန်ရဲ့လား။ ကမ္ဘာကြီးကို နောက်ဆုံးနေ့ရက်တွေဆီ ဆွဲခေါ်သွားမှာလားဆိုတာကိုတော့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size..........(1.34 GB) / (532 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 55Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Mystery Translator.......Phu Myat Thwe Encoder..........SWM

TV Movie • Thriller
4.2 2023 118 mins
Left Behind: Rise of the Antichrist
[18+] Haseena
4.3

Haseena (2018) မိန်းမလှလေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ဟဆီနားတဲ့။ သူဟာ လူကုံထံတွေ လုပ်ငန်းရှင်တွေကိုပစ်မှတ်ထားပြီး သူမရဲ့အလှနဲ့ဖမ်းစားတယ်။ ပြီးရင် သူတို့ပိုင်ဆိုင်သမျှကို လုယက်တတ်တဲ့ ကြောင်ဆိုးမလေးပေါ့။ ပြီးတော့ ရာဟူလ် ရိုဟစ် နဲ့ ရာဂျန်းဆိုတဲ့ သုံးယောက်ပေါင်းလောင်းကျော် သူငယ်ချင်းသုံးယောက်ရှိတယ်။ သူဋ္ဌေးသားလေးတွေပေါ့။ ဂိုအာခရီးစဉ်ကို ကဲဖို့သွားနေတုန်း ဟဆီနားဟာ သူတို့ကို မျက်စိကျသွားပါတော့တယ်။ ဒီလိုနဲ့ ဒီသူဋ္ဌေးသားလေးတွေရဲ့ဘဝဟာ ဘယ်လိုတွေ ရိုလာကိုစတာစီးရတော့မလဲဆိုတာကိုတော့ ၁၈အပေါင်းအခန်းလေးတွေနဲ့ ရှုစားတော်မူကြပါဦးနော်။ ဒီတော့ လူငယ်တွေလည်း လှတာချည်း မက်မနေကြပါနဲ့..မုန့်ကိုမြင်တာတော့ မြင်ပါ တုတ်ကိုလည်း တွေ့အောင်ရှာပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။

Romance • Drama
4.3 2018
[18+] Haseena
Khun Pun
5

Khun Pan 1 (2016) ၁၉၃၉ ခုနှစ် မှာ ထိုင်းနိုင်ငံ ချွန်ဖွန်ဆိုတဲ့နယ်က ဓါးပြတွေ ကြီးဆိုးတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ် ဓါးပြတွေကို နှိမ်နင်းဖို ခွန်ဖန်ဆိုတဲ့ ရဲမှူးချုပ် တာဝန်ပေးအပ်ခံရပါတယ် ဓါးပြနယ်မြေဖြစ်တဲ့အတွက် ရဲအဖြစ် ထင်ထင်ပေါ်ပေါ်သွားလိုမရတဲ့အတွက် အဲ့ဒီနယ်မြေမှာ သာမန်လူလို လတော်တော်ကြာကြာ သူလျိုအဖြစ်နဲ့နေထိုင်ရပါတယ် ဒါပေမဲ့ ခွန်ဖန် ရင်ဆိုင်ရမယ့်လူက မှော်အစွမ်းတတ်တဲ့ ဓါးပြခေါင်းဆောင် အာဟာဝီယူရူပါ အာဟာဝီယရူဆိုတဲ့သူက ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်လာတဲ့ဓါးပြဖြစ်တဲ့အတွက် အငြိုးကြီးသလို ရက်လည်း ရက်စက်ပါတယ် အထူးသဖြင့်ရဲတွေကိုပေါ့ အမေဖြစ်သူကလည်း သူ့ရှေ့မှာ သေနတ်ပစ်ခံရပြီး ဆုံးခဲ့တာကြောင့် သူ့ရင်ထဲက အငြိုးမီးတွေကို ပိုပြီးတော့ လောင်မြိုက်နေစေပါတယ် ဆိုတော့ ခွန်ဖန်တစ်ယောက် အာဟာဝီယရူကို ဘယ်လို နည်းလမ်းနဲ့ နှိမ်နင်းသွားမှာလဲ မှော်အစွမ်းတွေနဲ့ဖိုက်တင်ခန်းတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနှင့် တဝကြီး ကြည့်ရမှာမို စောင့်ကြည့်လိုက်တော့နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Fake Love ပဲ ဖြစ်ပါတယ်။ Genre…..Action, History, Thriller Quality…. 1080p | 720p File size…1.8GB | 991MB Format… mp4 Duration….1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator …..Fake Love Encoder …..Aaron

Crime • Comedy • Drama
5 2016
Khun Pun
Love Amongst the Stars
5.6

မနှစ်ကထွက်ရှိထားတဲ့ Love Amongst The Stars ဆိုတဲ့ ကြယ်တာရာတွေကြားက အချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်ဗျ။ ဟိုက်ဒီက မြို့ငယ်လေးတစ်မြို့က တက္ကသိုလ်တစ်ခုရဲ့ နက္ခတ္တဗေဒပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောင်းသားတွေအတွက် နက္ခတ်တာရာကြည့်မျှော်စင်တည်ဆောက်ဖို့ ရန်ပုံငွေလိုအပ်တာကြောင့် အထက်ဘုတ်အဖွဲ့ကို ဒဏ္ဍာရီလာကြယ်တံခွန်တစ်ခုရဲ့ တည်ရှိမှုအကြောင်း သက်သေပြဖို့ကြိုးစားနေသူဖြစ်ပါတယ်။ ဩဂတ်စ်ကတော့ ဒီတက္ကသိုလ်ကို သမိုင်းဌာနရဲ့ ပရော်ဖက်ဆာရာထူးနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ဒါပေမဲ့သူက ရှေးဟောင်းသုတေသီတစ်ယောက်လည်းဖြစ်ပြီး ကမ္ဘာလှည့် စွန့်စားခန်းတွေဖွင့်ဖို့အတွက် နယူးယော့က်မှာ အခြေခိုင်တဲ့အလုပ်တစ်ခုရဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ဒါကြောင့် နယူး‌‌ယောက်က အထက်လူကြီးတွေရဲ့ စိတ်အာရုံကိုဖမ်းယူနိုင်ဖို့ ဟိုက်ဒီရဲ့ ကြယ်တံခွန်ရှာဖွေရေးမစ်ရှင်ကြီးပါ ပါဝင်ကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာဆို အဓိက‌ဇာတ်ဆောင်တွေက အချစ်ကိုကိုးကွယ်တဲ့အရွယ်မဟုတ်ဘဲ တက္ကသိုလ်တစ်ခုရဲ့ပါမောက္ခတွေအနေနဲ့ ပုံဖော်ထားတာမို့ မျက်စိနောက်စရာ ရင်ခုန်စရာ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းပုံစံမဟုတ်ဘဲ ဘဝရဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေတဲ့ သက်လတ်ပိုင်းတွေနဲ့ သူတို့ရဲ့အချစ်အပေါ်အမြင်၊ အချစ်တစ်ခုကို သူတို့ဘဝရဲ့ ဘယ်အတိုင်းအတာအထိ ဝင်စွက်ဖက်ခွင့်ပေးမလဲဆိုတာကို ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

5.6 2022
Love Amongst the Stars
Lay the Favorite
4.8

Lay the Favorite (2012) ================== အရက်စားပွဲထိုး ဖြစ်ချင်နေတဲ့ အကသမား မိန်းကလေး ဘတ်က Las Vegas ကို ပြောင်းလာပြီးတဲ့နောက်မှာ ဒင့်ခ်ဆိုတဲ့ လောင်းကစားသမားတစ်ယောက်နဲ့ တွေ့ခဲ့ တယ်။ ဘတ်က ကိန်းဂဏန်းတွေလည်းတော်ပြီး ဉာဏ်ကောင်းတာမို့ အလုပ်ရှာနေ ရာက ဒင့်ခ်ရဲ့ လောင်းကစားဒိုင်မှာ အလုပ်ရသွားတယ်။ နောက်တော့ ဘတ်က သူ့ရဲ့ အလုပ်ရှင် ဒင့်ခ်ကိုပါ ကြွေလာတယ်။ ဒါပေမဲ့ ဒင့်ခ်မှာက ဘာအလုပ်မှမလုပ်ဘဲ သူ့ ယောကျ်ားပိုက်ဆံပဲ လိုက်ဖြုန်းနေတဲ့ ကျူးလစ်ဆိုတဲ့ မိန်းမရှိနေတယ်။ နောက်တော့ ဘတ်က ဒင့်ခ်ကို ဆွဲဆောင်ပြီး ကျူးလစ်နဲ့သူနဲ့ကြား ရွေးချယ်ခိုင်းပါ တော့တယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်တစား ဆက်ကြည့်ရှုရမယ့် လောင်းကစား၊ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက Beth Raymer ဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ် မှန်ကို ရိုက်ကူးထားတာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.69 GB) / (679 MB) Quality…………BLU-RAY 1080p / 720p Duration……..1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator……Thwal Htoo Zin Encoder……….SWM

4.8 2012 94 mins
Lay the Favorite
Sianviathan
5.7

စွေ့မင်းဆက်ခေတ် မော့နှစ်မှာ စစ်ပွဲတွေအဆက်မပြတ်ဖြစ်ပြီး လောကကြီးတစ်ခုလုံး ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်ကုန်ကြပါတယ် ။ အဲဒီအချိန်မှာပဲ ကောလဟာလတစ်ခုကပြည်သူတွေကြားထဲမှာ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပါတယ် ။ အဲဒီကောလဟာကတော့ မြောက်ပိုင်းမဟာတံတိုင်းကြီးရဲ့ အောက်ခြေမှာ နတ်သစ်ပင်တစ်ပင်နဲ့နတ်ဓားတစ်လက်ပေါ်လာတယ်ဆိုတာပဲဖြစ်ပါတယ် ။ လူတွေကိုပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာစေတာက အဲဒီနတ်ဓားကို ပိုင်ဆိုင်ခွင့်ရတဲ့ဘယ်သူမဆို မိမိရဲ့အလိုဆန္ဒတွေ ပြည့်သွားတတ်တယ်ဆိုတဲ့သတင်းကြောင့်ပါပဲ ။ အဲဒီသတင်းပြန့်သွားပြီးနောက်ပိုင်းမှာ အနယ်နယ်အရပ်ရပ်က အဆင့်မြင့်သိုင်းသမားတွေက အဲဒီဓားကိုလုဖို့လာကြပါတော့တယ် ။ အဲဒီသိုင်းသမားတွေထဲ ဘယ်သူကနတ်ဓားကိုပိုင်ဆိုင်သွားမလဲ ? နတ်ဓားနဲ့နတ်သစ်ပင်ရဲ့ဇစ်မြစ်ကရော ထင်ထားသလိုမျိုး ရိုးရှင်းမှုရှိပါ့မလား ။ နတ်သစ်ပင်ကိုစောင့်ရှောက်တဲ့နတ်သားရဲကြီးကရော နတ်ဓားကိုလွယ်လင့်တကူ‌ယူခွင့်ပေးပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်

5.7 2024
Sianviathan
Hot Fuzz
7.9

သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။ သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ ဇာတ်လမ်းကတော့…. ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာ အသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့… ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့….LoL… ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်… သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်…. ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။ နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာ ကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့….. တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ………။ လူ့သဘောတွေကို သရော်ထားတဲ့ ဒီဇာတ်ကားလေးဟာ Rating တွေလဲမြင့်မားပြီး IMDb (7.9) …Rotten Tomatoes (91%) ထိ ရရှိထားပါတယ်။ လုံးဝလက်လွတ်မခံသင့်တဲ့ဇာတ်ကားလေးပါ။ ဒီရုပ်ရှင်ကားက ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲ ပါဝင်တဲ့ Three Flavours Cornetto Trilogy အဖြစ်လူသိများတဲ့ ၃ ကားထဲက တစ်ကားဖြစ်ပါတယ်။Cornetto Trilogy ဆိုတာ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ သရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။

7.9 2007
Hot Fuzz
Memphis Belle
6.9

အချိန်အားဖြင့် ဒုတိယကမ္ဘာစစ် ၁၉၄၃ မှာ တည်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတွေ ဒရာမာချိုးတာတွေ သိပ်မပါပေမယ့်လည်း ဟာသနဲ့ ဒရာမာ စစ်ဆင်ရေးနဲ့ မြေပြင်စခန်းက activity တွေကို မျှမျှတတ ရောစပ်ထားတဲ့ စစ်ကားလေးဖြစ်ပါတယ် Memphis Belle ဆိုတဲ့ B17 လေယာဥ်နဲ့အတူ တိုက်လေယာဥ်တပ်စုဟာ ဂျာမနီက လက်နက်စက်ရုံကို ဗုံးကြဲမယ့် စစ်ဆင်ရေးကို လုပ်ကြရမှာပါ မစ်ရှင် ၂၄ ခုအထိ အောင်မြင်ခဲ့ပြီး ၂၅ ခုမြောက်ပြည့်ရင် မှတ်ကျောက်တင်ခံရမယ့်အရေးမို့ စိတ်အားတက်ကြွနေကြပြီး စိုးရိမ်စိတ်လေးတွေကလည်း တွဲလျက်ပေါ့ သူတို့ရဲ့ စစ်ဆင်ရေးခရီးစဥ်မှာကြုံတွေ့ရတဲ့ အခက်အခဲ ဘေးဒုက္ခတွေနဲ့အတူ ဝမ်းနည်းစရာတွေကို ဟာသတွေနဲ့ ဖုံးဖိလို့ သမိုင်းတစ်ခေတ်က အဖြစ်အပျက်သေးသေးလေးတစ်ခုကနေ ခံစားချက်မျိုးစုံရနိုင်မဲ့ ရုပ်ရှင်လေးတစ်ကားလို့ ညွှန်းလိုက်ရပါတယ် File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre… Action, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

6.9 1990
Memphis Belle
Long Gone Heroes
5.7

အက်ရှင်ကားကောင်းကောင်းတွေကို မျှော်လင့်စောင့်စားနေတဲ့လူတွေအတွက် စိတ်ဝင်စားစရာကောင်းကောင်းနဲ့ Gun Fighting ခန်းတွေကိုရှယ်ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Long Gone Heroes ဖြစ်ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Five Nights At Freddy’s တို့ The Hunger Games တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ Josh Hutcherson နဲ့ Captain American တို့ The Purge တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အက်ရှင်မင်းသားကြီး Frank Grillo တို့အပြင်တခြားသောနာမည်ကြီး သရုပ်ဆောင်တွေပါ ပါဝင်ထားတာဖြစ်တဲ့အတွက်ရှယ်ကြည့်ကောင်းမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ဗင်နီဇွဲလားမှာရေနံတွေအများကြီးထွက်ရှိခဲ့တဲ့အတွက် ပြည်တွင်းကအာဏာရှိသူတွေနဲ့ အမေရိကန်ကအာဏာရှိသူတွေပူးပေါင်းပြီး ရေနံတွေကိုတရားမဝင်တင်ပို့တဲ့လုပ်ငန်းတွေလုပ်နေကြတဲ့အကြောင်း စတင် မိတ်ဆက်ထားပါတယ်။အထက်ကလူတွေကိုယ်ကျိုးအတွက်လုပ်နေကြပေမဲ့ အောက်ခြေကဗင်နီဇွဲလားပြည်သူတွေကတော့ ငွေကြေးဖောင်းပွမှုတွေ စီးပွားရေး ကျဆင်းမှုတွေကြောင့်ဒုက္ခများစွာကြုံတွေ့နေရပါတော့တယ်။ အဲ့ဒါကြောင့် ဒီမတရားမှုတွေကိုအဆုံးသတ်ဖို့ ဂျူလီယာဆိုတဲ့ သတင်းထောက်မလေး တစ်ယောက်က ဗင်နီဇွဲလားကိုသွားပြီးလိုအပ်တဲ့အချက်အလက်တွေကို စုံစမ်းပါတော့တယ်။အကုန်ပြည့်စုံပြီးဖွင့်ချလို့ရပြီဆိုမှ အမှန်တရားတွေ ပေါ်သွားမှာကိုကြောက်နေတဲ့လူတစ်စုက ဂျူလီယာ့ကိုဖမ်းခေါ်သွားပါတော့တယ်။ အဲ့ဒါကြောင့်ဂျူလီယာရဲ့အမေဖြစ်တဲ့ လွှတ်တော်အမတ်ကြီးက ဂျူလီယာ့ကို သွားကယ်ဖို့အဖွဲ့တစ်ခုစေလွှတ်ခဲ့ပြီး ဂျူလီယာ့ကိုကယ်ထုတ်တဲ့ခရီးစဉ် တစ်လျှောက်မှာ ကြုံတွေ့ရမဲ့အရာတွေများစွာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.84GB / 1.09GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.7 2024
Long Gone Heroes
The Hidden Web Ukryta siec
6.1

The Hidden Web (2023) IMDb Rating (6.1) ဒီကားကတော့ 2023 ခုနစ်ကထွက်ထားတဲ့ ပိုလန်လျှို့ဝှက်ဆန်းကျယ်ဇာတ်ကားလေးပါ။ အဓိက သရုပ်ဆောင်တွေအနေနဲ့ ကတော့ ပိုလန်နာမည်ကြီး မင်းသားမင်းသမီး တွေဖြစ်တဲ့ Magdalena Kolesnik , Andrzej Seweryn , Piotr Trojan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Piotr Adamski ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Julia Wójcicka ဆိုတဲ့ သတင်းထောက်မလေးက နာမည်ကြီး တီဗီအစီအစဉ်တင်ဆက်သူတစ်ယောက်ရဲ့ သေဆုံးမှုဟာ အာဏာပိုင်တွေကြေညာခဲ့သလို မတောတဆ သေဆုံးမှုမဟုတ်ပဲ သေသေချာချာစီစဉ်ထားခဲ့တဲ့ ကျူးလွန်မှုတစ်ခုဖြစ်တယ်ဆိုတာကို ယုံကြည်ခဲ့တဲ့ အတွက် စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အမှန်တရားကို ရှာဖွေတွေ့ရှိဖို့ နီးကပ်လာတာနဲ့ အမျှ Julia ကိုပါအသက်အန္တရာယ်ဖြစ်လာစေပါတော့တယ်။ တစ်စုံတစ်ယောက်က သူမကို အမြဲစောင့်ကြည့်နေပြီးတော့ Julia ရဲ့ ရှက်စရာလျှို့ဝှက်ချက်များကိုပါ သိထားကာ သူမရဲ့လှုပ်ရှားမှုများကိုပါ ကြိုတင်သိရှိနေခဲ့ပါတယ်။ နောက်ထပ်သားကောင်တစ်ယောက် မဖြစ်လာဖို့အတွက် Julia ဟာလဲ ဖုံးကွယ်ထားတဲ့ဆိုင်ဘာကွန်ရက် ထဲကို ဝင်ရောက်လာဖို့ ဖြစ်လာပြီးတော့ သူမ မထင်မှတ်ထားတဲ့ လျှို့ဝှက်မှုတွေကို သိလာတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်ဖြေရှင်းသွားမလဲ ဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(3.8 GB) / (1.1 GB) / (630 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama; Mystery, Thriller Duration….01:41:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

6.1 2023 101 mins
The Hidden Web Ukryta siec
[James Bond] Spectre
6.8

***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့ စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။ ***+++++++++++++++++++++++++++++++++++++++++++++++++++++++++ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Spectre ဇာတ်ကားဟာ ၂၄ ကားမြောက် James Bond ဇာတ်ကားဖြစ်ပါတယ်..။ Spectreဆိုတဲ့ နာမည်ဟာ James Bondရုပ်ရှင်တွေမှာ ပါလေ့ရှိတဲ့ ကမ္ဘာ့အကြမ်းဖက် အဖွဲ့အစည်းဖြစ်မှန်း James Bond ပရိသတ်တွေ သိကြမှာပါ။ ဒီနာမည်ရဲ့ အရှည်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်ပြီး Special Executive for Counter-intelligence, Terrorism, Revenge, and Extortion ဖြစ်ပါတယ်။ ဒီဂိုဏ်းကို Skyfall မှာတုန်းက သေသွားခဲ့တဲ့ M ရဲ့မသေခင် ပေးပို့သွားတဲ့ Message ကနေခြေရာခံလိုက်ခဲ့တာပါ။ ယခင်ဂျိမ်းဘွန်းကားတွေနဲ့ မနှိုင်းယှဉ်တော့ပါဘူး…ဒီဖက်ခေတ်အထာတွေအများကြီးပါဝင်လာတာမို့လို့ပါ။ ယခင်ဇာတ်ကားတွေလို ဂျိမ်းစ်ဘွန်းကို Team တစ်ခုလုံးက မထောက်ပံ့နိုင်အောင် C ဆိုသူမှ ဝင်ရှုပ်နေပါတယ်။ ဒါကြောင့် Q တို့ မန်နီပန်နီတို့ M တို့က တရားဝင်ကူညီခွင့်မရဘဲ ဘေးကနေ အသာလေးကူညီနေရပြီး ဂျိမ်းစ်ဘွန်းတစ်ယောက်ထဲ ကြိုးစားရုန်းကန်တဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတာကြောင့် ရှေးခေတ်တုန်းကလို ဘော်ကြော့ ဟီးရိုး မဟုတ်တော့ဘဲ ယခုခေတ် ခပ်မိုက်မိုက် ထီမထင် ဟီးရိုးပုံစံဖြစ်လာပါတယ်။ ဝင်ငွေတွေလဲ စံချိန်ချိုးခဲ့တယ်လို့ သိရပါတယ်။ခံစားအားပေးကြပါဦး။ (ကျွန်တော်တို့ရဲ့ မမကြီး Monica Bellucci ဟာ ဒီကားနဲ့ Bond Girl ဖြစ်လာခဲ့ပြီး ဒီအချက်ကိုတော့ အားအရဆုံးပါပဲ…ဤကားစကားချပ်။) File size…(3.3 GB) and (2.1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….02:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Drama • Thriller • Crime
6.8 2015 148 mins
[James Bond] Spectre
Vattara Vazhakku
7.7

Vattara Vazhaku (2024)’အမုန်းမီးတောက်” ================================ အသစ်ထွက်လာတဲ့ တမီလ်စကားပြော ကျေးလက် အက်ရှင်ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယတောင်ပိုင်းရွာတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတာပါတဲ့။ ဇာတ်လမ်းကတော့.. တမီလ်နာဒူးပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ လုံးဝမတည့်ကြတဲ့ မိသားစုနှစ်ခုရှိတယ်။ သူတို့ဟာ အစတုန်းက ဆွေမျိုးတွေဖြစ်ခဲ့ကြပေမဲ့ ပြဿနာလေးတစ်ခုကနေစပြီး တစောင်းစေးနဲ့ မျက်ချေးလိုမျိုး တွေ့တဲ့နေရာတိုင်းပြိုင်ဆိုင်၊ မနိုင်ရင်ညစ်၊ လစ်ရင်လစ်သလို ဦးတဲ့သူက ခုဝာ်ထစ်နေကြတဲ့အထိ အာဃာတရန်ငြိုးတွေပွားနေခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့မိသားစုနှစ်ခုထဲက အဓိကကျတဲ့ယောက်ျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် မေတ္တာမျှဖို့ဖြစ်လာတဲ့အခါမှာတော့ ရန်ငြိုးတွေကြောင့် အလွမ်းဇာတ်သိမ်းရမှာလား၊ ဒါမှမဟုတ် အချစ်တွေနဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေနိုင်မလားဆိုတာကို တောင်ပိုင်းကျေးလက်အငွေ့အသက်တွေပြည့်နေတဲ့ ဒီရုပ်ရှင်လေးထဲမှာ ပရိသတ်တွေ မြင်တွေ့ခံစားကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.7 2023
Vattara Vazhakku
Tokyo Vampire Hotel
6.2

Tokyo Vampire Hotel (2017) ************************** ဒီဇာတ်လမ်းကတော့ Series နဲ့ Movie version ၂ ခု ထွက်ရှိထားတာဖြစ်ပြီး အခုတင်ဆက်ပေးလိုက်တာကတော့ Movie version ဖြစ်ပါတယ်… Vampire မျိုးနွယ်စုတွေကြားထဲက အားပြိုင်မှုတွေကို ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရဦးမှာပါ… ဇာတ်လမ်းအကျဉ်း ————- ကော်ဗင်ဗန်ပိုင်းယားမျိုးနွယ်စုတွေဟာ တစ်ချိန်က ကြီးစိုး မင်းမူခဲ့ကြတဲ့ ဒရက်ကူလာမျိုးနွယ်စုတွေကို အနိုင်ယူပြီး မြေအောက်ကမ္ဘာဆီကို မောင်းထုတ်ခဲ့ကြပါတယ်…ဒါကြောင့် ဒရက်ကူလာမျိုးနွယ်က အရင်လို ပြန်ပြီးတော့ အုပ်စိုးမင်းမူနိုင်ဖို့ အခွင့်အရေးကို စောင့်မျှော်နေခဲ့ကြပါတယ်… ဒီလိုနဲ့ နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေ ကြက်ခြေခတ်ပုံစံ တန်းစီနေချိန်မှာ မာနာမီဆိုတဲ့ကလေးငယ်လေး မွေးဖွားလာခဲ့ပါတယ်…အဲဒီကလေးငယ်ကို ကံဆိုးခြင်းရဲ့ကလေးငယ်အဖြစ် သတ်မှတ်ထားပါတယ် ဒီလိုနဲ့ ကံဆိုးခြင်း ကလေးငယ်ဖြစ်တဲ့ မာနာမီလေး အရွယ်ရောက်လာတဲ့အချိန်မှာ ဒီဗန်ပိုင်းယားမျိုးနွယ်စုနှစ်ခု ဘယ်လိုဖြစ်ရပ်မျိုးတွေ ကြုံတွေ့ရမလဲဆိုတာ ဆက်လက်ရှုစားလိုက်ပါဦးဗျာ… ဇာတ်လမ်းအညွှန်းကို Okka မှ ရေးသားပေးထားပါတယ်… File Size : 3.44GB / 1.31GB Quality : WEB-DL 1080p / 720p Genres : Horror/Fantasy Duration : 2hr. 22mins Subtitle : Myanmar Subtitle (Hard Sub) Translated by Okka Encoded by Heather Oo

Drama
6.2 2017 142 mins
Tokyo Vampire Hotel
While We’re Young
6.3

Authenticity… မြန်မာလို အဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့ အစစ်အမှန်ဖြစ်မှုပေါ့။ ကျွန်တော်တို့ အခုခေတ်မှာ သိပ်ကိုကြားရတဲ့ စကားလုံးတစ်လုံးပဲ။ လူတိုင်းနှုတ်ဖျားကနေ Authenticity Authenticity ဆိုပြီး ရေရွတ်နေကြတယ်။ ဒါပေမယ့် ဒီစကားလုံးရဲ့ အဓိပ္ပာယ်က ဘယ်လောက်အထိတာသွားလဲ။ ဒီစကားလုံးကို သုံးနှုန်းလိုက်ပြီဆိုရင် ဘယ်လောက်ထိ မိမိမှာ တာဝန်ကြီးလဲဆိုတာကို လူတိုင်းနားမလည်ကြပါဘူး။ ပေါပေါပဲပဲ ဒီိတိုင်းနှုတ်ထွက်ကောင်း နားကြားကောင်းတဲ့စကားလုံးတစ်ရပ်အနေနဲ့ပဲ အထာကျအောင် ကောက်ယူသုံးစွဲနေကြခြင်းသာဖြစ်တယ်။ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို နက်နက်နဲနဲ အလေးထားကြတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ သိပ်ကိုတန်ဖို့းရှိလွန်းတယ်။ ပြောရမယ်ဆို စပ်စပ်ထိမခံဖြစ်ကြတာတွေတောင် ရှိကြတယ်။ ဘယ်လိုအရာတွေကို ကျွန်တော်တို့က “Authenticity”လို့ သုံးနှုန်းသင့်ပြီး ဘယ်အရာတွေကို မသုံးနှုန်းသင့်ဘူးလဲ။ ရှင်းပါတယ် “စစ်မှန်မှု”ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ရဲ့ အရှိအတိုင်းတကယ့်အစစ်တွေကို ချပြတဲ့နေရာမှာသုံးတာ။ ဒါပေမယ့် အဲ့”အစစ်”ဆိုတဲ့ အရာမှာ ဟန်ဆောင်မှုနည်းနည်းလေးလောက်ဖြစ်ဖြစ် မိတ်ကပ်နည်းနည်းလေးလောက်ဖြစ်ဖြစ် ပါနေလို့မရပါဘူး။ ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေ အယူအဆတွေကို ချပြတဲ့အချိန်မှာ ကိုယ်ချပြတဲ့အရာတွေဟာ ကိုယ့်စိတ်ထဲမှာတကယ်ရှိနေတဲ့ အကြောင်းအရာတွေ အမှန်တရားတွေဖြစ်နေဖို့လ်ိုပါတယ်။ လူကြားကောင်းအောင် သို့မဟုတ် လူကြိုက်အောင် သည်းခြေကြိုက်အရာတွေကို မိမိစိတ်ထဲကမပါဘဲနဲ့ ဟန်ဆောင်လိမ်ညာပြီး အားပေးမှုတောင်းခံခြင်းသည် “Authenticity” ဆိုတဲ့ဂုဏ်ကို ကိုင်ဆွဲခွင့် လုံးဝမရှိပါဘူး။ ဒီရုပ်ရှင်ဟာလည်း ဒီအကြောင်းပါပဲ။ အဓိကဇာတ်ဆောင်ဖြစ်သူ ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး Ben Stiller ဟာ Authenticity ကို သိပ်အလေးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်တွေ ရိုက်ကူးသူတစ်ယောက်ဖြစ်ပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တွေကို ရိုက်ကူးတဲ့အချိန်မှာ ကျွန်တော်တို့ သာမာန်ရုပ်ရှင်တွေနဲ့ မတူတာတစ်ခုက အဖြစ်အပျက်တွေကို အမှန်အတိုင်းတင်ပြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်တမ်းတင်ရုပ်ရှင်တွေအမျိုးအစားတွေဟာ ကျွန်တော်တို့အရင်ခေတ်ကာလတွေက သမိုင်းမှတ်တမ်းမှတ်ရာတွေလိုမျိုးပါပဲ။ ကျွန်တော်တို့ ကျန်စစ်သားမင်းအကြောင်း ဘုရင့်နောင်အကြောင်း မြန်မာရာဇဝင်တွေအကြောင်း မှတ်တမ်းတင်ထားတာတွေရှိသလို မှန်နန်းရာဇာဝင်တွေလည်း ဖတ်ဖူးကြမှာပေါ့။ ဒီနေရာမှာ ဘာသွားတွေ့လဲဆိုတော့ ကျွန်တော်တို့ တချို့သမိုင်းတွေကို ခြယ်သရေးသားသီကုံးထားကြတာကို သတိပြုမိကြမှာပါ။ ဒီလိုတွေလုပ်ထားတဲ့အတွက် သမိုင်းအမှန်ကို ဝေဝါးစေတာမျိုးတွေ ကြုံရပါတယ်။ မှတ်တမ်းတင်ရုပ်ရှင်တွေဟာလည်း ဒီအတိုင်းပါပဲ သမိုင်းတစ်ခု အဖြစ်အပျက်တစ်ခုကို ကျွန်တော်တို့ ခြယ်သခြင်းမရှိဘဲ မှတ်တမ်းတင်ရခြင်းပါ။ ဒါကြောင့်မို့လို့ ဒီအမျိုးအစားရုပ်ရှင်တွေဟာ ပျင်းစရာကောင်းတာကတော့ အမှန်ပါပဲ။ သို့သော်လည်း မှတ်တမ်းတင်ရုပ်ရှင်တွေကို ကြည့်ဖူးရင် နားလည်နိုင်မှာပါ။ ကျွန်တော်တို့နာရီပေါင်းများစွာ ထိုင်ကြည့်ပြီးသွားရင် ဒီအဖြစ်အပျက်တစ်ခုမှာ စီးမျောသွားတတ်ကြပါတယ်။ သာမာန်ရုပ်ရှင်တွေလို ဖျော်ဖြေရေးမဆန်ပေမယ့် သိပ်ကိုတန်ဖိုးရှိတဲ့ရုပ်ရှင်တွေပေါ့။ အဓိကဇာတ်ရုပ်ဖြစ်သူ ဂျော့ရှ် ( Ben Stiller ) ဟာ အထက်မှာ ပြောခဲ့သလိုပဲ သူရိုက်ကူးထားတဲ့ နာရီပေါင်းရာချီတဲ့ ဗီဒီယိုအပိုင်းအစတိုင်းကို ဖြတ်ချပစ်ခဲ့ဖို့ နှမျောပြီး ရုပ်ရှင်တစ်ကားနဲ့တင် ဆယ်စုနှစ်နဲ့ချီပြီး တိုင်ပတ်နေသူပေါ့။ ဒီကြားထဲမှာ Authenticity ကို အလေးထားသူ ယုံကြည်သူမို့ ခြယ်သသီကုံးတာမျိုးတွေလည်း မလုပ်နိုင်သူပေါ့။ တစ်ဖက်မှာလည်း မိန်းမဖြစ်သူက ကိုယ်ဝန်မဆောင်နိုင်လို့ ကလေးမရနိုင်၊ ရိုက်ထားတဲ့ဇာတ်ကားကိုလည်း မထုတ်လုပ်နိုင်၊ အရွယ်ကလည်း ထောင်းလာနဲ့ အရာရာကို အလိုမကျဖြစ်နေရသူပေါ့။ တစ်နေ့မှာ သူဟာသဘောကောင်း ဖော်ရွေပြီး အရာရာကို အင်တိုက်အားတိုက် ခံစားသက်ဝင်နိုင်စွမ်းရှိကြတဲ့ လူငယ်စုံတွဲလေးတစ်တွဲနဲ့ တွေ့ပြီး သူကိုယ်တိုင်အားအင်တွေ ပြည့်ဝလာသလို ခံစားလာရပါတော့တယ်။ အဲ့ချိန်မှာ အသက်လေးဆယ်ကျော် လူတစ်ယောက်နဲ့ နှစ်ဆယ်ကျော်လူငယ်တစ်ယောက်တို့ကြားက ကွဲလွဲချက်တွေ ခြားနားချက်တွေ ခံယူချက်တွေကို ဒီဇာတ်ကားမှာ ပေါ့ပေါ့ပါးပါးနဲ့ တင်ပြသွားခဲ့ပါတယ်။ ဇာတ်ကားထဲမှာ အဓိကပြချင်တဲ့အရာတွေကတော့ မျိုးဆက်နှစ်ခုကြားက ကွာဟချက်တွေရယ်၊ ခေတ်ရေစီးကြောင်းအရ တန်ဖိုးထား အလေးထားရတဲ့အရာတွေ ပြောင်းလဲလာတာရယ်ပေါ့။ တစ်ချိိန်က ကျွန်တော်တို့ အရမ်းကြိုက်ခဲ့တဲ့ “ကော်ဖီဆိုဂျာဗာ”တို့ ၊ ထက်ထက်မိုးဦးနဲ့ဒွေးတို့ရဲ့ “ဗျူးတီးခေါင်းလျှော်ရည်ဟာ” ဆိုတာမျိုးတွေက ခုခေတ်လူငယ်တွေအတွက်တော့ ယူကျူ့မှာ တွေ့လိုက်ရတဲ့ ပေါတောတောကြေညာတစ်ခု ဖြစ်နေနိုင်တယ်မလား။ ဂျော့ရှ် (Ben Stiller) ရဲ့မိန်းမနေရာမှာတော့ ၂၀၀၅ ခုနှစ်ထွက် King Kong ရုပ်ရှင်ထဲက ကျွန်တော်တို့အရမ်းကြိုက်ခဲ့ရတဲ့ မင်းသမိးချောကြီး Naomi Watts က သရုပ်ဆောင်ထားပြီး ခုချိန်ထိ ချစ်ဖို့ကောင်းနေတုန်းပါပဲ။ လူငယ်စုံတွဲနေရာမှာတော့ Star War, Marriage Story စတဲ့ နာမည်ကြီးဇာတ်ကားကောင်းတွေနဲ့ လက်စွမ်းပြထားတဲ့ မင်းသားချော Adam Driver နဲ့အတူ Mamma Mia, In Time, Letters to Juliet, Dear John, Ted အစရှိတဲ့ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားပြီးသားဖြစ်တဲ့ မင်းသမီးချော Amanda Seyfried က သရုပ်ဆောင်ထားပါတယ်။ အဓိကဇာတ်ကောင်တွေအားလုံးက တကယ်ကို သရုပ်ပညာအရည်အသွေးကောင်းသူတွေဖြစ်တဲ့အပြင် ဇာတ်လမ်းအသွားအလာကလည်း တင်ပြချင်တဲ့အကြောင်းအရာကို ထိထိမိမိနဲ့ ပေါ့ပေါ့ပါးပါး တင်ပြထားတာမို့ ဖျော်ဖြေရေးလည်းဆန်ပြီး အဓိပ္ပာယ်လည်းရှိတဲ့ အရည်အသွေးမြင့် ဇာတ်ကားကောင်းတစ်ကားပါ။ File size… 2.1 GB / 836 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 40m Genre ….. Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Tariq L Walker

Horror • Thriller
6.3 2014 97 mins
While We’re Young