YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Satria.Dewa.Gatotkaca.2022.1080p.NF.WEB-DL[CM].mp4

1.82 GB N/A video/mp4 5700 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Action Hero
6.4

IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ရုပ်ရှင်ထဲက ဇာတ်ကောင်က အပြင်လောကထဲ ထွက်လာချိန်မှာ ရုပ်ရှင်ထဲကလိုပဲ ဘယ်လိုသတ်သတ်မသေဘူးဆိုတဲ့ သဘောတရားက ဆက်ပြီးတည်ရှိနေနိုင်ပါဦးမလား.. ဆိုတာကိုတော့ အာနိုးမင်းသားကြီးရဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ဟာသဆန်ဆန် ဇာတ်ကွက်တွေကို ရုပ်ရှင်ထဲက ရုပ်ရှင်ကားအဖြစ် ရှုစားကြည့်ကြပါဦးလို့.. (ဇာတ်လမ်းတွေကြည့်ရင်းနဲ့ တစ်ခါတလေကျ သရုပ်ဆောင်တွေရဲ့ အပြင်လောကကနာမည်ကို မမှတ်မိဘဲ သူတို့သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်နာမည်ကိုသာ မှတ်မိတာမို့ သူကတော့ဟိုကားက ဟိုလူနေရာမှာ သရုပ်ဆောင်တာ၊ ဒီလိုမျိုးမှတ်မိတတ်ကြတယ်မလား.. ဒီကားထဲက မက်ဒီဂန်လေးကလည်း ရုပ်ရှင်ထဲကိုရောက်သွားတော့ သရုပ်ဆောင်တွေကို တွေ့ပြီး သူကတော့ ဟိုကားထဲမှာ ဘယ်သူအဖြစ်နဲ့သရုပ်ဆောင်တာ၊ ဟိုလူကတော့ ဟိုကားထဲမှာ ဘယ်သူ့ကိုသတ်လိုက်တာဆိုတာမျိုးက ဟာသဇာတ်ကွက်ပေမယ့် လက်တွေ့ဆန်တာမို့ တချို့အခန်းတွေကျ ကိုယ်ကိုယ်တိုင် ဇာတ်ကောင်နေရာရောက်သွားသလို ခံစားရပြီး ပြုံးမိစေပါတယ်..) File size…(2.3 GB)/(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:11:00 Genre...Adventure, Fantasty, Action, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Romance
6.4 1993 131 mins
Last Action Hero
Hwang Jin Yi
6.6

မျိုးရိုးမြင့်တဲ့ အမတ်ကြီးတစ်ယောက်ရဲ သမီးအဖြစ် မွေးဖွားလာတဲ့ ဟွမ်ဂျင်းရီက အပြင်လောကကို မထွက်ရပဲ သူမရဲ့ အိမ်တော်မှာပဲ အမြဲနေရပါတယ် အဲ့လိုနေပြီး ဟန်ယန်းက ချမ်းသာတဲ့ မိသားစုရဲ့သားနဲ့ လက်ထက်နိုင်ဖို့အတွက် စောင့်စားနေရတာပါ... မြင်တဲ့သူတိုင်း စွဲလမ်းလောက်အောင် လှပချောမောတယ်လို့ နာမည်ကြီးပေမယ့်... သူမကို ငယ်ငယ်တည်းက ကာကွယ်ပေးတဲ့ ကိုယ်ရံတော် နွန်ရီ ကြောင့်လည်း အိမ်တော်ရဲ့ မမလေးကို ဘယ်သူမှ မထိရဲကြပါဘူး တစ်နေ့မှာ သူမက အစေခံမိန်းမကနေ မွေးဖွားလာတဲ့ သွေးနှောတစ်ယောက်ဖြစ်ကြောင်း ပျံ့နှံ့သွားတဲ့ အခါ သူမရဲ့ လက်ထပ်ပွဲလည်းပျက်သွားခဲ့ပါတယ်... အစေခံဖြစ်တဲ့ မိခင်ဟာ မသေခင်အထိ ကချေသည်အဖြစ် အသက်မွေးခဲ့ကြောင်းကို သူမ သိသွားခဲ့ပါတယ် ၊ အဲ့နောက် သူမလည်း ကချေသည်လုပ်ဖို့အတွက် ရွေးချယ်လိုက်ပါတော့တယ် တစ်သက်လုံး မင်းသမီးလိုနေလာခဲ့တဲ့ အိမ်တော်ရဲ့ မမလေးက ကချေသည် ဘဝကိုရောက်သွားတဲ့အခါမှာကော သူမ မကြုံဖူးတဲ့ လောကဒဏ်တွေကို ဘယ်လိုရင်ဆိုင်မလဲ... သူမရဲ့ အချစ်ကိုရော ဘယ်လိုတွေ့နိုင်မှာလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည်ရှုလိုက်ပါနော်...။ ( အညွှန်းရေးသားထားသူကတော့ Han Thu Aye ဖြစ်ပါတယ် ) File size__( 1.3 GB ) and ( 450 MB) Quality__720p IMDb Rating__6.4/10 Format__mp4 Duration__02:21:15 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Han Thu Aye Encoded by Naing Aung Latt

Comedy
6.6 2007 141 mins
Hwang Jin Yi
Mama Boy
5.5

ရှောင်ဟုံဆိုတဲ့ကောင်လေး (တကယ်တော့ကောင်ကြီး)က အသက်သာ ၃၀ ကျော်တယ်၊ ဆေးပေးမီးယူ ကူဖော်လောင်ဖက် တစ်ယောက်မှမရှိ‌သေးတဲ့ ကောင်လေးတစ်‌ယောက်။ ရုပ်ချောပေမဲ့ ဘာဆို ဘာမှမဘာဖူးတဲ့ ဒီကောင်လေးရဲ့ဘဝမှာ "မ" ဆိုလို့ အမေနဲ့ပဲရှိနေခဲ့တဲ့ မေမေ့အချစ်တော် မာမားဘွိုင်းလေးပေါ့။ ဒီလိုမာမားဘွိုင်းလေးရဲ့ အသက် ၃၀ ပြည့်မွေးနေ့မှာ သူ့ဝမ်းကွဲအစ်ကိုရဲ့ မွေးနေ့လက်ဆောင်အမည်ခံ ညဉ့်ငှက်မယ်တွေနဲ့ပျော်ပါးဖို့ တွန်းတိုက်မှုကြောင့် ဟိုတယ်ကိုရောက်လာချိန်မှာတော့ ရှောင်ဟုံရဲ့ဘဝထဲကို အစ်မလဲ့လဲ့ဆိုတဲ့ ဟိုတယ်က တစ်ခုလပ် Single mother မမကြီး ရောက်ရှိလို့လာပါတော့တယ်။ ဒီလိုမျိုး ရိုးသားတဲ့ဖိုးသခွား ရှောင်ဟုံတစ်ယောက် အစ်မလဲ့လဲ့ကို မေမေ့အထိန်းအချုပ်အောက်က‌နေ ဘယ်လိုချဉ်းကပ်သွားမလဲ? "You Are the Apple of My Eye " ဇာတ်ကားထဲက အချစ်ဦးနဲ့ဝေးခဲ့သူ မင်းသားချောလေး Kai Ko တစ်ယောက် ရှောင်ဟုံဇာတ်ကောင်နဲ့ရော အချစ်ဦးနဲ့ နီးစပ်နိုင်ပါ့မလား?。。。 IMDb 6.4 ရထားတဲ့ ဒီငြိမ့်ငြိမ့်ညောင်းညောင်း ထိုင်ဝမ်အချစ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance Quality…. 1080p | 720p | 480p File size… 1.1GB | 498MB | 220MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... August

5.5 2022 98 mins
Mama Boy
Pirates of the Caribbean: The Curse of the Black Pearl
7.8

ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ... သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်..  ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော... တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့ ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့.. ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး အသက်လည်း မရှင်နိုင် သေလည်း မသေနိုင်တဲ့ကောင်တွေ ဖြစ်နေကြပါတယ်... အဲဒီကျိန်စာကို ဖျက်ဖို့ သွေးနဲ့ ယစ်ပူဇော်ရမှာပါ သူတို့တွေက ကျိန်စာပြယ်ဖို့ ကြိုးစားရင်း ဂျက်နဲ့ ပြန်ဆုံကြပြီး ဘာတွေ အလုပ်ရှုပ်ကြလဲ ဇာတ်ကားထဲမှာသာ ဆက်ကြည့်လိုက်ကြပါ... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi Lwin  ကရေးသားပေးထားပါတယ်.. File Size :(6.94GB) (3.71GB) and (1.2GB) Quality : Blu-Ray4k.HEVC.AC3, 1080p 5.1CH,720P Format…mp4 Duration…02:23:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Drama • History • Music
7.8 2003 143 mins
Pirates of the Caribbean: The Curse of the Black Pearl
Cha Cha Real Smooth
7.1

ခင်ဗျားတို့ဘ၀မှာ အချစ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြသလဲ ? အတူရှိနေရတာက အချစ်လား ? ပေးဆပ်နေရတာက အချစ် လား ? ဒါမှမဟုတ် အချစ် ဆိုတာက တစ်ဘ၀လုံးမှာ တစ်ခါပဲ ကြုံမှာလား ? သေချာတာကတော့ အချစ်နဲ့ဘ၀ဟာ အမြဲတမ်း တစ်ထပ်တည်း မကျနိုင်သလို တစ်ထပ်တည်းကျတဲ့သူတွေကတော့ တကယ်ကံကောင်းတာပါပဲ။ ဒီဇာတ်ကားလေးဟာလည်း အချစ်နဲ့ဘ၀ဟာ တစ်ထပ်တည်း ကျနိုင်၏ မကျနိုင်၏ ဆိုတာကို ဖော်ကျူးသွားတဲ့ ဇာတ်ကားလေးပါ အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရူးဟာ ကောလိပ်ကျောင်းပြီးကာစ ကောင်လေးတစ်ယောက်ဖြစ်ပြီး အရာရာကို ကူညီတတ်ပြီး ဆက်ဆံရေးလည်းပြေပြစ်တဲ့ ကောင်လေးတစ်ယောက်... အန်ဒရူးကတော့ ဂောာလိပ်ကျောင်းပြီးသွားတာကို အ‌တော် စိတ်ပျက်နေပြီး လက်ရှိမှာ အလုပ်အကိုင်မကောင်းတဲ့သူ့ဘ၀ကနေ အမြဲရုန်းထွက်ချင်နေခဲ့ပါတယ် သူ့ကောင်မလေး ပြောင်းသွားတဲ့ ဘာစီလိုနာကို ပိုက်ဆံစုပြီးတာနဲ့ ချက်ချင်းထွက်သွားဖို့ ကြံနေခဲ့တယ် အန်ဒရူးတစ်‌ယောက် သူ့ဘ၀အပေါ် ထားတဲ့အမြင်တွေ ပြောင်းလဲဖို့ဖြစ်လာရတာကတော့ ပါတီပွဲတစ်ခုမှာ သူတွေ့ခဲ့တဲ့ ဒိုမီနို နဲ့ သူ့ရဲ့ ‌အော်တစ်ဇင်ရောဂါသည်သမီးလေး လိုလာ လေးတို့ကြောင့်ပဲ ကူညီတတ်ပြီး ဆက်ဆံရေးကောင်းမွန်တဲ့ အန်ဒရူးကြောင့် ဒိုမီနိုနဲ့လိုလာ တို့နဲ့ အန်ဒရူး တို့ဟာ ချက်ချင်းပဲ ခင်မင်သွားခဲ့တယ် ရောဂါသည်လေး လိုလာကြောင့် ဘယ်သူနဲ့မှ သိပ်အဆင်မပြေတဲ့ ဒိုမီနိုဘ၀ထဲကို နွေး‌နွေးထွေးထွေးရှိတဲ့ အန်ဒရူးတစ်ယောက် ၀င်လာတဲ့အချိန်မှာ အန်ဒရူးနဲ့ ဒိုမီနိုတို့ကြား သံယောဇဉ်ကြိုးလေးတစ်ခု သွယ်တန်းမိပါတော့တယ် မဖြစ်သင့်တဲ့ဆက်ဆံရေးတစ်ခုကြောင့် ဒိုမီနို နဲ့ အန်ဒရူးတို့ဟာ ချစ်သင့် မချစ်သင့် လွန်ဆွဲရင်း နှစ်ယောက်သား နောက်ဆုံး ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာကတော့..... အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama Quality…. 1080p | 720p | 480p File size… 1.9GB | 577MB | 285MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Chuck Encoder ..... August

Action • Crime • Drama
7.1 2022 108 mins
Cha Cha Real Smooth
Sneakers

IMDb – 7.1 Rotten tomatoes – 80% မင်းသားကြီး Robert Redford နဲ့ Ben Kingsley တို့ရဲ့ 1992 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ထွက်ထားတာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဆိုပေမဲ့လည်း ယနေ့ခေတ်ရဲ့ hacker ရုပ်ရှင်တွေကိုကြည့်နေရသလိုမျိူး ဖြစ်နေစေမဲ့ နည်းပညာဆိုင်ရာ Old but Gold ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာတင်နဲ့ ကော့စမိုဆိုတဲ့ လူငယ် ကွန်ပြူတာဟက်ကာလူငယ်လေးနှစ်ယောက်၊ လူငယ်သဘာဝလက်စွမ်းပြပြီး နောက်တဲ့သဘောနဲ့ ဘဏ်စနစ်တွေကို hack ပြီး ငွေတွေလွှဲနေကြရင်း ရဲတွေလာဖမ်းရာမှာ မာတင်ကတော့ ထွက်ပြေးလွတ်သွားခဲ့ပေမဲ့ ကော့စမိုကတော့ ထောင်ကျသွားပြီး ထောင်ထဲမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး အနှစ်နှစ်ဆယ်အကြာမှာ မာတင်ကသူရဲ့နာမည်ကိုပြောင်းပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးစနစ်ကို စမ်းသပ်ပေးတဲ့အဖွဲ့တစ်ခုတည်ထောင်ခဲ့ပါတယ်။ ‌တနေ့မှာတော့သူ့ဆီကို အစိုးရဘက်လွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်က သိပ္ပံပညာရှင်တယောက်တီထွင်ထားတဲ့ သေတ္တာလေးတစ်ခုကို ခိုးယူဖို့ခြိမ်းခြောက်အကြပ်ကိုင်ပြီး ခိုင်းစေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသေတ္တာလေးကသာမာန်မဟုတ်ပဲ ကမ္ဘာပေါ်မှာရှိတဲ့ကုဒ်တိုင်းကိုချိုးဖောက်နိုင်တဲ့အရာဖြစ်နေတဲ့အခါမှ သူတို့ဘယ်လိုဇာတ်ရှုပ်ထဲကိုဝင်ပါမိပြီးသားဖြစ်နေမလဲ၊ ဘယ်လိုအန္တရာယ်တွေကိုကျော်လွှားရမလဲ၊ ဒီပြဿနာတွေရဲ့နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ အဲဒီ‌ခေတ်ကာလကအစိုးရအရှုပ်အရှင်းတွေကရော ဘယ်လိုတွေရှိနေမလဲ ဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…(2.2 GB)/(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama, Crime, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Tun Myat Win

0 1992
Sneakers
Tinkerbell : Secret of the Wings
7

Tinkerbell : Secret of the Wings (2012) ============================ IMDb Rating – 7.0/10 Secret of the Wings ဆို Tinkerbell movie တွေထဲက လူကြိုက်အများဆုံးနဲ့ Scenario အလှဆုံးအပိုင်းလို့ပြော ရင်လည်း မမှားပါဘူး။ နတ်သူငယ်မွေးဖွားခြင်းနိယာမကို လွန်ဆန်တဲ့ Tinkerbell ရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုအကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Pixie Hollow ရဲ့ ဥတုလေးပိုင်းကွဲနေတဲ့ နယ်မြေတွေထဲမှာ ဆောင်းသစ်တောကတော့ ဘယ်အနွေးပိုင်းနတ်သားနတ်သမီး မဆို မြင်သာမြင် မကြင်ရဖြစ်နေတဲ့နေရာတစ်ခုပေါ့။ အအေးပိုင်းနတ်သူငယ်တွေအနေနဲ့လည်း အနွေးပိုင်းနယ်မြေ တွေဘက်ကိုလာခွင့်မရှိတဲ့အတွက် ဥတုနှစ်ခြမ်းက နတ်သား နတ်သမီးတွေအနေနဲ့ တစ်ဘက်မှာ ဖြူလား၊ မဲလားတောင်မသိ တဲ့အထိပါပဲ။ စူးစမ်းနတ်သူငယ်ပီပီ စပ်စုတတ်တဲ့ Tinkerbell ကတော့ ဆောင်းသစ်တောကို ကုန်တွေတင်မကဘဲ သူ့ကိုယ်သူ ပါအရောက်ပို့ချင်နေမိတာပါ။ တစ်နေ့မှာတော့ … နွေဦးရင်ပြင်က တိရစ္ဆာန်လေးတွေကို ဆောင်းခိုဖို့အတွက် နယ်စပ်ကိုပြောင်းရွှေ့ ပေးဖို့ဖြစ်လာပါတယ်။ Tinkerbell ကတော့ Fawn ကိုကူညီရင်း အလစ်မှာ ဆောင်းသစ်တောဘက်ခုန်ဝင်မိလို့ အတောင်ခဲတယ် အထင်ခံရပြီး ဆေးခန်းရောက်သွားပါတော့တယ်။ Tinkerbell ကတော့ အတောင်ခဲတာမဟုတ်ဘဲ သူ့အတောင်တွေ အရောင်တောက်လာတာပါလို့ ပြောပေမယ့် ဘယ်သူမှမယုံကြပါ ဘူး။ ဒါပေမယ့် Tinkerbell ရဲ့စိတ်ထဲမှာ တစ်စုံတစ်ရာကို အခိုင် အမာခံစားလိုက်ရတာမို့လို့ ဆောင်းသစ်တောကို ခိုးသွားဖို့ကြံရာ ကနေ … ရှိလို့ရှိနေမှန်းတောင် မသိခဲ့ရတဲ့ ဘဝရဲ့ အရေးအပါဆုံး ပျောက်ဆုံးပစ္စည်းလေးတစ်ခုကို ရှာတွေ့သွားတဲ့အခိုက်မှာတော့ … (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်) File Size……….(1.65 GB) / (788 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 15Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….Hnin Wut Yi Myaing Encoder……….SWM

Horror • Science Fiction
7 2012
Tinkerbell : Secret of the Wings
The Baader Meinhof Complex
7.3

၁၉၆၀ ကနေ ၁၉၇၀ကြား ဂျာမနီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကျော်မော် အနုပညာရှင် သရုပ်ဆောင်တွေဖြစ်တဲ့ Martina Gedeck၊ Moritz Bleibtreu၊ Johanna Wokalek၊ Nadja Uhlနဲ့ Bruno Ganz တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.3 နဲ့ RT 85% အထိ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီနိုင်ငံက သမိုင်းဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးရာမှာ အင်မတန်လက်စွမ်းထက်တဲ့ နိုင်ငံအဖြစ် နာမည်ကြီးပါတယ်။ ဆိုတော့ကား ဇာတ်လမ်းအကြောင်း မပြောခင်မှာတင် ရုပ်ရှင်ကို ကြည့်ဖို့က အခုကတည်းက စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ဟစ်တလာရဲ့ Third Reich ( တတိယ အင်ပါယာ ) ကျရှုံးပြီးနောက်မှာ ဂျာမနီနိုင်ငံက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီဆိုပြီး ၂နိုင်ငံ ကွဲထွက်သွားပါတယ်။ အရှေ့ဂျာမနီကတော့ ဆိုဗီယက်ဝါဒ လက်အောက်မှာဖြစ်ပြီး အနောက်ဂျာမနီကတော့ အမေရိကန်ရဲ့ နယ်ချဲ့ဝါဒ လက်အောက်မှာ ကျရောက်နေပါတယ်။ ယခု ရုပ်ရှင်မှာ ပါတဲ့ အဖြစ်ပျက်က အနောက်ဂျာမနီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေဖြစ်ပါတယ်။ အမေရိကန်တွေ ကြီးစိုးတဲ့ အနောက်ဂျာမနီက ဒီမိုကရေစီကို ကျင့်သုံးပေမယ့် ဟစ်တလာရဲ့ ဖက်ဆစ်စနစ်ယန္တရားရဲ့ လက်ကျန်လေးကတော့ အနောက်ဂျာမနီ-အနောက်ဘာလင်အစိုးရဆီမှာ ကျန်ရှိနေပါသေးတယ်။ အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဂျာမနီ ကျောင်းသားတွေ ဆန္ဒပြရာကနေ အရေးခင်းတွေ စတင်ဖြစ်ပွားတော့ပါတယ်။ ဂျာမနီအစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အစိုးရရဲ့ ဖိနှိပ်မှုတွေကို မျက်နှာလွှဲပေးထားတဲ့ အမေရိကန်တွေ၊ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာ သတင်းစာတိုက်တွေရဲ့ မုသားတွေ အမျိုးမျိုးကို ရတဲ့ဘက်ကနေ လူပေါင်းစုံ အထူးသဖြင့် ကျောင်းသားတွေက တော်လှန်နေကြပါတယ်။ အဲဒီလို တော်လှန်နေတဲ့ လူတွေထဲမှာမှ ဂျာနယ်လစ်ဖြစ်တဲ့ အိုရီခါ မိုင်းဟဖ့်နဲ့ တော်လှန်ရေးကျောင်းသား Baaderတို့ ပူပေါင်းမိကြတဲ့အခါမှာတော့ …. Baader-Meinhof အဖွဲ့က အစိုးရကို ဘယ်လိုတိုက်ထုတ်သွားမလဲ၊ အစိုးရရဲ့ ဖက်ဆစ်ယန္တရားကို ရပ်တန့်သွားအောင် ဘယ်လိုကြိုးစားကြမလဲ … အမေရိကန်ရဲ့ နယ်ချဲ့ဝါဒနဲ့ အနောက်ဂျာမန်အစိုးရရဲ့ ဖက်ဆစ်စနစ်ကို ရဲရဲရင့်ရင့် တိုက်ခိုက်ကြပုံတွေ၊ သူတို့ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်တွေ၊ ခိုင်မာတဲ့ ပေါ်လစီတွေ၊ တရားမျှတမှုကို လိုချင်ကြပုံတွေကို ယခု ရုပ်ရှင်ထဲမှာ အားပါတရ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.9 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Action, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

7.3 2008
The Baader Meinhof Complex
Mind the Gap
7

Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထား‌ဘူတာက ပလက်ဖောင်း‌တွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက‌ နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀ ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ လမ်းမှာကူညီပေးရမလား မေးတဲ့သူကတောင် မေးမိတာမှားပါပြီဆိုပြီး လက်လန်သွားရတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီအဖိုးကြီးမှာ သိပ်ကိုအဓိပ္ပာယ်ရှိလှတဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တစ်ခုရှိနေတယ်။ ဒုတိယအနေနဲ့ကတော့ အရမ်းချစ်ကြတဲ့ အဖေတစ်ခု သားတစ်ခု သားအဖပါ။ ဒီသားအဖကတော့ နယူးယောက်မြို့အနီးက ကျေးလက်လေးတစ်ခုမှာနေထိုင်ကြတယ်။ အဖေဖြစ်သူဟာ မူလတန်းအရွယ်သားလေးကို အဖေနေရာရော အမေနေရာကပါ ချစ်ပေးရှာတယ်။ ဒါပေမဲ့ သားငယ်ဟာ တစ်သက်လုံးလစ်ဟာလာတဲ့ အမေဖြစ်သူကို တောင့်တလာတဲ့အခါမှာတော့ အဖေဖြစ်သူဟာ သူတို့မိသားစုလေးရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ စဉ်းစားရတော့တယ်။ တတိယတစ်‌ယောက်ကတော့ မန်ဟက်တန်ရဲ့လမ်းမတွေပေါ်မှာ သီချင်းဆိုဖျော်‌ဖြေရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ နှလုံးရောဂါသည် အမျိုးသမီးလေးတစ်ဦး။ သူမဟာ အဆိုသိပ်တော်တယ်၊ သူမ စွန့်စားရင်စွန့်စားကြည့်သလို သူမအတွက် အခွင့်အလမ်းသစ်တွေက စောင့်မျှော်နေမှာ။ ဒါပေမဲ့ သူမဟာ တချို့သောအကြောင်းပြချက်တွေကြောင့် အတွေ့အကြုံ၊အပြောင်းအလဲအသစ်တွေကို လက်ခံဖို့ နှစ်ပေါင်းများစွာ ငြင်းဆန်လာခဲ့သူလေး။ တစ်ရက်မှာတော့ သူမဘ၀အတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်ပေါ်လာမယ့် အခွင့်အရေးကို ဖမ်းဆုပ်ဖို့ရာ သတ္တိမွေးကြည့်လိုက်တဲ့အခါမှာတော့… လေးယောက်မြောက်နေရာမှာ အလှည့်ကျလာတဲ့သူကတော့ အတိတ်က တစ်ခုသောအကြောင်းကိစ္စကြောင့် ချစ်ရတဲ့ သားဖြစ်သူနဲ့ တစ်အိမ်စီခွဲနေနေရတဲ့ သက်လတ်အရွယ် လူမည်းအမျိုးသားတစ်ဦး။ သားဖြစ်သူနဲ့ တစ်နှစ်မှာ တစ်ခေါက် နှစ်ခေါက်သာ တွေ့ရတဲ့အဖေဖြစ်သူအဖို့တော့ သူ့ဘ၀ဟာ သေမထူးနေမထူးဖြစ်လာရတာ သားငယ်နဲ့ခွဲခွါခဲ့ရကတည်းကပါပဲ။ ဒီလွမ်းဆွတ်တမ်းတမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို ဒီအဖေဖြစ်သူဟာ မလွန်ဆန်နိုင်တော့တဲ့နောက်မှာတော့ မသိစိတ်က လက်ခံဖို့ငြင်းဆိုထားတဲ့အရာတွေကို ရင်ဆိုင်ဖို့ရာကြိုးစားရတော့တယ်။ နောက်ဆုံးဇာတ်လမ်းက‌တော့ ဘ၀မှာ ပျော်စရာဆိုလို့ စာတိုက်ကနေ စာပို့၊ တိပ်ခွေလေးတွေနားထောင်တာကလွဲလို့ များများစားစားမရှိရှာတဲ့ နာမကျန်းနေတဲ့အမေကြီးကို ပြုစုလုပ်ကျွေးနေတဲ့ သမီးလိမ္မာတစ်ဦးအကြောင်းပါ။ ဒီသမီးငယ်ဟာ မိခင်ကို မငြိုမငြင်နဲ့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးပေမဲ့ မိခင်ဆီကပြန်ရတဲ့အရာက ချစ်ခြင်းမေတ္တာမဟုတ်ဘဲ အမုန်းတရားတွေ ဥပေက္ခာတွေသာ ဖြစ်နေတဲ့အခါမှာတော့ မေတ္တာငတ်လာခဲ့ရတဲ့ သူမခမျာ သူမနဲ့ထိုက်တန်တဲ့ ချစ်ခြင်းတွေ ပျော်‌ရွှင်မှုတွေကို ဒီတစ်သက် သူမ ရှာဖွေနိုင်ပါဦးမလား။ ဇာတ်လမ်းလေးငါးခုက ဇာတ်လမ်းတစ်ခုပြီးမှ နောက်တစ်ခုကိုပြတာမဟုတ်ဘဲ timeline တစ်ခုတည်းမှာပဲ တစ်ခုပြလိုက် နောက်တစ်ခုကိုပြလိုက်နဲ့ပြတာ ဆက်ပြသွားတာဖြစ်လို့ ဇာတ်လမ်းစစချင်းမှာ ဇာတ်ရည်မလည်သေးပေမဲ့ မိနစ် ၂၀ လောက်ကစလို့ စိတ်၀င်စားစရာကောင်းလာပြီး ဒီလူငါးယောက်ရဲ့ ဘ၀ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေရဲ့ သက်ရောက်မှုတွေ၊ အဆုံးသတ်တွေ၊ သူတို့ရဲ့နောက်ကြောင်းတွေကို သိချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး အဆုံးအထိ မထစတမ်းကြည့်ရှုဖြစ်သွားအောင် ဆွဲခေါ်ပေးသွားမှာပါ။ လက်တွေ့ဘ၀က အဖြစ်တွေအတိုင်း ထပ်တူကျအောင်ရိုက်ကူးထားပြီး သရုပ်ဆောင်ချက်တွေ ဒိုင်ယာလော့တွေကလည်း သိပ်ကိုအရည်အသွေး‌ကောင်းပြီး ၂၀၀‌၄ ခုနှစ်ရဲ့ လွမ်းဆွတ်ဖွယ်ရာ မြင်ကွင်းတွေကို သေချာပေါက် ခံစားကြည့်ရှုလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။ File size…(2.8 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7 2004
Mind the Gap
Alvin and the Chipmunks

ငယ်ဘဝတုန်းက တိရစ္ဆာန်​လေး​တွေနဲ့ လူ​တွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ ရုပ်ရှင်​တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။ အဲဒီတုန်းက​ 3D effectဘာညာလည်း မသိနားမလည်​သေးတဲ့ အရွယ်ဆို​တော့ တိရစ္ဆာန် အစစ်​လေး​​တွေကို သေချာသင်​ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့ အကြိမ်​ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကား​​တွေထဲမှာ Alvinတို့ ရှဉ့်​လေးသုံး​ကောင်ရဲ့ ဇာတ်ကား​တွေလည်း အပါအဝင်ပါပဲ။ သူတို့ရဲ့ င​မွှေထိုးလုပ်ပုံ​၊ ဗရုတ်ကျပုံ​တွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့ သီချင်း​တွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို ​နောက်ပိုင်းမှာ နာမည်ကြီးသီချင်းအ​များစုကို Chipmunks versionလို့ ပြန်ပြီး ဖန်တီးလာတဲ့အထိ ဒီရှဉ့်​လေး​တွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံး အတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunk ရှဉ့်​လေးသုံး​ကောင်ကို စတင်မိတ်ဆက်​ပေးခဲ့တဲ့ ဇာတ်ကားပါ။ မ​အောင်မြင်တဲ့ ​တေး​ရေးဆရာ ​​ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်​လေး သုံး​​ကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ ဖိအားများ​နေတဲ့ ​ဒေ့ဗ်တစ်​ယောက် ရှဉ့်​လေး​တွေနဲ့ စ​တွေ့ချိန် သူတို့ရဲ့ ​သောင်းကျန်းမှုကို မခံနိုင်လို့ ​မောင်းထုတ်ခဲ့​ပေမဲ့ မထင်မှတ်ဘဲ သူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီး​နောက် Chipmunkတွေအတွက် ပင်တိုင်သီချင်း​ရေး​​ပေးသူ ဖြစ်လာပြီး ​အောင်မြင်မှု​တွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ ​တေးသံသွင်းပိုင်ရှင်က ​ဒေ့ဗ်ဆီက​နေ ရှဉ့်​တွေကို လုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့​ရဲ့ကိုယ်ကျိုးအတွက်ပဲ ကြည့်ကာ ရှဉ့်​လေး​တွေကို အသုံးချဖို့ ကြိုးစားခဲ့ပါတယ်။ သူနဲ့ရှဉ့်​လေး​တွေကြားက အထင်လွဲမှု​​တွေကို ​ဖြေရှင်းဖို့ကြိုးစားရင်း ​​ဒေ့ဗ်အ​နေနဲ့ လောဘအိုး producerရဲ့လက်​က​နေ ရှဉ့်​လေး​တွေ လွတ်​မြောက်နိုင်​အောင် ဘယ်လိုကယ်တင်မလဲဆိုတာ သီချင်း မြူးမြူး​လေး​တွေ၊ chipmunk​​လေးတွေရဲ့ချစ်စရာ​ကောင်းတဲ့ သီဆိုပုံ​တွေနဲ့အတူ ခံစားရမှာပါ။ File size… 2.2 GB / 629 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Action • Drama • Thriller • Science Fiction
0 2007
Alvin and the Chipmunks
Come Drink with Me

Come Drink with Me ( 1966 ) IMDb: 6.9/10 Genre: Action/Crime Come Drink with Me ခေါ် Great Drunken Heroကို one of the greatest wuxia films of all time လို့ သတ်မှတ်ထားကြတယ်။ သိုင်းကားတွေနဲ့ပတ်သက်ရင် နာမည်ကျော်တဲ့ ရှောဘရားသားကထုတ်ပြီး ကင်းဟူက ရိုက်ထားတယ်။ ကင်းဟူနဲ့ ရှောဘရားသားဟာ ဒီကားအပြီးမှာ ခွာပြဲပြီး ကင်းဟူက ဒရာဂွန်အင်းတွေ ဘာတွေဆက်ရိုက်ခဲ့တယ်။ ဒီကားအပြီးမှာ သူတို့ခွာပြဲကြတယ်ဆိုပေမဲ့လည်း ဒီကားက မညံ့ခဲ့တဲ့အပြင် ခရမ်းချဉ်းသီး အလုံးတစ်ရာရထားတယ်။ရထားတာနဲ့တန်အောင်လည်း ကောင်းပါတယ်။ ပုဂ္ဂလိကအမြင်အရဆို သူ့ရဲ့ ဒရာဂွန်အင်းတို့ဘာတို့ထက်တောင် ပိုကြိုက်တယ်။ ဘာလို့ဆို ကျွန်တော့်အနေနဲ့ အကြိုက်ဆုံးဖြစ်သိုင်းဝတ္တုဆရာ ကျင်းယုံရဲ့ ဇာတ်ကောင်တွေကို မတူညီတဲ့ပုံစံနဲ့မြင်နေရတာကို သဘောကျလို့လို့ပဲဖြေရမယ်။ ဒီကားထဲက အဓိကဇာတ်ကောင်က အမူးသမား သူတောင်းစား။ သိုင်းမတတ်သလိုလို ပေါသလို ကြောင်သလိုနေနေတဲ့ကောင်။ သူက မကောင်းတဲ့ သူ့ဆရာတူအစ်ကိုလက်ထဲ သူ့ဆရာရဲ့အမွေအနှစ်ဖြစ်တဲ့ ဝါးတုတ်ပါမသွားအောင်ကာကွယ်ရင်း ပညာလျှိုရင်း သူတောင်းစားလေးတွေနဲ့ ရောရောနှောနှော ပေါတောတောနေရင်း တောင်းစားနေတဲ့လူ။ ပြောရရင် သူ့ဆရာက‌ရှောင်လင်ကလိုလိုပြောလို့ရတော့ သူ့ဇာတ်ကောင်က ချောင်ဖုန်းနဲ့ ဟုန်ချီကုန်းကို ပေါင်းထားသလို ဇာတ်ကောင်မျိုးပဲ။ မင်းသမီးကတော့ လူဆိုးထိန်းသဘောမျိုး။ လူဆိုးတွေက သူ့ကိုကြောက်ကြတယ်။ သူ့နာမည်က ရွှေပျံလွှား။ ဇာတ်အစမှာ လူဆိုးဂိုဏ်းကမြို့တော်ဝန်ရဲ့သားကို ဖမ်းပြီး အဖမ်းခံထားရတဲ့ သူတို့ဆရာနဲ့လဲဖို့လုပ်တယ်။ မြို့တော်ဝန်ရဲ့သားကို ကယ်ဖို့ ရွှေပျံလွှားက လူဆိုးဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း အမူးသမား သူတောင်းစားတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားတယ်။ ဒီလိုနဲ့ ရွှေပျံလွှားနဲ့လူဆိုးဂိုဏ်ကကောင်တွေရဲ့ တိုက်ပွဲထဲကို သူတောင်းစားက ဝင်ပါလာရာကနေ ဘာတွေဆက်ဖြစ်မလဲကြည့်ရမယ့်ဇာတ်ပဲ။ Drunken Heroဆိုတဲ့နာမည်နဲ့ Remakeတွေ ဘာတွေ ပြန်ရိုက်ထားသေးတော့ မမှားရင်တော့ ဒီကားက ပထမဆုံး အရက်မူးသိုင်းသမားကားဖြစ်ချင်ဖြစ်လိမ့်မယ်။ နောက် Mask of Zorroထဲက ဓားသိုင်းချရင်း အဝတ်ချွတ်တဲ့အကွက်က ဒီကလာတာဖြစ်ဖို့ ရာနှုန်းတော်တော်များတယ်။ ဒီကားထဲက မင်းသားရဲ့ Life Stlyleက သဘောကျချင်စရာတော်တော်ကောင်းတယ်။ ဒါကြောင့်ပဲ ကျွန်တော်တော့ ကင်းဟူကားတွေထဲ Come Drink with Meကို သဘောအကျမိဆုံးပဲ။ သိုင်းကားကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကိုကြည့်ရမယ်ကားဖြစ်သလို သိုင်းကားရယ်လို့ တကူးတကမကြိုက်တောင် Come Drink with Meဟာ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ File size… 1.8 GB / 943 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Action/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

0 1966 91 mins
Come Drink with Me
So Long, See You Tomorrow

So Long, See You Tomorrow (2024) ******************************* “အပြိုင်စကြဝဠာဆိုတာကို ယုံကြည်ပါသလား” အဲဒီအပြိုင်စကြဝဠာမှာ ကိုယ့်ရဲ့ကိုယ်ပွါးတွေဟာ ပုံစံမျိုးစုံနဲ့ ရှိနေနိုင်ပါတယ်တဲ့။ အန်ဒုံဂျွန်းဆိုတဲ့ ကောင်လေးဟာ အပြိုင်စကြဝဠာရှိတယ်ဆိုတာကို ယုံကြည်ပြီး လက်ရှိကိုယ့်ဘဝကိုယ် မနှစ်သက်ဘဲ တခြားစကြဝဠာမှာ ရှိနေတဲ့သူ ဖြစ်ချင်နေခဲ့တာပါ။ အဲဒီလို ဒုံဂျွန်းရဲ့ ငြီးငွေ့နေတဲ့ဘဝကို အလင်းပေးခဲ့တာကတော့ သူ့အိမ်အပေါ်ထပ်မှာနေတဲ့ ဂန်ဟျွန်းဆိုတဲ့ သူ့ရဲ့စီနီယာပဲဖြစ်ပါတယ်။ ဒုံဂျွန်း လေးစားအားကျရတာထက်ကို ပိုပြီး ဘက်စုံတော်တဲ့ ဂန်ဟျွန်းတစ်ယောက် မတော်တဆတစ်ခုနဲ့ ကြုံတွေ့ပြီးနောက် သူ့နားက ထွက်သွားတဲ့အခါမှာတော့… ဒုံဂျွန်းရဲ့ဘဝက ဘယ်လိုပြောင်းလဲသွားလဲသွားမလဲ..။ ဒုံဂျွန်းနဲ့ ဂန်ဟျွန်းကရော ပြန်ဆုံတွေ့နိုင်ပါ့မလား..။ ဆိုတာတွေကို timeline ၃ခုနဲ့ ရိုက်ပြထားပြီး အပြိုင်စကြဝဠာတစ်ခုချင်းစီမှာရှိတဲ့ မတူညီတဲ့ပုံစံနဲ့ ဒုံဂျွန်းကို ကြည့်ရှုရမဲ့ ဇာတ်လမ်းဆန်းဆန်းလေးပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ Children of a Lesser God ထဲမှ Shin Hee-sub၊ Escape ထဲမှ Hong Xa-bin နဲ့ Castaway Diva ထဲမှ Shin Joo-hyup တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ File size…2.10GB / 920MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Romance, Drama, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by MMyo

0 2024 144 mins
So Long, See You Tomorrow
Pottel
8

Pottel 2024 ရွာသူကြီး မင်းသမီးချောလေး ananya nagalla ပါဝင်ထားတဲ့ဒီကားလေးမှာတော့ ပညာရေးရဲ့အရေးပါပုံ ပညာမတတ်ခင် အမှောင်ဖုံးခဲ့တဲ့ကာလတွေမှာ ဘယ်လိုဖိနှိပ်ခံရပုံတွေနဲ့ တွန်းလှန်ပုံတွေကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် စာမတတ်တဲ့ရွာလေးတစ်ရွာ ဒီရွာကို စာတတ်တဲ့ရွာသူကြီးမျိုးရိုးစဉ်ဆက်အုပ်ချုပ်လာခဲ့တာပါ ဒီရွာမှာက လုပ်ကိုင်တဲ့အလုပ်ကိုကြည့်ပြီး ရာထူးသတ်မှတ်ပေးပါတယ် ဒီထဲမှာ ဂန်ဂါဒါရီကြီးတို့လည်းပါတာပေါ့ နာမည်က ဘာလို့ဒီလိုဖြစ်ရလဲဆိုရင် သူ့ကိုမွေးတုန်းက အမြွှာလေးမွေးတာပါ ဂန်ဂါဒါရီကြီးနဲ့ ဂန်ဂါဒါရီငယ်ပေါ့ ဒါပေမဲ့ အဖေရော ကလေးတွေပါ စာမတတ်ကြလို့ ရေတွင်းဘေးမှာရေးထားတဲ့ သတိပေးဆိုင်းဘုတ်ကို မဖတ်တတ်ကြလို့ ရေထဲဆင်းကူးရင်း အငယ်ကောင်လေးက ရေနစ်သေခဲ့ရတယ် ဒီလိုနဲ့ သူ့သားသေတာက စာမတတ်လို့ဆိုပြီး ကျန်ခဲ့တဲ့သားကြီးကို စာတတ်အောင်ကြိုးပမ်းပါတော့တယ် ဒါပေမဲ့လည်း လူတန်းစားခွဲခြားတဲ့ရွာဖြစ်တော့ သိုးထိန်းရဲ့သားဖြစ်တဲ့ ဂန်ဂါဒါရီကြီးအဖို့ ဘယ်လိုဒုက္ခတွေကြုံလာရမလဲ ဖိနှိပ်ခံဘဝကနေ ပညာတတ်ပြီးလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ … ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Cym ~ Eaint ~ Star ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ် )

8 2024 136 mins
Pottel
Jin-Roh: The Wolf Brigade

ဒီနေ့မှာတော့ IMDb rating 7.3 ရရှိထားတဲ့ American release anime film လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Political thriller အမျိုးအစားဖြစ်တဲ့ “Jin-Roh: The Wolf Brigade” anime ထဲမှာဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံရဲ့ အခြားတစ်ဖက်မှာ ဖြစ်ပေါ်နေတဲ့ လူမှုရေးမငြိမ်မသက်မှုတွေနဲ့ နိုင်ငံရေးပဋိပက္ခတွေအကြောင်း သည်းထိတ်ရင်ဖိုကြည့်ရှူခံစားရမှာဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Kazuki Fuse ဟာဆိုရင် မြို့တော်ရဲအဖွဲ့ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူ့ရှေ့မှာ မိန်းကလေးငယ်တစ်ဦး ဗုံးဖောက်ခွဲတာကို မျက်မြင်တွေ့ ရှိခဲ့ရပြီးနောက် စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ Fuse နဲ့ အဲ့မိန်းကလေးရဲ့အစ်မနဲ့ ပြန်တွေ့ပြီး ဘာတွေဆက်ဖြစ်ကြမှာလဲ။ Wolf Brigade ကရော ဘယ်လိုအဖွဲ့အစည်းလဲ အစရှိတာတွေကို ဒီ anime ထဲမှာ ဆက်လက်‌ကြည့်ရှုခံစားနိုင်ပါတယ်။ အန်နီမေးရှင်းလက်ရာကလည်း အမိုက်စားမို့ သည်းထိတ်ရင်ဖို anime film ကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေအတွက် အကြည့်သင့်ဆုံးလက်ရာတစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.3 GB) / (772 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Romance Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Theint Waddy Lynn

Action • History • Drama • War
0 1999
Jin-Roh: The Wolf Brigade