YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Sarfira.2024.1080p.HS.WEB-DL.YK(CM).mkv

2.3 GB N/A video/x-matroska 2659 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Like & Share
7.8

"လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ခြိမ်းခြောက်အကျပ်ကိုင်ခံရတဲ့အခါ မိန်းကလေးတွေရဲ့ဘဝပဲ အမြဲပျက်စီးသွားပြီး ယောက်ျားလေးတွေကတော့ ဘာမှမဖြစ်ပါဘူး" တဲ့။ ဒီဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်‌ ပြောတဲ့စကားပါ။ အပြင်လောကမှာလည်း ဘယ်လောက်ပဲ ခေတ်မီပြီး အမြင်ကျယ်လာတယ်ပြောပြော မိန်းကလေးတွေကပဲ စိတ်ဒဏ်ရာတွေကို ပိုခံစားရတတ်ပါတယ်။ ဒီဇာတ်ကားကတော့ ASMR ဗီဒီယိုတွေ ရိုက်ကူးတင်ဆက်တဲ့ Channel တစ်ခု ထောင်ထားပြီး စိတ်ကူးအိပ်မက်တွေအပြည့်ရှိတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးနှစ်ယောက်၊ သူတိူ့နှစ်ယောက်ထဲနှာ တစ်ယောက်က လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အကျပ်ကိုင်ခံရတော့ သူငယ်ချင်းနှစ်ယောက် အဲဒါကို ဘယ်လိုကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ ရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb 7.2 ရထားပြီး ဆုသုံးခုရထားတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး ဖြစ်တဲ့အပြင် အာရှနိုင်ငံတွေရဲ့ သိပ်မကွဲပြားတဲ့ အယူအဆတွေကိုလည်း တွေ့ရမှာပါ။ အပြင်လောကမှာလည်း ဒီဇာတ်ကားထဲကလို ဖြစ်တတ်တဲ့ကိစ္စတွေရှိတော့ ဒီဇာတ်ကားကိုကြည့်ရင်း တစ်ခုခုကိုခံစားရမှာတော့ သေချာပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.2GB | 606MB | 306MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Comedy • Drama • Romance
7.8 2022 112 mins
Like & Share
(18+) Hotel Iris

အိုဆာကာ အာရှရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဟိုတယ် အိုင်းရစ်လို့ခေါ်တဲ့ Hiroshi Okuhara ရဲ့ ရုပ်ရှင်အသစ်ဟာ တော်တော်ကို ဆန်းဆန်းပြားပြားနဲ့ Adult ကားဆန်ဆန် သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ Mystery ကားတစ်ကားရဲ့ လျှို့ဝှက်မှုတွေ အသားစိုင်တွေကို ပေါင်းစပ်ပြီး ပုံဖော်ထားတယ်လို့ ပြောလည်းမမှားပါဘူး။ ဒီကားက တစ်နေ့ကတင် ကျွန်တော်ကြည့်ခဲ့တဲ့ A Quiet Family လို့ခေါ်တဲ့ ရယ်လည်းမရယ်ရ ဘာပြလို့ပြချင်မှန်းမသိတဲ့ ကိုရီးယားကားနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ သို့ပေမဲ့ ဒီကားကတော့ သူ့ဘာသာ Mystery လိုင်းကို အပြည့်အဝသွားထားတဲ့၊ အများကြီးပိုကောင်းတဲ့ကားပါ။ သရုပ်ဆောင်တွေကလည်း တော်တော်လေး မိုက်တယ်လို့ပြောလို့ရပါတယ်။ ကားကောင်းသိပ်မရှိတဲ့ ဂျပန်ကထုတ်တဲ့ကားအနေနဲ့ဆို တော်တော်ကောင်းတဲ့ ရှားပါးကားလေးပါပဲ။ ဒီလို လျှို့ဝှက်ဆန်းကြယ်ပြီး အသားစိုင်တွေရဲ့ လှပခြင်းနဲ့ ဝင်းဝါတောက်ပနေတဲ့ကားမျိုးကို တစ်ကိုယ်ရေအနေနဲ့ပဲ ကြည့်ကြစေချင်ပါတယ်။ သိကြမယ်မို့လား... ဒီကားဟာ ကိုယ်မြင်ချင်ပေမဲ့ ကိုယ်မြင်ချင်တာ သူများမမြင်စေချင်တဲ့ အရာမျိုးတွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်ပဲလေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.82GB, 740MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 40Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Animation • Drama • Fantasy • Music
0 2022 100 mins
(18+) Hotel Iris
Love Tactics 2
7.2

ပထမကားမှာ နင်ချစ်မလား ငါချစ်မလားနဲ့ အချစ်ပြိုင်ပွဲလေးလုပ်ခဲ့ကြတဲ့ အက်စ်လီနဲ့ ကယ်ရမ့်ကိုမှတ်မိကြသေးရဲ့လား။  သူတို့နှစ်ယောက်ကနေ တစ်ဆင့် စုံတွဲတွေဖြစ်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်က လက်ထပ် ကြတော့မှာပါတဲ့။ ဒါပေမဲ့ ဒါကို အက်စ်လီတို့နှစ်ယောက်က သဘောမ ကျပါဘူး။ အိမ်ထောင်ပြုလိုက်တာနဲ့ ရန်ပဲဖြစ်ပြီး အချစ်တွေမရှိတော့ဘဲ နောက်ဆုံးကွာရှင်းကြမှာပဲလို့ ယုံကြည်ကြတဲ့နှစ်ယောက်ပေါ့။ အိမ်ထောင် ရေးကို အယုံအကြည်မရှိကြတာချင်းအတူတူ အက်စ်လီက ကယ်ရမ်ဟာ သူ့ကိုလက်မထပ်ချင်ရကောင်းလားဆိုပြီး စိတ်ဆိုးသွားပါတယ်။ ဒီလိုနဲ့ အက်စ်လီက ကယ်ရမ် သူ့ကိုလက်ထပ်ချင်လာအောင် စစ်ဆင်ရေး စပါတယ်။ ကယ်ရမ်ကလည်း အားကျမခံ အက်စ်လီ့ကို အိမ်ထောင်သည် ဘဝကို စိတ်ကုန်သွားအောင် ဗျူဟာဆွဲပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်ဂိမ်းလေးမှာရော ဘယ်သူအနိုင်ရမလဲ။ ချစ်ရင်ယူမှဖြစ်မှာ လား လက်ထပ်လိုက်တာနဲ့ အချစ်တွေကုန်သွားပြီလား ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL မှဖြစ်ပါတယ်) File Size..........(1.85 GB) / (833 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......EL Encoder..........SWM

7.2 2023 98 mins
Love Tactics 2
Crawl
6.3

ရုံမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ခဲ့ရတဲ့ ဟော်ရာ ကားကောင်းတစ်ခုကို တင်ပေးထားပါတယ်။ အရမ်းလန့်တတ်တဲ့ သူတွေတော့ သတိထားကြည့်သင့်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရေကူးအားကစားမယ် တစ်ယောက်ဖြစ်တဲ့ ဟေလီဟာ သူနဲ့ စိတ်ဆိုးပြီး စကားမပြောဖြစ်တဲ့ အဖေ့ဆီကို သွားဖို့ အကြောင်းဖန်လာပါတယ်။ အကြောင်းကတော့ အင်အားကြီး ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်မယ့်နယ်မြေထဲမှာ ဟေလီရဲ့ အဖေဟာ အဆက်အသွယ်ပြတ်ပြီး ပျောက်နေလိုူ့ပါပဲ။ သူ့အဖေဆီကို ရောက်သွားတဲ့အချိန်မှာ အဖေဖြစ်သူ ဘာလို့ ရောက်မလာနိုင်လဲ ဆိုတဲ့အကြောင်းရင်းကို သူကိုူယ်တိုင် တွေ့လိုူက်ရပါတော့တယ်။ ရေလျှံပြီး ရောက်နေတဲ့ မိကျောင်းတစ်ကောင် ကြောင့်ပါပဲ။ ရေထဲမှာ ပြိုင်ဘက်ကင်းသားရဲလိုူ့ ပြောလိုူ့ရတဲ့ မိကျောင်းနဲ့ ငါးတစ်ကောင်လို ရေကူး ကျွမ်းကျင်သူတို့ ရေထဲမှာ ရင်ဆိုင်ကြရတ့အခါ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါပဲ။

Crime • Horror • Science Fiction
6.3 2019 88 mins
Crawl
Freedomland
5.2

Freedomland (2006) ================ လူဖြူလူမည်းပြဿနာဆိုတာ ဟိုးအရင်ကတည်းကရှိခဲ့ပြီး အခုထိလည်း အနည်းနဲ့အများတော့ရှိကြပါတယ်။ လူမည်းတွေ အဓိကနေထိုင်တဲ့ ဒမ်ဆီ နဲ့ လူဖြူအဓိကနေထိုင်တဲ့ ဂန်နွန်တို့နယ်မြေနှစ်ခုကလည်း အဲ့ဒီအတိုင်းပါပဲ။ ဒမ်ဆီဘက်ကလည်း ဂန်နွန်ကိုသဘောမကျသလို ၊ ဂန်နွန်ဘက်ကလူကလည်း ဒမ်ဆီကိုမလိုလားကြပါဘူး။ ဒီနယ်မြေနှစ်ခုကို ဟန်ချက်ညီအောင်၊ ပြဿနာ မတက်အောင် ထိန်းပေးနေရတာ လူမည်းစုံထောက်ဖြစ်တဲ့ လိုရန်ဇို နဲ့ လူဖြူ စုံထောက်ဘော်ဘီတို့ပဲဖြစ်ပါတယ်။ ပြဿနာကတော့ အသက်လေးနှစ်အရွယ် လူဖြူကလေး ကိုဒီ ပျောက်တဲ့အမှု ကနေစပါတယ်။ ကလေးအမေ ဘရန်ဒါက အလုပ်ကအပြန် ဒမ်ဆီမြို့ကိုဖြတ်ပြီး ဂန်နွန်မြို့ကိုပြန်ပါတယ်။ အဲ့ဒီမှာ ကားအလုခံရပြီး ကားထဲကလေးပါသွားပါတယ်။ အဓိကပစ်မှတ်ကတော့ လူမည်းရပ်ကွက်လို့ခေါ်လို့ရတဲ့ အမ်းစတောင်းအိမ်ယာ အနီးမှာဖြစ်သွားတာမို့ သာမာန်အမှုလိုက်တာနဲ့မတူပဲ လူမျိုးရေးတွေပါ ပါလာပါ တော့တယ်။ အဲ့ဒီကနေတစ်ဆင့် လူမျိုးရေးအဓိကရုဏ်းအထိ ဖြစ်မလာနိုင်အောင် လူမည်းစုံထောက်လိုရန်ဇို ကာကွယ်နိုင်ပါ့မလား၊ ကလေးပျောက်ရှာပုံတော်ဖွင့် နေရင်းနဲ့ ဘယ်လိုမျိုးမြှုပ်ကွက်တွေ ထပ်ပေါ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်း ဆုံးတဲ့အထိ ဆက်ပြီးကြည့်လိုက်ပါတော့နော်…. ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(2.21 GB) / (977 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Mystery Translator…….Jo Jo Va Encoder……….SWM

Horror • Thriller
5.2 2006 113 mins
Freedomland
Sleepaway Camp

နှစ်ပေါင်း ၄၀ သက်တမ်းရှိပြီဖြစ်တဲ့ ညအိပ်တောတွင်းစခန်းလို့ အမည်ရတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နွေရာသီတခုမှာ အဒေါ်မိသားစုနဲ့နေထိုင်ရတဲ့ အန်ဂျလာဆိုတဲ့ အရှက်အကြောက်ကြီးတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးဟာ ၀မ်းကွဲအစ်ကိုဖြစ်သူ ၁၅ နှစ်အရွယ် ရစ်ကီနဲ့ အယ်ရာ၀က် နွေရာသီတောတွင်းစခန်းကို လည်ပတ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ အန်ဂျလာတို့ မောင်နှမ စခန်းကိုရောက်ရှိပြီးအကြာမှာ အန်ဂျလာအပေါ်ကို အနိုင်ကျင့် စနောက်မှုတွေရှိလာပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အန်ဂျလာကို အနိုင်ကျင့်စော်ကားသူတွေဟာ တယောက်ပြီး‌တယောက် ဆိုးရွားတဲ့မတော်တဆမှုတွေနဲ့ ကြုံတွေ့ပြီး သေဆုံးလာကြတဲ့အခါမှာတော့ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က လက်သည်ဟာ ဘယ်သူများလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ဟာ ၁၉၈၃ကတည်းက ထွက်ရှိထားခဲ့ပေမဲ့ သရုပ်ဆောင်ချက်တွေ မိတ်ကပ်ပြင်ချက်တွေဟာ သူ့ခေတ်သူ့အခါမှာတော့ တော်တော်ကောင်းတဲ့အထဲပါခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးမှာ လူသတ်သမားကိုထုတ်ဖော်ချပြလိုက်ခြင်းကလည်း အမေရိကန်ရုပ်ရှင်သမိုင်းကြောင်းမှာ ထိတ်လန့်တုန်လှုပ်မှုကို အထွတ်အထိပ်အထိရောက်ရှိစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၈၀ကျော်ခုနစ်တွေတုန်းက သည်းထိတ်ရင်ဖို ရုပ်ရှင်ကားဟောင်းတွေကို နှစ်သက်သူတွေအနေနဲ့တော့ ဒီရုပ်ရှင်ကို သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုအဆုံးသတ်လိုက်ပါတယ်။ File size…(1.8 GB)/(949 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 1983
Sleepaway Camp
Fitzcarraldo
8

Fitzcarraldo ဆိုတဲ့ဇာတ်ကားက 1982 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး Adventure/Documentary အမျိုးအစားဖြစ်ပါတယ်။ အမေဇုန်မြစ်ဒေသကမြို့ငယ်လေးမှာနေထိုင်တဲ့ Fitzcarraldo ဆိုတဲ့လုပ်ငန်း‌တွေအရှုံးပေါ်ခဲ့ပေမဲ့ အရှုံးမပေးတတ်တဲ့လုပ်ငန်းရှင်ပေါက်စလေးဟာ အော်ပရာတေးဂီတပြဇာတ်တွေအပေါ်မှာရူးသွပ်တဲ့သူပါ။ သူနေတဲ့မြို့ငယ်လေးဆီမှာအော်ပရာ ပြဇာတ်ရုံတည်ဆောက်ဖို့ကြိုးစားပေမယ့် ရန်ပုံငွေမလောက်တဲ့အခါ သူကရော်ဘာစီးပွားရေးလုပ်ငန်းကိုပြောင်းလုပ်ဖို့ကြိုးစားပါတယ်။ရော်ဘာပင်တွေကိုရှာဖို့ ရည်းစားဆီကပိုက်ဆံချေး သင်္ဘောတစ်စီးကိုဝယ်ပြီး အမေဇုန်မြစ်အပေါ်ပိုင်းဆီ ရေဆန်အတိုင်းဆန်တက်သွားပါတော့တယ်။ အဲဒီမှာ ဘာတွေနဲ့ကြုံရမလဲ……သူလိုအပ်နေတဲ့ ရန်ပုံငွေရောရသွားနိုင်မလား ဆိုတာတွေကိုတော့ ဇာတ်ကားလေးထဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး…… File size…(4.8 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:38:00 Genre… Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris

8 1982
Fitzcarraldo
Hovering Blade
5.8

သမီးလေးတစ်ယောက်ကို အဖေတစ်ယောက်အနေနဲ့ ပန်းလေးတစ်ပွင့်လိုယုယရင်း တစ်ယောက်ထဲပြုစုပျိုးထောင်လာခဲ့ပါတယ်။ သိပ်မပြည့်စုံပေမယ့် သားအဖနှစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင်နေလာခဲ့ပါတယ်။ မိုးသည်းတဲ့တစ်ညမှာတော့ သမီးလေးဟာအိမ်ပြန်မလာတော့ပါဘူး။ မြီးကောင်ပေါက်အရွယ် အပျိုဖော်ဝင်ကာစသမီးလေးပြန်ရောက်မလာတဲ့အတွက် အရူးမီးဝိုင်းသလိုလိုက်ရှာခဲ့တယ်။ ကံမကောင်းချင်တော့ နောက်(၂)ရက်အကြာမှာ မြစ်ကမ်းဘေးမှာပေါ်လာတဲ့အလောင်းဟာ သမီးလေးဖြစ်နေပါတယ်။ တရားခံဟာ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ဆေးသမားကောင်လေး(၂)ယောက်ဖြစ်နေတာကိုမထင်မှတ်ပဲ သိလိုက်ရပြီး သမီးလေးကိုနှိပ်စက်ပြီး အဓမ္မကျင့်တဲ့ဗီဒီယိုကိုမြင်လိုက်ရတဲ့အချိန်မှ ာ အသိစိတ်လွတ်သွားပြီး တရားခံကောင်လေးတစ်ယောက်ကိုသတ်မိလိုက်ပါတယ်။ ဒီလိုနဲ့ အသဲနှလုံးတွေမွမွကြေပြီး ရင်ကွဲနေတဲ့ အဖေတစ်ယောက်ရဲ့ ကလဲ့စားဟာစတင်ခဲ့ပါတယ်။ အဖေဖြစ်သူက တရားခံနောက်တစ်ယောက်ကိုလိုက်ရှာနေချိန်မှာ ရဲတွေကလဲ တရားခံကောင်လေးကိုရော သေသွားသူကောင်မလေးရဲ့အဖေကို ဆက်ပြီးမမှားအောင်တားဖို့ ရှာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးတွေပြစ်မှုကျူးလွန်တဲ့အခါမှာ တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်လို့မရတဲ့အတွက် အသက်မပြည့်သေးတဲ့လူငယ်တွေရဲ့ အထိန်းအကွပ်မရှိ ပြစ်မှုကျူးလွန်တဲ့အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ တရားခံနောက်တစ်ယောက်ကိုရှာတွေ့သွားတဲ့အခါ သမီးလေးအတွက် လက်စားချေမလား တရားဥပဒေလက်အပ်လိုက်မလားဆိုတာကို ဆက်ကြည့်လိုက်ပါနော်……

5.8 2024
Hovering Blade
Anjaamai
7.5

Anjaamai (2024) “အကြောက်တရားမဲ့” IMDb – 7.6/10 ၂၀၁၇ခုနှစ်က ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ တမီးလ်ရုပ်ရှင်။ ခေတ်စနစ်ဆိုးတစ်ခုရဲ့သားကောင်ဖြစ်ရတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ပညာရေးအတွက်ရုန်းကန်ရပုံတွေနဲ့ စနစ်ထဲက မကောင်းတဲ့အရာရှိတွေရဲ့အကျင့်ပျက်ခြစားပုံတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်။ မိုးတွေသည်းကြီးမည်းကြီးရွာနေတဲ့တစ်နေ့ ကောင်လေးတစ်ယောက် ရဲစခန်းထဲကိုဝင်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ တိုင်ချက်ဖွင့်ချင်လို့တဲ့။ ဘယ်သူ့ကိုလဲဆိုတော့ အစိုးရကိုတဲ့။ အဲဒီကောင်လေးက ပုံမှန်တမီးလ်အစိုးရကျောင်းငယ်လေးမှာတက်ရင်းနဲ့ ခရိုင်အဆင့်မှာ ထိပ်ဆုံးအဆင့်ကိုရောက်ခဲ့တဲ့သူ။ သူ ပညာရေးမှာကြိုးစားဖို့ အဖေဖြစ်သူ ဆာကာက ပန်းစိုက်ရင်းခက်ခဲပင်ပန်းစွာနဲ့ ပုခုံးထမ်းတင်ပေးခဲ့။ အဖေဖြစ်သူ ဆာကာက ရပ်ရွာအကျိုးကို ကိုယ်ကျိုးစွန့်တဲ့ထိလုပ်ကိုင်ဆောင်ရွက်တတ်တဲ့သူ။ သားဖြစ်သူ ထိပ်ဆုံးအဆင့်နဲ့ စာမေးပွဲအောင်ချိန် ဆရာဝန်ဖြစ်ဖို့ကြိုးစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့် တစ်မိသားစုလုံးပျော်ရွှင်နေကြတာပါ။ ဒီလိုကောင်လေးက ရဲစခန်းထဲကိုဝင်လာပြီး ဘာကြောင့် အစိုးရကိုတိုင်ချက်ဖွင့်ချင်ရတာလဲဆိုတာကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.5 2024 121 mins
Anjaamai
Kiss of the Dragon
6.6

Kiss of the Dragon (2001) IMDb Rating (6.6) / Rotten Tomatoes (53%) နာမည်ကြီး အက်ရှင်မင်းသားကြီး ဂျက်လီရဲ့ ၂၀၀၀ အစောပိုင်း ကားဟောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ဂျက်လီက တရုတ်မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဖို့ ပြင်သစ်ကို ရောက်လာတဲ့ တရုတ်အေးဂျင့် လွီယန်းအနေနဲ့ ပါဝင်ထားပါတယ်။ ဒါပေမဲ့ သူနဲ့တွဲအလုပ်လုပ်ရမယ့် ပြင်သစ်ရဲအရာရှိဟာ မူးယစ်ဂိုဏ်းခေါင်းဆောင်နဲ့ အဆက်အသွယ်ရှိနေပြီး သူက မူးယစ်ဂိုဏ်းခေါင်းဆောင်ကို သတ်ပစ်ပြီး လွီယန်းကို အပြစ်ပုံချလိုက်ပါတယ်။ တစ်ဖက်မှာ ဒါတွေအကုန်လုံးကိုသိပြီး လွီယန်းမှာ အပြစ်မရှိကြောင်းသက်သေပြနိုင်မဲ့သူက ပြင်သစ်ရဲအတွက် အလုပ်လုပ်ပေးရတဲ့ ဂျက်ဆီကာ ဆိုတဲ့ပြည့်တန်ဆာမလေးပါ။ ဒါကြောင့် လွီယန်းဟာ ပြင်သစ်ရဲတွေ လက်ကနေ ထွက်ပြေးရင်း သူ့မှာအပြစ်မရှိကြောင်း သက်သေပြဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာကို အက်ရှင်ခန်းတွေ အများအပြားနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။) File size…(1.3 GB) / (760 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama Duration….01:39:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Marco

Thriller
6.6 2001 98 mins
Kiss of the Dragon
The Dish
7.2

The Dish (2000) IMDb Rating (7.2) / Rotten Tomatoes (96%) ခုနေများ ကြုံကြိုက်လို့ လပေါ်ကိုရောက်ရင် အောက်ပါစာတန်းပါတဲ့ ကဗျည်းနဲ့ အမေရိကန်အလံကို ရှာကြည့်ပါ။ Here men from the planet Earth first set foot upon the Moon. July 1969, A. D. We came in peace for all mankind. ဤနေရာတွင် ကမ္ဘာဂြိုလ်မှ လူသားများ လပေါ်တွင် ပထမဆုံး ခြေချနိုင်ခဲ့သည်။ ဇူလိုင်လ ၁၉၆၉ ခုနှစ် အေဒီလူသားမျိုးနွယ်စုအားလုံးအတွက် ကျွန်ုပ်တို့ ငြိမ်းချမ်းစွာလာခဲ့သည်။ ဒါ လူသားမျိုးနွယ်တို့ရဲ့ မဟာအောင်ပွဲပါ။ အာကာသယာဉ်မှူး ‌နီးလ် အမ်စ‌ထရောင်းပြောခဲ့သလို “လူသားတစ်ယောက်ရဲ့ အဲဒီခြေလှမ်းသေးသေးလေးဟာ လူသားမျိုးနွယ်အတွက်တော့ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပါပဲ” ဒါတွေဟာ နာဆာရဲ့ အပိုလိုမစ်ရှင်တွေထဲက ၁၁ကြိမ်မြောက်မှာ လပေါ်ကို ပထမဆုံး ခြေချနိုင်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ခုနေ ယူကျုဘ်ကနေ First Moon landing ဆိုရှာရင် ခုန်ပေါက်ပြနေတဲ့ အာကာသယာဉ်မှူးကို မြင်ရမှာပါ။ ဒီ ရုပ်ပုံတွေကို ၁၉၆၉ ခုနှစ်တုန်းက လပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာရော သင်သိပါသလား။ အဲဒီလို ပြသနိုင်အောင် အဓိကစွမ်းဆောင်ခဲ့တာကတော့ အခု ရုပ်ရှင်ရဲ့ ခေါင်းစဉ် The Dish ပါ။ ရေဒီယိုတယ်လီစကုပ်တစ်ခုဖြစ်ပြီး ဩစတြေးလျနိုင်ငံ ပက်စ်မြို့လေးရဲ့ သိုးစားကျက်ကွင်းအလယ်မှာရှိပါတယ်။ အဲဒီ’စလောင်း’ကို အသုံးပြုပြီး Moon walking လုပ်တာကို အခက်အခဲတွေကြားက ရအောင် ထပ်ဆင့်လွှင့်ပေးနိုင်ဖို့ကြိုးစားကြတဲ့ ဇာတ်လမ်းပါ။ ဖြစ်ရပ်မှန်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး တကယ့် နေရာ၊ တကယ့်စလောင်း နဲ့ တကယ့် Footage တွေကို ထည့်သွင်းထားပါတယ်။ ဇာတ်လမ်းကိုအများကြီး မညွှန်းလိုပေမယ့် သူ့ခေတ်သူ့အခါက နာမည်ကြီး သရုပ်ဆောင်တွေ၊ နိုင်ငံရေးအပါအဝင် ပျက်လုံးတွေထုတ်ပုံ၊ အင်္ဂလိပ်စကားကိုပဲ ဩစီ နဲ့ အမေရိကန်ပြောပုံမတူလို့ စကားပြန်နဲ့ပြောရပုံတွေ၊ Moon landing လုပ်ပုံတွေကို ရှုစားရမှာပါ။ သရုပ်ဆောင်တွေ အ‌နေနဲ့ ဒိုင်နိုဆောဆရာကြီး Sam Neill က ဦးဆောင်ထားပြီး Roy Billing, Patrick Warburton, Kevin Harrington, Tom Long နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ဒါရိုက်တာက Rob Sitch ဖြစ်ပါတယ်။ Nominations ၁၀ ခု ဝင်ထားပြီး Soundtrack, Music နဲ့ screen play ဆု သုံးခု ရထားပါတယ်။ တစ်ကားလုံးမှာ ပျင်းစရာမပါအောင်ပြသွားသလို အကြိုက်ဆုံးစကားတစ်ခွန်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။ “ရှုံးနိမ့်ခြင်းဆိုတာ နောင်တလောက် ကြောက်စရာကောင်းတဲ့ အရာမျိုးမဟုတ်ဘူး” (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size… (3.4 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, History Duration….01:42:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

7.2 2000 101 mins
The Dish
Psycho IV: The Beginning
5.4

Psycho IV Beginning 1990 IMDb: 5.4/10 ဒီတစ်ခေါက်မှာတော့ ဆိုက်ကိုလူသတ်ဇာတ်လမ်းတွေကို သဘောကျကြိုက်နှစ်သက်တဲ့ လူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒါကတော့ လေးကားမြောက်ဖြစ်ပြီး ရှေ့မှာ sequel 1 2 3 လည်းရှိပါသေးတယ်။ ဇာတ်လမ်းတွေအားလုံးက ပျင်းစရာမကောင်းသွားအောင် plot twist များစွာနဲ့ ဇာတ်လမ်းကိုအဆုံးထိ ဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားမျိုးပါ။ ဒီလိုဇာတ်လမ်းမျိုးကို အသစ်ပုံဖော်ရိုက်ကူးထားတဲ့ Bates Motel (2013)လည်း အတော်လေး လူကြိုက်များခဲ့တာမို့ မူရင်း ဇာတ်ကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ နော်မန်ဘိတ်စ်ဟာ ကိုယ့်ရဲ့မိခင်ဖြစ်သူကို ဘဝနိဂုံးချုပ်စေတဲ့ လူတွေနဲ့ တိုက်ရိုက်ဆွေးနွေးတင်ဆက်တဲ့ ရေဒီယိုတင်ဆက်မှုတစ်ခုကို ဖုန်းခေါ်ရင်းက စတင်ထားပါတယ်။ ရေဒီယိုရှိုး အစီအစဉ်တင်ဆက်သူနဲ့ စိတ်ပညာရှင်တွေဟာ နော်မန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တကယ့် လူသတ်သမားဆိုတာကို မသိကြပါဘူး။ ဇာတ်လမ်းဟာ အဲဒီကနေမှ နော်မန့်ရဲ့ ဆိုးရွားတဲ့ ငယ်ဘဝကို နောက်ကြောင်းပြန် ထင်ဟပ်စေရင်း စတင်ခဲ့ပါတယ်။ အဲဒီမှာ သူ့အမေရဲ့ အကျင့်ဆိုးတွေက သူ့စိတ်ကို ဘယ်လို ပြောင်းလဲလာစေတယ်ဆိုတာကို ဖော်ပြလာပါတယ်။ မိခင်ဖြစ်သူ နော်မာ ဘိတ်စ်ဟာ လှည့်စားတတ် ဝန်တိုတတ်ပြီး စိတ်ပိုင်းဆိုင်ရာကို အတော်လေး ဒုက္ခပေးနိုင်လွန်းတဲ့ မိခင်မျိုးပါ။ ဒါကြောင့်ပဲ နော်မန်လေးဟာ လူတစ်ကိုယ်တည်းနဲ့ စိတ်၂မျိုး ဖြစ်မှန်းမသိဖြစ်လာခဲ့ရပါတယ်။ အခုအချိန်မှာတော့ နော်မန်ဟာ အိမ်ထောင်ကျနေပြီဖြစ်ပြီး တည်ငြိမ်သယောင်ရှိနေပေမဲ့ သူဟာကလေးယူလိုက်လို့ သူ့ရဲ့ကလေးက သူ့ဗီဇလိုက်ပြီး မကောင်းဆိုးဝါးလေးတစ်ကောင်ကို လက်သပ်မွေးသလိုဖြစ်လာမှာကို ကြောက်ရွံ့နေခဲ့ပါတယ်။ သူ့လိုမျိုး ဇာတ်နာခဲ့ရတဲ့ ကောင်လေးဘဝကနေ စိတ္တဇလူသတ်သမားဖြစ်လာမှာမျိုးကို သူမလိုလားတဲ့အတွက် ကိုယ်ဝန်ရှိနေတဲ့ မိန်းမကိုပါ သတ်ဖို့ကြံလာပါတယ်။ အဲဒီအကြောင်းတွေကိုလည်း ရေဒီယိုရှိုးမှာ ထုတ်ဖော်ရင်ဖွင့်လာတဲ့အခါ သူ့ရဲ့ကောင်းတဲ့မသိစိတ်ကို တင်ဆက်သူတွေက ပြန်ပြီးကြီးစိုးလာနိုင်အောင် ဝိုင်းဝန်းဖျောင်းဖြရင်း ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ File size… 1.8 GB / 970 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kyi Sin Thant

Comedy
5.4 1990 96 mins
Psycho IV: The Beginning
Ata Thambaycha Naay!
9

Ata Thambaycha Naay (2025) (ကိုယ့်သမိုင်းကိုယ်ပြန်ရေးမယ်) ============================================== ဒီဇာတ်ကားက ၂၀၂၅ ခုနှစ်ထွက်တဲ့ မာရာသီဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာကတော့ ရှီဗ်ရာဂျ့် ဝိုင်ချယ် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မင်းသားကြီးတွေဖြစ်တဲ့ ဘာရက် ဂျာဒါ့ဗ်, ဆစ်ဓာသ ဂျာဒါ့ နဲ့ ရှု့တိုဂိုဝါရီတာတို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းဟာ ၂၀၁၇ ခုနှစ်က ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားတာဖြစ်ပြီး မြို့တော်ရဲ့ သန့်ရှင်းရေးဝန်ထမ်းတွေက သူတို့အထက်တန်းအောင်ဖို့အတွက်နောက်ထပ်ကျောင်းစာကိုပြန်လေ့လာကြရာတာကို ဟာသနဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ တွဲဖက်ဖော်ပြထားပြီး စည်ပင်လုပ်သားတွေရဲ့ ဘဝအန္တရာယ်နဲ့ အိပ်မက်တွေကိုမြင်ရပါတယ်။ ဇာတ်လမ်းလေးက သရုပ်ဆောင်မှုကောင်းကောင်းနဲ့ ရင်ထဲရောက်တဲ့အကြောင်းအရာတွေကြောင့် ဝေဖန်သူတွေနဲ့ပရိသတ်တွေက အထူးသဖြင့်ချီးကျူးပါတယ်။ ဇာတ်လမ်းအစမှာတော့ မနက်ပိုင်းအလုပ်လုပ်ပြီး ညကျောင်းတက်တဲ့ ဘီအန်စီ ဝန်ထမ်းတွေနဲ့အစချီထားပါတယ်။ သူတို့ရဲ့အလုပ်တွေက မလှပဘူး၊ ခက်လည်း ခက်ခဲပေမယ့် သူတို့က ဘယ်တော့မှလက်မလျှော့ခဲ့ကြပါဘူး။ သူတို့ကို ထောက်ပံ့ပြီး သင်ကြားပေးတဲ့ဆရာလေးကလည်း သူတို့အတွက်အရေးပါတဲ့ဆရာတစ်ယောက်ဖြစ်လာပါတယ်။ တစ်ဦးချင်းစီမှာ သင်ယူချင်တဲ့အကြောင်းအရာကိုယ်စီရှိကြပါတယ်။။ တချို့က မိသားစုအတွက်၊ တချို့က ကိုယ့်ကိုယ်ကို ဂုဏ်ယူဖို့ပါ။ ဒီဇာတ်ကားလေးကတော့ပညာရေးကနေ ရဲစွမ်းသတ္တိ၊ ဂုဏ်သိက္ခာ၊ လူ့ဘောင်ကိုဘယ်လောက်တောင်ပြောင်းလဲပစ်နိုင်တယ် ဆိုတာကိုထင်ရှားစွာရိုက်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကိုတော့ Brian ~ KKKZ ~ V ~ Honeyတို့မှတင်ဆက်ထားပါတယ်)

Action • Fantasy • Romance
9 2025 138 mins
Ata Thambaycha Naay!
A Carpenter’s Prayer
5.3

A Carpenter’s Prayer (2024) IMDb Rating (5.3) / Rotten Tomatoes (95%) ဒီဇာတ်ကားကတော့ သူ့ရဲ့ ခေါင်းစဉ်အတိုင်း လက်သမားတစ်ယောက်ရဲ့ဆုတောင်းသံကို ဇာတ်အိမ်တည်ပြီးတော့ ရေးထားတာပါ။ အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက် တကယ်ကို စိတ်နဲ့ထိတွေ့ဖို့ကောင်းလှတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင်လည်းမမှားပါဘူး ဇတ်လမ်းအကျဉ်း ဒွိုင်းလ် လို့ခေါ်တဲ့ လက်သစ်သင်းအုပ်ဆရာလေးတစ်ယောက်ဟာ သူ့ရဲ့ နေရာဝန်းကျင်မှာ အချိန်တိုအတွင်းမှာ လူတွေအများကြီးကို ခရစ်ယာန်ဖြစ်သွားအောင် သွန်သင်နိုင်ခဲ့ပြီး လူပေါင်းများစွာကို နှစ်ခြင်းပေးနိုင်ခဲ့တဲ့ သင်းအုပ်ဆရာတစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူတို့နားတစ်ဝိုက်မှာ ဘုရားကျောင်းတွေများပြီး တက်ရောက်တဲ့သူတွေလည်းများလာပါတယ်။ ဒီလိုနဲ့ ဒွိုလ်ဟာ တခြား သင်းအုပ်ဆရာနဲ့ အသင်းလူကြီးတွေဖြစ်ကြတဲ့ ဘက်ဗ်၊ ဟာရိုး ​ဂျော့ဂ်ျတို့နဲ့ ဆွေးနွေးပြီး နေရာသစ်တစ်ခုမှာ ဘုရားကျောင်းဆောင်သစ်တစ်ုခကို ဆောက်လုပ်ဖို့တိုင်ပင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြဿနာက သူတို့ရဲ့အရင်ဘုရားကျောင်းတွေကို ဖျက်သိမ်းပြီး မြေရောင်းထုတ်ရင်တောင်မှ အဆောက်အအုံသစ်ဆောက်လုပ်ဖို့အတွက် ဒေါ်လာ ၅ သောင်းလိုနေပါသေးတယ်။ မတည်ငွေထပ်ရှာဖို့ အနီးအနားက ရင်းနှီးမြှုပ်နှံမှုပိုင်ရှင် ကန်စထရစ်ကလာဆိုတဲ့သူကို သွားတောင်းဆိုပြန်တော့လည်း အာမခံချက်မရှိတဲ့ စီမံကိန်းမလို့ ပိုက်ဆံမထုတ်ပေးနိုင်ဘူးဆိုပြီးဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ ရှိရာနဲ့ဆောက်မယ်ဆိုပြီး စဆောက်ဖြစ်တဲ့အခါမှာလည်း လက်သမားဖြစ်သူဟာ မကျန်းမာလို့ ဆောက်ရင်းတန်းလန်း ဆောက်လုပ်ရေးကိုရပ်လိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ အမှတ်မထင်ဘဲ သင်းအုပ်ဆရာတို့နေရာ အရပ်ကို တစ်ချိန်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဂလန်းဖရန့်ခ်ဆိုတဲ့သူဟာပြန်ရောက်လာခဲ့ပါတယ်။ ပြန်ရောက်လာဆဲမှာပဲ အလုပ်လက်မဲ့ အရက်သမားဖြစ်လို့ သမီးဖြစ်သူက အလုပ်သွားရှာဖို့ပြောရင်း ဒွိုင်းလ်တို့ရဲ့ သင်းအုပ်ဆရာအတွက် အစားထိုးလက်သမားလုပ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်က ပြစ်မှုလုပ်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့်လည်း ဖရန့်ခ်တစ်ယောက် သင်းအုပ်ဆရာတို့မိသားစုရဲ့ နွေးထွေးမှုနဲ့ ကြုံလာရတဲ့အခါမှာတော့ သူ့ဘဝကြီးဟာ တစ်စပြီးတစ်စ ပြောင်းလဲပြီး ဘုရားနဲ့ပိုပြီးနီးကပ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.8 GB) / (770 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Family Duration…. 01:31:42 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

Thriller • Mystery
5.3 2024 91 mins
A Carpenter’s Prayer